COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သည် အမျိုးသားရေးကိစ္စဖြစ်ပြီး အသိပညာပေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လိုအပ်ချက်မှန်သမျှကို အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ – ၁၅

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လအစောပိုင်းအထိ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများပြားခဲ့ခြင်းမရှိကြောင်း၊ ဩဂုတ်လ ၃၁ ရက်အထိ ရောဂါပိုးကူးစက်ခံရသူ ၈၀၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာ ၁၄ ရက်တွင် ၃၀၀၀ ကျော်အထိရှိလာသဖြင့် နှစ်ပတ်အတွင်း လူဦးရေ ၂၀၀၀ ကျော်ကူးစက်ခဲ့ပြီး ကူးစက်မှုနှုန်းမြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ တပ်မတော်အနေဖြင့် ဝူဟန်မြို့၌ရောဂါစတင်ဖြစ်ပွားချိန်ကတည်းကပင် မျက်ခြည်မပြတ်စောင့်ကြည့်၍ လိုအပ်သည်များဆွေးနွေးညှိနှိုင်းပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး Social Distancing အရ သွားလာနေထိုင်ရန်၊ စက်ရုံ၊အလုပ်ရုံများတွင် အနည်းဆုံးသောလုပ်အားဖြင့်ဆောင်ရွက်ရန်၊ မဖြစ်မနေသွားလာရမည့်အရေးကြီးလုပ်ငန်းကိစ္စရပ်များမှအပ အခြားအရပ်ဒေသများသို့ ယာယီတာဝန်များမသွားရောက်ရန်နှင့် အခြားလိုအပ်သည်များကိုမှာကြား ဆောင်ရွက်စေခဲ့ကြောင်း၊ အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ဆ၍ တပ်မတော်အတွက် လွန်စွာအရေးကြီးသော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုပင် ရွှေ့ဆိုင်းထားခဲ့ကြောင်း။

မိမိတို့နိုင်ငံ၌ ရောဂါစတင်ဖြစ်ပွားချိန်တွင် ထိုက်သင့်သောသတိပြုမှုများရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ကူးစက်မှုနှုန်းသိသာများပြားလာခြင်းမရှိသဖြင့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် သတိပြုမှုလျော့နည်းလာပြီး ပေါ့ဆစွာသွားလာလှုပ်ရှားမှုများရှိနေခဲ့ကြောင်း၊ ယင်းအချိန်တွင် အိမ်နီးချင်းနိုင်ငံအချို့၌ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ အလွန်မြင့်တက်လျက်ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ ဩဂုတ်လနောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ်၌ ရောဂါဖြစ်ပွားမှုနှုန်း ရုတ်တရက်မြင့်တက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယနေ့နံနက် ၈ နာရီအထိ COVID-19 ရောဂါအတည်ပြုလူနာ ၃၂၉၉ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၇၉၀ ဦးနှင့် သေဆုံးသူ ၃၂ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈၄၇ ဦးဖြင့်အများဆုံးကူးစက်ခံရပြီး ရခိုင်ပြည်နယ်တွင် ၇၄၀ ဦးဖြင့် ဒုတိယအများဆုံး ကူးစက်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် အလုပ်အကိုင်ထိခိုက်မှုရှိပြီး ပုံမှန်ဝင်ငွေရှိသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိသာမှုမရှိသော်လည်း သာမန်အခြေခံလူတန်းစားများတွင် စားဝတ်နေရေးအတွက် ထိခိုက်မှုများရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစားများ၊ သဘင်၊ ဂီတ၊ ပန်းချီ စသည့် အနုပညာရှင်များ၊ မီဒီယာအဖွဲ့အစည်းများ၊ အားကစားသမားများနှင့်အခြားပုံမှန်ဝင်ငွေမရှိနိုင်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးကို တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကိုလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထို့ပြင် COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုများရပ်ဆိုင်းပြီး ဒေသထွက်ကုန်များ ရောင်းချရခြင်းမရှိသည့်တောင်သူများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းများပျက်စီးပြီး အခက်အခဲဖြစ်ပေါ်နေသည့်တောင်သူများကိုလည်း တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ ခရိုင်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့်ကျေးလက်ကျန်းမာရေးဌာနများသို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းပေးလျက်ရှိကြောင်း၊ ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည့်အပြင် စားသောက်ရေးကိစ္စများတွင် အဆင်ပြေစွာအခက်အခဲမရှိစေရေးအတွက် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်၊ ကြေညာချက်များကို တစ်ဦးချင်းလိုက်နာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နေပြီဟုဆိုသော်လည်း ၂၀၁၉ ခုနှစ်တွင်စတင် ဖြစ်ပေါ်ခဲ့သည့် ရောဂါပိုးဗီဇနှင့် ယခုဖြစ်ပေါ်နေသည့် ရောဂါပိုးမျိုးရိုးဗီဇတို့ တူညီနိုင်ခြင်းမရှိဟုလည်းသိရှိရ၍ ကာကွယ်ကုသဆေးနှင့်ပတ်သက်၍ တိတိကျကျအာမခံနိုင်မှု မရှိသေးကြောင်း။

ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် အခြေခံအကျဆုံးမှာ စည်းကမ်းလိုက်နာမှု၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဖြစ်ကြောင်း၊ ထို့ကြောင့်လူတိုင်းသည် သန့်ရှင်းသပ်ရပ်စွာနေထိုင်ရမည်၊ အလင်းရောင်နှင့်လေကောင်း လေသန့်ရရှိအောင်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ သတ္တဝါတိုင်းသည် သွေးနှင့်သားနှင့် တည်ဆောက်ထားခြင်းဖြစ်သဖြင့် မိမိကိုယ်ကို အသိတရားဖြင့် ထိန်းသိမ်းဂရုစိုက်မှသာလျှင် ကျန်းမာရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ မိမိသာမက မိမိ မိသားစုဝင်များနှင့်ပြည်သူများကိုလည်း တစ်ဦးချင်းအသိတရားဖြင့်ထိန်းသိမ်းဂရုစိုက်မှုရှိအောင် အသိပညာပေးရမည်ဖြစ်ကြောင်း။

ကုသရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်တွင် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူဖြည့်တင်းခဲ့မှုများရှိကြောင်း၊ တပ်မတော်အတွင်း HIV ရောဂါပိုး၊ အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုး စသည့်ရောဂါပိုးများကို စမ်းသပ်စစ်ဆေးရာတွင် အသုံးပြုသည့် COBAS 6800 စက်များသည် COVID-19 ရောဂါပိုးအား စစ်ဆေးဖော်ထုတ်ပေးနိုင်ကြောင်းသိရှိရသဖြင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရန် အသိပေးကြေညာခဲ့တွင်လည်း တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများအပြင် တိုင်းစစ်ဌာနချုပ်များအလိုက်လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုသရေးအတွက် တပ်မတော်အသည်းရောဂါကုဆေးရုံကြီးတွင် ပြင်ဆင်ဆောင်ရွက်ပေးထားပြီး လူ့အသက်ထက်အရေးကြီးသည်မှာမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ကျန်းမာရေးကို ဂရုတစိုက်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ယမန်နေ့ညတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ဆောင်ရွက်စေရန်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆင်ရေး၊ ကာကွယ်ရေးနှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများကို မထိခိုက်စေဘဲ ရောဂါဖြစ်ပွားမှုသည် အရေးကြီးသည့်အခြေအနေသို့ရောက်ရှိနေသဖြင့် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ချက်ချင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပဏာမပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများမှတစ်ဆင့် အသိပညာပေးမှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ယနေ့နံနက်အထိ ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု၊ ပြန်လည်ကောင်းမွန်မှုအခြေအနေများ၊ တပ်မတော်အတွင်း ရောဂါကူးစက်မှုအနေဖြင့် ပြည်ပမှကူးစက်မှု ၁၈ ဦး၊ ပြည်တွင်းကူးစက်မှု ၂၈ ဦး၊ စုစုပေါင်း ၄၆ ဦးရှိသည့်အခြေအနေများ၊ RT ၊ PCR ၊ COBAS 6800 နည်းတို့ဖြင့် စစ်ဆေးပေးနိုင်မှုအခြေအနေများနှင့် စက်များကို ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံနှင့်စစ်တွေမြို့တို့တွင် ဖြန့်ခွဲတပ်ဆင်၍ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ စက်များထပ်မံဝယ်ယူ၍ ပြင်ဦးလွင်၊ အောင်ပန်း၊ မော်လမြိုင်၊ မုံရွာနှင့်အခြားလိုအပ်လျက်ရှိသည့်နေရာများသို့ ဖြန့်ခွဲတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေသည့်အခြေအနေများနှင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်မှုအနေဖြင့် ၃၂၉၉ ဦးရှိပြီဖြစ်ပြီး လက်ရှိကူးစက်ဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လက်ရှိဖြစ်ပွားနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားနေပါက စက်တင်ဘာလကုန်တွင် ရောဂါကူးစက်ခံရသူ ၁၆၁၅၁ ဦးခန့်နှင့် တပ်မတော်အတွင်း၌ ၂၄၀ ဦးခန့်အထိ ရှိလာနိုင်သည်ကိုသုံးသပ်တွေ့ရှိရသည့်အခြေအနေများ။

တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်၊ ကြေညာချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စက်တင်ဘာ ၁၄ ရက်တွင်ရရှိသောအချက်အလက်များအရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာများတွင် ရောဂါပိုးတွေ့ရှိနှုန်း ၇ ဒသမ ၈၄ ရာခိုင်နှုန်း၊ အသွားအလာကန့်သတ်ထားရှိသူများတွင် ရောဂါပိုးတွေ့ရှိနှုန်း ၀ ဒသမ ၃၆ ရာခိုင်နှုန်း၊ ပိုးတွေ့လူနာနှင့်အနီးကပ်ထိတွေ့သူများမှ ရောဂါပိုးတွေ့ရှိနှုန်း ၁၄ ဒသမ ၇ ရာခိုင်နှုန်းရှိသည့် အခြေအနေများနှင့်တစ်နိုင်ငံလုံးပိုးတွေ့ရာခိုင်နှုန်းအနေဖြင့် ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း ၁၉၇၇၉၄ ဦးရှိသည့်အနက် ၃၂၉၉ ဦးတွေ့ရှိခဲ့သဖြင့် ၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦးမှ ပြည်တွင်းကူးစက်မှု စတင်ခဲ့သည့်ဩဂုတ်လ ၁၆ ရက်မတိုင်မီ မြန်မာနိုင်ငံတွင် စုစုပေါင်း ၁၃၆၁၅၃ ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိသူ ၃၇၅ ဦး၊ သေဆုံးသူ ၆ ဦးရှိသဖြင့် ပိုးတွေ့ရှိမှု ၀ ဒသမ ၂၇ ရာခိုင်နှုန်းရှိသည့်အခြေအနေများ၊ ဩဂုတ် ၁၆ ရက်နောက်ပိုင်းစစ်ဆေးခဲ့သူ ၆၁၆၄၁ ဦးရှိပြီး ရောဂါပိုးတွေ့ရှိခဲ့သူ ၂၉၂၄ ဦးရှိသဖြင့် ပိုးတွေ့ရှိမှု ၄ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်ကိုတွေ့ရှိရသည့်အခြေအနေများ၊ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၅၅ မြို့နယ်တွင် ကူးစက်ခံထားရပြီး စစ်တွေမြို့နယ်သည် ကူးစက်ခံရသူ ၄၀၁ ဦးဖြင့် အများဆုံး ကူးစက်ခံထားရကာ သင်္ဃန်းကျွန်းမြို့နယ်သည် ၂၇၄ ဦးဖြင့်ဒုတိယကူးစက်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရသည့်အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများ၏ ကူးစက်ခံရမှုအနေဖြင့် အမေရိကန်နိုင်ငံတွင် တစ်ရက်ပျှမ်းမျှ ၂၅၉၆၂ ဦးနှုန်းဖြင့်ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသည် တစ်ရပ်ပျှမ်းမျှ ၂၀၇၆၁ ဦးနှုန်းဖြင့် ဒုတိယကူးစက်ခံရမှုအများဆုံးဖြစ်သည့် အခြေအနေများ၊ အာဆီယံနိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံသည် တစ်ရက်ပျှမ်းမျှ ၁၁၄၀ ဦးနှုန်းခန့်ဖြင့် ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် တစ်ရပ်ပျှမ်းမျှ ၁၁၀၈ ဦးနှုန်းဖြင့် ဒုတိယကူးစက်ခံရမှုအများဆုံးဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင်ရောဂါ ကူးစက်မှုပထမလှိုင်းဟုပြောဆိုနိုင်သည့် မတ်လ ၂၃ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ ၅ လခန့်ကာလအတွင်း ကူးစက်ခံရမှု ၃၇၅ ဦးသာရှိပြီး ဒုတိယလှိုင်းကူးစက်မှုဟုသတ်မှတ် နိုင်သည့်ဩဂုတ်လ ၁၆ ရက်မှ ယနေ့အထိ ၁လခန့်ကာလအတွင်း ၂၉၂၄ ဦးရှိသဖြင့် တစ်ရက်ပျှမ်းမျှကူးစက်ခံရသူ ၉၇ ဦးနှုန်းခန့်မြင့်တက်လာသည်ကို တွေ့ရှိရသည့်အခြေအနေ များ၊ ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုသည်အဓိကကျပြီး ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုများပြားလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲမသွားစေရန် အထူးသတိပြုရန်လိုအပ်သည့်အခြေအနေများ။

တပ်မတော်ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင် Intensive Care Unit (ICU) ခန်းများ ထားရှိနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှ PPE ဝတ်စုံများ၊ Mask များ၊ ကလေးများအတွက် Face Shield များကို ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများ၊ တပ်မတော်တစ်ရပ်လုံးတွင် အရပ်ဘက်ပြည်သူများ Quarantine ထားရှိနိုင်ရေးအတွက် ၉၅၅၀ ဦးစာပြင်ဆင်ထားရှိပြီး ၆၄၅၁ ဦးကို ထားရှိနိုင်ခဲ့ကာ လက်ရှိအချိန်တွင် ၅၂၄ ဦးကို လက်ခံထားရှိပေးလျက်ရှိသည့်အခြေအနေများ၊ အထက်မြန်မာပြည်တွင် COVID-19 လူနာများကုသနိုင်ရေးအတွက် မိတ္ထီလာရှိ တပ်မတော်ဆေးရုံကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မတ်လ ၂၃ ရက်မှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ခရီးစဉ်များတွင် မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများသို့ COVID-19 ရောဂါကာကွယ် ရေးဆေးပစ္စည်းများ ထောက်ပံ့မှုများအနေဖြင့် ငွေကျပ်သိန်း ၃၉၀၀ ကျော်၊ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းမှုအနေဖြင့် တိုင်းရင်းသားအဖွဲ့နယ်မြေများသို့ ငွေကျပ်သိန်း ၄၃၀၀ ကျော်၊ လူမှုအဖွဲ့အစည်းများသို့ ငွေကျပ်သိန်း ၆၀၀ ကျော်၊ ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ်သိန်း ၁၇၀၀ ကျော်၊ စစ်မှုထမ်းဟောင်း၊ရဲမှုထမ်းဟောင်းအဖွဲ့များသို့ ငွေကျပ်သန်း ၇၄၀၀ ကျော်ကို ထောက်ပံ့ ပေးနိုင်ခဲ့သည့်အခြေအနေများ၊ တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများ၏ လစာတစ်လစာ၊ တစ်ရက်စာအလှူငွေရရှိမှု ၄ ဒသမ ၅ ဘီလီယံကျော်ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ၄ ဒသမ ၂ ဘီလီယံကျော်သုံးစွဲကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်ကျန်ရှိသည့်အခြေအနေများနှင့် လိုအပ်သည့်နေရာများတွင်စနစ်တကျစီမံ ခန့်ခွဲ၍သုံးစွဲသွားမည့်အခြေအနေများ။

မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများမှ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများထုတ်လုပ်ဖြန့်ဝေရောင်းချပေးနိုင်မှုအခြေအနေများနှင့် သတ်မှတ်ချက်များနှင့် အညီလုပ်ငန်းလည်ပတ်လျက်ရှိသည့်အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသောကျေးရွာသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ဆေးနှင့်ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့်ဟင်းသီးဟင်းရွက်တို့ကို မိသားစုဝင်များအပြင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့သည့်အခြေအနေများနှင့် ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့်အခြေအနေများနှင့် တပ်မတော်ရေယာဉ်များနှင့် ဆေးရုံသင်္ဘောများအား အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့်အခြေအနေများ၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံ များ၌ လိုအပ်သည့်လုံခြုံရေးစီမံချက်များ ဆောင်ရွက်ထားရှိရမည့်အခြေအနေများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် မဖြစ်မနေကိစ္စရပ်များမှအပ တပ်ပြင်သို့ သွားလာခြင်းမရှိစေရန်နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးအလိုက် ညွှန်ကြားချက် များ ထုတ်ပြန်ထားရှိရန် လိုအပ်သည့်အခြေအနေများအား တင်ပြဆွေးနွေးကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် COVID-19 ရောဂါသည် ဩဂုတ်လနှင့်စက်တင်ဘာလတွင် ပိုမိုဖြစ်ပွားမှုများပြားလာသည်ကိုတွေ့ရှိရသဖြင့် ရာသီဥတုစွတ်စိုချိန်နှင့်အေးသည့်အချိန်တွင် ရောဂါပိုး၏ရှင်သန်နိုင်မှု သည် ပိုမိုများပြားလာသည်ဟု ယူဆရကြောင်းနှင့် ဆောင်းရာသီသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ပိုမိုဂရုစိုက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းအလိုက်တွင် ဒေသထုတ်ကုန် များရှိပြီး ရာသီထုတ်ကုန်များ ကုန်စည်စီးဆင်းမှု နှောင့်နှေးရပ်တန့်ခြင်းကြောင့် ပြည်သူလူထု စီးပွားမပျက်ရအောင် အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသ ထွက်ကုန်များတင်ပို့ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပါက နယ်မြေခံတပ်ဌာနချုပ်များမှ တာဝန်ရှိသူများက သိရှိအောင်ဆောင်ရွက်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် တင်ပြကြရန်လိုကြောင်း။

Polymerase Chain Reaction(PCR) စက်များသည် ရောဂါရှာဖွေရာ၌ အဓိက ကျသဖြင့် စနစ်တကျထိန်းသိမ်းကြရမည်ဖြစ်ပြီး စက်ကိုကိုင်တွယ်အသုံးပြုသူများသည်လည်း ကျန်းမာရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ PCR စက်များဖြင့် ရောဂါရှာဖွေရေးအတွက် လိုအပ်သည့် Reagent များကိုလည်း ဆက်လက်ဝယ်ယူဖြည့်တင်းထားရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးတွင် အခြေခံကာကွယ်မှုဖြစ်သည့် Mask များအသုံးပြုရာ တွင်လည်း အရည်အသွေးရှိပြီး အမှန်တကယ်ကာကွယ်နိုင်သော Safety ဖြစ်သည့် Mask များကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်သူများသို့ဖြန့်ဝေရာတွင်လည်း ဈေးနှုန်းနည်းပြီး ကာကွယ် မှုနည်းပါးသည့် Mask များအစား အမှန်တကယ်ကာကွယ်မှုပေးနိုင်သည့် အလွှာ ၃ ထပ် ပါသည့် Mask များကိုသာ ဖြန့်ဝေပေးကြရမည်ဖြစ်ကြောင်း၊ ပြန်လည်အသုံးပြု၍ ရသည့် Mask များကိုဖြန့်ဝေပါက အကျိုးရှိရှိအသုံးပြုနိုင်ရေး စနစ်တကျအသုံးပြုနည်းကို အသိပညာပေးပြသရန်လိုကြောင်း၊ Mask ကို မိမိသွားလေရာသယ်ဆောင်တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပတ်ဝန်းကျင်နှင့်ထိတွေ့ရမည်ဆိုပါက Mask တပ်ဆင်ထားခြင်းသည်အကောင်းဆုံးဖြစ်ပါကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ ခံစစ်စည်းဖြစ်သဖြင့် တပ်မတော်သားတိုင်း၊ မိသားစု ဝင်တိုင်း ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ Real Time တိတိကျကျဆောင်ရွက်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အား မည်သို့ပင် သဘောထားမှုများရှိစေကာမူ ပြည်သူလူထု ၏အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့်အတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ လိုအပ်သည့်အကူအညီများကို အောက်ခြေတပ်မှူးများအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားပြီးဖြစ်သဖြင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္သည္ အမ်ိဳးသားေရးကိစၥျဖစ္ၿပီး အသိပညာေပးမႈမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္၍ လိုအပ္ခ်က္မွန္သမွ်ကို အခ်ိန္ႏွင့္တေျပးညီ ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၅

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခားလိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေဝးခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍က်င္းပျပဳလုပ္သည္။

အဆိုပါအစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္အမွာစကားေျပာၾကားရာ၌ COVID-19 ေရာဂါသည္ ျမန္မာႏိုင္ငံတြင္ မတ္လ ၂၃ ရက္မွစတင္ျဖစ္ပြားခဲ့ၿပီး ဩဂုတ္လအေစာပိုင္းအထိ ေရာဂါကူးစက္ျဖစ္ပြားမႈႏႈန္းမ်ားျပားခဲ့ျခင္းမရွိေၾကာင္း၊ ဩဂုတ္လ ၃၁ ရက္အထိ ေရာဂါပိုးကူးစက္ခံရသူ ၈၀၀ ေက်ာ္ရွိခဲ့ရာမွ စက္တင္ဘာ ၁၄ ရက္တြင္ ၃၀၀၀ ေက်ာ္အထိရွိလာသျဖင့္ ႏွစ္ပတ္အတြင္း လူဦးေရ ၂၀၀၀ ေက်ာ္ကူးစက္ခဲ့ၿပီး ကူးစက္မႈႏႈန္းျမင့္မားလာသည္ကို ေတြ႕ရွိရေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဝူဟန္ၿမိဳ႕၌ေရာဂါစတင္ျဖစ္ပြားခ်ိန္ကတည္းကပင္ မ်က္ျခည္မျပတ္ေစာင့္ၾကည့္၍ လိုအပ္သည္မ်ားေဆြးေႏြးညႇိႏႈိင္းျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့ၿပီး Social Distancing အရ သြားလာေနထိုင္ရန္၊ စက္႐ုံ၊အလုပ္႐ုံမ်ားတြင္ အနည္းဆုံးေသာလုပ္အားျဖင့္ေဆာင္႐ြက္ရန္၊ မျဖစ္မေနသြားလာရမည့္အေရးႀကီးလုပ္ငန္းကိစၥရပ္မ်ားမွအပ အျခားအရပ္ေဒသမ်ားသို႔ ယာယီတာဝန္မ်ားမသြားေရာက္ရန္ႏွင့္ အျခားလိုအပ္သည္မ်ားကိုမွာၾကား ေဆာင္႐ြက္ေစခဲ့ေၾကာင္း၊ အေျခအေနအရပ္ရပ္ကို ႀကိဳတင္တြက္ဆ၍ တပ္မေတာ္အတြက္ လြန္စြာအေရးႀကီးေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနားကိုပင္ ေ႐ႊ႕ဆိုင္းထားခဲ့ေၾကာင္း။

မိမိတို႔ႏိုင္ငံ၌ ေရာဂါစတင္ျဖစ္ပြားခ်ိန္တြင္ ထိုက္သင့္ေသာသတိျပဳမႈမ်ားရွိခဲ့ေသာ္လည္း ေနာက္ပိုင္းကာလမ်ားတြင္ ကူးစက္မႈႏႈန္းသိသာမ်ားျပားလာျခင္းမရွိသျဖင့္ ေမ၊ ဇြန္၊ ဇူလိုင္လမ်ားတြင္ သတိျပဳမႈေလ်ာ့နည္းလာၿပီး ေပါ့ဆစြာသြားလာလႈပ္ရွားမႈမ်ားရွိေနခဲ့ေၾကာင္း၊ ယင္းအခ်ိန္တြင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕၌ ေရာဂါကူးစက္ျဖစ္ပြားမႈႏႈန္းမွာ အလြန္ျမင့္တက္လ်က္ရွိေနသည္ကိုေတြ႕ရွိရေၾကာင္း၊ ဩဂုတ္လေနာက္ဆုံးအပတ္တြင္ ရခိုင္ျပည္နယ္၌ ေရာဂါျဖစ္ပြားမႈႏႈန္း ႐ုတ္တရက္ျမင့္တက္လာခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ယေန႔နံနက္ ၈ နာရီအထိ COVID-19 ေရာဂါအတည္ျပဳလူနာ ၃၂၉၉ ဦး၊ ေဆး႐ုံဆင္းခြင့္ရရွိသူ ၇၉၀ ဦးႏွင့္ ေသဆုံးသူ ၃၂ ဦးရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ၁၈၄၇ ဦးျဖင့္အမ်ားဆုံးကူးစက္ခံရၿပီး ရခိုင္ျပည္နယ္တြင္ ၇၄၀ ဦးျဖင့္ ဒုတိယအမ်ားဆုံး ကူးစက္မႈရွိသည္ကိုေတြ႕ရွိရေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း လိုအပ္သည့္ႀကိဳတင္ ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈမ်ားေၾကာင့္ အလုပ္အကိုင္ထိခိုက္မႈရွိၿပီး ပုံမွန္ဝင္ေငြရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ သိသာမႈမရွိေသာ္လည္း သာမန္အေျခခံလူတန္းစားမ်ားတြင္ စားဝတ္ေနေရးအတြက္ ထိခိုက္မႈမ်ားရွိႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ ေရာဂါျဖစ္ပြားေနသည့္ကာလအတြင္း အေျခခံလူတန္းစားမ်ား၊ သဘင္၊ ဂီတ၊ ပန္းခ်ီ စသည့္ အႏုပညာရွင္မ်ား၊ မီဒီယာအဖြဲ႕အစည္းမ်ား၊ အားကစားသမားမ်ားႏွင့္အျခားပုံမွန္ဝင္ေငြမရွိႏိုင္သူမ်ားကို ဆန္၊ ဆီ၊ ဆား၊ ပဲ စသည့္အမယ္ ၄ မ်ိဳးကို တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလိုက္ ကူညီေထာက္ပံ့ေပးလ်က္ရွိေၾကာင္း၊ စစ္မႈထမ္းေဟာင္း၊ ရဲမႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားကိုလည္း ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း။

ထို႔ျပင္ COVID-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ကုန္စည္စီးဆင္းမႈမ်ားရပ္ဆိုင္းၿပီး ေဒသထြက္ကုန္မ်ား ေရာင္းခ်ရျခင္းမရွိသည့္ေတာင္သူမ်ားႏွင့္ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ စိုက္ခင္းမ်ားပ်က္စီးၿပီး အခက္အခဲျဖစ္ေပၚေနသည့္ေတာင္သူမ်ားကိုလည္း တပ္မေတာ္အေနျဖင့္ ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးရွိ ျပည္သူ႔ေဆး႐ုံမ်ား၊ ခ႐ိုင္ေဆး႐ုံမ်ား၊ တိုက္နယ္ေဆး႐ုံမ်ားႏွင့္ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ကုသေရးအေထာက္အကူျပဳပစၥည္းမ်ားကို လႉဒါန္းေပးလ်က္ရွိေၾကာင္း၊ ေဆး႐ုံတက္လူနာမ်ား၊ လူနာေစာင့္မ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားအတြက္လည္း အာဟာရျဖည့္စားေသာက္ဖြယ္ရာမ်ားကို လႉဒါန္းေပးလ်က္ရွိသည့္အျပင္ စားေသာက္ေရးကိစၥမ်ားတြင္ အဆင္ေျပစြာအခက္အခဲမရွိေစေရးအတြက္ တန္ဖိုးသင့္ထမင္း၊ ဟင္းလ်ာမ်ားကိုလည္း ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားႏွင့္ ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္၊ ေၾကညာခ်က္မ်ားကို တစ္ဦးခ်င္းလိုက္နာၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေဆးမ်ား ထုတ္လုပ္ေနၿပီဟုဆိုေသာ္လည္း ၂၀၁၉ ခုႏွစ္တြင္စတင္ ျဖစ္ေပၚခဲ့သည့္ ေရာဂါပိုးဗီဇႏွင့္ ယခုျဖစ္ေပၚေနသည့္ ေရာဂါပိုးမ်ိဳး႐ိုးဗီဇတို႔ တူညီႏိုင္ျခင္းမရွိဟုလည္းသိရွိရ၍ ကာကြယ္ကုသေဆးႏွင့္ပတ္သက္၍ တိတိက်က်အာမခံႏိုင္မႈ မရွိေသးေၾကာင္း။

ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ အေျခခံအက်ဆုံးမွာ စည္းကမ္းလိုက္နာမႈ၊ တစ္ကိုယ္ရည္သန႔္ရွင္းေရးႏွင့္ ပတ္ဝန္းက်င္သန႔္ရွင္းေရးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လူတိုင္းသည္ သန႔္ရွင္းသပ္ရပ္စြာေနထိုင္ရမည္၊ အလင္းေရာင္ႏွင့္ေလေကာင္း ေလသန႔္ရရွိေအာင္ေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ သတၱဝါတိုင္းသည္ ေသြးႏွင့္သားႏွင့္ တည္ေဆာက္ထားျခင္းျဖစ္သျဖင့္ မိမိကိုယ္ကို အသိတရားျဖင့္ ထိန္းသိမ္းဂ႐ုစိုက္မွသာလွ်င္ က်န္းမာေရးေကာင္းမြန္မည္ျဖစ္ေၾကာင္း၊ မိမိသာမက မိမိ မိသားစုဝင္မ်ားႏွင့္ျပည္သူမ်ားကိုလည္း တစ္ဦးခ်င္းအသိတရားျဖင့္ထိန္းသိမ္းဂ႐ုစိုက္မႈရွိေအာင္ အသိပညာေပးရမည္ျဖစ္ေၾကာင္း။

ကုသေရးပိုင္းႏွင့္ပတ္သက္၍ တပ္မေတာ္တြင္ ေဆးႏွင့္ေဆးပစၥည္းမ်ားကို ဝယ္ယူျဖည့္တင္းခဲ့မႈမ်ားရွိေၾကာင္း၊ တပ္မေတာ္အတြင္း HIV ေရာဂါပိုး၊ အသည္းေရာင္အသားဝါ ဘီပိုးႏွင့္စီပိုး စသည့္ေရာဂါပိုးမ်ားကို စမ္းသပ္စစ္ေဆးရာတြင္ အသုံးျပဳသည့္ COBAS 6800 စက္မ်ားသည္ COVID-19 ေရာဂါပိုးအား စစ္ေဆးေဖာ္ထုတ္ေပးႏိုင္ေၾကာင္းသိရွိရသျဖင့္ လိုအပ္သည္မ်ားကူညီေဆာင္႐ြက္ေပးႏိုင္ရန္ အသိေပးေၾကညာခဲ့တြင္လည္း တပ္မေတာ္အေပၚ ေဝဖန္ေျပာဆိုမႈမ်ားရွိခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ေရာဂါႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ရန္ သီးသန႔္ေစာင့္ၾကည့္ရမည့္သူမ်ားအား ေနျပည္ေတာ္စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ စစ္ေၾကာေရးႏွင့္တည္းခိုေရးစခန္းမ်ားအျပင္ တိုင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္လည္း လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ကုသေရးအတြက္ တပ္မေတာ္အသည္းေရာဂါကုေဆး႐ုံႀကီးတြင္ ျပင္ဆင္ေဆာင္႐ြက္ေပးထားၿပီး လူ႔အသက္ထက္အေရးႀကီးသည္မွာမရွိသည့္အတြက္ ေဆာင္႐ြက္ေပးႏိုင္သည္မွန္သမွ်ကို ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏က်န္းမာေရးကို ဂ႐ုတစိုက္ေဆာင္႐ြက္ေပးရမည္ျဖစ္ၿပီး ေရာဂါကူးစက္ျဖစ္ပြားမႈေၾကာင့္ အသက္အႏၲရာယ္ထိခိုက္မႈမရွိေစေရး ကာကြယ္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း၊ ယမန္ေန႔ညတြင္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီမွ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ႏွစ္ပတ္႐ုံးတက္၊ ႏွစ္ပတ္နားစနစ္ျဖင့္ ေဆာင္႐ြက္ေစရန္ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး တပ္မေတာ္ကလည္း လိုက္နာရမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာတြင္ စစ္ဆင္ေရး၊ ကာကြယ္ေရးႏွင့္ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေဆာင္႐ြက္ေနမႈမ်ားကို မထိခိုက္ေစဘဲ ေရာဂါျဖစ္ပြားမႈသည္ အေရးႀကီးသည့္အေျခအေနသို႔ေရာက္ရွိေနသျဖင့္ ေဆာင္႐ြက္ေပးႏိုင္သည္မွန္သမွ်ကို ခ်က္ခ်င္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ပဏာမေျပာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီမ်ား၏ ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ပတ္သက္၍ ႐ုပ္ျမင္သံၾကား၊ ေရဒီယို၊ သတင္းစာမ်ားမွတစ္ဆင့္ အသိပညာေပးမႈလုပ္ငန္းမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ား၊ ယေန႔နံနက္အထိ ကမာၻတစ္ဝန္းတြင္ ေရာဂါျဖစ္ပြားမႈ၊ ကူးစက္မႈ၊ ေသဆုံးမႈ၊ ျပန္လည္ေကာင္းမြန္မႈအေျခအေနမ်ား၊ တပ္မေတာ္အတြင္း ေရာဂါကူးစက္မႈအေနျဖင့္ ျပည္ပမွကူးစက္မႈ ၁၈ ဦး၊ ျပည္တြင္းကူးစက္မႈ ၂၈ ဦး၊ စုစုေပါင္း ၄၆ ဦးရွိသည့္အေျခအေနမ်ား၊ RT ၊ PCR ၊ COBAS 6800 နည္းတို႔ျဖင့္ စစ္ေဆးေပးႏိုင္မႈအေျခအေနမ်ားႏွင့္ စက္မ်ားကို ရန္ကုန္၊ ေနျပည္ေတာ္၊ က်ိဳင္းတုံႏွင့္စစ္ေတြၿမိဳ႕တို႔တြင္ ျဖန႔္ခြဲတပ္ဆင္၍ စစ္ေဆးေဆာင္႐ြက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ စက္မ်ားထပ္မံဝယ္ယူ၍ ျပင္ဦးလြင္၊ ေအာင္ပန္း၊ ေမာ္လၿမိဳင္၊ မုံ႐ြာႏွင့္အျခားလိုအပ္လ်က္ရွိသည့္ေနရာမ်ားသို႔ ျဖန႔္ခြဲတပ္ဆင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္ေဆး႐ုံမ်ားတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ားႏွင့္ ဇာတ္တိုက္ေလ့က်င့္မႈမ်ား ေဆာင္႐ြက္ေနသည့္အေျခအေနမ်ားႏွင့္ လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံအတြင္း ေရာဂါကူးစက္မႈအေနျဖင့္ ၃၂၉၉ ဦးရွိၿပီျဖစ္ၿပီး လက္ရွိကူးစက္ျဖစ္ပြားမႈအေျခအေနကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိဘဲ လက္ရွိျဖစ္ပြားႏႈန္းအတိုင္း ဆက္လက္ျဖစ္ပြားေနပါက စက္တင္ဘာလကုန္တြင္ ေရာဂါကူးစက္ခံရသူ ၁၆၁၅၁ ဦးခန႔္ႏွင့္ တပ္မေတာ္အတြင္း၌ ၂၄၀ ဦးခန႔္အထိ ရွိလာႏိုင္သည္ကိုသုံးသပ္ေတြ႕ရွိရသည့္အေျခအေနမ်ား။

တပ္မေတာ္ေလ့က်င့္ေရးသင္တန္းေက်ာင္းမ်ားတြင္ COVID-19 ေရာဂါႏွင့္ပတ္သက္သည့္ ထုတ္ျပန္ခ်က္၊ ေၾကညာခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ စက္တင္ဘာ ၁၄ ရက္တြင္ရရွိေသာအခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံတြင္ ေစာင့္ၾကည့္လူနာမ်ားတြင္ ေရာဂါပိုးေတြ႕ရွိႏႈန္း ၇ ဒသမ ၈၄ ရာခိုင္ႏႈန္း၊ အသြားအလာကန႔္သတ္ထားရွိသူမ်ားတြင္ ေရာဂါပိုးေတြ႕ရွိႏႈန္း ၀ ဒသမ ၃၆ ရာခိုင္ႏႈန္း၊ ပိုးေတြ႕လူနာႏွင့္အနီးကပ္ထိေတြ႕သူမ်ားမွ ေရာဂါပိုးေတြ႕ရွိႏႈန္း ၁၄ ဒသမ ၇ ရာခိုင္ႏႈန္းရွိသည့္ အေျခအေနမ်ားႏွင့္တစ္ႏိုင္ငံလုံးပိုးေတြ႕ရာခိုင္ႏႈန္းအေနျဖင့္ ဓာတ္ခြဲစစ္ေဆးသူစုစုေပါင္း ၁၉၇၇၉၄ ဦးရွိသည့္အနက္ ၃၂၉၉ ဦးေတြ႕ရွိခဲ့သျဖင့္ ၁ ဒသမ ၆၇ ရာခိုင္ႏႈန္းရွိသည့္ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ ဘဏ္ဝန္ထမ္းတစ္ဦးမွ ျပည္တြင္းကူးစက္မႈ စတင္ခဲ့သည့္ဩဂုတ္လ ၁၆ ရက္မတိုင္မီ ျမန္မာႏိုင္ငံတြင္ စုစုေပါင္း ၁၃၆၁၅၃ ဦးအား ဓာတ္ခြဲစစ္ေဆးခဲ့ၿပီး ပိုးေတြ႕ရွိသူ ၃၇၅ ဦး၊ ေသဆုံးသူ ၆ ဦးရွိသျဖင့္ ပိုးေတြ႕ရွိမႈ ၀ ဒသမ ၂၇ ရာခိုင္ႏႈန္းရွိသည့္အေျခအေနမ်ား၊ ဩဂုတ္ ၁၆ ရက္ေနာက္ပိုင္းစစ္ေဆးခဲ့သူ ၆၁၆၄၁ ဦးရွိၿပီး ေရာဂါပိုးေတြ႕ရွိခဲ့သူ ၂၉၂၄ ဦးရွိသျဖင့္ ပိုးေတြ႕ရွိမႈ ၄ ဒသမ ၇၄ ရာခိုင္ႏႈန္း ျမင့္တက္လာသည္ကိုေတြ႕ရွိရသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္ေပါင္း ၁၅၅ ၿမိဳ႕နယ္တြင္ ကူးစက္ခံထားရၿပီး စစ္ေတြၿမိဳ႕နယ္သည္ ကူးစက္ခံရသူ ၄၀၁ ဦးျဖင့္ အမ်ားဆုံး ကူးစက္ခံထားရကာ သဃၤန္းကြၽန္းၿမိဳ႕နယ္သည္ ၂၇၄ ဦးျဖင့္ဒုတိယကူးစက္မႈအမ်ားဆုံးျဖစ္သည္ကို ေတြ႕ရွိရသည့္အေျခအေနမ်ား၊ ကမာၻ႔ႏိုင္ငံမ်ား၏ ကူးစက္ခံရမႈအေနျဖင့္ အေမရိကန္ႏိုင္ငံတြင္ တစ္ရက္ပွ်မ္းမွ် ၂၅၉၆၂ ဦးႏႈန္းျဖင့္ကူးစက္ခံရမႈအမ်ားဆုံးျဖစ္ၿပီး အိႏၵိယႏိုင္ငံသည္ တစ္ရပ္ပွ်မ္းမွ် ၂၀၇၆၁ ဦးႏႈန္းျဖင့္ ဒုတိယကူးစက္ခံရမႈအမ်ားဆုံးျဖစ္သည့္ အေျခအေနမ်ား၊ အာဆီယံႏိုင္ငံမ်ားတြင္ ဖိလစ္ပိုင္ႏိုင္ငံသည္ တစ္ရက္ပွ်မ္းမွ် ၁၁၄၀ ဦးႏႈန္းခန႔္ျဖင့္ ကူးစက္ခံရမႈအမ်ားဆုံးျဖစ္ၿပီး အင္ဒိုနီးရွားႏိုင္ငံသည္ တစ္ရပ္ပွ်မ္းမွ် ၁၁၀၈ ဦးႏႈန္းျဖင့္ ဒုတိယကူးစက္ခံရမႈအမ်ားဆုံးျဖစ္သည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံတြင္ေရာဂါ ကူးစက္မႈပထမလႈိင္းဟုေျပာဆိုႏိုင္သည့္ မတ္လ ၂၃ ရက္မွ ဩဂုတ္လ ၁၆ ရက္အထိ ၅ လခန႔္ကာလအတြင္း ကူးစက္ခံရမႈ ၃၇၅ ဦးသာရွိၿပီး ဒုတိယလႈိင္းကူးစက္မႈဟုသတ္မွတ္ ႏိုင္သည့္ဩဂုတ္လ ၁၆ ရက္မွ ယေန႔အထိ ၁လခန႔္ကာလအတြင္း ၂၉၂၄ ဦးရွိသျဖင့္ တစ္ရက္ပွ်မ္းမွ်ကူးစက္ခံရသူ ၉၇ ဦးႏႈန္းခန႔္ျမင့္တက္လာသည္ကို ေတြ႕ရွိရသည့္အေျခအေန မ်ား၊ ေရာဂါကူးစက္မႈထိန္းခ်ဳပ္ရန္အတြက္ ျပည္သူလူထု၏ပူးေပါင္းပါဝင္မႈသည္အဓိကက်ၿပီး က်န္းမာေရးဝန္ထမ္းမ်ား ကူးစက္ခံရမႈမ်ားျပားလာသည့္အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ၿပိဳလဲမသြားေစရန္ အထူးသတိျပဳရန္လိုအပ္သည့္အေျခအေနမ်ား။

တပ္မေတာ္ေဆး႐ုံမ်ားတြင္ အထူးၾကပ္မတ္ကုသေဆာင္ Intensive Care Unit (ICU) ခန္းမ်ား ထားရွိႏိုင္ေရးေဆာင္႐ြက္ေနမႈအေျခအေနမ်ားႏွင့္ တပ္မေတာ္စက္႐ုံ၊ အလုပ္႐ုံမ်ားမွ PPE ဝတ္စုံမ်ား၊ Mask မ်ား၊ ကေလးမ်ားအတြက္ Face Shield မ်ားကို ထုတ္လုပ္ျဖန႔္ျဖဴးေပးေနသည့္အေျခအေနမ်ား၊ တပ္မေတာ္တစ္ရပ္လုံးတြင္ အရပ္ဘက္ျပည္သူမ်ား Quarantine ထားရွိႏိုင္ေရးအတြက္ ၉၅၅၀ ဦးစာျပင္ဆင္ထားရွိၿပီး ၆၄၅၁ ဦးကို ထားရွိႏိုင္ခဲ့ကာ လက္ရွိအခ်ိန္တြင္ ၅၂၄ ဦးကို လက္ခံထားရွိေပးလ်က္ရွိသည့္အေျခအေနမ်ား၊ အထက္ျမန္မာျပည္တြင္ COVID-19 လူနာမ်ားကုသႏိုင္ေရးအတြက္ မိတၳီလာရွိ တပ္မေတာ္ေဆး႐ုံကို အဆင့္ျမႇင့္တင္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ မတ္လ ၂၃ ရက္မွစ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔၏ ခရီးစဥ္မ်ားတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ေဒသခံျပည္သူမ်ားသို႔ COVID-19 ေရာဂါကာကြယ္ ေရးေဆးပစၥည္းမ်ား ေထာက္ပံ့မႈမ်ားအေနျဖင့္ ေငြက်ပ္သိန္း ၃၉၀၀ ေက်ာ္၊ COVID-19 ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရးေဆးႏွင့္ေဆးပစၥည္းမ်ားလႉဒါန္းမႈအေနျဖင့္ တိုင္းရင္းသားအဖြဲ႕နယ္ေျမမ်ားသို႔ ေငြက်ပ္သိန္း ၄၃၀၀ ေက်ာ္၊ လူမႈအဖြဲ႕အစည္းမ်ားသို႔ ေငြက်ပ္သိန္း ၆၀၀ ေက်ာ္၊ ဘာသာေရးအသင္းအဖြဲ႕မ်ားသို႔ ေငြက်ပ္သိန္း ၁၇၀၀ ေက်ာ္၊ စစ္မႈထမ္းေဟာင္း၊ရဲမႈထမ္းေဟာင္းအဖြဲ႕မ်ားသို႔ ေငြက်ပ္သန္း ၇၄၀၀ ေက်ာ္ကို ေထာက္ပံ့ ေပးႏိုင္ခဲ့သည့္အေျခအေနမ်ား၊ တပ္မေတာ္သားမ်ား၊ အရပ္သားအစားခန႔္ဝန္ထမ္းမ်ား၏ တစ္ရက္စာလုပ္ခ လစာေငြမ်ား၏ လစာတစ္လစာ၊ တစ္ရက္စာအလႉေငြရရွိမႈ ၄ ဒသမ ၅ ဘီလီယံေက်ာ္ရရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ၄ ဒသမ ၂ ဘီလီယံေက်ာ္သုံးစြဲကာ ေငြက်ပ္သိန္း ၃၀၀၀ ေက်ာ္က်န္ရွိသည့္အေျခအေနမ်ားႏွင့္ လိုအပ္သည့္ေနရာမ်ားတြင္စနစ္တက်စီမံ ခန႔္ခြဲ၍သုံးစြဲသြားမည့္အေျခအေနမ်ား။

ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္တို႔ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ပစၥည္းမ်ားထုတ္လုပ္ျဖန႔္ေဝေရာင္းခ်ေပးႏိုင္မႈအေျခအေနမ်ားႏွင့္ သတ္မွတ္ခ်က္မ်ားႏွင့္ အညီလုပ္ငန္းလည္ပတ္လ်က္ရွိသည့္အေျခအေနမ်ား၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ေဝးလံေခါင္ဖ်ားေသာေက်း႐ြာသို႔ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈႏွင့္ ေဆးႏွင့္ေဆးပစၥည္းမ်ားအား တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးအလိုက္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ တပ္မေတာ္မွ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိလာသည့္ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳးႏွင့္ဟင္းသီးဟင္း႐ြက္တို႔ကို မိသားစုဝင္မ်ားအျပင္ ဌာနဆိုင္ရာမ်ား၊ ေဒသခံျပည္သူလူထုမ်ားသို႔ ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏိုင္ခဲ့သည့္အေျခအေနမ်ားႏွင့္ ဆက္လက္၍ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ေဆးအကာအကြယ္ေပးပစၥည္းမ်ား ပို႔ေဆာင္ေပးလ်က္ရွိသည့္အေျခအေနမ်ားႏွင့္ တပ္မေတာ္ေရယာဥ္မ်ားႏွင့္ ေဆး႐ုံသေဘၤာမ်ားအား အသုံးျပဳႏိုင္ေရး အသင့္ျပင္ဆင္ထားရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္စက္႐ုံ၊ အလုပ္႐ုံ မ်ား၌ လိုအပ္သည့္လုံၿခဳံေရးစီမံခ်က္မ်ား ေဆာင္႐ြက္ထားရွိရမည့္အေျခအေနမ်ားႏွင့္ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအေနျဖင့္ မျဖစ္မေနကိစၥရပ္မ်ားမွအပ တပ္ျပင္သို႔ သြားလာျခင္းမရွိေစရန္ႏွင့္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္အသီးသီးအလိုက္ ၫႊန္ၾကားခ်က္ မ်ား ထုတ္ျပန္ထားရွိရန္ လိုအပ္သည့္အေျခအေနမ်ားအား တင္ျပေဆြးေႏြးၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားျဖည့္ဆည္းညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေႏြးေျပာၾကားရာတြင္ COVID-19 ေရာဂါသည္ ဩဂုတ္လႏွင့္စက္တင္ဘာလတြင္ ပိုမိုျဖစ္ပြားမႈမ်ားျပားလာသည္ကိုေတြ႕ရွိရသျဖင့္ ရာသီဥတုစြတ္စိုခ်ိန္ႏွင့္ေအးသည့္အခ်ိန္တြင္ ေရာဂါပိုး၏ရွင္သန္ႏိုင္မႈ သည္ ပိုမိုမ်ားျပားလာသည္ဟု ယူဆရေၾကာင္းႏွင့္ ေဆာင္းရာသီသို႔ ေရာက္ရွိေတာ့မည္ ျဖစ္သျဖင့္ ပိုမိုဂ႐ုစိုက္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္ႏွင့္တိုင္းအလိုက္တြင္ ေဒသထုတ္ကုန္ မ်ားရွိၿပီး ရာသီထုတ္ကုန္မ်ား ကုန္စည္စီးဆင္းမႈ ေႏွာင့္ေႏွးရပ္တန႔္ျခင္းေၾကာင့္ ျပည္သူလူထု စီးပြားမပ်က္ရေအာင္ အခ်ိန္ႏွင့္တေျပးညီကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ေဒသ ထြက္ကုန္မ်ားတင္ပို႔ရန္ အခက္အခဲျဖစ္ေပၚလ်က္ရွိပါက နယ္ေျမခံတပ္ဌာနခ်ဳပ္မ်ားမွ တာဝန္ရွိသူမ်ားက သိရွိေအာင္ေဆာင္႐ြက္ၿပီး ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ရန္ တင္ျပၾကရန္လိုေၾကာင္း။

Polymerase Chain Reaction(PCR) စက္မ်ားသည္ ေရာဂါရွာေဖြရာ၌ အဓိက က်သျဖင့္ စနစ္တက်ထိန္းသိမ္းၾကရမည္ျဖစ္ၿပီး စက္ကိုကိုင္တြယ္အသုံးျပဳသူမ်ားသည္လည္း က်န္းမာေရးေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ PCR စက္မ်ားျဖင့္ ေရာဂါရွာေဖြေရးအတြက္ လိုအပ္သည့္ Reagent မ်ားကိုလည္း ဆက္လက္ဝယ္ယူျဖည့္တင္းထားရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေရးတြင္ အေျခခံကာကြယ္မႈျဖစ္သည့္ Mask မ်ားအသုံးျပဳရာ တြင္လည္း အရည္အေသြးရွိၿပီး အမွန္တကယ္ကာကြယ္ႏိုင္ေသာ Safety ျဖစ္သည့္ Mask မ်ားကိုသာ အသုံးျပဳရမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားသို႔ျဖန႔္ေဝရာတြင္လည္း ေဈးႏႈန္းနည္းၿပီး ကာကြယ္ မႈနည္းပါးသည့္ Mask မ်ားအစား အမွန္တကယ္ကာကြယ္မႈေပးႏိုင္သည့္ အလႊာ ၃ ထပ္ ပါသည့္ Mask မ်ားကိုသာ ျဖန႔္ေဝေပးၾကရမည္ျဖစ္ေၾကာင္း၊ ျပန္လည္အသုံးျပဳ၍ ရသည့္ Mask မ်ားကိုျဖန႔္ေဝပါက အက်ိဳးရွိရွိအသုံးျပဳႏိုင္ေရး စနစ္တက်အသုံးျပဳနည္းကို အသိပညာေပးျပသရန္လိုေၾကာင္း၊ Mask ကို မိမိသြားေလရာသယ္ေဆာင္တပ္ဆင္အသုံးျပဳရမည္ျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပတ္ဝန္းက်င္ႏွင့္ထိေတြ႕ရမည္ဆိုပါက Mask တပ္ဆင္ထားျခင္းသည္အေကာင္းဆုံးျဖစ္ပါေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ ခံစစ္စည္းျဖစ္သျဖင့္ တပ္မေတာ္သားတိုင္း၊ မိသားစု ဝင္တိုင္း က်န္းမာႀကံ့ခိုင္ေနရမည္ျဖစ္ၿပီး ႏိုင္ငံေတာ္ႏွင့္ျပည္သူအတြက္ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ားကို အခ်ိန္ႏွင့္တေျပးညီ Real Time တိတိက်က်ေဆာင္႐ြက္ေပး ႏိုင္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔အား မည္သို႔ပင္ သေဘာထားမႈမ်ားရွိေစကာမူ ျပည္သူလူထု ၏အသက္အိုးအိမ္၊ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရန္တာဝန္ရွိသည့္အတြက္ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ဌာနဆိုင္ရာမ်ား၊ ျပည္သူလူထုမ်ားျဖင့္ တက္ႂကြစြာပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါကာကြယ္ကုသေရးႏွင့္ ပတ္သက္၍ လိုအပ္သည့္အကူအညီမ်ားကို ေအာက္ေျခတပ္မႉးမ်ားအား လြတ္လပ္စြာ ဆုံးျဖတ္ခြင့္ေပးထားၿပီးျဖစ္သျဖင့္ လိုအပ္သည္မ်ားကို အခ်ိန္ႏွင့္တေျပးညီ ကူညီေဆာင္႐ြက္ ေပးၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။