တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)သို့ ရောက်ရှိကြရာ တပ်မတော်အရာရှိကြီးများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ယင်းနောက် တိုင်းမှူးဗိုလ်ချုပ် သက်ပုံနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူးချုပ်မျိုးသန့်တို့က အိမ်ရာတည်ဆောက်နေမှုအခြေအနေများ၊ ခြံစည်းရိုးပင်များစိုက်ပျိုးထားရှိမှု အခြေအနေများ၊ အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်း လည်ပတ်နေမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ရေ၊ မီး လိုအပ်ချက်အတွက် သွယ်ယူဆောင် ရွက်နေသည့် အခြေအနေများ၊ အိမ်ရာအတွင်း ကလေးကစားကွင်းနှင့် စာကြည့်တိုက်ထည့်သွင်း တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်း ဟောင်းအိမ်ရာများတွင် နေထိုင်သူများ၏ နေရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး ကိစ္စရပ်များတွင် အဆင်ပြေစေရေးကိုလည်း စဉ်းစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဆောက်အဦများအား အရည်အသွေး ပြည့်မီစွာဆောက်လုပ်ပေးရမည်ဖြစ်ပြီး ဈေး၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက် အဦ တို့အပြင် နေထိုင်သူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်း၍ မြို့ပြအသွင်တည်ဆောက် ပေးရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းမြို့အဖြစ်စဉ်းစားပြီး အားကစားကွင်းနှင့် အပန်းဖြေရန်နေရာတို့ကိုလည်း လျာထား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် နှစ်ပေါင်းများစွာပေးဆပ်၍ တာဝန်ထမ်းဆောင် ခဲ့ကြသူများဖြစ်သဖြင့် တပ်မတော်မှ အနားယူပြီးချိန်တွင်လည်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ဆောင်ရွက်ပေးရမည် ဖြစ်သည့်အပြင် ၎င်းတို့၏ သားသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက်လည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် စဉ်းစားရာတွင် လုပ်အားအခြေပြု (Labour intensive) လုပ်ငန်းများကို စဉ်းစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဇုန်များမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် နို့ထွက်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုရုပ်လုံးပေါ်လာပြီ ဖြစ်ကာ နောက် ၁၀ နှစ် ၁၅ နှစ်ကြာသည်အထိဆက်တိုက်လုပ်ဆောင်၍ စစ်မှုထမ်း ဟောင်းများအားကိုးရသည့် မြို့ပြပုံစံဖြစ်လာအောင်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် တပ်မတော် အရာရှိကြီးများက လိုအပ်သည်များအကြံပြု ဆွေးနွေး ပြောကြားကြပြီး မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အကွက်ချပုံစံငယ်အားကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည်ရှုပြီး လမ်းများ၊ ရေနုတ်မြောင်းများ ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား မှာကြားသည်။

ယင်းနောက် အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ တပ်မတော်တွင် သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းများနှင့် မိသားစုဝင်များအား ကောင်းကောင်းမွန်မွန်နှင့် အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်ရေး ယခုကဲ့သို့ဆောင်ရွက် ပေးထားခြင်းဖြစ်သဖြင့် စည်းကမ်းစနစ်တကျနေထိုင်ကြရန်လိုကြောင်း၊ မိသားစုများ၏ အလုပ်အကိုင် အခွင့် အလမ်း ရရှိစေရေးအတွက်လည်း စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများကို ဆက်လက် ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး စစ်မှုထမ်း ဟောင်းများ၏ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့် နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး(၈၄)ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၃ လုံး၊ အခြား အဆင့် နေအိမ်(၄)ခန်းတွဲ (၆)ထပ် ၃ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ(၆)ထပ် ၂ လုံးအား ထပ်မံတည်ဆောက်လျက်ရှိရာ ၅၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အရာရှိကြီးနေအိမ်(၄)ခန်းတွဲ(၆) ထပ် ၁ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ (၆)ထပ် ၁ လုံး၊ အခြားအဆင့်နေအိမ်(၄)ခန်းတွဲ(၆)ထပ်(လေးထောင့်ပုံစံ) ၇ လုံး၊ အခြား အဆင့်နေအိမ် (၄)ခန်းတွဲ(၆) ထပ် (အလျားလိုက်ပုံစံ) ၂ လုံးတို့အား ထပ်မံတည်ဆောက် လျက်ရှိရာ ၄၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္း အိမ္ရာ(ေလးေထာင့္ကန္) တည္ေဆာက္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈစစ္ေဆး

ေနျပည္ေတာ္၊ မတ္ ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္္မေတာ္အရာရွိ ႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္႒ာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ အဖြဲ႕၀င္မ်ားလုိက္ပါ၍ ယေန႕နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပုိင္း)ၿမိဳ႕နယ္ရွိ ျမန္မာ့ သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) တည္ေဆာက္ေနမႈအေျခအေန မ်ားကုိ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျမန္မာ့ သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္)သုိ႕ ေရာက္ရွိၾကရာ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။ယင္းေနာက္ တုိင္းမွဴးဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကား ေရးမွဴး ဗုိလ္မွဴးခ်ဳပ္မ်ဳိးသန္႕တုိ႕က အိမ္ရာတည္ေဆာက္ေနမႈအေျခအေနမ်ား၊ ၿခံစည္း႐ုိးပင္မ်ားစုိက္ပ်ဳိးထားရွိမႈ အေျခအေနမ်ား၊ အဆင့္ျမင့္ဥစားၾကက္ၿခံလုပ္ငန္း လည္ပတ္ေနမႈအေျခအေနမ်ား၊ စုိက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ သြားမည့္အေျခအေနမ်ား၊ ေရ၊ မီး လုိအပ္ခ်က္အတြက္ သြယ္ယူေဆာင္ ရြက္ေနသည့္ အေျခအေနမ်ား၊ အိမ္ရာအတြင္း ကေလးကစားကြင္းႏွင့္ စာၾကည့္တုိက္ထည့္သြင္း တည္ေဆာက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၿပီး စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာက ျဖည့္စြက္ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္မႈထမ္း ေဟာင္းအိမ္ရာမ်ားတြင္ ေနထုိင္သူမ်ား၏ ေနေရးအျပင္ အလုပ္အကုိင္အခြင့္အလမ္းမ်ား ရရွိေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ လူမႈေရး ကိစၥရပ္မ်ားတြင္ အဆင္ေျပေစေရးကုိလည္း စဥ္းစားေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ အေဆာက္အဦမ်ားအား အရည္အေသြး ျပည့္မီစြာေဆာက္လုပ္ေပးရမည္ျဖစ္ၿပီး ေစ်း၊ ေဆး႐ုံ၊ ေက်ာင္း၊ ဘာသာေရးအေဆာက္ အဦ တုိ႕အျပင္ ေနထုိင္သူမ်ား၏ လုိအပ္ခ်က္ကုိျဖည့္ဆည္း၍ ၿမိဳ႕ျပအသြင္တည္ေဆာက္ ေပးရမည္ျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းၿမိဳ႕အျဖစ္စဥ္းစားၿပီး အားကစားကြင္းႏွင့္ အပန္းေျဖရန္ေနရာတုိ႕ကုိလည္း လ်ာထား တည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ ႏွစ္ေပါင္းမ်ားစြာေပးဆပ္၍ တာ၀န္ထမ္းေဆာင္ ခဲ့ၾကသူမ်ားျဖစ္သျဖင့္ တပ္မေတာ္မွ အနားယူၿပီးခ်ိန္တြင္လည္း ေနထုိင္စားေသာက္မႈအဆင္ေျပေစေရး ေဆာင္ရြက္ေပးရမည္ ျဖစ္သည့္အျပင္ ၎တုိ႕၏ သားသမီးမ်ား၏ အလုပ္အကုိင္အခြင့္အလမ္းရရွိေရး အတြက္လည္း ေဆာင္ရြက္ေပးရမည္ ျဖစ္ေၾကာင္း၊ အလုပ္အကုိင္အခြင့္အလမ္းအတြက္ စဥ္းစားရာတြင္ လုပ္အားအေျချပဳ (Labour intensive) လုပ္ငန္းမ်ားကုိ စဥ္းစားရမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ဳိးေမြးျမဴေရး ဇုန္မ်ားမွ ထြက္ရွိသည့္ အသား၊ ငါး၊ ၾကက္ဥ၊ ဘဲဥႏွင့္ ႏုိ႕ထြက္ပစၥည္းမ်ားကုိလည္း ေစ်းႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏုိင္ရမည္ျဖစ္ေၾကာင္း၊ ယခုစီမံကိန္းကုိ ၂၀၁၇ ခုႏွစ္တြင္ စတင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ယခု႐ုပ္လုံးေပၚလာၿပီ ျဖစ္ကာ ေနာက္ ၁၀ ႏွစ္ ၁၅ ႏွစ္ၾကာသည္အထိဆက္တုိက္လုပ္ေဆာင္၍ စစ္မႈထမ္း ေဟာင္းမ်ားအားကုိးရသည့္ ၿမိဳ႕ျပပုံစံျဖစ္လာေအာင္ႀကိဳးပမ္းေဆာင္ရြက္သြားၾကရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။ ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ားက လုိအပ္သည္မ်ားအႀကံျပဳ ေဆြးေႏြး ေျပာၾကားၾကၿပီး ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) အကြက္ခ်ပုံစံငယ္အားၾကည့္႐ႈကာ လုိအပ္သည္မ်ား မွာၾကားခဲ့သည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စစ္မႈထမ္း ေဟာင္းအိမ္ရာအတြင္း လွည့္လည္ၾကည္႐ႈၿပီး လမ္းမ်ား၊ ေရႏုတ္ေျမာင္းမ်ား ေကာင္းမြန္ေရးႏွင့္ သန္႕ရွင္းသာယာလွပမႈရွိေစေရး စနစ္တက်ေဆာင္ရြက္သြားရန္ တာ၀န္ရွိသူမ်ား အား မွာၾကားသည္။

ယင္းေနာက္ အိမ္ရာတြင္ေနထုိင္လ်က္ရွိသည့္ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ား အား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ကာ တပ္မေတာ္တြင္ သက္စြန္႕ႀကိဳးပမ္း တာ၀န္္ ထမ္းေဆာင္ခဲ့သည့္ စစ္မႈထမ္းမ်ားႏွင့္ မိသားစု၀င္မ်ားအား ေကာင္းေကာင္းမြန္မြန္ႏွင့္ အဆင့္အတန္းျမင့္ျမင့္ေနထုိင္ႏုိ္င္ေရး ယခုကဲ့သုိ႕ေဆာင္ရြက္ ေပးထားျခင္းျဖစ္သျဖင့္ စည္းကမ္းစနစ္တက်ေနထုိင္ၾကရန္လုိေၾကာင္း၊ မိသားစုမ်ား၏ အလုပ္အကုိ္င္ အခြင့္ အလမ္း ရရွိေစေရးအတြက္လည္း စက္႐ုံ၊ အလုပ္႐ုံမ်ား၊ ေစ်း၀ယ္စင္တာမ်ား၊ ေဆး႐ုံမ်ားကုိ ဆက္လက္ ထည့္သြင္း တည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္းျဖင့္ေျပာၾကားၿပီး စစ္မႈထမ္း ေဟာင္းမ်ား၏ တင္ျပခ်က္ မ်ားကုိ ျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

အဆုိပါ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္)၌ ၂၀၁၇ ခုႏွစ္တြင္ အျခားအဆင့္ ေနအိမ္ (၂)ခန္းတြဲ(၆)ထပ္ ၇ လုံး(၈၄)ခန္း ေဆာက္လုပ္ ၿပီးစီးၿပီျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ အျခားအဆင့္ ေနအိမ္(၂)ခန္းတြဲ(၆)ထပ္ ၃ လုံး၊ အျခား အဆင့္ ေနအိမ္(၄)ခန္းတြဲ (၆)ထပ္ ၃ လုံး၊ အရာရွိငယ္ေနအိမ္ (၄)ခန္းတြဲ(၆)ထပ္ ၂ လုံးအား ထပ္မံတည္ေဆာက္လ်က္ရွိရာ ၅၇ ရာခုိင္ႏႈန္းခန္႔ၿပီးစီးၿပီျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္တြင္ အရာရွိႀကီးေနအိမ္(၄)ခန္းတြဲ(၆) ထပ္ ၁ လုံး၊ အရာရွိငယ္ေနအိမ္ (၄)ခန္းတြဲ (၆)ထပ္ ၁ လုံး၊ အျခားအဆင့္ေနအိမ္(၄)ခန္းတြဲ(၆)ထပ္(ေလးေထာင့္ပုံစံ) ၇ လုံး၊ အျခား အဆင့္ေနအိမ္ (၄)ခန္းတြဲ(၆) ထပ္ (အလ်ားလုိက္ပုံစံ) ၂ လုံးတုိ႕အား ထပ္မံတည္ေဆာက္ လ်က္ရွိရာ ၄၇ ရာခုိင္ႏႈန္းခန္႕ၿပီးစီးၿပီျဖစ္သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။