တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့နယ်ရှိ၊ နယ်မြေခံရေတပ်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ နယ်မြေခံရေတပ် စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နယ်မြေခံရေတပ်စခန်း အစည်းအဝေးခန်းမတွင် ရေတပ်စခန်းမှူးနှင့် တာဝန်ရှိသူများက နယ်မြေဒေသဆိုင်ရာ အချက်အလက်များ၊ နယ်မြေဒေသလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ကိုကိုးကျွန်းမြို့နေ ဒေသခံပြည်သူ များအား တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များဖြင့် အပတ်စဉ်/လစဉ် အခမဲ့ပို့ဆောင် ပေးနေမှု အခြေအနေများ၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ထွက်ရှိလာသည့် အသားငါး၊ ဟင်းသီးဟင်းရွက်များအား တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ ပေးနေမှု အခြေအနေများ၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုကိုးကျွန်းဒေသသည် အလှမ်းကွာဝေးသောဒေသဖြစ်၍ စားသောက်ရေး၊ နေထိုင်ရေး အခက်အခဲများ ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိ လာသည့် အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား ဒေသခံပြည်သူများအား သက်သာသောဈေးဖြင့် ရောင်းချပေးပြီး သက်သာချောင်ချိရေးဆောင်ရွက်ပေးမှုများ အပြင် ဒေသခံများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ကုန်များကို အထားခံသည့် ကုန်ခြောက် လုပ်ငန်းအဖြစ် တိုးမြှင့်ဆောင်ရွက်နိုင် ရမည်ဖြစ်ကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်းများကို ဒေသ၏ အဓိကထွက်ကုန်အဖြစ် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးပိုင်းတွင်လည်း ရှေ့တန်းကျကျ အကာအကွယ်ပေးနိုင်သည့် ရေတပ်စခန်းဖြစ်သဖြင့် ပြည်စုံ အောင်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအားလုံး တစ်သားတည်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် သွားလာရေးအဆင်ပြေအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံ ရေတပ်စခန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ကိုကိုးကျွန်း လေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်းတိုးချဲ့ ဆောင်ရွက်နေမှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံ ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ် သည်များ ညှိနှိုင်းဆွေးနွေး မှာကြားခဲ့သည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲ ပိုင်းတွင် ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား မြို့နယ်ခန်းမ ၌ တွေ့ဆုံ၍ စားသောက်ဖွယ်ရာပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးနှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။


ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် ကိုကိုးကျွန်းသို့ မိမိရောက်ရှိသည်မှာ ယခုအကြိမ်သည် ၁၆ ကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပါကြောင်း၊ ပထမဆုံးအကြိမ် ရောက်ရှိကတည်းကပင် ကိုကိုးကျွန်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်၍ တိုးတက် စေရေး ပြုပြင်ပြောင်းလဲပေးသွားမည်ဟုပြောကြားခဲ့ပြီး တပ်တည်ဆောက်ရေးလုပ်ငန်းများ အပြင် မြို့တည်ဆောက်ရေးလုပ်ငန်းများကိုလည်း တတ်အားသရွေ့ ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ မြို့အတွက် မရှိမဖြစ်လိုအပ်သည့် ဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက် ပေးခဲ့ပါကြောင်း၊ ပထမဆုံးအကြိမ်ရောက်ရှိစဉ် က လေယာဉ်ပင်ခက်ခက်ခဲခဲ ဆင်းသက် ခဲ့ရပြီး ယခုအချိန်တွင် လေယာဉ်ကွင်းအား အဆင့်မြှင့်တင်ပေးခဲ့သဖြင့် ဂျက်လေယာဉ်များ ပင်ဆင်းသက်နိုင်ပြီဖြစ်ကြောင်း။

ပထမဆုံးအကြိမ်ရောက်ရှိစဉ်က လေ့လာစဉ် အုန်းပင်အမြောက်အမြားရှိသဖြင့် အုန်းနှင့် အုန်းထွက်ပစ္စည်းများကို ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး အုန်းထွက် ပစ္စည်းများကို ကိုကိုးကျွန်း၏ အဓိကထွက်ကုန်အဖြစ် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိထုတ်လုပ်နေသည့် အုန်းဆီ၊ အုန်းဆံကြိုး၊ အုန်း အလှဆင်ပစ္စည်းနှင့် အိမ်သုံးပစ္စည်း ထုတ်လုပ်မှုများအပြင် အုန်းမီးသွေး၊ အုန်းခွံဓာတ်မြေသြဇာ များကိုလည်း ထပ်မံထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါ အုန်းနှင့်အုန်းထွက် ပစ္စည်းစက်ရုံကိုလည်း ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊

လူတိုင်းကြီးပွားတိုးတက်လိုကြပြီး ထိုသို့ ကြီးပွားတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှိရမည်ဖြစ်ကြောင်း၊ လုပ်နိုင်သည့်စွမ်းရည် လူသား စွမ်းရည်လည်း လိုအပ်သဖြင့် အတန်းပညာ၊ အတတ်ပညာတို့ကို သင်ယူကြရမည်ဖြစ် ကြောင်း၊ ကျွန်းပေါ်ရှိမြေအရင်းအမြစ်များစွာရှိသဖြင့် ထိုအရင်းအမြစ်များကို အသုံးချ နိုင်သည့် အတတ်ပညာများကို သင်ယူပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန် ပစ္စည်းများကို ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များ အရည်အသွေးကောင်းမှ သာလျင် ဝယ်လိုအားရှိမည်ဖြစ်ပြီး ဝယ်လိုအားရှိမှသာလျင် ဝင်ငွေတိုးတက်ကာ ဒေသ သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးကွက်က လိုအပ်သည့် အရည်အသွေးမြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး ပညာရေးကို ဦးစားပေးရမည်ဖြစ် ကြောင်း၊ ယခုခေတ်လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်ကိုဦးဆောင်ကြရ မည့်သူများဖြစ်သဖြင့် ကောင်းမွန်သည့်လက်ဆင့်ကမ်း အမွေများကို ပေးသွားရန် မိမိတို့ တွင် တာဝန်ရှိမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းသည်လည်း တိုင်းပြည်၏ အစိတ်အပိုင်းဖြစ် သဖြင့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုပူးပေါင်းကာ ဒေသတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးကောင်းမွန်ရန်လည်း အဓိက အရေးကြီးပါကြောင်း၊ ကျန်းမာရေးပြည့်စုံကောင်းမွန်ခြင်း သည် အကောင်းဆုံးဖြစ်ပြီး ကျန်းမာရေးမကောင်းပါက မိမိအပြင် မိမိအားပြုစုစောင့်ရှောက်ရသူနှင့် မိမိအဖွဲ့အစည်း ၏ လုပ်အားစွမ်းရည် ပါကျဆင်းစေမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသည့် (Covid-19) ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အသိတရားဖြင့် လုပ်ဆောင်ကြရမည် ဖြစ်ပြီး ကာကွယ်ခြင်းသည်သာလျင်အကောင်းဆုံးဖြစ်ပါကြောင်း၊

တပ်မတော်အနေဖြင့် ဒေသခံများ၏ နေရေး၊ စားရေး၊ သောက်ရေး လုပ်ငန်းများ တွင် အဆင်ပြေစေရေးအမြဲဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံများအနေဖြင့်လည်း တိုင်းပြည်ဖွံ့ဖြိုးရေး၏ အခြေခံဖြစ်သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အကျွမ်းတဝင် ဖြစ်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ကိုကိုးကျွန်းဒေသသည် ဝေးလံပြီး ဆက်သွယ်ရေး၊ သွားလာရေး ခက်ခဲသည့်ဒေသဖြစ်သဖြင့် တပ်မတော်ရေယာဉ်၊ လေယာဉ်များဖြင့် အခကြေးငွေမယူဘဲ ပို့ဆောင်ပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လေယာဉ် ဖြင့် ပို့ဆောင်ပေးမှု ၁၇၆ ကြိမ်ရှိပြီဖြစ်ပြီး ဒေသခံ ၂၄၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း၊ သွားလာရေး နှင့် ပတ်သက်၍ စိတ်အားမငယ်ရစေရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ဒေသနှင့် ပတ်သက်၍ အိမ်ရာလိုအပ်ချက်များရှိနေသည်ဟု သိရှိရသည့် အတွက် မြေနေရာများကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၆ ဧကကျော်တွင် အိမ်ရာများအကွက်ချ၍ လိုအပ်နေသူများကို နေထိုင်နိုင်ရေးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များက အမှန်တစ်ကယ် နေထိုင်ရန် လိုအပ်နေသူများကို စိစစ်ပေးသွားရန်လိုအပ်ပြီး လုပ်ငန်းပြီးစီးမှုများကိုလည်း စိစစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နှင့် တူအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေအိမ် ခြံစည်းရိုးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးကို နေထိုင်ကြသူများက ဆောင်ရွက်ကြရန်လိုကြောင်း၊ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်သည့် စည်ပင်သာယာရေးဝန်ထမ်းများက လုပ်ဆောင်နေသည်ဆိုသော်လည်း အကုန်ပြည့်စုံ အောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် ကိုကိုးကျွန်း၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေပြီး နောင်တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ၎င်းအပေါ်အခြေပြု၍ ဒေသတွင်း ခရီးသွား လုပ်ငန်းများမှသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအထိ တိုးတက်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန် ကျသူများနှင့် နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုပူးပေါင်းပြီး ဒေသတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာများနှင့် အသီးအရွက်မျိုးစေ့များကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စားသောက်ဖွယ် ရာများကိုလည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက Mectel ဖုန်းကဒ်နှင့်ငွေဖြည့်ကဒ်များကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် Jasmine Palace Construction Co.Ltd. မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀၀ ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများ၊ ဒေသခံများက ဒေသဆိုင်ရာလိုအပ်ချက်များရှင်းလင်း တင်ပြရာ ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တပ်မတော်မှ ကူညီဆောင်ရွက်ပေး ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုတွင်လည်း မြို့အတွက် လိုအပ် နေသည့် အိမ်ကွက်မြေနေရာများကို တပ်မတော်ပိုင်မြေနေရာ၌ နေရာချထားခွင့်ပြုခြင်း အပေါ် ထပ်မံကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားကြရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျွန်းပတ် လမ်းအတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အိမ်ရာအခက်အခဲရှိနေသည့် ဒေသခံများအား နေရာချထားပေးမည့် မြေနေရာကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းမှာကြားခဲ့ သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံ ရေတပ်စခန်း အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်းမှ အုန်းဆီ၊ အုန်းဆံကြိုး၊ အုန်း အလှဆင် ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှုကြရာ တာဝန် ခံ များက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်၍ အုန်းဆီ၊ အုန်းမီးသွေး၊ အုန်းခွံဓာတ်မြေသြဇာ များအပြင် အုန်းနှင့် ပတ်သက်သည့် အရည်အသွေးမြင့်ထုတ်ကုန်များ ဆက်လက် ထုတ်လုပ်နိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ၊ နယ္ေျမခံေရတပ္စခန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇူလိုင္ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါၿပီး ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ နယ္ေျမခံေရတပ္ စခန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီး ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ၿမိဳ႕နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား နယ္ေျမခံေရတပ္စခန္းဌာနခ်ဳပ္မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ နယ္ေျမခံေရတပ္စခန္း အစည္းအေဝးခန္းမတြင္ ေရတပ္စခန္းမႉးႏွင့္ တာဝန္ရွိသူမ်ားက နယ္ေျမေဒသဆိုင္ရာ အခ်က္အလက္မ်ား၊ နယ္ေျမေဒသလုံၿခဳံေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားႏွင့္ သဘာဝသယံဇာတအရင္းအျမစ္မ်ား ထိန္းသိမ္းေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ကိုကိုးကြၽန္းၿမိဳ႕ေန ေဒသခံျပည္သူ မ်ားအား တပ္မေတာ္မွ ေလယာဥ္၊ ေရယာဥ္မ်ားျဖင့္ အပတ္စဥ္/လစဥ္ အခမဲ့ပို႔ေဆာင္ ေပးေနမႈ အေျခအေနမ်ား၊ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈႏွင့္ ထြက္ရွိလာသည့္ အသားငါး၊ ဟင္းသီးဟင္း႐ြက္မ်ားအား တပ္မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား၊ ႒ာနဆိုင္ရာဝန္ထမ္းမ်ားအား သက္သာေသာေဈးႏႈန္းျဖင့္ေရာင္းခ် ေပးေနမႈ အေျခအေနမ်ား၊ အုန္းႏွင့္ အုန္းထြက္ပစၥည္းလုပ္ငန္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားႏွင့္ ကိုကိုးကြၽန္းေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ေနမႈ အေျခ အေနမ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကိုကိုးကြၽန္းေဒသသည္ အလွမ္းကြာေဝးေသာေဒသျဖစ္၍ စားေသာက္ေရး၊ ေနထိုင္ေရး အခက္အခဲမ်ား ရွိႏိုင္ေၾကာင္း၊ သို႔ျဖစ္၍ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွထြက္ရွိ လာသည့္ အသား၊ ငါး၊ ၾကက္ဥ၊ ဟင္းသီးဟင္း႐ြက္မ်ားအား ေဒသခံျပည္သူမ်ားအား သက္သာေသာေဈးျဖင့္ ေရာင္းခ်ေပးၿပီး သက္သာေခ်ာင္ခ်ိေရးေဆာင္႐ြက္ေပးမႈမ်ား အျပင္ ေဒသခံမ်ား၏ လူမႈ စီးပြားဘဝဖြံ႕ၿဖိဳး တိုးတက္ေစေရးအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားကို ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ကုန္မ်ားကို အထားခံသည့္ ကုန္ေျခာက္ လုပ္ငန္းအျဖစ္ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ ရမည္ျဖစ္ေၾကာင္း၊ အုန္းႏွင့္ အုန္းထြက္ပစၥည္းမ်ားကို ေဒသ၏ အဓိကထြက္ကုန္အျဖစ္ ေဆာင္႐ြက္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးပိုင္းတြင္လည္း ေရွ႕တန္းက်က် အကာအကြယ္ေပးႏိုင္သည့္ ေရတပ္စခန္းျဖစ္သျဖင့္ ျပည္စုံ ေအာင္ေဆာင္႐ြက္ၾက ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္၊ ႒ာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအားလုံး တစ္သားတည္းျဖင့္ ေဒသဖြံ႕ၿဖိဳး တိုးတက္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ သြားလာေရးအဆင္ေျပေအာင္ အတတ္ႏိုင္ဆုံး ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ နယ္ေျမခံ ေရတပ္စခန္းအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္၍ ကိုကိုးကြၽန္း ေလယာဥ္ကြင္း၊ ေလယာဥ္ေျပးလမ္းတိုးခ်ဲ႕ ေဆာင္႐ြက္ေနမႈလုပ္ငန္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ တပ္တည္ေဆာက္ေရးလုပ္ငန္း ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအား လိုက္လံ ၾကည့္ရႈရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသ ၾကသည္။ ရွင္းလင္း တင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္ သည္မ်ား ညႇိႏႈိင္းေဆြးေႏြး မွာၾကားခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မြန္းလြဲ ပိုင္းတြင္ ကိုကိုးကြၽန္း ၿမိဳ႕နယ္ရွိ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ၿမိဳ႕နယ္ခန္းမ ၌ ေတြ႕ဆုံ၍ စားေသာက္ဖြယ္ရာပစၥည္းမ်ားႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ားကို ေထာက္ပံ့ ေပးအပ္ရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ေဒၚမိုးမိုးေအးႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ မ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ ယခုကဲ့သို႔ ထပ္မံေတြ႕ဆုံရသည့္အတြက္ ဝမ္းေျမာက္မိပါေၾကာင္းႏွင့္ ကိုကိုးကြၽန္းသို႔ မိမိေရာက္ရွိသည္မွာ ယခုအႀကိမ္သည္ ၁၆ ႀကိမ္ေျမာက္ ေရာက္ရွိျခင္းျဖစ္ပါေၾကာင္း၊ ပထမဆုံးအႀကိမ္ ေရာက္ရွိကတည္းကပင္ ကိုကိုးကြၽန္းေဒသ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ ကူညီေဆာင္႐ြက္၍ တိုးတက္ ေစေရး ျပဳျပင္ေျပာင္းလဲေပးသြားမည္ဟုေျပာၾကားခဲ့ၿပီး တပ္တည္ေဆာက္ေရးလုပ္ငန္းမ်ား အျပင္ ၿမိဳ႕တည္ေဆာက္ေရးလုပ္ငန္းမ်ားကိုလည္း တတ္အားသေ႐ြ႕ ေဆာင္႐ြက္ေပးခဲ့ပါ ေၾကာင္း၊ ၿမိဳ႕အတြက္ မရွိမျဖစ္လိုအပ္သည့္ ဆိပ္ကမ္းတစ္ခုကိုလည္း တည္ေဆာက္ ေပးခဲ့ပါေၾကာင္း၊ ပထမဆုံးအႀကိမ္ေရာက္ရွိစဥ္ က ေလယာဥ္ပင္ခက္ခက္ခဲခဲ ဆင္းသက္ ခဲ့ရၿပီး ယခုအခ်ိန္တြင္ ေလယာဥ္ကြင္းအား အဆင့္ျမႇင့္တင္ေပးခဲ့သျဖင့္ ဂ်က္ေလယာဥ္မ်ား ပင္ဆင္းသက္ႏိုင္ၿပီျဖစ္ေၾကာင္း။

ပထမဆုံးအႀကိမ္ေရာက္ရွိစဥ္က ေလ့လာစဥ္ အုန္းပင္အေျမာက္အျမားရွိသျဖင့္ အုန္းႏွင့္ အုန္းထြက္ပစၥည္းမ်ားကို ထုတ္ကုန္အျဖစ္ ထုတ္လုပ္ႏိုင္ရမည္ျဖစ္ၿပီး အုန္းထြက္ ပစၥည္းမ်ားကို ကိုကိုးကြၽန္း၏ အဓိကထြက္ကုန္အျဖစ္ ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ယခုလက္ရွိထုတ္လုပ္ေနသည့္ အုန္းဆီ၊ အုန္းဆံႀကိဳး၊ အုန္း အလွဆင္ပစၥည္းႏွင့္ အိမ္သုံးပစၥည္း ထုတ္လုပ္မႈမ်ားအျပင္ အုန္းမီးေသြး၊ အုန္းခြံဓာတ္ေျမၾသဇာ မ်ားကိုလည္း ထပ္မံထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ အဆိုပါ အုန္းႏွင့္အုန္းထြက္ ပစၥည္းစက္႐ုံကိုလည္း ေဒသခံျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းရရွိေစေရး ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊

လူတိုင္းႀကီးပြားတိုးတက္လိုၾကၿပီး ထိုသို႔ ႀကီးပြားတိုးတက္ေရးအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားရွိရမည္ျဖစ္ေၾကာင္း၊ လုပ္ႏိုင္သည့္စြမ္းရည္ လူသား စြမ္းရည္လည္း လိုအပ္သျဖင့္ အတန္းပညာ၊ အတတ္ပညာတို႔ကို သင္ယူၾကရမည္ျဖစ္ ေၾကာင္း၊ ကြၽန္းေပၚရွိေျမအရင္းအျမစ္မ်ားစြာရွိသျဖင့္ ထိုအရင္းအျမစ္မ်ားကို အသုံးခ် ႏိုင္သည့္ အတတ္ပညာမ်ားကို သင္ယူၿပီး အရည္အေသြးေကာင္းမြန္သည့္ ထုတ္ကုန္ ပစၥည္းမ်ားကို ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ထုတ္ကုန္မ်ား အရည္အေသြးေကာင္းမွ သာလ်င္ ဝယ္လိုအားရွိမည္ျဖစ္ၿပီး ဝယ္လိုအားရွိမွသာလ်င္ ဝင္ေငြတိုးတက္ကာ ေဒသ သည္လည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေဈးကြက္က လိုအပ္သည့္ အရည္အေသြးျမင့္ ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္ေရး ပညာေရးကို ဦးစားေပးရမည္ျဖစ္ ေၾကာင္း၊ ယခုေခတ္လူငယ္မ်ားသည္ ေနာင္တစ္ခ်ိန္တြင္ တိုင္းျပည္ကိုဦးေဆာင္ၾကရ မည့္သူမ်ားျဖစ္သျဖင့္ ေကာင္းမြန္သည့္လက္ဆင့္ကမ္း အေမြမ်ားကို ေပးသြားရန္ မိမိတို႔ တြင္ တာဝန္ရွိမည္ျဖစ္ေၾကာင္း၊ ကိုကိုးကြၽန္းသည္လည္း တိုင္းျပည္၏ အစိတ္အပိုင္းျဖစ္ သျဖင့္ တပ္မေတာ္၊ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူလူထုပူးေပါင္းကာ ေဒသတိုးတက္ေရးကို ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊

ထိုသို႔ ေဆာင္႐ြက္ႏိုင္ေရးအတြက္ က်န္းမာေရးေကာင္းမြန္ရန္လည္း အဓိက အေရးႀကီးပါေၾကာင္း၊ က်န္းမာေရးျပည့္စုံေကာင္းမြန္ျခင္း သည္ အေကာင္းဆုံးျဖစ္ၿပီး က်န္းမာေရးမေကာင္းပါက မိမိအျပင္ မိမိအားျပဳစုေစာင့္ေရွာက္ရသူႏွင့္ မိမိအဖြဲ႕အစည္း ၏ လုပ္အားစြမ္းရည္ ပါက်ဆင္းေစမည္ျဖစ္ေၾကာင္း၊ ယခုျဖစ္ေပၚလ်က္ရွိသည့္ (Covid-19) ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားတြင္လည္း အသိတရားျဖင့္ လုပ္ေဆာင္ၾကရမည္ ျဖစ္ၿပီး ကာကြယ္ျခင္းသည္သာလ်င္အေကာင္းဆုံးျဖစ္ပါေၾကာင္း၊

တပ္မေတာ္အေနျဖင့္ ေဒသခံမ်ား၏ ေနေရး၊ စားေရး၊ ေသာက္ေရး လုပ္ငန္းမ်ား တြင္ အဆင္ေျပေစေရးအၿမဲေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေဒသခံမ်ားအေနျဖင့္လည္း တိုင္းျပည္ဖြံ႕ၿဖိဳးေရး၏ အေျခခံျဖစ္ေသာစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ အကြၽမ္းတဝင္ ျဖစ္ရန္လိုအပ္ပါေၾကာင္း၊ ထို႔ျပင္ ကိုကိုးကြၽန္းေဒသသည္ ေဝးလံၿပီး ဆက္သြယ္ေရး၊ သြားလာေရး ခက္ခဲသည့္ေဒသျဖစ္သျဖင့္ တပ္မေတာ္ေရယာဥ္၊ ေလယာဥ္မ်ားျဖင့္ အခေၾကးေငြမယူဘဲ ပို႔ေဆာင္ေပးလ်က္ရွိၿပီး ၂၀၁၈ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အထိ ေလယာဥ္ ျဖင့္ ပို႔ေဆာင္ေပးမႈ ၁၇၆ ႀကိမ္ရွိၿပီျဖစ္ၿပီး ေဒသခံ ၂၄၀၀ ေက်ာ္ကို ပို႔ေဆာင္ေပးႏိုင္ခဲ့ ေၾကာင္း၊ သြားလာေရး ႏွင့္ ပတ္သက္၍ စိတ္အားမငယ္ရေစရန္ ေဆာင္႐ြက္ေပးထားျခင္း ျဖစ္ပါေၾကာင္း၊ ေဒသႏွင့္ ပတ္သက္၍ အိမ္ရာလိုအပ္ခ်က္မ်ားရွိေနသည္ဟု သိရွိရသည့္ အတြက္ ေျမေနရာမ်ားကိုလည္း စီစဥ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ၆ ဧကေက်ာ္တြင္ အိမ္ရာမ်ားအကြက္ခ်၍ လိုအပ္ေနသူမ်ားကို ေနထိုင္ႏိုင္ေရးေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက အမွန္တစ္ကယ္ ေနထိုင္ရန္ လိုအပ္ေနသူမ်ားကို စိစစ္ေပးသြားရန္လိုအပ္ၿပီး လုပ္ငန္းၿပီးစီးမႈမ်ားကိုလည္း စိစစ္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕ႏွင့္ တူေအာင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ေနအိမ္ ၿခံစည္း႐ိုးႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းသာယာလွပေရးကို ေနထိုင္ၾကသူမ်ားက ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ သန႔္ရွင္းသာယာလွပေရးအတြက္ သက္ဆိုင္သည့္ စည္ပင္သာယာေရးဝန္ထမ္းမ်ားက လုပ္ေဆာင္ေနသည္ဆိုေသာ္လည္း အကုန္ျပည့္စုံ ေအာင္ ေဆာင္႐ြက္ေပးႏိုင္မည္မဟုတ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ကိုကိုးကြၽန္း၏ အေျခခံအေဆာက္အဦမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ေပးေနၿပီး ေနာင္တြင္လည္း ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ကာ ၎အေပၚအေျချပဳ၍ ေဒသတြင္း ခရီးသြား လုပ္ငန္းမ်ားမွသည္ ကမာၻလွည့္ခရီးသြားလုပ္ငန္းမ်ားအထိ တိုးတက္ဖြံ႕ၿဖိဳးလာေစေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသတြင္ တာဝန္ က်သူမ်ားႏွင့္ ေနထိုင္သူမ်ားျဖစ္သည့္ တပ္မေတာ္၊ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူလူထုပူးေပါင္းၿပီး ေဒသတိုးတက္ေရးကို ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာမ်ားႏွင့္ အသီးအ႐ြက္မ်ိဳးေစ့မ်ားကိုလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က စားေသာက္ဖြယ္ ရာမ်ားကိုလည္းေကာင္း၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာက Mectel ဖုန္းကဒ္ႏွင့္ေငြျဖည့္ကဒ္မ်ားကိုလည္းေကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ Jasmine Palace Construction Co.Ltd. မွ လႉဒါန္းသည့္ ေငြက်ပ္သိန္း ၁၀၀၀ ကို ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးက လည္းေကာင္း အသီးသီးေထာက္ပံ့ ေပးအပ္ၾကရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။

ယင္းေနာက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေဒသဆိုင္ရာအခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပၿပီး ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ား၊ ေဒသခံမ်ားက ေဒသဆိုင္ရာလိုအပ္ခ်က္မ်ားရွင္းလင္း တင္ျပရာ ယခုကဲ့သို႔ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို တပ္မေတာ္မွ ကူညီေဆာင္႐ြက္ေပး ခဲ့သည့္အတြက္ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ယခုတြင္လည္း ၿမိဳ႕အတြက္ လိုအပ္ ေနသည့္ အိမ္ကြက္ေျမေနရာမ်ားကို တပ္မေတာ္ပိုင္ေျမေနရာ၌ ေနရာခ်ထားခြင့္ျပဳျခင္း အေပၚ ထပ္မံေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားၾကရာ ေဒသခံျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လိုအပ္သည္မ်ားျဖည့္ဆည္း ေဆာင္႐ြက္ေပးၿပီး ေတြ႕ဆုံပြဲအၿပီးတြင္ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ကြၽန္းပတ္ လမ္းအတိုင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္၍ အိမ္ရာအခက္အခဲရွိေနသည့္ ေဒသခံမ်ားအား ေနရာခ်ထားေပးမည့္ ေျမေနရာကိုလည္းေကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္မႈ အေျခအေနမ်ားႏွင့္ ကာကြယ္ေရးဆိုင္ရာလုပ္ငန္း ဆက္လက္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားကို လိုက္လံၾကည့္ရႈၾကၿပီး လိုအပ္သည္မ်ား ေဆြးေႏြးညႇိႏႈိင္းမွာၾကားခဲ့ သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ နယ္ေျမခံ ေရတပ္စခန္း အုန္းႏွင့္ အုန္းထြက္ပစၥည္းလုပ္ငန္းမွ အုန္းဆီ၊ အုန္းဆံႀကိဳး၊ အုန္း အလွဆင္ ပစၥည္းႏွင့္ အိမ္သုံးပစၥည္းမ်ား ထုတ္လုပ္ေနမႈမ်ားကို သြားေရာက္ၾကည့္ရႈၾကရာ တာဝန္ ခံ မ်ားက လိုက္လံရွင္းလင္းျပသၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္၍ အုန္းဆီ၊ အုန္းမီးေသြး၊ အုန္းခြံဓာတ္ေျမၾသဇာ မ်ားအျပင္ အုန္းႏွင့္ ပတ္သက္သည့္ အရည္အေသြးျမင့္ထုတ္ကုန္မ်ား ဆက္လက္ ထုတ္လုပ္ႏိုင္မည့္ အေျခအေနမ်ားကို ျပန္လည္ေဆြးေႏြးေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။