တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး စည်းလုံးညီညွတ်မှုကသာလျင် ယနေ့ နိုင်ငံ၏ ပကတိလိုအပ် ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည်

နေပြည်တော်၊ နိုဝင်ဘာ ၃

မြန်မာနိုင်ငံ၏သမိုင်းတွင် မိမိတို့သည် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အမိ မြန်မာနိုင်ငံတော်ကြီး တိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယုံကြည်မှု၊ သဒ္ဓါ သည်ကပင် စည်းလုံးညီညွတ်သည့်စွမ်းအား၊ စည်းလုံး ညီညွတ်သည့် ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုကသာလျင် မိမိတို့မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက မျှော်လင့်နေသည့် ယနေ့ နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံး ပွဲတော်ဖြစ်သည့် ဒီပါဝလီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး နှင့် မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာစီးပွားရေးလုပ်ငန်းအသင်းချုပ်တို့မှ ကြီးမှူး၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင် ညွန့်မြို့ နယ်ရှိ Wyndham Grand Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနန္ဒ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ ၊ အပြည်ပြည်ဆိုင်ရာကုန်သည်များ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဂုဏ်ပြုညစာစားပွဲပြုလုပ်မည့် Wyndham Grand Hotel သို့ရောက်ရှိကြရာ ဟိန္ဒူရိုးရာ ဒီပါဝလီပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များ က ကြိုဆိုနှုတ်ဆက်ကြ သည်။

အစီအစဉ်အရ ဒီပါဝလီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့်ဇနီး၊ သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘာဂျန်ရာမ်လာလ်ရှာရမားတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒေါ်မီးမီး တို့က ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ဟိန္ဒူဆရာဝန်များအသင်း ဥက္ကဋ္ဌအငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာမင်းလွင်နှင့် မြန်မာ နိုင်ငံဂေါ်ရခါးအသင်း ဥက္ကဋ္ဌဟောင်း ဦးကျော်လေးတို့က ဒီပါဝလီနေ့နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေး နေ့ထူးနေ့မြတ်ဖြစ်သည့် ဒီပါဝလီနေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအားလုံး သက်ဆိုင်ရာဘာသာတရား များ၏ အဆုံးအမကြောင့် နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း၊ ညီရင်းအကို၊ မောင်နှမရင်းချာများကဲ့သို့ မေတ္တာတရားပွားများနိုင်ကြပါစေကြောင်း၊ မိမိတို့သည် မည်သည့်ဘာသာ၊ မည်သည့်အယူဝါဒကို ကိုးကွယ်ယုံကြည်ကြသည်ဖြစ်စေ ဘာသာတရားတိုင်း၏ အဆုံးအမသည် လူသား အချင်းချင်း တစ်ဦးကိုတစ်ဦး မေတ္တာထားကြရန်၊ ယုံကြည်ကြရန်နှင့် အများကောင်းကျိုးကို သယ်ပိုးကြရန် တိုက်တွန်းအားပေးသည့် အဆုံးအမများပင်ဖြစ်ကြောင်း၊ လောကကောင်းကျိုး၊ လူသားကောင်းကျိုးသယ်ပိုး နိုင်ရန်အတွက် မိမိတို့၏ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး၌ ထားရှိလိုက်နာကျင့်ကြံနေထိုင် သင့်သည်များကို ဆိုဆုံးမထားသည့် အဆုံးအမများပင် ဖြစ်ကြောင်း။

သဒ္ဓါသည် ရဲစွမ်းသတ္တိ၊ ယုံကြည်ချက်သည် ရဲစွမ်းသတ္တိကို ဖြစ်စေသည် (Belief is Courage) ဟုမှတ်သားခဲ့ဖူးပါကြောင်း၊ “သမ္မဂါနံ၊ တပေါ သုခေါ” ညီညွတ်ခြင်း သည် ချမ်းသာခြင်းသုခကို ပေးစေသည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့သည် ကိုးကွယ် ယုံကြည်မှု မည်သို့ပင်ကွဲပြားသည်ဖြစ်စေ မြန်မာနိုင်ငံ တည်းဟူသော နိုင်ငံတွင် နှစ်ပေါင်း ကြာရှည်စွာ စည်းလုံးညီညွတ်မှုကို အရင်းခံပြီး အေးအတူ၊ ပူအမျှ လက်တွဲနေထိုင်ခဲ့ကြ သူများပင်ဖြစ်ကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူ၍ နေထိုင်ခဲ့ကြပြီး လက်ရှိတွင်လည်းအတူတကွနေထိုင်ကြဆဲပင်ဖြစ်ကြောင်း၊ ယင်းသို့ နေထိုင်ကြရာတွင် ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆိုသည့်စိတ်ကို ယုံကြည် မွေးမြူကြရန်လိုကြောင်း၊ မြန်မာနိုင်ငံ ၏သမိုင်းတွင် မိမိတို့သည် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယုံကြည်မှု၊ သဒ္ဓါ သည်ကပင် စည်းလုံးညီညွတ်သည့်စွမ်းအား၊ စည်းလုံးညီညွတ် သည့် ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုကသာလျင် မိမိတို့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းက မျှော်လင့်နေသည့် ယနေ့နိုင်ငံ၏ ပကတိလိုအပ်ချက် ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ကြဉ်းနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ ကဏ္ဍတိုင်းတွင် စည်းလုံးညီညွတ်ကြရန်လိုအပ်ပြီး စည်းလုံးသည်ကို “ညီညွတ်သည်၊ ပူးပေါင်းသည်”ဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါကြောင်း၊ စည်းလုံးခြင်း၏ အကြောင်းတရားသည် စည်းရုံးခြင်းပင်ဖြစ်ပြီး စည်းရုံးခြင်းကို “စုပေါင်းဖွဲ့စည်းသည်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါကြောင်း၊ စုပေါင်းဖွဲ့စည်းနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အသင်းတစ်သင်းနှင့် တစ်သင်းကြားတွင် မိမိအထက်တွင် ဆိုခဲ့သည့် ယုံကြည်မှုနှင့် သံယောဇဉ်တရားလိုအပ်ပါကြောင်း၊ ယုံကြည်မှုနှင့် သံယောဇဉ်ကို ထိတွေ့ ဆက်ဆံခြင်းကသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နေထိုင်ရာ မိခင်နိုင်ငံကြီး၏ အမျိုး သားယဉ်ကျေးမှုစရိုက်လက္ခဏာများကို တန်ဖိုးထား ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအချို့သည် ဟိန္ဒူယဉ်ကျေးမှုနှင့် နှီးနွယ်နေသည်ကို သိရှိကြ ပြီး ဖြစ်ပါကြောင်း၊ စိတ်တူ၊ သဘောတူဖြစ်မှုသည် ခိုင်မာမှုကိုရရှိစေပြီး အားကို ဖြစ်စေ ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပါကြောင်း၊ ထို့အတူ အခြားညီနောင် ဘာသာ ဝင်များနှင့်လည်း အတူပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့သည် အခြေခံအကျ ဆုံးလိုအပ်ချက်ကို ကိုယ်စွမ်းÍာဏ်စွမ်းရှိသရွေ့ ဖြည့်ဆည်းနေ ကြပါကြောင်း၊ မိမိတို့ညီညွတ်မှ မိမိတို့နိုင်ငံ တိုးတက်မည်ဖြစ်ပြီး နိုင်ငံတိုးတက်မှသာလျင် သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအသီးသီး တည်တံ့ခိုင်မြဲဖွံ့ ဖြိုးမည်ဖြစ်ပါကြောင်း။

“ဒီပါဝလီ” ပွဲတော်သည် “ဒီပအဝါလီ” ဆိုသည့် စကားမှတစ်ဆင့် ဆင်းသက်လာ ပြီး ဒီပ = ဆီမီး၊ အဝါလီ = စီတန်းခြင်း ဖြစ်သည့်အတွက် ဆီမီးများကို ညီညာစွာ ထွန်းညှိပူဇော်ခြင်းဖြစ်သည်ဟု မှတ်သားရပါကြောင်း၊ ဆီမီးဆိုသည်မှာ အမှောင်ကို ခွင်း၍ အလင်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုလို နေ့ထူးနေ့မြတ်ကို တက်ရောက်လာကြသူ များအားလုံးကလည်း မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်း၏ အလင်းကို ဖော်ဆောင်နိုင်ရန် အတွက် စည်းလုံးခြင်းဆီမီးကို ထွန်းညှိပြီး စည်းရုံးညီညွတ်စွာဖြင့် မြန်မာ့အကျိုးကို သယ် ပိုးဆောင်ရွက် သွားကြပါစေလိုကြောင်းဖြင့် ဆန္ဒပြုပြောကြားသည်။

ယင်းနောက် အိန္ဒိယနိုင်ငံသံရုံးမှဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များက အကပဒေသာများ၊ မြန်မာသမီးပျိုလေး များက ဆီမီးအကတို့ဖြင့်ဖျော်ဖြေတင် ဆက်ခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံး ဒုတိယအကြီးအကဲနှင့် မြန်မာ နိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီးတို့က အမှတ်တရ စကားများ ပြောကြားရာတွင် အိန္ဒိယနိုင်ငံသံရုံး၊ ဒုတိယအကြီးအကဲ Dr. Sumit Septh က ယခုကဲ့သို့ ဒီပါဝလီပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက် ခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့အနောက် ထိစပ် ဆက်စပ်နေပြီး ဆက်ဆံရေး၊ မူဝါဒများအဓိကတူညီကြကြောင်းနှင့် ပိုမိုခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေး သည် မိမိတို့နိုင်ငံရှိ ပြည်သူများအတွက် ကောင်းမွန်မှုကို ဖြစ်စေပါကြောင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV က တက်ရောက် လာကြသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ၊ နွေးနွေးထွေးထွေးဂုဏ်ပြုပါကြောင်း၊ မိမိသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင် သည်မှာ ကာလကြာရှည်ပြီဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံတို့တွင်လည်း တာဝန် ထမ်းဆောင်ခဲ့ပါကြောင်း၊ သုံးနိုင်ငံလုံးတွင် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ ထွန်းကား သည်ကို တွေ့ရှိရပါကြောင်း၊ အနာဂတ် တွင်နိုင်ငံသုံးနိုင်ငံလုံးရှိ ဘာသာဝင်များအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြစေရေး မေတ္တာပို့သပါကြောင်း၊ ဒီပါဝလီပွဲတော်သည် အရေးကြီးသည့်ပွဲတော်ဖြစ်ပြီး ဂုဏ်ပြုသည့်အနေဖြင့်ပြောရမည်ဆိုပါက “ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ”ဟု ပြောကြားလိုကြောင်းနှင့် ကြွရောက်လာကြသူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းချမ်း မြေ့ပါစေဟု မေတ္တာပို့သပါကြောင်းဖြင့်လည်းကောင်း မြန်မာ ဘာသာစကားဖြင့် အမှတ်တရစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြကာ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

(Zawgyi Version)

တိုင္းျပည္၏အားသည္ ျပည္တြင္းမွာသာရွိၿပီး စည္းလုံးညီၫြတ္မႈကသာလ်င္ ယေန႔ ႏိုင္ငံ၏ ပကတိလိုအပ္ ခ်က္ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးကို ေဆာင္ၾကဥ္းႏိုင္မည္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၃

ျမန္မာႏိုင္ငံ၏သမိုင္းတြင္ မိမိတို႔သည္ သက္ဆိုင္ရာက႑အသီးသီးမွ အမိ ျမန္မာႏိုင္ငံေတာ္ႀကီး တိုးတက္ေရး အတြက္ ေဆာင္႐ြက္ခဲ့ၾကပါေၾကာင္း၊ ယုံၾကည္မႈ၊ သဒၶါ သည္ကပင္ စည္းလုံးညီၫြတ္သည့္စြမ္းအား၊ စည္းလုံး ညီၫြတ္သည့္ ရဲစြမ္းသတၱိကို ျဖစ္ေပၚေစမည္ျဖစ္ပါေၾကာင္း၊ တိုင္းျပည္၏အားသည္ ျပည္တြင္းမွာသာ ရွိပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈကသာလ်င္ မိမိတို႔ျမန္မာ့လူ႔ေဘာင္အဖြဲ႕အစည္းက ေမွ်ာ္လင့္ေနသည့္ ယေန႔ ႏိုင္ငံ၏ ပကတိလိုအပ္ခ်က္ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရး ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္ၾကဥ္းႏိုင္မည္ ျဖစ္ပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဟိႏၵဴ႐ိုးရာပြဲေတာ္မ်ားတြင္ အထြဋ္ျမတ္ဆုံး ပြဲေတာ္ျဖစ္သည့္ ဒီပါဝလီေန႔ အထိမ္းအမွတ္ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္ဂုဏ္ျပဳ အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားကို ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံ႐ုံး ႏွင့္ ျမန္မာ-အိႏၵိယ အျပည္ျပည္ ဆိုင္ရာစီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္တို႔မွ ႀကီးမႉး၍ ယေန႔ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ ၫြန႔္ၿမိဳ႕ နယ္ရွိ Wyndham Grand Hotel တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕မွ တာဝန္ရွိသူမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ျမန္မာႏိုင္ငံရွိ ႏိုင္ငံျခား သံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္ သံတမန္မ်ား၊ ဘာသာေပါင္း စုံခ်စ္ၾကည္ညီၫြတ္ေရး ဗဟိုအဖြဲ႕ ဥကၠ႒ ဦးေသာင္းထိုက္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရး ဗဟို အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးနႏၵ၊ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆိုင္ရာ စီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏိုင္ႏွင့္ တာဝန္ရွိသူမ်ား ၊ အျပည္ျပည္ဆိုင္ရာကုန္သည္မ်ား၊ ဟိႏၵဴ႐ိုးရာယဥ္ေက်းမႈ အကအဖြဲ႕မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕ဝင္မ်ားသည္ ဂုဏ္ျပဳညစာစားပြဲျပဳလုပ္မည့္ Wyndham Grand Hotel သို႔ေရာက္ရွိၾကရာ ဟိႏၵဴ႐ိုးရာ ဒီပါဝလီပြဲေတာ္ က်င္းပေရးေကာ္မတီဥကၠ႒မ်ားႏွင့္ တာဝန္ရွိသူ မ်ား က ႀကိဳဆိုႏႈတ္ဆက္ၾက သည္။

အစီအစဥ္အရ ဒီပါဝလီေန႔ အထိမ္းအမွတ္ဂုဏ္ျပဳညစာစားပြဲကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး၊ ျမန္မာ-အိႏၵိယ အျပည္ျပည္ ဆိုင္ရာ စီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏိုင္ႏွင့္ဇနီး၊ သနႏၲနဓမၼပါလက (ဟိႏၵဴ)အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးဘာဂ်န္ရာမ္လာလ္ရွာရမားတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပး ၾကသည္။ ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဇနီး၊ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆိုင္ရာ စီးပြားေရး လုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ႏွင့္ဇနီး၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဟိႏၵဴဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္ ေဒၚမီးမီး တို႔က ဒီပါဝလီအထိမ္းအမွတ္ ဆီမီးထြန္းညႇိေပးၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။ ထို႔ေနာက္ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆိုင္ရာ စီးပြားေရး လုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏိုင္ က ႀကိဳဆိုႏႈတ္ခြန္း ဆက္စကား ေျပာၾကားၿပီး ဟိႏၵဴဆရာဝန္မ်ားအသင္း ဥကၠ႒အၿငိမ္းစား ဆရာဝန္ႀကီး ေဒါက္တာမင္းလြင္ႏွင့္ ျမန္မာ ႏိုင္ငံေဂၚရခါးအသင္း ဥကၠ႒ေဟာင္း ဦးေက်ာ္ေလးတို႔က ဒီပါဝလီေန႔ႏွင့္ ပတ္သက္သည္ မ်ားကို ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကား ေျပာၾကား ရာတြင္ ဟိႏၵဴဘာသာဝင္မ်ား၏ ဘာသာေရး ေန႔ထူးေန႔ျမတ္ျဖစ္သည့္ ဒီပါဝလီေန႔ ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္လာၾကသူမ်ားအားလုံး သက္ဆိုင္ရာဘာသာတရား မ်ား၏ အဆုံးအမေၾကာင့္ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစေၾကာင္း၊ ညီရင္းအကို၊ ေမာင္ႏွမရင္းခ်ာမ်ားကဲ့သို႔ ေမတၱာတရားပြားမ်ားႏိုင္ၾကပါေစေၾကာင္း၊ မိမိတို႔သည္ မည္သည့္ဘာသာ၊ မည္သည့္အယူဝါဒကို ကိုးကြယ္ယုံၾကည္ၾကသည္ျဖစ္ေစ ဘာသာတရားတိုင္း၏ အဆုံးအမသည္ လူသား အခ်င္းခ်င္း တစ္ဦးကိုတစ္ဦး ေမတၱာထားၾကရန္၊ ယုံၾကည္ၾကရန္ႏွင့္ အမ်ားေကာင္းက်ိဳးကို သယ္ပိုးၾကရန္ တိုက္တြန္းအားေပးသည့္ အဆုံးအမမ်ားပင္ျဖစ္ေၾကာင္း၊ ေလာကေကာင္းက်ိဳး၊ လူသားေကာင္းက်ိဳးသယ္ပိုး ႏိုင္ရန္အတြက္ မိမိတို႔၏ ကိုယ္၊ စိတ္၊ ႏွလုံး သုံးပါးစလုံး၌ ထားရွိလိုက္နာက်င့္ႀကံေနထိုင္ သင့္သည္မ်ားကို ဆိုဆုံးမထားသည့္ အဆုံးအမမ်ားပင္ ျဖစ္ေၾကာင္း။

သဒၶါသည္ ရဲစြမ္းသတၱိ၊ ယုံၾကည္ခ်က္သည္ ရဲစြမ္းသတၱိကို ျဖစ္ေစသည္ (Belief is Courage) ဟုမွတ္သားခဲ့ဖူးပါေၾကာင္း၊ “သမၼဂါနံ၊ တေပါ သုေခါ” ညီၫြတ္ျခင္း သည္ ခ်မ္းသာျခင္းသုခကို ေပးေစသည္ဟု ယုံၾကည္ပါေၾကာင္း၊ မိမိတို႔သည္ ကိုးကြယ္ ယုံၾကည္မႈ မည္သို႔ပင္ကြဲျပားသည္ျဖစ္ေစ ျမန္မာႏိုင္ငံ တည္းဟူေသာ ႏိုင္ငံတြင္ ႏွစ္ေပါင္း ၾကာရွည္စြာ စည္းလုံးညီၫြတ္မႈကို အရင္းခံၿပီး ေအးအတူ၊ ပူအမွ် လက္တြဲေနထိုင္ခဲ့ၾက သူမ်ားပင္ျဖစ္ေၾကာင္း၊ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္းရႉ၍ ေနထိုင္ခဲ့ၾကၿပီး လက္ရွိတြင္လည္းအတူတကြေနထိုင္ၾကဆဲပင္ျဖစ္ေၾကာင္း၊ ယင္းသို႔ ေနထိုင္ၾကရာတြင္ ကြၽန္ေတာ္တို႔အားလုံးသည္ ျမန္မာျဖစ္သည္ဆိုသည့္စိတ္ကို ယုံၾကည္ ေမြးျမဴၾကရန္လိုေၾကာင္း၊ ျမန္မာႏိုင္ငံ ၏သမိုင္းတြင္ မိမိတို႔သည္ သက္ဆိုင္ရာက႑ အသီးသီးမွ အမိျမန္မာႏိုင္ငံေတာ္ႀကီး တိုးတက္ေရးအတြက္ ေဆာင္႐ြက္ခဲ့ၾကပါေၾကာင္း၊ ယုံၾကည္မႈ၊ သဒၶါ သည္ကပင္ စည္းလုံးညီၫြတ္သည့္စြမ္းအား၊ စည္းလုံးညီၫြတ္ သည့္ ရဲစြမ္းသတၱိကို ျဖစ္ေပၚေစမည္ျဖစ္ပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈကသာလ်င္ မိမိတို႔ ျမန္မာ့လူ႔ေဘာင္ အဖြဲ႕အစည္းက ေမွ်ာ္လင့္ေနသည့္ ယေန႔ႏိုင္ငံ၏ ပကတိလိုအပ္ခ်က္ ျဖစ္ေသာ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္ ၾကဥ္းႏိုင္မည္ျဖစ္ပါေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ က႑တိုင္းတြင္ စည္းလုံးညီၫြတ္ၾကရန္လိုအပ္ၿပီး စည္းလုံးသည္ကို “ညီၫြတ္သည္၊ ပူးေပါင္းသည္”ဟု အဓိပၸါယ္ဖြင့္ဆိုၾကပါေၾကာင္း၊ စည္းလုံးျခင္း၏ အေၾကာင္းတရားသည္ စည္း႐ုံးျခင္းပင္ျဖစ္ၿပီး စည္း႐ုံးျခင္းကို “စုေပါင္းဖြဲ႕စည္းသည္” ဟု အဓိပၸါယ္ဖြင့္ဆိုထားပါေၾကာင္း၊ စုေပါင္းဖြဲ႕စည္းႏိုင္ရန္အတြက္ တစ္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕၊ အသင္းတစ္သင္းႏွင့္ တစ္သင္းၾကားတြင္ မိမိအထက္တြင္ ဆိုခဲ့သည့္ ယုံၾကည္မႈႏွင့္ သံေယာဇဥ္တရားလိုအပ္ပါေၾကာင္း၊ ယုံၾကည္မႈႏွင့္ သံေယာဇဥ္ကို ထိေတြ႕ ဆက္ဆံျခင္းကသာ ရရွိႏိုင္မည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ေနထိုင္ရာ မိခင္ႏိုင္ငံႀကီး၏ အမ်ိဳး သားယဥ္ေက်းမႈစ႐ိုက္လကၡဏာမ်ားကို တန္ဖိုးထား ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ပါေၾကာင္း၊ ျမန္မာ့ယဥ္ေက်းမႈအခ်ိဳ႕သည္ ဟိႏၵဴယဥ္ေက်းမႈႏွင့္ ႏွီးႏြယ္ေနသည္ကို သိရွိၾက ၿပီး ျဖစ္ပါေၾကာင္း၊ စိတ္တူ၊ သေဘာတူျဖစ္မႈသည္ ခိုင္မာမႈကိုရရွိေစၿပီး အားကို ျဖစ္ေစ ပါေၾကာင္း၊ တိုင္းျပည္၏အားသည္ ျပည္တြင္းမွာသာရွိပါေၾကာင္း၊ ထို႔အတူ အျခားညီေနာင္ ဘာသာ ဝင္မ်ားႏွင့္လည္း အတူပူးေပါင္းလက္တြဲေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ယေန႔ မိမိတို႔သည္ အေျခခံအက် ဆုံးလိုအပ္ခ်က္ကို ကိုယ္စြမ္းÍာဏ္စြမ္းရွိသေ႐ြ႕ ျဖည့္ဆည္းေန ၾကပါေၾကာင္း၊ မိမိတို႔ညီၫြတ္မွ မိမိတို႔ႏိုင္ငံ တိုးတက္မည္ျဖစ္ၿပီး ႏိုင္ငံတိုးတက္မွသာလ်င္ သက္ဆိုင္ရာ ကိုးကြယ္ရာဘာသာအသီးသီး တည္တံ့ခိုင္ၿမဲဖြံ႕ ၿဖိဳးမည္ျဖစ္ပါေၾကာင္း။

“ဒီပါဝလီ” ပြဲေတာ္သည္ “ဒီပအဝါလီ” ဆိုသည့္ စကားမွတစ္ဆင့္ ဆင္းသက္လာ ၿပီး ဒီပ = ဆီမီး၊ အဝါလီ = စီတန္းျခင္း ျဖစ္သည့္အတြက္ ဆီမီးမ်ားကို ညီညာစြာ ထြန္းညႇိပူေဇာ္ျခင္းျဖစ္သည္ဟု မွတ္သားရပါေၾကာင္း၊ ဆီမီးဆိုသည္မွာ အေမွာင္ကို ခြင္း၍ အလင္းေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ ယခုလို ေန႔ထူးေန႔ျမတ္ကို တက္ေရာက္လာၾကသူ မ်ားအားလုံးကလည္း မိမိတို႔ ျမန္မာ့လူ႔အဖြဲ႕အစည္း၏ အလင္းကို ေဖာ္ေဆာင္ႏိုင္ရန္ အတြက္ စည္းလုံးျခင္းဆီမီးကို ထြန္းညႇိၿပီး စည္း႐ုံးညီၫြတ္စြာျဖင့္ ျမန္မာ့အက်ိဳးကို သယ္ ပိုးေဆာင္႐ြက္ သြားၾကပါေစလိုေၾကာင္းျဖင့္ ဆႏၵျပဳေျပာၾကားသည္။

ယင္းေနာက္ အိႏၵိယႏိုင္ငံသံ႐ုံးမွဟိႏၵဴ႐ိုးရာယဥ္ေက်းမႈအဖြဲ႕မ်ားက အကပေဒသာမ်ား၊ ျမန္မာသမီးပ်ိဳေလး မ်ားက ဆီမီးအကတို႔ျဖင့္ေဖ်ာ္ေျဖတင္ ဆက္ခဲ့ၾကသည္။

ေဖ်ာ္ေျဖတင္ဆက္မႈအၿပီးတြင္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံ႐ုံးမွ သံ႐ုံး ဒုတိယအႀကီးအကဲႏွင့္ ျမန္မာ ႏိုင္ငံဆိုင္ရာ႐ုရွားႏိုင္ငံသံအမတ္ႀကီးတို႔က အမွတ္တရ စကားမ်ား ေျပာၾကားရာတြင္ အိႏၵိယႏိုင္ငံသံ႐ုံး၊ ဒုတိယအႀကီးအကဲ Dr. Sumit Septh က ယခုကဲ့သို႔ ဒီပါဝလီပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ ေဆာင္႐ြက္ ခဲ့ၾကသူမ်ား အားလုံးကို ေက်းဇူးအထူးတင္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံသည္ အိႏၵိယႏိုင္ငံႏွင့္ အေရွ႕အေနာက္ ထိစပ္ ဆက္စပ္ေနၿပီး ဆက္ဆံေရး၊ မူဝါဒမ်ားအဓိကတူညီၾကေၾကာင္းႏွင့္ ပိုမိုခိုင္မာေသာ ႏွစ္ႏိုင္ငံဆက္ဆံေရး သည္ မိမိတို႔ႏိုင္ငံရွိ ျပည္သူမ်ားအတြက္ ေကာင္းမြန္မႈကို ျဖစ္ေစပါေၾကာင္းျဖင့္ လည္းေကာင္း၊ ျမန္မာႏိုင္ငံ ဆိုင္ရာ႐ုရွားႏိုင္ငံသံအမတ္ႀကီး H.E. Dr. Nikolay LISTOPADOV က တက္ေရာက္ လာၾကသူမ်ားအားလုံးကို လႈိက္လႈိက္လွဲလွဲ၊ ေႏြးေႏြးေထြးေထြးဂုဏ္ျပဳပါေၾကာင္း၊ မိမိသည္ ျမန္မာႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္ သည္မွာ ကာလၾကာရွည္ၿပီျဖစ္ပါေၾကာင္း၊ အိႏၵိယႏိုင္ငံႏွင့္နီေပါႏိုင္ငံတို႔တြင္လည္း တာဝန္ ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ သုံးႏိုင္ငံလုံးတြင္ ဗုဒၶဘာသာႏွင့္ ဟိႏၵဴဘာသာတို႔ ထြန္းကား သည္ကို ေတြ႕ရွိရပါေၾကာင္း၊ အနာဂတ္ တြင္ႏိုင္ငံသုံးႏိုင္ငံလုံးရွိ ဘာသာဝင္မ်ားအားလုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္ၾကေစေရး ေမတၱာပို႔သပါေၾကာင္း၊ ဒီပါဝလီပြဲေတာ္သည္ အေရးႀကီးသည့္ပြဲေတာ္ျဖစ္ၿပီး ဂုဏ္ျပဳသည့္အေနျဖင့္ေျပာရမည္ဆိုပါက “ခ်စ္စကိုရွည္ေစ၊ မုန္းစကိုတိုေစ”ဟု ေျပာၾကားလိုေၾကာင္းႏွင့္ ႂကြေရာက္လာၾကသူမ်ားအားလုံး ကိုယ္စိတ္ ႏွစ္ျဖာ ႐ႊင္လန္းခ်မ္း ေျမ့ပါေစဟု ေမတၱာပို႔သပါေၾကာင္းျဖင့္လည္းေကာင္း ျမန္မာ ဘာသာစကားျဖင့္ အမွတ္တရစကားမ်ား အသီးသီးေျပာၾကားၾကသည္။ ယင္းေနာက္ ျမန္မာ-အိႏၵိယ အျပည္ျပည္ဆိုင္ရာ စီးပြားေရးလုပ္ငန္းအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ႏိုင္ က ေက်းဇူးတင္စကားေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးတို႔က ေဖ်ာ္ေျဖ တင္ဆက္ခဲ့ၾကသည့္ ဟိႏၵဴ႐ိုးရာ ယဥ္ေက်းမႈအဖြဲ႕မ်ားအား အမွတ္တရဂုဏ္ျပဳပန္းျခင္းေပးအပ္ၿပီး အမွတ္တရ စုေပါင္း ဓာတ္ပုံ႐ိုက္ၾကကာ ဂုဏ္ျပဳ ညစာကို အတူတကြ သုံးေဆာင္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။