အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများ စုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ပိုင်းတွင် ဖောင်တော်ဦးမြတ်စွာ ဘုရား နမ့်ဟူးနှစ်ထပ်ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ညောင်ရွှေမြို့နယ်၊ ဟိုတယ်ဇုံလှေဆိပ်မှ အင်းလေးဒေသသုံးအမြန်ရေယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး အင်းလေးဒေသပတ်ဝန်းကျင်အား ကြည့်ရှုလေ့လာကြသည်။ ထို့နောက် အင်းလေးဒေသ၊ နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား မြောက်ဘက်မုဒ်သို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များ၊ အင်းလေးစာပေယဉ်ကျေးမှုအသင်း၊ အင်းသား လူမှုရေးအသင်း၊ လှေလှော်အသင်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းလေးဒေသ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက အင်းလေး ရိုးရာ အိုးစည်ဝိုင်းဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များအား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ကပ်လှူပူဇော် ပြီး ရွှေသင်္ကန်းဆက်ကပ်ပူဇော်သည်။ ယင်းနောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီးအား ကြည်ညို ကုသိုလ်ပွားများခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာ သနာတော်ကြီး တည်တံ့ခိုင်မြဲပြီး ထွန်းလင်းတောက်ပနေပါစေကြောင်းနှင့် မြန်မာနိုင်ငံတော်ကြီး အေးချမ်း သာယာဖွံ့ ဖြိုးတိုးတက်ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း ရေးသားပူဇော်ပြီးနောက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် အဖြစ် ဖောင်တော်ဦးစေတီ တော်ပုံစံငယ်အား ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး အစီအစဉ်အရ ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် နေပူခံ ကျောက်ပြားများ လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားအား နမ့်ဟူးနှစ်ထပ်ကျောင်းဆောင်ကြီး၌ ဆက်လက်ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များအား နာယူကြ သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖောင်တော်ဦးရုပ်ရှင်တော် မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်းပူဇော်ခြင်း ရခြင်းနှင့်ပတ်သက်၍ လျှောက်ထား ရာတွင် အင်းလေးကန်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ်သကဲ့သို့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများသည်လည်း ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှားကျော်ကြားသည့် သာသနာ့အမွေအနှစ်များ ဖြစ်သည့်အပြင် အင်းလေးဒေသ၏ ထူးခြားချက်အနေဖြင့် လှေလှော်ရာတွင် လက်ဖြင့်သာမက ခြေထောက်ဖြင့်ပါ လှော်ခတ် နိုင်ကြသဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားမှုရရှိထားပါကြောင်း၊ အင်းလေးဖောင် တော်ဦးဘုရားကြီးကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ဖူးမြော်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လေ့လာခြင်းကြောင့် အင်းလေးဒေသ၏ လူနေမှုစီးပွားဘဝများ များစွာတိုးတက်မှုရှိ လာပါကြောင်း၊ အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်များနှင့် ကိန်းဝပ်စံပယ်တော်မူရာ စံကျောင်းတော် ကြီးကို ယနေ့ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများ အပါအဝင် အစဉ်အဆက် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ ဖူးမြော်ကြည်ညိုခွင့်ရနေသည်ကို ရဟန်းရှင် လူပြည်သူအများကိုယ်စား ဝမ်းမြောက် သာဓု ခေါ်ဆိုပါကြောင်း၊

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများအား ကာကွယ် စောင့်ရှောက်လျက်ရှိရာတွင် အမျိုး၊ ဘာသာ၊ သာသနာ ကိုလည်း တည်တံ့ခိုင်မြဲ ထွန်းကား ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များနှင့် အင်းလေးဒေသကိုလည်း အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းဘုရားဖူးများသာမက ကမ္ဘာလှည့် ခရီးသွားများပါ နေ့စဉ်အဆက်မပြတ်လာရောက်ဖူးမြော်လျက်ရှိသည့် ဘုရားကြီး ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ သွားလာမှု ပိုမိုအဆင်ပြေစေပြီး ဆွဲဆောင်မှု ပိုမိုရှိလာစေရန်အတွက် ဖောင်တော်ဦးဘုရားကြီးနှင့် ဘုရားပရိဝဏ် အတွင်း ရင်သပ်ရှု မောဖွယ်ဖြစ်စေရန်နှင့် ပိုမိုသပ္ပါယ်လာစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များအား လုံခြုံမှု၊ သန့်ရှင်းမှုနှင့် ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေရန် ရည်ရွယ်၍ ဖန်အုပ်ဆောင်းတော်အား ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက်တွင်လှူဒါန်းခဲ့ပါကြောင်း၊ ယင်းလှူဒါန်းပွဲတွင် လှည့်လည်ကြည့်ရှုရာ၌ ရင်ပြင်တော်တွင် ခင်းကျင်းထားသည့် ကျောက်ပြားများသည် နေပူခံမဟုတ်သဖြင့် ဘုရားဖူး ရဟန်းရှင်လူပြည်သူအများ သွားလာရာတွင် အဆင်မပြေနိုင်ကြောင်းတွေ့ရှိရသောကြောင့် အချိန်မရွေးအေးချမ်းစွာ သွားလာနိုင်ရေးအတွက် နေပူခံကျောက်ပြားများ ခင်းကျင်းလှူဒါန်းရန် စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှ စ၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေ ကျပ်သိန်း ၃၅၀၀ ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ နေပူခံကျောက်ပြားအသစ် ခင်းကျင်းခြင်း ၈၁၂၆၀ စတုရန်း ပေ၊ ဆယ်တင်ပြုပြင်ပေးခြင်း ၄၇၇၈ စတုရန်းပေ၊ စုစုပေါင်း ၈၆၀၃၈ စတုရန်းပေအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ခင်းကျင်းပြီးစီးခဲ့ပြီး ဘုရားဖူးပြည်သူအပေါင်း စိတ်လက်ချမ်းသာစွာဖြင့် ဘုရားဖူးနိုင်ကြသည့်အတွက် များစွာ ကြည်နူးဝမ်းသာဖြစ်ရပါ ကြောင်းနှင့် ဘုရားပွဲမတိုင်မီပြီးစီးအောင် ခင်းကျင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ကျောက်ပြားများခင်းကျင်းလှူဒါန်းမှုအတွက် ယနေ့တွင် ရေစက်ချမင်္ဂလာ အခမ်းအနား ပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

ရှေးနှစ်ပေါင်းများစွာကပင် ဗုဒ္ဓသာသနာတော် ထွန်းလင်းဝေစည်ခဲ့သည့် အင်းလေး ဒေသတွင် ဗုဒ္ဓသာ သနာတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆရာတော်ကြီးများ၏ လမ်းညွှန်သြဝါဒများကိုခံယူပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများလက်တွဲ၍ ထာဝစဉ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သော ကုသိုလ်စေတနာ တို့ကြောင့် အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်နှင့်တကွ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း၊ အနှောင့်အယှက်များ ကင်းဝေးပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ရေရှည်သန့်ရှင်းတည်တံ့နိုင်ရေး အတွက်လည်း အားလုံး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ဆရာတော်ကြီးများ သက်ရှည်ကျန်းမာစွာဖြင့် သာသနာတော် အကျိုး သယ်ပိုးထမ်းဆောင်နိုင်တော်မူပါစေ ကြောင်းနှင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်းများစွာ အဓွန့် ရှည်တည်တံ့ ဝေစည် ပြန့်ပွားထွန်းလင်းပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း လျှောက်ထား တင်ပြသည်။

ထို့နောက် သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ကြီးက သြဝါဒစကား မြွက်ကြားရာတွင် လမ်းလှူရခြင်းသည် အသက်ရှည်ခြင်းအလှူ ၆ မျိုးတွင်ပါဝင်သော အလှူဖြစ်ကြောင်း၊ ယခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဦးစီး၍ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများ စုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်းပူဇော်ခြင်းသည် ဘုရားဖူးပြည်သူ များအတွက် လမ်းလှူခြင်းဖြစ်ပြီး နေ့စဉ် ဘုရားဖူးလာသူများ အသုံးပြုလျက်ရှိသဖြင့် အမြဲကုသိုလ်ရ သည့်အလှူဖြစ်ကြောင်းနှင့် တပ်မတော်သားအားလုံးအေးချမ်းပါစေ ကြောင်း၊ အမြဲထာဝရကုသိုလ်ရ ပါစေကြောင်းဖြင့် မေတ္တာပို့သဆုတောင်းမြွက်ကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များနှင့် အခမ်းအနား တက်ရောက်လာကြသူများက သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များအားလှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် အင်းလေးဒေသ အင်းလျားကျောင်းဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဓမ္မဝရ ဆရာတော်က သြဝါဒစကားမြွက်ကြားရာတွင် အင်းလေးကန်နှင့် ဖောင်တော်ဦးစေတီတော်တို့သည် ၁၉၈၈ ခုနှစ်မတိုင်မီ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် အင်းလေးဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ရာမှ စတင်တိုးတက်လာခဲ့ပြီး ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးခဲ့သဖြင့် ဝမ်းမြောက်ပါကြောင်း၊ “ကမ္ဘာကျော်၊ ရောင်တော်မြူးသည့်၊ ဖောင်တော်ဦးစေတီတော်”၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက ၂၀၁၉ ခုနှစ် ဧပြီလတွင် အင်းလေးဖောင် တော်ဦးစေတီတော် လုံခြုံရေး၊ ရေရှည်တည်တံ့ရေးတို့အတွက် ဖန်အုပ်ဆောင်းလှူဒါန်းခဲ့ကြောင်း၊ ယခုအခါ ဘုရားဖူးပရိသတ်များ အပူငြိမ်းအေးစွာ ဘုရားဖူးနိုင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် (ကြည်း၊ ရေ၊ လေ) မိသားစုများက နေပူခံကျောက်ပြားများ လှူဒါန်းခဲ့သဖြင့် တပ်မတော်သားများနှင့် မိသားစုအားလုံး အပူခပ်သိမ်း ကင်းငြိမ်း အေးချမ်းပါစေကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပြီး အနုမောဒနာတရားပေးဝေရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနား အောင်မြင်ခြင်းအထိန်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများသည် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အင်းလေးဒေသရှိ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံခဲ့ရာ ဒေသခံ ရပ်မိရပ်ဖများက အင်းလေးဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး တို့အတွက် ဒေသတွင်း လိုအပ်ချက်များအား တင်ပြကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းလေးဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးအကြံပြု ပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဝင်ငွေရရှိရေးသည် အရေးကြီးသဖြင့် ဒေသတွင်းကုန်ထုတ်လုပ်မှုနှင့် ရောင်းကုန်ရှိရမည်ဖြစ်ပြီး ဒေသတွင်း လုပ်ငန်းငယ်များဖြစ်သည့် ရိုးရာအဝတ်အထည် ထုတ်လုပ်ခြင်းနှင့် အခြားသော ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက်သင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း ဈေးကွက်ရရှိရေးအတွက် အရည်အသွေးကောင်းမွန်သည့် ပစ္စည်းကောင်းများ ထွက်ရှိအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ပစ္စည်းကောင်းရရှိရန် ပညာရှင်များ လိုအပ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုစေနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာရေး ပညာရေးကဏ္ဍကို အားပေးကြရမည်ဖြစ် ကြောင်း။

အင်းလေးကန်ရေရှည်တည်တံ့ပြီးစိမ်းလန်းစိုပြေရေးအတွက် တိုးပွားလာသည့် လူဦးရေကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ရေရှည်စီမံချက်များဖြင့် မြို့ပြစီမံကိန်း များကိုလည်း ရေးဆွဲထားရှိရမည်ဖြစ်ကြောင်း၊ အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ကန်ပတ်လမ်းနှင့် ကန်ကိုတာပတ်နိုင်လျှင် အကျိုးရှိမည်ဖြစ်ကြောင်း၊ ကန်အတွင်း မှ ဆယ်ယူရရှိသည့် နုန်းများကို ကန်ပတ်လမ်း၏အပြင်ဘက် အနာဂတ်တွင် နေထိုင်မည့် မြို့ပြစီမံကိန်းနေရာများတွင် ပုံ၍မြေပြုပြင်ခြင်းဖြင့် အနာဂတ်အတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း၊ အင်းလေးကန်အတွင်း ပလပ်စတစ်များနှင့် အမှိုက်များကင်းစင်ရေးသည် ဒေသအတွက် အလွန်အရေးကြီးသဖြင့် ပလပ်စတစ်ကို မဖြစ်မနေသုံးစွဲပါကလည်း စနစ်တကျဖြင့် စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ပလပ်စတစ်သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ပင်လယ်များတွင်ပါ များပြားလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာဝသယံဇာတများကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက် ရှိသဖြင့် ဒေသခံများ၊ အုပ်ချုပ်သူများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းနှင့် ယခုဒေသခံများ၏တင်ပြချက်များအပေါ် တပ်မတော်မှ တတ်နိုင်သရွေ့ကူညီညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က တက်ရောက်လာကြသည့် ဒေသခံရပ်မိရပ်ဖများအား တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများအား ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အင်းသား ရိုးရာလှေလှော် အဖွဲ့သားများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း ထားသည့် အမျိုးသား ၄၆ တက် အင်းသားရိုးရာပြိုင်လှေ ၄ စီးဖြစ်သည့် ဘုရင့်နောင်လှေ၊ အင်းသားဂုဏ်ရည်လှေ၊ အင်းတော်ဝင်လှေနှင့် အင်းလေးရတနာ တို့ဖြင့် သရုပ်ပြ လှော်ခတ်ပြသကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ပရိသတ် များက အားပေးကြည့်ရှုကြသည်။ ထို့နောက် လှေလှော်အဖွဲ့သားများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် အင်းသားရိုးရာလှေပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌဦးတင်အောင် က အမျိုးသား ၄၆ တက် အင်းသားရိုးရာပြိုင်လှေ ၄ စီးဖြစ်သည့် ဘုရင့်နောင်လှေ၊ အင်းသားဂုဏ်ရည်လှေ၊ အင်းတော်ဝင်လှေနှင့် အင်းလေးရတနာတို့အား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းပေးခဲ့သည့်အတွက် အင်းလေးဒေသအတွင်း ရိုးရာလှေလှော်ပြိုင်ပွဲများပြုလုပ်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများကို ရိုးရာဓလေ့များ ပြသခြင်းနှင့် မျိုးဆက်သစ်လူငယ်၊ လူရွယ်များအား လက်ဆင့်ကမ်းအမွေပေးရာတွင် အထောက် အကူများ စွာပြုလျက်ရှိသောကြောင့် ဒေသအတွက် များစွာအကျိုးရှိပါကြောင်းဖြင့် ကျေးဇူးတင် စကားပြောကြားပြီး ကျေးဇူးတင်လွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေး ဒေသသုံးအမြန်ရေယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ဒေသခံပြည်သူများ၊ လှေလှော် အသင်းသားများက အင်းလေးရိုးရာ အိုးစည်ဝိုင်းဖြင့် လှိုက်လှိုက်လှဲလှဲ လက်များဝှေ့ယမ်း ၍ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

အင္းေလးေဖာင္ေတာ္ဦး႐ုပ္ရွင္ေတာ္ျမတ္စြာဘုရား၊ ရင္ျပင္ေတာ္၌ တပ္မေတာ္ (ၾကည္း၊ေရ၊ ေလ) မိသားစုမ်ား စုေပါင္းလႉဒါန္းသည့္ ေနပူခံေက်ာက္ျပားမ်ား လႉဒါန္း ပူေဇာ္ျခင္းႏွင့္ ေရစက္ခ်အလႉေတာ္မဂၤလာအခမ္းအနား က်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၅

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသ၊ နမ့္ဟူးေက်း႐ြာ၊ ေဖာင္ေတာ္ဦး ႐ုပ္ရွင္ေတာ္ျမတ္စြာဘုရား၊ ရင္ျပင္ေတာ္၌ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားစုေပါင္းလႉဒါန္းသည့္ ေနပူခံေက်ာက္ျပားမ်ား လႉဒါန္းပူေဇာ္ျခင္းႏွင့္ ေရစက္ခ်အလႉေတာ္မဂၤလာအခမ္းအနားအား ယေန႔နံနက္ ပိုင္းတြင္ ေဖာင္ေတာ္ဦးျမတ္စြာ ဘုရား နမ့္ဟူးႏွစ္ထပ္ေက်ာင္းေတာ္ႀကီး၌ က်င္းပျပဳလုပ္သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ဟိုတယ္ဇုံေလွဆိပ္မွ အင္းေလးေဒသသုံးအျမန္ေရယာဥ္မ်ားျဖင့္ ထြက္ခြာခဲ့ၾကၿပီး အင္းေလးေဒသပတ္ဝန္းက်င္အား ၾကည့္ရႈေလ့လာၾကသည္။ ထို႔ေနာက္ အင္းေလးေဒသ၊ နမ့္ဟူးေက်း႐ြာ၊ ေဖာင္ေတာ္ဦး႐ုပ္ရွင္ေတာ္ျမတ္စြာဘုရား ေျမာက္ဘက္မုဒ္သို႔ ေရာက္ရွိၾကရာ ေဂါပကအဖြဲ႕ဝင္မ်ား၊ အင္းေလးစာေပယဥ္ေက်းမႈအသင္း၊ အင္းသား လူမႈေရးအသင္း၊ ေလွေလွာ္အသင္းမ်ား၊ ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ အင္းေလးေဒသ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားက အင္းေလး ႐ိုးရာ အိုးစည္ဝိုင္းျဖင့္ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔က အင္းေလးေဖာင္ေတာ္ဦး ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား ျမသပိတ္ဆြမ္းေတာ္၊ ပန္း၊ ေရခ်မ္းႏွင့္ သစ္သီးမ်ား ကပ္လႉပူေဇာ္ ၿပီး ေ႐ႊသကၤန္းဆက္ကပ္ပူေဇာ္သည္။ ယင္းေနာက္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရားႀကီးအား ၾကည္ညိဳ ကုသိုလ္ပြားမ်ားခြင့္ရရွိသည့္အတြက္ မ်ားစြာဝမ္းေျမာက္မိပါေၾကာင္း၊ ကမာၻတည္သေ႐ြ႕ ဗုဒၶသာ သနာေတာ္ႀကီး တည္တံ့ခိုင္ၿမဲၿပီး ထြန္းလင္းေတာက္ပေနပါေစေၾကာင္းႏွင့္ ျမန္မာႏိုင္ငံေတာ္ႀကီး ေအးခ်မ္း သာယာဖြံ႕ ၿဖိဳးတိုးတက္ပါေစေၾကာင္းျဖင့္ ဆုမြန္ေကာင္းေတာင္း ေရးသားပူေဇာ္ၿပီးေနာက္ ဘက္စုံအလႉေငြမ်ား ေပးအပ္လႉဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၿပီး ဓမၼလက္ေဆာင္ အျဖစ္ ေဖာင္ေတာ္ဦးေစတီ ေတာ္ပုံစံငယ္အား ျပန္လည္ေပးအပ္သည္။

ဆက္လက္ၿပီး အစီအစဥ္အရ ေဖာင္ေတာ္ဦး႐ုပ္ရွင္ေတာ္ျမတ္စြာဘုရား၊ ရင္ျပင္ေတာ္၌ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားစုေပါင္းလႉဒါန္းသည့္ ေနပူခံ ေက်ာက္ျပားမ်ား လႉဒါန္းပူေဇာ္ျခင္းႏွင့္ ေရစက္ခ် အလႉေတာ္မဂၤလာ အခမ္းအနားအား နမ့္ဟူးႏွစ္ထပ္ေက်ာင္းေဆာင္ႀကီး၌ ဆက္လက္ျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ သိမ္ေတာင္ပရိယတၱိ စာသင္တိုက္ဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္ အရွင္သူျမတ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားအား နာယူၾက သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဖာင္ေတာ္ဦး႐ုပ္ရွင္ေတာ္ ျမတ္စြာဘုရား၊ ရင္ျပင္ေတာ္၌ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားစုေပါင္းလႉဒါန္းသည့္ ေနပူခံေက်ာက္ျပားမ်ား လႉဒါန္းပူေဇာ္ျခင္း ရျခင္းႏွင့္ပတ္သက္၍ ေလွ်ာက္ထား ရာတြင္ အင္းေလးကန္သည္ ျမန္မာႏိုင္ငံတြင္သာမက ကမာၻတြင္ပါ ေက်ာ္ၾကားသည့္ ကန္ႀကီးတစ္ခုျဖစ္သကဲ့သို႔ အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရားမ်ားသည္လည္း ဗုဒၶဘာသာဝင္မ်ားအၾကားတြင္ ထင္ရွားေက်ာ္ၾကားသည့္ သာသနာ့အေမြအႏွစ္မ်ား ျဖစ္သည့္အျပင္ အင္းေလးေဒသ၏ ထူးျခားခ်က္အေနျဖင့္ ေလွေလွာ္ရာတြင္ လက္ျဖင့္သာမက ေျခေထာက္ျဖင့္ပါ ေလွာ္ခတ္ ႏိုင္ၾကသျဖင့္ ႏိုင္ငံတကာမွ ကမာၻလွည့္ခရီးသြားမ်ား အထူးစိတ္ဝင္စားမႈရရွိထားပါေၾကာင္း၊ အင္းေလးေဖာင္ ေတာ္ဦးဘုရားႀကီးကို ျပည္တြင္း၊ ျပည္ပ ဘုရားဖူးမ်ား လာေရာက္ဖူးေျမာ္ျခင္း၊ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္ ေလ့လာျခင္းေၾကာင့္ အင္းေလးေဒသ၏ လူေနမႈစီးပြားဘဝမ်ား မ်ားစြာတိုးတက္မႈရွိ လာပါေၾကာင္း၊ အင္းေလးေဖာင္ေတာ္ဦး ႐ုပ္ပြားေတာ္မ်ားႏွင့္ ကိန္းဝပ္စံပယ္ေတာ္မူရာ စံေက်ာင္းေတာ္ ႀကီးကို ယေန႔ႂကြေရာက္ေတာ္မူၾကသည့္ ဆရာေတာ္ႀကီးမ်ား အပါအဝင္ အစဥ္အဆက္ ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ၾကသည့္အတြက္ ယခုကဲ့သို႔ ဖူးေျမာ္ၾကည္ညိဳခြင့္ရေနသည္ကို ရဟန္းရွင္ လူျပည္သူအမ်ားကိုယ္စား ဝမ္းေျမာက္ သာဓု ေခၚဆိုပါေၾကာင္း၊

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ားအား ကာကြယ္ ေစာင့္ေရွာက္လ်က္ရွိရာတြင္ အမ်ိဳး၊ ဘာသာ၊ သာသနာ ကိုလည္း တည္တံ့ခိုင္ၿမဲ ထြန္းကား ျပန႔္ပြားတိုးတက္ေအာင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာ တြင္ အင္းေလးေဖာင္ေတာ္ဦး ႐ုပ္ရွင္ေတာ္ျမတ္မ်ားႏွင့္ အင္းေလးေဒသကိုလည္း အထူး အေလးထား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျပည္တြင္းဘုရားဖူးမ်ားသာမက ကမာၻလွည့္ ခရီးသြားမ်ားပါ ေန႔စဥ္အဆက္မျပတ္လာေရာက္ဖူးေျမာ္လ်က္ရွိသည့္ ဘုရားႀကီး ျဖစ္သျဖင့္ ျပည္တြင္း၊ ျပည္ပ ဘုရားဖူးမ်ား သြားလာမႈ ပိုမိုအဆင္ေျပေစၿပီး ဆြဲေဆာင္မႈ ပိုမိုရွိလာေစရန္အတြက္ ေဖာင္ေတာ္ဦးဘုရားႀကီးႏွင့္ ဘုရားပရိဝဏ္ အတြင္း ရင္သပ္ရႈ ေမာဖြယ္ျဖစ္ေစရန္ႏွင့္ ပိုမိုသပၸါယ္လာေစရန္ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း။

အင္းေလးေဖာင္ေတာ္ဦး ႐ုပ္ရွင္ေတာ္ျမတ္မ်ားအား လုံၿခဳံမႈ၊ သန႔္ရွင္းမႈႏွင့္ ေရရွည္ တည္တံ့ခိုင္ၿမဲမႈရွိေစရန္ ရည္႐ြယ္၍ ဖန္အုပ္ေဆာင္းေတာ္အား ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၃ ရက္တြင္လႉဒါန္းခဲ့ပါေၾကာင္း၊ ယင္းလႉဒါန္းပြဲတြင္ လွည့္လည္ၾကည့္ရႈရာ၌ ရင္ျပင္ေတာ္တြင္ ခင္းက်င္းထားသည့္ ေက်ာက္ျပားမ်ားသည္ ေနပူခံမဟုတ္သျဖင့္ ဘုရားဖူး ရဟန္းရွင္လူျပည္သူအမ်ား သြားလာရာတြင္ အဆင္မေျပႏိုင္ေၾကာင္းေတြ႕ရွိရေသာေၾကာင့္ အခ်ိန္မေ႐ြးေအးခ်မ္းစြာ သြားလာႏိုင္ေရးအတြက္ ေနပူခံေက်ာက္ျပားမ်ား ခင္းက်င္းလႉဒါန္းရန္ စီစဥ္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ေမလ ၁၆ ရက္ေန႔မွ စ၍ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ လႉဒါန္းေငြ က်ပ္သိန္း ၃၅၀၀ ျဖင့္ လုပ္ငန္းေဆာင္႐ြက္ခဲ့ရာ ေနပူခံေက်ာက္ျပားအသစ္ ခင္းက်င္းျခင္း ၈၁၂၆၀ စတုရန္း ေပ၊ ဆယ္တင္ျပဳျပင္ေပးျခင္း ၄၇၇၈ စတုရန္းေပ၊ စုစုေပါင္း ၈၆၀၃၈ စတုရန္းေပအား ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၂၈ ရက္တြင္ ခင္းက်င္းၿပီးစီးခဲ့ၿပီး ဘုရားဖူးျပည္သူအေပါင္း စိတ္လက္ခ်မ္းသာစြာျဖင့္ ဘုရားဖူးႏိုင္ၾကသည့္အတြက္ မ်ားစြာ ၾကည္ႏူးဝမ္းသာျဖစ္ရပါ ေၾကာင္းႏွင့္ ဘုရားပြဲမတိုင္မီၿပီးစီးေအာင္ ခင္းက်င္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ထိုသို႔ ေက်ာက္ျပားမ်ားခင္းက်င္းလႉဒါန္းမႈအတြက္ ယေန႔တြင္ ေရစက္ခ်မဂၤလာ အခမ္းအနား ျပဳလုပ္ျခင္း ျဖစ္ပါေၾကာင္း။

ေရွးႏွစ္ေပါင္းမ်ားစြာကပင္ ဗုဒၶသာသနာေတာ္ ထြန္းလင္းေဝစည္ခဲ့သည့္ အင္းေလး ေဒသတြင္ ဗုဒၶသာ သနာေတာ္ ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ဆရာေတာ္ႀကီးမ်ား၏ လမ္းၫႊန္ၾသဝါဒမ်ားကိုခံယူၿပီး တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားလက္တြဲ၍ ထာဝစဥ္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ပါေၾကာင္း၊ ယေန႔ျပဳလုပ္ေသာ ကုသိုလ္ေစတနာ တို႔ေၾကာင့္ အင္းေလးေဒသအပါအဝင္ ရွမ္းျပည္နယ္ႏွင့္တကြ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းသာယာဝေျပာပါေစေၾကာင္း၊ အေႏွာင့္အယွက္မ်ား ကင္းေဝးၿပီး ပိုမိုဖြံ႕ၿဖိဳးတိုးတက္ပါေစေၾကာင္း၊ ေရရွည္သန႔္ရွင္းတည္တံ့ႏိုင္ေရး အတြက္လည္း အားလုံး ဝိုင္းဝန္းထိန္းသိမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ ဆရာေတာ္ႀကီးမ်ား သက္ရွည္က်န္းမာစြာျဖင့္ သာသနာေတာ္ အက်ိဳး သယ္ပိုးထမ္းေဆာင္ႏိုင္ေတာ္မူပါေစ ေၾကာင္းႏွင့္ ဗုဒၶျမတ္စြာသာသနာေတာ္ျမတ္ႀကီး ႏွစ္ေပါင္းမ်ားစြာ အဓြန႔္ ရွည္တည္တံ့ ေဝစည္ ျပန႔္ပြားထြန္းလင္းပါေစေၾကာင္းျဖင့္ ဆုမြန္ေကာင္းေတာင္း ေလွ်ာက္ထား တင္ျပသည္။

ထို႔ေနာက္ သိမ္ေတာင္ပရိယတၱိ စာသင္တိုက္ဆရာေတာ္ႀကီးက ၾသဝါဒစကား ႁမြက္ၾကားရာတြင္ လမ္းလႉရျခင္းသည္ အသက္ရွည္ျခင္းအလႉ ၆ မ်ိဳးတြင္ပါဝင္ေသာ အလႉျဖစ္ေၾကာင္း၊ ယခု တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဦးစီး၍ေဖာင္ေတာ္ဦး ႐ုပ္ရွင္ေတာ္ျမတ္စြာဘုရား၊ ရင္ျပင္ေတာ္၌ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ား စုေပါင္းလႉဒါန္းသည့္ ေနပူခံေက်ာက္ျပားမ်ား လႉဒါန္းပူေဇာ္ျခင္းသည္ ဘုရားဖူးျပည္သူ မ်ားအတြက္ လမ္းလႉျခင္းျဖစ္ၿပီး ေန႔စဥ္ ဘုရားဖူးလာသူမ်ား အသုံးျပဳလ်က္ရွိသျဖင့္ အၿမဲကုသိုလ္ရ သည့္အလႉျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္သားအားလုံးေအးခ်မ္းပါေစ ေၾကာင္း၊ အၿမဲထာဝရကုသိုလ္ရ ပါေစေၾကာင္းျဖင့္ ေမတၱာပို႔သဆုေတာင္းႁမြက္ၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားက သိမ္ေတာင္ပရိယတၱိ စာသင္တိုက္ ဆရာေတာ္ႀကီးအမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားအားလႉဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လႉဒါန္းၾကသည္။

၎ေနာက္ အင္းေလးေဒသ အင္းလ်ားေက်ာင္းဓမၼကထိက ဗဟုဇနဟိတဓရ ဘဒၵႏၲဓမၼဝရ ဆရာေတာ္က ၾသဝါဒစကားႁမြက္ၾကားရာတြင္ အင္းေလးကန္ႏွင့္ ေဖာင္ေတာ္ဦးေစတီေတာ္တို႔သည္ ၁၉၈၈ ခုႏွစ္မတိုင္မီ ဖြံ႕ၿဖိဳးတိုးတက္မႈ အားနည္းခဲ့ေၾကာင္း၊ တပ္မေတာ္အစိုးရလက္ထက္တြင္ အင္းေလးေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအဖြဲ႕ ဖြဲ႕စည္း၍ ေဆာင္႐ြက္ရာမွ စတင္တိုးတက္လာခဲ့ၿပီး ယခု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ မွ ပိုမိုအရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ေပးခဲ့သျဖင့္ ဝမ္းေျမာက္ပါေၾကာင္း၊ “ကမာၻေက်ာ္၊ ေရာင္ေတာ္ျမဴးသည့္၊ ေဖာင္ေတာ္ဦးေစတီေတာ္”၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ (ၾကည္း၊ ေရ၊ ေလ) တပ္မေတာ္သားမ်ားက ၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ အင္းေလးေဖာင္ ေတာ္ဦးေစတီေတာ္ လုံၿခဳံေရး၊ ေရရွည္တည္တံ့ေရးတို႔အတြက္ ဖန္အုပ္ေဆာင္းလႉဒါန္းခဲ့ေၾကာင္း၊ ယခုအခါ ဘုရားဖူးပရိသတ္မ်ား အပူၿငိမ္းေအးစြာ ဘုရားဖူးႏိုင္ေရး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေနပူခံေက်ာက္ျပားမ်ား လႉဒါန္းခဲ့သျဖင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုအားလုံး အပူခပ္သိမ္း ကင္းၿငိမ္း ေအးခ်မ္းပါေစေၾကာင္းျဖင့္ ဆုေတာင္းေမတၱာပို႔သၿပီး အႏုေမာဒနာတရားေပးေဝရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိသတ္မ်ားက လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ အခမ္းအနား ေအာင္ျမင္ျခင္းအထိန္းအမွတ္ ရတနာေ႐ႊမိုးေငြမိုးမ်ား ႐ြာသြန္းၿဖိဳးၾကသည္။ အခမ္းအနား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားသည္ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အင္းေလးေဒသရွိ ရပ္မိရပ္ဖ မ်ားႏွင့္ေတြ႕ဆုံခဲ့ရာ ေဒသခံ ရပ္မိရပ္ဖမ်ားက အင္းေလးေဒသအတြင္း ပညာေရး၊ က်န္းမာေရး၊ အင္းသားစာေပယဥ္ေက်းမႈႏွင့္ ေဒသဖြံ႕ၿဖိဳးေရး တို႔အတြက္ ေဒသတြင္း လိုအပ္ခ်က္မ်ားအား တင္ျပၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အင္းေလးေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားအား ေဆြးေႏြးအႀကံျပဳ ေျပာၾကားရာတြင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဝင္ေငြရရွိေရးသည္ အေရးႀကီးသျဖင့္ ေဒသတြင္းကုန္ထုတ္လုပ္မႈႏွင့္ ေရာင္းကုန္ရွိရမည္ျဖစ္ၿပီး ေဒသတြင္း လုပ္ငန္းငယ္မ်ားျဖစ္သည့္ ႐ိုးရာအဝတ္အထည္ ထုတ္လုပ္ျခင္းႏွင့္ အျခားေသာ ကုန္ထုတ္လုပ္မႈမ်ားကို ျမႇင့္တင္ေဆာင္႐ြက္သင့္ပါေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာ တြင္လည္း ေဈးကြက္ရရွိေရးအတြက္ အရည္အေသြးေကာင္းမြန္သည့္ ပစၥည္းေကာင္းမ်ား ထြက္ရွိေအာင္ လုပ္ေဆာင္ ရမည္ျဖစ္ေၾကာင္း၊ ပစၥည္းေကာင္းရရွိရန္ ပညာရွင္မ်ား လိုအပ္သည့္အတြက္ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို အက်ိဳးျပဳေစႏိုင္မည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားေပၚထြက္လာေရး ပညာေရးက႑ကို အားေပးၾကရမည္ျဖစ္ ေၾကာင္း။

အင္းေလးကန္ေရရွည္တည္တံ့ၿပီးစိမ္းလန္းစိုေျပေရးအတြက္ တိုးပြားလာသည့္ လူဦးေရကို ထည့္သြင္း စဥ္းစားရမည္ျဖစ္ၿပီး ေရရွည္စီမံခ်က္မ်ားျဖင့္ ၿမိဳ႕ျပစီမံကိန္း မ်ားကိုလည္း ေရးဆြဲထားရွိရမည္ျဖစ္ေၾကာင္း၊ အင္းေလးကန္ ေရရွည္တည္တံ့ေရးအတြက္ ကန္ပတ္လမ္းႏွင့္ ကန္ကိုတာပတ္ႏိုင္လွ်င္ အက်ိဳးရွိမည္ျဖစ္ေၾကာင္း၊ ကန္အတြင္း မွ ဆယ္ယူရရွိသည့္ ႏုန္းမ်ားကို ကန္ပတ္လမ္း၏အျပင္ဘက္ အနာဂတ္တြင္ ေနထိုင္မည့္ ၿမိဳ႕ျပစီမံကိန္းေနရာမ်ားတြင္ ပုံ၍ေျမျပဳျပင္ျခင္းျဖင့္ အနာဂတ္အတြက္ အက်ိဳးရွိေစမည္ ျဖစ္ေၾကာင္း၊ အင္းေလးကန္အတြင္း ပလပ္စတစ္မ်ားႏွင့္ အမႈိက္မ်ားကင္းစင္ေရးသည္ ေဒသအတြက္ အလြန္အေရးႀကီးသျဖင့္ ပလပ္စတစ္ကို မျဖစ္မေနသုံးစြဲပါကလည္း စနစ္တက်ျဖင့္ စြန႔္ပစ္ရမည္ျဖစ္ေၾကာင္း၊ ပလပ္စတစ္သည္ အင္းေလးေဒသတြင္သာမက ကမာၻ႔ပင္လယ္မ်ားတြင္ပါ မ်ားျပားလ်က္ရွိၿပီး ေရေနသတၱဝါမ်ားႏွင့္ သဘာဝသယံဇာတမ်ားကို ပ်က္စီးယိုယြင္းေအာင္ ၿခိမ္းေျခာက္လ်က္ ရွိသျဖင့္ ေဒသခံမ်ား၊ အုပ္ခ်ဳပ္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ားက ဝိုင္းဝန္းပူးေပါင္း၍ ေဆာင္႐ြက္ၾကရမည္ျဖစ္ ေၾကာင္းႏွင့္ ယခုေဒသခံမ်ား၏တင္ျပခ်က္မ်ားအေပၚ တပ္မေတာ္မွ တတ္ႏိုင္သေ႐ြ႕ကူညီညႇိႏႈိင္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)တို႔က တက္ေရာက္လာၾကသည့္ ေဒသခံရပ္မိရပ္ဖမ်ားအား တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ားအား ေပးအပ္ရာတာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား အင္းသား ႐ိုးရာေလွေလွာ္ အဖြဲ႕သားမ်ားက တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္း ထားသည့္ အမ်ိဳးသား ၄၆ တက္ အင္းသား႐ိုးရာၿပိဳင္ေလွ ၄ စီးျဖစ္သည့္ ဘုရင့္ေနာင္ေလွ၊ အင္းသားဂုဏ္ရည္ေလွ၊ အင္းေတာ္ဝင္ေလွႏွင့္ အင္းေလးရတနာ တို႔ျဖင့္ သ႐ုပ္ျပ ေလွာ္ခတ္ျပသၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိသတ္ မ်ားက အားေပးၾကည့္ရႈၾကသည္။ ထို႔ေနာက္ ေလွေလွာ္အဖြဲ႕သားမ်ားအား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

ယင္းေနာက္ အင္းသား႐ိုးရာေလွၿပိဳင္ပြဲက်င္းပေရးေကာ္မတီ ဥကၠဌဦးတင္ေအာင္ က အမ်ိဳးသား ၄၆ တက္ အင္းသား႐ိုးရာၿပိဳင္ေလွ ၄ စီးျဖစ္သည့္ ဘုရင့္ေနာင္ေလွ၊ အင္းသားဂုဏ္ရည္ေလွ၊ အင္းေတာ္ဝင္ေလွႏွင့္ အင္းေလးရတနာတို႔အား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္းေပးခဲ့သည့္အတြက္ အင္းေလးေဒသအတြင္း ႐ိုးရာေလွေလွာ္ၿပိဳင္ပြဲမ်ားျပဳလုပ္ျခင္း၊ ကမာၻလွည့္ခရီးသြားမ်ားကို ႐ိုးရာဓေလ့မ်ား ျပသျခင္းႏွင့္ မ်ိဳးဆက္သစ္လူငယ္၊ လူ႐ြယ္မ်ားအား လက္ဆင့္ကမ္းအေမြေပးရာတြင္ အေထာက္ အကူမ်ား စြာျပဳလ်က္ရွိေသာေၾကာင့္ ေဒသအတြက္ မ်ားစြာအက်ိဳးရွိပါေၾကာင္းျဖင့္ ေက်းဇူးတင္ စကားေျပာၾကားၿပီး ေက်းဇူးတင္လႊာႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္း ေပးအပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အင္းေလး ေဒသသုံးအျမန္ေရယာဥ္မ်ားျဖင့္ ျပန္လည္ထြက္ခြာၾကရာ ေဒသခံျပည္သူမ်ား၊ ေလွေလွာ္ အသင္းသားမ်ားက အင္းေလး႐ိုးရာ အိုးစည္ဝိုင္းျဖင့္ လႈိက္လႈိက္လွဲလွဲ လက္မ်ားေဝွ႔ယမ္း ၍ပို႔ေဆာင္ႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။