ရုပ်ပွားတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် – ၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှ ထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေး Shwe Foundation ၏ လွှဲအပ်ချက်အရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ယဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓိယနှင့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဒ နန္ဒမာလာဘိဝံသ တို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်းလှူဒါန်းမှုဖြင့် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စကျင်ကျောက် ဘူမိဖဿမုဒြာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင် သာသနာပိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့်အတူ သွားရောက်ကြည့်ရှု၍ ထုဆစ် ကိုးကွယ်ရန်ဆောင်ရွက်နေမှုအခြေအနေများကို ဆရာတော်ကြီးထံတင်ပြလျှောက်ထားပြီး ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုသြဝါဒကိုခံယူသည်။

ဦးစွာ သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန် ကျောက်များ တူးဖော်လျက်ရှိသည့် မတ္တရာမြို့နယ်၊ စကျင်တောင်သို့ ရောက်ရှိကြပြီး သီတဂူဆရာတော် ဘုရားကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆောင်၌ ဆောင်ရွက်နေမှု အခြေအနေများကို ရုပ်ပွားတော်ပုံစံငယ်များဖြင့် တင်ပြလျှောက်ထားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများက စကျင်ကျောက်တော်ကြီး တူးဖော်ခြင်း၊ ထုဆစ်ခြင်း လုပ်ငန်းဆောင်ရွက်မှုများ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ် နိုင်ရေး ရေလမ်း၊ ကုန်းလမ်းတို့မှ သယ်ယူပို့ဆောင်သွားမည့် အခြေအနေများ၊ နေပြည်တော်တွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဆက်လက်တင်ပြ လျှောက်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုပ်ပွားတော်မြတ်ကြီးကို “မြန်မာ နိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျှက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် စီးပွား ဖွံ့ဖြိုးတိုးပွားစေရန်” စသည့် ရည်ရွယ်ချက် ၄ ချက်ဖြင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ စကျင် ကျောက်တော်ကြီးကို အလှူရှင်(Angelo Mining Co.,Ltd) မှ ဦးအောင်ခိုင်သန်း က Shwe Foundation သို့၂၀၁၃ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပလ္လင်တော်အတွက် လိုအပ်သည့်ကျောက်များကို ထပ်မံဝယ်ယူ ဖြည့်တင်းခဲ့ရကြောင်း၊ ရုပ်ပွားတော်အတွက် လိုအပ်သည့် ကျောက်သားတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ နေရာချထားခြင်းနှင့် တည်ထားကိုးကွယ်မည့် ဥယျာဉ်တော်အတွင်း သာယာလှပရေး တို့အား စနစ်တကျတွက်ချက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ အဆင်ပြေ စေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ် ရေကန်၊ ရေပန်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓ ယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ် ပူဇော်သွားမည်ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇူလိုင်လမှ စတင်၍ ပင့်ဆောင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် မူလဉာဏ်တော် မထိခိုက်စေဘဲ ထုံးတမ်းစဉ်လာများနှင့် အညီပင့်ဆောင် သွားမည်ဖြစ်ပါကြောင်းဖြင့် တင်ပြလျှောက်ထားသည်။

တင်ပြလျှောက်ထားမှုများအပေါ် သီတဂူဆရာတော်ဘုရားကြီးက မြတ်စွာဘုရား၏ ရုပ်အဆင်းအင်္ဂါ ၃၂ ပါးနှင့် အနီးစပ်ဆုံးတူညီအောင် ထုဆစ်ရမည်ဖြစ်ပြီး သင်္ကန်းအကျ ကအစ လက်ချောင်းများညီညာနေရမည်ဖြစ်ကြောင်း၊ ကျောက်သားကောင်းရန်၊ ကျောက် အရောင်ညီရမည်ဖြစ်ပြီး လက်ရာကောင်းမွန်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သုဓမ္မာဇရပ် ဆောက်လုပ်ရာတွင် မန္တလေးရှိ သုဓမ္မာဇရပ်အတိုင်းပုံစံတူပြီး ကျွန်းတိုင်များထည့်သွင်း ဆောက်လုပ်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓသာသနာတည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သည်ဖြစ်၍ အလွန်ကောင်းမွန်သည့် အလုပ်ဖြစ်ကြောင်း မိန့်ကြားတော် မူသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စကျင်တောင်တော်မှ စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်းဉာဏ်တော်အမြင့် ၈၁ ပေရှိ မြတ်စွာ ဘုရား၏ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုးကွယ်ရန် နေပြည်တော်သို့ ပို့ဆောင်နိုင်ရေး လုပ်ငန်း ၈ ခုခွဲ၍ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များမှာကြား ညှိနှိုင်းဆောင်ရွက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင် မှ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သို့ သယ်ဆောင်ရာတွင် စကျင်တောင်မှ မြောင်မြစ် အတွင်းသို့လည်းကောင်း၊ မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ဆီမီးခုံဆိပ်ကမ်း၊ ဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် တံတားဦးစကားအင်းအဝိုင်း၊ ၎င်းမှတစ်ဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းမကြီးအတိုင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ် မည့် ဒက္ခိဏသီရိမြို့နယ်သို့လည်းကောင်း အဆင့်ဆင့် ပင့်ဆောင်မည့်လမ်းကြောင်းကို ရဟတ်ယာဉ်ဖြင့် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

(Zawgyi Version)

႐ုပ္ပြားေတာ္ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ ပလႅင္အျမင့္ ၁၈ ေပရွိ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ

ေနျပည္ေတာ္၊ ဇြန္ – ၆

မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ စက်င္ေက်း႐ြာအနီး စက်င္ေတာင္မွ ထြက္ရွိသည့္ စက်င္ေက်ာက္ေတာ္ႀကီးအား ႐ုပ္ပြားေတာ္ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ ပလႅင္ေတာ္အျမင့္ ၁၈ ေပရွိ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီးအျဖစ္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ထားကိုးကြယ္ႏိုင္ေရး  Shwe Foundation ၏ လႊဲအပ္ခ်က္အရ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ယဉာဏိႆရ၊ ေ႐ႊသုဝဏ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ သဒၶိယႏွင့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၵ နႏၵမာလာဘိဝံသ တို႔ထံမွ ၾသဝါဒခံယူၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္၍ အမ်ားစုေပါင္းလႉဒါန္းမႈျဖင့္ တပ္မေတာ္မွ ေဆာင္႐ြက္လ်က္ရွိသည္။

အဆိုပါ စက်င္ေက်ာက္ ဘူမိဖႆမုျဒာ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ ႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္  သီတဂူ ကမာၻ႔ဗုဒၶတကၠသိုလ္ မ်ားႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက၊ အဂၢမဟာ ပ႑ိတ၊ မဟာဓမၼကထိက၊ ဗဟုဇနဟိတဓရ၊ တြဲဖက္ေ႐ႊက်င္ သာသနာပိုင္၊ သီတဂူ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ ႏွင့္အတူ သြားေရာက္ၾကည့္ရႈ၍ ထုဆစ္ ကိုးကြယ္ရန္ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ဆရာေတာ္ႀကီးထံတင္ျပေလွ်ာက္ထားၿပီး ဆရာေတာ္ဘုရားႀကီး၏ လမ္းၫႊန္မႈၾသဝါဒကိုခံယူသည္။

ဦးစြာ သီတဂူဆရာေတာ္ဘုရားႀကီး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ရန္ ေက်ာက္မ်ား တူးေဖာ္လ်က္ရွိသည့္ မတၱရာၿမိဳ႕နယ္၊ စက်င္ေတာင္သို႔ ေရာက္ရွိၾကၿပီး သီတဂူဆရာေတာ္ ဘုရားႀကီးအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရွင္းလင္းေဆာင္၌ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကို ႐ုပ္ပြားေတာ္ပုံစံငယ္မ်ားျဖင့္ တင္ျပေလွ်ာက္ထားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ားက စက်င္ေက်ာက္ေတာ္ႀကီး တူးေဖာ္ျခင္း၊ ထုဆစ္ျခင္း လုပ္ငန္းေဆာင္႐ြက္မႈမ်ား၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ထားကိုးကြယ္ ႏိုင္ေရး ေရလမ္း၊ ကုန္းလမ္းတို႔မွ သယ္ယူပို႔ေဆာင္သြားမည့္ အေျခအေနမ်ား၊ ေနျပည္ေတာ္တြင္ လုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား ဆက္လက္တင္ျပ ေလွ်ာက္ထားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုပ္ပြားေတာ္ျမတ္ႀကီးကို “ျမန္မာ ႏိုင္ငံတြင္ ေထရဝါဒ ဗုဒၶသာသနာေတာ္ ထြန္းလင္းေတာက္ပလွ်က္ရွိသည္ကို ကမာၻကို ျပသရန္၊ တိုင္းျပည္ေအးခ်မ္းသာယာမႈရွိေစရန္၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား  ျပည္တြင္းျပည္ပဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသတိုးတက္စည္ကားမႈကို  အေထာက္အကူျဖစ္ေစရန္၊ ႏိုင္ငံေတာ္ စီးပြား ဖြံ႕ၿဖိဳးတိုးပြားေစရန္” စသည့္ ရည္႐ြယ္ခ်က္ ၄ ခ်က္ျဖင့္ တည္ထားကိုးကြယ္ရန္ ေဆာင္႐ြက္ေနျခင္းပင္ျဖစ္ေၾကာင္း၊ စက်င္ ေက်ာက္ေတာ္ႀကီးကို အလႉရွင္(Angelo Mining Co.,Ltd)  မွ ဦးေအာင္ခိုင္သန္း က Shwe Foundation  သို႔၂၀၁၃ ခုႏွစ္တြင္ လႉဒါန္းခဲ့ျခင္းျဖစ္ၿပီး ပလႅင္ေတာ္အတြက္ လိုအပ္သည့္ေက်ာက္မ်ားကို ထပ္မံဝယ္ယူ ျဖည့္တင္းခဲ့ရေၾကာင္း၊ ႐ုပ္ပြားေတာ္အတြက္ လိုအပ္သည့္ ေက်ာက္သားတူးေဖာ္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား၊ ေနရာခ်ထားျခင္းႏွင့္ တည္ထားကိုးကြယ္မည့္ ဥယ်ာဥ္ေတာ္အတြင္း သာယာလွပေရး တို႔အား စနစ္တက်တြက္ခ်က္ ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ ဥယ်ာဥ္ေတာ္အတြင္း၌ ရပ္နီးရပ္ေဝးမွ ဘုရားဖူးလာ ျပည္သူမ်ား အဆင္ေျပ ေစေရးအတြက္ ဂႏၶကုဋိတိုက္မ်ား၊ သုဓမၼာဇရပ္၊ ဘုတ္တလုတ္ ေရကန္၊ ေရပန္းမ်ား ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ဂႏၶကုဋိတိုက္အတြင္း၌လည္း ဗုဒၶ ယဥ္ေက်းမႈမ်ား၊ ဗုဒၶဝင္မ်ားကို စက်င္ေက်ာက္မ်ားျဖင့္ ထုဆစ္ ပူေဇာ္သြားမည္ျဖစ္ေၾကာင္း၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ၂၀၂၂ ခုႏွစ္အတြင္း ၿပီးစီးေရး ရည္မွန္းေဆာင္႐ြက္လ်က္ရွိၿပီး ယခုႏွစ္ ဇူလိုင္လမွ စတင္၍ ပင့္ေဆာင္ျခင္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္သြားမည္ျဖစ္ပါ ေၾကာင္းႏွင့္ မူလဉာဏ္ေတာ္ မထိခိုက္ေစဘဲ ထုံးတမ္းစဥ္လာမ်ားႏွင့္ အညီပင့္ေဆာင္ သြားမည္ျဖစ္ပါေၾကာင္းျဖင့္ တင္ျပေလွ်ာက္ထားသည္။

တင္ျပေလွ်ာက္ထားမႈမ်ားအေပၚ သီတဂူဆရာေတာ္ဘုရားႀကီးက ျမတ္စြာဘုရား၏ ႐ုပ္အဆင္းအဂၤါ ၃၂ ပါးႏွင့္ အနီးစပ္ဆုံးတူညီေအာင္ ထုဆစ္ရမည္ျဖစ္ၿပီး သကၤန္းအက် ကအစ လက္ေခ်ာင္းမ်ားညီညာေနရမည္ျဖစ္ေၾကာင္း၊ ေက်ာက္သားေကာင္းရန္၊ ေက်ာက္ အေရာင္ညီရမည္ျဖစ္ၿပီး လက္ရာေကာင္းမြန္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ သုဓမၼာဇရပ္ ေဆာက္လုပ္ရာတြင္ မႏၲေလးရွိ သုဓမၼာဇရပ္အတိုင္းပုံစံတူၿပီး ကြၽန္းတိုင္မ်ားထည့္သြင္း ေဆာက္လုပ္ပါက ပိုမိုေကာင္းမြန္မည္ျဖစ္ေၾကာင္းႏွင့္ ဗုဒၶသာသနာတည္တံ့ခိုင္ၿမဲေရးအတြက္ ေဆာင္႐ြက္သည္ျဖစ္၍ အလြန္ေကာင္းမြန္သည့္ အလုပ္ျဖစ္ေၾကာင္း မိန႔္ၾကားေတာ္ မူသည္။

ထို႔ေနာက္ သီတဂူဆရာေတာ္ဘုရားႀကီး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက်င္ေတာင္ေတာ္မွ စက်င္ေက်ာက္ေတာ္ႀကီးအား ႐ုပ္ပြားေတာ္အျမင့္ ၆၃ ေပ၊ ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ စုစုေပါင္းဉာဏ္ေတာ္အျမင့္ ၈၁ ေပရွိ  ျမတ္စြာ ဘုရား၏ ထိုင္ေတာ္မူဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ထုဆစ္ကိုးကြယ္ရန္ ေနျပည္ေတာ္သို႔ ပို႔ေဆာင္ႏိုင္ေရး လုပ္ငန္း ၈ ခုခြဲ၍ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားအား လိုက္လံ ၾကည့္ရႈ၍ လိုအပ္သည္မ်ားမွာၾကား ညႇိႏႈိင္းေဆာင္႐ြက္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီးအား မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ စက်င္ေက်း႐ြာအနီး စက်င္ေတာင္ မွ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္သို႔ သယ္ေဆာင္ရာတြင္ စက်င္ေတာင္မွ ေျမာင္ျမစ္ အတြင္းသို႔လည္းေကာင္း၊ ေျမာင္ျမစ္မွတစ္ဆင့္ ဧရာဝတီျမစ္ေၾကာင္းအတိုင္း စုန္ဆင္း၍ ဆီမီးခုံဆိပ္ကမ္း၊ ဆီမီးခုံဆိပ္ကမ္းမွတစ္ဆင့္ တံတားဦးစကားအင္းအဝိုင္း၊ ၎မွတစ္ဆင့္ မႏၲေလး-ရန္ကုန္အျမန္လမ္းမႀကီးအတိုင္း ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးတည္ထားကိုးကြယ္မည့္ ဒကၡိဏသီရိၿမိဳ႕နယ္သို႔လည္းေကာင္း အဆင့္ဆင့္ ပင့္ေဆာင္မည့္လမ္းေၾကာင္းကို ရဟတ္ယာဥ္ျဖင့္ ၾကည့္ရႈခဲ့ၿပီး လိုအပ္သည္မ်ား မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။