ဒုတိယအကြိမ်၊ ထားဝယ် အမျိုးသားနေ့ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ဒုတိယအကြိမ်၊ ထားဝယ် အမျိုးသားနေ့ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ဒုတိယအကြိမ်၊ ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ ထားဝယ်လူမျိုး တို့သည် အရေးပါ အရာ ရောက်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ “ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)အစ၊ ထားဝယ်က”ဟု သမိုင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံး လွတ်လပ်ရေး အတွက် မိမိတို့၏အသက်ခန္ဓာကိုပင် စွန့်လွှတ်ရမည်ဟုသိလျက်နှင့်ပင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)၊ ထားဝယ် စစ်ကြောင်းသို့ နိုင်ငံချစ် စိတ်၊ မျိုးချစ်စိတ်၊ စွန့်လွှတ် စွန့်စား စိတ်တို့ဖြင့် ထားဝယ် လူမျိုးတို့ ဝင်ရောက်ခဲ့၊ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့ကြသည်။

ယနေ့ ကျရောက်သည့် ဒုတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနား၌ ထိုကဲ့သို့ မွန်မြတ် ထက်သန်လှသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို ကျွန်ုပ်တို့ ထားဝယ်လူမျိုးများက ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်း သွားကြပါစို့ဟု သန်္နိဋ္ဌာန်ပြုကြရန် ဦးစွာတိုက်တွန်း လိုပါသည်။

၂။ ခေတ်၊ စနစ်နှင့် မူဝါဒများ မည်သို့ပင်ပြောင်းလဲစေကာမူ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကိုသာ ပထမ ဦးစားပေးအနေဖြင့် ဖော်ဆောင်ခဲ့ကြပါသည်။ ပြည်ထောင်စု နိုင်ငံတစ်ခုဖြစ်သည့် ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး ကတည်းက ယနေ့ ထက်တိုင်တည်ရှိနေသည့် အမျိုးသားအကျိုးစီးပွားမှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးတို့ ဖြစ်ပါသည်။ ၎င်းအချက် ၃ ချက်၌ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အခြေခံအကျဆုံး အချက်ဖြစ်၍ ကျွန်ုပ်တို့ထားဝယ်လူမျိုးများက တိုင်းရင်းသားအားလုံးစည်းလုံး ညီညွတ်ရေး အတွက် “ကျွန်ုပ်တို့ အားလုံးသည် မြန်မာများဖြစ်ကြသည်” ဆိုသည့် ရေပက်မဝင်သော စည်းလုံးမှုမျိုးရရှိအောင် ထိရောက်သောစည်းရုံးမှုများ၊ စည်းလုံးညီညွတ်သောစိတ်ဓာတ်များကို ထင်ထင်ရှားရှား တည်ဆောက် ပြသ ကြရမည်ဖြစ်ပါသည်။

၃။ ယနေ့နိုင်ငံတော်၏ ပကတိ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ကြရာတွင် လည်း “ပြည့်အင် အားသည်၊ ပြည်တွင်းမှာသာရှိသည်” ဆိုသည့် ပကတိ အမှန်တရားကို ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့် တည်းဖြင့် အဆောက်အဦတစ်ခု ဖြစ်မလာနိုင်သော်လည်း အုတ်ချပ်များစွာ သဲပွင့်များစွာတို့ကို စုစည်း၍ အဆောက်အဦတစ်ခုကို တည်ဆောက်ရခြင်းဖြစ်ပါသည်။ အုတ်ချပ်တိုင်း၊ သဲပွင့်တိုင်း သည် အရေးပါသောအခန်း ကဏ္ဍမှပါဝင်ပါသည်။ နိုင်ငံ၏စည်းလုံးညီညွတ်မှုကို တည်ဆောက် ရာ၌လူတိုင်း၊ လူမျိုးစုတိုင်း၊ အဖွဲ့အစည်းတိုင်း၏ အင်အားနှင့် ပါဝင်မှုအရေးကြီး လှပါသည်။ ၎င်းတို့၏ စည်းလုံးမှုကို တည်ဆောက်လိုသောစိတ်ဓာတ်နှင့် လက်တွေ့လုပ်ဆောင်မည့် စည်းရုံးရေး လုပ်ရပ်တို့ကို မြှင့်တင်ပေးနိုင်ရမည် ဖြစ်ပါသည်။

၄။ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (Dawei Ethnic Organizing Committee-DEOC) ကော်မတီ၏ ကြိုးပမ်းမှုဖြင့် ထားဝယ် အမျိုးသားနေ့ အခမ်းအနားကို ယခုအကြိမ် နှင့် ဆို လျှင် ၂ ကြိမ်တိုင် အောင်မြင်စွာကျင်းပနိုင်မှုအပေါ် ထားဝယ်အမျိုးသား တစ်ဦးအနေဖြင့် အလေးထား ဂုဏ်ယူမိပါသည်။ ယခုကျရောက်သည့် ထားဝယ်အမျိုးသားနေ့၌ တစ်ဦးချင်း၏ အင်အား စွမ်းရည်မှသည် အစုအဖွဲ့၏အင်အားစွမ်းရည်၊ အစုအဖွဲ့မှသည်လူမျိုးစု၏ အင်အားစွမ်းရည်၊ ၎င်းမှသည် အမိနိုင်ငံတော်၏ အင်အားနှင့် စွမ်းရည်များကို စည်းလုံး ညီညွတ်စွာ တည်ဆောက်နိုင်ရေး ကျွနု်ပ်တို့ထားဝယ် တစ်မျိုးသားလုံးက ကြိုးပမ်း သွား ကြပါစို့ဟု သန်္နိဋ္ဌာန် စိတ်ထားဖြင့် သဝဏ်လွှာ ပါးအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

ဒုတိယအႀကိမ္၊ ထားဝယ္ အမ်ိဳးသားေန႔ အခမ္းအနားသို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ ေပးပို႔သည့္သဝဏ္လႊာ

ဒုတိယအႀကိမ္၊ ထားဝယ္အမ်ိဳးသားေန႔အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူမင္းေအာင္လႈိင္ ေပးပို႔သည့္သဝဏ္လႊာမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

၁။ ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈသမိုင္း၌ ထားဝယ္လူမ်ိဳး တို႔သည္ အေရးပါ အရာ ေရာက္ေသာ အခန္းက႑မွ ပါဝင္ခဲ့သည္။ “ဗမာ့လြတ္လပ္ေရး တပ္မေတာ္ (BIA)အစ၊ ထားဝယ္က”ဟု သမိုင္း မွတ္တမ္းတင္ႏိုင္ခဲ့သည္။ ျမန္မာႏိုင္ငံလြတ္လပ္ေရး၊ ျမန္မာျပည္သူ လူထုတစ္ရပ္လုံး လြတ္လပ္ေရး အတြက္ မိမိတို႔၏အသက္ခႏၶာကိုပင္ စြန႔္လႊတ္ရမည္ဟုသိလ်က္ႏွင့္ပင္ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ (BIA)၊ ထားဝယ္ စစ္ေၾကာင္းသို႔ ႏိုင္ငံခ်စ္ စိတ္၊ မ်ိဳးခ်စ္စိတ္၊ စြန႔္လႊတ္ စြန႔္စား စိတ္တို႔ျဖင့္ ထားဝယ္ လူမ်ိဳးတို႔ ဝင္ေရာက္ခဲ့၊ လြတ္လပ္ေရး အတြက္ တိုက္ပြဲ ဝင္ခဲ့ၾကသည္။

ယေန႔ က်ေရာက္သည့္ ဒုတိယအႀကိမ္ ထားဝယ္အမ်ိဳးသားေန႔ အခမ္းအနား၌ ထိုကဲ့သို႔ မြန္ျမတ္ ထက္သန္လွသည့္ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္တို႔ကို ကြၽႏ္ုပ္တို႔ ထားဝယ္လူမ်ိဳးမ်ားက ကမာၻတည္သေ႐ြ႕ ဆက္လက္ထိန္းသိမ္း သြားၾကပါစို႔ဟု သႏ္ၷိ႒ာန္ျပဳၾကရန္ ဦးစြာတိုက္တြန္း လိုပါသည္။

၂။ ေခတ္၊ စနစ္ႏွင့္ မူဝါဒမ်ား မည္သို႔ပင္ေျပာင္းလဲေစကာမူ ကမာၻေပၚရွိ ႏိုင္ငံအားလုံးသည္ မိမိတို႔၏ အမ်ိဳးသားအက်ိဳးစီးပြားကိုသာ ပထမ ဦးစားေပးအေနျဖင့္ ေဖာ္ေဆာင္ခဲ့ၾကပါသည္။ ျပည္ေထာင္စု ႏိုင္ငံတစ္ခုျဖစ္သည့္ ကြၽႏ္ုပ္တို႔ျမန္မာႏိုင္ငံ၏ လြတ္လပ္ေရးရၿပီး ကတည္းက ယေန႔ ထက္တိုင္တည္ရွိေနသည့္ အမ်ိဳးသားအက်ိဳးစီးပြားမွာ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာ အာဏာတည္တံ့ ခိုင္ၿမဲေရးတို႔ ျဖစ္ပါသည္။ ၎အခ်က္ ၃ ခ်က္၌ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးသည္ အေျခခံအက်ဆုံး အခ်က္ျဖစ္၍ ကြၽႏ္ုပ္တို႔ထားဝယ္လူမ်ိဳးမ်ားက တိုင္းရင္းသားအားလုံးစည္းလုံး ညီၫြတ္ေရး အတြက္ “ကြၽႏ္ုပ္တို႔ အားလုံးသည္ ျမန္မာမ်ားျဖစ္ၾကသည္” ဆိုသည့္ ေရပက္မဝင္ေသာ စည္းလုံးမႈမ်ိဳးရရွိေအာင္ ထိေရာက္ေသာစည္း႐ုံးမႈမ်ား၊ စည္းလုံးညီၫြတ္ေသာစိတ္ဓာတ္မ်ားကို ထင္ထင္ရွားရွား တည္ေဆာက္ ျပသ ၾကရမည္ျဖစ္ပါသည္။

၃။ ယေန႔ႏိုင္ငံေတာ္၏ ပကတိ လိုအပ္ခ်က္ျဖစ္သည့္ တည္ၿငိမ္ ေအးခ်မ္းေရး၊ တိုင္းရင္းသား စည္းလုံး ညီၫြတ္ေရးႏွင့္ လူမႈဘဝဖြံ႕ၿဖိဳး တိုးတက္ေရးတို႔အတြက္ ႀကိဳးပမ္း ေဆာင္႐ြက္ၾကရာတြင္ လည္း “ျပည့္အင္ အားသည္၊ ျပည္တြင္းမွာသာရွိသည္” ဆိုသည့္ ပကတိ အမွန္တရားကို ဦးတည္ေဆာင္႐ြက္ၾကရမည္ျဖစ္ပါသည္။ အုတ္တစ္ခ်ပ္၊ သဲတစ္ပြင့္ တည္းျဖင့္ အေဆာက္အဦတစ္ခု ျဖစ္မလာႏိုင္ေသာ္လည္း အုတ္ခ်ပ္မ်ားစြာ သဲပြင့္မ်ားစြာတို႔ကို စုစည္း၍ အေဆာက္အဦတစ္ခုကို တည္ေဆာက္ရျခင္းျဖစ္ပါသည္။ အုတ္ခ်ပ္တိုင္း၊ သဲပြင့္တိုင္း သည္ အေရးပါေသာအခန္း က႑မွပါဝင္ပါသည္။ ႏိုင္ငံ၏စည္းလုံးညီၫြတ္မႈကို တည္ေဆာက္ ရာ၌လူတိုင္း၊ လူမ်ိဳးစုတိုင္း၊ အဖြဲ႕အစည္းတိုင္း၏ အင္အားႏွင့္ ပါဝင္မႈအေရးႀကီး လွပါသည္။ ၎တို႔၏ စည္းလုံးမႈကို တည္ေဆာက္လိုေသာစိတ္ဓာတ္ႏွင့္ လက္ေတြ႕လုပ္ေဆာင္မည့္ စည္း႐ုံးေရး လုပ္ရပ္တို႔ကို ျမႇင့္တင္ေပးႏိုင္ရမည္ ျဖစ္ပါသည္။

၄။ ထားဝယ္လူမ်ိဳးစုစည္းမႈေကာ္မတီ (Dawei Ethnic Organizing Committee-DEOC) ေကာ္မတီ၏ ႀကိဳးပမ္းမႈျဖင့္ ထားဝယ္ အမ်ိဳးသားေန႔ အခမ္းအနားကို ယခုအႀကိမ္ ႏွင့္ ဆို လွ်င္ ၂ ႀကိမ္တိုင္ ေအာင္ျမင္စြာက်င္းပႏိုင္မႈအေပၚ ထားဝယ္အမ်ိဳးသား တစ္ဦးအေနျဖင့္ အေလးထား ဂုဏ္ယူမိပါသည္။ ယခုက်ေရာက္သည့္ ထားဝယ္အမ်ိဳးသားေန႔၌ တစ္ဦးခ်င္း၏ အင္အား စြမ္းရည္မွသည္ အစုအဖြဲ႕၏အင္အားစြမ္းရည္၊ အစုအဖြဲ႕မွသည္လူမ်ိဳးစု၏ အင္အားစြမ္းရည္၊ ၎မွသည္ အမိႏိုင္ငံေတာ္၏ အင္အားႏွင့္ စြမ္းရည္မ်ားကို စည္းလုံး ညီၫြတ္စြာ တည္ေဆာက္ႏိုင္ေရး ကြၽႏု္ပ္တို႔ထားဝယ္ တစ္မ်ိဳးသားလုံးက ႀကိဳးပမ္း သြား ၾကပါစို႔ဟု သႏ္ၷိ႒ာန္ စိတ္ထားျဖင့္ သဝဏ္လႊာ ပါးအပ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။