တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်   ဒီဇင်ဘာ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာ တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား သို့တက်ရောက်မိန့်ခွန်းပြောကြားသည်။ 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ် ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများအား စစ်ဆေးသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား  ဗိုလ်လောင်းတပ်ခွဲများက  အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၅၃၂ ဗိုလ်လောင်း မြတ်ကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၅၄၇ ဗိုလ်လောင်း ရန်လင်းအောင် နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၅၃၇ ဗိုလ်လောင်း ရဲရင့်မြတ် တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်း များအား မိန့်ခွန်းပြောကြားသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃) ဦးနှင့် ၎င်းင်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္ နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁) သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားသုိ႔ တက္ေရာက္မိန္႕ခြန္းေျပာၾကား

ေနျပည္ေတာ္   ဒီဇင္ဘာ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမဳိ႕၊ တပ္မေတာ္နည္းပညာ တကၠသုိလ္စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ေသာ တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနား သုိ႔တက္ေရာက္မိန္႔ခြန္းေျပာၾကားသည္။ 

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္၀င္းႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရိွ ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး၊ တပ္မေတာ္နည္းပညာ တကၠသိုလ္ေက်ာင္းအုပ္ ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ခြဲမ်ားအား စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား  ဗိုလ္ေလာင္းတပ္ခြဲမ်ား  က  အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္ အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၂၁)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၅၃၂ ဗိုလ္ေလာင္း ျမတ္ေက်ာ္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၅၄၇ ဗိုလ္ေလာင္း ရန္လင္းေအာင္ ႏွင့္ စာေပထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၅၃၇ ဗိုလ္ေလာင္း ရဲရင့္ျမတ္ တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းဗိုလ္ေလာင္း မ်ားအား မိန္႕ခြန္းေျပာၾကားသည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ  မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္း ကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ  မင္းေအာင္လိႈင္သည္ တပ္မေတာ္နည္းပညာ တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း(၃) ဦးႏွင့္ ၎င္းတုိ႔၏ မိဘမ်ားအားေတြ႕ဆံု၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။