ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန (Higher Education Centre)ဖွင့်လှစ်၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာအောင် အထောက်အကူပြုနိုင်မည်ဖြစ်

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန (Higher Education Centre)ဖွင့်လှစ်၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာအောင် အထောက်အကူပြုနိုင်မည်ဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ  ၁၁

နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာအောင် အစွမ်းကုန် ကြိုးစားအားထုတ်သွားကြစေလိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများက မွေးဖွားလာသည့် ပြည်သူ့အစိတ်အပိုင်း ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အကျိုးစီးပွား၊ ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရာတွင် နိုင်ငံတော်က အားထားရပြီး ပြည်သူကအားကိုး ရသည့် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရေးအတွက် အသိပညာ၊ အတတ်ပညာများ ရရှိရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန(Higher Education Centre)ဖွင့်ပွဲ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါ အဆင့်မြင့်စာပေပညာဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ မန္တလေးတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)နှင့် မန္တလာဒီဂရီကောလိပ် တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ စစ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ပြည်ပ နည်းပြများ၊ ကထိကများ၊ ပါမောက္ခချုပ်များ၊ စစ်တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ နည်းပြ အရာရှိများ၊ သင်တန်းသားအရာရှိများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်် အဖွဲ့ဝင်များသည် အဆိုပါ အဆင့်မြင့် စာပေပညာဗဟို ဌာနဖွင့်ပွဲ ပြုလုပ်မည့်နေရာသို့ရောက်ရှိကြပြီး မန္တလေးတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)နှင့် မန္တလာဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ စစ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကထိကများ၊ စစ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်အငြိမ်းစား အရာရှိကြီးများနှင့် တာဝန်ရှိသူတို့ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ် အဆင့်မြင့်ပညာဗဟိုဌာနကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အဆောက်အဦအဝင်ခန်းမရှိ Higher Education Centre နှင့် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆင့်မြင့်စာပေပညာဗဟိုဌာန ဖွင့်ပွဲအထိမ်းအမှတ် အဖြစ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ပညာမြင့်မှ လူမျိုးတင့်မည်” ၊ “ပညာမြင့်မှ ဘဝမြင့်မည်” “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့်အတိုင်း ယနေ့ခေတ်ကာလသည် ပညာခေတ်ဖြစ်ပြီး အဆင့်မြင့်ပညာတတ်မြောက်ကြသည့် ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် မိမိတို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးသည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် နည်းပညာကဏ္ဍမျိုးစုံတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိမည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ဝံ့ကြွား ဂုဏ်ယူနိုင်မည်ဖြစ်ကြောင်း။

အဆင့်မြင့်ပညာများကို တတ်မြောက်ရန်အတွက် သင်ကြားပေးမည့် ပညာရှင် ဆရာ၊ ဆရာမများ၊ သင်ယူကြမည့် ပညာသင် ကျောင်းသူ၊ ကျောင်းသားများ ကိုယ်၊ စိတ်ချမ်းသာစွာ ပညာ သင်ကြားနိုင်ရမည်ဖြစ်ပြီး သင်ကြားရေးဌာနများဖြစ်သည့် တက္ကသိုလ်ကျောင်း၊ စာသင်ခန်း၊ စာဖတ်ခန်း၊ လက်တွေ့ခန်း၊ စာကြည့်တိုက်နှင့် ဆက်စပ် သင်ထောက်ကူပစ္စည်းကိရိယာများသည် မရှိမဖြစ်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဌာနကို ယခင်က စစ်တက္ကသိုလ်စာပေဌာန(ဘွဲ့လွန်)ဟု လည်းကောင်း၊ အလွယ်တကူအားဖြင့် စာပေ(၂)ဟုလည်းကောင်း ခေါ်ဆိုကြပါကြောင်း၊ ဘွဲ့လွန်ဌာန အဖြစ် စတင်စဉ်က မဟာဘွဲ့သင်တန်းအမှတ်စဉ် (၁)ကို ၁၉၉၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်ကစပြီး သင်တန်းသား အရာရှိ ၇ ဦးနှင့် စတင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ယခုအမှတ်စဉ်(၁၈) အထိ ဖွင့်လှစ် ခဲ့ပြီး မဟာဘွဲ့ရရှိသူ ၃၅၃၅ ဦးရှိပြီဖြစ်ပြီး လက်ရှိတွင် သင်တန်းသားအရာရှိ ၁၅၀ ဦး တက်ရောက် လျက်ရှိကြောင်း။

အလားတူ ရန်ကုန်၊ မန္တလေးစသည့် တက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်း သွားရောက် တက်ရောက် စေခဲ့ရာမှစ၍ ၂၀၀၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ပါရဂူသင်တန်း အမှတ်စဉ်(၁)ကို အရာရှိ ၂၁ ဦးနှင့် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုအချိန်က ရန်ကုန်တွင် တက်ရောက်နေသည့် ပါရဂူသင်တန်းသား ၁၁ ဦး ကို စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်စေပြီး စစ်တက္ကသိုလ်ကပင် သက်ဆိုင်ရာပါရဂူဘွဲ့ များပေးခဲ့ကြောင်း၊ ယခုအချိန်ထိ ပါရဂူဘွဲ့သင်တန်း ၁၆ ခုနှင့် ပါရဂူဘွဲ့ရပြီးသူ ၂၈၁ ဦး ရှိပြီဖြစ်ပြီး လက်ရှိတွင် ၉၃ ဦး တက်ရောက်လျက်ရှိကြောင်း။

နိုင်ငံတစ်ခု၏ တိုးတက်မှုကို GDP (Gross Domestic Product) ဖြင့်လည်း တိုင်းတာပြီး စိုက်ပျိုးရေး၏ပါဝင်မှု၊ စက်မှု၏ပါဝင်မှု၊ ဝန်ဆောင်မှု၏ပါဝင်မှု အချိုးတို့ကို နိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီအောင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါကဏ္ဍ ၃ ခုလုံးသည် သိပ္ပံပညာနှင့်အီလက်ထရောနစ်နည်းပညာရှင်များ မပါလျှင် မရပါကြောင်း၊ ထို့နည်းတူ တွေးခေါ် မြော်မြင်မှုနှင့် စီမံခန့်ခွဲမှုကောင်းသည့် ဝိဇ္ဇာနှင့် စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာပညာရှင်များလည်း မရှိမဖြစ်လိုအပ်ပါကြောင်း၊ ထို့အတူ ခေတ်မီ တပ်မတော်တည်ဆောက်ရေးတွင်လည်း ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များစွာ လိုအပ်ပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူများသည်လည်း အရေးပါပြီး အသိပညာ၊ အတတ်ပညာဆိုသည်မှာ နယ်ပယ်တစ်ခုတည်း ရယူခြင်းထက် နယ်ပယ်များစွာမှ ရယူခြင်းက ပိုမိုပြည့်စုံကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ရုရှား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံများသည် စက်မှုနိုင်ငံကြီးများဖြစ်သကဲ့လို နည်းပညာ၊ အတတ်ပညာများအရ များစွာရှေ့ရောက်နေသည့် နိုင်ငံများဖြစ်သည့်အတွက် ယင်းနိုင်ငံများမှ ပညာများစွာရယူရန် လိုအပ်ပါကြောင်း။

ယင်းသို့ ဆောင်ရွက်နိုင်အောင် ဘာသာစကားသင်တန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအချိန်ထိ ရုရှား၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန် ဘာသာစကား ဒီပလိုမာ ၁ နှစ်သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး အရာရှိ ၆၅၉ ဦး ဒီပလိုမာဘွဲ့ရရှိခဲ့ကာ  ယခု ၂၁၀ ဦး တက်ရောက်လျက်ရှိပါကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း ၃ ခုကို ဖွင့်လှစ်ခဲ့ပြီး သင်တန်း ၂ ခုမှ ၄၀ ဦးဘွဲ့ရခဲ့ကာ ၄၁ ဦးတက်ရောက်လျက်ရှိပါကြောင်း။

ပညာသင်ကြားရေးတွင် အဆောက်အအုံများ ပြည့်စုံကောင်းမွန်မှုနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီး ပေးနိုင်မှုသည် ပညာသင်များအတွက် ကိုယ်စိတ်ကျန်းမာချမ်းသာမှုကို ဖြစ်စေနိုင်ပြီး အရည်အသွေး ကောင်းသူများ ပိုမိုဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ယခု အဆောက်အဦကြီးအတွင်းတွင် စာသင်ခန်းများ၊ ဆွေးနွေးပွဲခန်းများ၊ Language Lab များ၊ ခေတ်မီစာကြည့်တိုက်နှင့် လူအင်အား ၁၀၀၀ ကျော်ဝင်ဆန့်သည့် ခန်းမကြီး ကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ထားပါကြောင်း။

ပြည့်စုံစွာဖြင့် ပညာသင်ကြားရရုံဖြင့် မရဘဲ အမှန်တကယ် အရည်အချင်းနှင့် ပြည့်စုံသည့် ပညာရှင်များ ဖြစ်ပေါ်ရေးသည်လည်း အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတကာစံများနှင့်လည်း ကိုက်ညီပြီး ရင်ပေါင်တန်းနိုင်ရန်လိုအပ်ပါကြောင်း၊ ပါရဂူဘွဲ့ရသူသည် ပါရဂူဘွဲ့နှင့် ထိုက်တန်ရမည်ဖြစ်ပြီး မဟာဘွဲ့ရသူသည်လည်း မဟာဘွဲ့နှင့် ထိုက်တန် စွာရရှိရမည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ ထို့ကြောင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်များကို ပြည်တွင်းပြည်ပမှ ပညာရှင်များ ရှေ့မှောက်၌ အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့သည်မှာ ၃ ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ပြုလုပ်သည့် ကွန်ဖရင့်များအတွင်းမှ ပြည့်စုံကောင်းမွန်သည့် ကွန်ဖရင့်တစ်ခုဟု အသိအမှတ်ပြုခံခဲ့ရသည်မှာ စစ်တက္ကသိုလ်အတွက် ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်ပြီး အဆင့်မီသည့် စာတမ်းပေါင်း ၃၉၂ ခုနှင့် ပိုစတာများ ဖတ်ကြား ဆွေးနွေးတင်ပြနိုင်ခဲ့ပါ ကြောင်း၊ နောင်နှစ်များမှစ၍ အဆိုပါကွန်ဖရင့်ကို ယခုခန်းမကြီးနှင့် ဆက်စပ်ခန်းမများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် အဆင့်မြင့်ပညာရပ်များကိုသာမက နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော် အဆင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် နိုင်ငံရေးအမြင်၊ ကာကွယ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များနှင့် နိုင်ငံတကာရေးရာအမြင်များကို ပေါင်းစပ်ပြီး အရည်အချင်း ပြည့်ဝသည့် အဆင့်မြင့် ခေါင်းဆောင်များကို သင်ကြားမွေးထုတ်ပေးလျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ ပြည်သူများဆန္ဒနှင့် ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းကို မယိမ်းမယိုင် ခိုင်မာအောင် အထောက်အကူပြုနိုင်ရေးအတွက် လွှတ်တော်အသီးသီးတွင်လည်း အဆင့်မြင့်ပညာ အရည်အချင်းများ၊ ခေါင်းဆောင်မှုအတွေ့အကြုံများ ကောင်းစွာရှိထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေးတာဝန်ကို  ထမ်းဆောင်လျက် ရှိကြကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများက မွေးဖွားလာသည့် ပြည်သူ့အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အကျိုး စီးပွား၊ ပြည်သူ များ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံတော်က အားထားရပြီး ပြည်သူက အားကိုးရသည့် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရေး အတွက် အသိပညာ၊ အတတ်ပညာများရရှိရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် တပည့်များအပေါ် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆိုသည့် ဆရာတို့၏ဝတ္တရားများ ကျေပွန်ခဲ့ကြပြီး ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့ကြသည့် သင်ကြားရေးဆိုင်ရာ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ နည်းပြများ အားလုံးကိုလည်း မိမိအနေနဲ့ တလေးတစား အလေးအနက်ထား ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍လည်း အရည်အချင်းပြည့်ဝသည့် အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်ကောင်း၊ ပညာ ရှင်ကောင်းများကို စေတနာ၊ မေတ္တာ အရင်းခံထားပြီး မွေးထုတ်ပေးနိုင်ကြရန်နှင့် မိမိတို့ ကိုယ်တိုင်လည်း ဝမ်းစာပြည့်ဝ၊ ဘဝမြင့်မားကြရေးအတွက် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားလိုပါကြောင်း။

ယနေ့ ဖွင့်လှစ်နိုင်ခဲ့သည့် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာ ဗဟိုဌာနကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခု အဆင့်မြင့် ပညာဗဟိုဌာနကြီးကို အသုံးချပြီး နိုင်ငံတော်၏ လိုအပ်ချက် ဖြစ်သည့် ပညာရေးမြင့်မားရေးကို စွမ်းအားရှိသမျှဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုး အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာ ရေးအတွက် အစွမ်းကုန် ကြိုးစား အားထုတ်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အဆိုပါ အဆင့်မြင့်စာပေပညာဗဟိုဌာန တည်ဆောက်ရေးတွင် ပါဝင် ခဲ့သောYangon Engineering Group Co.Ltd  နှင့် နောင်တုံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဧည့်သည်တော်များ၊ သင်တန်းသားအရာရှိများ၊ နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ သင်တန်းသားများ၏ စာပေသင်ယူမှု အခြေအနေများအား မေးမြန်းခဲ့သည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသော ဧည့်သည်တော်များသည် အဆင့်မြင့် စာပေပညာဗဟိုဌာနရှိ အစည်းအဝေးခန်းမများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်များ အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်အတွင်းရှိ E-Library အတွင်း၌ သင်တန်းသားအရာရှိများ၏ စာပေလေ့လာနေမှုများအား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့်မြင့်စာပေပညာ ဗဟိုဌာနဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုနေ့လယ်စာ ဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

(Zawgyi One)

ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသုိလ္ အဆင့္ျမင့္စာေပပညာဗဟုိဌာန (Higher Education Centre)ဖြင့္လွစ္၊ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အားကုိးအားထားရသည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊ ေခါင္းေဆာင္ေကာင္းမ်ား ထြက္ေပၚလာေအာင္ အေထာက္အကူျပဳႏုိင္မည္ျဖစ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ  ၁၁

ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အားကုိးအားထားရသည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊ ေခါင္းေဆာင္ေကာင္းမ်ား ထြက္ေပၚလာေအာင္ အစြမ္းကုန္ ႀကိဳးစားအားထုတ္သြားၾကေစလုိေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္၏ အစိတ္အပုိင္း၊ တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ားက ေမြးဖြားလာသည့္ ျပည္သူ႕အစိတ္အပုိင္း ျဖစ္သည္ႏွင့္အညီ ႏုိင္ငံေတာ္၏အက်ဳိးစီးပြား၊ ျပည္သူမ်ား၏ အက်ဳိးစီးပြားကုိ ကာကြယ္ ေစာင့္ေရွာက္ရာတြင္ ႏုိင္ငံေတာ္က အားထားရၿပီး ျပည္သူကအားကုိး ရသည့္ စြမ္းရည္၊ စြမ္းအားရွိသည့္ တပ္မေတာ္ျဖစ္ေရးအတြက္ အသိပညာ၊ အတတ္ပညာမ်ား ရရွိေရးကုိ စဥ္ဆက္မျပတ္ ႀကိဳးပမ္းအားထုတ္ ေဆာင္ရြက္ေနျခင္းပင္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႕နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသုိလ္ အဆင့္ျမင့္စာေပပညာဗဟုိဌာန(Higher Education Centre)ဖြင့္ပြဲ အခမ္းအနားတြင္ ဂုဏ္ျပဳအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါ အဆင့္ျမင့္စာေပပညာဗဟုိဌာန ဖြင့္ပြဲအခမ္းအနားသုိ႕ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ စစ္တကၠသုိလ္ေက်ာင္းအုပ္ႀကီး၊ မႏၲေလးတကၠသုိလ္၊ မႏၲေလးကြန္ပ်ဴတာတကၠသုိလ္၊ မႏၲေလး နည္းပညာတကၠသုိလ္၊ နည္းပညာတကၠသုိလ္(ရတနာပုံဆုိင္ဘာစီးတီး)ႏွင့္ မႏၲလာဒီဂရီေကာလိပ္ တုိ႕မွ ပါေမာကၡခ်ဳပ္မ်ား၊ ေက်ာင္းအုပ္ႀကီးမ်ား၊ စစ္တကၠသုိလ္ရွိ ဘာသာရပ္အသီးသီးမွ ျပည္ပ နည္းျပမ်ား၊ ကထိကမ်ား၊ ပါေမာကၡခ်ဳပ္မ်ား၊ စစ္တကၠသုိလ္တြင္တာ၀န္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္အၿငိမ္းစားအရာရွိႀကီးမ်ား၊ ျပင္ဦးလြင္တပ္နယ္မွတာ၀န္ရွိသူမ်ား၊ နည္းျပ အရာရွိမ်ား၊ သင္တန္းသားအရာရွိမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္္ အဖြဲ႕၀င္မ်ားသည္ အဆုိပါ အဆင့္ျမင့္ စာေပပညာဗဟုိ ဌာနဖြင့္ပြဲ ျပဳလုပ္မည့္ေနရာသုိ႕ေရာက္ရွိၾကၿပီး မႏၲေလးတကၠသုိလ္၊ မႏၲေလးကြန္ပ်ဴတာတကၠသုိလ္၊ မႏၲေလးနည္းပညာတကၠသုိလ္၊ နည္းပညာတကၠသုိလ္ (ရတနာပုံဆုိင္ဘာစီးတီး)ႏွင့္ မႏၲလာဒီဂရီ ေကာလိပ္တုိ႕မွ ပါေမာကၡခ်ဳပ္မ်ား၊ ေက်ာင္းအုပ္ႀကီးမ်ား၊ စစ္တကၠသုိလ္ရွိ ဘာသာရပ္အသီးသီးမွ ကထိကမ်ား၊ စစ္တကၠသုိလ္တြင္ တာ၀န္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္အၿငိမ္းစား အရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူတုိ႕ကုိ ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ၾကသည္။ ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္တကၠသုိလ္ အဆင့္ျမင့္ပညာဗဟုိဌာနကုိ စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးသည္။ ဆက္လက္ၿပီး အေဆာက္အဦအ၀င္ခန္းမရွိ Higher Education Centre ႏွင့္ ကမၸည္းေမာ္ကြန္းကုိ စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးကာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္သည္ေတာ္မ်ားက အေမႊးနံ႕သာရည္မ်ားျဖင့္ ပက္ဖ်န္းၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဆင့္ျမင့္စာေပပညာဗဟုိဌာန ဖြင့္ပြဲအထိမ္းအမွတ္ အျဖစ္ ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ “ပညာျမင့္မွ လူမ်ဳိးတင့္မည္” ၊ “ပညာျမင့္မွ ဘ၀ျမင့္မည္” “ပညာရဲရင့္ ပြဲလယ္တင့္” ဆုိသည့္အတုိင္း ယေန႕ေခတ္ကာလသည္ ပညာေခတ္ျဖစ္ၿပီး အဆင့္ျမင့္ပညာတတ္ေျမာက္ၾကသည့္ ပညာတတ္မ်ား ေပါၾကြယ္၀မွသာလွ်င္ မိမိတုိ႕ ျပည္ေထာင္စု သမၼတျမန္မာႏုိင္ငံေတာ္ႀကီးသည္လည္း ႏုိင္ငံေရး၊ စီးပြားေရး၊ ပညာေရး၊ လူမႈေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရးႏွင့္ နည္းပညာက႑မ်ဳိးစုံတြင္ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ား ရရွိမည္ျဖစ္ၿပီး ကမၻာ့အလယ္တြင္ ၀ံ့ၾကြား ဂုဏ္ယူႏုိင္မည္ျဖစ္ေၾကာင္း။

အဆင့္ျမင့္ပညာမ်ားကုိ တတ္ေျမာက္ရန္အတြက္ သင္ၾကားေပးမည့္ ပညာရွင္ ဆရာ၊ ဆရာမမ်ား၊ သင္ယူၾကမည့္ ပညာသင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ကုိယ္၊ စိတ္ခ်မ္းသာစြာ ပညာ သင္ၾကားႏုိင္ရမည္ျဖစ္ၿပီး သင္ၾကားေရးဌာနမ်ားျဖစ္သည့္ တကၠသုိလ္ေက်ာင္း၊ စာသင္ခန္း၊ စာဖတ္ခန္း၊ လက္ေတြ႕ခန္း၊ စာၾကည့္တုိက္ႏွင့္ ဆက္စပ္ သင္ေထာက္ကူပစၥည္းကိရိယာမ်ားသည္ မရွိမျဖစ္လုိအပ္မည္ျဖစ္ေၾကာင္း၊ ယခုဌာနကုိ ယခင္က စစ္တကၠသုိလ္စာေပဌာန(ဘြဲ႕လြန္)ဟု လည္းေကာင္း၊ အလြယ္တကူအားျဖင့္ စာေပ(၂)ဟုလည္းေကာင္း ေခၚဆုိၾကပါေၾကာင္း၊ ဘြဲ႕လြန္ဌာန အျဖစ္ စတင္စဥ္က မဟာဘြဲ႕သင္တန္းအမွတ္စဥ္ (၁)ကုိ ၁၉၉၆ ခုႏွစ္၊ ဇြန္လ ၁၇ ရက္ကစၿပီး သင္တန္းသား အရာရွိ ၇ ဦးႏွင့္ စတင္ခဲ့ေၾကာင္း၊ ထုိအခ်ိန္မွစ၍ ယခုအမွတ္စဥ္(၁၈) အထိ ဖြင့္လွစ္ ခဲ့ၿပီး မဟာဘြဲ႕ရရွိသူ ၃၅၃၅ ဦးရွိၿပီျဖစ္ၿပီး လက္ရွိတြင္ သင္တန္းသားအရာရွိ ၁၅၀ ဦး တက္ေရာက္ လ်က္ရွိေၾကာင္း။

အလားတူ ရန္ကုန္၊ မႏၲေလးစသည့္ တကၠသုိလ္မ်ားတြင္ ပါရဂူဘြဲ႕သင္တန္း သြားေရာက္ တက္ေရာက္ ေစခဲ့ရာမွစ၍ ၂၀၀၄ ခုႏွစ္၊ ဇြန္လ ၈ ရက္တြင္ ပါရဂူသင္တန္း အမွတ္စဥ္(၁)ကုိ အရာရွိ ၂၁ ဦးႏွင့္ စတင္ဖြင့္လွစ္ခဲ့ပါေၾကာင္း၊ ထုိအခ်ိန္က ရန္ကုန္တြင္ တက္ေရာက္ေနသည့္ ပါရဂူသင္တန္းသား ၁၁ ဦး ကုိ စစ္တကၠသုိလ္သုိ႕ ေျပာင္းေရႊ႕တက္ေရာက္ေစၿပီး စစ္တကၠသုိလ္ကပင္ သက္ဆုိင္ရာပါရဂူဘြဲ႕ မ်ားေပးခဲ့ေၾကာင္း၊ ယခုအခ်ိန္ထိ ပါရဂူဘြဲ႕သင္တန္း ၁၆ ခုႏွင့္ ပါရဂူဘြဲ႕ရၿပီးသူ ၂၈၁ ဦး ရွိၿပီျဖစ္ၿပီး လက္ရွိတြင္ ၉၃ ဦး တက္ေရာက္လ်က္ရွိေၾကာင္း။

ႏုိင္ငံတစ္ခု၏ တုိးတက္မႈကုိ GDP (Gross Domestic Product) ျဖင့္လည္း တုိင္းတာၿပီး စုိက္ပ်ိဳးေရး၏ပါ၀င္မႈ၊ စက္မႈ၏ပါ၀င္မႈ၊ ၀န္ေဆာင္မႈ၏ပါ၀င္မႈ အခ်ိဳးတုိ႕ကို ႏုိင္ငံ၏ ပကတိ အေျခအေနမ်ားႏွင့္ ကုိက္ညီေအာင္ ေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း၊ အဆုိပါက႑ ၃ ခုလုံးသည္ သိပၸံပညာႏွင့္အီလက္ထေရာနစ္နည္းပညာရွင္မ်ား မပါလွ်င္ မရပါေၾကာင္း၊ ထုိ႕နည္းတူ ေတြးေခၚ ေျမာ္ျမင္မႈႏွင့္ စီမံခန္႕ခြဲမႈေကာင္းသည့္ ၀ိဇၨာႏွင့္ စီးပြားေရး၊ စီမံခန္႕ခြဲေရးဆုိင္ရာပညာရွင္မ်ားလည္း မရွိမျဖစ္လုိအပ္ပါေၾကာင္း၊ ထုိ႕အတူ ေခတ္မီ တပ္မေတာ္တည္ေဆာက္ေရးတြင္လည္း ၀ိဇၨာႏွင့္ သိပၸံပညာရွင္မ်ားစြာ လုိအပ္ပါေၾကာင္း၊ ႏုိင္ငံတကာဆက္ဆံေရး နယ္ပယ္တြင္ ဘာသာစကားဆုိင္ရာ ကြ်မ္းက်င္သူမ်ားသည္လည္း အေရးပါၿပီး အသိပညာ၊ အတတ္ပညာဆုိသည္မွာ နယ္ပယ္တစ္ခုတည္း ရယူျခင္းထက္ နယ္ပယ္မ်ားစြာမွ ရယူျခင္းက ပုိမုိျပည့္စုံေကာင္းမြန္ေစမည္ျဖစ္ပါေၾကာင္း၊ ႐ုရွား၊ ဂ်ပန္၊ တ႐ုတ္ စသည့္ ႏုိင္ငံမ်ားသည္ စက္မႈႏုိင္ငံႀကီးမ်ားျဖစ္သကဲ့လုိ နည္းပညာ၊ အတတ္ပညာမ်ားအရ မ်ားစြာေရွ႕ေရာက္ေနသည့္ ႏုိင္ငံမ်ားျဖစ္သည့္အတြက္ ယင္းႏုိင္ငံမ်ားမွ ပညာမ်ားစြာရယူရန္ လုိအပ္ပါေၾကာင္း။

ယင္းသုိ႕ ေဆာင္ရြက္ႏုိင္ေအာင္ ဘာသာစကားသင္တန္းမ်ားကုိလည္း ဖြင့္လွစ္ေပးခဲ့ပါေၾကာင္း၊ ယခုအခ်ိန္ထိ ႐ုရွား၊ အဂၤလိပ္၊ တ႐ုတ္၊ ဂ်ပန္ ဘာသာစကား ဒီပလုိမာ ၁ ႏွစ္သင္တန္းမ်ား ဖြင့္လွစ္ခဲ့ၿပီး အရာရိွ ၆၅၉ ဦး ဒီပလုိ္မာဘြဲ႕ရရွိခဲ့ကာ  ယခု ၂၁၀ ဦး တက္ေရာက္လ်က္ရွိပါေၾကာင္း၊ ျပည္သူ႕ေရးရာစီမံခန္႕ခြဲမႈမဟာဘြဲ႕သင္တန္း ၃ ခုကုိ ဖြင့္လွစ္ခဲ့ၿပီး သင္တန္း ၂ ခုမွ ၄၀ ဦးဘြဲ႕ရခဲ့ကာ ၄၁ ဦးတက္ေရာက္လ်က္ရွိပါေၾကာင္း။

ပညာသင္ၾကားေရးတြင္ အေဆာက္အအုံမ်ား ျပည့္စုံေကာင္းမြန္မႈႏွင့္ ပတ္၀န္းက်င္ေကာင္း ဖန္တီး ေပးႏုိင္မႈသည္ ပညာသင္မ်ားအတြက္ ကုိယ္စိတ္က်န္းမာခ်မ္းသာမႈကုိ ျဖစ္ေစႏုိင္ၿပီး အရည္အေသြး ေကာင္းသူမ်ား ပုိမုိျဖစ္ေပၚေစမည္ဟု ယုံၾကည္ပါေၾကာင္း၊ ယခု အေဆာက္အဦႀကီးအတြင္းတြင္ စာသင္ခန္းမ်ား၊ ေဆြးေႏြးပြဲခန္းမ်ား၊ Language Lab မ်ား၊ ေခတ္မီစာၾကည့္တုိက္ႏွင့္ လူအင္အား ၁၀၀၀ ေက်ာ္၀င္ဆန္႕သည့္ ခန္းမႀကီး ကုိ ျပည့္စုံစြာ ထည့္သြင္းတည္ေဆာက္ထားပါေၾကာင္း။

ျပည့္စုံစြာျဖင့္ ပညာသင္ၾကားရ႐ုံျဖင့္ မရဘဲ အမွန္တကယ္ အရည္အခ်င္းႏွင့္ ျပည့္စုံသည့္ ပညာရွင္မ်ား ျဖစ္ေပၚေရးသည္လည္း အလြန္အေရးႀကီးပါေၾကာင္း၊ ႏုိင္ငံတကာစံမ်ားႏွင့္လည္း ကုိက္ညီၿပီး ရင္ေပါင္တန္းႏုိင္ရန္လုိအပ္ပါေၾကာင္း၊ ပါရဂူဘြဲ႕ရသူသည္ ပါရဂူဘြဲ႕ႏွင့္ ထုိက္တန္ရမည္ျဖစ္ၿပီး မဟာဘြဲ႕ရသူသည္လည္း မဟာဘြဲ႕ႏွင့္ ထုိက္တန္ စြာရရွိရမည္ဟု အျပည့္အ၀ယုံၾကည္ပါေၾကာင္း၊ ထုိ႕ေၾကာင့္ သိပၸံႏွင့္ နည္းပညာဆုိင္ရာ ဖြံ႕ၿဖိဳးတုိးတက္ေရး ကြန္ဖရင့္မ်ားကုိ ျပည္တြင္းျပည္ပမွ ပညာရွင္မ်ား ေရွ႕ေမွာက္၌ ေအာင္ျမင္စြာ က်င္းပေဆာင္ရြက္ခဲ့သည္မွာ ၃ ႀကိမ္ရွိၿပီျဖစ္ပါေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ျပဳလုပ္သည့္ ကြန္ဖရင့္မ်ားအတြင္းမွ ျပည့္စုံေကာင္းမြန္သည့္ ကြန္ဖရင့္တစ္ခုဟု အသိအမွတ္ျပဳခံခဲ့ရသည္မွာ စစ္တကၠသုိလ္အတြက္ ဂုဏ္ယူဖြယ္ရာတစ္ခုျဖစ္ၿပီး အဆင့္မီသည့္ စာတမ္းေပါင္း ၃၉၂ ခုႏွင့္ ပုိစတာမ်ား ဖတ္ၾကား ေဆြးေႏြးတင္္ျပႏုိင္ခဲ့ပါ ေၾကာင္း၊ ေနာင္ႏွစ္မ်ားမွစ၍ အဆုိပါကြန္ဖရင့္ကုိ ယခုခန္းမႀကီးႏွင့္ ဆက္စပ္ခန္းမမ်ားတြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ အဆင့္ျမင့္ပညာရပ္မ်ားကုိသာမက ႏုိင္ငံေတာ္တည္ေဆာက္ေရးႏွင့္ ႏုိင္ငံေတာ္ အဆင့္ ကာကြယ္ေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ႏုိင္ေရးအတြက္ ႏုိင္ငံေတာ္ကာကြယ္ေရး တကၠသုိလ္တြင္ ႏုိင္ငံေရးအျမင္၊ ကာကြယ္ေရးအျမင္၊ စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္မ်ားႏွင့္္ ႏုိင္္ငံတကာေရးရာအျမင္မ်ားကုိ ေပါင္းစပ္ၿပီး အရည္အခ်င္း ျပည့္၀သည့္ အဆင့္ျမင့္ ေခါင္းေဆာင္မ်ားကုိ သင္ၾကားေမြးထုတ္ေပးလ်က္ရွိေၾကာင္း။

မိမိတုိ႕ႏုိင္ငံ၏ ျပည္သူမ်ားဆႏၵႏွင့္ ေရြးခ်ယ္ထားသည့္ ဒီမုိကေရစီလမ္းေၾကာင္းကုိ မယိမ္းမယုိင္ ခုိင္မာေအာင္ အေထာက္အကူျပဳႏုိင္ေရးအတြက္ လႊတ္ေတာ္အသီးသီးတြင္လည္း အဆင့္ျမင့္ပညာ အရည္အခ်င္းမ်ား၊ ေခါင္းေဆာင္မႈအေတြ႕အႀကံဳမ်ား ေကာင္းစြာရွိထားသည့္ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္မ်ားျဖင့္ တပ္မေတာ္၏ အမ်ဳိးသားႏုိင္ငံေရးတာ၀န္ကုိ  ထမ္းေဆာင္လ်က္ ရွိၾကေၾကာင္း။

တပ္မေတာ္သည္ ႏုိင္ငံေတာ္၏ အစိတ္အပုိင္း၊ တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ားက ေမြးဖြားလာသည့္ ျပည္သူ႕အစိတ္အပုိင္းျဖစ္သည္ႏွင့္အညီ ႏုိင္ငံေတာ္၏အက်ဳိး စီးပြား၊ ျပည္သူ မ်ား၏အက်ဳိးစီးပြားကုိ ကာကြယ္ေစာင့္ေရွာက္ရာတြင္ ႏုိင္ငံေတာ္က အားထားရၿပီး ျပည္သူက အားကုိးရသည့္ စြမ္းရည္၊ စြမ္းအားရွိသည့္ တပ္မေတာ္ျဖစ္ေရး အတြက္ အသိပညာ၊ အတတ္ပညာမ်ားရရွိေရးကုိ စဥ္ဆက္မျပတ္ ႀကိဳးပမ္းအားထုတ္ ေဆာင္ရြက္ေနျခင္းပင္ ျဖစ္ေၾကာင္း။

ယင္းသုိ႕ ေဆာင္ရြက္လ်က္ရွိရာတြင္ တပည့္မ်ားအေပၚ အတတ္လည္းသင္၊ ပဲ့ျပင္ဆုံးမ၊ သိပၸမခ်န္၊ ေဘးရန္ဆီးကာ၊ သင့္ရာအပ္ပုိ႕ ဆုိသည့္ ဆရာတုိ႕၏၀တၱရားမ်ား ေက်ပြန္ခဲ့ၾကၿပီး ေခါင္းေဆာင္ေကာင္းမ်ား၊ အသိပညာရွင္၊ အတတ္ ပညာရွင္မ်ား ေမြးထုတ္ေပးႏုိင္ခဲ့ၾကသည့္ သင္ၾကားေရးဆုိင္ရာ ပါေမာကၡခ်ဳပ္မ်ား၊ ပါေမာကၡမ်ား၊ ဆရာႀကီး၊ ဆရာမႀကီးမ်ား၊ နည္းျပမ်ား အားလုံးကုိလည္း မိမိအေနနဲ႕ တေလးတစား အေလးအနက္ထား ဂုဏ္ယူအသိအမွတ္ျပဳပါေၾကာင္း၊ ဆက္လက္၍လည္း အရည္အခ်င္းျပည့္၀သည့္ အနာဂတ္ မ်ဳိးဆက္သစ္ေခါင္းေဆာင္ေကာင္း၊ ပညာ ရွင္ေကာင္းမ်ားကုိ ေစတနာ၊ ေမတၱာ အရင္းခံထားၿပီး ေမြးထုတ္ေပးႏုိင္ၾကရန္ႏွင့္ မိမိတုိ႕ ကုိယ္တုိင္လည္း ၀မ္းစာျပည့္၀၊ ဘ၀ျမင့္မားၾကေရးအတြက္ ေဆာင္ရြက္ေပးၾကေစလုိေၾကာင္းျဖင့္ တုိက္္တြန္းေျပာၾကားလုိပါေၾကာင္း။

ယေန႕ ဖြင့္လွစ္ႏုိင္ခဲ့သည့္ စစ္တကၠသုိလ္ အဆင့္ျမင့္စာေပပညာ ဗဟုိဌာနႀကီး ေရရွည္တည္တံ့ ခုိင္ၿမဲေစေရးအတြက္ အားလုံးက ၀ုိင္း၀န္းကူညီေဆာင္ရြက္ေပးၾကေစလုိေၾကာင္း၊ ယခု အဆင့္ျမင့္ ပညာဗဟုိဌာနႀကီးကုိ အသုံးခ်ၿပီး ႏုိင္ငံေတာ္၏ လုိအပ္ခ်က္ ျဖစ္သည့္ ပညာေရးျမင့္မားေရးကုိ စြမ္းအားရွိသမွ်ေဆာင္ရြက္ေပးၾကေစလုိေၾကာင္း၊ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အားကုိး အားထားရသည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊ ေခါင္းေဆာင္ေကာင္းမ်ား ထြက္ေပၚလာ ေရးအတြက္ အစြမ္းကုန္ ႀကိဳးစား အားထုတ္သြားၾကေစလုိေၾကာင္းျဖင့္ ေျပာၾကားသည္။

ထုိ႕ေနာက္ အဆုိပါ အဆင့္ျမင့္စာေပပညာဗဟုိဌာန တည္ေဆာက္ေရးတြင္ ပါ၀င္ ခဲ့ေသာYangon Engineering Group Co.Ltd  ႏွင့္ ေနာင္တုံေဆာက္လုပ္ေရးကုမၸဏီမွ တာ၀န္ရွိသူမ်ားအား စစ္တကၠသုိလ္ေက်ာင္းအုပ္ႀကီးက အမွတ္တရလက္ေဆာင္ပစၥည္း မ်ား ေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တက္ေရာက္လာၾကသည့္ အၿငိမ္းစား ဆရာႀကီး၊ ဆရာမႀကီးမ်ား၊ ဧည့္သည္ေတာ္မ်ား၊ သင္တန္းသားအရာရွိမ်ား၊ နည္းျပမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္၍ သင္တန္းသားမ်ား၏ စာေပသင္ယူမႈ အေျခအေနမ်ားအား ေမးျမန္းခဲ့သည္။ ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ား၊ တက္ေရာက္လာၾကေသာ ဧည့္သည္ေတာ္မ်ားသည္ အဆင့္ျမင့္ စာေပပညာဗဟုိဌာနရွိ အစည္းအေ၀းခန္းမမ်ား၊ စာသင္ခန္းမ်ား၊ စာၾကည့္တုိက္မ်ား အား လွည့္လည္ၾကည့္႐ႈခဲ့ၾကၿပီး စာၾကည့္တုိက္အတြင္းရွိ E-Library အတြင္း၌ သင္တန္းသားအရာရွိမ်ား၏ စာေပေလ့လာေနမႈမ်ားအား ၾကည့္႐ႈခဲ့ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အဆင့္ျမင့္စာေပပညာ ဗဟုိဌာနဖြင့္ပြဲ အခမ္းအနားသုိ႕ တက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳေန႕လယ္စာ ျဖင့္တည္ခင္းဧည့္ခံခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။