တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေများအားကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ – ၆


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုပြီး သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တ ကောဝိဒ အမှူးပြု၍ ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ ရောက်ရှိကြပြီး အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။ ထို့နောက် စေတီတော်ကြီးအတွင်း၌ မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဝင်အကျဉ်းများကို စကျင်ကျောက်သားပေါ်တွင် ထုဆစ်ပုံဖော်ပူဇော်ထားရှိမှုများနှင့် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ကြည့်ရှုဖူးမြော်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများအား စေတီတော် ကြီး အတွင်း၊ အပြင် သာယာလှပမှုရှိစေရေး၊ ဘုရားဖူးလာ ဧည့်သည်များ မျက်စိပသာဒ ဖြစ်စေရေး စိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရာသီဥတုမရွေး စိတ်အေးချမ်းသာစွာဖြင့် ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်နိုင်ရန် မှန်များဖြင့် ကာရံထားသည့် ဘုရားဖူးနေရာကို စီစဉ် ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် မှာကြားသည်။


ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးနှင့် ဆင်းတုတော်၊ ရုပ်ပွားတော်များ ထုဆစ်ရာတွင် လိုအပ်မည့်ကျောက်များထုတ်လုပ်၍ ကျောက်ဆစ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား လိုက်လံကြည့်ရှုရာ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး)မှ မြန်မာမှုပညာရှင် ပါမောက္ခ ဦးဇော်သန်းထွဋ်နှင့် အဖွဲ့ဝင်များက ရှင်းလင်းပြသကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားပြီး ကျောက်ဆစ်လုပ်ငန်းဆောင်ရွက်နေသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပါမောက္ခ ဦးဇော်သန်းထွဋ်က လက်ခံရယူသည်။

ထို့နောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက်(ဝစီပိတ်) ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ပဓာနကမကထပြု၍ တည်ဆောက်ပူဇော်လျက်ရှိသည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။ ဦးစွာ စေတီတော်မြတ်ကြီး ဓမ္မာရုံအတွင်း၌ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်နမူနာပုံစံငယ်၊ စေတီတော်မြတ်ကြီး အတွင်းတွင်ပူဇော်ထားရှိမည့် မေတ္တာဘုရားရှင် ထိုင်တော်မူ ဆင်းတုတော်၊ အထက်ပစ္စယံတွင် ပူဇော်ထားရှိမည့် အရိမေတ္တယျမြတ်စွာဘုရားရှင် ရပ်တော်မူဆင်းတုတော်တို့ကို ဆောင်ရွက်ထားရှိမှုများအား စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွှေထီးတော်ကို ရာသီဥတု ဒဏ် ခံနိုင်အောင် ထည့်သွင်းစဉ်းစားတွက်ချက်၍ ခိုင်ခံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း စေတီတော်ကြီးနှင့် အခြားသာသနိကအဆောက်အဦများ၊ တည်ဆောက်မှုအခြေအနေများကို မှတ်တမ်းပြုစုထားရှိရန် လိုကြောင်းဖြင့် မှာကြားသည်။ ယင်းနောက် ဓမ္မာရုံအတွင်း ခင်းကျင်းပြသထားသည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး ပုံစံငယ်နှင့် မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။


ဆက်လက်ပြီး လုမ္ဗနီဥယျာဉ်၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူပုံ၊ ပÍ္စဝုဂ္ဂီငါးဦး တို့အား ဓမ္မစကြာတရားထူးဟောတော်မူပုံနှင့် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်အတွင်း ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပုံ စသည့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ တည်ဆောက်ပူဇော်နေမှုများနှင့် ကမ္မဝိသုဒ္ဓိခဏ္ဍသိမ်တော် တည်ဆောက်နေမှု အခြေ အနေများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ လာရောက်ကြမည့် ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ အပန်းဖြေနိုင်ရန်၊ သဘာဝရှုခင်းများကို ခံစားနိုင်ရန်အတွက် ရှုခင်းသာ တည်ဆောက်နေသည့် အခြေအနေများနှင့် ရှုခင်းသာ အတွင်း ကော်ဖီဆိုင်နှင့် စာကြည့်တိုက် ထည့်သွင်းဆောက်လုပ်နေသည့် အခြေအနေများ အား သွားရောက်ကြည့်ရှုကာ ဗုဒ္ဓဘာသာဆိုင်ရာ စာကောင်းပေမွန်များနှင့် ဗဟုသုတ စာအုပ်စာပေများကို ထားရှိနိုင်ရေး ဆရာတော်ဘုရားကြီးအား တင်ပြလျှောက်ထားသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား သုံးထပ်ကျောင်းဆောင်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် (ဝစီပိတ်)ဆရာတော်ကြီး၏ သြဝါဒ ခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင် များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ မဟာ ဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်းတည်ထားကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၀၈ ပေရှိမည်ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာန တို့ကို ဆက်လက်တည်ဆောက်ပူဇော်လျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က်ိဳင္းတုံၿမိဳ႕၊ ဗုဒၶဥယ်ာဥ္ေတာ္ပရိဝုဏ္အတြင္း တည္ထားကိုးကြယ္သည့္ အဘယရာဇမုနိ ႐ုပ္ပြားေတာ္ ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၊ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ေနမႈအေျခအေနမ်ားအားၾကည့္ရႈ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ ယေန႔နံနက္ပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ၁၅ မိုင္ခန႔္အကြာ ပန္ကြဲေက်း႐ြာအနီးရွိ ဗုဒၶဥယ်ာဥ္ ေတာ္ပရိဝုဏ္အတြင္း တည္ထားကိုးကြယ္သည့္ အဘယရာဇမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီး အား ဖူးေျမာ္ၾကည္ညိဳၿပီး သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး တည္ထား ကိုးကြယ္ရန္ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ က်ိဳင္းတုံၿမိဳ႕၊ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္ ဦးစီးပဓာနနာယက(ဝစီပိတ္)ဆရာေတာ္ ဘဒၵႏၲ ေကာဝိဒ အမႉးျပဳ၍ ဗုဒၶဥယ်ာဥ္ေတာ္အတြင္းသို႔ ေရာက္ရွိၾကၿပီး အဘယရာဇမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳကာ ပန္း၊ ေရခ်မ္း ကပ္လႉပူေဇာ္ၾကသည္။ ထို႔ေနာက္ ေစတီေတာ္ႀကီးအတြင္း၌ ျမတ္စြာဘုရားရွင္၏ ဗုဒၶဝင္အက်ဥ္းမ်ားကို စက်င္ေက်ာက္သားေပၚတြင္ ထုဆစ္ပုံေဖာ္ပူေဇာ္ထားရွိမႈမ်ားႏွင့္ ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ၾကည့္ရႈဖူးေျမာ္ၿပီး တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားအား ေစတီေတာ္ ႀကီး အတြင္း၊ အျပင္ သာယာလွပမႈရွိေစေရး၊ ဘုရားဖူးလာ ဧည့္သည္မ်ား မ်က္စိပသာဒ ျဖစ္ေစေရး စိမ္းလန္းစိုေျပမႈရွိေအာင္ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ရာသီဥတုမေ႐ြး စိတ္ေအးခ်မ္းသာစြာျဖင့္ ပန္း၊ ေရခ်မ္း၊ ဆီမီးပူေဇာ္ႏိုင္ရန္ မွန္မ်ားျဖင့္ ကာရံထားသည့္ ဘုရားဖူးေနရာကို စီစဥ္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း တည္ထားကိုးကြယ္မည့္ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးႏွင့္ ဆင္းတုေတာ္၊ ႐ုပ္ပြားေတာ္မ်ား ထုဆစ္ရာတြင္ လိုအပ္မည့္ေက်ာက္မ်ားထုတ္လုပ္၍ ေက်ာက္ဆစ္လုပ္ငန္း ေဆာင္႐ြက္ေနမႈ အေျခအေန မ်ားအား လိုက္လံၾကည့္ရႈရာ အမ်ိဳးသားယဥ္ေက်းမႈတကၠသိုလ္(မႏၲေလး)မွ ျမန္မာမႈပညာရွင္ ပါေမာကၡ ဦးေဇာ္သန္းထြဋ္ႏွင့္ အဖြဲ႕ဝင္မ်ားက ရွင္းလင္းျပသၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား မွာၾကားၿပီး ေက်ာက္ဆစ္လုပ္ငန္းေဆာင္႐ြက္ေနသူမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ ပါေမာကၡ ဦးေဇာ္သန္းထြဋ္က လက္ခံရယူသည္။

ထို႔ေနာက္ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္(ဝစီပိတ္) ဆရာေတာ္ႀကီး ကိုယ္တိုင္ ဦးေဆာင္ပဓာနကမကထျပဳ၍ တည္ေဆာက္ပူေဇာ္လ်က္ရွိသည့္ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ေနမႈအေျခအေနမ်ားအား လွည့္လည္ၾကည့္ရႈၾကသည္။ ဦးစြာ ေစတီေတာ္ျမတ္ႀကီး ဓမၼာ႐ုံအတြင္း၌ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီးတြင္ တင္လႉပူေဇာ္မည့္ ေ႐ႊထီးေတာ္နမူနာပုံစံငယ္၊ ေစတီေတာ္ျမတ္ႀကီး အတြင္းတြင္ပူေဇာ္ထားရွိမည့္ ေမတၱာဘုရားရွင္ ထိုင္ေတာ္မူ ဆင္းတုေတာ္၊ အထက္ပစၥယံတြင္ ပူေဇာ္ထားရွိမည့္ အရိေမတၱယ်ျမတ္စြာဘုရားရွင္ ရပ္ေတာ္မူဆင္းတုေတာ္တို႔ကို ေဆာင္႐ြက္ထားရွိမႈမ်ားအား စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမႉး႐ုံး၊ ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ မ်ိဳးသန႔္ႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ႊထီးေတာ္ကို ရာသီဥတု ဒဏ္ ခံႏိုင္ေအာင္ ထည့္သြင္းစဥ္းစားတြက္ခ်က္၍ ခိုင္ခံေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း ေစတီေတာ္ႀကီးႏွင့္ အျခားသာသနိကအေဆာက္အဦမ်ား၊ တည္ေဆာက္မႈအေျခအေနမ်ားကို မွတ္တမ္းျပဳစုထားရွိရန္ လိုေၾကာင္းျဖင့္ မွာၾကားသည္။ ယင္းေနာက္ ဓမၼာ႐ုံအတြင္း ခင္းက်င္းျပသထားသည့္ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး ပုံစံငယ္ႏွင့္ မွတ္တမ္းဓာတ္ပုံမ်ားအား လိုက္လံၾကည့္ရႈခဲ့ၾကသည္။

ဆက္လက္ၿပီး လုမၺနီဥယ်ာဥ္၌ ဘုရားအေလာင္းေတာ္ ဖြားျမင္ေတာ္မူပုံ၊ ပÍၥဝုဂၢီငါးဦး တို႔အား ဓမၼစၾကာတရားထူးေဟာေတာ္မူပုံႏွင့္ ကုသိနာ႐ုံျပည္၊ အင္ၾကင္းဥယ်ာဥ္အတြင္း ဘုရားရွင္ပရိနိဗၺာန္စံေတာ္မူပုံ စသည့္ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေဝဇနိယ ေလးဌာနတို႔ တည္ေဆာက္ပူေဇာ္ေနမႈမ်ားႏွင့္ ကမၼဝိသုဒၶိခ႑သိမ္ေတာ္ တည္ေဆာက္ေနမႈ အေျခ အေနမ်ားအား လွည့္လည္ၾကည့္ရႈၾကၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္းေဆြးေႏြး၍ ျဖည့္ဆည္း ေဆာင္႐ြက္ေပးသည္။ ယင္းေနာက္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္းသို႔ လာေရာက္ၾကမည့္ ျပည္တြင္းျပည္ပမွ ဘုရားဖူးဧည့္သည္မ်ား အပန္းေျဖႏိုင္ရန္၊ သဘာဝရႈခင္းမ်ားကို ခံစားႏိုင္ရန္အတြက္ ရႈခင္းသာ တည္ေဆာက္ေနသည့္ အေျခအေနမ်ားႏွင့္ ရႈခင္းသာ အတြင္း ေကာ္ဖီဆိုင္ႏွင့္ စာၾကည့္တိုက္ ထည့္သြင္းေဆာက္လုပ္ေနသည့္ အေျခအေနမ်ား အား သြားေရာက္ၾကည့္ရႈကာ ဗုဒၶဘာသာဆိုင္ရာ စာေကာင္းေပမြန္မ်ားႏွင့္ ဗဟုသုတ စာအုပ္စာေပမ်ားကို ထားရွိႏိုင္ေရး ဆရာေတာ္ဘုရားႀကီးအား တင္ျပေလွ်ာက္ထားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက သီလဓမၼကုန္းသာ ေတာရေက်ာင္းတိုက္ ဦးစီးပဓာနနာယက(ဝစီပိတ္)ဆရာေတာ္ ဘဒၵႏၲေကာဝိဒ အမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား သုံးထပ္ေက်ာင္းေဆာင္၌ ေန႔ဆြမ္းဆက္ကပ္ လႉဒါန္း ခဲ့ၾကသည္။

အဆိုပါ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ ေအးခ်မ္းသာယာမႈရွိေစရန္၊ ေထရဝါဒဗုဒၶဘာသာ တည္တံ့ခိုင္ၿမဲေစရန္ႏွင့္ ျပည္တြင္းျပည္ပဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳး တိုးတက္မႈကို အေထာက္အကူျဖစ္ေစရန္အတြက္ (ဝစီပိတ္)ဆရာေတာ္ႀကီး၏ ၾသဝါဒ ခံယူၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ အလႉရွင္ မ်ား၏ စုေပါင္းလႉဒါန္းမႈမ်ားျဖင့္ တည္ထားကိုးကြယ္ထားျခင္းျဖစ္ေၾကာင္း၊ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အိႏၵိယႏိုင္ငံ၊ ဗုဒၶဂယာရွိ မဟာ ေဗာဓိေစတီေတာ္ျမတ္ႀကီး၏ ပုံစံအတိုင္းတည္ထားကိုးကြယ္မည္ျဖစ္ၿပီး ဉာဏ္ေတာ္အျမင့္ ၁၀၈ ေပရွိမည္ျဖစ္ကာ ဗုဒၶျမတ္စြာဘုရား၏ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေဝဇနိယ ေလးဌာန တို႔ကို ဆက္လက္တည္ေဆာက္ပူေဇာ္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။