တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံနှင့် တာယာစက်ရုံ (ရွာမ)တို့သို့ သွားရောက်၍ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းလည်ပတ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် – ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါပြီး ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံနှင့် တာယာစက်ရုံ(ရွာမ)တို့သို့ သွားရောက်၍ ကုန်ထုတ်လုပ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံသို့ ရောက်ရှိကြရာ စက်ရုံမှူး ဦးစိုးထူးငြိမ်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သွားတိုက်တံနှင့် သွားတိုက်ဆေးသည် နေ့စဉ်လိုအပ်ချက်ရှိနေသည့် ပစ္စည်းများဖြစ်သည့်အတွက် ဈေးကွက်ဝင်ပစ္စည်းများဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးသည် ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ် သွားတိုက်တံလဲလှယ်သုံးစွဲမည် ဆိုလျှင်ပင် သွားတိုက်တံနှင့် သွားတိုက်ဆေး လိုအပ်ချက်သည် များစွာရှိမည်ဖြစ်သောကြောင့် ဈေးကွက်ဝင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် အသုံးပြုရလွယ်ကူပြီး ထုပ်ပိုးမှုစနစ်ကျနကောင်းမွန်အောင် ထုတ်လုပ်ရောင်းချကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

မြန်မာနိုင်ငံတွင် သွားတိုက်တံအမျိုးအစားများစွာကို အသုံးပြုလျက်ရှိသော်လည်း ပြည်ပမှ မှာယူတင်သွင်းနေရသည့် သွားတိုက်တံများသာဖြစ်ပြီး DENTOMEC သွားတိုက်တံသည် ပြည်တွင်း၌ထုတ်လုပ်သည့် တစ်ခုတည်းသော သွားတိုက်တံအမျိုးအစားဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းသက်သာမှုရှိသည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများအပြင် လုပ်ငန်းခွင်သုံး၊ ဟိုတယ်သုံး သွားတိုက်တံနှင့် သွားတိုက်ဆေး များကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် စက်ရုံအတွင်းလှည့်လည်၍ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မေးမြန်းဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာယာစက်ရုံ(ရွာမ)သို့ ရောက်ရှိကြရာ စက်ရုံမှူး ဦးမြသန်းထွန်းက စက်ရုံ၏ဖွဲ့စည်းပုံ၊ စက်များတပ်ဆင်ထားရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများ၊ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန့်ဆွေတို့က ဖြည့်စွက်တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဈေးကွက် လိုအပ်ချက်အရ ပြည်တွင်းနှင့်ကိုက်ညီသည့် တာယာအမျိုးအစားများကို ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်တွင် TRI STAR အမှတ်တံဆိပ် တာယာများအနေဖြင့် Key Player ဖြစ်နေအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဈေးကွက်သုတေသနများ အမြဲမပြတ်ပြုလုပ်နေရမည်ဖြစ်ကြောင်း၊ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်ပမှ မှာယူရခြင်းမရှိအောင် ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး နိုင်ငံနှင့် ပြည်သူလူထုကို အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း၊ မော်တော်ကားတာယာများအား အခြားစက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများဖြင့် နှိုင်းယှဉ်ပြီး သက်သာမှုတွက်ချက်၍ အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းလိုအပ်ချက်ရှိပြီး ဈေးကွက်ရှိသည့် ဆိုင်ကယ်တာယာများကို ထုတ်လုပ်ရောင်းချပြီး ပြည်ပမှသွင်းကုန်များကို လျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ Labour-Intensive ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကိုလုပ်ဆောင်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ငွေကြေးအမြတ်ကို အဓိကမထားဘဲ တိုင်းပြည် စီးပွားရေးတိုးတက်ရန်နှင့် ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီကောင်းမွန်ရေး၊ ဈေးကွက်လိုအပ်ချက် သိရှိရေးစသည့်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစား၍ မိမိလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မှာကြားရာတွင် စားကုန်၊ သုံးကုန်များသည် လူများ၏ နေ့စဉ်ဘ၀လိုအပ်ချက်များဖြစ် ကြောင်း၊ ၎င်းတို့ကို ပြည်တွင်း၌ လုံလောက်အောင်ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့သည် ထိုကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားတို့၏ နေ့စဉ်လူနေမှုဘ၀လိုအပ်ချက်ဖြစ်သည့် စားကုန်၊ သုံးကုန်များကို ဦးစားပေးထုတ်လုပ်ခြင်းဖြင့် ပြည်သူလူထု၏ လူမှုစီးပွား ဘ၀တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အလယ်အလတ်တန်းစား လူတန်းစားများပြားသည့်အတွက် ၎င်းတို့၏ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း စဉ်းစားရမည်ဖြစ်ကြောင်း၊ လူဦးရေများများ အလုပ်လုပ်နိုင်မည့် စက်ရုံ၊ အလုပ်ရုံများ ဖန်တီးပေးခြင်းဖြင့် ပြည်သူလူထု၏အလုပ်အကိုင်ရရှိမှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင် လက်ရှိအနေအထားအရ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို လုံး၀လက်လွတ်၍ မရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံပြီး အခြားစီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုး တက်အောင် နည်းမှန်လမ်းမှန် ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်စီးပွားရေး၌ ထုတ်ကုန်တစ်ခု၊ လုပ်ငန်းတစ်ခု၊ ဈေးကွက်တစ်ခုတည်းကိုသာ အားပြု၍မရဘဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် TRI STAR အမှတ်တံဆိပ် တာယာ များ ခင်းကျင်းပြသထားမှုများနှင့် စက်ရုံအတွင်းလှည့်လည်၍ တာယာထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ရှင်းလင်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ကာ အရည်အသွေးပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)သည် TRI STAR အမှတ်တံဆိပ် Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာနှင့် Special တာယာစသည်ဖြင့် အမျိုးအစား ၄ မျိုးခွဲ၍ လူစီးယာဉ်များ၊ Express ယာဉ်များ၊ Bus ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မြေသယ် ယာဉ်များ စသည့်မော်တော်ယာဉ်အမျိုးမျိုးအတွက် နိုင်ငံတကာအဆင့်မီတာယာများအား အရည်အသွေး မြင့်မားစွာ ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း၊ ပြည်ပမှ သွင်းကုန်များကို အစားထိုးထုတ်လုပ်နိုင်သည်သာမက အမေရိကန်၊ ပါရာဂွေး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ ဗီယက်နမ်၊ တူရကီ၊ အာဖဂန်နစ္စတန်၊ ရုရှား၊ မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္း၊ DENTOMEC သြားတိုက္တံႏွင့္ သြားတိုက္ေဆးစက္႐ုံႏွင့္ တာယာစက္႐ုံ (႐ြာမ)တို႔သို႔ သြားေရာက္၍ ကုန္ထုတ္လုပ္မႈ၊ လုပ္ငန္းလည္ပတ္မႈ အေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ဇူလိုင္ – ၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတို႔လိုက္ပါၿပီး ယေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္း၊ DENTOMEC သြားတိုက္တံႏွင့္ သြားတိုက္ေဆးစက္႐ုံႏွင့္ တာယာစက္႐ုံ(႐ြာမ)တို႔သို႔ သြားေရာက္၍ ကုန္ထုတ္လုပ္မႈ အေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ မဂၤလာဒုံၿမိဳ႕နယ္၊ ရန္ကုန္-ျပည္ ကားလမ္းမႀကီးအနီးရွိ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ DENTOMEC သြားတိုက္တံႏွင့္ သြားတိုက္ေဆးစက္႐ုံသို႔ ေရာက္ရွိၾကရာ စက္႐ုံမႉး ဦးစိုးထူးၿငိမ္းႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ စက္႐ုံအစည္းအေဝးခန္းမတြင္ စက္႐ုံမႉးက ကုန္ထုတ္လုပ္မႈ၊ ျဖန႔္ျဖဴးေရာင္းခ်မႈအေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္ ႐ြက္သြားမည့္အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သြားတိုက္တံႏွင့္ သြားတိုက္ေဆးသည္ ေန႔စဥ္လိုအပ္ခ်က္ရွိေနသည့္ ပစၥည္းမ်ားျဖစ္သည့္အတြက္ ေဈးကြက္ဝင္ပစၥည္းမ်ားျဖစ္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေဈးႏႈန္းသက္သာၿပီး အရည္အေသြးျပည့္မီေသာ ထုတ္ကုန္မ်ားထုတ္လုပ္ရမည္ျဖစ္ေၾကာင္း၊ လူတစ္ဦးသည္ ၂ လတစ္ႀကိမ္၊ ၃ လတစ္ႀကိမ္ သြားတိုက္တံလဲလွယ္သုံးစြဲမည္ ဆိုလွ်င္ပင္ သြားတိုက္တံႏွင့္ သြားတိုက္ေဆး လိုအပ္ခ်က္သည္ မ်ားစြာရွိမည္ျဖစ္ေသာေၾကာင့္ ေဈးကြက္ဝင္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ အသုံးျပဳရလြယ္ကူၿပီး ထုပ္ပိုးမႈစနစ္က်နေကာင္းမြန္ေအာင္ ထုတ္လုပ္ေရာင္းခ်ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

မန္မာႏိုင္ငံတြင္ သြားတိုက္တံအမ်ိဳးအစားမ်ားစြာကို အသုံးျပဳလ်က္ရွိေသာ္လည္း ျပည္ပမွ မွာယူတင္သြင္းေနရသည့္ သြားတိုက္တံမ်ားသာျဖစ္ၿပီး DENTOMEC သြားတိုက္တံသည္ ျပည္တြင္း၌ထုတ္လုပ္သည့္ တစ္ခုတည္းေသာ သြားတိုက္တံအမ်ိဳးအစားျဖစ္ေၾကာင္း၊ အရည္အေသြးျပည့္မီၿပီး ေဈးႏႈန္းသက္သာမႈရွိသည့္ သြားတိုက္တံႏွင့္ သြားတိုက္ေဆးမ်ားအျပင္ လုပ္ငန္းခြင္သုံး၊ ဟိုတယ္သုံး သြားတိုက္တံႏွင့္ သြားတိုက္ေဆး မ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်လ်က္ရွိေၾကာင္း သိရွိရသည္။

ထို႔ေနာက္ စက္႐ုံအတြင္းလွည့္လည္၍ လုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးရာ စက္႐ုံမႉးႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ေမးျမန္းေဆြးေႏြးေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တာယာစက္႐ုံ(႐ြာမ)သို႔ ေရာက္ရွိၾကရာ စက္႐ုံမႉး ဦးျမသန္းထြန္းက စက္႐ုံ၏ဖြဲ႕စည္းပုံ၊ စက္မ်ားတပ္ဆင္ထားရွိမႈႏွင့္ ကုန္ထုတ္လုပ္မႈ အေျခအေနမ်ား၊ ျပည္တြင္း၊ ျပည္ပေဈးကြက္သို႔ ျဖန႔္ျဖဴးေရာင္းခ်ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၿပီး ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ အႀကီးတန္းအႀကံေပးပုဂၢိဳလ္ ဦးသန႔္ေဆြတို႔က ျဖည့္စြက္တင္ျပၾကသည္။
ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဈးကြက္ လိုအပ္ခ်က္အရ ျပည္တြင္းႏွင့္ကိုက္ညီသည့္ တာယာအမ်ိဳးအစားမ်ားကို ထုတ္လုပ္ရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္းေဈးကြက္တြင္ TRI STAR အမွတ္တံဆိပ္ တာယာမ်ားအေနျဖင့္ Key Player ျဖစ္ေနေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ေဈးကြက္သုေတသနမ်ား အၿမဲမျပတ္ျပဳလုပ္ေနရမည္ျဖစ္ေၾကာင္း၊ စားကုန္၊ ေသာက္ကုန္၊ သုံးကုန္ပစၥည္းမ်ားကို ျပည္ပမွ မွာယူရျခင္းမရွိေအာင္ ထုတ္လုပ္ႏိုင္ရမည္ျဖစ္ၿပီး ႏိုင္ငံႏွင့္ ျပည္သူလူထုကို အက်ိဳးျပဳႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေမာ္ေတာ္ကားတာယာမ်ားအား အျခားစက္႐ုံမ်ားမွ ထုတ္လုပ္ေသာ ကုန္ပစၥည္းမ်ားျဖင့္ ႏႈိင္းယွဥ္ၿပီး သက္သာမႈတြက္ခ်က္၍ အရည္အေသြး ေကာင္းမြန္ေသာ ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္းႏွင့္ ျပည္တြင္းလိုအပ္ခ်က္ရွိၿပီး ေဈးကြက္ရွိသည့္ ဆိုင္ကယ္တာယာမ်ားကို ထုတ္လုပ္ေရာင္းခ်ၿပီး ျပည္ပမွသြင္းကုန္မ်ားကို ေလွ်ာ့ခ်ႏိုင္ရမည္ျဖစ္ေၾကာင္း၊ Labour-Intensive ျဖင့္ ေဆာင္႐ြက္ရသည့္ လုပ္ငန္းမ်ားကိုလုပ္ေဆာင္ျခင္းအားျဖင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေဖာ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ ေငြေၾကးအျမတ္ကို အဓိကမထားဘဲ တိုင္းျပည္ စီးပြားေရးတိုးတက္ရန္ႏွင့္ ျပည္သူလူထု အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစေရးကို ဦးစားေပးေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ားအေနျဖင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ ထုတ္လုပ္သည့္ကုန္ပစၥည္းမ်ား အရည္အေသြးျပည့္မီေကာင္းမြန္ေရး၊ ေဈးကြက္လိုအပ္ခ်က္ သိရွိေရးစသည့္တို႔ကို ဘက္ေပါင္းစုံမွ စဥ္းစား၍ မိမိလုပ္ငန္း တိုးတက္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ ျမန္မာ့စီးပြားေရးဦးပိုင္အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီလီမိတက္ ႏွင့္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းတို႔၏ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ ပတ္သက္၍ မွာၾကားရာတြင္ စားကုန္၊ သုံးကုန္မ်ားသည္ လူမ်ား၏ ေန႔စဥ္ဘ၀လိုအပ္ခ်က္မ်ားျဖစ္ ေၾကာင္း၊ ၎တို႔ကို ျပည္တြင္း၌ လုံေလာက္ေအာင္ထုတ္လုပ္ရမည္ျဖစ္ေၾကာင္း၊ ျမန္မာ့ စီးပြားေရးဦးပိုင္အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီလီမိတက္ႏွင့္ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းတို႔သည္ ထိုကဲ့သို႔ ႏိုင္ငံသူ၊ ႏိုင္ငံသားတို႔၏ ေန႔စဥ္လူေနမႈဘ၀လိုအပ္ခ်က္ျဖစ္သည့္ စားကုန္၊ သုံးကုန္မ်ားကို ဦးစားေပးထုတ္လုပ္ျခင္းျဖင့္ ျပည္သူလူထု၏ လူမႈစီးပြား ဘ၀တိုးတက္ျမင့္မားေရးကို အေထာက္အကူျပဳေစေရးေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ အလယ္အလတ္တန္းစား လူတန္းစားမ်ားျပားသည့္အတြက္ ၎တို႔၏ အလုပ္အကိုင္အခြင့္အလမ္းအတြက္လည္း စဥ္းစားရမည္ျဖစ္ေၾကာင္း၊ လူဦးေရမ်ားမ်ား အလုပ္လုပ္ႏိုင္မည့္ စက္႐ုံ၊ အလုပ္႐ုံမ်ား ဖန္တီးေပးျခင္းျဖင့္ ျပည္သူလူထု၏အလုပ္အကိုင္ရရွိမႈကို အေထာက္အကူျပဳေစႏိုင္မည္ျဖစ္ေၾကာင္း၊ ၎အျပင္ လက္ရွိအေနအထားအရ မိမိတို႔ႏိုင္ငံအေနျဖင့္ စိုက္ပ်ိဳး၊ ေမြးျမဴေရးလုပ္ငန္းမ်ားကို လုံး၀လက္လြတ္၍ မရေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကိုအေျခခံၿပီး အျခားစီးပြားေရးလုပ္ငန္းမ်ားကို ဖြံ႕ၿဖိဳးတိုး တက္ေအာင္ နည္းမွန္လမ္းမွန္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေဈးကြက္စီးပြားေရး၌ ထုတ္ကုန္တစ္ခု၊ လုပ္ငန္းတစ္ခု၊ ေဈးကြက္တစ္ခုတည္းကိုသာ အားျပဳ၍မရဘဲ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္က်က္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ စက္႐ုံမွ ထုတ္လုပ္ထားရွိသည့္ TRI STAR အမွတ္တံဆိပ္ တာယာ မ်ား ခင္းက်င္းျပသထားမႈမ်ားႏွင့္ စက္႐ုံအတြင္းလွည့္လည္၍ တာယာထုတ္လုပ္မႈ လုပ္ငန္းအဆင့္ဆင့္ ေဆာင္႐ြက္ေနမႈမ်ားအား လွည့္လည္ၾကည့္ရႈ စစ္ေဆးရာ စက္႐ုံမႉးႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကၿပီး ရွင္းလင္းမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျပန္လည္ေဆြးေႏြးခဲ့ကာ အရည္အေသြးျပည့္မီေရးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး အေလးထားေဆာင္႐ြက္ၾကရန္ မွာၾကားသည္။ ယင္းေနာက္ စက္႐ုံဝန္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။

အဆိုပါ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း တာယာစက္႐ုံ (႐ြာမ)သည္ TRI STAR အမွတ္တံဆိပ္ Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာႏွင့္ Special တာယာစသည္ျဖင့္ အမ်ိဳးအစား ၄ မ်ိဳးခြဲ၍ လူစီးယာဥ္မ်ား၊ Express ယာဥ္မ်ား၊ Bus ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ား၊ ေျမသယ္ ယာဥ္မ်ား စသည့္ေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳးအတြက္ ႏိုင္ငံတကာအဆင့္မီတာယာမ်ားအား အရည္အေသြး ျမင့္မားစြာ ထုတ္လုပ္လ်က္ရွိၿပီး ေဈးႏႈန္းသက္သာစြာျဖင့္ ျဖန႔္ျဖဴးေရာင္း ခ်လ်က္ရွိေၾကာင္း၊ ျပည္ပမွ သြင္းကုန္မ်ားကို အစားထိုးထုတ္လုပ္ႏိုင္သည္သာမက အေမရိကန္၊ ပါရာေဂြး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစၥတန္၊ ကိုလံဘီယာ၊ ဗီယက္နမ္၊ တူရကီ၊ အာဖဂန္နစၥတန္၊ ႐ုရွား၊ မေလးရွားႏွင့္ ထိုင္ဝမ္ႏိုင္ငံမ်ားသို႔လည္း တင္ပို႔ေရာင္းခ်လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။