တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများ အပိုင်း(၅)

နေပြည်တော်၊ နိုဝင်ဘာ-၄

မေး။       အခုကာလကလည်း နည်းပညာတော်လှန်ရေးကာလလို့ပြောလို့ရမယ့် Industrial 4.0 ခေတ်ဖြစ်နေတာပေါ့။ ကဏ္ဍအသီးသီးမှာလည်း နည်းပညာအကူအညီနဲ့ အဆင့်မြှင့်တင်ဖို့ ကြိုးစားနေကြတယ်။ စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ် အဲ့လိုနယ်ပယ် ကဏ္ဍအသီးသီးမှာပေါ့။ အဲ့တော့ တပ်မတော်ရဲ့ Defence Force ကိုရော (ကြည်း၊ ရေ၊ လေ)ပေါ့။အခုကတော့ ရေတပ်ကိုကျွန်မတို့သိရပြီ။ (ကြည်း၊ ရေ၊ လေ) ကိုရော ဘယ်လိုမျိုး နည်းပညာအရအဆင့်မြှင့်တင်ဖို့ စီစဉ်ထားရှိပါသလဲရှင်။

ဖြေ။        ကာကွယ်ရေးစွမ်းပကားဆိုတာ ခေတ်မီလေကောင်းလေပဲ။ ခေတ်နဲ့အညီလိုက်လျောညီထွေလုပ်နိုင်လေကောင်းလေပဲ။ အရင်ခေတ်အဆက်ဆက်က လူကြီးတွေလည်း တောက်လျောက်ဒီအတိုင်းလုပ်ခဲ့တာပဲ။ ကျွန်တော်တို့လည်း အခုဆိုရင်ကျွန်တော်တို့ တပ်မတော်ထဲကို စဝင်တဲ့အချိန်တုန်းက First Generation ၊ Second Generation အနေနဲ့စခဲ့တာ။ ပြီးတော့မှအခုဆိုရင် Fourth Generation ၊ Fourth Plus Generation နဲ့ Fifth Generation ကိုရောက်နေပြီ အနည်းဆုံးကတော့ Fourth Generation အဆင့်ကို ကျွန်တော်တို့ရောက်အောင် ပထမဦးဆုံးကြိုးစားရမှာကတော့ မလွဲဧကန်ပါပဲ။ နိုင်ငံတွေအားလုံးကလည်း ဒီလိုပဲကြိုးစားနေကြတယ်။ အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်ရင်လည်း ဒီလိုပဲသူများတွေလုပ်နေပြီး ကိုယ်ကမလုပ်ရင်လည်းခံသွားရမှာ။ ကာကွယ်ရေးဆိုတဲ့နေရာမှာ Sorry ဆိုတာမရှိဘူး။ ကျွန်တော်တော့ Ready မဖြစ်သေးဘူးဆိုပြီး သွားပြောလို့မရဘူး။ အဲ့တော့ Ready လုပ်ထားတာကတော့ အကောင်းဆုံးပဲ။ သို့သော်လည်းတိုင်းပြည်ရဲ့အခြေအနေနဲ့ ကိုက်ညီအောင်တစ်ဖက်ကလည်း ချင့်ချိန်ရတာပေါ့။ အဲ့တော့အကောင်းဖက်ကနေ ကျွန်တော်တို့ လူသားအရင်းအမြစ်တွေရအောင်မွေးတယ်။ တပ်မတော်သားတွေကို ပညာတတ်တွေဖြစ်ဖို့အတွက် နည်းပညာ၊ အတတ်ပညာတွေနဲ့ပတ်သက်ပြီး အရည်အချင်းရှိတဲ့ တပ်မတော်သားတွေဖြစ်အောင် ကျွန်တော်တို့ ကြိုးစားလေ့ကျင့်ပေးရတယ်။ ဒီအပေါ်မှာမူတည်ပြီး အသုံးအဆောင်ပစ္စည်းတွေကိုပါ ထပ်ပြီးဖြည့်ဆည်းပေးရတယ်။ အသုံးအဆောင်ပစ္စည်းတွေရှိပြီး လူသားအရင်းအမြစ်မရှိရင်လည်း ဘာမှလုပ်လို့မရဘူး။ လူသားအရင်းအမြစ်ကမဖြစ်မနေလိုအပ်တယ်။ ဒါ့ကြောင့် လေ့ကျင့်ရေးကျောင်းတွေမှာ တပ်မတော်တစ်ရပ်လုံးမှာ(ကြည်း၊ ရေ၊ လေ)အားလုံးမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နံပါတ်(၁)ဦးစားပေးအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒုတိယကတော့ စောစောကပြောခဲ့တဲ့ ခေတ်မီကာကွယ်ရေးပစ္စည်းတွေကို နိုင်ငံတော်ရဲ့အခြေအနေအပေါ်မူတည်ပြီး တဖြည်းဖြည်းခြင်းဖြည့်တင်းတာတွေ၊ အဆင့်မြှင့်တာတွေ တစ်ဆက်တည်းဆောင်ရွက်သွားဖို့ လုပ်နေတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။

မေး။     တပ်မတော်ကို တည်ဆောက်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တပ်မတော်ကိုအစဉ်အဆက်တာဝန်ယူခဲ့ကြတဲ့ တပ်မတော်အကြီးအကဲတွေ ကလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ လုပ်ဆောင်ချက်ကို ကျေနပ်နေမယ်လို့ယူဆပါတယ်ရှင်။

ဖြေ။     ရဲဘော်သုံးကျိပ်က စခဲ့တဲ့တပ်မတော်ပေါ့။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး တည်ထောင်ခဲ့တဲ့တပ်မတော်။ ဗိုလ်ချုပ် အောင်ဆန်းက တပ်မတော်ရဲ့ မိဘပါ၊ တစ်ကယ့် အဖေပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းပြီးရင် ဒုတိယကတော့ ဗိုလ်ချုပ်ကြီး နေဝင်းပါ။ အဲ့ကနေ ခေတ်မီတပ်မတော်တစ်ရပ်ကို တစ်ဖြည်းဖြည်း တာဝန်ယူတဲ့ စစ်ခေါင်းဆောင်တွေ ပြောင်းလဲလာခဲ့တာ ကျွန်တော်လည်းအခွင့်အရေးရခဲ့ပါတယ်။ ဒီအခွင့်အရေးကိုရခဲ့တော့ ကျွန်တော်လည်း ဒါကိုနှစ်နှစ်ကာကာသဘောထားပြီးတော့ တကယ်ကိုလုပ်ပါတယ်။ နဂိုကမှကာကွယ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ ဒီတာဝန်ကိုထမ်းဆောင်ခဲ့တာပါ။ ဒီမှာကကိုယ်တာဝန်ယူပြီး လုပ်ရမယ့်ကဏ္ဍရောက်လာတော့ ကိုယ်တာဝန်ယူခဲ့တဲ့ အချိန်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်တာပါ။ အတတ်နိုင်ဆုံး ဒီတာဝန်မှာနှစ်ပြီးတော့ လုပ်နေတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။

 

(Zawyi Version)

 

ပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ား အပိုင္း(၅)

ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄

ေမး။       အခုကာလကလည္း နည္းပညာေတာ္လွန္ေရးကာလလို႔ေျပာလို႔ရမယ့္ Industrial 4.0 ေခတ္ျဖစ္ေနတာေပါ့။ က႑အသီးသီးမွာလည္း နည္းပညာအကူအညီနဲ႔ အဆင့္ျမႇင့္တင္ဖို႔ ႀကိဳးစားေနၾကတယ္။ စီးပြားေရးနယ္ပယ္၊ ပညာေရးနယ္ပယ္ အဲ့လိုနယ္ပယ္ က႑အသီးသီးမွာေပါ့။ အဲ့ေတာ့ တပ္မေတာ္ရဲ႕ Defence Force ကိုေရာ (ၾကည္း၊ ေရ၊ ေလ)ေပါ့။အခုကေတာ့ ေရတပ္ကိုကြၽန္မတို႔သိရၿပီ။ (ၾကည္း၊ ေရ၊ ေလ) ကိုေရာ ဘယ္လိုမ်ိဳး နည္းပညာအရအဆင့္ျမႇင့္တင္ဖို႔ စီစဥ္ထားရွိပါသလဲရွင္။

ေျဖ။        ကာကြယ္ေရးစြမ္းပကားဆိုတာ ေခတ္မီေလေကာင္းေလပဲ။ ေခတ္နဲ႔အညီလိုက္ေလ်ာညီေထြလုပ္ႏိုင္ေလေကာင္းေလပဲ။ အရင္ေခတ္အဆက္ဆက္က လူႀကီးေတြလည္း ေတာက္ေလ်ာက္ဒီအတိုင္းလုပ္ခဲ့တာပဲ။ ကြၽန္ေတာ္တို႔လည္း အခုဆိုရင္ကြၽန္ေတာ္တို႔ တပ္မေတာ္ထဲကို စဝင္တဲ့အခ်ိန္တုန္းက First Generation ၊ Second Generation အေနနဲ႔စခဲ့တာ။ ၿပီးေတာ့မွအခုဆိုရင္ Fourth Generation ၊ Fourth Plus Generation နဲ႔ Fifth Generation ကိုေရာက္ေနၿပီ အနည္းဆုံးကေတာ့ Fourth Generation အဆင့္ကို ကြၽန္ေတာ္တို႔ေရာက္ေအာင္ ပထမဦးဆုံးႀကိဳးစားရမွာကေတာ့ မလြဲဧကန္ပါပဲ။ ႏိုင္ငံေတြအားလုံးကလည္း ဒီလိုပဲႀကိဳးစားေနၾကတယ္။ အိမ္နီးနားခ်င္းႏိုင္ငံေတြကို ၾကည့္ရင္လည္း ဒီလိုပဲသူမ်ားေတြလုပ္ေနၿပီး ကိုယ္ကမလုပ္ရင္လည္းခံသြားရမွာ။ ကာကြယ္ေရးဆိုတဲ့ေနရာမွာ Sorry ဆိုတာမရွိဘူး။ ကြၽန္ေတာ္ေတာ့ Ready မျဖစ္ေသးဘူးဆိုၿပီး သြားေျပာလို႔မရဘူး။ အဲ့ေတာ့ Ready လုပ္ထားတာကေတာ့ အေကာင္းဆုံးပဲ။ သို႔ေသာ္လည္းတိုင္းျပည္ရဲ႕အေျခအေနနဲ႔ ကိုက္ညီေအာင္တစ္ဖက္ကလည္း ခ်င့္ခ်ိန္ရတာေပါ့။ အဲ့ေတာ့အေကာင္းဖက္ကေန ကြၽန္ေတာ္တို႔ လူသားအရင္းအျမစ္ေတြရေအာင္ေမြးတယ္။ တပ္မေတာ္သားေတြကို ပညာတတ္ေတြျဖစ္ဖို႔အတြက္ နည္းပညာ၊ အတတ္ပညာေတြနဲ႔ပတ္သက္ၿပီး အရည္အခ်င္းရွိတဲ့ တပ္မေတာ္သားေတြျဖစ္ေအာင္ ကြၽန္ေတာ္တို႔ ႀကိဳးစားေလ့က်င့္ေပးရတယ္။ ဒီအေပၚမွာမူတည္ၿပီး အသုံးအေဆာင္ပစၥည္းေတြကိုပါ ထပ္ၿပီးျဖည့္ဆည္းေပးရတယ္။ အသုံးအေဆာင္ပစၥည္းေတြရွိၿပီး လူသားအရင္းအျမစ္မရွိရင္လည္း ဘာမွလုပ္လို႔မရဘူး။ လူသားအရင္းအျမစ္ကမျဖစ္မေနလိုအပ္တယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ေရးေက်ာင္းေတြမွာ တပ္မေတာ္တစ္ရပ္လုံးမွာ(ၾကည္း၊ ေရ၊ ေလ)အားလုံးမွာ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို နံပါတ္(၁)ဦးစားေပးအေနနဲ႔ ေဆာင္႐ြက္ေပးေနပါတယ္။ ဒုတိယကေတာ့ ေစာေစာကေျပာခဲ့တဲ့ ေခတ္မီကာကြယ္ေရးပစၥည္းေတြကို ႏိုင္ငံေတာ္ရဲ႕အေျခအေနအေပၚမူတည္ၿပီး တျဖည္းျဖည္းျခင္းျဖည့္တင္းတာေတြ၊ အဆင့္ျမႇင့္တာေတြ တစ္ဆက္တည္းေဆာင္႐ြက္သြားဖို႔ လုပ္ေနတယ္ဆိုတာကိုလည္း ေျပာခ်င္ပါတယ္။

ေမး။     တပ္မေတာ္ကို တည္ေဆာက္ခဲ့တဲ့ တပ္မေတာ္ရဲ႕ ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္တကြ တပ္မေတာ္ကိုအစဥ္အဆက္တာဝန္ယူခဲ့ၾကတဲ့ တပ္မေတာ္အႀကီးအကဲေတြ ကလည္း ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ လုပ္ေဆာင္ခ်က္ကို ေက်နပ္ေနမယ္လို႔ယူဆပါတယ္ရွင္။

ေျဖ။     ရဲေဘာ္သုံးက်ိပ္က စခဲ့တဲ့တပ္မေတာ္ေပါ့။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ဦးေဆာင္ၿပီး တည္ေထာင္ခဲ့တဲ့တပ္မေတာ္။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းက တပ္မေတာ္ရဲ႕ မိဘပါ၊ တစ္ကယ့္ အေဖပါပဲ။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းၿပီးရင္ ဒုတိယကေတာ့ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းပါ။ အဲ့ကေန ေခတ္မီတပ္မေတာ္တစ္ရပ္ကို တစ္ျဖည္းျဖည္း တာဝန္ယူတဲ့ စစ္ေခါင္းေဆာင္ေတြ ေျပာင္းလဲလာခဲ့တာ ကြၽန္ေတာ္လည္းအခြင့္အေရးရခဲ့ပါတယ္။ ဒီအခြင့္အေရးကိုရခဲ့ေတာ့ ကြၽန္ေတာ္လည္း ဒါကိုႏွစ္ႏွစ္ကာကာသေဘာထားၿပီးေတာ့ တကယ္ကိုလုပ္ပါတယ္။ နဂိုကမွကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားလို႔ ဒီတာဝန္ကိုထမ္းေဆာင္ခဲ့တာပါ။ ဒီမွာကကိုယ္တာဝန္ယူၿပီး လုပ္ရမယ့္က႑ေရာက္လာေတာ့ ကိုယ္တာဝန္ယူခဲ့တဲ့ အခ်ိန္မွာအေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားလုပ္တာပါ။ အတတ္ႏိုင္ဆုံး ဒီတာဝန္မွာႏွစ္ၿပီးေတာ့ လုပ္ေနတယ္ဆိုတာကို ကြၽန္ေတာ္ေျပာခ်င္ပါတယ္။

 

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။