တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို၊ ဂူဘားရိပ်သာ ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် မချမ်းဘော့တပ်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များအား လိုက်လံ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်၊ ဒီဇင်ဘာ – ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံ ကျေးရွာ၊ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်း သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ စေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ ဦးတန်ဆိုင်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကောင်းမှုလုံ စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် စေတီတော်ကြီးအားလက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘုရားဖူးလာမိဘပြည်သူ များ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ်ဖြစ်နေစေ ရေးတို့အတွက် လိုအပ်သည်များ ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆွေးနွေးအကြံပြုပြောကြား ရာ ဂေါပကအဖွဲ့ဥက္ကဌက အာရုံခံတန်ဆောင်းဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စေတီတော် ဝတ္တကမြေအဖြစ်အသုံးပြုရန် တင်ပြလျှောက် ထားလျက်ရှိသည့် အခြေအနေများကို တင်ပြသည်။

တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာရုံခံတန်ဆောင်း ဆောက်လုပ်ရာတွင် မြန်မာမှုလက်ရာများပါဝင်ရန်၊ ခိုင်ခံ့အောင်ဆောက်လုပ်ရန်နှင့် အခြားလိုအပ်သည်များ ပြန်လည်အကြံပြုဆွေးနွေးခဲ့ပြီး ပူတာအိုမြို့နယ်၊ ဖတ်မာ ကျေးရွာအုပ်စု ရှေးဟောင်းစေတီတော်အတွင်းမှ တူးဖော်ရရှိသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ဌာပနာတော်များကို ကြည့်ရှုလေ့လာရာ ခရိုင်အုပ်ချုပ်ရေးမှူးက တူးဖော်ရရှိခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးပြုပြင်ထိန်းသိမ်းရန် ဘက်စုံ အလှူငွေများနှင့် အာရုံခံတန်ဆောင်း ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်း ၅၄၀ ကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရား၏ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်၊ မင်းအဆက် ဆက်တို့က စေတီတော်ကြီးကို ပြုပြင်မွမ်းမံတည်ဆောက် ထိန်းသိမ်းခဲ့ကြပြီး မြန်မာနိုင်ငံ ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ နှုတ်ဖျားတွင်လည်း “အထက်တွင် ကောင်းမှုလုံ၊ အောက်တွင် ရွှေတိဂုံ၊ အလယ်တွင် ရွှေစည်းခုံ” ဟူ၍ ကျော်ဇောထင်ရှားသပ္ပာယ်စွာ ဖြင့် တည်ရှိလျက်ရှိကြောင်း၊ ကောင်းမှုလုံစေတီတော်ကြီးသည် အလွန်ရှေးကျသော စေတီတော်ကြီးဖြစ်ပြီး တိုင်းခမ်းတီးရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် (ကောင်မူးစဝ် ကန်ခမ်း) ရွှေဆတ်မင်းစေတီတော်ဟူ၍ လည်းကောင်း၊ ခမ်းတီးလုံဒေသရှိစေတီအားလုံး ထက် ပုံတော်၏ အရွယ်အစားကြီးခြင်း၊ ဉာဏ်တော်မြင့်မားခြင်း၊ တန်ခိုးအာနုဘော်ပိုမို ကြီးမားမြင့်မြတ်ခြင်းတို့ကြောင့် (စဝ်ကောင်းမှုလုံ)ကြီးမြတ်သောစေတီတော်ဟူ၍ လည်းကောင်း ရည်စူးပူဇော်ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ကြောင်း စေတီတော်ဘက်စုံပြုပြင်ရေး မှတ်တမ်းများအရ သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘော့ မြို့ရှိ ရှေးဟောင်းလက်ရာအဆောက်အဦ ယခင်အခေါ် ဇန်ယော့ရိပ်သာ၊ ယခုအခေါ် ဂူဘားရိပ်သာသို့ သွားရောက်၍ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုရာ ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမိုင်းဝင်အဆောက်အဦ ဖြစ်သဖြင့် စနစ်တကျထိန်းသိမ်းကြရမည်ဖြစ်ပြီး သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ် မဖြစ်စေရေးကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး ရိပ်သာအမိုးနှင့် အခြားလိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင် ရန်အတွက် ငွေကျပ်သိန်း ၅၀ ကိုပေးအပ်လှူဒါန်းရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။ ယင်းနောက် ရိပ်သာဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ရိပ်သာပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘော့မြို့ရှိ တပ်ရင်းတပ်ဖွဲ့များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရဲမေမိသားစု များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ တပ်ရင်းတပ်ဖွဲ့များအတွင်း လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းမှူးနှင့် တာဝန်ရှိသူများကို မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပူတာအိုတပ်နယ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ ရှင်းလင်းဆောင်တွင် တိုင်းမှူးက စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်မြင်ပြီး အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွင် စဉ်ဆက်မပြတ်ဖြစ်စေရေး နည်းစနစ်တကျဖြင့် တွက်ချက်လုပ်ဆောင်ကြရန်လိုကြောင်း၊ လက်ရှိလုပ်ငန်းများကို အောင်မြင်ကောင်းမွန် အောင် ဦးစွာဆောင်ရွက်ကြရန်လိုပြီး ဈေးကွက်လိုအပ်ချက်ကို သိရှိရန်နှင့် ပြည့်မီအောင် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြင့်မှာကြားပြီး မွေးမြူရေး စခန်းအတွင်း ရေ၊ မီးရရှိရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း DYL ဝက်များမွေးမြူထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မခ်မ္းေဘာ့ၿမိဳ႕နယ္ရွိ ေရွးေဟာင္းသမိုင္းဝင္ ေကာင္းမႈလုံေစတီေတာ္သို႔ သြားေရာက္ ဖူးေျမာ္ၾကည္ညိဳ၊ ဂူဘားရိပ္သာ ထိန္းသိမ္းထားရွိမႈအေျခအေနႏွင့္ မခ်မ္းေဘာ့တပ္နယ္ရွိ တပ္ရင္းတပ္ဖြဲ႕မ်ားအား လိုက္လံ ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ နံနက္ပိုင္းတြင္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္ ႏွင့္ အဖြဲ႕ဝင္မ်ား

လိုက္ပါ၍ ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ မခ်မ္းေဘာ့ၿမိဳ႕နယ္၊ ေကာင္းမႈလုံ ေက်း႐ြာ၊ နမ့္က်ိဳ(မလိခ)ျမစ္ကမ္းနံေဘးတြင္ တည္ထားကိုးကြယ္သည့္ ေရွးေဟာင္း သမိုင္းဝင္ ေကာင္းမႈလုံေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား ပူတာအိုခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန႔္ဇင္၊ ေစတီေတာ္ေဂါပကအဖြဲ႕ ဥကၠဌ ဦးတန္ဆိုင္ႏွင့္ အဖြဲ႕ဝင္မ်ားက ရင္းရင္းႏွီးႏွီးႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ ေကာင္းမႈလုံ ေစတီေတာ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္းႏွင့္ ဆီမီးမ်ား ကပ္လႉ ၍ ဖူးေျမာ္ၾကည္ညိဳသည္။ ထို႔ေနာက္ ေစတီေတာ္ႀကီးအားလက္ယာရစ္ လွည့္လည္ ဖူးေျမာ္ၾကည္ညိဳၿပီး ေစတီေတာ္ႀကီးေရရွည္တည္တံ့ခိုင္ၿမဲေရး၊ ဘုရားဖူးလာမိဘျပည္သူ မ်ား စိတ္ေအးခ်မ္းသာစြာ ဖူးေျမာ္ႏိုင္ေရး၊ သန႔္ရွင္းသပ္ရပ္ၿပီး ၾကည္ညိဳဖြယ္ျဖစ္ေနေစ ေရးတို႔အတြက္ လိုအပ္သည္မ်ား ျပဳျပင္ထိန္းသိမ္းႏိုင္ရန္ ေဆြးေႏြးအႀကံျပဳေျပာၾကား ရာ ေဂါပကအဖြဲ႕ဥကၠဌက အာ႐ုံခံတန္ေဆာင္းေဆာက္လုပ္ႏိုင္ေရးစီစဥ္ေဆာင္႐ြက္ ထားရွိမႈအေျခအေနမ်ားႏွင့္ ေစတီေတာ္ ဝတၱကေျမအျဖစ္အသုံးျပဳရန္ တင္ျပေလွ်ာက္ ထားလ်က္ရွိသည့္ အေျခအေနမ်ားကို တင္ျပသည္။

တင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာ႐ုံခံတန္ေဆာင္း ေဆာက္လုပ္ရာတြင္ ျမန္မာမႈလက္ရာမ်ားပါဝင္ရန္၊ ခိုင္ခံ့ေအာင္ေဆာက္လုပ္ရန္ႏွင့္ အျခားလိုအပ္သည္မ်ား ျပန္လည္အႀကံျပဳေဆြးေႏြးခဲ့ၿပီး ပူတာအိုၿမိဳ႕နယ္၊ ဖတ္မာ ေက်း႐ြာအုပ္စု ေရွးေဟာင္းေစတီေတာ္အတြင္းမွ တူးေဖာ္ရရွိသည့္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားႏွင့္ ဌာပနာေတာ္မ်ားကို ၾကည့္ရႈေလ့လာရာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက တူးေဖာ္ရရွိခဲ့သည့္ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေစတီေတာ္ႀကီး ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးၿပီး ေစတီေတာ္ႀကီးျပဳျပင္ထိန္းသိမ္းရန္ ဘက္စုံ အလႉေငြမ်ားႏွင့္ အာ႐ုံခံတန္ေဆာင္း ေဆာက္လုပ္ရာတြင္ အသုံးျပဳႏိုင္ရန္ အလႉေငြ က်ပ္သိန္း ၅၄၀ ကိုေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားက လက္ခံ ရယူၾကၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့သည္။

အဆိုပါ သမိုင္းဝင္ေကာင္းမႈလုံေစတီေတာ္ျမတ္ႀကီးကို သာသနာသကၠရာဇ္ ၂၄၄ ခုႏွစ္၊ သီရိဓမၼာေသာကမင္းႀကီးလက္ထက္တြင္ ျမတ္စြာဘုရား၏ဓာတ္ေတာ္သုံးဆူကို ဌာပနာသြင္း၍ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေခတ္အဆက္ဆက္၊ မင္းအဆက္ ဆက္တို႔က ေစတီေတာ္ႀကီးကို ျပဳျပင္မြမ္းမံတည္ေဆာက္ ထိန္းသိမ္းခဲ့ၾကၿပီး ျမန္မာႏိုင္ငံ ရွိ ဗုဒၶဘာသာဝင္အေပါင္းတို႔၏ ႏႈတ္ဖ်ားတြင္လည္း “အထက္တြင္ ေကာင္းမႈလုံ၊ ေအာက္တြင္ ေ႐ႊတိဂုံ၊ အလယ္တြင္ ေ႐ႊစည္းခုံ” ဟူ၍ ေက်ာ္ေဇာထင္ရွားသပၸာယ္စြာ ျဖင့္ တည္ရွိလ်က္ရွိေၾကာင္း၊ ေကာင္းမႈလုံေစတီေတာ္ႀကီးသည္ အလြန္ေရွးက်ေသာ ေစတီေတာ္ႀကီးျဖစ္ၿပီး တိုင္းခမ္းတီးရွမ္းတိုင္းရင္းသားဘာသာစကားျဖင့္ (ေကာင္မူးစဝ္ ကန္ခမ္း) ေ႐ႊဆတ္မင္းေစတီေတာ္ဟူ၍ လည္းေကာင္း၊ ခမ္းတီးလုံေဒသရွိေစတီအားလုံး ထက္ ပုံေတာ္၏ အ႐ြယ္အစားႀကီးျခင္း၊ ဉာဏ္ေတာ္ျမင့္မားျခင္း၊ တန္ခိုးအာႏုေဘာ္ပိုမို ႀကီးမားျမင့္ျမတ္ျခင္းတို႔ေၾကာင့္ (စဝ္ေကာင္းမႈလုံ)ႀကီးျမတ္ေသာေစတီေတာ္ဟူ၍ လည္းေကာင္း ရည္စူးပူေဇာ္ေခၚေဝၚခဲ့ၾကျခင္းျဖစ္ေၾကာင္း ေစတီေတာ္ဘက္စုံျပဳျပင္ေရး မွတ္တမ္းမ်ားအရ သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မခ်မ္းေဘာ့ ၿမိဳ႕ရွိ ေရွးေဟာင္းလက္ရာအေဆာက္အဦ ယခင္အေခၚ ဇန္ေယာ့ရိပ္သာ၊ ယခုအေခၚ ဂူဘားရိပ္သာသို႔ သြားေရာက္၍ ထိန္းသိမ္းထားရွိမႈအေျခအေနမ်ားအား ၾကည့္ရႈရာ ပူတာအိုခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးသန႔္ဇင္က လိုက္လံရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သမိုင္းဝင္အေဆာက္အဦ ျဖစ္သျဖင့္ စနစ္တက်ထိန္းသိမ္းၾကရမည္ျဖစ္ၿပီး သဘာ၀ေဘးအႏၲရာယ္ႏွင့္ မီးေဘး အႏၲရာယ္ မျဖစ္ေစေရးႀကိဳတင္ကာကြယ္မႈမ်ား ေဆာင္႐ြက္ၾကရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့ၿပီး ရိပ္သာအမိုးႏွင့္ အျခားလိုအပ္သည့္ျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ႏိုင္ ရန္အတြက္ ေငြက်ပ္သိန္း ၅၀ ကိုေပးအပ္လႉဒါန္းရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉးက လက္ခံရယူသည္။ ယင္းေနာက္ ရိပ္သာဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ ေရးထိုးခဲ့ၿပီး ရိပ္သာပတ္ဝန္းက်င္အား လွည့္လည္ၾကည့္ရႈခဲ့ၾကသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မခ်မ္းေဘာ့ၿမိဳ႕ရွိ တပ္ရင္းတပ္ဖြဲ႕မ်ားသို႔ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈခဲ့ၾကၿပီး ရဲေမမိသားစု မ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံအားေပးစကားေျပာၾကားကာ တပ္ရင္းတပ္ဖြဲ႕မ်ားအတြင္း လိုအပ္သည္မ်ားေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားကို မွာၾကား ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့သည္။

ယင္းေနာက္ ပူတာအိုတပ္နယ္၊ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးၿခံသို႔ သြားေရာက္ ၾကည့္ရႈ စစ္ေဆးရာ ရွင္းလင္းေဆာင္တြင္ တိုင္းမႉးက စိုက္ပ်ိဳးေမြးျမဴေရးေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္ အစီအမံမ်ားကို ရွင္းလင္းတင္ျပ သည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေအာင္ျမင္ၿပီး အက်ိဳးရွိသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းျဖစ္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ဥစားၾကက္ေမြးျမဴေရးလုပ္ငန္းတြင္ စဥ္ဆက္မျပတ္ျဖစ္ေစေရး နည္းစနစ္တက်ျဖင့္ တြက္ခ်က္လုပ္ေဆာင္ၾကရန္လိုေၾကာင္း၊ လက္ရွိလုပ္ငန္းမ်ားကို ေအာင္ျမင္ေကာင္းမြန္ ေအာင္ ဦးစြာေဆာင္႐ြက္ၾကရန္လိုၿပီး ေဈးကြက္လိုအပ္ခ်က္ကို သိရွိရန္ႏွင့္ ျပည့္မီေအာင္ ေရာင္းခ်ေပးႏိုင္ေရး ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္းျဖင့္မွာၾကားၿပီး ေမြးျမဴေရး စခန္းအတြင္း ေရ၊ မီးရရွိေရးအတြက္ လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ေပးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဘက္စုံစိုက္ပ်ိဳးေမြးျမဴ ေရးၿခံအတြင္း DYL ဝက္မ်ားေမြးျမဴထားရွိမႈႏွင့္ စိုက္ပ်ိဳးေမြးျမဴေရး ေဆာင္႐ြက္ထားရွိမႈမ်ားကို လိုက္လံၾကည့္ရႈၿပီး လိုအပ္သည္မ်ား မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။