တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်အား လက်ခံ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ် အကြံပေး အရာရှိကြီး Air Marshal Kemtus Jiraprapar ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူး Group Captain Pruit Tugesuin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြပြီး ကောင်းမွန်သည့်ဆက်ဆံရေးသမိုင်းကြောင်းရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုများစွာ အထောက်အကူဖြစ်စေနိုင်သည့် အခြေအနေများ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်အား တုံ့ပြန်ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး၊ သင်တန်းသား များစေလွှတ်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထိုင္းဘုရင့္ေလတပ္ ဦးစီးခ်ဳပ္ အား လက္ခံ ေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ထိုင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Maanat Wongwat အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထိုင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ထိုင္းဘုရင့္ေလတပ္ အႀကံေပး အရာရွိႀကီး Air Marshal Kemtus Jiraprapar ၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းဘုရင့္ေလတပ္စစ္သံမႉး Group Captain Pruit Tugesuin ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔သည္ အိမ္နီးခ်င္းမိတ္ေဆြေကာင္း ႏိုင္ငံမ်ားျဖစ္ၾကၿပီး ေကာင္းမြန္သည့္ဆက္ဆံေရးသမိုင္းေၾကာင္းရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရး ေကာင္းမြန္ျခင္းျဖင့္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးကိုမ်ားစြာ အေထာက္အကူျဖစ္ေစႏိုင္သည့္ အေျခအေနမ်ား၊ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီ ေပးျခင္းႏွင့္ သဘာဝေဘးအႏၲရာယ္အား တုံ႔ျပန္ကာကြယ္ျခင္း HADR (Humanitarian Assistance and Disaster Responce) လုပ္ငန္းစဥ္မ်ားတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ ႏွစ္ရပ္၊ အာဆီယံေဒသတြင္းႏိုင္ငံမ်ားႏွင့္ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္သည့္ အေျခအေနမ်ား၊ မိုးေလဝသဆိုင္ရာ သတင္းအခ်က္အလက္ဖလွယ္ေရး၊ သင္တန္းသား မ်ားေစလႊတ္ေရး၊ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား လည္ပတ္ေရး ဆိုင္ရာကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾက သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထိုင္းဘုရင့္ေလတပ္ဦးစီးခ်ဳပ္ တို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။