လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ မြတ်စွာဘုရားရှင်၏ စွယ်တော်ပွား၊ သရီရ ဓါတ်တော်မွေတော်များ ကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက် ကျောင်းဆောင်သစ် ဖွင့်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်၊ စွယ်တော်ပွား၊ သရီရ ဓါတ်တော်မွေတော် များအား ပင့်ဆောင်ပူဇော်

 

နေပြည်တော်၊ ဒီဇင်ဘာ – ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်ပြည်သူများ၊ ဒေသခံတိုင်းရင်း သားပြည်သူများစုပေါင်းလှူဒါန်းမှုဖြင့် အသစ်တည်ဆောက်ပြီးစီးအောင်မြင်ခဲ့သည့် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွား၊ သရီရဓါတ်တော်မွေတော်များ ကိန်းဝပ်စံပယ်တော် မူမည့် ဂန္ဓကုဋိတိုက်ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် စွယ်တော်ပွား၊ သရီရဓါတ်တော် မွေတော်များအား ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ လားရှိုးမြို့၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာဗောဓာရုံကျောင်းတိုက်ဆရာတော် မဟာဂန္ဓ ဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ အမှူးပြု သည့် သံဃာတော် ၅ ပါးကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး လားရှိုးမြို့၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာဗောဓာရုံကျောင်းတိုက်ဆရာတော် မဟာဂန္ဓ ဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဟာဗောဓာရုံကျောင်းတိုက် ဆရာတော်ကြီးထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ မန်ဆူရှမ်းကျောင်းဆရာတော် ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ် ပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လားရှိုးမြို့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဇမ္ဗူအေး အေတီတပ်ဦး ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဥတ္တမ ထံမှ အနုမောဒနာတရား နာကြား ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ဆရာတော်ကြီးများအား သီရိသုခကျောင်းဆောင်သို့ ပင့်ဆောင်ကြပြီး လားရှိုးမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒ က ဓါတ်တော်မွေတော်များအား အပင့် ဂါထာတော်ဖြင့် လျှောက်ထားပင့်ဆောင်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြတ်စွာဘုရားရှင်၏စွယ်တော်ပွားကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး များနှင့် တပ်မတော်အရာရှိကြီးများက သရီရဓါတ်တော်၊ မွေတော်များကိုလည်းကောင်း အသီးသီးပင့်ဆောင်ကြပြီး ယာယီစံကျောင်းတွင် ခေတ္တကိန်းဝပ်စံပယ်တော်မူစေသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြတ်စွာဘုရားရှင်၏ စွယ်တော် ပွား၊ သရီရဓါတ်တော် မွေတော်များ ကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်ကျောင်း ဆောင်သစ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် အလှူမင်္ဂလာဆိုင်းဘုတ် နှင့် ကမ္ပည်းမော်ကွန်းကျောက်စာတို့ကို မင်္ဂလာကြိုးဆွဲဖွင့်လှစ်ပေးပြီး ပရိတ်နံ့သာရေ များဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်းပူဇော်သည်။ ထို့နောက် စွယ်တော်ပွား၊ သရီရဓါတ် တော်မွေတော်များကို ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်ကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော်ရေချမ်း ကို ကပ်လှူပူဇော်သည်။ ၎င်းင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မန်ဆူ ရှမ်းကျောင်း ဆရာတော်ကြီးက ဓမ္မလက်ဆောင်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂန္ဓကုဋိတိုက် အတွင်း လှည့်လည်ကြည့်ရှုလေ့လာပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် “ဓါတ်တော် တိုက်ကြီးများကို အများပြည်သူကြည်ညိုကိုးကွယ်နိုင်ရန် လှူဒါန်းနိုင်ခွင့်ရသဖြင့် များစွာ ကုသိုလ်ပွားများ ဂုဏ်ယူရပါကြောင်း၊ ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာတည်သရွေ့ အဓွန့် ရှည်တည်တံ့ခိုင်မြဲပါစေကြောင်း” ဖြင့် ရေးသားပူဇော်သည်။ ယင်းနောက် မြတ်စွာဘုရားရှင် နှင့် ရဟန္တာအရှင်သူမြတ်များ၏ စွယ်တော်ပွား၊ သရီရဓါတ်တော် မွေတော်များ ကိန်းဝပ် စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်ကျောင်းဆောင်သစ် ဆောက်လုပ်အောင်မြင်သည့် အထိမ်းအမှတ်အတွက် ဗိသုကာပညာရှင်များဖြစ်ကြသော ဦးစိုင်းထွန်းလှိုင်နှင့် အဖွဲ့များ အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက ဧည့်သည်တော်မှတ်တမ်းတွင် ဆက်လက် ရေးသားပူဇော်ကြသည်။

ယင်းနောက် အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး ခေါင်းလောင်းထိုး အမျှပေးဝေသည်။ ထို့နောက် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စေတနာရှင်အလှူ ရှင်များသည် သီရိသုခဆောင်တွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသည် လွန်ခဲ့သော အချိန်ကာလက လူသူ အရောက်အပေါက်နည်းပါးပြီး မထင်မရှားကျောင်းငယ်လေးသာဖြစ်ကြောင်း၊ ကျောင်း ထိုင်ဆရာတော်အသီးသီးမှ သီတင်းသုံးတော်မူလာခဲ့ပြီးနောက် မြန်မာသက္ကရာဇ် ၁၃၄၈ ခုနှစ်တွင် ကန်မိန်းကျောင်းဆရာတော်၏ တပည့်ရင်းဖြစ်သူ ဆရာတော်ဦးပဏ္ဏိတအား ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးတော်မူစေခဲ့ကြောင်း၊ ဆရာတော်ဦးပဏ္ဏိတ နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့မှ အရှင် ပုညနန္ဒတို့မှာ အလွန်ရင်းနှီးပြီး ဆရာတော် ဦးပဏ္ဏိတ ၏ မေတ္တာရပ်ခံမှုကြောင့် အရှင် ပုညနန္ဒ သည် ၁၃၄၉ ခုနှစ် တွင် မန်ဆူရှမ်းကျောင်း၌ အတူတကွသီတင်းသုံးတော်မူခဲ့ကြောင်း၊ ဆရာတော် အရှင် ပုညနန္ဒ သီတင်းသုံးတော်မူပြီးနောက်ပိုင်း မန်ဆူဆုတောင်းပြည်စေတီတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့်သော်လည်းကောင်း၊ ဆရာတော်၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဆောင် ရွက်မှုများကြောင့်လည်းကောင်း မန်ဆူရှမ်းကျောင်းသို့ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများအပြင် အထင်ကရပုဂ္ဂိုလ်များပင် လာရောက်ခဲ့ကြကြောင်း၊ ၁၃၆၇ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဏိတ ပျံလွန်တော်မူပြီးနောက်ပိုင်း ဆရာတော် အရှင် ပုညနန္ဒ သည် ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ကာ ဆရာတော်ကြီးသည် ဘာသာရေး၊ သာသနာရေး၊ လူမှုရေး နှင့် ဗုဒ္ဓသာသနာထွန်းကားရေးဆိုင်ရာများကို ယနေ့အချိန်အထိ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့တွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်ပြည်သူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွား၊ သရီရဓါတ်တော်မွေတော်များ ကိန်းဝပ်စံပယ်တော်မူနိုင်ရန် ဂန္ဓကုဋိတိုက်ကျောင်းဆောင်သစ်ကို တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့သဖြင့် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွား၊ သရီရဓါတ်တော်မွေတော်များကို အများ ပြည်သူတို့ လာရောက်ဖူးမြော်နိုင်ပြီဖြစ်သည်။

 

(Zawgyi Version)

လားရႈိးၿမိဳ႕၊ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းတိုက္၌ ျမတ္စြာဘုရားရွင္၏ စြယ္ေတာ္ပြား၊ သရီရ ဓါတ္ေတာ္ေမြေတာ္မ်ား ကိန္းဝပ္စံပယ္ေတာ္မူမည့္ ဂႏၶကုဋိတိုက္ ေက်ာင္းေဆာင္သစ္ ဖြင့္ပြဲ မဟာမဂၤလာအခမ္းအနားက်င္းပျပဳလုပ္၊ စြယ္ေတာ္ပြား၊ သရီရ ဓါတ္ေတာ္ေမြေတာ္ မ်ားအား ပင့္ေဆာင္ပူေဇာ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၅

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းတိုက္၌ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၊ ေစတနာရွင္ျပည္သူမ်ား၊ ေဒသခံတိုင္းရင္း သားျပည္သူမ်ားစုေပါင္းလႉဒါန္းမႈျဖင့္ အသစ္တည္ေဆာက္ၿပီးစီးေအာင္ျမင္ခဲ့သည့္ ျမတ္စြာဘုရားရွင္၏ စြယ္ေတာ္ပြား၊ သရီရဓါတ္ေတာ္ေမြေတာ္မ်ား ကိန္းဝပ္စံပယ္ေတာ္ မူမည့္ ဂႏၶကုဋိတိုက္ေက်ာင္းေဆာင္သစ္ဖြင့္လွစ္ျခင္းႏွင့္ စြယ္ေတာ္ပြား၊ သရီရဓါတ္ေတာ္ ေမြေတာ္မ်ားအား ပင့္ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါေက်ာင္းတိုက္၌ က်င္းပျပဳလုပ္သည္။

အဆိုပါ မဟာမဂၤလာအခမ္းအနားသို႔ လားရႈိးၿမိဳ႕၊ ႏိုင္ငံေတာ္ၾသဝါဒါစရိယ၊ မဟာေဗာဓာ႐ုံေက်ာင္းတိုက္ဆရာေတာ္ မဟာဂႏၶ ဝါစကပ႑ိတ ဘဒၵႏၲ နာရဒ အမႉးျပဳ သည့္ သံဃာေတာ္ ၅ ပါးႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး လားရႈိးၿမိဳ႕၊ ႏိုင္ငံေတာ္ၾသဝါဒါစရိယ၊ မဟာေဗာဓာ႐ုံေက်ာင္းတိုက္ဆရာေတာ္ မဟာဂႏၶ ဝါစကပ႑ိတ ဘဒၵႏၲ နာရဒ ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ယင္းေနာက္ ဆရာေတာ္၊ သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မဟာေဗာဓာ႐ုံေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံလႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းရာ မန္ဆူရွမ္းေက်ာင္းဆရာေတာ္ ႀကီးက ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္သည္။ ဆက္လက္ၿပီး ျပည္ေထာင္စု ဝန္ႀကီးမ်ားႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံ လႉဖြယ္ ပစၥည္းမ်ားအသီးသီးဆက္ကပ္လႉဒါန္းၾကသည္။

ယင္းေနာက္ လားရႈိးၿမိဳ႕၊ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္၊ ဇမၺဴေအး ေအတီတပ္ဦး ေက်ာင္းဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ ဥတၱမ ထံမွ အႏုေမာဒနာတရား နာၾကား ၿပီး လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။

ထို႔ေနာက္ ဆရာေတာ္ႀကီးမ်ားအား သီရိသုခေက်ာင္းေဆာင္သို႔ ပင့္ေဆာင္ၾကၿပီး လားရႈိးၿမိဳ႕၊ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠဌ၊ သီရိမဂၤလာမန္ဆူေက်ာင္းတိုက္ ဆရာေတာ္ အဂၢမဟာသဒၵမၼေဇာတိကဓဇ ဘဒၵႏၲ ပုညနႏၵ က ဓါတ္ေတာ္ေမြေတာ္မ်ားအား အပင့္ ဂါထာေတာ္ျဖင့္ ေလွ်ာက္ထားပင့္ေဆာင္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ျမတ္စြာဘုရားရွင္၏စြယ္ေတာ္ပြားကို လည္းေကာင္း၊ ျပည္ေထာင္စုဝန္ႀကီး မ်ားႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက သရီရဓါတ္ေတာ္၊ ေမြေတာ္မ်ားကိုလည္းေကာင္း အသီးသီးပင့္ေဆာင္ၾကၿပီး ယာယီစံေက်ာင္းတြင္ ေခတၱကိန္းဝပ္စံပယ္ေတာ္မူေစသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမတ္စြာဘုရားရွင္၏ စြယ္ေတာ္ ပြား၊ သရီရဓါတ္ေတာ္ ေမြေတာ္မ်ား ကိန္းဝပ္စံပယ္ေတာ္မူမည့္ ဂႏၶကုဋိတိုက္ေက်ာင္း ေဆာင္သစ္ကို စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးသည္။ ယင္းေနာက္ အလႉမဂၤလာဆိုင္းဘုတ္ ႏွင့္ ကမၸည္းေမာ္ကြန္းေက်ာက္စာတို႔ကို မဂၤလာႀကိဳးဆြဲဖြင့္လွစ္ေပးၿပီး ပရိတ္နံ႔သာေရ မ်ားျဖင့္ ပက္ဖ်န္းသန႔္စင္သြန္းေလာင္းပူေဇာ္သည္။ ထို႔ေနာက္ စြယ္ေတာ္ပြား၊ သရီရဓါတ္ ေတာ္ေမြေတာ္မ်ားကို ဂႏၶကုဋိတိုက္အတြင္းသို႔ ပင့္ေဆာင္ပူေဇာ္ကာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျမသပိတ္ဆြမ္းေတာ္၊ သစ္သီးပန္းမန္ႏွင့္ ေသာက္ေတာ္ေရခ်မ္း ကို ကပ္လႉပူေဇာ္သည္။ ၎င္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား မန္ဆူ ရွမ္းေက်ာင္း ဆရာေတာ္ႀကီးက ဓမၼလက္ေဆာင္ေပးအပ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဂႏၶကုဋိတိုက္ အတြင္း လွည့္လည္ၾကည့္ရႈေလ့လာၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ “ဓါတ္ေတာ္ တိုက္ႀကီးမ်ားကို အမ်ားျပည္သူၾကည္ညိဳကိုးကြယ္ႏိုင္ရန္ လႉဒါန္းႏိုင္ခြင့္ရသျဖင့္ မ်ားစြာ ကုသိုလ္ပြားမ်ား ဂုဏ္ယူရပါေၾကာင္း၊ ဗုဒၶသာသနာေတာ္ႀကီး ကမာၻတည္သေ႐ြ႕ အဓြန႔္ ရွည္တည္တံ့ခိုင္ၿမဲပါေစေၾကာင္း” ျဖင့္ ေရးသားပူေဇာ္သည္။ ယင္းေနာက္ ျမတ္စြာဘုရားရွင္ ႏွင့္ ရဟႏၲာအရွင္သူျမတ္မ်ား၏ စြယ္ေတာ္ပြား၊ သရီရဓါတ္ေတာ္ ေမြေတာ္မ်ား ကိန္းဝပ္ စံပယ္ေတာ္မူမည့္ ဂႏၶကုဋိတိုက္ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္ေအာင္ျမင္သည့္ အထိမ္းအမွတ္အတြက္ ဗိသုကာပညာရွင္မ်ားျဖစ္ၾကေသာ ဦးစိုင္းထြန္းလႈိင္ႏွင့္ အဖြဲ႕မ်ား အား ေက်းဇူးတင္ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမႇင့္သည္။ ထို႔ေနာက္ ျပည္ေထာင္စု ဝန္ႀကီးမ်ားႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဧည့္သည္ေတာ္မွတ္တမ္းတြင္ ဆက္လက္ ေရးသားပူေဇာ္ၾကသည္။

ယင္းေနာက္ အခမ္းအနားေအာင္ျမင္ျခင္းအထိမ္းအမွတ္အျဖစ္ ကံ့ေကာ္ပင္ကို စိုက္ပ်ိဳးေပးၿပီး ေခါင္းေလာင္းထိုး အမွ်ေပးေဝသည္။ ထို႔ေနာက္ ရတနာေ႐ႊမိုးေငြမိုးမ်ား ႐ြာသြန္းၿဖိဳးကာ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေစတနာရွင္အလႉ ရွင္မ်ားသည္ သီရိသုခေဆာင္တြင္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လႉဒါန္းခဲ့ၾကသည္။

အဆိုပါ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းသည္ လြန္ခဲ့ေသာ အခ်ိန္ကာလက လူသူ အေရာက္အေပါက္နည္းပါးၿပီး မထင္မရွားေက်ာင္းငယ္ေလးသာျဖစ္ေၾကာင္း၊ ေက်ာင္း ထိုင္ဆရာေတာ္အသီးသီးမွ သီတင္းသုံးေတာ္မူလာခဲ့ၿပီးေနာက္ ျမန္မာသကၠရာဇ္ ၁၃၄၈ ခုႏွစ္တြင္ ကန္မိန္းေက်ာင္းဆရာေတာ္၏ တပည့္ရင္းျဖစ္သူ ဆရာေတာ္ဦးပဏၰိတအား ေက်ာင္းထိုင္ဆရာေတာ္အျဖစ္ သီတင္းသုံးေတာ္မူေစခဲ့ေၾကာင္း၊ ဆရာေတာ္ဦးပဏၰိတ ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္လုံၿမိဳ႕မွ အရွင္ ပုညနႏၵတို႔မွာ အလြန္ရင္းႏွီးၿပီး ဆရာေတာ္ ဦးပဏၰိတ ၏ ေမတၱာရပ္ခံမႈေၾကာင့္ အရွင္ ပုညနႏၵ သည္ ၁၃၄၉ ခုႏွစ္ တြင္ မန္ဆူရွမ္းေက်ာင္း၌ အတူတကြသီတင္းသုံးေတာ္မူခဲ့ေၾကာင္း၊ ဆရာေတာ္ အရွင္ ပုညနႏၵ သီတင္းသုံးေတာ္မူၿပီးေနာက္ပိုင္း မန္ဆူဆုေတာင္းျပည္ေစတီေတာ္ျမတ္ႀကီး၏ တန္ခိုးေတာ္ေၾကာင့္ေသာ္လည္းေကာင္း၊ ဆရာေတာ္၏ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ်ေဆာင္ ႐ြက္မႈမ်ားေၾကာင့္လည္းေကာင္း မန္ဆူရွမ္းေက်ာင္းသို႔ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ ႀကီးမ်ားအျပင္ အထင္ကရပုဂၢိဳလ္မ်ားပင္ လာေရာက္ခဲ့ၾကေၾကာင္း၊ ၁၃၆၇ ခုႏွစ္တြင္ ေက်ာင္းထိုင္ဆရာေတာ္ ဦးပဏၰိတ ပ်ံလြန္ေတာ္မူၿပီးေနာက္ပိုင္း ဆရာေတာ္ အရွင္ ပုညနႏၵ သည္ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္လာခဲ့ကာ ဆရာေတာ္ႀကီးသည္ ဘာသာေရး၊ သာသနာေရး၊ လူမႈေရး ႏွင့္ ဗုဒၶသာသနာထြန္းကားေရးဆိုင္ရာမ်ားကို ယေန႔အခ်ိန္အထိ အားသြန္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ယေန႔တြင္လည္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၊ ေစတနာရွင္ျပည္သူမ်ား၊ ေဒသခံတိုင္းရင္းသားျပည္သူမ်ား စုေပါင္းလႉဒါန္းမႈျဖင့္ ျမတ္စြာဘုရားရွင္၏ စြယ္ေတာ္ပြား၊ သရီရဓါတ္ေတာ္ေမြေတာ္မ်ား ကိန္းဝပ္စံပယ္ေတာ္မူႏိုင္ရန္ ဂႏၶကုဋိတိုက္ေက်ာင္းေဆာင္သစ္ကို တည္ေဆာက္ဖြင့္လွစ္ ႏိုင္ခဲ့သျဖင့္ ျမတ္စြာဘုရားရွင္၏ စြယ္ေတာ္ပြား၊ သရီရဓါတ္ေတာ္ေမြေတာ္မ်ားကို အမ်ား ျပည္သူတို႔ လာေရာက္ဖူးေျမာ္ႏိုင္ၿပီျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။