တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ

နေပြည်တော်၊ အောက်တိုဘာ – ၁၁

ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE တို့က New Otani Hotel ၊ Hoon no ma ခန်းမ၌ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး တင်စိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဂျပန်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး (The Liberal Democratic Party)(LDP) မှ အောက်လွှတ်တော်အမတ်ဖြစ်သူ Mr. Taro Aso ၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ််ဖွဲ့မှ ဒုတိယပူးတွဲစစ်ဦးစီးချုပ် Lieutenant General Masuko Yutaka ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့နှင့်အတူ ဂျပန်နိုင်ငံ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အငြိမ်းစားကာကွယ်ရေးဝန်ကြီး၊ အငြိမ်းစားနိုင်ငံခြားရေး ၀န်ကြီးများ၊ အငြိမ်းစားပူးတွဲစစ်ဦးစီးချုပ Mr. Shigeru Iwasak ၊ ဂျပန်နိုင်ငံ Komeito Party အကြီးအကဲနှင့် အထက်လွှတ်တော်အမတ်ဖြစ်သူ Mr. Natsuo Yamaguchi ၊ အဓိကအတိုက် အခံပါတီဖြစ်သော The Constitutional Democratic Party of Japan(CDP) မှ ပါတီအကြီးအကဲ နှင့် အောက်လွှတ်တော်အမတ်ဖြစ်သူ Mr. Yukio Edano ၊ ဂျပန်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဂျပန်-မြန်မာ ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌတို့နှင့် တာဝန်ရှိသူများကကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ၊ ဂျပန်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo WATANABE ၊ Komeito Party အကြီးအကဲ နှင့် အထက်လွှတ်တော်အမတ်ဖြစ်သူ Mr. Natsuo Yamaguchi ၊ (CDP) ပါတီအကြီး အကဲနှင့် အောက်လွှတ်တော်အမတ်ဖြစ်သူ Mr. Yukio Edano၊ ကျန်းမာရေး၊အလုပ် သမား နှင့်လူမှုဖူလုံရေးဝန်ကြီး Mr. Katsunobu Kato ၊ အငြိမ်းစားကာကွယ်ရေးဝန်ကြီး Mr.Itsunori Onodera နှင့် ဂျပန်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး (The Liberal Democratic Party)(LDP) မှ အောက်လွှတ်တော် အမတ်ဖြစ်သူ Mr. Taro Aso တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်မှုများတွင် ထဲထဲဝင်ဝင်ကြိုးစားဆောင်ရွက်ပေးနေကြသော နိပွန်ဖောင်ဒေရှင်းဥက္ကဋ္ဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အတိတ်ကို သင်ခန်းစာရ ယူပြီး အနာဂတ်ကိုကောင်းမွန်အောင် တည်ဆောက်ရမည်မှာ လက်ရှိပစ္စုပ္ပန် တွင် ရှိနေကြသူများ၏ တာဝန် ပင်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာကူညီမှု များသည် ငွေကြေးအရ တိုင်းတာ သတ်မှတ်၍ရသော်လည်း အမှီအခိုကင်းမှုနှင့်ဖိအားများ လျော့ကျစေမှုမှာ တန်ဖိုးဖြတ်၍မရပါကြောင်း၊ မြန်မာနိုင်ငံအပေါ် တူညီသည့်သဘောထားဖြင့် မတူညီသောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပူးပေါင်း ဆုံဆည်း ဆောင်ရွက်ပေးမှုသည် မိမိတို့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပြီး စေတနာများကို တန်ဖိုး ဖြတ်၍မရပါကြောင်းဖြင့်ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ၊ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ နှင့် အငြိမ်းစားပူးတွဲစစ်ဦးစီးချုပ် Mr. Shigeru Iwasaki တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ ႏွင့္ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒တုိ႕က ဂုဏ္ျပဳညစာျဖင့္တည္ခင္း ဧည့္ခံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၁

ဂ်ပန္ႏုိင္ငံသုိ႕ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ေအာက္တုိဘာ ၁၀ ရက္ညပုိင္းတြင္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Mr. Yohei SASAKAWA ႏွင့္ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Mr. Hideo WATANABE တုိ႕က New Otani Hotel ၊ Hoon no ma ခန္းမ၌ဂုဏ္ျပဳညစာျဖင့္ တည္ခင္း ဧည့္ခံသည္။
အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ ဂ်ပန္ႏုိင္ငံဆုိင္ရာ ျမန္မာ ႏုိင္ငံသံအမတ္ႀကီး ဦးျမင့္သူ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး တင္စုိးႏွင့္ အဖြဲ႕၀င္မ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏုိင္ငံဒုတိယ၀န္ႀကီးခ်ဳပ္ႏွင့္ ဘ႑ာေရး၀န္ႀကီး (The Liberal Democratic Party)(LDP) မွ ေအာက္လႊတ္ေတာ္အမတ္ျဖစ္သူ Mr. Taro Aso ၊ ဂ်ပန္ကုိယ္ပုိင္ ကာကြယ္ေရးတပ္္ဖြဲ႕မွ ဒုတိယပူးတြဲစစ္ဦးစီးခ်ဳပ္ Lieutenant General Masuko Yutaka ၊ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္းဥကၠ႒တုိ႕ႏွင့္အတူ ဂ်ပန္ႏုိင္ငံ အစုိးရအဖြဲ႕၀င္၀န္ႀကီးမ်ား၊ အၿငိမ္းစားကာကြယ္ေရး၀န္ႀကီး၊ အၿငိမ္းစားႏုိင္ငံျခားေရး ၀န္ႀကီးမ်ား၊ အၿငိမ္းစားပူးတြဲစစ္ဦးစီးခ်ဳပ Mr. Shigeru Iwasak ၊ ဂ်ပန္ႏုိင္ငံ Komeito Party အႀကီးအကဲႏွင့္ အထက္လႊတ္ေတာ္အမတ္ျဖစ္သူ Mr. Natsuo Yamaguchi ၊ အဓိကအတုိက္ အခံပါတီျဖစ္ေသာ The Constitutional Democratic Party of Japan(CDP) မွ ပါတီအႀကီးအကဲ ႏွင့္ ေအာက္လႊတ္ေတာ္အမတ္ျဖစ္သူ Mr. Yukio Edano ၊ ဂ်ပန္အစုိးရအဖြဲ႕မွတာ၀န္ရွိသူမ်ားႏွင့္ ဂ်ပန္-ျမန္မာ ပူးေပါင္းေဆာင္ရြက္ေရး က႑အသီးသီးတုိ႕မွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား နိပြန္ေဖာင္ေဒးရွင္း ဥကၠ႒၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ ေရးအသင္း ဥကၠ႒တုိ႕ႏွင့္ တာ၀န္ရွိသူမ်ားကႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Mr. Yohei SASAKAWA ၊ ဂ်ပန္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးျမင့္သူ၊ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္းဥကၠ႒ Mr. Hideo WATANABE ၊ Komeito Party အႀကီးအကဲ ႏွင့္ အထက္လႊတ္ေတာ္အမတ္ျဖစ္သူ Mr. Natsuo Yamaguchi ၊ (CDP) ပါတီအႀကီး အကဲႏွင့္ ေအာက္လႊတ္ေတာ္အမတ္ျဖစ္သူ Mr. Yukio Edano၊ က်န္းမာေရး၊အလုပ္ သမား ႏွင့္လူမႈဖူလုံေရး၀န္ႀကီး Mr. Katsunobu Kato ၊ အၿငိမ္းစားကာကြယ္ေရး၀န္ႀကီး Mr.Itsunori Onodera ႏွင့္ ဂ်ပန္ႏုိင္ငံ ဒုတိယ ၀န္ႀကီးခ်ဳပ္ႏွင့္ ဘ႑ာေရး၀န္ႀကီး (The Liberal Democratic Party)(LDP) မွ ေအာက္လႊတ္ေတာ္ အမတ္ျဖစ္သူ Mr. Taro Aso တုိ႕က ႀကိဳဆုိႏႈတ္ခြန္းဆက္စကားမ်ား အသီးသီးေျပာၾကားရာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ဂ်ပန္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရး ရရွိေရးေဆာင္ရြက္မႈမ်ားတြင္ ထဲထဲ၀င္၀င္ႀကိဳးစားေဆာင္ရြက္ေပးေနၾကေသာ နိပြန္ေဖာင္ေဒရွင္းဥကၠ႒၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ႏွင့္ တာ၀န္ရွိသူမ်ားအား လႈိက္လွဲစြာ ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတုိ႕အေနျဖင့္ အတိတ္ကုိ သင္ခန္းစာရ ယူၿပီး အနာဂတ္ကုိေကာင္းမြန္ေအာင္ တည္ေဆာက္ရမည္မွာ လက္ရွိပစၥဳပၸန္ တြင္ ရွိေနၾကသူမ်ား၏ တာ၀န္ ပင္ျဖစ္ပါေၾကာင္း၊ ဂ်ပန္ႏုိင္ငံ၏ ဘ႑ာေရးဆုိင္ရာကူညီမႈ မ်ားသည္ ေငြေၾကးအရ တုိင္းတာ သတ္မွတ္၍ရေသာ္လည္း အမွီအခုိကင္းမႈႏွင့္ဖိအားမ်ား ေလ်ာ့က်ေစမႈမွာ တန္ဖုိးျဖတ္၍မရပါေၾကာင္း၊ ျမန္မာႏုိင္ငံအေပၚ တူညီသည့္သေဘာထားျဖင့္ မတူညီေသာအဖြဲ႕အစည္းမ်ားမွ ပုဂၢဳိလ္မ်ားပူးေပါင္း ဆုံဆည္း ေဆာင္ရြက္ေပးမႈသည္ မိမိတုိ႕အတြက္ မ်ားစြာဂုဏ္ယူ၀မ္းေျမာက္ဖြယ္ျဖစ္ၿပီး ေစတနာမ်ားကုိ တန္ဖုိး ျဖတ္၍မရပါေၾကာင္းျဖင့္ေက်းဇူးတင္စကားျပန္လည္ ေျပာၾကားသည္။
ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နိပြန္ေဖာင္ ေဒးရွင္းဥကၠ႒၊ ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ ႏွင့္ အၿငိမ္းစားပူးတြဲစစ္ဦးစီးခ်ဳပ္ Mr. Shigeru Iwasaki တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။