မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကို ကောင်းမွန်တိုးတက်အောင် ကြိုးစားဆောင်ရွက်၍ တပ်နှင့်ပြည်သူတစ်သား တည်းဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်

မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကို ကောင်းမွန်တိုးတက်အောင် ကြိုးစားဆောင်ရွက်၍ တပ်နှင့်ပြည်သူတစ်သား တည်းဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်

နေပြည်တော်၊ မတ် – ၁၁

တပ်မတော်၏ တာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး ဝေးလံခေါင်ပါးသည့် ဒေသများတွင် တာဝန် ထမ်းဆောင်နေကြရသည့် တပ်များဖြစ်သည့်အတွက် မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကို ထိန်းသိမ်းဆောင်ရွက်ပြီး ယုံကြည်စိတ်ချစွာတာဝန် ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကို ကောင်းမွန် တိုးတက်အောင် အမြဲမပြတ်ကြိုးစားအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်နှင့်ပြည်သူ တစ်သား တည်းဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဖလမ်းမြို့ရှိ နယ်မြေခံတပ်ဋ္ဌာနချုပ်နှင့် ဟုမ္မလင်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူ လှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ ဖလမ်းမြို့နှင့် ဟုမ္မလင်းမြို့တို့ရှိ နယ်မြေခံတပ်ဋ္ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာပြီး နေ့စဉ်ပုံမှန် လုပ်ဆောင်လျက်ရှိသည့် နိစ္စဓူဝလုပ်ငန်းများ၊ သမားစဉ် လုပ်ငန်းများကို မှန်ကန်စွာ လုပ်ဆောင်ခြင်းသည် လေ့ကျင့်နေခြင်းပင်ဖြစ် ကြောင်း၊ ဝေးလံခေါင်ပါးသည့် ဒေသများတွင် တာဝန် ထမ်းဆောင်နေကြရသည့်တပ်များဖြစ်သည့်အတွက် မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကို ထိန်းသိမ်းဆောင်ရွက်ပြီး ယုံကြည်စိတ်ချစွာတာဝန်ပေးအပ်နိုင်ရမည် ဖြစ်ကြောင်းနှင့် မိမိတပ်၏ ဂုဏ်သိက္ခာ ကိုမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်တွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိပါက မလိုလားအပ်သော အုပ်ချုပ်မှုပြဿနာများဖြစ်ပေါ်လာနိုင်မည်ဖြစ်သောကြောင့် စည်းကမ်းလိုက်နာပြီး မိမိအလုပ်နှင့် မိမိတာဝန်ကို နားလည်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ် ကွပ်ကဲရာတွင်လည်း အထက်အောက်ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲရ မည်ဖြစ်ပြီး စစ်မြေ ပြင်တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေး၍တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်သဖြင့် ရဲဘော်စိတ်ထားပြီး စီမံအုပ်ချုပ်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ ပကတိလို အပ်ချက် ဖြစ်သော တို့တာဝန် အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစဉ်ကာကွယ်ပေးလျက်ရှိပြီး တိုင်းပြည် အတွက်အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက် များကို ပြည်သူလူထုကသိရှိလာအောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ တပ်နယ်မှူးများနှင့် ဇနီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များ၊ အားကစားပစ္စည်းများ၊ တပ်မတော်စက်ရုံထုတ်လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား အသီးသီး ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

(Zawgyi Version)

မိမိကိုယ္ကိုယ္ႏွင့္ မိမိတပ္ကို ေကာင္းမြန္တိုးတက္ေအာင္ ႀကိဳးစားေဆာင္႐ြက္၍ တပ္ႏွင့္ျပည္သူတစ္သား တည္းျဖစ္ေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္

ေနျပည္ေတာ္၊ မတ္ – ၁၁

တပ္မေတာ္၏ တာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ရန္ျဖစ္ၿပီး ေဝးလံေခါင္ပါးသည့္ ေဒသမ်ားတြင္ တာဝန္ ထမ္းေဆာင္ေနၾကရသည့္ တပ္မ်ားျဖစ္သည့္အတြက္ မိမိကိုယ္ကိုယ္ႏွင့္ မိမိတပ္ကို ထိန္းသိမ္းေဆာင္႐ြက္ၿပီး ယုံၾကည္စိတ္ခ်စြာတာဝန္ ေပးအပ္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကိုယ္ႏွင့္ မိမိတပ္ကို ေကာင္းမြန္ တိုးတက္ေအာင္ အၿမဲမျပတ္ႀကိဳးစားအားထုတ္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ တပ္ႏွင့္ျပည္သူ တစ္သား တည္းျဖစ္ေအာင္ တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အေနာက္ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ ဖလမ္းၿမိဳ႕ရွိ နယ္ေျမခံတပ္႒ာနခ်ဳပ္ႏွင့္ ဟုမၼလင္း တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔တြင္ သီးျခားစီေတြ႕ဆုံ၍ အမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီး ေဒၚၾကဴၾကဴ လွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ စိုးတင့္ႏိုင္ႏွင့္ဇနီး၊ ဖလမ္းၿမိဳ႕ႏွင့္ ဟုမၼလင္းၿမိဳ႕တို႔ရွိ နယ္ေျမခံတပ္႒ာနခ်ဳပ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ သတ္မွတ္ထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာၿပီး ေန႔စဥ္ပုံမွန္ လုပ္ေဆာင္လ်က္ရွိသည့္ နိစၥဓူဝလုပ္ငန္းမ်ား၊ သမားစဥ္ လုပ္ငန္းမ်ားကို မွန္ကန္စြာ လုပ္ေဆာင္ျခင္းသည္ ေလ့က်င့္ေနျခင္းပင္ျဖစ္ ေၾကာင္း၊ ေဝးလံေခါင္ပါးသည့္ ေဒသမ်ားတြင္ တာဝန္ ထမ္းေဆာင္ေနၾကရသည့္တပ္မ်ားျဖစ္သည့္အတြက္ မိမိကိုယ္ကိုယ္ႏွင့္ မိမိတပ္ကို ထိန္းသိမ္းေဆာင္႐ြက္ၿပီး ယုံၾကည္စိတ္ခ်စြာတာဝန္ေပးအပ္ႏိုင္ရမည္ ျဖစ္ေၾကာင္းႏွင့္ မိမိတပ္၏ ဂုဏ္သိကၡာ ကိုျမႇင့္တင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္တြင္ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာမႈမရွိပါက မလိုလားအပ္ေသာ အုပ္ခ်ဳပ္မႈျပႆနာမ်ားျဖစ္ေပၚလာႏိုင္မည္ျဖစ္ေသာေၾကာင့္ စည္းကမ္းလိုက္နာၿပီး မိမိအလုပ္ႏွင့္ မိမိတာဝန္ကို နားလည္ရမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ ကြပ္ကဲရာတြင္လည္း အထက္ေအာက္ညီၫြတ္မွ်တစြာ အုပ္ခ်ဳပ္ကြပ္ကဲရ မည္ျဖစ္ၿပီး စစ္ေျမ ျပင္တြင္ တစ္ဦးႏွင့္တစ္ဦး အသက္ေပး၍တာဝန္ထမ္းေဆာင္ၾကရမည့္သူမ်ားျဖစ္သျဖင့္ ရဲေဘာ္စိတ္ထားၿပီး စီမံအုပ္ခ်ဳပ္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ ပကတိလို အပ္ခ်က္ ျဖစ္ေသာ တို႔တာဝန္ အေရးသုံးပါးႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အစဥ္ကာကြယ္ေပးလ်က္ရွိၿပီး တိုင္းျပည္ အတြက္အမ်ိဳးသားႏိုင္ငံေရးေဆာင္႐ြက္ခ်က္ မ်ားကို ျပည္သူလူထုကသိရွိလာေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မ်ားမွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုလည္းေကာင္း ေပးအပ္ရာ တပ္နယ္မႉးမ်ားႏွင့္ ဇနီးတို႔က လက္ခံရယူၾကသည္။

ထို႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္တို႔က တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ား၊ အားကစားပစၥည္းမ်ား၊ တပ္မေတာ္စက္႐ုံထုတ္လူသုံးကုန္ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအား အသီးသီး ေပးအပ္ရာ တာဝန္ရွိ သူမ်ားက လက္ခံရယူခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ အားေပးစကားေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။