နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံ့အရေး၊ အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင် ရာတွင် ဝေဖန်မှုများ မည်သို့ပင်ရှိစေ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်

ေနျပည္ေတာ္၊ ဇြန္ ၁၄

တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ကုိ ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ ကာကြယ္ေရးတာ၀န္ ဆုိသည္မွာ တုိက္ပြဲ၀င္ေန႐ုံသာမကႏုိင္ငံတည္ေဆာက္ေရးလုပ္ငန္း၊ ႏုိင္ငံ့အေရးလုပ္ငန္းမ်ားတြင္လည္း ပါ၀င္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမ်ိဳးသားႏုိင္ငံေရး ေဆာင္ရြက္ရာတြင္ အစြန္းေရာက္၍မရေၾကာင္း၊ ေ၀ဖန္မႈမ်ားမည္သုိ႔ပင္ရွိသည္ျဖစ္ေစ ဒီမုိကေရစီက်င့္စဥ္အတုိင္းသာ မွန္မွန္ကန္ကန္ ေဆာင္ရြက္ရန္လုိအပ္ ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသုိလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား၊ ကေလာတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ သီးျခားစီေတြ႕ ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ စစ္ဦးစီး တကၠသုိလ္ေက်ာင္းအုပ္ႀကီး၊ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား၊ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သည္ လြတ္လပ္ေရး ရရွိရန္အတြက္ ျပည္သူမ်ားႏွင့္ပူးေပါင္းတုိက္ပြဲ၀င္ခဲ့ၿပီး လြတ္လပ္ေရး ရရွိၿပီးခ်ိန္တြင္ ျပည္တြင္းေသာင္း က်န္းမႈမ်ားကုိဆက္လက္ႏိွမ္နင္းခဲ့ရေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ေခတ္အဆက္ဆက္တြင္ ႏုိင္ငံေရး ဦးေဆာင္မႈမ်ားကုိေဆာင္ရြက္ခဲ့ရၿပီး ၁၉၈၈ ခုႏွစ္တြင္ တပ္မေတာ္ကႏုိင္ငံေတာ္တာ၀န္အရပ္ရပ္ကုိ တာ၀န္ယူေဆာင္ရြက္ခဲ့ရေၾကာင္း၊ ထုိသုိ႔ ႏုိင္ငံေတာ္တာ၀န္အရပ္ရပ္ကုိတာ၀န္ယူေဆာင္ရြက္ခ်ိန္တြင္ ႏုိင္ငံေရး အရ၊ စီးပြားေရးအရ၊ တုိင္းရင္းသားေရးအရ၊ အမ်ိဳးဘာသာသာသနာအရ၊ ဘာသာေရးအရ အျမင္မတူဘဲ သေဘာထားကြဲလြဲမႈမ်ားရွိခဲ့ေၾကာင္း၊ ယင္းအေပၚနည္းလမ္းေပါင္းစုံျဖင့္ ေ၀ဖန္၊ တုိက္ခိုက္ ေျပာဆုိမႈမ်ိဳးစုံရွိ ေၾကာင္း၊ ၂၀၁၁ ခုႏွစ္တြင္တပ္မေတာ္က ျပည္သူမ်ားလုိလားသည့္ ပါတီစုံဒီမုိကေရ စီလမ္းေၾကာင္းေပၚသုိ႔ ေလွ်ာက္လွမ္းႏုိင္ေရး ေဆာင္ရြက္ခဲ့ၿပီး ယခုအခါတြင္တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ား ႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရေပးအပ္ထားသည့္ တာ၀န္မ်ားကုိ ထမ္းေဆာင္လ်က္ ရွိေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူမ်ားမွေပါက္ဖြားလာေသာ ျပည္သူ႕တပ္မေတာ္ျဖစ္ ေသာေၾကာင့္ျပည္သူမ်ားက လုိလားသည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းအား ေလွ်ာက္လွမ္း ေနေၾကာင္း၊ စည္းကမ္းရွိသည့္ဒီမုိကေရစီ စနစ္ျဖစ္ရန္လုိၿပီး ဒီမုိကေရစီစနစ္အား မွန္မွန္ကန္ကန္ က်င့္သုံးရန္လုိေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္၏အစိတ္အပုိင္း တစ္ရပ္ျဖစ္ၿပီး ႏုိင္ငံ့အေရးကုိေဆာင္ရြက္ရာတြင္ တပ္မေတာ္သားမ်ားအေနျဖင့္ စည္းမ်ဥ္း စည္းကမ္း၊ ဥပေဒနည္းလမ္းမ်ား၊ တုိက္တြန္းခ်က္၊ တားျမစ္ခ်က္၊ အမိန္႔ႏွင့္ ၫႊန္ၾကားခ်က္မ်ား အတုိင္း စည္းကမ္းတက်ေနထုိင္ေဆာင္ရြက္ၿပီး စစ္သားေကာင္း တစ္ေယာက္ျဖစ္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ ေၾကာင္း။

မိမိတုိ႔ႏုိင္ငံ၏ တည္ေနရာအေနအထားအရ အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ ဆက္ဆံေရး၊ ႏုိင္ငံတကာဆက္ဆံေရးမ်ား ေကာင္းမြန္ေအာင္ ဂ႐ုျပဳေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမႈ မရွိေသးသျဖင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ႏုိင္ငံေရးအရတည္ၿငိမ္မႈ၊ လုံၿခဳံေရး အရတည္ၿငိမ္ေအးခ်မ္းမႈ မရွိေသးျခင္း၊ စိန္ေခၚမႈမ်ားရွိေနျခင္းမ်ားေၾကာင့္ မိမိတုိ႔တပ္မေတာ္၏စြမ္းပကား ရွိေနရန္လုိေၾကာင္း၊ ထုိ႔ေၾကာင့္ေလ့က်င့္ေရးအမ်ိဳးမ်ိဳးကုိ ေဆာင္ရြက္ေနရျခင္း ျဖစ္ေၾကာင္း၊ မိမိတုိ႔ သင္ၾကားထားသည့္ စစ္အတတ္ပညာမ်ားကုိ “ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ” ဆုိသည့္တပ္မေတာ္၏ ေလ့က်င့္ေရးေဆာင္ပုဒ္ႏွင့္အညီ အၿမဲေဆာင္ရြက္ ေနရမည္ျဖစ္ေၾကာင္း၊ ေျပာင္းလဲတုိးတက္ေနသည့္ စစ္အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ စစ္နည္းဗ်ဴဟာမ်ားကုိ အၿမဲေလ့လာၿပီး အံ၀င္ခြင္က်အသုံးခ်ႏုိင္ေအာင္ အၿမဲေလ့က်င့္ ေနရမည္ျဖစ္ေၾကာင္း၊ သင္ၾကားေလ့က်င့္ထားသည့္စစ္ပညာမ်ား၊ စစ္၏အေျခခံ သေဘာတရား မ်ားကုိလည္းလုိက္နာၿပီး လက္ေတြ႕အသုံးခ်ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း၏က်န္းမာႀကံ့ခုိင္ေစေရး အတြက္လည္း အၿမဲေလ့က်င့္ေနရမည္ျဖစ္သကဲ့သုိ႔ အေသာက္အစား၊ အစားအေသာက္မ်ားကုိ တတ္ႏုိ္င္သမွ် ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားအေနျဖင့္ အသက္ခႏၶာမ်ားေပးဆပ္ၿပီး ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ လ်က္ရွိေၾကာင္း၊ တပ္မေတာ္သည္ တုိင္းျပည္ကုိ ကာကြယ္ေပးထားသည့္ ၿခံစည္း႐ုိးသဖြယ္ျဖစ္ေၾကာင္း၊ ထုိၿခံစည္း႐ုိးကုိ ယိမ္းယိုင္ေအာင္ ျပည္တြင္း၊ ျပည္ပမွနည္းလမ္းေပါင္းစုံျဖင့္ လုပ္ေဆာင္ေနၾကေၾကာင္း၊ ထုိၿခံစည္း႐ိုး အၿမဲတမ္းခုိင္ခန္႔ေကာင္းမြန္ရန္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား သည္ မိမိတုိ႔သေဘာဆႏၵအေလ်ာက္ တပ္မေတာ္သုိ႕၀င္ေရာက္အမႈထမ္းခဲ့သူမ်ား ျဖစ္ေၾကာင္း၊ လူတုိင္းမေဆာင္ရြက္ ႏုိင္သည့္ စြန္႔လႊတ္စြန္႔စားေသာ စိတ္ဓာတ္ျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ေနၾကသူမ်ား ျဖစ္၍ မိမိကုိယ္ မိမိဂုဏ္ယူရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္အတြက္ အသက္ခႏၶာႏွင့္ ေျခလက္အဂၤါမ်ား စြန္႔လႊတ္ခဲ့ရသည့္ တပ္မေတာ္သားမ်ားကုိလည္း ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း၊ ဂုဏ္လည္း ယူပါေၾကာင္း၊ ႏုိင္ငံေတာ္အတြက္ အသက္ခႏၶာေပးဆပ္ခဲ့ရသည့္ တပ္မေတာ္သားမ်ား၏ မိသားစု၀င္မ်ားႏွင့္ ေျခ၊ လက္အဂၤါဆုံး႐ႈံးခဲ့ရသည့္ တပ္မေတာ္သားမ်ားအတြက္ အဆင့္ျမင့္စစ္မႈထမ္းေဟာင္း အိမ္ရာမ်ားေဆာက္လုပ္ ေနရာခ်ထားေပးလ်က္ရွိၿပီး စား၊ ၀တ္၊ ေနေရး ပူပင္ေသာကမရွိေစရန္ အေကာင္းဆုံးေစာင့္ေရွာက္ ေပးလ်က္ရွိေၾကာင္း၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအေနျဖင့္ ညီအစ္ကုိေမာင္ႏွမ မိသားစုစိတ္ဓာတ္ျဖင့္ အားလုံးစည္းလုံးညီၫြတ္စြာေနထုိင္ၿပီး ျပည္သူကအားကုိးရသည့္ တုိင္းျပည္ကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း။

ႏုိင္ငံသားအားလုံးသည္လည္း မိမိႏုိင္ငံအတြက္ ျပည္ပအမွီအခုိကင္းကင္းျဖင့္ ရပ္တည္ႏုိင္ေအာင္ ညီညီၫြတ္ၫြတ္စည္းစည္းလုံးလုံး ႀကိဳးစားၾကရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတစ္ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ရန္အတြက္ လွ်ပ္စစ္မီး၊ ဆက္သြယ္ေရး၊ သယ္ယူပုိ႔ေဆာင္ေရး ႏွင့္ လူ႕စြမ္းအားအရင္းအျမစ္တုိ႔ ေကာင္းမြန္ရမည္ ျဖစ္ေၾကာင္း၊ ထုိက႑ ၄ ရပ္အေပၚမူတည္၍ ဖြံ႕ၿဖိဳးမႈအရွိန္အဟုန္ကြာျခားသြာမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ မီးမရရွိပါက လူမႈစီးပြားဖြံ႕ၿဖိဳးမႈေနာက္က်မည္ျဖစ္၍ လွ်ပ္စစ္မီးကုိေခြၽတာသုံးစြဲရန္လုိ ေၾကာင္း၊ ေရအား လွ်ပ္စစ္ထုတ္လုပ္ ႏုိင္ရန္ေဆာင္ရြက္ရာတြင္ ပတ္၀န္းက်င္ထိခုိက္မႈကုိ အေၾကာင္းျပ၍ အမ်ိဳးမ်ိဳးေသာ ေႏွာင့္ယွက္ဟန္႔တားမႈမ်ား ႀကဳံေတြ႕ရေၾကာင္း၊ သုိ႔ျဖစ္၍ ယင္းအခက္အခဲကုိ ေျဖရွင္းႏုိင္ရန္အတြက္ Run of River Type ေရအားလွ်ပ္စစ္ ထုတ္လုပ္နည္းကုိ စဥ္စားေဆာင္ရြက္ႏုိင္ေၾကာင္း၊ Real Time Information အတြက္ ဆက္သြယ္ေရးစနစ္မ်ားေကာင္းမြန္ရန္၊ လူ႕စြမ္းအားအရင္းအ ျမစ္အတြက္ ပညာေရးေကာင္းမြန္ရန္ အေရးႀကီးေၾကာင္း၊ ပညာသင္ၾကားႏုိင္ရန္ႏွင့္ အလုပ္လုပ္ႏုိင္ရအတြက္ က်န္းမာေရးေကာင္းမြန္ရန္လည္း အေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ ျပည္သူမ်ားက်န္းမာေရးအတြက္ တပ္မေတာ္မွ တတ္ႏုိင္သမွ် ကူညီေဆာင္ရြက္ေပးေနျခင္း ျဖစ္ေၾကာင္း၊ လူတုိင္းသည္အသက္အရြယ္ႏွင္ညီမွ်ေသာ က်န္းမာေရးရွိရမည္ ျဖစ္၍ အေသာက္အစားႏွင့္ အစားအေသာက္ကုိဆင္ျခင္ၾကရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမခံတပ္မဌာခ်ဳပ္ ကြပ္ကဲမႈ ေအာက္ရွိ တပ္ရင္းမ်ားမွ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္စဥ္ အသက္ခႏၶာ ေပးဆပ္ခဲ့ရသူမ်ားႏွင့္ ေျခလက္အဂၤါစြန္႔လႊတ္ခဲ့ ရသူမ်ား၏ မိသားစု၀င္မ်ားအတြက္ ခ်ီးျမႇင့္ ေငြမ်ားကုိေပးအပ္ရာ တာ၀န္ရွိသူတစ္ဦးကလက္ခံရယူသည္။ ၎ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ ဖြယ္ရာမ်ားကုိလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ က တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိလည္း ေကာင္း ေပးအပ္ရာ တပ္နယ္မွဴးႏွင့္ ဇနီးတုိ႔ကလက္ခံရယူၾကသည္။

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးတုိ႔က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား အတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ား၊ အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာ မ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီး တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔သည္ အခမ္းအနားတက္ေရာက္လာၾက သည့္အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံ့အရေး၊ အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင် ရာတွင် ဝေဖန်မှုများ မည်သို့ပင်ရှိစေ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်

နေပြည်တော်၊ ဇွန် ၁၄

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊ ကာကွယ်ရေးတာဝန် ဆိုသည်မှာ တိုက်ပွဲဝင်နေရုံသာမကနိုင်ငံတည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံ့အရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ရာတွင် အစွန်းရောက်၍မရကြောင်း၊ ဝေဖန်မှုများမည်သို့ပင်ရှိသည်ဖြစ်စေ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီတွေ့ ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ စစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီချုပ်ကအမှာစကားပြောကြားရာတွင် တပ်မတော်သည် လွတ်လပ်ရေး ရရှိရန်အတွက် ပြည်သူများနှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး လွတ်လပ်ရေး ရရှိပြီးချိန်တွင် ပြည်တွင်းသောင်း ကျန်းမှုများကိုဆက်လက်နှိမ်နင်းခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေး ဦးဆောင်မှုများကိုဆောင်ရွက်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်ကနိုင်ငံတော်တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုတာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေး အရ၊ စီးပွားရေးအရ၊ တိုင်းရင်းသားရေးအရ၊ အမျိုးဘာသာသာသနာအရ၊ ဘာသာရေးအရ အမြင်မတူဘဲ သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း၊ ယင်းအပေါ်နည်းလမ်းပေါင်းစုံဖြင့် ဝေဖန်၊ တိုက်ခိုက် ပြောဆိုမှုမျိုးစုံရှိ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်တပ်မတော်က ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေ စီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင်တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးအပ်ထားသည့် တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း၊ တပ်မတော်သည် ပြည်သူများမှပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ် သောကြောင့်ပြည်သူများက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအား လျှောက်လှမ်း နေကြောင်း၊ စည်းကမ်းရှိသည့်ဒီမိုကရေစီ စနစ်ဖြစ်ရန်လိုပြီး ဒီမိုကရေစီစနစ်အား မှန်မှန်ကန်ကန် ကျင့်သုံးရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး နိုင်ငံ့အရေးကိုဆောင်ရွက်ရာတွင် တပ်မတော်သားများအနေဖြင့် စည်းမျဉ်း စည်းကမ်း၊ ဥပဒေနည်းလမ်းများ၊ တိုက်တွန်းချက်၊ တားမြစ်ချက်၊ အမိန့်နှင့် ညွှန်ကြားချက်များ အတိုင်း စည်းကမ်းတကျနေထိုင်ဆောင်ရွက်ပြီး စစ်သားကောင်း တစ်ယောက်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း။

မိမိတို့နိုင်ငံ၏ တည်နေရာအနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများ ကောင်းမွန်အောင် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှု မရှိသေးသဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေး အရတည်ငြိမ်အေးချမ်းမှု မရှိသေးခြင်း၊ စိန်ခေါ်မှုများရှိနေခြင်းများကြောင့် မိမိတို့တပ်မတော်၏စွမ်းပကား ရှိနေရန်လိုကြောင်း၊ ထို့ကြောင့်လေ့ကျင့်ရေးအမျိုးမျိုးကို ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားထားသည့် စစ်အတတ်ပညာများကို “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်တပ်မတော်၏ လေ့ကျင့်ရေးဆောင်ပုဒ်နှင့်အညီ အမြဲဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်နည်းဗျူဟာများကို အမြဲလေ့လာပြီး အံဝင်ခွင်ကျအသုံးချနိုင်အောင် အမြဲလေ့ကျင့် နေရမည်ဖြစ်ကြောင်း၊ သင်ကြားလေ့ကျင့်ထားသည့်စစ်ပညာများ၊ စစ်၏အခြေခံ သဘောတရား များကိုလည်းလိုက်နာပြီး လက်တွေ့အသုံးချရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ကျန်းမာကြံ့ခိုင်စေရေး အတွက်လည်း အမြဲလေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ အသောက်အစား၊ အစားအသောက်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် အသက်ခန္ဓာများပေးဆပ်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် လျက်ရှိကြောင်း၊ တပ်မတော်သည် တိုင်းပြည်ကို ကာကွယ်ပေးထားသည့် ခြံစည်းရိုးသဖွယ်ဖြစ်ကြောင်း၊ ထိုခြံစည်းရိုးကို ယိမ်းယိုင်အောင် ပြည်တွင်း၊ ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြကြောင်း၊ ထိုခြံစည်းရိုး အမြဲတမ်းခိုင်ခန့်ကောင်းမွန်ရန်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ သည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့သူများ ဖြစ်ကြောင်း၊ လူတိုင်းမဆောင်ရွက် နိုင်သည့် စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်၍ မိမိကိုယ် မိမိဂုဏ်ယူရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အသက်ခန္ဓာနှင့် ခြေလက်အင်္ဂါများ စွန့်လွှတ်ခဲ့ရသည့် တပ်မတော်သားများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဂုဏ်လည်း ယူပါကြောင်း၊ နိုင်ငံတော်အတွက် အသက်ခန္ဓာပေးဆပ်ခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုဝင်များနှင့် ခြေ၊ လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် တပ်မတော်သားများအတွက် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာများဆောက်လုပ် နေရာချထားပေးလျက်ရှိပြီး စား၊ ဝတ်၊ နေရေး ပူပင်သောကမရှိစေရန် အကောင်းဆုံးစောင့်ရှောက် ပေးလျက်ရှိကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ညီအစ်ကိုမောင်နှမ မိသားစုစိတ်ဓာတ်ဖြင့် အားလုံးစည်းလုံးညီညွတ်စွာနေထိုင်ပြီး ပြည်သူကအားကိုးရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံသားအားလုံးသည်လည်း မိမိနိုင်ငံအတွက် ပြည်ပအမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင်အောင် ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်တို့ ကောင်းမွန်ရမည် ဖြစ်ကြောင်း၊ ထိုကဏ္ဍ ၄ ရပ်အပေါ်မူတည်၍ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကွာခြားသွာမည်ဖြစ်ကြောင်း၊ လျှပ်စစ် မီးမရရှိပါက လူမှုစီးပွားဖွံ့ဖြိုးမှုနောက်ကျမည်ဖြစ်၍ လျှပ်စစ်မီးကိုချွေတာသုံးစွဲရန်လို ကြောင်း၊ ရေအား လျှပ်စစ်ထုတ်လုပ် နိုင်ရန်ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုကို အကြောင်းပြ၍ အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှုများ ကြုံတွေ့ရကြောင်း၊ သို့ဖြစ်၍ ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် Run of River Type ရေအားလျှပ်စစ် ထုတ်လုပ်နည်းကို စဉ်စားဆောင်ရွက်နိုင်ကြောင်း၊ Real Time Information အတွက် ဆက်သွယ်ရေးစနစ်များကောင်းမွန်ရန်၊ လူ့စွမ်းအားအရင်းအ မြစ်အတွက် ပညာရေးကောင်းမွန်ရန် အရေးကြီးကြောင်း၊ ပညာသင်ကြားနိုင်ရန်နှင့် အလုပ်လုပ်နိုင်ရအတွက် ကျန်းမာရေးကောင်းမွန်ရန်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်သူများကျန်းမာရေးအတွက် တပ်မတော်မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ လူတိုင်းသည်အသက်အရွယ်နှင်ညီမျှသော ကျန်းမာရေးရှိရမည် ဖြစ်၍ အသောက်အစားနှင့် အစားအသောက်ကိုဆင်ခြင်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေခံတပ်မဌာချုပ် ကွပ်ကဲမှု အောက်ရှိ တပ်ရင်းများမှ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် အသက်ခန္ဓာ ပေးဆပ်ခဲ့ရသူများနှင့် ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ ရသူများ၏ မိသားစုဝင်များအတွက် ချီးမြှင့် ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူသည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်း ကောင်း ပေးအပ်ရာ တပ်နယ်မှူးနှင့် ဇနီးတို့ကလက်ခံရယူကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသ စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီး တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြ သည့်အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။