တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ အထက် လွှတ်တော် အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌ Mr. YAMAGUCHI Natsuo အား ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ အထက် လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Ichiro MARUYAMA နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတကာ ဖိအားပေးမှုများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံမှ ကိုယ်ချင်းစာနားလည်ပြီး မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသအရေးကိစ္စများနှင့် ပတ်သက်၍ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်မှုများ၊ တပ်မတော်က ပူးပေါင်းကူညီဆောင်ရွက်မှုများ၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် စစ်ဘက်ဥပဒေ နည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်အမှန်အတိုင်း ဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အပြည့်အဝတာဝန်ရှိပြီး ယင်းသို့ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သည့် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးစနစ်တည်ငြိမ်ရေးအတွက် အဓိကထား၍ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ IDP Camp များရှိ နေရပ်စွန့်ခွာသူများအား မူလနေရာပြန်လည်နေထိုင်နိုင်ရေး ဂျပန်နိုင်ငံမှ ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်များ၏ နယ်စွန်နယ်ဖျားများရှိ ပြည်သူတို့၏ လူမှုဘဝတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဂ်ပန္ႏိုင္ငံ၊ အထက္လႊတ္ေတာ္အမတ္ႏွင့္ ၫြန႔္ေပါင္းအစိုးရအဖြဲ႕မွ Komeito ပါတီဥကၠ႒ႏွင့္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏိုင္ငံ၊ အထက္ လႊတ္ေတာ္ အမတ္ႏွင့္ ၫြန႔္ေပါင္းအစိုးရအဖြဲ႕မွ Komeito ပါတီဥကၠ႒ Mr. YAMAGUCHI Natsuo အား ယေန႔ မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏိုင္ငံ၊ အထက္ လႊတ္ေတာ္အမတ္ႏွင့္ ၫြန႔္ေပါင္းအစိုးရအဖြဲ႕မွ Komeito ပါတီဥကၠ႒ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Ichiro MARUYAMA ႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ ႏိုင္ငံတကာ ဖိအားေပးမႈမ်ားႏွင့္ ပတ္သက္၍ ဂ်ပန္ႏိုင္ငံမွ ကိုယ္ခ်င္းစာနားလည္ၿပီး ျမန္မာႏိုင္ငံအေပၚ ေထာက္ခံကူညီေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ရခိုင္ေဒသအေရးကိစၥမ်ားႏွင့္ ပတ္သက္၍ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရး ေကာ္မရွင္၏ ေဆာင္႐ြက္မႈမ်ား၊ တပ္မေတာ္က ပူးေပါင္းကူညီေဆာင္႐ြက္မႈမ်ား၊ ျဖစ္စဥ္ျဖစ္ရပ္မ်ားအေပၚ စစ္ဘက္ဥပေဒ နည္းလမ္းအတိုင္း တပ္မေတာ္မွ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ဖြဲ႕စည္းေဆာင္႐ြက္လ်က္ရွိၿပီး ျဖစ္စဥ္အမွန္အတိုင္း ေဖာ္ထုတ္အေရးယူမႈမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ရန္ အျပည့္အဝတာဝန္ရွိၿပီး ယင္းသို႔ကာကြယ္ေရးတာဝန္ ထမ္းေဆာင္စဥ္ ျဖစ္ပြားခဲ့သည့္ အေျခအေနမ်ားကိုလည္း ထည့္သြင္းစဥ္းစားရန္ လိုအပ္သည့္အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေရးစနစ္တည္ၿငိမ္ေရးအတြက္ အဓိကထား၍ ၿငိမ္းခ်မ္းေရး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ IDP Camp မ်ားရွိ ေနရပ္စြန႔္ခြာသူမ်ားအား မူလေနရာျပန္လည္ေနထိုင္ႏိုင္ေရး ဂ်ပန္ႏိုင္ငံမွ ေထာက္ပံ့ကူညီေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ျပည္နယ္မ်ား၏ နယ္စြန္နယ္ဖ်ားမ်ားရွိ ျပည္သူတို႔၏ လူမႈဘဝတိုးတက္ေရးအတြက္ ကူညီေဆာင္႐ြက္ ေပးႏိုင္မည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏိုင္ငံ၊ အထက္လႊတ္ေတာ္အမတ္ႏွင့္ ၫြန႔္ေပါင္းအစိုးရအဖြဲ႕မွ Komeito ပါတီဥကၠ႒တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကၿပီး တက္ေရာက္လာ ၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။