ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ စုပေါင်းသွေးလှူဒါန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုအားပေး၊ ကိုယ်တိုင်ပါဝင်သွေးလှူဒါန်း

နေပြည်တော်၊ ဩဂုတ်  ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားသွေးဌာန(ရန်ကုန်)၌ စုပေါင်းသွေးလှူဒါန်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ပါဝင်သွေးလှူဒါန်းခဲ့သည်။

သွေးလှူဒါန်းမှုအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သွေးလှူဒါန်းကြသည့် အရာရှိ၊ စစ်သည်များ၊ စေတနာရှင်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အင်အားဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

(Zawgyi Version)

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ား စုေပါင္းေသြးလႉဒါန္းမႈကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သြားေရာက္ၾကည့္ရႈအားေပး၊ ကိုယ္တိုင္ပါဝင္ေသြးလႉဒါန္း

ေနျပည္ေတာ္၊ ဩဂုတ္  ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းရွိ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မွ အရာရွိ၊ စစ္သည္မ်ားက ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္ရွိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားေသြးဌာန(ရန္ကုန္)၌ စုေပါင္းေသြးလႉဒါန္းေနမႈမ်ားကို သြားေရာက္ၾကည့္ရႈအားေပးခဲ့ၿပီးေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ပါဝင္ေသြးလႉဒါန္းခဲ့သည္။

ေသြးလႉဒါန္းမႈအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေသြးလႉဒါန္းၾကသည့္ အရာရွိ၊ စစ္သည္မ်ား၊ ေစတနာရွင္ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ၿပီး အင္အားျဖည့္စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။