တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Russia Today TV သတင်း ဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား

နေပြည်တော်၊ ဇွန် ၃၀

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း Russia Today TV သတင်းဌာနနှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။ အဆိုပါ သတင်း ဌာန၏ မေးမြန်းချက်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြန်လည် ရှင်းလင်း ဖြေကြားချက်များကို ဖော်ပြလိုက်ရပါသည်-

Russia Today TV ။ COVID-19 ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးအခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ရုရှား လူမျိုးတွေရဲ့ အဓိက အောင်ပွဲကြီးဖြစ်တဲ့ မဟာမျိုးချစ်အောင်ပွဲ စစ်ရေးပြ အခမ်းအနားကို အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တက်ရောက်ပေးတဲ့ အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အခုလို လာရောက်တဲ့အချိန်မှာ အဆွေတော်အနေနဲ့ ရုရှားလူမျိုး ၁၉ယောက်ကို မြန်မာနိုင်ငံမှ ခေါ်ဆောင်လာ ပေးတယ်လို့ သိရှိရပါတယ်။ ဒါဟာ ဝမ်းသာပီတိဖြစ်စရာ သတင်းဖြစ်ပြီး ရုရှား လူမျိုးတစ်ယောက်အနေနဲ့ အဆွ ေတော်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အခက်အခဲဖြစ်နေတဲ့ ရုရှားလူမျိုးတွေကို မြန်မာနိုင်ငံကနေ ရုရှား နိုင်ငံသို့ ခေါ်ဆောင်လာပေးဖို့ စိတ်ကူး ရခဲ့ပုံကို ရှင်းပြပေးပါဦးရှင့်။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ မြန်မာတွေဟာ ကိုယ်ချင်းစာစိတ်ရှိကြပါတယ်။ ဗုဒ္ဓဘာသာ ဝင်တွေဟာ ကိုယ်ချင်း စာစိတ်ရှိကြ ပါတယ်။ သူများတွေ ဒုက္ခရောက်နေရင် ငါတို့ဘယ်လိုကူညီရမလဲဆိုတဲ့ စိတ်မျိုးစိတ်အခံ ရှိကြပါတယ်။ စိတ်အခံရှိတော့သူတို့ဒီလို COVID-19 ကပ်ရောဂါကြောင့် သွားလာရေး အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်လည်း ရုရှားနိုင်ငံကို လာဖို့ရှိတဲ့ အပြင် ကျွန်တော်စီးလာမယ့် လေယာဉ်မှာလည်း နေရာ တွေ အကျယ်ကြီးရှိတဲ့ အတွက် သူတို့ ကို ခေါ်လာခြင်းဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာလည်း ပျော်ရွှင်မှုဖြစ်မှာပါ။ သူတို့ရဲ့ဒုက္ခတွေ လွတ်ငြိမ်းသွားပြီ ဆိုတဲ့ ပျော်ရွှင်မှုမျိုးဖြစ်မှာပါ။ ဒီလိုပျော်ရွှင်မှုဖြစ်သွားတဲ့ ပီတိကို ကျွန်တော် တို့ လည်း ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ခေါ်လာခဲ့တာပါ။

မြန်မာနိုင်ငံသားတွေရဲ့ စိတ်အရင်းခံက ကိုယ် ချင်းစာနာတဲ့ စိတ်ရှိကြပါတယ်။ ဒါက အဓိကအချက်ပါ။

Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ Red Square မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်း အနားကြီးကို တက်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရှိထားပါတယ်။ ဒီလိုမျိုး တက်ရောက်တဲ့အချိန်မှာ တွေ့မြင်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ စိတ်ခံစားချက်တွေကိုလည်း ပြောပြပေးပါ။

ဗိုလ်ချုပ်မှူးကြီး။ စစ်ရေးပြက အင်မတန် ခမ်းနားတဲ့ စစ်ရေးပြ အခမ်းအနားကြီးဖြစ် ပါတယ်။ စနစ်တကျ လုပ်ထားတာကို တွေ့ရ ပါတယ်။ စနစ်တကျလုပ်ထားပေမယ့် ဖိအား တွေနဲ့ လုပ်ထားတဲ့ စစ်ရေးပြ ပုံစံမျိုးမဟုတ် ဘူးဆိုတာ ကျွန်တော် သတိပြုမိပါတယ်။ စစ်သားအများစုမှာ ဆိုရင် ဖိအားတွေရှိကြ တယ်။ ဒါပေမဲ့ ဒီစစ်ရေးပြမှာ ညီညာမှုနဲ့ စနစ်တကျ ရှိဖို့အတွက် သူ့နေရာနဲ့သူ လုပ်ဆောင်သွားတာကို ကျွန်တော်သတိပြုမိပါတယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက ဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားနိုင်ငံ ရဲ့ အောင်မြင်မှု၊ ရုရှား နိုင်ငံရဲ့သမိုင်း၊ ရုရှား နိုင်ငံရဲ့ဂုဏ်ကို ဖော်ပြနေပါတယ်။ ရုရှား ပြည်သူတွေရဲ့အောင်မြင်မှုကို ဖော်ပြတာ ပေါ့။ ကျွန်တော်ဆိုလည်း ဒီလိုစစ်ရေး ပြမျိုး လုပ်ရတာကို ဂုဏ်ယူမိမှာပဲ။ ရုရှားပြည်သူ တွေလည်း ဒါနဲ့ပတ်သက်ပြီး ဂုဏ်ယူနေလိမ့် မယ်လို့ ကျွန်တော် အပြည့်အဝယုံကြည် ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်းဒီလိုပါပဲ။ ကိုယ့်နိုင်ငံရဲ့အောင်မြင်မှုတွေကို

ထုတ်ဖော်ပြသတဲ့ အချိန်ကျရင် အားလုံး ဂုဏ်ယူကြတာပါပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ ဂုဏ်ယူခဲ့ရပါတယ်။ ဒါကြောင့် ဒီစစ်ရေးပြက အင်မတန်ကောင်းမွန်တဲ့ စစ်ရေးပြတစ်ခု၊ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာကောင်းတဲ့ စစ်ရေးပြတစ်ခု၊ ပြည်သူ တွေအတွက် အားတက်ဖွယ်ရာဖြစ်စေတဲ့ စစ်ရေးပြတစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်။

Russia Today TV ။ ရုရှားပြည်သူတွေ အနေနဲ့ ဒီအခမ်းအနားကို အကုန်လုံးတက် ရောက်ခွင့်မရခဲ့ပေမယ့် လည်း ရောက်ရှိနေ တဲ့နေရာတွေကနေ ကောင်းကင်ပေါ်မော့ ကြည့်ပြီး လေကြောင်းစစ်ရေးပြမှုတွေ အားလုံး ကိုကြည့်ရှုပြီးတော့ လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ လေကြောင်းစစ်ရေးပြ မှုတွေကို အဆွေတော် ဗိုလ်ချုပ် မှူးကြီး အနေနဲ့ အခမ်းအနားမှာ နီးနီးကပ်ကပ် တွေ့မြင်ခဲ့ရမယ်လို့ ထင်ပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူး ကြီးတို့ နိုင်ငံ အနေနဲ့လည်း ရုရှား နိုင်ငံကထုတ်လုပ်တဲ့ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေကိုဝယ်ယူပြီး ပျံသန်း အသုံးပြုနေ တယ်လို့သိရှိထားပါတယ်။ ဒီလိုပျံသန်းအသုံး ပြုမှုတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ် မှူးကြီး အနေနဲ့ ဘယ်လိုမျိုးကျေနပ် အားရမှုတွေရှိလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ရုရှားနိုင်ငံမှာပြသတဲ့ ရုရှား ရဟတ်ယာဉ်၊ လေယာဉ်တွေကတော့ မူရင်းပေါ့။ မူရင်းကို ကျွန်တော် တို့ဒီမှာမြင်ရတာပေါ့။ ဒါတွေက စွမ်းရည်အင်မတန်ကောင်းတဲ့၊ အရည်အသွေးရှိတဲ့ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ပြီး ရဟတ်ယာဉ်က အမြင့်ကြီးပျံတာ မဟုတ်ဘဲ ခပ်နိမ့်နိမ့် ပျံတာပေါ့။

အဲ့ဒီအတွက် ကျွန်တော်တို့က သဲသဲကွဲကွဲ မြင်ရတယ်။ လေယာဉ်တွေကို သဲသဲကွဲကွဲမြင်ရသလို ရဟတ်ယာဉ်တွေ ကိုလည်း သဲသဲ ကွဲကွဲမြင်ရတယ်။ စွမ်းရည်ရှိတဲ့ လေယာဉ်တွေလို့ပြောရမယ်။ လေယာဉ်မှူးတွေရဲ့ မောင်းနှင်မှုက အင်မတန်ကျွမ်းကျင်ပါတယ်။

ညီညာမှုရှိတယ်လို့ ကျွန်တော်ပြောလိုပါ တယ်။ ဘာပဲပြောပြော ဒီလိုအရည်အသွေးပြည့်ဝတဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ ကိုမြင်ရတော့ မြန်မာနိုင်ငံမှာလည်း ဒါတွေ ကိုသုံးနေတာပဲဆိုပြီး ဝမ်းသာရပါတယ်။

Russia Today TV ။ ရုရှားနိုင်ငံကထုတ် လုပ်ထားတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပတ်သက်ပြီး ကျေနပ်အား ရမှုရှိသလား။

ဗိုလ်ချုပ်မှူးကြီး။ ရှိပါတယ်။ ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရဟတ်ယာဉ်နဲ့လေယာဉ်တွေဖြစ်ပါ တယ်။

Russia Today TV ။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေဆိုတာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက် ရေး အောင်မြင်မှုတွေ ရဲ့ ရလဒ်တွေဖြစ်ပါတယ်။ နှစ်နိုင်ငံစစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် တွေနဲ့ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့လက်ရှိအခြေအနေမှာ ဘယ်လိုအမြင် မျိုးတွေ ရှိပါသလဲ။ ဘယ်လို မျိုးစိတ်ခံစားမှုတွေ ရှိပါသလဲ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ရုရှားနဲ့မြန်မာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဟာ ဆယ်စုနှစ် ၂ ခုကို ကျော်သွား ပါပြီ။ တော်တော်ကြာပါပြီ။ တဖြည်းဖြည်းနဲ့စခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခုဆိုရင် နယ်ပယ်က အကျယ်ကြီးဖြစ်လာပြီး ခိုင်ခိုင် မာမာလည်းဖြစ်နေပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး များစွာ အထောက်အကူရတယ်ဆိုတာ ကျွန်တော် ရိုးသားစွာပြောလိုပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဟာ ကျေနပ်ဖွယ်ရာရှိတယ်လို့ပြောလိုပတယ်။ ဒါတွေက အင်မတန် အကျိုးရှိ ပါတယ်။ ရှေ့ဆက်ပြီးလည်း နှစ်နိုင်ငံစစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ ဆောင်ရွက် သွား မယ်လို့ ကျွန်တော်ပြောလိုပါတယ်။

Russia Today TV ။ ရုရှားနိုင်ငံအနေနဲ့ အရှေ့တောင်အာရှမှာ မိတ်ဆွေနိုင်ငံတွေ အများအပြားရှိပါတယ်။ ရုရှားနိုင်ငံ အနေနဲ့ နိုင်ငံရေးပိုင်းသာမက စီးပွားရေးပိုင်းကပါတတ်နိုင်သလောက် ကူညီထောက်ပံ့ပေး နေတာ တွေရှိပါတယ်။ ဒီလိုမိတ်ဆွေနိုင်ငံ တွေထဲမှာ အဆွေတော်တို့မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ဒီလိုမျိုး သတ်မှတ်ထားတဲ့အချိန်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှားနိုင်ငံအပေါ် ဘယ်လိုအမြင်မျိုးရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့က ရုရှားနိုင်ငံကို ဒီဘက်ခေတ်ကျမှ ဆက်ဆံတာမဟုတ် ပါဘူး။ လွန်ခဲ့တဲ့နှစ် ပေါင်း ၇ဝ လောက် ကတည်းက ဆက်ဆံလာခဲ့ကြတာပါ။ ကာလ ရှည်ကြာတဲ့သမိုင်းကြောင်းနဲ့ ရှည်လျားတဲ့ ဆက်ဆံရေးတွေရှိတယ်။ ရုရှားနိုင်ငံက မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဟိုးအရင် ကတည်းက ကူညီပေးခဲ့ တာဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအရ သာမက စီးပွားရေး၊ ယဉ်ကျေးမှု နယ်ပယ် တွေမှာ လုပ်လို့ရတာ အများကြီး ရှိပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ခြင်းဖြင့် ပြည်သူတွေက တိုက်ရိုက်ပါဝင် လာပြီး ကျွန်တော်တို့ဘက်က ပြည်သူတွေက ခင်ဗျားတို့ ဘက်ကိုလာသလို ခင်ဗျားတို့ ဘက်က ပြည်သူ တွေကလည်း ကျွန်တော် တို့ဘက်ကိုလာပြီး စီးပွားရေးတွေ လုပ်ကြမယ်။ ပြည်သူတွေ ထိတွေ့မှုများ လာတာနဲ့အမျှ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဟာလည်း ပိုပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ ဒါတွေ ကို ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေနဲ့ ထပ်ပြီးအားဖြည့်ပေးပါတယ်။ ယဉ်ကျေးမှုကြောင့် ရင်းနှီးမှုပို ရတာပေါ့။ နှစ်ခု ပေါင်းလိုက်မယ် ဆိုရင်တော့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်က အများကြီး ကြီးမား ကျယ်ပြန့် လာမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို တိုးတက် အောင်မြင်အောင် ဆောင်ရွက်ဖို့ဆန္ဒရှိတယ်ဆိုတာ သိရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒီလိုမျိုးဆန္ဒရှိနေတဲ့ နိုင်ငံတော်ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက် မြန်မာနိုင်ငံမှာ ရှိတဲ့အတွက် မြန်မာ- ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရေးဟာ ပိုမိုတိုးတက်မှု ရရှိခဲ့တယ် ဆိုတာ လက်တွေ့ကျကျ တွေ့ရှိခဲ့ရပါတယ်၊။ အဆွေတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိ ထမ်းဆောင်နေတဲ့ တာဝန်တွေသာမက ဒီထက်ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အထိ ဖြစ်နိုင်တယ် ဆိုတာကိုလည်း သိရှိထားပါတယ်။ ဒါကြောင့် ဒီလိုကြီး လေးတဲ့ နိုင်ငံတော်တာဝန် တွေကို ထမ်းဆောင်ခွင့်ရခဲ့မယ်ဆိုရင် ရုရှား- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နဲ့ဆက်ဆံရေး ပိုင်းမှာ ဘယ်လိုအစီအစဉ်တွ ေဆောင်ရွက်မယ်ဆိုတဲ့ လျာထားအစီအမံတွေများ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ကတော့ ဘယ်နေရာရောက်ရောက် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးမြင့်မားအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ လုပ်ဆောင် ရမယ့်နယ်ပယ်တွေလည်း အများကြီးရှိပါ တယ်။ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက် တာတွေရှိသလို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ့် နယ်ပယ် တွေရှိ ပါတယ်။ ဒါတွေက အင်မတန်အရေးကြီးပါတယ်။ ဒါတွေကိုလုပ်နိုင်မယ်ဆိုရင် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေး၊ ဒေသရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို အထောက်အကူရမှာပါ။ ရုရှားနိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လုပ်နိုင်မယ်ဆိုရင် အောင်မြင်မှု ရလဒ်ရရှိလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ရုရှား- မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဓိက ထားပြီး မေးတဲ့အတွက် ကျွန်တော် တစ်ခုဖြည့်စွက် ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံတွေအားလုံးနဲ့ လွတ်လပ် တဲ့ဆက် ဆံရေး ရှိတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒနဲ့အညီ ကျွန်တော် တို့ဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ဘယ်နယ်ပယ်မှာမဆို နှစ်နိုင်ငံစလုံးအတွက် အကျိုး ရှိမယ်၊ ဒေသအတွက် အကျိုးရှိမယ်၊ ကမ္ဘာကြီးအတွက် အကျိုးရှိမယ်ဆိုရင် နိုင်ငံအားလုံးနဲ့ စိတ်တူသဘောတူ လုပ်လို့ရမယ့် နယ်ပယ်မှန်သမျှ လုပ်ချင်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောတာပါ။ ရုရှားနိုင်ငံက ကျွန်တော်တို့ အပေါ်မှာ အမြဲတမ်းနားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ပေးတဲ့ နိုင်ငံမျိုးဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဦးစားပေးစဉ်းစားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် ဖို့ရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ကျွန်တော်တို့ပူးပေါင်းဆောင် ရွက်သွားမယ်ဆိုတာပြောပါရစေ။

Russia Today TV ။ အဆွေတော် ဖြေကြားခဲ့သလိုပါပဲ။ ဒီလိုမျိုးဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့၊ ဆောင်ရွက် နိုင်ဖို့ အင်အားရှိတဲ့ နိုင်ငံအကြီးအကဲ တစ်ယောက်က ဘယ်နေရာ မှာပဲဖြစ်ဖြစ် ဒါတွေကိုဆက်လက်ဆောင်ရွက် မယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီထက်လုပ်ပိုင်ခွင့်ရှိပြီး ဆောင်ရွက်ခွင့်ရှိတဲ့ တာဝန် တွေကိုထမ်း ဆောင်ပြီး နိုင်ငံ့အကျိုး၊ ကမ္ဘာ့အကျိုးနဲ့ ငြိမ်းချမ်းရေးရရှိအောင် သယ်ပိုးထမ်းဆောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ယခုလိုပြောကြားပေးတဲ့ အတွက် အဆွေတော်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီလိုမျိုး စိတ်ဆန္ဒရှိပါတယ်။

Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ ဒေသတွင်းလုံခြုံရေး၊ ကမ္ဘာ့လုံခြုံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် အရေးကြီးဆုံး အန္တရာယ်ပြုနေသူတွေကတော့ အကြမ်းဖက် သောင်းကျန်း သူတွေဖြစ် ပါတယ်။ ဒီလိုအကြမ်းဖက် သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အနည်းငယ် ပြောကြားပေးစေလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ အကြမ်းဖက် သောင်းကျန်းသူ ဘာကြောင့်ပေါ်လာသလဲ။ ကျွန်တော်တို့က သူတို့ရဲ့နောက်ခံ ဇာစ်မြစ်ကို ကြည့်ဖို့ လိုပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တစ်အချက်ကတော့ နိုင်ငံရေးအရ ဖြေရှင်း ရမယ်။ ဒုတိယအချက်ကတော့ စစ်ရေးအရ ဖြေရှင်းရမယ်။ အကြမ်းဖက်တယ်ဆိုတာ လက်နက်နဲ့ သတ်ဖြတ်မှုတွ တွေလုပ် တဲ့ ကိစ္စဖြစ် တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စစ်ရေး အရ ပြန်ပြီးရင်ဆိုင်ဖြေရှင်းမှာပေါ့။ စစ်ရေး အရ ဆိုရင်တော့ တစ်ဖက်လူကို အင်အားချည့်နဲ့ သွားအောင်လုပ်ရမှာပေါ့။ ဒါတွေကို ဦးစားပေးလုပ်ရမှာပေါ့။ ကျွန်တော်တို့က သူတို့ရဲ့ခြေတွေ၊ လက်တွေကိုဖြတ် တောက်နိုင်တယ်။ အမြစ်တွေ ဖြတ်တောက်နိုင်တယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ ယိမ်းယိုင် သွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါကျရင်တော့ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံ တစ်ခု၊ Respective ဖြစ်တဲ့ နိုင်ငံတစ်ခုနဲ့ မရဘူး။ ကျန်တဲ့ နိုင်ငံများကလည်း ဝိုင်းဝန်း ကူညီ မှရမယ်။ အကြမ်းဖက်မှုဆိုတာကလည်း အဖွဲ့အစည်းတစ်ခုတည်း၊ သူ့ရဲ့ Only ရပ်တည်ချက်ဆိုတာ ဘယ်အကြမ်း ဖက် အဖွဲ့ အစည်းမှာမှမရှိဘူး။ သူတို့ရဲ့ နောက်မှာ အားပေးကူညီမှုတွေ၊ ပံ့ပိုးမှုတွေရှိတယ်။ ဘဏ္ဍာရေးအရ၊ ငွေကြေးအရ အားပေးကူညီမှုတွေရှိတယ်။ လက်နက်၊ ခဲယမ်း အားပေးကူညီမှုတွေ ရှိတယ်။ စားနပ်ရိက္ခာ အားပေးကူညီမှုတွေ ရှိတယ်။ ငွေကြေးအား ပေးကူညီမှုတွေရှိတယ်။ လူအင်အား အားပေး ကူညီမှု တွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုဖြတ်တောက်မလဲ။ အကြမ်းဖက် အဖွဲ့အစည်းကို ရင်ဆိုင်နေတဲ့ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းတွေက သူတို့နဲ့ပူးတွဲဆောင် ရွက်နေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုတယ်။ ဒါတွေမှာ သံတမန်ရေးရာ ကိစ္စတွေကလည်း သိပ်စကားပြောပါတယ်။ ပြောရရင်တော့ မိတ်ဆွေ ကောင်းတွေ လိုတာပေါ့။

ပူးပေါင်း ဆောင်ရွက်မယ့် မိတ်ဆွေကောင်းတွေရမယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ မိတ်ဆွေကောင်း ပီသမှုနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေ ကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ချေမှုန်းနိုင် ပါလိမ့်မယ်။ ဒီလိုမျိုးမဟုတ်ဘဲ နောက်ကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အပြည့်အဝမလုပ်ဘဲ သူတို့လည်း လှုပ်သာ လူးသာဖြစ်အောင် ဒီဘက်မှာလည်း အဆင် ပြေအောင်ဆိုပြီး အဲလိုလုပ်နေမယ်ဆိုရင် အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အခက်အခဲ ရှိနေလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြန်ပြီးအနှစ်ချုပ်လိုက်ရင် အချက် ၃ ချက်ပဲရှိပါတယ်။ ပထမအချက်ကတော့ စစ်ရေးနည်း လမ်းအရ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့ကို နှိမ်နင်းတာ ပေါ့။ ဒုတိယအချက်ကတော့ နိုင်ငံရေးအရ သူတို့နဲ့ Negotiate လုပ်ပြီး ဆွေးနွေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဖြေရှင်းတာပေါ့။ တတိယ အချက်ကတော့ ခုနကပြောတဲ့သံတမန်နည်းလမ်းအရ ဖြေရှင်းတာဖြစ်ပြီး မိတ်ဆွေ နိုင်ငံ တွေ၊ အိမ်နီး ချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းတာပေါ့။ ဒီနည်းလမ်း ၃ ခုနဲ့ပဲ ဖြေရှင်း လို့ရပါမယ်။

Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဖြေကြားခဲ့တဲ့အဖြေတွေက အရမ်း တန်ဖိုးရှိပါတယ်။ ရုရှား တပ်မတော် မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေတောင်မှ ဒီလို အတွေးအခေါ် မျိုးတွေ မရှိပါဘူး။ နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံတော်အကြီးအကဲတွေမှာပဲ ဒီလို မျိုး အတွေးအခေါ်တွေရှိပါတယ်။ နိုင်ငံရေး သမားတွေဆီမှာပဲ ဒီလိုမျိုးအတွေးအခေါ်တွေရှိပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တပ်မတော် တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့တောင်မှ ဒီလိုမျိုးပြည်သူတွေ အတွက်၊ တစ်ကမ္ဘာလုံးအတွက် တွေးပေး နိုင်တယ်ဆိုတာ အရမ်းဂုဏ်ယူရပါတယ်။ လတ်တလောမှာတော့ ကမ္ဘာမှာ အကြမ်းဖက် သောင်းကျန်းသူ တွေကိုသာ တိုက်ခိုက်နေရတာမဟုတ်ပါဘူး။ COVID-19 ကပ်ရောဂါ ဆိုးကြီးကို လည်း တိုက်ခိုက်နေရပါတယ်။

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ဘာများပြောလို ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ COVID-19 ကပ်ရောဂါ နဲ့ပတ်သက်ပြီး တစ်နိုင်ငံတည်းလုပ်လို့တော့မရပါဘူး။ နိုင်ငံအားလုံး ပူးပေါင်းဆောင် ရွက်ဖို့လိုပါတယ်။ နိုင်ငံတွင်းနေထိုင်တဲ့ ပြည် သူပြည်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေလည်း လိုအပ်ပါတယ်။ ဒါ့ပြင် အစိုးရ၊ ဒါမှမဟုတ် အုပ်ချုပ်သူအဖွဲ့အစည်းတွေက လုံလောက်တဲ့ပံ့ပိုးပေးမှုတွေ လုပ်ပေးဖို့လည်း လိုပါတယ်။ ဒါကတော့ အင်မတန်လိုအပ်တဲ့ ကိစ္စတွေပါပဲ။ ဒီရောဂါကို ကျွန်တော်တို့ တားထား လို့မရဘူး။ ဘယ်နေရာကနေ ဝင်လာမလဲဆိုတာ ကျွန်တော်တို့မပြောနိုင် ဘူး။ မြင်လည်းမမြင်ရဘူး။ ကြားလည်း မကြားရဘူး။ အနံ့လည်း မရဘူး။ လွန်စွာ ကြီးမားတဲ့ အန္တရာယ်တစ်ခုပါ။ ဒီကိစ္စကို နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုအပြည့် အဝလိုအပ်ပါတယ်။ ဒါက နံပါတ် ၁ အချက် ဖြစ်ပါတယ်။ နောက်တစ်ခါ လုပ်ပေးနိုင် တဲ့သူ တွေက ဝိုင်းဝန်းကူညီဖို့လိုပါတယ်။ ငါနဲ့ မဆိုင်ဘူးဆိုပြီး နေလို့တော့မရဘူး။ အားလုံး ဝိုင်းဝန်း ကူညီရပါမယ်။ ဥပမာအနေနဲ့ဆိုရင် ကိုယ့်ကြောင့်မဖြစ်အောင်၊ သူ့ကြောင့် မဖြစ်အောင် ကိုယ် ဘယ်လို လုပ်မလဲဆိုတာ ဒီလိုမျိုး စဉ်းစားရပါမယ်။ ဒါဟာ ငါနဲ့မဆိုင်ဘူးဆို ပြီး နေလို့ရှိရင်တော့ အဲ့ဒီရောဂါဟာ သူ့ဆီ အချိန်မရွေး ရောက်လာနိုင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကို စိတ်ပူပါတယ်။ ဖြစ်နိုင်ရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူတွေအားလုံး၊ ပြည်သူတွေအားလုံး၊ နိုင်ငံအားလုံး လိုက်နာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါနဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘာအာမခံ ချက်မှ မပေးနိုင် သေးပါဘူး။

Russia Today TV ။ ဒီနေ့မှာဆိုရင် ရုရှား နိုင်ငံမှာ ၇၅ နှစ်မြောက် မျိုးချစ်မဟာအောင်ပွဲ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဆွေတော်တို့ မြန်မာနိုင်ငံမှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၇ ရက်က ၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ဖြစ်ပါတယ်။ အခမ်း အနားကို မကျင်းပနိုင်ခဲ့ပေမယ့်လည်း အောင်ပွဲဆို တာတော့ အတူတူပဲဖြစ် ပါတယ်။ နှစ်နိုင်ငံမှာ ဒီလိုတူညီတဲ့အောင်ပွဲတွေရှိပြီး အတူတကွ လက်တွဲ ဆောင်ရွက် နေရတဲ့ အတွက် လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ တစ်ခုတွေးမိတာက ဒီလို အဖြစ်ဆိုးတွေ ကမ္ဘာ့ စစ်ကြီးတွေ ဖြစ်ပေါ်ခဲ့တာကို ပြန်တွေးကြည့်မယ်ဆိုရင် နောင်တစ်ချိန် ဒါမျိုးမဖြစ်အောင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လိုစုဝေး သင့်တယ်။ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာကိုလည်း ကြားသိ လိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ အတိတ်ဆိုတာတော့ ရှိပါတယ်။ အတိတ်ဆိုတာ သင်ခန်းစာယူ ဖို့ပါပဲ။ အတိတ်ကို လက်ညှိုး ထိုးပြီး ပြဿနာ ရှာနေလို့ကတော့ ဘယ်တော့မှ မပြီးနိုင်ပါ ဘူး။ အခု ကျွန်တော်တို့ရဲ့ အောင်ပွဲဆိုတာ ကလည်း ဖက်ဆစ်ကို အောင်မြင်ခဲ့တာပါ။

လူမျိုးကို၊ နိုင်ငံကို အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖက်ဆစ်စနစ်ကို တိုက်ထုတ်လိုက်တာ၊ မရှိအောင် လုပ်တာပေါ့။ အဲ့ဒီ တော့ ဒီလိုမျိုးမဖြစ်အောင် ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစား ဖို့ပေါ့။ ငါတို့အပေါ်မှာ အနိုင်ကျင့်သွားတာ ဆိုပြီး၊ ဒီဟာကို ဒီအတိတ်ကို လက်ညှိုးထိုးပြီးတော့ လုပ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးအတွက် ဘယ်လိုမှ အာမခံချက်ရှိမှာမဟုတ်ပါဘူး။ ဘယ်လိုပဲစဉ်းစား၊ စဉ်းစား ဒီအဖြေပဲထွက်မှာပါ။ဒါ ကြောင့် အကောင်းဆုံးကတော့ ဒီအပေါ်မှာ သင်ခန်းစာ ယူပြီးတော့မှ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ငါတို့ဘယ်လို လုပ်မလဲ။ ဒီထက်ကောင်းအောင် ဘယ်လို လုပ်မလဲ။ ဒီထက်ပိုပြီး တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အမြင်မျိုးနဲ့ ကမ္ဘာ့နိုင်ငံ အားလုံးက လုပ်မယ်ဆို ရင်တော့ ကမ္ဘာကြီး ဟာ တည်ငြိမ်အေးချမ်းမှု၊ တိုးတက်မှုတွေရရှိ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

Russia Today TV ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ ၉ ဂဏန်းဟာ Lucky ဂဏန်း လို့သိရှိရပါတယ်။ အခုလည်း ၉ ဂဏန်း ကို Lucky ဂဏန်းအဖြစ် မြန်မာပြည်သူတွေက ယုံကြည်တယ်လို့သိရှိရပါတယ်။ ရုရှားနိုင်ငံရဲ့ မျိုးချစ်အောင်ပွဲ အခမ်းအနား ကြီးရဲ့ မူရင်း Date ကလည်း မေလ ၉ ရက် ဖြစ်ပါတယ်။ မေလ ၉ ရက်မှာ ကျင်းပခဲ့ ရမှာဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ယနေ့မှ ကျင်းပခဲ့ရတာဖြစ်ပါတယ်။ အဆွေတော်တို့ မြန်မာနိုင်ငံ မှာလည်း ၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ဟာ မတ်လ ၂၇ ရက် ဖြစ်တဲ့အတွက် ဒါကလည်း ၉ ဂဏန်းပါပဲ။

အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တပ်မ တော်နေ့အခမ်းအနားကို ပြန်လည်ကျင်းပမယ်ဆိုလို့ရှိရင် ဘယ်လို နေ့မျိုးကို ရွေးချယ် ပြီးတော့ ကျင်းပသွားမယ်။ ဘယ်တော့ လောက်မှာ ကျင်းပသွားမယ်ဆိုတာလေး သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဘယ်တော့လောက် ကျင်းပရမလဲဆိုတာကတော့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါ အခြေ အနေကို ဘယ်လိုထိန်းနိုင်မလဲ ဆိုတာလေးကို တစ်ချက်စဉ်းစားရမှာပေါ့။ နောက်တစ်ခုက ရာသီ ဥတုကို လည်း စဉ်းစားရမှာပေါ့။ နိုင်ငံမှာ လုပ်နေတဲ့ကိစ္စတွေက ကျွန်တော်တို့အတွက် ဘယ်လိုများ အဆင်ပြေနိုင်မလဲ ဆိုတာ စဉ်းစားရတာပေါ့။ ဒီအပေါ်မှာမူတည်ပြီး လုပ်ရမှာပေါ့။ ခင်ဗျား ခုနက ပြောသလိုပဲ ၉ ဂဏန်းဆိုတာကို ကျွန်တော်တို့ ဆီမှာ လူတော်တော်များများက အလေးထားတဲ့ရက်တွေဖြစ်ပါတယ်။ ၂၇ ရက်ကလည်း ၉ ဂဏန်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နောင်လုပ်မယ့် စစ်ရေးပြအခမ်း အနားကြီးကို ကံကောင်းစေမယ့်ရက် တစ်ခု ကိုရွေးပြီးတော့လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်တယ်ဆိုပေမယ့်လည်း သက်ဆိုင်ရာ အကြောင်းအရာတွေ အများ ကြီးရှိပါသေးတယ်။ ဒီအကြောင်းအရာတွေ အပေါ်မူတည်ပြီး စဉ်းစားရမှာပေါ့။ ဒီရက် မှာ လုပ်မယ်လို့ ရွေးထားပြီးတော့ ရွေးထား တဲ့ရက်အတိုင်းလုပ်တဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် အနှောင့် အယှက်တွေဖြစ် လာခဲ့ရင် ကိုယ်လည်း စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က တော့ ဘယ်ရက် အဆင်ပြေမလဲဆိုတာ ဦးစား ပေးပြီး စဉ်းစားရမှာပါ။

Date ။ ဒီလိုမျိုးရက်ကောင်း ရက်မြတ်ရွေးပြီးတော့ ကျင်းပတဲ့အချိန်မှာပဲ တကယ်လို့ ရွေးလိုက်တဲ့ရက်မှာ အောင် အောင်မြင်မြင် ကျင်းပဖြစ်သွားတယ်ဆိုရင် အဲ့ဒီရက်ဟာ ရက်ကောင်းရက်မြတ်ပါပဲ။ ရက်ကောင်း ရက်မြတ်ဖြစ်လို့ ကျင်းပတာ မဟုတ်ပါဘူး။ ကျင်းပလို့ ရက်ကောင်းရက် မြတ်ဖြစ်သွားတာဖြစ် ပါတယ်။ ရုရှားနိုင်ငံမှာလည်း ယနေ့ကျင်းပလိုက်တဲ့ အတွက် ယနေ့၂၄ ရက်ဟာလည်း ရက်ကောင်းရက်မြတ် တစ်ခုဖြစ် သွားပါပြီ။ ဒါကြောင့်မို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးတို့ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ရက်ကောင်း ရက်မြတ်တစ်ခုမှာ ကျင်းပ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျင်းပတဲ့ အချိန်မှာလည်း ခမ်းခမ်းအနားနားကျင်းပ မယ်ဆိုတာ ကြားသိထားရတဲ့ အတွက် ဒီအခမ်းအနားကို ရုရှားနိုင်ငံလိုပဲ တစ်ကမ္ဘာလုံး သိအောင် ပြစေချင်လား ဆိုတဲ့ ဆန္ဒလေးကို သိရှိလိုပါတယ်။ တကယ်လို့ တစ်ကမ္ဘာလုံး သိအောင်ပြချင်တယ်ဆိုရင်လည်း Russia Today TV Channel ကနေ ကူညီပေးဖို့ အသင့်ရှိပါတယ်။ ဖိတ်ကြားခဲ့ရင် လာရောက် ရိုက်ကူးပြီးတော့ တစ်ကမ္ဘာ လုံးကို ပြသပေး ချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ စစ်ရေးပြအခမ်းအနားတွေဆိုတာကတော့ ပထမတစ်ချက် တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်း ပကား ဘယ်လောက် ရှိတယ်။ တိုင်းပြည်ရဲ့ ကာကွယ်ရေးစိတ် ဓာတ်တွေ ဘယ်လောက်ရှိသလဲ။ ပြည်သူ တွေရဲ့ တိုင်းပြည် ချစ်စိတ် ဘယ်လောက်ရှိ သလဲ။ ဒါတွေကို ပြသတာပါ။ ဒီနေ့ အခမ်းအနားက လက်တွေ့ပြတာပေါ့။ ကမ္ဘာ့နိုင်ငံ တွေကို ကြည့်လိုက်ရင်လည်း သူတို့ရဲ့ နှစ်ပတ် လည်စစ်ရေးပြကြီးကို ကြီးကြီးကျယ်ကျယ် လုပ်ပြီး တော့မှ အကုန်လုံးပြကြတာပေါ့။

တကယ်တော့ ဒါတွေက သူများကို ခြိမ်း ခြောက်ဖို့မဟုတ်ပါဘူး။ ငါတို့ရဲ့ ကာကွယ်ရေးစွမ်းပကားဘယ်လောက် ရှိတယ်။ တိုင်းပြည် ရဲ့ စည်းလုံးညီညွတ်မှု ဘယ်လောက်ရှိတယ်။ တိုင်းပြည်ရဲ့ စိတ်ဓာတ် ဘယ်လောက်ရှိ တယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ် ဘယ်လို ရှိတယ်ဆိုတာ ပြတာပါ။ ကျွန်တော်တို့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနား တွေကို ခမ်းခမ်းနားနားလုပ်ခဲ့ပါတယ်။ လာမယ့် ၇၅ နှစ်မြောက် စိန်ရတုတပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားကို ခမ်းခမ်းနားနား လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ကမ္ဘာကို လည်းပြမှာပါ။ Live လည်း ကျွန်တော်တို့ လွှင့်မှာပါ။ RT က လာပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ဝမ်းမြောက်စွာကြိုဆိုကြောင်း ကျွန်တော် ပြော လိုပါတယ်။ ကျွန်တော် ဖိတ်လိုက်ပါမယ်။ စစ်ရေးပြအခမ်းအနား တစ်ခုပဲတော့ Promotion မလုပ်ဘဲ လာမယ်ဆို ရင် မြန်မာနိုင်ငံရဲ့ သာယာလှပမှု၊ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ချစ်ခင်ရင်းနှီးစွာ နေတတ်တဲ့ အပြုအမူတွေ၊ မြန်မာနိုင်ငံမှာ လူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ နေကြတဲ့ဟာတွေ၊ ဘာသာအားလုံး စုစည်းပြီး ညီညီ ညွတ်ညွတ်နဲ ့နေကြတဲ့ဟာတွေ၊ အမှန်တရား တွေကို ခင်ဗျားတို့ရိုက်ပြီး ကမ္ဘာကိုပြပေးမယ် ဆိုရင် ခင်ဗျားတို့ အတွက်လည်း ကောင်းသလို မြန်မာနိုင်ငံအတွက်လည်း ကောင်းပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရင် းနှီးမှု အတွက် လည်း ကောင်းပါတယ်။ ဒါပေမဲ့ ပြမယ်ဆိုရင်တော့ ကဏ္ဍပေါင်း စုံကနေ ခင်ဗျားတို့လေ့လာပြီး ပြပေးဖို့ ကျွန်တော်ပြောလိုပါတယ်။

Russia Today TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခုလိုမျိုးဖြေကြား ပေးတဲ့အတွက် ကျေးဇူး တင်ကြောင်း ပြော လိုပါတယ်။ အခုလိုမျိုး ဖိတ်ကြားမယ်ဆို တာ သိရတဲ့အတွက်လည်း ကျေးဇူးတင် ကြောင်းနဲ့ မိမိတို့ ရုရှား နိုင်ငံရဲ့ အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးတဲ့ အတွက်လည်း ရုရှားလူမျိုး တစ်ယောက် အနေနဲ့ ကျေးဇူး တင်ကြောင်း ထပ်မံပြောကြား လိုပါတယ်။

အဆွေတော်တို့ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး ရရှိပြီးတော့ တည်ငြိမ်အေးချမ်းပြီး တိုးတက်အောင်မြင်မှုတွေနဲ့ ဖြတ်သန်းနိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ကောင်းပါပြီ၊ တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေလို့လည်း ကျွန်တော်ပြန်ပြီး ဆုတောင်းပါတယ်။

 

(Zawgyi Version)

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Russia Today TV သတင္း ဌာနအား လက္ခံေတြ႕ဆုံ၍ ေမးျမန္းမႈမ်ားအား ေျဖၾကား

ေနျပည္ေတာ္၊ ဇြန္ ၃၀

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ၊ ကာကြယ္ေရး ဝန္ႀကီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ္ၾကားခ်က္အရ ႐ုရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔တက္ေရာက္ရန္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသို႔ ေရာက္ရွိေနစဥ္ ကာလအတြင္း Russia Today TV သတင္းဌာနႏွင့္ ေတြ႕ဆုံၿပီး ေမးျမန္းခ်က္မ်ားကို ျပန္လည္ ရွင္းလင္း ေျဖၾကားခဲ့သည္။ အဆိုပါ သတင္း ဌာန၏ ေမးျမန္းခ်က္မ်ားႏွင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ျပန္လည္ ရွင္းလင္း ေျဖၾကားခ်က္မ်ားကို ေဖာ္ျပလိုက္ရပါသည္-

Russia Today TV ။ COVID-19 ကပ္ေရာဂါေၾကာင့္ တစ္ကမာၻလုံးအခက္အခဲမ်ားနဲ႔ ရင္ဆိုင္ေနရတဲ့ အခ်ိန္မွာ ႐ုရွား လူမ်ိဳးေတြရဲ႕ အဓိက ေအာင္ပြဲႀကီးျဖစ္တဲ့ မဟာမ်ိဳးခ်စ္ေအာင္ပြဲ စစ္ေရးျပ အခမ္းအနားကို အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ တက္ေရာက္ေပးတဲ့ အတြက္ အလြန္ဝမ္းသာ ဂုဏ္ယူမိပါတယ္။ အခုလို လာေရာက္တဲ့အခ်ိန္မွာ အေဆြေတာ္အေနနဲ႔ ႐ုရွားလူမ်ိဳး ၁၉ေယာက္ကို ျမန္မာႏိုင္ငံမွ ေခၚေဆာင္လာ ေပးတယ္လို႔ သိရွိရပါတယ္။ ဒါဟာ ဝမ္းသာပီတိျဖစ္စရာ သတင္းျဖစ္ၿပီး ႐ုရွား လူမ်ိဳးတစ္ေယာက္အေနနဲ႔ အဆြ ေေတာ္ကို အလြန္ေက်းဇူးတင္ပါတယ္။ ဒီလိုမ်ိဳး အခက္အခဲျဖစ္ေနတဲ့ ႐ုရွားလူမ်ိဳးေတြကို ျမန္မာႏိုင္ငံကေန ႐ုရွား ႏိုင္ငံသို႔ ေခၚေဆာင္လာေပးဖို႔ စိတ္ကူး ရခဲ့ပုံကို ရွင္းျပေပးပါဦးရွင့္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ကြၽန္ေတာ္တို႔ ျမန္မာေတြဟာ ကိုယ္ခ်င္းစာစိတ္ရွိၾကပါတယ္။ ဗုဒၶဘာသာ ဝင္ေတြဟာ ကိုယ္ခ်င္း စာစိတ္ရွိၾက ပါတယ္။ သူမ်ားေတြ ဒုကၡေရာက္ေနရင္ ငါတို႔ဘယ္လိုကူညီရမလဲဆိုတဲ့ စိတ္မ်ိဳးစိတ္အခံ ရွိၾကပါတယ္။ စိတ္အခံရွိေတာ့သူတို႔ဒီလို COVID-19 ကပ္ေရာဂါေၾကာင့္ သြားလာေရး အခက္အခဲျဖစ္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ္လည္း ႐ုရွားႏိုင္ငံကို လာဖို႔ရွိတဲ့ အျပင္ ကြၽန္ေတာ္စီးလာမယ့္ ေလယာဥ္မွာလည္း ေနရာ ေတြ အက်ယ္ႀကီးရွိတဲ့ အတြက္ သူတို႔ ကို ေခၚလာျခင္းျဖစ္ပါတယ္။ သူတို႔ရဲ႕စိတ္ထဲမွာလည္း ေပ်ာ္႐ႊင္မႈျဖစ္မွာပါ။ သူတို႔ရဲ႕ဒုကၡေတြ လြတ္ၿငိမ္းသြားၿပီ ဆိုတဲ့ ေပ်ာ္႐ႊင္မႈမ်ိဳးျဖစ္မွာပါ။ ဒီလိုေပ်ာ္႐ႊင္မႈျဖစ္သြားတဲ့ ပီတိကို ကြၽန္ေတာ္ တို႔ လည္း ခံစားရပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က သူတို႔ကို ေခၚလာခဲ့တာပါ။

ျမန္မာႏိုင္ငံသားေတြရဲ႕ စိတ္အရင္းခံက ကိုယ္ ခ်င္းစာနာတဲ့ စိတ္ရွိၾကပါတယ္။ ဒါက အဓိကအခ်က္ပါ။

Russia Today TV ။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ Red Square မွာ က်င္းပခဲ့တဲ့ စစ္ေရးျပ အခမ္း အနားႀကီးကို တက္ေရာက္ၾကည့္ရႈခဲ့တယ္လို႔ သိရွိထားပါတယ္။ ဒီလိုမ်ိဳး တက္ေရာက္တဲ့အခ်ိန္မွာ ေတြ႕ျမင္ခဲ့တဲ့ ျမင္ကြင္းေတြနဲ႔ပတ္သက္ၿပီး အေဆြေတာ္ရဲ႕ စိတ္ခံစားခ်က္ေတြကိုလည္း ေျပာျပေပးပါ။

ဗိုလ္ခ်ဳပ္မႉးႀကီး။ စစ္ေရးျပက အင္မတန္ ခမ္းနားတဲ့ စစ္ေရးျပ အခမ္းအနားႀကီးျဖစ္ ပါတယ္။ စနစ္တက် လုပ္ထားတာကို ေတြ႕ရ ပါတယ္။ စနစ္တက်လုပ္ထားေပမယ့္ ဖိအား ေတြနဲ႔ လုပ္ထားတဲ့ စစ္ေရးျပ ပုံစံမ်ိဳးမဟုတ္ ဘူးဆိုတာ ကြၽန္ေတာ္ သတိျပဳမိပါတယ္။ စစ္သားအမ်ားစုမွာ ဆိုရင္ ဖိအားေတြရွိၾက တယ္။ ဒါေပမဲ့ ဒီစစ္ေရးျပမွာ ညီညာမႈနဲ႔ စနစ္တက် ရွိဖို႔အတြက္ သူ႔ေနရာနဲ႔သူ လုပ္ေဆာင္သြားတာကို ကြၽန္ေတာ္သတိျပဳမိပါတယ္။ ဒါက တစ္ခ်က္ေပါ့။ ေနာက္တစ္ခုက ဒီစစ္ေရးျပအခမ္းအနားႀကီးက ႐ုရွားႏိုင္ငံ ရဲ႕ ေအာင္ျမင္မႈ၊ ႐ုရွား ႏိုင္ငံရဲ႕သမိုင္း၊ ႐ုရွား ႏိုင္ငံရဲ႕ဂုဏ္ကို ေဖာ္ျပေနပါတယ္။ ႐ုရွား ျပည္သူေတြရဲ႕ေအာင္ျမင္မႈကို ေဖာ္ျပတာ ေပါ့။ ကြၽန္ေတာ္ဆိုလည္း ဒီလိုစစ္ေရး ျပမ်ိဳး လုပ္ရတာကို ဂုဏ္ယူမိမွာပဲ။ ႐ုရွားျပည္သူ ေတြလည္း ဒါနဲ႔ပတ္သက္ၿပီး ဂုဏ္ယူေနလိမ့္ မယ္လို႔ ကြၽန္ေတာ္ အျပည့္အဝယုံၾကည္ ပါတယ္။ ကမာၻ႔ႏိုင္ငံအသီးသီးမွာလည္းဒီလိုပါပဲ။ ကိုယ့္ႏိုင္ငံရဲ႕ေအာင္ျမင္မႈေတြကို

ထုတ္ေဖာ္ျပသတဲ့ အခ်ိန္က်ရင္ အားလုံး ဂုဏ္ယူၾကတာပါပဲ။ ကြၽန္ေတာ္တို႔လည္း ဒီလိုပဲ ဂုဏ္ယူခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီစစ္ေရးျပက အင္မတန္ေကာင္းမြန္တဲ့ စစ္ေရးျပတစ္ခု၊ ႏိုင္ငံေတာ္အတြက္ ဂုဏ္ယူဖြယ္ရာေကာင္းတဲ့ စစ္ေရးျပတစ္ခု၊ ျပည္သူ ေတြအတြက္ အားတက္ဖြယ္ရာျဖစ္ေစတဲ့ စစ္ေရးျပတစ္ခုလို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။

Russia Today TV ။ ႐ုရွားျပည္သူေတြ အေနနဲ႔ ဒီအခမ္းအနားကို အကုန္လုံးတက္ ေရာက္ခြင့္မရခဲ့ေပမယ့္ လည္း ေရာက္ရွိေန တဲ့ေနရာေတြကေန ေကာင္းကင္ေပၚေမာ့ ၾကည့္ၿပီး ေလေၾကာင္းစစ္ေရးျပမႈေတြ အားလုံး ကိုၾကည့္ရႈၿပီးေတာ့ လက္ခုပ္တီး အားေပးခဲ့ၾကပါတယ္။ ေလေၾကာင္းစစ္ေရးျပ မႈေတြကို အေဆြေတာ္ ဗိုလ္ခ်ဳပ္ မႉးႀကီး အေနနဲ႔ အခမ္းအနားမွာ နီးနီးကပ္ကပ္ ေတြ႕ျမင္ခဲ့ရမယ္လို႔ ထင္ပါတယ္။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉး ႀကီးတို႔ ႏိုင္ငံ အေနနဲ႔လည္း ႐ုရွား ႏိုင္ငံကထုတ္လုပ္တဲ့ ေလယာဥ္ေတြ၊ ရဟတ္ ယာဥ္ေတြကိုဝယ္ယူၿပီး ပ်ံသန္း အသုံးျပဳေန တယ္လို႔သိရွိထားပါတယ္။ ဒီလိုပ်ံသန္းအသုံး ျပဳမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ အေဆြေတာ္ ဗိုလ္ခ်ဳပ္ မႉးႀကီး အေနနဲ႔ ဘယ္လိုမ်ိဳးေက်နပ္ အားရမႈေတြရွိလဲဆိုတာ သိခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ႐ုရွားႏိုင္ငံမွာျပသတဲ့ ႐ုရွား ရဟတ္ယာဥ္၊ ေလယာဥ္ေတြကေတာ့ မူရင္းေပါ့။ မူရင္းကို ကြၽန္ေတာ္ တို႔ဒီမွာျမင္ရတာေပါ့။ ဒါေတြက စြမ္းရည္အင္မတန္ေကာင္းတဲ့၊ အရည္အေသြးရွိတဲ့ ေလယာဥ္ေတြ၊ ရဟတ္ ယာဥ္ေတြျဖစ္ေနတာကို ေတြ႕ရပါတယ္။ ေနာက္ၿပီး ရဟတ္ယာဥ္က အျမင့္ႀကီးပ်ံတာ မဟုတ္ဘဲ ခပ္နိမ့္နိမ့္ ပ်ံတာေပါ့။

အဲ့ဒီအတြက္ ကြၽန္ေတာ္တို႔က သဲသဲကြဲကြဲ ျမင္ရတယ္။ ေလယာဥ္ေတြကို သဲသဲကြဲကြဲျမင္ရသလို ရဟတ္ယာဥ္ေတြ ကိုလည္း သဲသဲ ကြဲကြဲျမင္ရတယ္။ စြမ္းရည္ရွိတဲ့ ေလယာဥ္ေတြလို႔ေျပာရမယ္။ ေလယာဥ္မႉးေတြရဲ႕ ေမာင္းႏွင္မႈက အင္မတန္ကြၽမ္းက်င္ပါတယ္။

ညီညာမႈရွိတယ္လို႔ ကြၽန္ေတာ္ေျပာလိုပါ တယ္။ ဘာပဲေျပာေျပာ ဒီလိုအရည္အေသြးျပည့္ဝတဲ့ ေလယာဥ္ေတြ ရဟတ္ယာဥ္ေတြ ကိုျမင္ရေတာ့ ျမန္မာႏိုင္ငံမွာလည္း ဒါေတြ ကိုသုံးေနတာပဲဆိုၿပီး ဝမ္းသာရပါတယ္။

Russia Today TV ။ ႐ုရွားႏိုင္ငံကထုတ္ လုပ္ထားတဲ့ ေလယာဥ္၊ ရဟတ္ယာဥ္ေတြနဲ႔ပတ္သက္ၿပီး ေက်နပ္အား ရမႈရွိသလား။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ရွိပါတယ္။ ေကာင္းပါတယ္။ တကယ္လည္းေကာင္းတဲ့ ရဟတ္ယာဥ္နဲ႔ေလယာဥ္ေတြျဖစ္ပါ တယ္။

Russia Today TV ။ ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြဆိုတာ ႏွစ္ႏိုင္ငံ စစ္ဘက္နည္းပညာ ပူးေပါင္း ေဆာင္႐ြက္ ေရး ေအာင္ျမင္မႈေတြ ရဲ႕ ရလဒ္ေတြျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံစစ္ဘက္ နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရး နယ္ပယ္ ေတြနဲ႔ပတ္သက္ၿပီးေတာ့ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔လက္ရွိအေျခအေနမွာ ဘယ္လိုအျမင္ မ်ိဳးေတြ ရွိပါသလဲ။ ဘယ္လို မ်ိဳးစိတ္ခံစားမႈေတြ ရွိပါသလဲ သိခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ႐ုရွားနဲ႔ျမန္မာ ႏွစ္ႏိုင္ငံ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္မႈဟာ ဆယ္စုႏွစ္ ၂ ခုကို ေက်ာ္သြား ပါၿပီ။ ေတာ္ေတာ္ၾကာပါၿပီ။ တျဖည္းျဖည္းနဲ႔စခဲ့တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ အခုဆိုရင္ နယ္ပယ္က အက်ယ္ႀကီးျဖစ္လာၿပီး ခိုင္ခိုင္ မာမာလည္းျဖစ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး မ်ားစြာ အေထာက္အကူရတယ္ဆိုတာ ကြၽန္ေတာ္ ႐ိုးသားစြာေျပာလိုပါတယ္။ ဒါေၾကာင့္ ႏွစ္ႏိုင္ငံ စစ္ဘက္ နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရးဟာ ေက်နပ္ဖြယ္ရာရွိတယ္လို႔ေျပာလိုပတယ္။ ဒါေတြက အင္မတန္ အက်ိဳးရွိ ပါတယ္။ ေရွ႕ဆက္ၿပီးလည္း ႏွစ္ႏိုင္ငံစစ္ဘက္နည္း ပညာပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးခ်ဲ႕ ေဆာင္႐ြက္ သြား မယ္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။

Russia Today TV ။ ႐ုရွားႏိုင္ငံအေနနဲ႔ အေရွ႕ေတာင္အာရွမွာ မိတ္ေဆြႏိုင္ငံေတြ အမ်ားအျပားရွိပါတယ္။ ႐ုရွားႏိုင္ငံ အေနနဲ႔ ႏိုင္ငံေရးပိုင္းသာမက စီးပြားေရးပိုင္းကပါတတ္ႏိုင္သေလာက္ ကူညီေထာက္ပံ့ေပး ေနတာ ေတြရွိပါတယ္။ ဒီလိုမိတ္ေဆြႏိုင္ငံ ေတြထဲမွာ အေဆြေတာ္တို႔ျမန္မာႏိုင္ငံဟာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ႏိုင္ငံ တစ္ခု ျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံအေနနဲ႔ ဒီလိုမ်ိဳး သတ္မွတ္ထားတဲ့အခ်ိန္မွာ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ႐ုရွားႏိုင္ငံအေပၚ ဘယ္လိုအျမင္မ်ိဳးရွိပါသလဲ။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ကြၽန္ေတာ္တို႔က ႐ုရွားႏိုင္ငံကို ဒီဘက္ေခတ္က်မွ ဆက္ဆံတာမဟုတ္ ပါဘူး။ လြန္ခဲ့တဲ့ႏွစ္ ေပါင္း ၇ဝ ေလာက္ ကတည္းက ဆက္ဆံလာခဲ့ၾကတာပါ။ ကာလ ရွည္ၾကာတဲ့သမိုင္းေၾကာင္းနဲ႔ ရွည္လ်ားတဲ့ ဆက္ဆံေရးေတြရွိတယ္။ ႐ုရွားႏိုင္ငံက ျမန္မာ ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ဟိုးအရင္ ကတည္းက ကူညီေပးခဲ့ တာျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ႏိုင္ငံေရးအရ သာမက စီးပြားေရး၊ ယဥ္ေက်းမႈ နယ္ပယ္ ေတြမွာ လုပ္လို႔ရတာ အမ်ားႀကီး ရွိပါတယ္။ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ျခင္းျဖင့္ ျပည္သူေတြက တိုက္႐ိုက္ပါဝင္ လာၿပီး ကြၽန္ေတာ္တို႔ဘက္က ျပည္သူေတြက ခင္ဗ်ားတို႔ ဘက္ကိုလာသလို ခင္ဗ်ားတို႔ ဘက္က ျပည္သူ ေတြကလည္း ကြၽန္ေတာ္ တို႔ဘက္ကိုလာၿပီး စီးပြားေရးေတြ လုပ္ၾကမယ္။ ျပည္သူေတြ ထိေတြ႕မႈမ်ား လာတာနဲ႔အမွ် ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈဟာလည္း ပိုၿပီးေတာ့ေကာင္းလာမွာျဖစ္ပါတယ္။ ဒါေတြ ကို ယဥ္ေက်းမႈ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ မႈေတြနဲ႔ ထပ္ၿပီးအားျဖည့္ေပးပါတယ္။ ယဥ္ေက်းမႈေၾကာင့္ ရင္းႏွီးမႈပို ရတာေပါ့။ ႏွစ္ခု ေပါင္းလိုက္မယ္ ဆိုရင္ေတာ့ ႏွစ္ႏိုင္ငံရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈအရွိန္အဟုန္က အမ်ားႀကီး ႀကီးမား က်ယ္ျပန႔္ လာမယ္လို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။

Russia Today TV ။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ ႐ုရွား- ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးကို တိုးတက္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ဖို႔ဆႏၵရွိတယ္ဆိုတာ သိရတဲ့အတြက္ အရမ္းကို ဝမ္းသာပီတိျဖစ္မိ ပါတယ္။ ဒီလိုမ်ိဳးဆႏၵရွိေနတဲ့ ႏိုင္ငံေတာ္ရဲ႕ အႀကီးအကဲေခါင္းေဆာင္တစ္ေယာက္ ျမန္မာႏိုင္ငံမွာ ရွိတဲ့အတြက္ ျမန္မာ- ႐ုရွားႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးဟာ ပိုမိုတိုးတက္မႈ ရရွိခဲ့တယ္ ဆိုတာ လက္ေတြ႕က်က် ေတြ႕ရွိခဲ့ရပါတယ္၊။ အေဆြေတာ္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ လက္ရွိ ထမ္းေဆာင္ေနတဲ့ တာဝန္ေတြသာမက ဒီထက္ႀကီးေလးတဲ့ တာဝန္ေတြကို ထမ္းေဆာင္ဖို႔အထိ ျဖစ္ႏိုင္တယ္ ဆိုတာကိုလည္း သိရွိထားပါတယ္။ ဒါေၾကာင့္ ဒီလိုႀကီး ေလးတဲ့ ႏိုင္ငံေတာ္တာဝန္ ေတြကို ထမ္းေဆာင္ခြင့္ရခဲ့မယ္ဆိုရင္ ႐ုရွား- ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး နဲ႔ဆက္ဆံေရး ပိုင္းမွာ ဘယ္လိုအစီအစဥ္တြ ေေဆာင္႐ြက္မယ္ဆိုတဲ့ လ်ာထားအစီအမံေတြမ်ား ရွိပါသလား။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ကြၽန္ေတာ္ကေတာ့ ဘယ္ေနရာေရာက္ေရာက္ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုၿပီးျမင့္မားေအာင္ ေဆာင္႐ြက္ဖို႔ရွိပါတယ္။ လုပ္ေဆာင္ ရမယ့္နယ္ပယ္ေတြလည္း အမ်ားႀကီးရွိပါ တယ္။ စီးပြားေရး အရ ပူးေပါင္းေဆာင္႐ြက္ တာေတြရွိသလို ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရမယ့္ နယ္ပယ္ ေတြရွိ ပါတယ္။ ဒါေတြက အင္မတန္အေရးႀကီးပါတယ္။ ဒါေတြကိုလုပ္ႏိုင္မယ္ဆိုရင္ ေဒသတြင္း တည္ၿငိမ္ ေအးခ်မ္းေရးနဲ႔ ကမာၻ႔တည္ၿငိမ္ ေအးခ်မ္းေရး၊ ေဒသရဲ႕စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ကမာၻ႔စီးပြားေရး ဖြံ႕ၿဖိဳး တိုးတက္မႈေတြကို အေထာက္အကူရမွာပါ။ ႐ုရွားႏိုင္ငံဟာ အင္အားႀကီး ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ လုပ္ႏိုင္မယ္ဆိုရင္ ေအာင္ျမင္မႈ ရလဒ္ရရွိလိမ့္မယ္လို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္ပါတယ္။ ႐ုရွား- ျမန္မာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈကို အဓိက ထားၿပီး ေမးတဲ့အတြက္ ကြၽန္ေတာ္ တစ္ခုျဖည့္စြက္ ေျပာခ်င္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးမူဝါဒဟာ ႏိုင္ငံေတြအားလုံးနဲ႔ လြတ္လပ္ တဲ့ဆက္ ဆံေရး ရွိတယ္။ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူဝါဒနဲ႔အညီ ကြၽန္ေတာ္ တို႔ေဆာင္႐ြက္ၾကပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ အိမ္နီးနားခ်င္းႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ၊ ေဒသတြင္းႏိုင္ငံမ်ားနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈ၊ ကမာၻ႔ႏိုင္ငံမ်ားနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈ၊ ဘယ္နယ္ပယ္မွာမဆို ႏွစ္ႏိုင္ငံစလုံးအတြက္ အက်ိဳး ရွိမယ္၊ ေဒသအတြက္ အက်ိဳးရွိမယ္၊ ကမာၻႀကီးအတြက္ အက်ိဳးရွိမယ္ဆိုရင္ ႏိုင္ငံအားလုံးနဲ႔ စိတ္တူသေဘာတူ လုပ္လို႔ရမယ့္ နယ္ပယ္မွန္သမွ် လုပ္ခ်င္ပါတယ္။ ကြၽန္ေတာ့္ စိတ္ထဲမွာရွိတဲ့ အတိုင္း ေျပာတာပါ။ ႐ုရွားႏိုင္ငံက ကြၽန္ေတာ္တို႔ အေပၚမွာ အၿမဲတမ္းနားလည္မႈရွိၿပီး ပူးေပါင္းေဆာင္႐ြက္မႈလုပ္ေပးတဲ့ ႏိုင္ငံမ်ိဳးျဖစ္တဲ့ အတြက္ ကြၽန္ေတာ္တို႔ ဦးစားေပးစဥ္းစားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံနဲ႔စိတ္တူကိုယ္တူ ပူးေပါင္းေဆာင္႐ြက္ ဖို႔ရွိတဲ့ ဘယ္ႏိုင္ငံနဲ႔မဆို ကြၽန္ေတာ္တို႔ပူးေပါင္းေဆာင္ ႐ြက္သြားမယ္ဆိုတာေျပာပါရေစ။

Russia Today TV ။ အေဆြေတာ္ ေျဖၾကားခဲ့သလိုပါပဲ။ ဒီလိုမ်ိဳးေဆာင္႐ြက္ဖို႔ ဆႏၵရွိတဲ့၊ ေဆာင္႐ြက္ ႏိုင္ဖို႔ အင္အားရွိတဲ့ ႏိုင္ငံအႀကီးအကဲ တစ္ေယာက္က ဘယ္ေနရာ မွာပဲျဖစ္ျဖစ္ ဒါေတြကိုဆက္လက္ေဆာင္႐ြက္ မယ္ဆိုတာ အျပည့္အဝယုံၾကည္ပါတယ္။ ဒါေၾကာင့္လည္း ဒီထက္လုပ္ပိုင္ခြင့္ရွိၿပီး ေဆာင္႐ြက္ခြင့္ရွိတဲ့ တာဝန္ ေတြကိုထမ္း ေဆာင္ၿပီး ႏိုင္ငံ့အက်ိဳး၊ ကမာၻ႔အက်ိဳးနဲ႔ ၿငိမ္းခ်မ္းေရးရရွိေအာင္ သယ္ပိုးထမ္းေဆာင္ ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ယခုလိုေျပာၾကားေပးတဲ့ အတြက္ အေဆြေတာ္ကိုေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္လည္း ဒီလိုမ်ိဳး စိတ္ဆႏၵရွိပါတယ္။

Russia Today TV ။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ လုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး ေတာ့ ေဆြးေႏြးခဲ့တာ ရွိပါတယ္။ ေလာေလာဆယ္ ကမာၻေပၚမွာ ေဒသတြင္းလုံၿခဳံေရး၊ ကမာၻ႔လုံၿခဳံေရး၊ ႏိုင္ငံတကာ ဆက္ဆံေရးနဲ႔ ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ အေရးႀကီးဆုံး အႏၲရာယ္ျပဳေနသူေတြကေတာ့ အၾကမ္းဖက္ ေသာင္းက်န္း သူေတြျဖစ္ ပါတယ္။ ဒီလိုအၾကမ္းဖက္ ေသာင္းက်န္းသူေတြနဲ႔ ပတ္သက္ၿပီးေတာ့ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ အနည္းငယ္ ေျပာၾကားေပးေစလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ အၾကမ္းဖက္ ေသာင္းက်န္းသူ ဘာေၾကာင့္ေပၚလာသလဲ။ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕ေနာက္ခံ ဇာစ္ျမစ္ကို ၾကည့္ဖို႔ လိုပါတယ္။ ဒါေတြကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ တစ္အခ်က္ကေတာ့ ႏိုင္ငံေရးအရ ေျဖရွင္း ရမယ္။ ဒုတိယအခ်က္ကေတာ့ စစ္ေရးအရ ေျဖရွင္းရမယ္။ အၾကမ္းဖက္တယ္ဆိုတာ လက္နက္နဲ႔ သတ္ျဖတ္မႈတြ ေတြလုပ္ တဲ့ ကိစၥျဖစ္ တယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ စစ္ေရး အရ ျပန္ၿပီးရင္ဆိုင္ေျဖရွင္းမွာေပါ့။ စစ္ေရး အရ ဆိုရင္ေတာ့ တစ္ဖက္လူကို အင္အားခ်ည့္နဲ႔ သြားေအာင္လုပ္ရမွာေပါ့။ ဒါေတြကို ဦးစားေပးလုပ္ရမွာေပါ့။ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕ေျခေတြ၊ လက္ေတြကိုျဖတ္ ေတာက္ႏိုင္တယ္။ အျမစ္ေတြ ျဖတ္ေတာက္ႏိုင္တယ္ဆို ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အေနနဲ႔ ယိမ္းယိုင္ သြားမွာျဖစ္ပါတယ္။ အဲ့ဒီအခါက်ရင္ေတာ့ သက္ဆိုင္ရာ ကာယကံရွင္ႏိုင္ငံ တစ္ခု၊ Respective ျဖစ္တဲ့ ႏိုင္ငံတစ္ခုနဲ႔ မရဘူး။ က်န္တဲ့ ႏိုင္ငံမ်ားကလည္း ဝိုင္းဝန္း ကူညီ မွရမယ္။ အၾကမ္းဖက္မႈဆိုတာကလည္း အဖြဲ႕အစည္းတစ္ခုတည္း၊ သူ႔ရဲ႕ Only ရပ္တည္ခ်က္ဆိုတာ ဘယ္အၾကမ္း ဖက္ အဖြဲ႕ အစည္းမွာမွမရွိဘူး။ သူတို႔ရဲ႕ ေနာက္မွာ အားေပးကူညီမႈေတြ၊ ပံ့ပိုးမႈေတြရွိတယ္။ ဘ႑ာေရးအရ၊ ေငြေၾကးအရ အားေပးကူညီမႈေတြရွိတယ္။ လက္နက္၊ ခဲယမ္း အားေပးကူညီမႈေတြ ရွိတယ္။ စားနပ္ရိကၡာ အားေပးကူညီမႈေတြ ရွိတယ္။ ေငြေၾကးအား ေပးကူညီမႈေတြရွိတယ္။ လူအင္အား အားေပး ကူညီမႈ ေတြရွိတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ ဘယ္လိုျဖတ္ေတာက္မလဲ။ အၾကမ္းဖက္ အဖြဲ႕အစည္းကို ရင္ဆိုင္ေနတဲ့ သက္ဆိုင္ရာ ႏိုင္ငံအဖြဲ႕အစည္းေတြက သူတို႔နဲ႔ပူးတြဲေဆာင္ ႐ြက္ေနတဲ့ ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ ဖို႔လိုတယ္။ ဒါေတြမွာ သံတမန္ေရးရာ ကိစၥေတြကလည္း သိပ္စကားေျပာပါတယ္။ ေျပာရရင္ေတာ့ မိတ္ေဆြ ေကာင္းေတြ လိုတာေပါ့။

ပူးေပါင္း ေဆာင္႐ြက္မယ့္ မိတ္ေဆြေကာင္းေတြရမယ္ဆိုရင္ ဒီအၾကမ္းဖက္မႈေတြကို ေက်ာ္လႊားႏိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ ပါတယ္။ မိတ္ေဆြေကာင္း ပီသမႈနဲ႔ပူးေပါင္း ေဆာင္႐ြက္မယ္ဆိုရင္ ဒီအၾကမ္းဖက္မႈေတြ ကို ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။ ေခ်မႈန္းႏိုင္ ပါလိမ့္မယ္။ ဒီလိုမ်ိဳးမဟုတ္ဘဲ ေနာက္ကေနၿပီးေတာ့ ပူးေပါင္း ေဆာင္႐ြက္မႈေတြကို အျပည့္အဝမလုပ္ဘဲ သူတို႔လည္း လႈပ္သာ လူးသာျဖစ္ေအာင္ ဒီဘက္မွာလည္း အဆင္ ေျပေအာင္ဆိုၿပီး အဲလိုလုပ္ေနမယ္ဆိုရင္ အၾကမ္းဖက္မႈ ႏွိမ္နင္းေရးမွာ အခက္အခဲ ရွိေနလိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ျပန္ၿပီးအႏွစ္ခ်ဳပ္လိုက္ရင္ အခ်က္ ၃ ခ်က္ပဲရွိပါတယ္။ ပထမအခ်က္ကေတာ့ စစ္ေရးနည္း လမ္းအရ အၾကမ္း ဖက္ေသာင္းက်န္းသူအဖြဲ႕ကို ႏွိမ္နင္းတာ ေပါ့။ ဒုတိယအခ်က္ကေတာ့ ႏိုင္ငံေရးအရ သူတို႔နဲ႔ Negotiate လုပ္ၿပီး ေဆြးေႏြးၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏႈိင္း ေျဖရွင္းတာေပါ့။ တတိယ အခ်က္ကေတာ့ ခုနကေျပာတဲ့သံတမန္နည္းလမ္းအရ ေျဖရွင္းတာျဖစ္ၿပီး မိတ္ေဆြ ႏိုင္ငံ ေတြ၊ အိမ္နီး ခ်င္းႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး ေျဖရွင္းတာေပါ့။ ဒီနည္းလမ္း ၃ ခုနဲ႔ပဲ ေျဖရွင္း လို႔ရပါမယ္။

Russia Today TV ။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး ေျဖၾကားခဲ့တဲ့အေျဖေတြက အရမ္း တန္ဖိုးရွိပါတယ္။ ႐ုရွား တပ္မေတာ္ မွာ စစ္မႈထမ္းတာဝန္ထမ္းေဆာင္ေနတဲ့ အရာရွိႀကီးေတြေတာင္မွ ဒီလို အေတြးအေခၚ မ်ိဳးေတြ မရွိပါဘူး။ ႏိုင္ငံ့တာဝန္ထမ္းေဆာင္ ေနတဲ့ ႏိုင္ငံေတာ္အႀကီးအကဲေတြမွာပဲ ဒီလို မ်ိဳး အေတြးအေခၚေတြရွိပါတယ္။ ႏိုင္ငံေရး သမားေတြဆီမွာပဲ ဒီလိုမ်ိဳးအေတြးအေခၚေတြရွိပါတယ္။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ တပ္မေတာ္ တာဝန္ေတြ ထမ္းေဆာင္ေနရင္းနဲ႔ေတာင္မွ ဒီလိုမ်ိဳးျပည္သူေတြ အတြက္၊ တစ္ကမာၻလုံးအတြက္ ေတြးေပး ႏိုင္တယ္ဆိုတာ အရမ္းဂုဏ္ယူရပါတယ္။ လတ္တေလာမွာေတာ့ ကမာၻမွာ အၾကမ္းဖက္ ေသာင္းက်န္းသူ ေတြကိုသာ တိုက္ခိုက္ေနရတာမဟုတ္ပါဘူး။ COVID-19 ကပ္ေရာဂါ ဆိုးႀကီးကို လည္း တိုက္ခိုက္ေနရပါတယ္။

COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီး အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ဘာမ်ားေျပာလို ပါသလဲ။

ဗိုလ္ခ်ဳပ္မႉးႀကီး။ COVID-19 ကပ္ေရာဂါ နဲ႔ပတ္သက္ၿပီး တစ္ႏိုင္ငံတည္းလုပ္လို႔ေတာ့မရပါဘူး။ ႏိုင္ငံအားလုံး ပူးေပါင္းေဆာင္ ႐ြက္ဖို႔လိုပါတယ္။ ႏိုင္ငံတြင္းေနထိုင္တဲ့ ျပည္ သူျပည္သားေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ ေတြလည္း လိုအပ္ပါတယ္။ ဒါ့ျပင္ အစိုးရ၊ ဒါမွမဟုတ္ အုပ္ခ်ဳပ္သူအဖြဲ႕အစည္းေတြက လုံေလာက္တဲ့ပံ့ပိုးေပးမႈေတြ လုပ္ေပးဖို႔လည္း လိုပါတယ္။ ဒါကေတာ့ အင္မတန္လိုအပ္တဲ့ ကိစၥေတြပါပဲ။ ဒီေရာဂါကို ကြၽန္ေတာ္တို႔ တားထား လို႔မရဘူး။ ဘယ္ေနရာကေန ဝင္လာမလဲဆိုတာ ကြၽန္ေတာ္တို႔မေျပာႏိုင္ ဘူး။ ျမင္လည္းမျမင္ရဘူး။ ၾကားလည္း မၾကားရဘူး။ အနံ႔လည္း မရဘူး။ လြန္စြာ ႀကီးမားတဲ့ အႏၲရာယ္တစ္ခုပါ။ ဒီကိစၥကို ႏိုင္ငံအားလုံးရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈအျပည့္ အဝလိုအပ္ပါတယ္။ ဒါက နံပါတ္ ၁ အခ်က္ ျဖစ္ပါတယ္။ ေနာက္တစ္ခါ လုပ္ေပးႏိုင္ တဲ့သူ ေတြက ဝိုင္းဝန္းကူညီဖို႔လိုပါတယ္။ ငါနဲ႔ မဆိုင္ဘူးဆိုၿပီး ေနလို႔ေတာ့မရဘူး။ အားလုံး ဝိုင္းဝန္း ကူညီရပါမယ္။ ဥပမာအေနနဲ႔ဆိုရင္ ကိုယ့္ေၾကာင့္မျဖစ္ေအာင္၊ သူ႔ေၾကာင့္ မျဖစ္ေအာင္ ကိုယ္ ဘယ္လို လုပ္မလဲဆိုတာ ဒီလိုမ်ိဳး စဥ္းစားရပါမယ္။ ဒါဟာ ငါနဲ႔မဆိုင္ဘူးဆို ၿပီး ေနလို႔ရွိရင္ေတာ့ အဲ့ဒီေရာဂါဟာ သူ႔ဆီ အခ်ိန္မေ႐ြး ေရာက္လာႏိုင္ပါတယ္။ ကြၽန္ေတာ္ တို႔အေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး အရမ္းကို စိတ္ပူပါတယ္။ ျဖစ္ႏိုင္ရင္ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လူေတြအားလုံး၊ ျပည္သူေတြအားလုံး၊ ႏိုင္ငံအားလုံး လိုက္နာမယ္ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့။ ဒါနဲ႔ ပတ္သက္ၿပီး အခုအခ်ိန္အထိ ဘာအာမခံ ခ်က္မွ မေပးႏိုင္ ေသးပါဘူး။

Russia Today TV ။ ဒီေန႔မွာဆိုရင္ ႐ုရွား ႏိုင္ငံမွာ ၇၅ ႏွစ္ေျမာက္ မ်ိဳးခ်စ္မဟာေအာင္ပြဲ စစ္ေရးျပ အခမ္းအနား က်င္းပခဲ့ပါတယ္။ အေဆြေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ၂ဝ၂ဝ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္က ၇၅ ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ ျဖစ္ပါတယ္။ အခမ္း အနားကို မက်င္းပႏိုင္ခဲ့ေပမယ့္လည္း ေအာင္ပြဲဆို တာေတာ့ အတူတူပဲျဖစ္ ပါတယ္။ ႏွစ္ႏိုင္ငံမွာ ဒီလိုတူညီတဲ့ေအာင္ပြဲေတြရွိၿပီး အတူတကြ လက္တြဲ ေဆာင္႐ြက္ ေနရတဲ့ အတြက္ လည္း အရမ္းကို ဂုဏ္ယူမိပါတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာ တစ္ခုေတြးမိတာက ဒီလို အျဖစ္ဆိုးေတြ ကမာၻ႔ စစ္ႀကီးေတြ ျဖစ္ေပၚခဲ့တာကို ျပန္ေတြးၾကည့္မယ္ဆိုရင္ ေနာင္တစ္ခ်ိန္ ဒါမ်ိဳးမျဖစ္ေအာင္ ကမာၻ႔ႏိုင္ငံ အသီးသီးက ေခါင္းေဆာင္ေတြ အေနနဲ႔ ဘယ္လိုစုေဝး သင့္တယ္။ ဘယ္လိုေဆာင္႐ြက္သင့္တယ္ ဆိုတာကိုလည္း ၾကားသိ လိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ အတိတ္ဆိုတာေတာ့ ရွိပါတယ္။ အတိတ္ဆိုတာ သင္ခန္းစာယူ ဖို႔ပါပဲ။ အတိတ္ကို လက္ညႇိဳး ထိုးၿပီး ျပႆနာ ရွာေနလို႔ကေတာ့ ဘယ္ေတာ့မွ မၿပီးႏိုင္ပါ ဘူး။ အခု ကြၽန္ေတာ္တို႔ရဲ႕ ေအာင္ပြဲဆိုတာ ကလည္း ဖက္ဆစ္ကို ေအာင္ျမင္ခဲ့တာပါ။

လူမ်ိဳးကို၊ ႏိုင္ငံကို ေအာင္ျမင္ခဲ့တာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဖက္ဆစ္စနစ္ကို တိုက္ထုတ္လိုက္တာ၊ မရွိေအာင္ လုပ္တာေပါ့။ အဲ့ဒီ ေတာ့ ဒီလိုမ်ိဳးမျဖစ္ေအာင္ ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ ဘယ္လိုလုပ္ၾကမလဲဆိုတာ စဥ္းစား ဖို႔ေပါ့။ ငါတို႔အေပၚမွာ အႏိုင္က်င့္သြားတာ ဆိုၿပီး၊ ဒီဟာကို ဒီအတိတ္ကို လက္ညႇိဳးထိုးၿပီးေတာ့ လုပ္ေနမယ္ ဆိုရင္ေတာ့ ၿငိမ္းခ်မ္း ေရး၊ တည္ၿငိမ္ေရးအတြက္ ဘယ္လိုမွ အာမခံခ်က္ရွိမွာမဟုတ္ပါဘူး။ ဘယ္လိုပဲစဥ္းစား၊ စဥ္းစား ဒီအေျဖပဲထြက္မွာပါ။ဒါ ေၾကာင့္ အေကာင္းဆုံးကေတာ့ ဒီအေပၚမွာ သင္ခန္းစာ ယူၿပီးေတာ့မွ ေနာက္တစ္ခါ ဒီလိုအျဖစ္မ်ိဳး မျဖစ္ေအာင္ ငါတို႔ဘယ္လို လုပ္မလဲ။ ဒီထက္ေကာင္းေအာင္ ဘယ္လို လုပ္မလဲ။ ဒီထက္ပိုၿပီး တိုးတက္ေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့အျမင္မ်ိဳးနဲ႔ ကမာၻ႔ႏိုင္ငံ အားလုံးက လုပ္မယ္ဆို ရင္ေတာ့ ကမာၻႀကီး ဟာ တည္ၿငိမ္ေအးခ်မ္းမႈ၊ တိုးတက္မႈေတြရရွိ လိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။

Russia Today TV ။ ျမန္မာႏိုင္ငံရဲ႕ ယဥ္ေက်းမႈမွာ ၉ ဂဏန္းဟာ Lucky ဂဏန္း လို႔သိရွိရပါတယ္။ အခုလည္း ၉ ဂဏန္း ကို Lucky ဂဏန္းအျဖစ္ ျမန္မာျပည္သူေတြက ယုံၾကည္တယ္လို႔သိရွိရပါတယ္။ ႐ုရွားႏိုင္ငံရဲ႕ မ်ိဳးခ်စ္ေအာင္ပြဲ အခမ္းအနား ႀကီးရဲ႕ မူရင္း Date ကလည္း ေမလ ၉ ရက္ ျဖစ္ပါတယ္။ ေမလ ၉ ရက္မွာ က်င္းပခဲ့ ရမွာျဖစ္ေပမယ့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ယေန႔မွ က်င္းပခဲ့ရတာျဖစ္ပါတယ္။ အေဆြေတာ္တို႔ ျမန္မာႏိုင္ငံ မွာလည္း ၇၅ ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ဟာ မတ္လ ၂၇ ရက္ ျဖစ္တဲ့အတြက္ ဒါကလည္း ၉ ဂဏန္းပါပဲ။

အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ တပ္မ ေတာ္ေန႔အခမ္းအနားကို ျပန္လည္က်င္းပမယ္ဆိုလို႔ရွိရင္ ဘယ္လို ေန႔မ်ိဳးကို ေ႐ြးခ်ယ္ ၿပီးေတာ့ က်င္းပသြားမယ္။ ဘယ္ေတာ့ ေလာက္မွာ က်င္းပသြားမယ္ဆိုတာေလး သိခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ဘယ္ေတာ့ေလာက္ က်င္းပရမလဲဆိုတာကေတာ့ လက္ရွိျဖစ္ေနတဲ့ COVID-19 ကပ္ေရာဂါ အေျခ အေနကို ဘယ္လိုထိန္းႏိုင္မလဲ ဆိုတာေလးကို တစ္ခ်က္စဥ္းစားရမွာေပါ့။ ေနာက္တစ္ခုက ရာသီ ဥတုကို လည္း စဥ္းစားရမွာေပါ့။ ႏိုင္ငံမွာ လုပ္ေနတဲ့ကိစၥေတြက ကြၽန္ေတာ္တို႔အတြက္ ဘယ္လိုမ်ား အဆင္ေျပႏိုင္မလဲ ဆိုတာ စဥ္းစားရတာေပါ့။ ဒီအေပၚမွာမူတည္ၿပီး လုပ္ရမွာေပါ့။ ခင္ဗ်ား ခုနက ေျပာသလိုပဲ ၉ ဂဏန္းဆိုတာကို ကြၽန္ေတာ္တို႔ ဆီမွာ လူေတာ္ေတာ္မ်ားမ်ားက အေလးထားတဲ့ရက္ေတြျဖစ္ပါတယ္။ ၂၇ ရက္ကလည္း ၉ ဂဏန္းပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ေနာင္လုပ္မယ့္ စစ္ေရးျပအခမ္း အနားႀကီးကို ကံေကာင္းေစမယ့္ရက္ တစ္ခု ကိုေ႐ြးၿပီးေတာ့လုပ္ဖို႔ ရည္႐ြယ္ထားပါတယ္။ ကြၽန္ေတာ္တို႔ ရည္႐ြယ္တယ္ဆိုေပမယ့္လည္း သက္ဆိုင္ရာ အေၾကာင္းအရာေတြ အမ်ား ႀကီးရွိပါေသးတယ္။ ဒီအေၾကာင္းအရာေတြ အေပၚမူတည္ၿပီး စဥ္းစားရမွာေပါ့။ ဒီရက္ မွာ လုပ္မယ္လို႔ ေ႐ြးထားၿပီးေတာ့ ေ႐ြးထား တဲ့ရက္အတိုင္းလုပ္တဲ့အခ်ိန္မွာ အေၾကာင္းေၾကာင္းေၾကာင့္ အေႏွာင့္ အယွက္ေတြျဖစ္ လာခဲ့ရင္ ကိုယ္လည္း စိတ္အေႏွာင့္အယွက္ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ေတာ့ ဘယ္ရက္ အဆင္ေျပမလဲဆိုတာ ဦးစား ေပးၿပီး စဥ္းစားရမွာပါ။

Date ။ ဒီလိုမ်ိဳးရက္ေကာင္း ရက္ျမတ္ေ႐ြးၿပီးေတာ့ က်င္းပတဲ့အခ်ိန္မွာပဲ တကယ္လို႔ ေ႐ြးလိုက္တဲ့ရက္မွာ ေအာင္ ေအာင္ျမင္ျမင္ က်င္းပျဖစ္သြားတယ္ဆိုရင္ အဲ့ဒီရက္ဟာ ရက္ေကာင္းရက္ျမတ္ပါပဲ။ ရက္ေကာင္း ရက္ျမတ္ျဖစ္လို႔ က်င္းပတာ မဟုတ္ပါဘူး။ က်င္းပလို႔ ရက္ေကာင္းရက္ ျမတ္ျဖစ္သြားတာျဖစ္ ပါတယ္။ ႐ုရွားႏိုင္ငံမွာလည္း ယေန႔က်င္းပလိုက္တဲ့ အတြက္ ယေန႔၂၄ ရက္ဟာလည္း ရက္ေကာင္းရက္ျမတ္ တစ္ခုျဖစ္ သြားပါၿပီ။ ဒါေၾကာင့္မို႔ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔ ျမန္မာႏိုင္ငံမွာလည္း ဒီလိုမ်ိဳး ရက္ေကာင္း ရက္ျမတ္တစ္ခုမွာ က်င္းပ ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ က်င္းပတဲ့ အခ်ိန္မွာလည္း ခမ္းခမ္းအနားနားက်င္းပ မယ္ဆိုတာ ၾကားသိထားရတဲ့ အတြက္ ဒီအခမ္းအနားကို ႐ုရွားႏိုင္ငံလိုပဲ တစ္ကမာၻလုံး သိေအာင္ ျပေစခ်င္လား ဆိုတဲ့ ဆႏၵေလးကို သိရွိလိုပါတယ္။ တကယ္လို႔ တစ္ကမာၻလုံး သိေအာင္ျပခ်င္တယ္ဆိုရင္လည္း Russia Today TV Channel ကေန ကူညီေပးဖို႔ အသင့္ရွိပါတယ္။ ဖိတ္ၾကားခဲ့ရင္ လာေရာက္ ႐ိုက္ကူးၿပီးေတာ့ တစ္ကမာၻ လုံးကို ျပသေပး ခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ စစ္ေရးျပအခမ္းအနားေတြဆိုတာကေတာ့ ပထမတစ္ခ်က္ တိုင္းျပည္ရဲ႕ ကာကြယ္ေရးစြမ္း ပကား ဘယ္ေလာက္ ရွိတယ္။ တိုင္းျပည္ရဲ႕ ကာကြယ္ေရးစိတ္ ဓာတ္ေတြ ဘယ္ေလာက္ရွိသလဲ။ ျပည္သူ ေတြရဲ႕ တိုင္းျပည္ ခ်စ္စိတ္ ဘယ္ေလာက္ရွိ သလဲ။ ဒါေတြကို ျပသတာပါ။ ဒီေန႔ အခမ္းအနားက လက္ေတြ႕ျပတာေပါ့။ ကမာၻ႔ႏိုင္ငံ ေတြကို ၾကည့္လိုက္ရင္လည္း သူတို႔ရဲ႕ ႏွစ္ပတ္ လည္စစ္ေရးျပႀကီးကို ႀကီးႀကီးက်ယ္က်ယ္ လုပ္ၿပီး ေတာ့မွ အကုန္လုံးျပၾကတာေပါ့။

တကယ္ေတာ့ ဒါေတြက သူမ်ားကို ၿခိမ္း ေျခာက္ဖို႔မဟုတ္ပါဘူး။ ငါတို႔ရဲ႕ ကာကြယ္ေရးစြမ္းပကားဘယ္ေလာက္ ရွိတယ္။ တိုင္းျပည္ ရဲ႕ စည္းလုံးညီၫြတ္မႈ ဘယ္ေလာက္ရွိတယ္။ တိုင္းျပည္ရဲ႕ စိတ္ဓာတ္ ဘယ္ေလာက္ရွိ တယ္။ ျပည္သူေတြရဲ႕ စိတ္ဓာတ္ ဘယ္လို ရွိတယ္ဆိုတာ ျပတာပါ။ ကြၽန္ေတာ္တို႔ ျမန္မာ့တပ္မေတာ္ရဲ႕ စစ္ေရးျပ အခမ္းအနား ေတြကို ခမ္းခမ္းနားနားလုပ္ခဲ့ပါတယ္။ လာမယ့္ ၇၅ ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ ေန႔ စစ္ေရးျပ အခမ္းအနားကို ခမ္းခမ္းနားနား လုပ္ဖို႔ ရည္႐ြယ္ခ်က္ရွိပါတယ္။ ကမာၻကို လည္းျပမွာပါ။ Live လည္း ကြၽန္ေတာ္တို႔ လႊင့္မွာပါ။ RT က လာၿပီးေတာ့ ေဆာင္႐ြက္ေပးမယ္ဆိုရင္ ဝမ္းေျမာက္စြာႀကိဳဆိုေၾကာင္း ကြၽန္ေတာ္ ေျပာ လိုပါတယ္။ ကြၽန္ေတာ္ ဖိတ္လိုက္ပါမယ္။ စစ္ေရးျပအခမ္းအနား တစ္ခုပဲေတာ့ Promotion မလုပ္ဘဲ လာမယ္ဆို ရင္ ျမန္မာႏိုင္ငံရဲ႕ သာယာလွပမႈ၊ ျမန္မာ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ ခ်စ္ခင္ရင္းႏွီးစြာ ေနတတ္တဲ့ အျပဳအမူေတြ၊ ျမန္မာႏိုင္ငံမွာ လူေတြအားလုံး ညီညီၫြတ္ၫြတ္နဲ႔ ေနၾကတဲ့ဟာေတြ၊ ဘာသာအားလုံး စုစည္းၿပီး ညီညီ ၫြတ္ၫြတ္နဲ ့ေနၾကတဲ့ဟာေတြ၊ အမွန္တရား ေတြကို ခင္ဗ်ားတို႔႐ိုက္ၿပီး ကမာၻကိုျပေပးမယ္ ဆိုရင္ ခင္ဗ်ားတို႔ အတြက္လည္း ေကာင္းသလို ျမန္မာႏိုင္ငံအတြက္လည္း ေကာင္းပါတယ္။ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္ းႏွီးမႈ အတြက္ လည္း ေကာင္းပါတယ္။ ဒါေပမဲ့ ျပမယ္ဆိုရင္ေတာ့ က႑ေပါင္း စုံကေန ခင္ဗ်ားတို႔ေလ့လာၿပီး ျပေပးဖို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။

Russia Today TV ။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ အခုလိုမ်ိဳးေျဖၾကား ေပးတဲ့အတြက္ ေက်းဇူး တင္ေၾကာင္း ေျပာ လိုပါတယ္။ အခုလိုမ်ိဳး ဖိတ္ၾကားမယ္ဆို တာ သိရတဲ့အတြက္လည္း ေက်းဇူးတင္ ေၾကာင္းနဲ႔ မိမိတို႔ ႐ုရွား ႏိုင္ငံရဲ႕ အခမ္းအနားကို တက္ေရာက္ခ်ီးျမႇင့္ေပးတဲ့ အတြက္လည္း ႐ုရွားလူမ်ိဳး တစ္ေယာက္ အေနနဲ႔ ေက်းဇူး တင္ေၾကာင္း ထပ္မံေျပာၾကား လိုပါတယ္။

အေဆြေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ၿငိမ္းခ်မ္းေရး ရရွိၿပီးေတာ့ တည္ၿငိမ္ေအးခ်မ္းၿပီး တိုးတက္ေအာင္ျမင္မႈေတြနဲ႔ ျဖတ္သန္းႏိုင္ ပါေစလို႔ ဆုေတာင္းေပးပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ေကာင္းပါၿပီ၊ ေတာင္းတဲ့ ဆုနဲ႔ ျပည့္ပါေစလို႔လည္း ကြၽန္ေတာ္ျပန္ၿပီး ဆုေတာင္းပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။