တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ – ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန် Mr. Yang Shou Zheng နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော်၊ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး သမိုင်းကြောင်း တစ်လျှောက် ချစ်ကြည်ရေး ကောင်းမွန်ခဲ့သည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အလှူငွေများနှင့် အခြားလိုအပ်သည်များ လှူဒါန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မည်သည့်နိုင်ငံမဆို မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံစနစ်မျိုးကိုသာ ကျင့်သုံးသင့်သည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်က စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုက်ပွဲများမဖြစ်ပွားသည့်ဒေသများတွင် အေးချမ်း တည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လုပ်ဆောင်လာနိုင်သည့် အခြေအနေများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြေသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ႏို၀င္ဘာ – ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္ H.E.Mr. Sun Guoxiang အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မုိးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာ အထူးကုိယ္စားလွယ္ႏွင့္အတူ ေကာင္စစ္၀န္ Mr. Yang Shou Zheng ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ျမန္မာႏုိင္ငံႏွင့္တ႐ုတ္ႏုိင္ငံတုိ႕သည္ ေဆြမ်ဳိးေပါက္ေဖာ္၊ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏုိင္ငံမ်ားျဖစ္ၿပီး သမုိင္းေၾကာင္း တစ္ေလွ်ာက္ ခ်စ္ၾကည္ေရး ေကာင္းမြန္ခဲ့သည့္ အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအတြက္ တ႐ုတ္ႏုိင္ငံက အလွဴေငြမ်ားႏွင့္ အျခားလုိအပ္သည္မ်ား လွဴဒါန္း ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ မည္သည့္ႏုိင္ငံမဆုိ မိမိတုိ႕ႏုိင္ငံႏွင့္ ကုိက္ညီသည့္ ဖြဲ႕စည္းပုံစနစ္မ်ဳိးကုိသာ က်င့္သုံးသင့္သည့္ အေျခအေနမ်ား၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္က စိတ္ရွည္သည္းခံစြာျဖင့္ ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ တုိက္ပြဲမ်ားမျဖစ္ပြားသည့္ေဒသမ်ားတြင္ ေအးခ်မ္း တည္ၿငိမ္မႈရွိၿပီး ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား တုိးတက္လုပ္ေဆာင္လာႏုိင္သည့္ အေျခအေနမ်ားႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ား ဆက္လက္ေဆာင္ရြက္ႏုိင္မည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကေၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။