မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမှတ်(၁၀၂) ယန္တရားတင်ခြေလျင်တပ်ရင်းကြီး (102nd Mechanized Infantry Regiment)သို့ သွားရောက်လေ့လာ

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမှတ်(၁၀၂) ယန္တရားတင်ခြေလျင်တပ်ရင်းကြီး (102nd Mechanized Infantry Regiment)သို့ သွားရောက်လေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ဟနွိုင်းမြို့ရှိ အမှတ်(၁)တပ်မကြီး၊ အမှတ်(၃၀၈)တပ်မကွပ်ကဲမှုအောက် အမှတ်(၁၀၂) ယန္တရားတင် ခြေလျင်တပ်ရင်းကြီး (102nd Mechanized Infantry Regiment) သို့ သွားရောက်လေ့လာကြရာ အမှတ်(၃၀၈)တပ်မ တပ်မမှူး Major General Doan Thai Duc ၊ ယန္တရားတင်ခြေလျင် တပ်ရင်းကြီး တပ်ရင်းမှူး Lieutenant Colonel Trung Xuan Hoa နှင့်အရာရှိကြီးများက ကြိုဆိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ယန္တရားတင် ခြေလျင်တပ်ရင်းကြီး ဧည့်ခန်းမ၌ တပ်ရင်းမှူးက တပ်ရင်းကြီး၏သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ၄င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အမှတ်(၃၀၈)တပ်မ တပ်မမှူးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် တပ်ရင်းကြီးရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လေ့လာကြည့်ရှုကြရာ တပ်မမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။ဗီယက်နမ်တပ်မတော်အနေဖြင့် တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ စားဝတ်နေရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပိုလျှံသည်များကို ပြည်သူလူထုသို့ ရောင်းချပေးလျက်ရှိကြောင်းကိုလည်း သိရှိရသည်။ ထို့နောက် တပ်ရင်းကြီး၌ အသုံးပြုလျက်ရှိသော တိုက်ယာဉ်ယန္တရားများကို လှည့်လည်ကြည့်ရှု လေ့လာကြရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်း၏ လေ့ကျင့်ရေး ဆိုင်ရာကိစ္စများနှင့် ပတ်သက်၍အသေးစိတ်မေးမြန်းရာ တပ်မမှူးနှင့် တပ်ရင်းမှူးတို့က အပတ်စဉ်လေ့ကျင့်မှု၊ တပ်ရင်းအလိုက်လေ့ကျင့်မှုနှင့် တိုက်ပွဲဝင်အသင့်လေ့ကျင့်မှုများ အား ရှင်းလင်းတင်ပြကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်တိုင်း အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်ပွဲဝင်အသင့်ဖြစ်စေရေး အမြဲလေ့ကျင့် နေရန်လိုကြောင်းနှင့် အစဉ်အလာကြီးမားသည့် တပ်ရင်းတစ်ရင်းဖြစ်သည်နှင့်အညီ နိုင်ငံ တော်နှင့် တပ်မတော်က အားကိုးရသော တပ်ရင်းဖြစ်အောင်ဆောင်ရွက်နေမှုများ အပေါ် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တပ်ရင်းမှူးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။

အမှတ်(၁၀၂)ယန္တရားတင် ခြေလျင်တပ်ရင်းကြီးကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် မျိုးချစ်တပ်ဖွဲ့ဝင် များနှင့် ပြည်သူအင်အား ၂၀ဝ၀ ဦးခန့်ဖြင့် ဟနွိုင်းမြို့တော်၊ Hoan Kiem ခရိုင်ရှိ To Nhu ပြဇာတ်ရုံအနီး၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်ရင်းကြီး၏ ပထမဆုံးအမည်မှာ Regiment United Area (Interregional Regiment) ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ဘက်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များ အရ ဟနွိုင်းမြို့တော်၏ တပ်ရင်းကြီးအဖြစ်ပြောင်းလဲခဲ့ကြောင်း၊ ပြင်သစ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်းကြီးသည် မဟာဗျူဟာတစ်ရပ်အဖြစ် စစ်ဘေးရှောင်ပြည်သူ ၃၈၀ဝ၀ ဦးခန့်အား အောင်မြင်စွာကယ်ဆယ်စောင့်ရှောက်နိုင်ခဲ့ကြောင်း၊ ယင်းသို့ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာကယ်ဆယ်ပေးနိုင်ခဲ့သည့်အပြင် နောက်မှ ထပ်ကြပ်လိုက်ပါလာသည့် ပြင်သစ်တပ်ဖွဲ့များအား ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် အမှတ်(၁၀၂)တပ်ရင်းကြီးသည် Regiment of the Capital အဖြစ်မှတ်တမ်းဝင်ခဲ့ ကြောင်း၊ အမှတ်(၁၀၂)တပ်ရင်းကြီးသည် ပြင်သစ်ကိုလိုနီများအား တော်လှန်သည့် ကာလအတွင်း ဒိန်ဗင်ဖူးခံတပ်တိုက်ပွဲအပါအဝင် တိုက်ပွဲကြီး ၁၃ ခုနှင့် အမေရိကန် ခုခံကာကွယ်ရေးစစ်ပွဲတွင် တိုက်ပွဲကြီး ၃ ခုတို့အား ဆင်နွဲခဲ့ကြောင်းနှင့် ၁၉၇၉ ခုနှစ်တွင် အမှတ်(၁၀၂)တပ်ရင်းကြီးအား ယန္တရားတင်ခြေလျင်တပ်ရင်းကြီးအဖြစ်ပြောင်းလဲခဲ့ပြီး သံချပ်ကာလူသယ်ယာဉ်များဖြင့် ဖွဲ့စည်းထားရှိကာ ခြေလျင်တပ်များ၏ ပစ်ခတ်တိုက် ခိုက်မှု ပိုမိုထိရောက်မှုရှိစေရေးအတွက် အထောက်အကူပေးလျက်ရှိသည်။

(Zawgyi One)

ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရွိ အမွတ္(၁၀၂) ယႏၱရားတင္ေျခလ်င္တပ္ရင္းႀကီး (102nd Mechanized Infantry Regiment)သို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၈

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံတြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႕ ေန႕လည္ပိုင္းတြင္ ဟႏြိဳင္းၿမိဳ႕ရွိ အမွတ္(၁)တပ္မႀကီး၊ အမွတ္(၃၀၈)တပ္မကြပ္ကဲမႈေအာက္ အမွတ္(၁၀၂) ယႏၱရားတင္ ေျခလ်င္တပ္ရင္းႀကီး (102nd Mechanized Infantry Regiment) သို႔ သြားေရာက္ေလ့လာၾကရာ အမွတ္(၃၀၈)တပ္မ တပ္မမွဴး Major General Doan Thai Duc ၊ ယႏၱရားတင္ေျခလ်င္ တပ္ရင္းႀကီး တပ္ရင္းမွဴး Lieutenant Colonel Trung Xuan Hoa ႏွင့္အရာရွိႀကီး မ်ားက ႀကိဳဆိုၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား ယႏၱရားတင္ ေျခလ်င္တပ္ရင္းႀကီး ဧည့္ခန္းမ၌ တပ္ရင္းမွဴးက တပ္ရင္းႀကီး၏သမိုင္းေၾကာင္းဆိုင္ရာ အခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။ ၄င္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အမွတ္(၃၀၈)တပ္မ တပ္မမွဴးတို႕သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ကာ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္း ဓာတ္ပံုရိုက္ခဲ့ၾကသည္။

ဆက္လက္ၿပိီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကိုယ္စားလွယ္အဖြဲ႕သည္ တပ္ရင္းႀကီးရွိ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈမ်ားအား ေလ့လာၾကည့္႐ႈၾကရာ တပ္မမွဴးႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသခဲ့သည္။ ဗီယက္နမ္တပ္မေတာ္အေနျဖင့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မိသားစုမ်ား စားဝတ္ေနေရး အတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိၿပီး ပိုလွ်ံသည္မ်ားကို ျပည္သူလူထုသို႕ ေရာင္းခ်ေပးလ်က္ရွိေၾကာင္းကိုလည္း သိရွိရသည္။ ထို႕ေနာက္ တပ္ရင္းႀကီး၌ အသံုးျပဳလ်က္ရွိေသာ တိုက္ယာဥ္ယႏၱရားမ်ားကို လွည့္လည္ၾကည့္႐ႈ ေလ့လာၾကရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္ရင္း၏ ေလ့က်င့္ေရး ဆိုင္ရာကိစၥမ်ားႏွင့္ ပတ္သက္၍အေသးစိတ္ေမးျမန္းရာ တပ္မမွဴးႏွင့္ တပ္ရင္းမွဴးတို႕က အပတ္စဥ္ေလ့က်င့္မႈ၊ တပ္ရင္းအလိုက္ေလ့က်င့္မႈႏွင့္ တိုက္ပြဲဝင္အသင့္ေလ့က်င့္မႈမ်ား အား ရွင္းလင္းတင္ျပၾကသည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္တိုင္း အေနျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ တိုက္ပြဲဝင္အသင့္ျဖစ္ေစေရး အၿမဲေလ့က်င့္ ေနရန္လိုေၾကာင္းႏွင့္ အစဥ္အလာႀကီးမားသည့္ တပ္ရင္းတစ္ရင္းျဖစ္သည္ႏွင့္အညီ ႏိုင္ငံ ေတာ္ႏွင့္ တပ္မေတာ္က အားကိုးရေသာ တပ္ရင္းျဖစ္ေအာင္ေဆာင္ရြက္ေနမႈမ်ား အေပၚ အသိအမွတ္ျပဳဂုဏ္ယူပါေၾကာင္း ေျပာၾကားခဲ့သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား တပ္ရင္းမွဴးက အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ သည္။

အမွတ္(၁၀၂)ယႏၱရားတင္ ေျခလ်င္တပ္ရင္းႀကီးကို ၁၉၄၇ ခုႏွစ္ ဇန္နဝါရီလ ၆ ရက္တြင္ မ်ိဳးခ်စ္တပ္ဖြဲ႕ဝင္ မ်ားႏွင့္ ျပည္သူအင္အား ၂၀ဝ၀ ဦးခန္႕ျဖင့္ ဟႏြိဳင္းၿမိဳ႕ေတာ္၊ Hoan Kiem ခရိုင္ရွိ To Nhu ျပဇာတ္႐ံုအနီး၌ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး တပ္ရင္းႀကီး၏ ပထမဆံုးအမည္မွာ Regiment United Area (Interregional Regiment) ျဖစ္ေၾကာင္း၊ ၁၉၄၇ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္တြင္ စစ္ဘက္ဆိုင္ရာ အစည္းအေဝးဆံုးျဖတ္ခ်က္မ်ား အရ ဟႏြိဳင္းၿမိဳ႕ေတာ္၏ တပ္ရင္းႀကီးအျဖစ္ေျပာင္းလဲခဲ့ေၾကာင္း၊ ျပင္သစ္တို႕ႏွင့္ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီးေနာက္ တပ္ရင္းႀကီးသည္ မဟာဗ်ဴဟာတစ္ရပ္အျဖစ္ စစ္ေဘးေရွာင္ျပည္သူ ၃၈၀ဝ၀ ဦးခန္႔အား ေအာင္ျမင္စြာကယ္ဆယ္ေစာင့္ေရွာက္ႏိုင္ခဲ့ေၾကာင္း၊ ယင္းသို႕ လြတ္ေျမာက္နယ္ေျမသို႕ ေအာင္ျမင္စြာကယ္ဆယ္ေပးႏိုင္ခဲ့သည့္အျပင္ ေနာက္မွ ထပ္ၾကပ္လိုက္ပါလာသည့္ ျပင္သစ္တပ္ဖြဲ႕မ်ားအား ျပန္လည္တိုက္ခိုက္ႏိုင္ခဲ့သည့္အတြက္ အမွတ္(၁၀၂)တပ္ရင္းႀကီးသည္ Regiment of the Capital အျဖစ္မွတ္တမ္းဝင္ခဲ့ ေၾကာင္း၊ အမွတ္(၁၀၂)တပ္ရင္းႀကီးသည္ ျပင္သစ္ကိုလိုနီမ်ားအား ေတာ္လွန္သည့္ ကာလအတြင္း ဒိန္ဗင္ဖူးခံတပ္တိုက္ပြဲအပါအဝင္ တိုက္ပြဲႀကီး ၁၃ ခုႏွင့္ အေမရိကန္ ခုခံကာကြယ္ေရးစစ္ပြဲတြင္ တိုက္ပြဲႀကီး ၃ ခုတို႕အား ဆင္ႏြဲခဲ့ေၾကာင္းႏွင့္ ၁၉၇၉ ခုႏွစ္တြင္ အမွတ္(၁၀၂)တပ္ရင္းႀကီးအား ယႏၱရားတင္ေျခလ်င္တပ္ရင္းႀကီးအျဖစ္ေျပာင္းလဲခဲ့ၿပီး သံခ်ပ္ကာလူသယ္ယာဥ္မ်ားျဖင့္ ဖြဲ႕စည္းထားရွိကာ ေျခလ်င္တပ္မ်ား၏ ပစ္ခတ္တိုက္ ခိုက္မႈ ပိုမိုထိေရာက္မႈရွိေစေရးအတြက္ အေထာက္အကူေပးလ်က္ရွိ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။