တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UWSA(ဝ) အဖွဲ့မှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ စက်တင်ဘာ – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA(ဝ)အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့ နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်၊အောင်ပြည်ဟိန်းရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး UWSA(ဝ)အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ၌ မတ်လမှစ၍ (COVID-19) ရောဂါစတင်ဖြစ်ပေါ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ခဲ့ဘဲ ဩဂုတ်လအစောပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုများ များပြားလာခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ရောဂါပိုး အတည်ပြုလူနာ ၁၂၁၆ ဦးရှိပြီဖြစ်ကြောင်း၊ ယခုနှစ် မေလအတွင်း ကျိုင်းတုံမြို့သို့ရောက်ရှိစဉ် UWSA(ဝ)ဒေသအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များလှူဒါန်းပေးအပ်ခဲ့ပြီး UWSA(ဝ)ဒေသအတွင်းလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကို စေလွှတ်ပေးခဲ့ကြောင်း၊ ယခုလည်းလိုအပ်ပါက ထပ်မံစေလွှတ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှု အစောပိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်းနည်းပါးခဲ့သော်လည်း ယခုအချိန်တွင်ဖြစ်ပွားမှုနှုန်း များပြားလာပြီဖြစ်သဖြင့် စည်းကမ်းတကျ နေထိုင်ကြရန်လိုအပ်မည်ဖြစ်ပြီး ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာပါက ထိန်းသိမ်းရန်ခက်ခဲမည်ဖြစ်သဖြင့် စည်းကမ်းတကျဖြစ်စေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကာကွယ်ဆေးများ ထုတ်လုပ်နေပြီဟု ဆိုသော်လည်း တိကျစွာ အသိအမှတ်မပြုနိုင်သေးကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းဆင်ခြင်နေထိုင်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည် ဖြစ်ကြောင်း။

လူသားတို့တွင် စားရေးသည် အရေးအကြီးဆုံးဖြစ်သဖြင့် မိမိတို့ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပြီး စားရေး ဖူလုံမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များသည် ပြင်ပမှ တင်သွင်းရပါက ကုန်ဈေးနှုန်းကြီးမြင့်မည်ဖြစ်သည့်အတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသာမက စားသောက်ကုန်၊ သုံးကုန်ပစ္စည်းများကိုလည်း ဒေသအတွင်း၌ ထုတ်လုပ်သုံးစွဲနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသခံများနှင့် တပ်ဖွဲ့ဝင်မိသားစုများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် အထည်ချုပ်လုပ်ငန်းကဲ့သို့သော စက်မှုလုပ်ငန်းများ ကို ဖော်ဆောင်ပေးရန် တိုက်တွန်းအကြံပြုလိုကြောင်း။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လိုအပ်မည်ဖြစ်သဖြင့် မိမိတို့ ကိုယ်တိုင်နှင့် ဒေသခံများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကြည့်ရှုမြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် UWSA(ဝ)အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် UWSA(ဝ)ဒေသအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သဖြင့် ယခုကဲ့သို့ ပေးအပ်လှူဒါန်းမှုများအပေါ် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဒေသအတွင်း၌လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ဝင်ထွက်သွားလာမှုများကို ကန့်သတ်စစ်ဆေးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးများကို ဆောင်ရွက်လျက်ရှိသဖြင့် အားလပ်ချိန်ရရှိပြီး အခါအခွင့်သင့်ပါက မိမိတို့ UWSA(ဝ)ဒေသသို့ လာရောက်လည်ပတ်စေလိုပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA(ဝ) အဖွဲ့အတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဦးညီကပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး UWSA(ဝ) အဖွဲ့မှ ဒေသထွက်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက UWSA(ဝ) အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ UWSA(ဝ) အဖြဲ႕မွ တာဝန္ရွိသူမ်ားအားလက္ခံေတြ႕ဆုံ၍ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ေထာက္ပံ့ေပးအပ္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ UWSA(ဝ)အဖြဲ႕မွ တာဝန္ရွိသူမ်ားအား ယေန႔ ေန႔လယ္ပိုင္းတြင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တာခ်ီလိတ္တပ္နယ္၊ေအာင္ျပည္ဟိန္းရိပ္သာ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္တို႔ တက္ေရာက္ၾကၿပီး UWSA(ဝ)အဖြဲ႕မွ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔ႏိုင္ငံ၌ မတ္လမွစ၍ (COVID-19) ေရာဂါစတင္ျဖစ္ေပၚခဲ့ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္မျဖစ္ခဲ့ဘဲ ဩဂုတ္လအေစာပိုင္းမွစ၍ ေရာဂါျဖစ္ပြားမႈမ်ား မ်ားျပားလာခဲ့ေၾကာင္း၊ ယေန႔နံနက္ပိုင္းအထိ ေရာဂါပိုး အတည္ျပဳလူနာ ၁၂၁၆ ဦးရွိၿပီျဖစ္ေၾကာင္း၊ ယခုႏွစ္ ေမလအတြင္း က်ိဳင္းတုံၿမိဳ႕သို႔ေရာက္ရွိစဥ္ UWSA(ဝ)ေဒသအတြက္ ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္း မ်ားလႉဒါန္းေပးအပ္ခဲ့ၿပီး UWSA(ဝ)ေဒသအတြင္းလိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးရန္ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားကို ေစလႊတ္ေပးခဲ့ေၾကာင္း၊ ယခုလည္းလိုအပ္ပါက ထပ္မံေစလႊတ္ေဆာင္႐ြက္ ေပးမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၌ ေရာဂါျဖစ္ပြားမႈ အေစာပိုင္းကာလမ်ားတြင္ ျဖစ္ပြားမႈႏႈန္းနည္းပါးခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ျဖစ္ပြားမႈႏႈန္း မ်ားျပားလာၿပီျဖစ္သျဖင့္ စည္းကမ္းတက် ေနထိုင္ၾကရန္လိုအပ္မည္ျဖစ္ၿပီး ထိန္းသိမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ျဖစ္ေပၚလာပါက ထိန္းသိမ္းရန္ခက္ခဲမည္ျဖစ္သျဖင့္ စည္းကမ္းတက်ျဖစ္ေစေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ကာကြယ္ေဆးမ်ား ထုတ္လုပ္ေနၿပီဟု ဆိုေသာ္လည္း တိက်စြာ အသိအမွတ္မျပဳႏိုင္ေသးေၾကာင္း၊ ထို႔ေၾကာင့္ တစ္ဦးခ်င္းဆင္ျခင္ေနထိုင္ျခင္းသည္သာလ်င္ အေကာင္းဆုံးျဖစ္မည္ ျဖစ္ေၾကာင္း။

လူသားတို႔တြင္ စားေရးသည္ အေရးအႀကီးဆုံးျဖစ္သျဖင့္ မိမိတို႔ ေဒသအတြင္း စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ျဖစ္ထြန္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၿပီး စားေရး ဖူလုံမႈရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အသား၊ ငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားသည္ ျပင္ပမွ တင္သြင္းရပါက ကုန္ေဈးႏႈန္းႀကီးျမင့္မည္ျဖစ္သည့္အတြက္ ေဒသတြင္း စိုက္ပ်ိဳးေမြးျမဴေရးကို စနစ္တက်ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးသာမက စားေသာက္ကုန္၊ သုံးကုန္ပစၥည္းမ်ားကိုလည္း ေဒသအတြင္း၌ ထုတ္လုပ္သုံးစြဲႏိုင္ရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ေဒသခံမ်ားႏွင့္ တပ္ဖြဲ႕ဝင္မိသားစုမ်ား၏ အလုပ္အကိုင္ အခြင့္အလမ္းမ်ားရရွိေစရန္အတြက္ အထည္ခ်ဳပ္လုပ္ငန္းကဲ့သို႔ေသာ စက္မႈလုပ္ငန္းမ်ား ကို ေဖာ္ေဆာင္ေပးရန္ တိုက္တြန္းအႀကံျပဳလိုေၾကာင္း။

ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္အတြက္ က်န္းမာေရးေကာင္းရန္လိုအပ္မည္ျဖစ္သျဖင့္ မိမိတို႔ ကိုယ္တိုင္ႏွင့္ ေဒသခံမ်ား၊ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ား၏ က်န္းမာေရးကို ၾကည့္ရႈျမႇင့္တင္ေပးၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ UWSA(ဝ)အဖြဲ႕မွ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ UWSA(ဝ)ေဒသအတြက္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ားကို ေပးအပ္လႉဒါန္းသည္မွာ ႏွစ္ႀကိမ္ရွိၿပီျဖစ္သျဖင့္ ယခုကဲ့သို႔ ေပးအပ္လႉဒါန္းမႈမ်ားအေပၚ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတို႔ေဒသအတြင္း၌လည္း ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္လ်က္ရွိၿပီး ဝင္ထြက္သြားလာမႈမ်ားကို ကန႔္သတ္စစ္ေဆးလ်က္ရွိပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္မႈရွိေစေရး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ တိုင္းျပည္အက်ိဳး၊ ႏိုင္ငံ့အက်ိဳးမ်ားကို ေဆာင္႐ြက္လ်က္ရွိသျဖင့္ အားလပ္ခ်ိန္ရရွိၿပီး အခါအခြင့္သင့္ပါက မိမိတို႔ UWSA(ဝ)ေဒသသို႔ လာေရာက္လည္ပတ္ေစလိုပါေၾကာင္းျဖင့္ ျပန္လည္ ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က UWSA(ဝ) အဖြဲ႕အတြက္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္လႉဒါန္းရာ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားက လက္ခံရယူၿပီး UWSA(ဝ) အဖြဲ႕မွ ေဒသထြက္လက္ေဆာင္မ်ားကို ျပန္လည္ေပးအပ္သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက UWSA(ဝ) အဖြဲ႕မွ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။