တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဇူလိုင် – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းနှင့် ဂေါပကအဖွဲ့ ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် စေတီတော်ကြီး ရင်ပြင်တော်ကြမ်းခင်းများပြုပြင်ခြင်းလုပ်ငန်းနှင့် ရင်ပြင်တော် နေပူခံ ကျောက်ပြားများ ခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးရာ ဂေါပကအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ် သည်များ ဆွေးနွေးမှာကြားခဲ့သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော် ကြီးပေါ်မှတစ်ဆင့် တောင်ကြီးမြို့၏ နေဝင်ချိန်ရှုခင်းကို ကြည့်ရှုသည်။ ယင်းနောက် ဘက်စုံအလှူငွေများအား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ ဧည့်သည်တော်မှတ် တမ်းစာအုပ်တွင် “ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်ပြီးဖူးမြော်ခွင့် ရသဖြင့် များစွာကြည်နူးဝမ်းသာရပါကြောင်း၊ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကမ္ဘာတည် သရွေ့ ခိုင်မြဲထွန်းလင်းတောက်ပစေရေး အားလုံးကုသိုလ်ပါဝင် ဆောင်ရွက်ကြစေလိုပါ ကြောင်း”ဖြင့် ရေးသားပူဇော်ခဲ့ကြသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေတာင္ႀကီးၿမိဳ႕ရွိ ေ႐ႊဘုန္းပြင့္ေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္အဖြဲ႕ဝင္မ်ား လိုက္ပါ ၍ ယေန႔ညေနပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕ရွိ ေ႐ႊဘုန္းပြင့္ ေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေ႐ႊဘုန္းပြင့္ ေစတီေတာ္ျမတ္ႀကီးေဂါပကအဖြဲ႕နာယက ဝဏၰေက်ာ္ထင္၊ စည္သူ၊ သေရစည္သူ ဦးေအာင္ကိုဝင္းႏွင့္ ေဂါပကအဖြဲ႕ ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ၎ေနာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ အလႉရွင္မ်ား၏ စုေပါင္းလႉဒါန္းမႈျဖင့္ ေစတီေတာ္ႀကီး ရင္ျပင္ေတာ္ၾကမ္းခင္းမ်ားျပဳျပင္ျခင္းလုပ္ငန္းႏွင့္ ရင္ျပင္ေတာ္ ေနပူခံ ေက်ာက္ျပားမ်ား ခင္းက်င္းျခင္းလုပ္ငန္း ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနမ်ားအား ၾကည့္ရႈ စစ္ေဆးရာ ေဂါပကအဖြဲ႕ နာယကႏွင့္ အဖြဲ႕ဝင္မ်ား၊ တာဝန္ရွိသူမ်ားက လိုက္လံ ရွင္းလင္း ျပသခဲ့ၾကၿပီး ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္ သည္မ်ား ေဆြးေႏြးမွာၾကားခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔သည္ ေစတီေတာ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လႉပူေဇာ္ ကာ ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ဖူးေျမာ္ၾကည္ညိဳ၍ ေစတီေတာ္ ႀကီးေပၚမွတစ္ဆင့္ ေတာင္ႀကီးၿမိဳ႕၏ ေနဝင္ခ်ိန္ရႈခင္းကို ၾကည့္ရႈသည္။ ယင္းေနာက္ ဘက္စုံအလႉေငြမ်ားအား ေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕က လက္ခံရယူခဲ့ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေစတီေတာ္ႀကီး၏ ဧည့္သည္ေတာ္မွတ္ တမ္းစာအုပ္တြင္ “ေ႐ႊဘုန္းပြင့္ ေစတီေတာ္ျမတ္ႀကီးအား ဘက္စုံျပဳျပင္ၿပီးဖူးေျမာ္ခြင့္ ရသျဖင့္ မ်ားစြာၾကည္ႏူးဝမ္းသာရပါေၾကာင္း၊ ဗုဒၶဘာသာ သာသနာေတာ္ႀကီး ကမာၻတည္ သေ႐ြ႕ ခိုင္ၿမဲထြန္းလင္းေတာက္ပေစေရး အားလုံးကုသိုလ္ပါဝင္ ေဆာင္႐ြက္ၾကေစလိုပါ ေၾကာင္း”ျဖင့္ ေရးသားပူေဇာ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။