တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးတို့ကို သီးခြားစီ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး တို့ကို သီးခြားစီတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၁၉

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အဦ ဧည့်ခန်းမ၌ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mrs. Nguyen Thi Kim Ngan အား သွားရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျ တို့ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် သမိုင်းကြောင်းတစ်လျှောက် ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုမြင့်မား လာသည်နှင့်အမျှ ဆက်သွယ်ဆက်ဆံမှု များပြားလာပြီး ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေနိုင်မည့် အခြေအနေများ၊ ဗီယက်နမ်နိုင်ငံအစိုးရနှင့် တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အခြေအနေများအပေါ် ဂုဏ်ယူဝမ်းမြောက်ပြီး မြန်မာနိုင်ငံအတွင်း၌ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာစေရန် တိုက်တွန်းပေးစေလိုသည့် အခြေအနေများ၊ ဗီယက်နမ်နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအခြေအနေများနှင့် ပြည်တွင်းလက်နက်ကို ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် ဒီမိုကရေစီပိုမိုခိုင်မာစေရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အထောက်အကူပြုစေရန်အတွက် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေမှုအပေါ် သိရှိနားလည်သည့် အခြေအနေများ၊ ဘင်္ဂါလီများကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့် လက်မခံသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံသဘောတူညီချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လည်း ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး General Ngo Xuan Lich နှင့်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျ တို့တက်ရောက်ကြပြီး ဗီယက်နမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့အတွက် တပ်မတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများအပေါ် လေးစား အသိအမှတ်ပြုပြီး ရခိုင်ပြည်နယ်အရေးကိစ္စများတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံလျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ဗီယက်နမ် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးအစီအမံကို လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်း အဆင့်အစည်းအဝေးများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ ဗီယက်နမ် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးစီးပွားဆောင်ရွက်နေမှုများအပေါ်ဂုဏ်ယူပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကဏ္ဍစုံမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများနှင့် ပိုမို တိုးတက်အောင်ဆောင်ရွက် သွားမည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ႏွင့္ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီး တို႔ကို သီးျခားစီေတြ႕ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၉

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ ယေန႔ညေနပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရွိ အမ်ိဳးသားလႊတ္ေတာ္ အေဆာက္အဦ ဧည့္ခန္းမ၌ ဗီယက္နမ္ႏိုင္ငံ၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ Mrs. Nguyen Thi Kim Ngan အား သြားေရာက္ေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးမွ သံမႉး ေဒၚဝင္းစႏၵာေဆြ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ် တို႔ တက္ေရာက္ၾကၿပီး ဗီယက္နမ္ႏိုင္ငံ၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ႏွင့္အတူ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔သည္ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ရင္းႏွီးသည့္ မိတ္ေဆြႏိုင္ငံမ်ားျဖစ္ၿပီး ဆက္ဆံေရးေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံကုန္သြယ္မႈျမင့္မား လာသည္ႏွင့္အမွ် ဆက္သြယ္ဆက္ဆံမႈ မ်ားျပားလာၿပီး ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုတိုးတက္ခိုင္မာေစႏိုင္မည့္ အေျခအေနမ်ား၊ ဗီယက္နမ္ႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားေၾကာင့္ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိသည့္ အေျခအေနမ်ားအေပၚ ဂုဏ္ယူဝမ္းေျမာက္ၿပီး ျမန္မာႏိုင္ငံအတြင္း၌ စီးပြားေရး ရင္းႏွီးျမဳပ္ႏွံမႈမ်ား တိုးတက္လာေစရန္ တိုက္တြန္းေပးေစလိုသည့္ အေျခအေနမ်ား၊ ဗီယက္နမ္ႏိုင္ငံ အေနျဖင့္လည္း ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျပဳျပင္ ေျပာင္းလဲမႈအေျခအေနမ်ားႏွင့္ ျပည္တြင္းလက္နက္ကို ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေစေရးအတြက္ တပ္မေတာ္၏ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ ဒီမိုကေရစီပိုမိုခိုင္မာေစေရးႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ အေထာက္အကူျပဳေစရန္အတြက္ လႊတ္ေတာ္တြင္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား ပါဝင္ေဆာင္႐ြက္ေနမႈအေပၚ သိရွိနားလည္သည့္ အေျခအေနမ်ား၊ ဘဂၤါလီမ်ားကိစၥႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ၏ ေဆာင္႐ြက္ခ်က္မ်ားအေပၚ ဗီယက္နမ္ႏိုင္ငံအေနျဖင့္ ေထာက္ခံပါေၾကာင္းႏွင့္ ႏိုင္ငံတိုင္းသည္ မိမိႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကိုကာကြယ္ပိုင္ခြင့္ရွိၿပီး ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ျပည္ပႏိုင္ငံမ်ားမွ ဝင္ေရာက္စြက္ဖက္မႈအေပၚ ဗီယက္နမ္ႏိုင္ငံအေနျဖင့္ လက္မခံသည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအေနျဖင့္လည္း အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္သည္ႏွင့္အညီ အာဆီယံသေဘာတူညီခ်က္အတိုင္း ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားအား အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏိုင္ငံ၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒တို႔သည္ အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္လဲလွယ္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္လည္း ဗီယက္နမ္ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဧည့္ခန္းမေဆာင္၌ အမ်ိဳးသားကာကြယ္ေရး ဝန္ႀကီးဌာနဝန္ႀကီး General Ngo Xuan Lich ႏွင့္ေတြ႕ဆုံေဆြးေႏြးသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ သံမႉး ေဒၚဝင္းစႏၵာေဆြ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ် တို႔တက္ေရာက္ၾကၿပီး ဗီယက္နမ္အမ်ိဳးသား ကာကြယ္ေရးဝန္ႀကီးႏွင့္အတူ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ဗီယက္နမ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ နယ္ေျမတည္ၿငိမ္ ေအးခ်မ္းေရးတို႔အတြက္ တပ္မေတာ္က ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားအေပၚ ေလးစား အသိအမွတ္ျပဳၿပီး ရခိုင္ျပည္နယ္အေရးကိစၥမ်ားတြင္ ျမန္မာႏိုင္ငံဘက္မွ ရပ္တည္ေထာက္ခံလ်က္ရွိသည့္ အေျခအေနမ်ား၊ ျမန္မာ-ဗီယက္နမ္ ၂၀၂၀ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္မႈျမႇင့္တင္ေရးအစီအမံကို လ်င္ျမန္ထိေရာက္စြာ အေကာင္အထည္ေဖာ္ေရးအတြက္ လုပ္ငန္း အဆင့္အစည္းအေဝးမ်ား အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ရန္လိုအပ္သည့္ အေျခအေနမ်ား၊ ဗီယက္နမ္ တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ ျပည္သူ႔အက်ိဳးစီးပြားေဆာင္႐ြက္ေနမႈမ်ားအေပၚဂုဏ္ယူၿပီး ႏွစ္ႏိုင္ငံစစ္ဘက္ဆိုင္ရာႏွင့္ စက္မႈလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ားတြင္ ပိုမိုပူးေပါင္း ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား က႑စုံျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ား၊ တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ား၌ ပူးေပါင္းေဆာင္႐ြက္ေနသည့္အေျခအေနမ်ားႏွင့္ ပိုမို တိုးတက္ေအာင္ေဆာင္႐ြက္ သြားမည့္ အေျခအေနမ်ားအား အျပန္အလွန္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးတို႔သည္ အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္လဲလွယ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။