တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ်များ ဂုဏ်ပြုပေးအပ်ချီးမြှင့်

နေပြည်တော်၊ နိုဝင်ဘာ – ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေး ရှင်းနိုင်ငံမှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ်များ ဂုဏ်ပြုပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

ဂုဏ်ပြုချီးမြှင့်သော ဘွဲ့တံဆိပ်များမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Ferderal Service for Military Technical Cooperation(FSMTC) က ဂုဏ်ထူး ဆောင်တံဆိပ်၊ ဩဂုတ်လ ၂၀ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဘက် ဆိုင်ရာတက္ကသိုလ်၏ ပညာရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ဘက်ဆိုင်ရာတက္ကသိုလ်၏ “ဂုဏ်ထူးဆောင်ပါမောက္ခ Honorary Professor of the Russian Military University”၊ စက်တင်ဘာလ ၄ ရက်တွင် Institute of Oriental Studies, Russian Academy of Science “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” Honoris Causa(Honorable Doctor) တို့ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထံသို႔ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ ဂုဏ္ထူးေဆာင္ ဘြဲ႕တံဆိပ္ႏွင့္ ဆုတံဆိပ္မ်ား ဂုဏ္ျပဳေပးအပ္ခ်ီးျမႇင့္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အား ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံမွ ဂုဏ္ထူးေဆာင္ ဘြဲ႕တံဆိပ္ႏွင့္ ဆုတံဆိပ္မ်ား ဂုဏ္ျပဳေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရွိရသည္။

ဂုဏ္ျပဳခ်ီးျမႇင့္ေသာ ဘြဲ႕တံဆိပ္မ်ားမွာ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၂၃ ရက္တြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးဖက္ဒရယ္အဖြဲ႕ Ferderal Service for Military Technical Cooperation(FSMTC) က ဂုဏ္ထူး ေဆာင္တံဆိပ္၊ ဩဂုတ္လ ၂၀ ရက္တြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး ဝန္ႀကီးဌာန၊ စစ္ဘက္ ဆိုင္ရာတကၠသိုလ္၏ ပညာေရးေကာင္စီ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ စစ္ဘက္ဆိုင္ရာတကၠသိုလ္၏ “ဂုဏ္ထူးေဆာင္ပါေမာကၡ Honorary Professor of the Russian Military University”၊ စက္တင္ဘာလ ၄ ရက္တြင္ Institute of Oriental Studies, Russian Academy of Science “ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕” Honoris Causa(Honorable Doctor) တို႔ကို ဂုဏ္ျပဳေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။