တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (7th HLC Meeting) တက်ရောက်ရန်ထွက်ခွာ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂

ထုိင္းႏုိင္ငံတြင္ က်င္းပျပဳလုပ္မည့္ သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting တက္ေရာက္ရန္ အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕အား ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ထုိင္းဘုရင့္တပ္မေတာ္ ေရတပ္စစ္သံမွဴး Capt. Puchong Praditteera ႏွင့္ ဇနီးတုိ႔က ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕တြင္ အဖြဲ႕၀င္မ်ားအျဖစ္ ဇနီးေဒၚၾကဴၾကဴလွႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္ လုိက္ပါသြားၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းႏုိင္ငံ၊ ဗန္ေကာက္ၿမိဳ႕ရွိ ထုိင္းဘုရင့္ ေလတပ္၊ Wing 6 သုိ႔ေရာက္ရွိၾကရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ Deputy Chief of Joint Staff ျဖစ္သူ Gen. Choochart Buakhao ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ ႏွင့္ 7th Thailand-Myanmar High Level Committee Meeting အတြင္းေရးမွဴးအဖြဲ႕ အဖြဲ႕၀င္မ်ား၊ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ဳိးျမင့္သန္းႏွင့္ဇနီး ထုိင္းႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ဇနီး ၊ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

အဆုိပါခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိသည့္ ထုိင္း-ျမန္မာအဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀းသုိ႔ တက္ေရာက္ၿပီး ထုိင္းႏုိင္ငံ အစုိးရအဖြဲ႕ အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံ ဆက္ဆံေရး၊ ပူးေပါင္း ေဆာင္ရြက္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ ဦးေဆာင္ေသာ 7th Thailand-Myanmar High Level Committee Meeting အတြင္းေရးမွဴးအဖြဲ႕ အဖြဲ႕၀င္မ်ားသည္ ၾသဂုတ္ ၃၁ ရက္တြင္ ထုိင္းႏုိင္ငံသို႔ ႀကိဳတင္ထြက္ခြာခဲ့ၾကၿပီး လုပ္ငန္းၫႇိႏႈိင္းအစည္းအေ၀းမ်ား ေဆာင္ရြက္လ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (7th HLC Meeting) တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ စက်တင်ဘာ ၂

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ထိုင်းဘုရင့်တပ်မတော် ရေတပ်စစ်သံမှူး Capt. Puchong Praditteera နှင့် ဇနီးတို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့် လေတပ်၊ Wing 6 သို့ရောက်ရှိကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ Deputy Chief of Joint Staff ဖြစ်သူ Gen. Choochart Buakhao နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် 7th Thailand-Myanmar High Level Committee Meeting အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့်ဇနီး ၊ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံ အစိုးရအဖွဲ့ အကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သော 7th Thailand-Myanmar High Level Committee Meeting အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များသည် သြဂုတ် ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။