တပ်မတော်သားများသည် မိမိဆန္ဒအလျောက် စစ်မှုထမ်းဆောင်ကြသူများဖြစ်၍ နိုင်ငံ တော်ကိုကာကွယ်ရန် ဆိုသော စိတ်ဓာတ်အခြေခံကောင်းများရှိထားပြီးဖြစ်၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်၊ ရဲစွမ်းသတ္တိရှိရန်ဆိုသော စစ်သားကောင်းတို့၏ စွမ်းရည်များပြည့်စုံအောင်လေ့ကျင့်ကြ

ေနျပည္ေတာ္၊ ဇြန္ – ၁၇

 

တပ္မေတာ္သားမ်ားသည္ မိမိဆႏၵအေလ်ာက္ စစ္မႈထမ္းေဆာင္ၾကသူမ်ားျဖစ္ ၍ ႏုိင္ငံေတာ္ကုိကာကြယ္ရန္ ဆုိေသာ စိတ္ဓာတ္အေျခခံေကာင္းမ်ားရွိထားၿပီးျဖစ္ ေၾကာင္း၊ စိတ္ဓာတ္စည္းကမ္းေကာင္းမြန္ၿပီး က်န္းမာႀကံ့ ခုိင္ရန္၊ ကြၽမ္းက်င္မႈရွိရန္၊ ရဲစြမ္းသတၱိရွိရန္ဆုိေသာ စစ္သားေကာင္းတုိ႔၏ စြမ္းရည္မ်ားျပည့္စုံေအာင္ေလ့က်င့္ၾက ရန္လုိေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ ၀တ္စားဆင္ယင္မႈမွအစ စည္းကမ္းသတ္မွတ္ ခ်က္မ်ားအတုိင္း တစ္ေျပးညီလုိက္နာရေၾကာင္း၊ ထုိသုိ႔၀တ္စားဆင္ယင္မႈမွအစ မိမိတုိ႔တပ္မေတာ္၏ စည္းကမ္းစနစ္တက် ရွိမႈမ်ားအေပၚ ေလးစားၾကရေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ စည္းကမ္းျပည့္၀သည့္တပ္မေတာ္ျဖစ္သျဖင့္ တပ္မေတာ္သားမ်ား အေနျဖင့္ သိရွိဂုဏ္ယူရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဗထူးတပ္နယ္ရွိ တပ္မေတာ္(ၾကည္း) တုိက္ခိုက္ေရး ေက်ာင္း(ဗထူး)ႏွင့္ တပ္မေတာ္(ၾကည္း)အရာခံႏွင့္ အၾကပ္ႀကီးသင္ေက်ာင္းရွိ နည္းျပအရာရွိမ်ား၊ သင္တန္းသား အရာရွိ၊ စစ္သည္မ်ားအား ယေန႔ေန႔လယ္ပုိင္းတြင္ သီးျခားစီေတြ႕ဆုံ အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာ ၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ ဗထူးတပ္နယ္ရွိ သင္တန္းေက်ာင္းမ်ား မွေက်ာင္းအုပ္ႀကီးမ်ား၊ နည္းျပအရာရွိမ်ားႏွင့္ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ သားမ်ားအေနျဖင့္ ညီအစ္ကုိစိတ္ဓာတ္၊ မိသားစုစိတ္ဓာတ္မ်ားေမြးျမဴရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတုိင္းတြင္ တပ္မေတာ္မ်ားရွိသကဲ့သုိ႔ ႏုိင္ငံေရးအဖြဲ႕အစည္းမ်ား၊ လူမႈေရးအဖြဲ႕အစည္း မ်ားႏွင့္ အျခားအဖြဲ႕အစည္းမ်ားရွိၿပီး တပ္မေတာ္သည္ စည္းကမ္းျပည့္၀ၿပီး ေလ့က်င့္သား ျပည့္၀သည့္အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး အခုိင္အမာဆုံးျဖစ္ၾကာင္း၊ တပ္မေတာ္ သားမ်ားသည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ ထမ္းေဆာင္ရန္ဟူေသာ အေျခခံစိတ္ဓာတ္ျဖင့္ မိမိတုိ႔သေဘာ ဆႏၵအေလ်ာက္ စစ္မႈထမ္းရန္၀င္ေရာက္လာၾကသူမ်ားျဖစ္ေၾကာင္း၊ စစ္သားေကာင္းတစ္ေယာက္ျဖစ္ရန္ အတြက္ စိတ္ဓာတ္၊ စည္းကမ္းေကာင္းမြန္ရန္ လုိအပ္ေၾကာင္း၊ စိတ္ဓာတ္ေကာင္းမြန္ၿပီးျဖစ္သည့္ အေျခခံကုိပုိမုိခုိင္မာေအာင္ တည္ေဆာက္သြားမည္ဆုိပါက စစ္မႈထမ္းကာလတြင္ မိမိဘ၀ကုိျမႇင့္တင္ႏုိင္ၾကမည္ ျဖစ္ေၾကာင္း၊ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာလုပ္ငန္းမ်ားအား ပုံမွန္လည္ပတ္ ေအာင္ မွန္မွန္ကန္ကန္ႏွင့္ စည္းကမ္းစနစ္တက် ေဆာင္ရြက္ၾကျခင္းျဖင့္ ျပည္သူက အားကုိးရသည့္၊ တုိင္းျပည္ကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္ရန္ အေလးထားေျပာၾကားလုိေၾကာင္း။

“လူမွာအ၀တ္ ေတာင္းမွာအကြပ္”ဆုိသည့္အတုိင္း တပ္မေတာ္၀တ္စုံမ်ားမွအစ အဆင့္မီစြာ၀တ္ဆင္ျခင္းျဖင့္ တပ္မေတာ္သားမ်ား၏ တန္ဖုိးကိုျမင့္တက္လာေစေၾကာင္း၊ တပ္မေတာ္ သားမ်ားအတြက္လုိအပ္သည့္ တပ္မေတာ္၀တ္စုံမ်ား၊ ဦးထုပ္၊ ဖိနပ္မ်ားႏွင့္ အျခားခ်ပ္၀တ္ တန္ဆာမ်ားသည္ မိမိတုိ႔တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္ထားသည့္ အရည္အေသြးမီ ပစၥည္းမ်ားျဖစ္ေၾကာင္း၊ ထုိ႔ျပင္တပ္မေတာ္သားမ်ား၏ စားေရးအတြက္ တပ္မေတာ္သားတစ္ဦး၏ စစ္ဆင္ေရးတာ၀န္ထမ္းေဆာင္ခ်ိန္တြင္လိုအပ္သည့္ ကယ္လုိရီပမာဏရရွိႏုိင္သည့္ အထိ ျပည့္၀စြာေဆာင္ရြက္ေပးထားေၾကာင္း။ သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ ထုိ႔ျပင္ ၀င္ေငြႏွင့္ထြက္ေငြ ညီမွ်မႈရွိေအာင္ အသုံးႏွင့္အျဖဳန္းကုိခြဲျခားသိရွိၿပီး မိမိတုိ႔ကိုယ္တုိင္ ၿခိဳးၿခံေခြၽတာရန္ လုိေၾကာင္း၊ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ရန္ လုိေၾကာင္း၊ က်န္းမာေရး ႏွင့္ ညီၫြတ္မႈရွိသည့္ ေနထုိင္စားေသာက္မႈရွိရန္လုိေၾကာင္း။

ယေန႔ေခတ္သည္နည္းပညာေခတ္ျဖစ္သျဖင့္ တပ္မေတာ္သားမ်ားအားလုံး ပညာရည္ျမင့္မားေရးအတြက္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ထုိ႔အျပင္တပ္မေတာ္သား မိသားစု၀င္မ်ား၏ ပညာရည္ျမင့္မားေရး အတြက္လည္း အတတ္ႏုိင္ဆုံးျဖည့္ဆည္း ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ တပ္မေတာ္သုိ႔ ၀င္ေရာက္လာသည့္ တပ္မေတာ္သားမ်ား၏ အေျခခံစိတ္ဓာတ္သည္ တန္ဖုိးရွိသည့္ စိတ္ဓာတ္ျဖစ္ေသာေၾကာင့္ မိမိတုိ႔၏စစ္သားဘ၀ကုိဂုဏ္ယူေနရန္လုိေၾကာင္း၊ တပ္မေတာ္၏ ေဆာင္ပုဒ္ျဖစ္ သည့္ “စိတ္ဓာတ္ႏွင့္ စည္းကမ္း ေကာင္းရမည္” ဆုိသည့္အတိုင္း ေနထုိင္မႈမွအစ စည္းကမ္းရွိရန္ႏွင့္ သတ္မွတ္စည္းကမ္းမ်ားအား လုိက္နာရန္လုိေၾကာင္း၊ တပ္တည္ေဆာက္ေရးလုပ္ငန္း မ်ားကိုသာမက ေဒသခံျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္အတြက္ နယ္လွည့္အထူးကု ေဆးအဖြဲ႕မ်ားျဖင့္ လွည့္လည္ကုသေပးလ်က္ရွိေၾကာင္း၊ ထုိ႔ျပင္ ေ၀းလံေခါင္းပါးေဒသမ်ားရွိ ေဒသခံျပည္ သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးႏုိင္ရန္အတြက္ တပ္မေတာ္သား ဆရာ၀န္မ်ားအား ေစလႊတ္ေပးလ်က္ ရွိေၾကာင္း။

တစ္ဦးခ်င္း၏စြမ္းရည္ကုိျမႇင့္တင္ေပးရန္အတြက္ သင္တန္းအမ်ိဳးမ်ိဳးကုိ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိၿပီး “ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ”ဆုိသည့္ ေ လ့က်င့္ေရးေဆာင္ပုဒ္ အတုိင္း ေျပာင္းလဲတုိးတက္လ်က္ရွိေသာ နည္းပညာမ်ား၊ စစ္အတတ္ပညာမ်ားကုိ ေလ့လာ၊ ကြၽမ္းက်င္မႈရွိေအာင္ အၿမဲမျပတ္ေလ့က်င့္၊ စစ္ေျမျပင္တြင္ စစ္အတတ္ ပညာရပ္မ်ားအား လက္ေတြ႕အသုံးခ်လုိက္နာေဆာင္ရြက္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ စြမ္းရည္ရွိေသာ တပ္မေတာ္ျဖစ္ေအာင္ တပ္မေတာ္သားမ်ားအားလုံးသည္ သက္ဆုိင္ရာ က႑မ်ားအလုိက္ မိမိတို႕ ထမ္းေဆာင္ရသည့္ လုပ္ငန္းနယ္ပယ္အလုိက္ကြၽမ္းက်င္ ရန္လုိေၾကာင္း၊ ရဲစြမ္းသတၱိဆုိသည္မွာ မွန္ကန္သည့္ သတၱိစိတ္မ်ိဳးျဖစ္ေအာင္ တစ္ဦးခ်င္း ေလ့က်င့္ေမြးျမဴရမည္ျဖစ္ေၾကာင္း၊ တုိက္ရဲခုိက္ရဲျဖစ္ရန္အတြက္ သင္တန္းေက်ာင္းမ်ား တြင္ ကုိယ္ခံပညာသင္တန္းမ်ားအား သင္ၾကားေပးလ်က္ရွိေၾကာင္း။

စစ္သားေကာင္းတစ္ေယာက္ျဖစ္ရန္ ျပည့္စုံရမည့္အခ်က္သုံးခ်က္မွာ က်န္းမာ ႀကံ့ခုိင္ရန္၊ ကြၽမ္းက်င္မႈရွိရန္ႏွင့္ ရဲစြမ္းသတၱိရွိရန္တုိ႔ပင္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း၏ က်န္းမာေရးကုိ ဂ႐ုစုိက္ရန္လုိၿပီး အရက္ေသစာ ေသာက္စားျခင္းကုိ တတ္ႏုိင္သမွ် ေရွာင္ၾကဥ္ရန္လုိေၾကာင္း၊ အသက္အရြယ္အလုိက္ က်န္းမာေရး စစ္ေဆးျခင္းမ်ားကုိ အၿမဲမျပတ္ေဆာင္ရြက္ရန္လုိေၾကာင္း၊ က်န္းမာေရးႏွင့္ေလ်ာ္ညီသည့္ ေနထုိင္စားေသာက္ မႈမ်ားရွိရန္လုိေၾကာင္း။ မိမိကုိယ္ကုိအလုိမလုိက္ဘဲ အေသာက္အစား၊ အစားအေသာက္ မ်ားကုိ ဆင္ျခင္ရန္လုိေၾကာင္း၊ ကုိယ္ပုိင္အခ်ိန္မ်ားတြင္ အခ်ိန္အတုိင္းအတာတစ္ခုေပး၍ အက်ိဳးရွိေသာ စာေပမ်ားကုိဖတ္႐ႈၾကရန္တုိက္တြန္းလုိေၾကာင္း၊ စာဆုိသည္မွာ မဖတ္ဖူးေသးသည့္ စာမွန္သမွ်အသစ္မ်ားသာျဖစ္သျဖင့္ စာဖတ္ျခင္းျဖင့္မိမိဘ၀ တုိးတက္မႈကုိ အေထာက္အကူျဖစ္ရန္လုိေၾကာင္း၊ မိမိတုိ႔တစ္ဦးခ်င္းႏွင့္ တပ္၏ လုပ္ငန္းမ်ား ေအာင္ျမင္ရန္အတြက္ ဆင့္ကဲအုပ္ခ်ဳပ္မႈစနစ္၊ မွန္ကန္ေသာ ေခါင္းေဆာင္မႈ တုိ႔ျဖင့္ လုပ္ငန္းအေပၚေစတနာထားၿပီးႀကိဳးစား လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ လူတုိင္းအဆင့္(၁)ျဖစ္ခြင့္ရွိေသာ္လည္း လူတုိင္းအဆင့္(၁)မျဖစ္ႏုိင္ေၾကာင္း၊ သင္တန္း တုိင္းတြင္ အားလုံးတန္းတူအခြင့္အေရးရွိၿပီး အဆင့္(၁)ရရွိရန္ လက္လြတ္မခံဘဲ ႀကိဳးစားၾကေစလုိေၾကာင္း၊ လူေတာ္လူေကာင္းမ်ား ျဖစ္ေအာင္ေနထုိင္ေဆာင္ရြက္ၾကရန္ ႏွင့္ အားလုံးတက္ညီလက္ညီႀကိဳးစား ေဆာင္ရြက္ၾကရန္လုိေၾကာင္း တုိက္တြန္းမွာၾကား သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ (ၾကည္း)အရာခံႏွင့္ အၾကပ္ႀကီးသင္ေက်ာင္းရွိ သင္တန္းသား စစ္သည္မ်ားႏွင့္အတူ ေန႔လယ္စာ အားအတူတကြ သုံးေဆာင္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဗထူးတပ္နယ္ ရွိ တိရစၦာန္ေမြးျမဴေရးႏွင့္ ေလ့က်င့္ေရးတပ္ရင္းသုိ႔ေရာက္ရွိရာ အစည္းအေ၀းခန္းမတြင္ တာ၀န္ရွိသူတစ္ဦးက ရည္မွန္းခ်က္ တာ၀န္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္ ေနမႈ၊ ၀န္တင္လား၊ ျမင္းမ်ားႏွင့္ အျခားတိရစၦာန္မ်ား ေမြးျမဴထားရွိမႈ၊ ျမင္းမ်ားအား ေမထုန္မဲ့နည္းျဖင့္ သားေဖာက္ေဆာင္ရြက္မႈႏွင့္ စံျပစုိက္ပ်ိဳးေမြးျမဴေရးစခန္း တည္ေဆာက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္စပ္ေဒသ၊ ေတာေတာင္ထူထပ္သည့္ေဒသမ်ားတြင္ သယ္ယူပုိ႔ေဆာင္ေရးကုိ အေထာက္ အကူျပဳႏုိင္ရန္အတြက္ ၀န္တင္လားျမင္းတိရစၦာန္မ်ားကုိ ယခုထက္ ပုိ၍ ထိထိေရာက္ေရာက္က်ယ္ က်ယ္ျပန္႔ျပန္႔ေမြးျမဴႏုိင္ေရး ေဆာင္ရြက္ရန္ ေမြးျမဴေရးအစားအစာထုတ္လုပ္ရာတြင္လုိအပ္သည့္ ေနဗီယာျမက္ႏွင့္ ေျပာင္းကဲ့သုိ႔ေသာ အပင္မ်ားအား ေအာင္ျမင္ျဖစ္ထြန္းေအာင္စုိက္ပ်ိဳးရန္ႏွင့္ လုိအပ္သည္မ်ားအား မွာၾကားျဖည့္ဆည္းေပးသည္။

ထုိ႕ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျမင္းမ်ိဳးႏြယ္စု ေမထုန္မဲ့သားစပ္ ဓာတ္ခြဲခန္းသုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ ယင္းေနာက္ စံျပစုိက္ပ်ိဳးေမြးျမဴေရးစခန္းတည္ေဆာက္ေနမႈ အေျခအေနမ်ားႏွင့္ လား၊ ျမင္းမ်ား ေမြးျမဴထားရွိမႈ အေျခ အေနမ်ားအား လွည့္လည္ ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပခဲ့ၾကသည္။

(Unicode Version)

တပ်မတော်သားများသည် မိမိဆန္ဒအလျောက် စစ်မှုထမ်းဆောင်ကြသူများဖြစ်၍ နိုင်ငံ တော်ကိုကာကွယ်ရန် ဆိုသော စိတ်ဓာတ်အခြေခံကောင်းများရှိထားပြီးဖြစ်၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်၊ ရဲစွမ်းသတ္တိရှိရန်ဆိုသော စစ်သားကောင်းတို့၏ စွမ်းရည်များပြည့်စုံအောင်လေ့ကျင့်ကြ

နေပြည်တော်၊ ဇွန် – ၁၇

တပ်မတော်သားများသည် မိမိဆန္ဒအလျောက် စစ်မှုထမ်းဆောင်ကြသူများဖြစ် ၍ နိုင်ငံတော်ကိုကာကွယ်ရန် ဆိုသော စိတ်ဓာတ်အခြေခံကောင်းများရှိထားပြီးဖြစ် ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်၊ ရဲစွမ်းသတ္တိရှိရန်ဆိုသော စစ်သားကောင်းတို့၏ စွမ်းရည်များပြည့်စုံအောင်လေ့ကျင့်ကြ ရန်လိုကြောင်း၊ တပ်မတော်သားများသည် ဝတ်စားဆင်ယင်မှုမှအစ စည်းကမ်းသတ်မှတ် ချက်များအတိုင်း တစ်ပြေးညီလိုက်နာရကြောင်း၊ ထိုသို့ဝတ်စားဆင်ယင်မှုမှအစ မိမိတို့တပ်မတော်၏ စည်းကမ်းစနစ်တကျ ရှိမှုများအပေါ် လေးစားကြရကြောင်း၊ မိမိတို့တပ်မတော်သည် စည်းကမ်းပြည့်ဝသည့်တပ်မတော်ဖြစ်သဖြင့် တပ်မတော်သားများ အနေဖြင့် သိရှိဂုဏ်ယူရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး)နှင့် တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ နည်းပြအရာရှိများ၊ သင်တန်းသား အရာရှိ၊ စစ်သည်များအား ယနေ့နေ့လယ်ပိုင်းတွင် သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြော ကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ဗထူးတပ်နယ်ရှိ သင်တန်းကျောင်းများ မှကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိများနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များတက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် တပ်မတော် သားများအနေဖြင့် ညီအစ်ကိုစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်များမွေးမြူရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တပ်မတော်များရှိသကဲ့သို့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် အခြားအဖွဲ့အစည်းများရှိပြီး တပ်မတော်သည် စည်းကမ်းပြည့်ဝပြီး လေ့ကျင့်သား ပြည့်ဝသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခိုင်အမာဆုံးဖြစ်ကြာင်း၊ တပ်မတော် သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ဟူသော အခြေခံစိတ်ဓာတ်ဖြင့် မိမိတို့သဘော ဆန္ဒအလျောက် စစ်မှုထမ်းရန်ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ စစ်သားကောင်းတစ်ယောက်ဖြစ်ရန် အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ပြီးဖြစ်သည့် အခြေခံကိုပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဆိုပါက စစ်မှုထမ်းကာလတွင် မိမိဘဝကိုမြှင့်တင်နိုင်ကြမည် ဖြစ်ကြောင်း၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများအား ပုံမှန်လည်ပတ် အောင် မှန်မှန်ကန်ကန်နှင့် စည်းကမ်းစနစ်တကျ ဆောင်ရွက်ကြခြင်းဖြင့် ပြည်သူက အားကိုးရသည့်၊ တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရန် အလေးထားပြောကြားလိုကြောင်း။

“လူမှာအဝတ် တောင်းမှာအကွပ်”ဆိုသည့်အတိုင်း တပ်မတော်ဝတ်စုံများမှအစ အဆင့်မီစွာဝတ်ဆင်ခြင်းဖြင့် တပ်မတော်သားများ၏ တန်ဖိုးကိုမြင့်တက်လာစေကြောင်း၊ တပ်မတော် သားများအတွက်လိုအပ်သည့် တပ်မတော်ဝတ်စုံများ၊ ဦးထုပ်၊ ဖိနပ်များနှင့် အခြားချပ်ဝတ် တန်ဆာများသည် မိမိတို့တပ်မတော်စက်ရုံများမှ ထုတ်လုပ်ထားသည့် အရည်အသွေးမီ ပစ္စည်းများဖြစ်ကြောင်း၊ ထို့ပြင်တပ်မတော်သားများ၏ စားရေးအတွက် တပ်မတော်သားတစ်ဦး၏ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်တွင်လိုအပ်သည့် ကယ်လိုရီပမာဏရရှိနိုင်သည့် အထိ ပြည့်ဝစွာဆောင်ရွက်ပေးထားကြောင်း။ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ပြီး သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ထို့ပြင် ဝင်ငွေနှင့်ထွက်ငွေ ညီမျှမှုရှိအောင် အသုံးနှင့်အဖြုန်းကိုခွဲခြားသိရှိပြီး မိမိတို့ကိုယ်တိုင် ခြိုးခြံချွေတာရန် လိုကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် လိုကြောင်း၊ ကျန်းမာရေး နှင့် ညီညွတ်မှုရှိသည့် နေထိုင်စားသောက်မှုရှိရန်လိုကြောင်း။
ယနေ့ခေတ်သည်နည်းပညာခေတ်ဖြစ်သဖြင့် တပ်မတော်သားများအားလုံး ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင်တပ်မတော်သား မိသားစုဝင်များ၏ ပညာရည်မြင့်မားရေး အတွက်လည်း အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်သို့ ဝင်ရောက်လာသည့် တပ်မတော်သားများ၏ အခြေခံစိတ်ဓာတ်သည် တန်ဖိုးရှိသည့် စိတ်ဓာတ်ဖြစ်သောကြောင့် မိမိတို့၏စစ်သားဘဝကိုဂုဏ်ယူနေရန်လိုကြောင်း၊ တပ်မတော်၏ ဆောင်ပုဒ်ဖြစ် သည့် “စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းရမည်” ဆိုသည့်အတိုင်း နေထိုင်မှုမှအစ စည်းကမ်းရှိရန်နှင့် သတ်မှတ်စည်းကမ်းများအား လိုက်နာရန်လိုကြောင်း၊ တပ်တည်ဆောက်ရေးလုပ်ငန်း များကိုသာမက ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် နယ်လှည့်အထူးကု ဆေးအဖွဲ့များဖြင့် လှည့်လည်ကုသပေးလျက်ရှိကြောင်း၊ ထို့ပြင် ဝေးလံခေါင်းပါးဒေသများရှိ ဒေသခံပြည် သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်သား ဆရာဝန်များအား စေလွှတ်ပေးလျက် ရှိကြောင်း။
တစ်ဦးချင်း၏စွမ်းရည်ကိုမြှင့်တင်ပေးရန်အတွက် သင်တန်းအမျိုးမျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် ေ လ့ကျင့်ရေးဆောင်ပုဒ် အတိုင်း ပြောင်းလဲတိုးတက်လျက်ရှိသော နည်းပညာများ၊ စစ်အတတ်ပညာများကို လေ့လာ၊ ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ်လေ့ကျင့်၊ စစ်မြေပြင်တွင် စစ်အတတ် ပညာရပ်များအား လက်တွေ့အသုံးချလိုက်နာဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသော တပ်မတော်ဖြစ်အောင် တပ်မတော်သားများအားလုံးသည် သက်ဆိုင်ရာ ကဏ္ဍများအလိုက် မိမိတို့ ထမ်းဆောင်ရသည့် လုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင် ရန်လိုကြောင်း၊ ရဲစွမ်းသတ္တိဆိုသည်မှာ မှန်ကန်သည့် သတ္တိစိတ်မျိုးဖြစ်အောင် တစ်ဦးချင်း လေ့ကျင့်မွေးမြူရမည်ဖြစ်ကြောင်း၊ တိုက်ရဲခိုက်ရဲဖြစ်ရန်အတွက် သင်တန်းကျောင်းများ တွင် ကိုယ်ခံပညာသင်တန်းများအား သင်ကြားပေးလျက်ရှိကြောင်း။
စစ်သားကောင်းတစ်ယောက်ဖြစ်ရန် ပြည့်စုံရမည့်အချက်သုံးချက်မှာ ကျန်းမာ ကြံ့ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်နှင့် ရဲစွမ်းသတ္တိရှိရန်တို့ပင်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ရန်လိုပြီး အရက်သေစာ သောက်စားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လိုကြောင်း၊ အသက်အရွယ်အလိုက် ကျန်းမာရေး စစ်ဆေးခြင်းများကို အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက် မှုများရှိရန်လိုကြောင်း။ မိမိကိုယ်ကိုအလိုမလိုက်ဘဲ အသောက်အစား၊ အစားအသောက် များကို ဆင်ခြင်ရန်လိုကြောင်း၊ ကိုယ်ပိုင်အချိန်များတွင် အချိန်အတိုင်းအတာတစ်ခုပေး၍ အကျိုးရှိသော စာပေများကိုဖတ်ရှုကြရန်တိုက်တွန်းလိုကြောင်း၊ စာဆိုသည်မှာ မဖတ်ဖူးသေးသည့် စာမှန်သမျှအသစ်များသာဖြစ်သဖြင့် စာဖတ်ခြင်းဖြင့်မိမိဘ၀ တိုးတက်မှုကို အထောက်အကူဖြစ်ရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်းနှင့် တပ်၏ လုပ်ငန်းများ အောင်မြင်ရန်အတွက် ဆင့်ကဲအုပ်ချုပ်မှုစနစ်၊ မှန်ကန်သော ခေါင်းဆောင်မှု တို့ဖြင့် လုပ်ငန်းအပေါ်စေတနာထားပြီးကြိုးစား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ လူတိုင်းအဆင့်(၁)ဖြစ်ခွင့်ရှိသော်လည်း လူတိုင်းအဆင့်(၁)မဖြစ်နိုင်ကြောင်း၊ သင်တန်း တိုင်းတွင် အားလုံးတန်းတူအခွင့်အရေးရှိပြီး အဆင့်(၁)ရရှိရန် လက်လွတ်မခံဘဲ ကြိုးစားကြစေလိုကြောင်း၊ လူတော်လူကောင်းများ ဖြစ်အောင်နေထိုင်ဆောင်ရွက်ကြရန် နှင့် အားလုံးတက်ညီလက်ညီကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသား စစ်သည်များနှင့်အတူ နေ့လယ်စာ အားအတူတကွ သုံးဆောင်ကြသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်နယ် ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက ရည်မှန်းချက် တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက် နေမှု၊ ဝန်တင်လား၊ မြင်းများနှင့် အခြားတိရစ္ဆာန်များ မွေးမြူထားရှိမှု၊ မြင်းများအား မေထုန်မဲ့နည်းဖြင့် သားဖောက်ဆောင်ရွက်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးစခန်း တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ဒေသ၊ တောတောင်ထူထပ်သည့်ဒေသများတွင် သယ်ယူပို့ဆောင်ရေးကို အထောက် အကူပြုနိုင်ရန်အတွက် ဝန်တင်လားမြင်းတိရစ္ဆာန်များကို ယခုထက် ပို၍ ထိထိရောက်ရောက်ကျယ် ကျယ်ပြန့်ပြန့်မွေးမြူနိုင်ရေး ဆောင်ရွက်ရန် မွေးမြူရေးအစားအစာထုတ်လုပ်ရာတွင်လိုအပ်သည့် နေဗီယာမြက်နှင့် ပြောင်းကဲ့သို့သော အပင်များအား အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးရန်နှင့် လိုအပ်သည်များအား မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြင်းမျိုးနွယ်စု မေထုန်မဲ့သားစပ် ဓာတ်ခွဲခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် စံပြစိုက်ပျိုးမွေးမြူရေးစခန်းတည်ဆောက်နေမှု အခြေအနေများနှင့် လား၊ မြင်းများ မွေးမြူထားရှိမှု အခြေ အနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။