တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်းသမိုင်းဝင်မွေတော် ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၊ တိုင်းရင်းသား ဒေသခံပြည်သူများနှင့် ရင်းရင်းနှီနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားဆွေးနွေး 

ေနျပည္ေတာ္ ၊ ဇြန္  ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္ႏွင့္တာ၀န္ရွိသူမ်ားလုိ္က္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ရွမ္းျပည္နယ္ ေတာင္ပုိင္း၊ ေတာင္ႀကီးၿမိဳ႕နယ္ရွိ ေရွးေဟာင္းသမုိင္း၀င္ေမြေတာ္ကကၠဴဘုရား သုိ႔သြားေရာက္ဖူးေျမာ္ ၾကည္ညိဳသည္။ 

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ေမြေတာ္ကကၠဴဘုရားသုိ႔ေရာက္ရွိရာ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ဦးစီးအဖြဲ႕မွတာ၀န္ရွိသူမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားကႀကိဳဆုိႏႈတ္ဆက္ ၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေျမာက္ဘက္ အ႐ုဏ္ခံအတြင္းရွိ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဖူးေျမာ္ၾကည္ညိဳၿပီး ျမသပိတ္ ဆြမ္းေတာ္၊ ပန္း၊ ေရခ်မ္း၊ ဆီမီးႏွင့္ သစ္သီးမ်ားကပ္လွဴပူေဇာ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ကကၠဴဘုရားအတြင္းလွည့္လည္ ၾကည့္႐ႈၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေစတီေတာ္မ်ားအားျပန္လည္ျပဳျပင္ ထိန္းသိမ္းမြမ္းမံရာတြင္ ေရရွည္တည္တံခုိင္ၿမဲေရးအတြက္ အေသး စိတ္ၾကည့္႐ႈစစ္ေဆးကာ စနစ္တက်ထိန္းသိမ္းေဆာင္ရြက္ၾကရန္ႏွင့္ ဘုရားပတ္၀န္းက်င္ သန္႔ရွင္း သာယာလွပေရးအတြက္ ေဆာင္ရြက္ရန္လုိအပ္မႈအေျခအေနမ်ားအား အႀကံျပဳေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗုဒၶရကၡိတေက်ာင္းတုိက္၌ ပအုိ၀္းၿငိမ္းခ်မ္းေရး အဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္ဌာေနအဖြဲ႕ နာယက ဦးေအာင္ခမ္းထီအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ ႏႈတ္ဆက္၍ က်န္းမာေရးအေျခအေနမ်ားအား ေမးျမန္းအားေပးစကားေျပာၾကားၿပီး ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းရင္းႏွီးႏွီးအျပန္အလွန္ေဆြးေႏြးၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဦးေအာင္ခမ္းထီ အတြက္ အားျဖည့္ငွက္သုိက္ရည္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအား လက္ေဆာင္အျဖစ္ေပးအပ္သည္။


ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေအာင္ဆုေဟာ္ဘုံဓမၼာ႐ုံ ၌ ေဒသခံျပည္သူမ်ားအား ေတြ႕ ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာမ်ားအားေျပာၾကားရာ ဦးစြာ ေက်ာက္တစ္လုံးႀကီးၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက နယ္ေျမေဒသဆုိင္ရာအခ်က္အလက္မ်ား၊ ပညာေရး၊ က်န္းမာေရး၊ စုိက္ပ်ိဳးေမြးျမဴေရးႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ လုိအပ္ခ်က္မ်ားအား ရွင္းလင္းတင္ျပၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာမ်ားအား ျပန္လည္ေဆြးေႏြးေျပာၾကားရာတြင္ မိမိအေနျဖင့္ တုိင္းရင္းသားေဒသအားလုံးအား တစ္ေျပးညီတုိးတက္ေစခ်င္ေၾကာင္း၊ တခ်ိဳ႕ေဒသမ်ားတြင္ နယ္ေျမဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ အကူအညီမ်ားေပးရာတြင္အခက္အခဲမ်ားရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ မည္သည့္ ေဒသတြင္မဆုိ ဖြံ႕ၿဖိဳးတုိးတက္ေရးမ်ားအတြက္အကူအညီေပးရန္၊ အႀကံဥာဏ္ေပးရန္၊ ၀ုိင္း၀န္း ေဆာင္ရြက္ေပးရန္ အၿမဲတမ္းအဆင္သင့္ရွိေၾကာင္း၊ တပ္မေတာ္၏အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ထမ္းေဆာင္ရန္ ျဖစ္ေသာ္လည္း ေခတ္အဆက္ဆက္တြင္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ား ကုိသာမက ႏုိင္ငံေတာ္ ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားကုိပါ ပါ၀င္ကူညီေဆာင္ရြက္ခဲ့ေၾကာင္း၊ တုိင္းျပည္၏ လုိအပ္ခ်က္အရ တပ္မေတာ္အေနျဖင့္လည္း တည္ေဆာက္ေရးလုပ္ငန္းမ်ား၊ စုိက္ပ်ိဳး ေမြးျမဴေရးႏွင့္ သက္သာေခ်ာင္ခ်ိေရးလုပ္ငန္းမ်ားမွအစနယ္ပယ္ေပါင္းစုံတြင္ ေဆာင္ရြက္မႈ အေတြ႕အႀကဳံမ်ားရွိေၾကာင္း၊ ပညာရွင္မ်ားလည္းရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ျခင္းမွာလည္း တုိင္းျပည္အတြက္အက်ိဳးရွိေအာင္ ေဆာင္ရြက္ ေနျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံတစ္၀န္းမွ တုိင္းရင္းသား ေပါင္းစုံျဖင့္ဖြဲ႕ စည္းထားျခင္းျဖစ္ၿပီး ျပည္သူမ်ား၏ အစိတ္အပုိင္းတစ္ရပ္၊ ႏုိင္ငံ၏အစိတ္အပုိင္းတစ္ရပ္ျဖစ္ေသာေၾကာင့္ တုိင္းျပည္ဖြံ႕ၿဖိဳး တုိးတက္ေအာင္ေဆာင္ရြက္ရမည္ဆုိသည့္စိတ္ဓာတ္ ထာ၀ရကိန္းေအာင္းေနေၾကာင္း၊ ပအို၀္းေဒသအေနျဖင့္ ယခင္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ား ေနာက္က်ခဲ့ရေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ ေဒသခံမ်ားသာမက ျပင္ပမွလည္း ၀ုိင္း၀န္းကူညီေပးရန္ လုိအပ္မည္ျဖစ္ေၾကာင္း၊ ေဒသခံမ်ားအေနျဖင့္ မိမိတုိ႔ ေဒသအက်ိဳးစီးပြားအတြက္ ဦးေဆာင္မႈက႑တြင္ရွိေနျခင္းသည္သာ အေကာင္းဆုံး ျဖစ္ေၾကာင္း၊ ထုိ႔အတူႏုိင္ငံ၏ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး စေသာက႑မ်ားအားလုံးတြင္ ေကာင္းက်ိဳး၊ ဆုိးက်ိဳးအားလုံးကုိ ဖန္တီးႏုိင္ခြင့္သည္ မိမိတုိ႔တုိင္းရင္းသားျပည္သူမ်ား၏ လက္၀ယ္တြင္ရွိျခင္းသည္သာအေကာင္းဆုံး ျဖစ္ေၾကာင္း၊ မိမိတုိ႔၏ဖန္တီးႏုိင္ခြင့္မ်ားကုိ အျခားမွခ်ဳပ္ကုိင္ ထားမည္ဆုိပါက တစ္နည္းအားျဖင့္ လြတ္လပ္ေရး ဆုံး႐ႈံးသကဲ့သုိ႔ပင္ျဖစ္ေၾကာင္း၊ ယင္းမွာအမ်ိဳးသား ႏုိင္ငံေရးပင္ျဖစ္ေၾကာင္း။

တုိင္းျပည္တုိးတက္ရန္အတြက္ ပညာတတ္မ်ားေပါမ်ားရန္လုိသျဖင့္ ပညာေရး ကုိအားေပးရန္လုိေၾကာင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ေဆးတကၠသုိလ္၊ ေတာင္ႀကီးတကၠသုိလ္၊ ကြန္ျပဴတာတကၠသုိလ္၊ ပညာေရးေကာလိပ္ႏွင့္ ေအးသာယာၿမိဳ႕တြင္နည္းပညာတကၠသုိလ္ တုိ႔ရွိသျဖင့္ ေဒသခံ သားသမီးမ်ားအား တက္ေရာက္ေစၿပီး ေဒသအတြက္လုိအပ္ေသာ ပညာရွင္မ်ား ေမြးထုတ္ေပးႏုိင္ရန္လုိေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ မူလတန္းစတင္ တက္ေရာက္ခဲ့သည့္ ေက်ာင္းေနအင္အား၏ ၆၀ ရာခုိင္ႏႈန္းခန္႔သာ မူလတန္းအဆင့္ ၿပီးေျမာက္ေအာင္ျမင္ေၾကာင္း၊ က်န္အင္အားမ်ားမွာ ေက်ာင္းျပင္ပသုိ႔ေရာက္သြားေၾကာင္း၊ အလယ္တန္းအဆင့္ တြင္လည္း အင္အားမ်ား ေလ်ာ့နည္းသြားၿပီးေနာက္ တကၠသုိလ္ ၀င္တန္းေျဖဆုိသည့္ အင္အားရာခုိင္ႏႈန္းသည္ မူလေက်ာင္းေနအင္အား၏ ၂၀ ရာခိုင္ႏႈန္းခန္႔သာက်န္ရွိေၾကာင္း၊ တကၠသုိလ္၀င္တန္း ေအာင္ျမင္သည့္ အင္အားသည္ ေျဖဆုိသူ၏ ၃၀ ရာခုိင္ႏႈန္းသာရွိေၾကာင္း၊ ထုိ႔ေၾကာင့္ တကၠသုိလ္၀င္တန္း ေအာင္ျမင္သည့္ အင္အားမွာ မူလတန္းစတင္ေနခဲ့သည့္အင္အား၏ ၁၀ ရာခုိင္ႏႈန္းခန္႔ပင္မရွိေတာ့ေၾကာင္း၊ ဆယ္စုႏွစ္ ေပါင္းမ်ားစြာၾကာေသာအခါ မိမိတုိ႔ႏုိင္ငံ၏အရြယ္ေရာက္ၿပီးသူအမ်ားစုမွာ မူလတန္းအဆင့္၊ အလယ္တန္း အဆင့္သာ ျဖစ္ေနၿပီး တကၠသုိလ္အဆင့္ ပညာတတ္အင္အားအေရအတြက္ လြန္စြာနည္း ပါးသည္ကုိ ဂ႐ုျပဳစဥ္းစားေဆာင္ရြက္ရန္လုိေၾကာင္း၊ မူလတန္းမွ န၀မတန္းအထိ အတန္းစဥ္ ေအာင္ျမင္မႈရာ ခုိင္ႏႈန္းျပည့္နီးပါးရွိေၾကာင္း၊ သုိ႔ေသာ္ တကၠသုိလ္၀င္တန္း ေအာင္ျမင္မႈမွာ ရာခုိင္ႏႈန္းနည္းပါးေနေၾကာင္း၊ တကၠသုိလ္၀င္တန္းတြင္ န၀မတန္းသင္႐ုိး မ်ားကုိပါေျဖဆုိရသည္ျဖစ္ရာ န၀မတန္းစာမ်ား အမွန္တကယ္ တတ္ေျမာက္ခဲ့ျခင္းမရွိ၍ ေသာ္လည္းေကာင္း၊ သုိ႔မဟုတ္ မည္သည့္လုိအပ္ခ်က္ေၾကာင့္ ျဖစ္သည္ကုိ စဥ္းစားရန္လုိ ေၾကာင္း၊ သင္ၾကားခဲ့သည့္ အတန္းပညာရပ္မ်ားကုိ အမွန္တကယ္တတ္ေျမာက္ရန္ အတြက္ မိဘမ်ားအေနျဖင့္သားသမီးမ်ားကုိ အားေပးေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိသုိ႔ပညာေရးမ်ားကုိ သင္ၾကား ႏုိင္ရန္ႏွင့္ အလုပ္လုပ္ႏုိင္ရန္အတြက္ အားလုံးက်န္းမာေရး ေကာင္းမြန္ရန္လုိအပ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ နယ္လွည့္အထူးကု ေဆးအဖြဲ႕မ်ားေစလႊတ္၍ ေဒသခံတုိင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ အေသာက္အစားႏွင့္ အစားအေသာက္ေၾကာင့္ က်န္းမာေရးမထိခုိက္ေစရန္ မိမိကုိယ္ကုိက်န္းမာေအာင္ ထိန္းသိမ္းေနထုိင္ၾကရန္ႏွင့္ ကင္ဆာေရာဂါျဖစ္ၾကသူအမ်ားစုမွာ အရက္ေသစာ ေသာက္စားျခင္း၊ ေဆးလိပ္ ေသာက္သုံးျခင္းႏွင့္ ကြမ္းစားျခင္းမ်ားေၾကာင့္ျဖစ္သျဖင့္ အသိတရား၊ သတိတရားျဖင့္ဆင္ျခင္၍တတ္ႏုိင္သမွ် ေရွာင္က်ဥ္ရန္ ေစတနာ အရင္းခံ ျဖင့္ေျပာၾကားလုိေၾကာင္း။

ေဒသစီးပြားေရးဖြံ႕ၿဖိဳးတုိးတက္မႈကုိတစ္ဖက္တစ္လမ္းမွအေထာက္အကူ ျဖစ္ေစရန္အတြက္ ေဒသႏွင့္ကုိက္ ညီေသာ ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ ယခင္ခရီးစဥ္၌ မိမိအေနျဖင့္တုိက္တြန္းခဲ့ၿပီး ယခုအခါ ၀က္ေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ တပ္မေတာ္အေနျဖင့္ တတ္ႏုိင္သမွ် ကူညီေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ ေမြးသည့္စနစ္၊ ေကြၽးသည့္စနစ္၊ ေရာဂါကာကြယ္ေရးမ်ားကုိ စနစ္တက်နည္းလမ္းမွန္ကန္စြာျဖင့္ေမြးျမဴရမည္ျဖစ္ေၾကာင္း၊ ေဒသႏွင့္ကုိက္ညီၿပီး ျဖစ္ထြန္းႏုိင္သည့္စုိက္ပ်ိဳးေရးလုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ ေဒသဆန္ဖူလုံမႈ မရွိသည့္အတြက္ ေဒသတြင္းစားေရးဖူလုံမႈရွိရန္အတြက္ စပါးစုိက္ပ်ိဳးေရး လုပ္ငန္းမ်ားကုိ စုိက္ဧက မတုိးခ်ဲ႕ႏုိင္ပါက အထြက္ႏႈန္း တုိးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ရန္လိုေၾကာင္း၊ မိမိတုိ႔ေဒသတြင္း စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွထြက္ရွိသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားႏွင့္ ဆန္၊ စပါးမ်ားကုိ စားသုံးျခင္းျဖင့္ ျပင္ပသုိ႔ထြက္ေငြမ်ားေလ်ာ့နည္းသြားမည္ျဖစ္ၿပီး ေဒသတြင္း၀ယ္လုိအား မ်ားျမင့္တက္လာ ႏုိင္သျဖင့္ ေဒသစီးပြားေရးကုိအေထာက္အကူျပဳႏုိင္မည္ျဖစ္ေၾကာင္း၊ ယခုေဒသတြင္ပဲပုပ္ စုိက္ပ်ိဳးျခင္းမ်ား ရွိေၾကာင္း၊ ျပည္ပသုိ႔ တင္ပုိ႔ႏုိင္ျခင္းအျပင္ ပဲပုပ္မွ ေန၍ပဲငံျပာရည္၊ ပဲျပား၊ ပဲပုပ္ဆီ၊ ပဲႏုိ႕၊ တို႔ဟူး၊ အသားတုႏွင့္ အျခားစားေသာက္ကုန္မ်ားကုိ ထုတ္လုပ္ႏုိင္ေၾကာင္း၊ ထုိ႔ေၾကာင့္ ပဲပုပ္စုိက္ပ်ိဳးျခင္း လုပ္ငန္းမ်ားကုိလည္း နည္းစနစ္တက်မွန္ကန္စြာျဖင့္ အထြက္တုိးေအာင္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ ပအုိ၀္းေဒသတြင္ လက္ဖက္စုိက္ပ်ိဳးေရး ေကာင္းစြာျဖစ္ထြန္းသည့္ ေဒသအခ်ိဳ႕ပါ၀င္သည့္အတြက္ လက္ဖက္စိမ္း၊ လက္ဖက္ေျခာက္အျပင္ လက္ဖက္အခ်ိဳေျခာက္မ်ားကုိပါစက္႐ုံမ်ားျဖင့္ ကုန္ေခ်ာထုတ္လုပ္ႏုိင္ပါက ေဒသအတြက္ အက်ိဳးေက်းဇူးမ်ားစြာရွိမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ အထြက္ႏႈန္း ေကာင္းေအာင္၊ ေအာင္ျမင္ ျဖစ္ထြန္းေအာင္ စုိက္ပ်ိဳးရန္လုိေၾကာင္း၊ မိမိတုိ႔ေဒသတြင္းရွိ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား၊ ကုန္ထုတ္ လုပ္ငန္းမ်ားကုိ ေအာင္ျမင္စြာေဆာင္ရြက္ႏုိင္ပါက ျပည္ပသုိ႔သြားေရာက္အလုပ္လုပ္ကုိင္သူမ်ားလည္း ေလ်ာ့နည္းသြားမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ လုိအပ္သည့္ လွ်ပ္စစ္ဓာတ္အား မ်ားရရွိရန္အတြက္လည္း ပြန္ေခ်ာင္းကဲ့သုိ႔ေသာ ေခ်ာင္းမ်ားမွတစ္ဆင့္ ေရအားလွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ ႏုိင္ေရး နည္းလမ္းရွာၿပီးေဆာင္ရြက္ရန္ လုိအပ္ေၾကာင္း၊ ပြန္ေခ်ာင္းတြင္ Run of River Type ေရအား လွ်ပ္စစ္ထုတ္လုပ္နည္းကုိ အသုံးခ်ႏုိင္ေၾကာင္း၊ ထုိ႔ျပင္ ေရအရင္းျမစ္မ်ား မဆုံး႐ႈံးေစရန္အတြက္ သဘာ၀ ပတ္၀န္းက်င္ကုိလည္း ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ ယခုအခါ သစ္ေတာျပဳန္းတီးမႈမ်ား ျဖစ္ေပၚလ်က္ရွိသျဖင့္ ေရႊ႕ေျပာင္းေတာင္ယာစုိက္ပ်ိဳးျခင္း လုပ္ငန္းမ်ားကုိ ေလွ်ာ့ခ်ရန္လုိအပ္ေၾကာင္း၊ ပအုိ၀္းေဒသတြင္ ၇၀ ရာခုိင္ႏႈန္းခန္႔မွာ ထင္း၊ မီးေသြးမ်ားအသုံးျပဳေနၾကဆဲျဖစ္၍ ထင္းလုိအပ္ခ်က္မ်ား ရွိေနဦးမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတို႔ေက်းရြာမ်ားအလုိက္ ထင္းစုိက္ခင္းမ်ား၊ အရိပ္ရေလကာပင္မ်ားအား အစုအဖြဲ႕အလုိက္ စုိက္ပ်ိဳးရန္လုိအပ္ေၾကာင္း၊ ထုိသုိ႔စုိက္ပ်ိဳးျခင္းျဖင့္ ရာသီဥတုအား တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳမည္ျဖစ္သကဲ့သုိ႔ ေက်းရြာအတြက္လုိအပ္သည့္ ထင္း၊ မီးေသြးမ်ားကုိလည္း ရရွိႏုိင္မည္ ျဖစ္ေၾကာင္း၊ စည္းကမ္းမဲ့သစ္ပင္ခုတ္ျခင္းမ်ားမရွိ ရေအာင္ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ား၊ ရပ္မိရပ္ဖမ်ားက ထိန္းသိမ္းေပးၾကေစလုိေၾကာင္း ေျပာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား အားေပး အပ္ရာ တာ၀န္ရွိသူတစ္ဦးက လက္ခံရယူသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္မွ ကူညီေဆာင္ရြက္ေပး လ်က္ရွိသည့္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္ဌာေန၊ ေအာင္ဆုေဗြစုိက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးစခန္းသုိ႔ေရာက္ရွိၾကရာ တာ၀န္ရွိသူတစ္ဦးက ၀က္ေမြးျမဴေရးလုပ္ငန္းမ်ား စတင္အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ေနမႈႏွင့္ စုိက္ပ်ိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ ျပင္ဆင္ေနမႈအေျခအေနမ်ား ႏွင့္ ၀က္မ်ားေမြးျမဴထားရိွမႈမ်ားအား ရွင္းလင္းျပသခဲ့ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေမြးျမဴေရး လုပ္ငန္းမ်ားတြင္လုိအပ္သည့္ တိရိစၦာန္အစာမ်ားထုတ္လုပ္ႏုိင္သည့္ သီးႏွံမ်ားကုိပါ ထည့္သြင္းစုိက္ ပ်ိဳးရန္လုိေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္ရန္လုိေၾကာင္း၊ အရင္းအႏွီးအနည္းဆုံးႏွင့္ အက်ိဳးျဖစ္ထြန္းေစႏုိင္သည့္ စုိက္ပ်ိဳးေမြးျမဴေရး စနစ္မ်ားကုိ စဥ္းစားေဆာင္ရြက္ရန္လုိေၾကာင္း၊ စုိက္ပ်ိဳးေမြးျမဴေရးအတြက္ လုိအပ္သည့္ ေရႏွင့္ လွ်ပ္စစ္မီး ရရွိရန္လည္း နည္းလမ္းရွာေဆာင္ရြက္ရန္လုိေၾကာင္း အႀကံျပဳေျပာၾကားခဲ့ပာသည္။

 

(Unicode Version)

 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်းသမိုင်းဝင်မွေတော် ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၊ တိုင်းရင်းသား ဒေသခံပြည်သူများနှင့် ရင်းရင်းနှီနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားဆွေးနွေး

နေပြည်တော် ၊ ဇွန် ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရား သို့သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မွေတော်ကက္ကူဘုရားသို့ရောက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်ကိုယ်စားလှယ်များ၊ ဦးစီးအဖွဲ့မှတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများကကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မြောက်ဘက် အရုဏ်ခံအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညိုပြီး မြသပိတ် ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးများကပ်လှူပူဇော်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကက္ကူဘုရားအတွင်းလှည့်လည် ကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စေတီတော်များအားပြန်လည်ပြုပြင် ထိန်းသိမ်းမွမ်းမံရာတွင် ရေရှည်တည်တံခိုင်မြဲရေးအတွက် အသေး စိတ်ကြည့်ရှုစစ်ဆေးကာ စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများအား အကြံပြုပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗုဒ္ဓရက္ခိတကျောင်းတိုက်၌ ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင်ခမ်းထီအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ကျန်းမာရေးအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးအောင်ခမ်းထီ အတွက် အားဖြည့်ငှက်သိုက်ရည်များနှင့် စားသောက်ဖွယ်ရာများအား လက်ဆောင်အဖြစ်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အောင်ဆုဟော်ဘုံဓမ္မာရုံ ၌ ဒေသခံပြည်သူများအား တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားပြောကြားရာ ဦးစွာ ကျောက်တစ်လုံးကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသဆိုင်ရာအချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် တိုင်းရင်းသားဒေသအားလုံးအား တစ်ပြေးညီတိုးတက်စေချင်ကြောင်း၊ တချို့ဒေသများတွင် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီများပေးရာတွင်အခက်အခဲများရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့် ဒေသတွင်မဆို ဖွံ့ဖြိုးတိုးတက်ရေးများအတွက်အကူအညီပေးရန်၊ အကြံဉာဏ်ပေးရန်၊ ဝိုင်းဝန်း ဆောင်ရွက်ပေးရန် အမြဲတမ်းအဆင်သင့်ရှိကြောင်း၊ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကိုသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်၏ လိုအပ်ချက်အရ တပ်မတော်အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများမှအစနယ်ပယ်ပေါင်းစုံတွင် ဆောင်ရွက်မှု အတွေ့အကြုံများရှိကြောင်း၊ ပညာရှင်များလည်းရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာလည်း တိုင်းပြည်အတွက်အကျိုးရှိအောင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတစ်ဝန်းမှ တိုင်းရင်းသား ပေါင်းစုံဖြင့်ဖွဲ့ စည်းထားခြင်းဖြစ်ပြီး ပြည်သူများ၏ အစိတ်အပိုင်းတစ်ရပ်၊ နိုင်ငံ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရမည်ဆိုသည့်စိတ်ဓာတ် ထာဝရကိန်းအောင်းနေကြောင်း၊ ပအိုဝ်းဒေသအနေဖြင့် ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံများသာမက ပြင်ပမှလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့ ဒေသအကျိုးစီးပွားအတွက် ဦးဆောင်မှုကဏ္ဍတွင်ရှိနေခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း၊ ထို့အတူနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍများအားလုံးတွင် ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ဖန်တီးနိုင်ခွင့်သည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ လက်ဝယ်တွင်ရှိခြင်းသည်သာအကောင်းဆုံး ဖြစ်ကြောင်း၊ မိမိတို့၏ဖန်တီးနိုင်ခွင့်များကို အခြားမှချုပ်ကိုင် ထားမည်ဆိုပါက တစ်နည်းအားဖြင့် လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင်ဖြစ်ကြောင်း၊ ယင်းမှာအမျိုးသား နိုင်ငံရေးပင်ဖြစ်ကြောင်း။

တိုင်းပြည်တိုးတက်ရန်အတွက် ပညာတတ်များပေါများရန်လိုသဖြင့် ပညာရေး ကိုအားပေးရန်လိုကြောင်း၊ တောင်ကြီးမြို့တွင် ဆေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် အေးသာယာမြို့တွင်နည်းပညာတက္ကသိုလ် တို့ရှိသဖြင့် ဒေသခံ သားသမီးများအား တက်ရောက်စေပြီး ဒေသအတွက်လိုအပ်သော ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မူလတန်းစတင် တက်ရောက်ခဲ့သည့် ကျောင်းနေအင်အား၏ ၆၀ ရာခိုင်နှုန်းခန့်သာ မူလတန်းအဆင့် ပြီးမြောက်အောင်မြင်ကြောင်း၊ ကျန်အင်အားများမှာ ကျောင်းပြင်ပသို့ရောက်သွားကြောင်း၊ အလယ်တန်းအဆင့် တွင်လည်း အင်အားများ လျော့နည်းသွားပြီးနောက် တက္ကသိုလ် ဝင်တန်းဖြေဆိုသည့် အင်အားရာခိုင်နှုန်းသည် မူလကျောင်းနေအင်အား၏ ၂၀ ရာခိုင်နှုန်းခန့်သာကျန်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အင်အားသည် ဖြေဆိုသူ၏ ၃၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အင်အားမှာ မူလတန်းစတင်နေခဲ့သည့်အင်အား၏ ၁၀ ရာခိုင်နှုန်းခန့်ပင်မရှိတော့ကြောင်း၊ ဆယ်စုနှစ် ပေါင်းများစွာကြာသောအခါ မိမိတို့နိုင်ငံ၏အရွယ်ရောက်ပြီးသူအများစုမှာ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်သာ ဖြစ်နေပြီး တက္ကသိုလ်အဆင့် ပညာတတ်အင်အားအရေအတွက် လွန်စွာနည်း ပါးသည်ကို ဂရုပြုစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မူလတန်းမှ နဝမတန်းအထိ အတန်းစဉ် အောင်မြင်မှုရာ ခိုင်နှုန်းပြည့်နီးပါးရှိကြောင်း၊ သို့သော် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုမှာ ရာခိုင်နှုန်းနည်းပါးနေကြောင်း၊ တက္ကသိုလ်ဝင်တန်းတွင် နဝမတန်းသင်ရိုး များကိုပါဖြေဆိုရသည်ဖြစ်ရာ နဝမတန်းစာများ အမှန်တကယ် တတ်မြောက်ခဲ့ခြင်းမရှိ၍ သော်လည်းကောင်း၊ သို့မဟုတ် မည်သည့်လိုအပ်ချက်ကြောင့် ဖြစ်သည်ကို စဉ်းစားရန်လို ကြောင်း၊ သင်ကြားခဲ့သည့် အတန်းပညာရပ်များကို အမှန်တကယ်တတ်မြောက်ရန် အတွက် မိဘများအနေဖြင့်သားသမီးများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ပညာရေးများကို သင်ကြား နိုင်ရန်နှင့် အလုပ်လုပ်နိုင်ရန်အတွက် အားလုံးကျန်းမာရေး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နယ်လှည့်အထူးကု ဆေးအဖွဲ့များစေလွှတ်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ အသောက်အစားနှင့် အစားအသောက်ကြောင့် ကျန်းမာရေးမထိခိုက်စေရန် မိမိကိုယ်ကိုကျန်းမာအောင် ထိန်းသိမ်းနေထိုင်ကြရန်နှင့် ကင်ဆာရောဂါဖြစ်ကြသူအများစုမှာ အရက်သေစာ သောက်စားခြင်း၊ ဆေးလိပ် သောက်သုံးခြင်းနှင့် ကွမ်းစားခြင်းများကြောင့်ဖြစ်သဖြင့် အသိတရား၊ သတိတရားဖြင့်ဆင်ခြင်၍တတ်နိုင်သမျှ ရှောင်ကျဉ်ရန် စေတနာ အရင်းခံ ဖြင့်ပြောကြားလိုကြောင်း။

ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတစ်ဖက်တစ်လမ်းမှအထောက်အကူ ဖြစ်စေရန်အတွက် ဒေသနှင့်ကိုက် ညီသော မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ယခင်ခရီးစဉ်၌ မိမိအနေဖြင့်တိုက်တွန်းခဲ့ပြီး ယခုအခါ ဝက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်အနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မွေးသည့်စနစ်၊ ကျွေးသည့်စနစ်၊ ရောဂါကာကွယ်ရေးများကို စနစ်တကျနည်းလမ်းမှန်ကန်စွာဖြင့်မွေးမြူရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး ဖြစ်ထွန်းနိုင်သည့်စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသဆန်ဖူလုံမှု မရှိသည့်အတွက် ဒေသတွင်းစားရေးဖူလုံမှုရှိရန်အတွက် စပါးစိုက်ပျိုးရေး လုပ်ငန်းများကို စိုက်ဧက မတိုးချဲ့နိုင်ပါက အထွက်နှုန်း တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် ဆန်၊ စပါးများကို စားသုံးခြင်းဖြင့် ပြင်ပသို့ထွက်ငွေများလျော့နည်းသွားမည်ဖြစ်ပြီး ဒေသတွင်းဝယ်လိုအား များမြင့်တက်လာ နိုင်သဖြင့် ဒေသစီးပွားရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုဒေသတွင်ပဲပုပ် စိုက်ပျိုးခြင်းများ ရှိကြောင်း၊ ပြည်ပသို့ တင်ပို့နိုင်ခြင်းအပြင် ပဲပုပ်မှ နေ၍ပဲငံပြာရည်၊ ပဲပြား၊ ပဲပုပ်ဆီ၊ ပဲနို့၊ တို့ဟူး၊ အသားတုနှင့် အခြားစားသောက်ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ပဲပုပ်စိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်း နည်းစနစ်တကျမှန်ကန်စွာဖြင့် အထွက်တိုးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပအိုဝ်းဒေသတွင် လက်ဖက်စိုက်ပျိုးရေး ကောင်းစွာဖြစ်ထွန်းသည့် ဒေသအချို့ပါဝင်သည့်အတွက် လက်ဖက်စိမ်း၊ လက်ဖက်ခြောက်အပြင် လက်ဖက်အချိုခြောက်များကိုပါစက်ရုံများဖြင့် ကုန်ချောထုတ်လုပ်နိုင်ပါက ဒေသအတွက် အကျိုးကျေးဇူးများစွာရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထွက်နှုန်း ကောင်းအောင်၊ အောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုကြောင်း၊ မိမိတို့ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပါက ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်သူများလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား များရရှိရန်အတွက်လည်း ပွန်ချောင်းကဲ့သို့သော ချောင်းများမှတစ်ဆင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ် နိုင်ရေး နည်းလမ်းရှာပြီးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပွန်ချောင်းတွင် Run of River Type ရေအား လျှပ်စစ်ထုတ်လုပ်နည်းကို အသုံးချနိုင်ကြောင်း၊ ထို့ပြင် ရေအရင်းမြစ်များ မဆုံးရှုံးစေရန်အတွက် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ယခုအခါ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း လုပ်ငန်းများကို လျှော့ချရန်လိုအပ်ကြောင်း၊ ပအိုဝ်းဒေသတွင် ၇၀ ရာခိုင်နှုန်းခန့်မှာ ထင်း၊ မီးသွေးများအသုံးပြုနေကြဆဲဖြစ်၍ ထင်းလိုအပ်ချက်များ ရှိနေဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကျေးရွာများအလိုက် ထင်းစိုက်ခင်းများ၊ အရိပ်ရလေကာပင်များအား အစုအဖွဲ့အလိုက် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ထိုသို့စိုက်ပျိုးခြင်းဖြင့် ရာသီဥတုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သကဲ့သို့ ကျေးရွာအတွက်လိုအပ်သည့် ထင်း၊ မီးသွေးများကိုလည်း ရရှိနိုင်မည် ဖြစ်ကြောင်း၊ စည်းကမ်းမဲ့သစ်ပင်ခုတ်ခြင်းများမရှိ ရအောင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက ထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ အားပေး အပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်မှ ကူညီဆောင်ရွက်ပေး လျက်ရှိသည့် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေ၊ အောင်ဆုဗွေစိုက်ပျိုးရေးနှင့် မွေးမြူရေးစခန်းသို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ဝက်မွေးမြူရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်နေမှုအခြေအနေများ နှင့် ဝက်များမွေးမြူထားရှိမှုများအား ရှင်းလင်းပြသခဲ့ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မွေးမြူရေး လုပ်ငန်းများတွင်လိုအပ်သည့် တိရိစ္ဆာန်အစာများထုတ်လုပ်နိုင်သည့် သီးနှံများကိုပါ ထည့်သွင်းစိုက် ပျိုးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ အရင်းအနှီးအနည်းဆုံးနှင့် အကျိုးဖြစ်ထွန်းစေနိုင်သည့် စိုက်ပျိုးမွေးမြူရေး စနစ်များကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် ရေနှင့် လျှပ်စစ်မီး ရရှိရန်လည်း နည်းလမ်းရှာဆောင်ရွက်ရန်လိုကြောင်း အကြံပြုပြောကြားခဲ့ပာသည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။