နိုင်ငံနှင့်ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင် ကြသူများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်း

နိုင်ငံနှင့်ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင် ကြသူများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်း

နေပြည်တော်၊ ဇန်နဝါရီ – ၄

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နိုင်ငံနှင့်ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ကြသူများအား တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ကျရောက်သော ၇၂ နှစ် မြောက်လွတ်လပ်ရေးနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့်အမွေခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ နိုင်ငံတော်နှင့်ပြည်သူအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို မိမိတို့၏အသက်နှင့် ခန္ဓာကိုယ်ကိုမငဲ့ဘဲ ရဲစွမ်းသတ္တိအပြည့်ဖြင့် သက်စွန့်ဆံဖျားတာဝန် ထမ်းဆောင်ခဲ့ကြ သူများကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့် အပ်နှင်းသည့် တန်ဖိုးဂုဏ်ဒြပ်ကြီးမြတ်လှသည့် အခမ်းအနားဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်း၏ မွေးရာပါအမျိုးသားရေး တာဝန်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ နိုင်ငံတော်လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ ကောင်းမြတ်သည့် သမိုင်း စဉ်လာများနှင့်အညီ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်စွန့်လွှတ်ခြင်းများစွာနှင့် အမျိုးသားရေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။

တပ်မတော်သားများနည်းတူ တပ်မတော်၏ ကာကွယ်ရေးအရန်အင်အားဖြစ်သည့် တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် ဇာနည်ရဲမေများသည်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အသက်ကိုပဓာနမထားဘဲ ထမ်းဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် လူတိုင်း စွန့်နိုင်ခဲ၊ လုပ်ဆောင်နိုင်ခဲသည့် တာဝန်များကို ကျေပွန်စွာ စွန့်လွှတ် လုပ်ဆောင်ခဲ့သူများအတွက် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အခါသမယတွင် ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း။

တပ်မတော်သည် စတင်တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက မိမိတို့နိုင်ငံ ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး ရယူပေးလိုသော လေးနက်မွန်မြတ်သည့် နိုင်ငံချစ်စိတ်မျိုးချစ်စိတ်နှင့် သန္ဓေတည်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ၏ ရင်နှစ်သည်းချာ သားသမီး ရတနာများနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်၊ ပြည်သူ့တပ်မတော်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ သမိုင်းပေး တာဝန်အရပ်ရပ်ကို အောင်မြင်ကျေပွန်သည်အထိ ကိုယ်ကျိုးစွန့်လွှတ်ပြီး အသက်နှင့် ခန္ဓာ နှင်းဆက်စွန့်လှူ၍ တာဝန်ထမ်းရွက်လာသည့် အခိုင်မာဆုံးအဖွဲ့အစည်းလည်းဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်လာပါက တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းကို တပ်မတော်၏ အစဉ်အလာ တစ်ဆယ့်နှစ်ရပ်နှင့် မှတ်ကျောက်တင်ခံခဲ့ပြီး ဖြစ်ကြောင်း။

ယနေ့အချိန်အခါသည် နိုင်ငံတော်ကို ပြည်သူလူထု၏ဆန္ဒနှင့်အညီ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေး ဖော်ဆောင်လျှောက်လှမ်းနေချိန်ဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက် နေချိန်တွင် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်သားများ အနေနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းခံပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့နှင့် ကျရာတာဝန်ကိုကျေပွန်ပြီးမြောက်အောင် နေ့မနား၊ ညမအား စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ မီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးနှင့်အပြီးတိုင် ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေသည်မှာ တည်ငြိမ်အေးချမ်းမှုမရှိခြင်းပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုဆိုရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန် အဓိကအရေးကြီးပါကြောင်း။

ထို့ကြောင့် တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်သည့်နေရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေလည်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်ရေး၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။

သို့သော်လည်း ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲ၊ အတ္တကို ရှေ့တန်းတင်နေဆဲဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့က ခေါင်းဆောင်များသည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ငြိမ်းချမ်းစွာ ဆောင်ရွက်ရမည့်အစား နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားစေပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေမှုများ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အကြမ်းဖက် လုပ်ရပ်များနှင့် ထိပါး နှောင့်ယှက်မှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နည်းပါးမှုများကြောင့် မလွဲမရှောင်သာဘဲ စစ်ရေးနည်းအရ ရင်ဆိုင်ဖြေရှင်းမှုများ ရှိနေဆဲဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အကြိမ်ကြိမ်လိုက်လျောမှုများ၊ သဘောထားကြီးစွာနှင့် သည်းခံ ညှိနှိုင်းမှုများကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ပုဂ္ဂလိက အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပဋိပက္ခများကို စတင်ဖန်တီးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားလျက်ရှိကြောင်း။

သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ပါက တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ပန်ဆင်ပြီး အဖျက်အမှောင့်လုပ်ရပ်များကို လက်ပိုက်ရပ်ကြည့်မနေဘဲ နိုင်ငံတော်နှင့် ပြည်သူလူထုရှေ့က မားမားမတ်မတ်ရပ်တည်ကာ တရားသောစစ်ပွဲများကို ဆင်နွှဲခဲ့ကြရကြောင်း၊ ထိုသို့ နိုင်ငံနှင့် ပြည်သူအပေါ် တော်တည့်မှန်ကန်စွာ သစ္စာစောင့်သိပြီး တရားသောစစ်ပွဲကို ကျေပွန်ပြီးမြောက်သည်အထိ စွန့်လွှတ် စွန့်စားဆင်နွှဲခဲ့ကြသူများသည် လူသေသော်လည်း နာမည်မသေသည့် နိုင်ငံ့သားကောင်းများအဖြစ် သမိုင်းတွင် ကမ္ပည်းမော်ကွန်းတင်ခြင်း ခံကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးကို ထမ်းဆောင်သည့်နေရာတွင် “အာဇာနည်ဟူသည် အသက်ကို ခင်တွယ်ရိုးထုံးမရှိ၊ အာဇာနည်ဟူက အသက်ကို စွန့်မြဲတည်း” ဆိုသည့် အာဇာနည်စိတ်ဓာတ်မွေးပြီး အရိုးကြေကြေ အရေခမ်းခမ်း သက်စွန့်ကြိုးပမ်းသူများသည် မိမိတို့တပ်မတော်တွင် စဉ်ဆက်မပြတ်ပေါ်ထွန်းခဲ့သောကြောင့်လည်း ယနေ့ချိန်ထိ မြန်မာနိုင်ငံဟူ၍ ကမ္ဘာ့အလယ်တွင် ခန့်ခန့်ထည်ထည်ရပ်တည်နေနိုင်ခြင်းပင်ဖြစ်ကြောင်း။

ယခုအခမ်းအနားမှာ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိသူ ၁၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၆ ဦး တို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၀ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၂၈ ဦးတို့ကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်း။

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့် အပ်နှင်းခြင်းခံကြသူများ သည် တိုင်းပြည်နှင့်လူမျိုးအတွက် ကြုံတွေ့ရသမျှ အခက်အခဲများကို အမှုမထားဘဲ အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပြီး ပြောင်မြောက်သည့် သူရသတ္တိများနှင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဆောင်ရွက်မှု၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံ သော သန္နိဋ္ဌာန်စိတ်ဓာတ်များနှင့် တာဝန်ထမ်းဆောင်မှုများအတွက် အထူးပင်ဂုဏ်ယူမိပါ ကြောင်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း စွမ်းဆောင်ခဲ့ကြသူများ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း။

တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် စွန့်လွှတ် စွန့်စား၍ အသက်ကိုပဓာနမထားဘဲ အမိနိုင်ငံတော်နှင့် ပြည်သူ၊ ပြည်သားများအတွက် ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် မတွန့်မဆုတ် ဦးဆွေးဆံမြည့် ကျေပွန် အောင်မြင်အောင် ထမ်းဆောင်ပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော မျိုးချစ်တပ်မတော်သားကောင်း ဇာနည်များဖြစ်အောင် အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြစေလို ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် အမွေခံ ၆ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများဖြစ်ကြသည့် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဗိုလ်မှူး ၁ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦးနှင့် အမွေခံ ၁ ဦး တို့အားလည်းကောင်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့်လက်မှတ်များကို ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်ခြင်း ခံရသူများနှင့် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံကာ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ ဂုဏ်ပြု တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အခမ်းအနား သို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်၊ ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ တွင်လည်း သီဟသူရဘွဲ့ရရှိသူ ၁ ဦး၊ သူရဘွဲ့ရရှိသူ ၃ ဦး၊ သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၉ ဦးတို့ဖြစ်ရာ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့် လက်မှတ်ရရှိသူ စုစုပေါင်းအနေဖြင့် အောင်ဆန်းသူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၄၉ ဦး၊ သူရဘွဲ့ ၅၄၅ ဦး၊ သီဟဗလတံဆိပ် ၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၂၀၁၁ ဦး၊ စစ်သေနာပတိချုပ်၏သူရဲကောင်းလက်မှတ် ၃၃၇ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၂၈၈၉ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၂ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၇၁၃ ဦး တို့ဖြစ်သည်။

(Zawgyi Version)

ႏိုင္ငံႏွင့္ျပည္သူအတြက္ အသက္ကို ပဓာနမထား၊ စြန႔္လႊတ္စြန႔္စားစြာ တာဝန္ထမ္းေဆာင္ ၾကသူမ်ားအား တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္မ်ား ခ်ီးျမႇင့္အပ္ႏွင္း

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၄

၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္တို႔တြင္ ႏိုင္ငံႏွင့္ျပည္သူအတြက္ အသက္ကို ပဓာနမထား၊ စြန႔္လႊတ္စြန႔္စားစြာ တာဝန္ထမ္းေဆာင္ၾကသူမ်ားအား တပ္မေတာ္ စြမ္းရည္သတၱိဆိုင္ရာဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္လက္မွတ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္း အခမ္းအနားကို ယေန႔က်ေရာက္ေသာ ၇၂ ႏွစ္ ေျမာက္လြတ္လပ္ေရးေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္၍ ဂုဏ္ျပဳအမွာစကား ေျပာၾကားၿပီး ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး သီရိပ်ံခ်ီစိုးဝင္းႏွင့္ဇနီး၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္လက္ခံရယူၾကမည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္အေမြခံမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာ၌ ႏိုင္ငံေတာ္ႏွင့္ျပည္သူအတြက္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို မိမိတို႔၏အသက္ႏွင့္ ခႏၶာကိုယ္ကိုမငဲ့ဘဲ ရဲစြမ္းသတၱိအျပည့္ျဖင့္ သက္စြန႔္ဆံဖ်ားတာဝန္ ထမ္းေဆာင္ခဲ့ၾက သူမ်ားကို တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္လက္မွတ္မ်ား ခ်ီးျမႇင့္ အပ္ႏွင္းသည့္ တန္ဖိုးဂုဏ္ျဒပ္ႀကီးျမတ္လွသည့္ အခမ္းအနားျဖစ္ေၾကာင္း၊ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးအတြက္ ကာကြယ္ေစာင့္ေရွာက္ရမည့္တာဝန္သည္ ႏိုင္ငံသားတိုင္း၏ ေမြးရာပါအမ်ိဳးသားေရး တာဝန္ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတြင္ အဓိကတာဝန္ရွိသည့္ အဖြဲ႕အစည္း ျဖစ္သည္ႏွင့္အညီ ႏိုင္ငံေတာ္လြတ္လပ္ေရးႀကိဳးပမ္းမႈကာလမွ ယေန႔အထိ ေကာင္းျမတ္သည့္ သမိုင္း စဥ္လာမ်ားႏွင့္အညီ အသက္၊ ေသြး၊ ေခြၽး ေျမာက္ျမားစြာ ေပးဆပ္စြန႔္လႊတ္ျခင္းမ်ားစြာႏွင့္ အမ်ိဳးသားေရး တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့ၾကသည္ကို အားလုံးအသိပင္ ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားနည္းတူ တပ္မေတာ္၏ ကာကြယ္ေရးအရန္အင္အားျဖစ္သည့္ တပ္မေတာ္သားမ်ား၏ ပါရမီျဖည့္ဖက္ ဇာနည္ရဲေမမ်ားသည္လည္း ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို အသက္ကိုပဓာနမထားဘဲ ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ လူတိုင္း စြန႔္ႏိုင္ခဲ၊ လုပ္ေဆာင္ႏိုင္ခဲသည့္ တာဝန္မ်ားကို ေက်ပြန္စြာ စြန႔္လႊတ္ လုပ္ေဆာင္ခဲ့သူမ်ားအတြက္ တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္းအခမ္းအနားကို ႏွစ္စဥ္ႏွစ္တိုင္း လြတ္လပ္ေရးေန႔ အခါသမယတြင္ က်င္းပ ျပဳလုပ္ေပးျခင္းျဖစ္ေၾကာင္း။

တပ္မေတာ္သည္ စတင္တည္ေထာင္ဖြဲ႕စည္းစဥ္ကတည္းက မိမိတို႔ႏိုင္ငံ ဆုံးရႈံးခဲ့သည့္ လြတ္လပ္ေရးကို တိုင္းရင္းသားျပည္သူမ်ားႏွင့္ လက္တြဲၿပီး ရယူေပးလိုေသာ ေလးနက္မြန္ျမတ္သည့္ ႏိုင္ငံခ်စ္စိတ္မ်ိဳးခ်စ္စိတ္ႏွင့္ သေႏၶတည္ဖြဲ႕စည္းခဲ့ၿပီး ျပည္ေထာင္စုဖြား တိုင္းရင္းသားျပည္သူမ်ား၏ ရင္ႏွစ္သည္းခ်ာ သားသမီး ရတနာမ်ားႏွင့္ ဖြဲ႕စည္းထားေသာ ျပည္ေထာင္စုတပ္မေတာ္၊ ျပည္သူ႔တပ္မေတာ္ျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္၏ သမိုင္းေပး တာဝန္အရပ္ရပ္ကို ေအာင္ျမင္ေက်ပြန္သည္အထိ ကိုယ္က်ိဳးစြန႔္လႊတ္ၿပီး အသက္ႏွင့္ ခႏၶာ ႏွင္းဆက္စြန႔္လႉ၍ တာဝန္ထမ္း႐ြက္လာသည့္ အခိုင္မာဆုံးအဖြဲ႕အစည္းလည္းျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္မႈႏွင့္ ပတ္သက္လာပါက တပ္မေတာ္သည္ ရယူလိုမႈ အနည္းဆုံးႏွင့္ ေပးဆပ္ႏိုင္မႈအျမင့္မားဆုံး အဖြဲ႕အစည္းတစ္ရပ္ျဖစ္ေၾကာင္းကို တပ္မေတာ္၏ အစဥ္အလာ တစ္ဆယ့္ႏွစ္ရပ္ႏွင့္ မွတ္ေက်ာက္တင္ခံခဲ့ၿပီး ျဖစ္ေၾကာင္း။

ယေန႔အခ်ိန္အခါသည္ ႏိုင္ငံေတာ္ကို ျပည္သူလူထု၏ဆႏၵႏွင့္အညီ စည္းကမ္းျပည့္ဝသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ ခိုင္ခိုင္မာမာျဖစ္ေစေရး ေဖာ္ေဆာင္ေလွ်ာက္လွမ္းေနခ်ိန္ျဖစ္ေၾကာင္း၊ ယခုလိုေဆာင္႐ြက္ ေနခ်ိန္တြင္ ႏိုင္ငံသူ၊ ႏိုင္ငံသားတို႔၏ အမ်ိဳးသားအက်ိဳးစီးပြား ျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ရန္အတြက္ တပ္မေတာ္သားမ်ား အေနႏွင့္ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ကို အရင္းခံၿပီး မဆုတ္မနစ္ေသာ ဇြဲ၊ လုံ႔လတို႔ႏွင့္ က်ရာတာဝန္ကိုေက်ပြန္ၿပီးေျမာက္ေအာင္ ေန႔မနား၊ ညမအား စြမ္းစြမ္းတမံ ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ တပ္မေတာ္သည္ တိုင္းရင္းသားျပည္သူလူထု၏ အက်ိဳးစီးပြားတစ္ခုတည္းကိုသာ ေရွးရႈၿပီး ေခတ္အဆက္ဆက္ ေတာက္ေလာင္ခဲ့သည့္ လက္နက္ကိုင္ပဋိပကၡ မီးေတာက္ကို ထာဝရ ၿငိမ္းခ်မ္းေရးႏွင့္အၿပီးတိုင္ ျငႇိမ္းသတ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိက အဟန႔္အတားျဖစ္ေစသည္မွာ တည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္းပင္ျဖစ္ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈဆိုရာတြင္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းရန္ အဓိကအေရးႀကီးပါေၾကာင္း။

ထို႔ေၾကာင့္ တပ္မေတာ္အေနႏွင့္ ၿငိမ္းခ်မ္းေရးကိစၥမ်ား ေဆာင္႐ြက္သည့္ေနရာတြင္ တဒဂၤၿငိမ္းခ်မ္းေရး၊ တဒဂၤျပႆနာမ်ား ေျပလည္ေရးကိုသာ ဦးတည္ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ထာဝရၿငိမ္းခ်မ္းေရးရရွိရန္ ေဆာင္႐ြက္ေနၿပီး ၂၀၂၀ ျပည့္ႏွစ္တြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေရး၊ တိုင္းရင္းသား ျပည္သူလူထုက လိုလားေတာင့္တသည့္ ထာဝရၿငိမ္းခ်မ္းေရးကို ျပည္သူ႔လက္သို႔ အေရာက္ေပးအပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ေနျခင္းပင္ျဖစ္ေၾကာင္း။

သို႔ေသာ္လည္း ယေန႔ထက္တိုင္ အျမင္က်ဥ္းေျမာင္းေနဆဲ၊ အတၱကို ေရွ႕တန္းတင္ေနဆဲျဖစ္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က ေခါင္းေဆာင္မ်ားသည္ ဒီမိုကေရစီ ေဖာ္ေဆာင္ရာတြင္ ၿငိမ္းခ်မ္းစြာ ေဆာင္႐ြက္ရမည့္အစား ႏိုင္ငံေတာ္အစိုးရ၏ အုပ္ခ်ဳပ္ေရး ယႏၲရားကို ပ်က္ျပားေစၿပီး ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ လုံၿခဳံမႈမရွိေအာင္ လုပ္ေဆာင္ေနမႈမ်ား၊ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားကို အၾကမ္းဖက္ လုပ္ရပ္မ်ားႏွင့္ ထိပါး ေႏွာင့္ယွက္မႈမ်ားအျပင္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ရယူလိုစိတ္နည္းပါးမႈမ်ားေၾကာင့္ မလြဲမေရွာင္သာဘဲ စစ္ေရးနည္းအရ ရင္ဆိုင္ေျဖရွင္းမႈမ်ား ရွိေနဆဲျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္က အႀကိမ္ႀကိမ္လိုက္ေလ်ာမႈမ်ား၊ သေဘာထားႀကီးစြာႏွင့္ သည္းခံ ညႇိႏႈိင္းမႈမ်ားကို လ်စ္လ်ဴရႈၿပီး လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က ႏိုင္ငံေရးအျမတ္ထုတ္လိုမႈ၊ ပုဂၢလိက အက်ိဳးစီးပြားကို ေရွ႕တန္းတင္ကာ ပဋိပကၡမ်ားကို စတင္ဖန္တီးျခင္းျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားလ်က္ရွိေၾကာင္း။

သမိုင္းတစ္ေလွ်ာက္ကို ျပန္ၾကည့္ပါက တပ္မေတာ္သည္ ဒို႔တာဝန္အေရးသုံးပါးကို ထာဝစဥ္ဦးထိပ္ပန္ဆင္ၿပီး အဖ်က္အေမွာင့္လုပ္ရပ္မ်ားကို လက္ပိုက္ရပ္ၾကည့္မေနဘဲ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုေရွ႕က မားမားမတ္မတ္ရပ္တည္ကာ တရားေသာစစ္ပြဲမ်ားကို ဆင္ႏႊဲခဲ့ၾကရေၾကာင္း၊ ထိုသို႔ ႏိုင္ငံႏွင့္ ျပည္သူအေပၚ ေတာ္တည့္မွန္ကန္စြာ သစၥာေစာင့္သိၿပီး တရားေသာစစ္ပြဲကို ေက်ပြန္ၿပီးေျမာက္သည္အထိ စြန႔္လႊတ္ စြန႔္စားဆင္ႏႊဲခဲ့ၾကသူမ်ားသည္ လူေသေသာ္လည္း နာမည္မေသသည့္ ႏိုင္ငံ့သားေကာင္းမ်ားအျဖစ္ သမိုင္းတြင္ ကမၸည္းေမာ္ကြန္းတင္ျခင္း ခံၾကရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္ကာကြယ္ေရးကို ထမ္းေဆာင္သည့္ေနရာတြင္ “အာဇာနည္ဟူသည္ အသက္ကို ခင္တြယ္႐ိုးထုံးမရွိ၊ အာဇာနည္ဟူက အသက္ကို စြန႔္ၿမဲတည္း” ဆိုသည့္ အာဇာနည္စိတ္ဓာတ္ေမြးၿပီး အ႐ိုးေၾကေၾက အေရခမ္းခမ္း သက္စြန႔္ႀကိဳးပမ္းသူမ်ားသည္ မိမိတို႔တပ္မေတာ္တြင္ စဥ္ဆက္မျပတ္ေပၚထြန္းခဲ့ေသာေၾကာင့္လည္း ယေန႔ခ်ိန္ထိ ျမန္မာႏိုင္ငံဟူ၍ ကမာၻ႔အလယ္တြင္ ခန႔္ခန႔္ထည္ထည္ရပ္တည္ေနႏိုင္ျခင္းပင္ျဖစ္ေၾကာင္း။

ယခုအခမ္းအနားမွာ သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္ ရရွိသူ ၁၅ ဦး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ သူရဲေကာင္းလက္မွတ္ရရွိသူ ၃ ဦး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ထူးေဆာင္လက္မွတ္ရရွိသူ ၆ ဦး တို႔ကို ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ သူရဲေကာင္းလက္မွတ္ရရွိသူ ၁၀ ဦးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ထူးေဆာင္လက္မွတ္ရရွိသူ ၂၈ ဦးတို႔ကိုလည္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား သက္ဆိုင္ရာ တိုင္းမႉးမ်ားက တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း ခ်ီးျမႇင့္ အပ္ႏွင္းသြားမည္ျဖစ္ေၾကာင္း။

တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္မ်ား ခ်ီးျမႇင့္ အပ္ႏွင္းျခင္းခံၾကသူမ်ား သည္ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ ႀကဳံေတြ႕ရသမွ် အခက္အခဲမ်ားကို အမႈမထားဘဲ အသက္ႏွင့္ခႏၶာကို စြန႔္လႊတ္ၿပီး ေျပာင္ေျမာက္သည့္ သူရသတၱိမ်ားႏွင့္ ရဲရဲဝံ့ဝံ့ တိုက္ပြဲဝင္ေဆာင္႐ြက္မႈ၊ စြန႔္လႊတ္စြန႔္စားသည့္ စိတ္ဓာတ္၊ ခိုင္မာၿမဲၿမံ ေသာ သႏၷိ႒ာန္စိတ္ဓာတ္မ်ားႏွင့္ တာဝန္ထမ္းေဆာင္မႈမ်ားအတြက္ အထူးပင္ဂုဏ္ယူမိပါ ေၾကာင္းႏွင့္ ဆုတံဆိပ္မ်ား ခ်ီးျမႇင့္ျခင္းမခံရေသာ္လည္း စြမ္းေဆာင္ခဲ့ၾကသူမ်ား အားလုံးကို မွတ္တမ္းတင္ ဂုဏ္ျပဳပါေၾကာင္း။

တပ္မေတာ္သားတိုင္းအေနျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ၾကရာတြင္ စြန႔္လႊတ္ စြန႔္စား၍ အသက္ကိုပဓာနမထားဘဲ အမိႏိုင္ငံေတာ္ႏွင့္ ျပည္သူ၊ ျပည္သားမ်ားအတြက္ ေပးအပ္လာသည့္ ရည္မွန္းခ်က္တာဝန္မ်ားကို တုံးတိုက္တိုက္၊ က်ားကိုက္ကိုက္ မတြန႔္မဆုတ္ ဦးေဆြးဆံျမည့္ ေက်ပြန္ ေအာင္ျမင္ေအာင္ ထမ္းေဆာင္ၿပီး ႏိုင္ငံေတာ္က အားထားရေသာ၊ ျပည္သူလူထုက အားကိုးရေသာ မ်ိဳးခ်စ္တပ္မေတာ္သားေကာင္း ဇာနည္မ်ားျဖစ္ေအာင္ အစဥ္သျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ သြားၾကေစလို ေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္ရရွိသူ ဒုတိယဗိုလ္မႉးႀကီး ၂ ဦး၊ ဗိုလ္မႉး ၃ ဦး၊ ဗိုလ္ႀကီး ၂ ဦး၊ တပ္ၾကပ္ႀကီး ၂ ဦးႏွင့္ အေမြခံ ၆ ဦးတို႔အားလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ သူရဲေကာင္းလက္မွတ္ ရရွိသူမ်ားျဖစ္ၾကသည့္ ဗိုလ္မႉးႀကီး ၂ ဦးႏွင့္ ဗိုလ္မႉး ၁ ဦးတို႔အားလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ဂုဏ္ထူးေဆာင္လက္မွတ္ရရွိသူ ဗိုလ္မႉးႀကီး ၁ ဦး၊ ဗိုလ္ႀကီး ၄ ဦးႏွင့္ အေမြခံ ၁ ဦး တို႔အားလည္းေကာင္း သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္ႏွင့္လက္မွတ္မ်ားကို ေပးအပ္ ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္မ်ားရရွိခဲ့သည့္ အရာရွိ၊ စစ္သည္မ်ား၊ အေမြခံမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ လက္မွတ္မ်ားခ်ီးျမႇင့္ျခင္း ခံရသူမ်ားႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳလက္ဖက္ရည္ျဖင့္ တည္ခင္းဧည့္ခံကာ ျပည္သူ႔ ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမႉး႐ုံးကြပ္ကဲမႈေအာက္ ျမဝတီေတးဂီတအဖြဲ႕မွ ဂုဏ္ျပဳ ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက အခမ္းအနား သို႔တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္သည္။

ယခု ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၄ ရက္၊ ၇၂ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ တြင္လည္း သီဟသူရဘြဲ႕ရရွိသူ ၁ ဦး၊ သူရဘြဲ႕ရရွိသူ ၃ ဦး၊ သူရဲေကာင္းမွတ္တမ္း ဝင္တံဆိပ္ရရွိသူ ၉ ဦးတို႔ျဖစ္ရာ တပ္မေတာ္ စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္ ႏွင့္ လက္မွတ္ရရွိသူ စုစုေပါင္းအေနျဖင့္ ေအာင္ဆန္းသူရိယဘြဲ႕ ၆ ဦး၊ သီဟသူရဘြဲ႕ ၄၉ ဦး၊ သူရဘြဲ႕ ၅၄၅ ဦး၊ သီဟဗလတံဆိပ္ ၆ ဦး၊ သူရဲေကာင္းမွတ္တမ္းဝင္ ၁၈၆၀ ဦး၊ သူရဲေကာင္းမွတ္တမ္းဝင္တံဆိပ္ ၂၀၁၁ ဦး၊ စစ္ေသနာပတိခ်ဳပ္၏သူရဲေကာင္းလက္မွတ္ ၃၃၇ ဦး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ သူရဲေကာင္းလက္မွတ္ ၂၈၈၉ ဦး၊ စစ္ေသနာပတိခ်ဳပ္၏ ဂုဏ္ထူးေဆာင္လက္မွတ္ ၂ ဦး၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ဂုဏ္ထူးေဆာင္လက္မွတ္ ၁၇၁၃ ဦး တို႔ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။