တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တိုင်းမှူးနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်တို့က အိမ်ရာတည်ဆောက်နေမှု အခြေအနေများ၊ ခြံစည်းရိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရေ၊ မီးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ နေထိုင်ရေးအတွက်သာမက စားရေးနေရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် အဆင့်မြင့် ဥစားကြက်ခြံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ အထည်ချုပ်စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် အိမ်ရာအတွင်း သာရေး၊ နာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကလေးကစားကွင်းနှင့် စာကြည့်တိုက်ထည့်သွင်း တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၏ စစ်မှုထမ်းဟောင်းမြို့အသွင် အကောင်အထည်ဖော်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုများအတွက် နေရေးသည် အရေးကြီးသကဲ့သို့ စားရေးအတွက်လည်း အဆင်ပြေအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အအေးခန်းစနစ်ဖြင့် ဆောင်ရွက်နိုင်သည့် မွေးမြူရေးလုပ်ငန်းများကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ထည့်သွင်းလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသေးစားစက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မူကြိုကျောင်းနှင့် မူလတန်းကျောင်းများကို နောင်နှစ်ကျောင်းဖွင့်ချိန်အမီပြီးစီးအောင် တည်ဆောက်ရန်လိုကြောင်း၊ အိမ်ရာအတွင်း အရိပ်ရလေကာပင်များ ထည့်သွင်းစိုက်ပျိုး၍ စစ်မှုထမ်းဟောင်းအိမ်ရာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အိမ်ရာတွင် နေထိုင်သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရေးအတွက် အားကစားကွင်းများ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးအကြံပြုလိုသည်များရှိပါကလည်း ဆွေးနွေးအကြံပြုကြစေလိုကြောင်းဖြင့် မှာကြားရာ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးလှမိုးတို့က အိမ်ရာအတွင်း အမှိုက်စွန့်ပစ်ဖျက်ဆီးသည့်စနစ်များ၊ မြို့ပြစီမံကိန်းတွင် ပါဝင်သင့်သည့်အချက်များပါဝင်အောင် ထည့်သွင်းတည်ဆောက်ရန်လိုသည့်အခြေအနေများ၊ အဆင့်မြင့်ဥစားကြက်ခြံ လုပ်ငန်းမှ ထွက်ရှိလာသည့် ကြက်ဥများကို အိမ်ရာနေထိုင်သူများအား တန်ဖိုးသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးနှင့် ပြင်ပဈေးကွက်သို့လည်း ရောင်းချရန်ဆောင်ရွက်နေသည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြသည်။ အကြံပြုတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှအငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချနေထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ရာတွင်နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေထိုင်ရေးတို့တွင် လိုအပ်နိုင်မည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ပြီး မြို့ပြစီမံကိန်းအသွင်တည်ဆောက်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၇ လုံး(၈၄ခန်း) တည်ဆောက်ပြီးစီးခဲ့ပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုများအား နေရာချထားပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၃ လုံး(၃၆ ခန်း)၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၅၂ လုံး(၁၂၄၈ ခန်း)၊ အရာရှိငယ်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၃ လုံး(၃၁၂ ခန်း)၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံး(၂၄ ခန်း)နှင့် ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်တို့ကို ဆက်လက်တည်ဆောက်လျက်ရှိကြောင်းနှင့် အခြားအခြေခံလိုအပ်ချက် အဆောက်အဦများနှင့် နေအိမ်များကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္)တည္ေဆာက္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ဩဂုတ္ – ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ယေန႔ ေန႔လယ္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) တည္ေဆာက္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္)သို႔ ေရာက္ရွိၾကရာ ရွင္းလင္းေဆာင္တြင္ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း၊ တိုင္းမႉးႏွင့္ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ မ်ိဳးသန႔္တို႔က အိမ္ရာတည္ေဆာက္ေနမႈ အေျခအေနမ်ား၊ ၿခံစည္း႐ိုးပင္မ်ား စိုက္ပ်ိဳးထားရွိမႈ အေျခအေနမ်ား၊ ေရ၊ မီးလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္မည့္ အေျခအေနမ်ား၊ စစ္မႈထမ္းေဟာင္းမိသားစုဝင္မ်ား၏ ေနထိုင္ေရးအတြက္သာမက စားေရးေနေရးႏွင့္ အလုပ္အကိုင္ရရွိေရးအတြက္ အဆင့္ျမင့္ ဥစားၾကက္ၿခံလုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ား၊ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ားႏွင့္ အိမ္ရာအတြင္း သာေရး၊ နာေရးကိစၥရပ္မ်ား ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ ကေလးကစားကြင္းႏွင့္ စာၾကည့္တိုက္ထည့္သြင္း တည္ေဆာက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ(ေလးေထာင့္ကန္) စီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၏ စစ္မႈထမ္းေဟာင္းၿမိဳ႕အသြင္ အေကာင္အထည္ေဖာ္တည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုမ်ားအတြက္ ေနေရးသည္ အေရးႀကီးသကဲ့သို႔ စားေရးအတြက္လည္း အဆင္ေျပေအာင္ စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အေအးခန္းစနစ္ျဖင့္ ေဆာင္႐ြက္ႏိုင္သည့္ ေမြးျမဴေရးလုပ္ငန္းမ်ားကို ထည့္သြင္းစဥ္းစားေဆာင္႐ြက္ရမည္ျဖစ္သကဲ့သို႔ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကိုလည္း ထည့္သြင္းလုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းမိသားစုဝင္မ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစရန္အတြက္ အေသးစားစက္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ေရးေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ မူႀကိဳေက်ာင္းႏွင့္ မူလတန္းေက်ာင္းမ်ားကို ေနာင္ႏွစ္ေက်ာင္းဖြင့္ခ်ိန္အမီၿပီးစီးေအာင္ တည္ေဆာက္ရန္လိုေၾကာင္း၊ အိမ္ရာအတြင္း အရိပ္ရေလကာပင္မ်ား ထည့္သြင္းစိုက္ပ်ိဳး၍ စစ္မႈထမ္းေဟာင္းအိမ္ရာ ပတ္ဝန္းက်င္စိမ္းလန္းစိုေျပေစေရး ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း၊ အိမ္ရာတြင္ ေနထိုင္သူမ်ား၏ က်န္းမာႀကံ့ခိုင္ေရးႏွင့္ ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္ႏိုင္ေရးအတြက္ အားကစားကြင္းမ်ား ထည့္သြင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ေဆြးေႏြးအႀကံျပဳလိုသည္မ်ားရွိပါကလည္း ေဆြးေႏြးအႀကံျပဳၾကေစလိုေၾကာင္းျဖင့္ မွာၾကားရာ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ စစ္မႈထမ္းေဟာင္းအဖြဲ႕ ဥကၠဌ ဦးလွမိုးတို႔က အိမ္ရာအတြင္း အမႈိက္စြန႔္ပစ္ဖ်က္ဆီးသည့္စနစ္မ်ား၊ ၿမိဳ႕ျပစီမံကိန္းတြင္ ပါဝင္သင့္သည့္အခ်က္မ်ားပါဝင္ေအာင္ ထည့္သြင္းတည္ေဆာက္ရန္လိုသည့္အေျခအေနမ်ား၊ အဆင့္ျမင့္ဥစားၾကက္ၿခံ လုပ္ငန္းမွ ထြက္ရွိလာသည့္ ၾကက္ဥမ်ားကို အိမ္ရာေနထိုင္သူမ်ားအား တန္ဖိုးသက္သာစြာျဖင့္ ေရာင္းခ်ေပးႏိုင္ေရးႏွင့္ ျပင္ပေဈးကြက္သို႔လည္း ေရာင္းခ်ရန္ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားကို အႀကံျပဳေဆြးေႏြးတင္ျပၾကသည္။ အႀကံျပဳတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားျပန္လည္ေဆြးေႏြးခဲ့သည္။

အဆိုပါ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာကို ၂၀၁၇ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္မွအၿငိမ္းစားယူၿပီး ရန္ကုန္ၿမိဳ႕တြင္ အေျခခ်ေနထိုင္လိုသူမ်ားအတြက္ စစ္မႈထမ္းေဟာင္းၿမိဳ႕အျဖစ္ ရည္႐ြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အိမ္ရာတြင္ေနထိုင္သူမ်ား၏ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးႏွင့္ စားဝတ္ေနထိုင္ေရးတို႔တြင္ လိုအပ္ႏိုင္မည့္ အေျခခံလိုအပ္ခ်က္မ်ားကို ထည့္သြင္းတြက္ခ်က္ၿပီး ၿမိဳ႕ျပစီမံကိန္းအသြင္တည္ေဆာက္လ်က္ရွိေၾကာင္း၊ လက္ရွိအခ်ိန္အထိ အျခားအဆင့္ေနအိမ္ ၂ ခန္းတြဲ ၆ ထပ္ ၇ လုံး(၈၄ခန္း) တည္ေဆာက္ၿပီးစီးခဲ့ၿပီး စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုမ်ားအား ေနရာခ်ထားေပးလ်က္ရွိေၾကာင္း၊ ဆက္လက္၍လည္း အျခားအဆင့္ေနအိမ္ ၂ ခန္းတြဲ ၆ ထပ္ ၃ လုံး(၃၆ ခန္း)၊ အျခားအဆင့္ေနအိမ္ ၄ ခန္းတြဲ ၆ ထပ္ ၅၂ လုံး(၁၂၄၈ ခန္း)၊ အရာရွိငယ္ေနအိမ္ ၄ ခန္းတြဲ ၆ ထပ္ ၁၃ လုံး(၃၁၂ ခန္း)၊ အရာရွိႀကီးေနအိမ္ ၄ ခန္းတြဲ ၆ ထပ္ ၁ လုံး(၂၄ ခန္း)ႏွင့္ ေဆး႐ုံ၊ စာသင္ေက်ာင္း၊ စာၾကည့္တိုက္တို႔ကို ဆက္လက္တည္ေဆာက္လ်က္ရွိေၾကာင္းႏွင့္ အျခားအေျခခံလိုအပ္ခ်က္ အေဆာက္အဦမ်ားႏွင့္ ေနအိမ္မ်ားကို ဆက္လက္တည္ေဆာက္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။