ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲ နေ့နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပေးအပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

 နေပြည်တော်၊ ဒီဇင်ဘာ – ၉

ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) နှစ်(၁၀၀)ပြည့် အမျိုးသား အောင်ပွဲနေ့နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပေးအပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မ ကထိက ဗဟုဇန ဟိတဓရ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အဂ္ဂမဟာပဏ္ဍိတနိုင်ငံတော် ဩဝါဒါစရိယ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမဆရာတော်ဘုရားကြီး)တို့ တက်ရောက်ချီးမြှင့် တော်မူကြပြီး YMBA အသင်းကြီး၏ ရာသက်ပန်နာယကကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူ၊ YMBA အသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ YMBA အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူက အောင်မောင်း ၂၇ ချက်တီးပြီး ဆရာတော်ကြီးများဦးဆောင်၍ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဒို့ဗမာသီချင်းကို ဖွင့်လှစ်ဂုဏ်ပြုကြသည်။

ထို့နောက် YMBA အသင်းကြီး၏ ရာသက်ပန်နာယကကြီးနှင့်တက်ရောက်လာ ကြသူများက ဗန်းမော်ဆရာတော်ဘုရားကြီး၊ သီတဂူဆရာတော်ဘုရားကြီးနှင့် ရွာမဆရာ တော်ဘုရားကြီးတို့ထံမှ ဩဝါဒများကို အသီးသီးနာယူကြရာတွင် ဗန်းမော်ဆရာတော် ဘုရားကြီးက “YMBA အသင်းကြီးမှ သာသနာတော်ထွန်းလင်းတောက်ပရေး အစဉ် မျှော်တွေးပြီး အသင်းကြီး၏ ဩဝါဒါစရိယနှင့် အဓိပတိ ဆရာတော်ဘုရားကြီးအဖြစ် ဆောင်ရွက်ပေးရန်လျှောက်ထားလာမှုအပေါ် ကြည်နူးဝမ်းမြောက်မိပါကြောင်းနှင့် အသင်းသူ၊ အသင်းသားအပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး နေရောင် လရောင်ပမာ ထွန်းလင်းတောက်ပလာအောင် အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက် သွားကြစေလိုကြောင်း၊ YMBA အသင်းကြီးအနေဖြင့်လည်း သာသနာ့အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးနိုင်ကြပါစေကြောင်း၊ အသင်းကြီးနှစ် ရာထောင်ချီ တည်တံ့ ပါစေကြောင်းနှင့် ဗုဒ္ဓသာသနာတော် ဆက်လက်အဓွန့်ရှည်တည်တံ့အောင် ဆက်လက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” ဖြင့်လည်းကောင်း၊ သီတဂူဆရာတော် ဘုရားကြီးက “ကမ္ဘာ၌ နှစ်ရာကျော်ရှည်သောအသင်းအဖွဲ့ရှားပါးပြီး YMBA အသင်းကြီးသည် ယနေ့ဆိုလျင် နှစ်ပေါင်း ၁၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာဟူ၍ စိတ်ထဲတွင်စွဲမြဲရှိကြသော်လည်း YMBA အသင်းကြီးတွင် ပညာကိုပါ ထည့်သွင်း၍ တိုးတက်မြင့်မားအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်သည် ရန်ကုန် တက္ကသိုလ်ရာပြည့်နှစ်၊ အမျိုးသားအောင်ပွဲရာပြည့်နှစ်၊ YMBA အသင်းကြီး နှစ်ရာကျော်သည့် ရာကျော်နှင့် ရာပြည့်ပွဲကြီးများ ပေါင်းစုံသည့် ကျက်သရေအပေါင်း နှင့်ပြည့်စုံသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ထေရဝါဒပုဂ္ဂိုလ်များ ဖြစ်ကြပါစေကြောင်း၊ သူတော်ကောင်းစိတ်ဓာတ်နှင့် ပြည့်၀ကြပါစေကြောင်း၊ ကောင်းမှု၊ မကောင်းမှုခွဲခြား သိမြင်နိုင်ကြပါစေကြောင်းနှင့် မြန်မာပြည်တည်ရှိသရွေ့၊ ဗုဒ္ဓသာသနာတော်တည်ရှိနေသရွေ့ YMBA အသင်းကြီး တည်ရှိပါစေကြောင်း” ဟူ၍ လည်းကောင်း၊ ရွာမဆရာတော်ဘုရားကြီးက “YMBA အသင်းကြီး၏ ၁၉၀၆ ခုနှစ်၊ လွတ်လပ်ရေးခေတ်ကြိုကာလမှစ၍ နှစ်ပေါင်းယနေ့အထိ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာ့ အမျိုး၊ ဘာသာ၊ သာသနာသည် ယနေ့အထိ ထွန်းကား နေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးသူတိုင်းအနေဖြင့် YMBA အသင်းကြီးနှင့် လက်တွဲကာ ဆထက်ထမ်းပိုး တိုး၍ ဆောင်ရွက်ခြင်းဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေကြောင်း” ဖြင့် လည်းကောင်း ဩဝါဒစကားများ အသီးသီး မြွက်ကြားချီးမြှင့်တော်မူကြသည်။

ယင်းနောက် YMBA အသင်းကြီး၏ ရာသက်ပန်နာယကကြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်ကိုယ်စား အဖွဲ့ဝင်များဖြစ်ကြသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးက ဗန်းမော်ဆရာတော်ဘုရားကြီးထံ အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်က သီတဂူဆရာတော်ဘုရားကြီးထံ အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက ရွာမဆရာတော်ဘုရားကြီးထံ အဘိဓဇအဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း အသီးသီးဆက်ကပ်ပူဇော်ကြရာ ဆရာတော်ကြီး များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ဗန်းမော်ဆရာတော် ဘုရားကြီး အမှူးပြုသော ဆရာတော်ကြီးများကိုယ်စား YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့တော်ကိုချီးမြှင့်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က လက်ခံရယူသည်။

၎င်းနောက် YMBA အသင်းကြီး၏ ရာသက်ပန်နာယကကြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သတိုးသီရိအဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် ဌေးနိုင်က YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် ဂုဏ်ထူးဆောင်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ကို အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်များကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ဘွဲ့တံဆိပ်တော်များ ချီးမြှင့်အပြီးတွင် YMBA အသင်းကြီး၏ ရာသက်ပန် နာယကကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိုးသီရိ အဂ္ဂမဟာမင်္ဂလ ဇောတိက ဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က အဘိဓဇ မဟာမင်္ဂလဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်ဘုရားကြီးများအား ဝမ်းမြောက်ကြောင်း လျှောက်ထားရာတွင် ယနေ့ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး၏ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းအခမ်းအနားသို့ ဆရာတော်ဘုရားများ “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားတိုးမြင့်ရေးရည်ရွယ်ချက်တို့ဖြင့် စုံစုံညီညီကြွရောက်ချီးမြှင့် ပေးပါသောကြောင့် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ဆရာတော်ကြီးများသည် သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ပြန့်ပွားစေရေးအတွက် တစ်စိုက်မတ်မတ် အာရုံစိုက်တော်မူလျက် သက်တော်ရွယ်တော် အလျောက် ကျန်းမာရေးအနေအထား၊ ကိုယ်စိတ် ပင်ပန်းနွမ်းနယ်မှုများကြားမှ သာသနာ့တာဝန်များကို ထမ်းဆောင်နေကြသကဲ့သို့ အမျိုး၊ ဘာသာ၊ ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒအမှန်ဖြင့် ဦးဆောင်၍ ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ဘုရားတပည့်တော်တို့ အတိုင်းမသိစိတ်ကြည်နူး ချမ်းမြေ့ရပါကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီးသည် ၁၉၀၆ ခုနှစ်မှ စတင် သန္ဓေတည် ပေါက်ဖွားလာခဲ့သည့် အသင်းကြီးဖြစ်ပြီး ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၄ နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်များ၊ စနစ်များနှင့် ပြောင်းလဲခြင်းအဖုံဖုံတို့အကြား ဗုဒ္ဓ ဘာသာကလျာဏယု၀အသင်းကြီးသည် ယခုအချိန်အထိ ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်လျက်ရှိသည့် တစ်ခုတည်းသော အမျိုးသားရေးအသင်းကြီးပင်ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့အစည်းများအနေဖြင့် တစ်ဦးကောင်း တစ်ယောက်ကောင်းဆောင်ရွက်ခြင်း ထက် စုပေါင်းညီညာဆောင်ရွက်ခြင်းကြောင့် ယနေ့အချိန်ကာလအထိ တည်ရှိနေသည်ကို အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ရမည်ဖြစ်ပါကြောင်း၊ အသင်းကြီး စတင် ဖွဲ့စည်းစဉ်ကတည်းက “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြင့်ရေး” ဟု ရည်ရွယ်ချက်ထား သတ်မှတ်ခဲ့ပါကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီးသည် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ယနေ့ထက်တိုင် ၎င်းရည်ရွယ်ချက်များကို ကောင်းမြတ်သော သမိုင်းအစဉ်အလာများအတိုင်း ကြိုးစားအကောင်အထည်ဖော်လျက်ရှိပါကြောင်း။

အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာ၌ အခြေခံအကျဆုံးအချက်သည် နိုင်ငံသူ၊ နိုင်ငံသားများ ကြီးပွားတိုးတက်ရေးဖြစ်သကဲ့သို့ နိုင်ငံတော်၏ အခြားကဏ္ဍများ တိုးတက် စေရန် အခြေခံအကျဆုံးသည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါကြောင်း၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း အသင်းကြီး၏ခံယူချက်အတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ်သာသနာကို မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုမရှိဘဲ သမိုင်းစဉ်ဆက် အားပေးလျက် ရှိပါကြောင်း၊ တပည့်တော်တို့နိုင်ငံတွင် မြန်မာစာသည် ရုံးသုံးစာဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် မြန်မာစာနှင့်ပတ်သက်၍ အရေးအပြောတို့တွင် လိုအပ်ချက်၊ အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊ မြန်မာတို့၏စိတ်ဓာတ်သည် မြန်မာစာပေတွင် ထင်ဟပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာထွန်းကား လာချိန်မှစ၍ ပိဋကတ်စာပေများသည် မြန်မာလူမျိုးထဲတွင် ကျယ်ပြန့်စွာနေရာယူခဲ့ပါ ကြောင်း၊ စာပေသည် ဗုဒ္ဓဒေသနာတော်များကို ရေးသားဖော်ပြရာ မဏ္ဍိုင်ကြီးဖြစ်သည့် အလျှောက် စာပေကို ဘာသာတရားနှင့် တစ်တန်းတည်းထားကာ လေးစားကြသကဲ့သို့ “စာတစ်လုံး ဘုရားတစ်ဆူ” ဟူ၍ပင် ဆိုရိုးစကားရှိခဲ့ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များဖြစ်သည့် စာပေ၊ ဓလေ့၊ ရိုးရာအစဉ်အလာနှင့် နေထိုင်မှုစနစ် စသည်တို့သည် ဗုဒ္ဓယဉ်ကျေးမှု၊ ကျမ်းဂန်များမှ ဆင်းသက်လာသဖြင့် လူငယ်လူရွယ်များ ဘာသာ၊ သာသနာနှင့် ထိတွေ့မှုနည်းပါးခြင်း မဖြစ်စေရန် ဆရာတော်ဘုရားများက ဆရာ၊ ဒါယိကာ လက်တွဲညီညီဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းပေးနိုင်ပါရန် လျှောက်ထား အပ်ပါကြောင်း၊ မည်သည့်ခေတ်ကာလ၌ဖြစ်စေ မရှိမဖြစ်လိုအပ်သည့်အရာသည် ပညာ ပင်ဖြစ်ပြီး အတတ်ပညာနှင့် အသိပညာနှစ်ခုစလုံးရှိမှသာ အမှား၊ အမှန်ကို ဝေဖန်ခွဲခြားနိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာသည် ဖွံ့ဖြိုးတိုးတက်စည်ပင်ကြီးပွားသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ပညာရေးသည် နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးပြီး ပညာတိုးတက်မှသာ အမျိုးဘာသာသာနာ ကြီးပွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာ၊ စကား၊ စာပေယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးမြှင့်တင်ပြီး ဘက်စုံအတွေးအခေါ် အကျင့်စာရိတ္တကောင်းမွန် သည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းပညာရေးစနစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခမဲ့မသင် မနေရပညာ ရေးစနစ်ကို ၂၀၁၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းကာဆောင်ရွက်လျက်ရှိပါကြောင်း။

ဘုရားတပည့်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာအများစုနေထိုင်ကြပြီး သံဃာတော် များသည်လည်း ဘုရင်များအုပ်စိုးခဲ့သည့်အချိန်မှစပြီး ယနေ့တိုင်အောင် ပြည်သူပြည်သားများ ဘာသာတရားကို ရိုသေကိုင်းရှိုင်းစေရန်၊ ယဉ်ကျေးလိမ္မာစေရန်၊ စာပေဗဟုသုတ ပြည့်စုံ ကြွယ်၀စေရန်၊ အသိပညာအလိမ္မာတိုးစေရန်၊ အတတ်ပညာအခြေခံများရရှိ စေရန် နည်းလမ်းပေါင်းစုံသွန်သင်ပြသလျက်ရှိပါကြောင်း၊ သာသနာ့တာဝန်တစ်ဖက်၊ ဒါယိကာ၊ ဒါယိကာမများ၏အကျိုး၊ မျိုးဆက်သစ်ကလေးများ၏ အကျိုးကိုရည်မျှော်လျက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများဖွင့်လှစ်ကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒုတိယကမ္ဘာ စစ်ကာလအတွင်း ကျောင်းများစစ်ကြောင့်ပိတ်ထားရသော်လည်း ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများက မြန်မာတစ်မျိုးသားလုံးအတွက် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွား တိုးတက်စေရန် ရည်သန်၍ ဆက်လက်သင်ကြားပေးခဲ့ပါကြောင်း။

အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ၁၅ နှစ်မျှ ပညာရေးကို တာဝန် မယူဘဲ လျစ်လျူရှုထားခဲ့ရာ ၁၈၆၆ ခုနှစ်တွင် ကိုလိုနီပညာရေးကို စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့၏ ပညာရေးစနစ်သည် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားကိုသာ အကျိုးပြုခဲ့သဖြင့် မြန်မာတစ်မျိုးသားလုံးက မလိုလားခဲ့ဘဲ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် တွင် ပထမကျောင်းသားသပိတ် စတင်ပေါ်ပေါက်လာခဲ့ပြီး တစ်နိုင်ငံလုံး အမျိုးသားရေးစိတ်ဓာတ် ပိုမိုနိုးကြားလာခဲ့ပါ ကြောင်း၊ သပိတ်မှောက်ကောင်စီကကြီးမှူး၍ ဗဟန်းရှိ ဇရပ်များတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသားများကို စာပေသင်ကြားရာမှ အမျိုးသားကျောင်းများ ပေါ်ပေါက်လာကာ အမျိုးသားစိတ်ဓာတ် ပိုမိုနိုးကြားလာခဲ့ပါကြောင်း၊ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ပြီး တစ်နှစ်ခန့်အကြာတွင် ပေါ်ပေါက်လာသည့် အမျိုးသားကျောင်းများ၏ အမျိုးသားပညာရေး၏ ရည်ရွယ်ချက်သည် မြန်မာဘာသာကို သင်ကြားရေးမဏ္ဍိုင်အဖြစ်အသုံးပြုပြီး မြန်မာစာနှင့်တကွ မြန်မာ့ယဉ်ကျေးမှုအစုစုကို ပြုစုပျိုးထောင်ပေးရန် စသည်တို့ကို ရည်ရွယ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသားကျောင်း များ၏အစသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟု ဆိုနိုင်ပါကြောင်း၊ ယနေ့ အချိန်တွင် နိုင်ငံတော်က ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေသော်လည်း အချို့သောနယ်များနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့်နေရာ ဒေသ များတွင် အားနည်းလျက်ရှိနေပါကြောင်း၊ စာတတ်သင့်သည့်အရွယ်များ စာမတတ် မြောက်မှုများပြားစွာရှိနေပါကြောင်း၊ ထို့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးအား မူလတန်းအဆင့်အထိ လိုအပ်သည့်နေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် သင်ပေးနိုင်ပါက နိုင်ငံတော်၏ ပညာရေးမူဝါဒကို ထောက်ပံ့အားပေးရာရောက်ပြီး နယ်စွန်နယ်ဖျား ဖွံ့ဖြိုး မှုနောက်ကျရာနေရာဒေသရှိ မြန်မာနိုင်ငံသား လူငယ်၊ လူရွယ်များ၏ ပညာရေးကို အားပေးရာလည်း ရောက်မည်ဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကိုလည်း ဆရာတော်ကြီးများအနေဖြင့် အားပေးချီးမြှင့်ပေးနိုင်ပါရန် လျှောက်ထားအပ်ပါကြောင်း။

ဘုရားတပည့်တော်တို့၏ နိုင်ငံသည် ဗုဒ္ဓဘာသာအား အများစုကိုးကွယ်ဆည်းကပ် နေကြသူများဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အရပ်ရပ်တွင်ရှိသော အဆုံးအမများ၊ ယဉ်ကျေးမှု များ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ နီတိများသည် ဗုဒ္ဓဘာသာအဆုံးအမများအပေါ်တွင် များစွာအခြေခံလျက်ရှိပါကြောင်း၊ ဤကဲ့သို့ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ် ဖြစ် သော ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားရေး၊ သာသနာတော်သန့်ရှင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဆရာတော်ဘုရားကြီးများ၏ သီလ၊ သမာဓိ၊ ပညာ ဂုဏ် ကျေးဇူးတို့ကို ပူဇော်သောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) က ဆရာတော်ကြီးများအား “အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ”ဘွဲ့ ဆက်ကပ် ခြင်းအား တပည့်တော်အနေဖြင့်များစွာဝမ်းမြောက်ဂုဏ်ယူရပါကြောင်း။

ဆရာတော်ကြီးများအနေဖြင့်လည်း သမိုင်းအစဉ်အလာကြီးမားခဲ့ပြီး ယနေ့အထိ မြန်မာတို့၏ “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” မြင့်တက် ကြီးပွားရေးကို တစ်စိုက် မတ်မတ်ဆောင်ရွက်လျက်ရှိသည့် ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) ၏ လုပ်ဆောင်ချက်များအပေါ် ဆက်လက်၍ ဩဝါဒချီးမြှင့် ကြပ်မတ်ပေးနိုင်ပါရန်နှင့် တပည့်တော်တို့ နာယကများမှလည်း အသင်းကြီး၏ ရည်ရွယ်ချက်များ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီးများ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် သာသနာ့အကျိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါကြောင်း လျှောက်ထားအပ်ပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။

ဆက်လက်ပြီး သတိုးသီရိ အဂ္ဂမဟာမင်္ဂလ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က “သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့တော်” ပေးအပ်ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားရာတွင် မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့် ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) ၏ နှစ်(၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ရဟန်းပုဂ္ဂိုလ်များ၊ လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြား ခွင့်ရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

ယနေ့အခမ်းအနားတွင် ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) မှ ချီးမြှင့်ပေးအပ်သည့် “သတိုးသီရိ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်”ကို လက်ခံရယူခြင်းအပေါ် အလေးအနက်ထား ဂုဏ်ယူအပ်ပါကြောင်း၊ အဆိုပါဘွဲ့တံဆိပ် အား အသင်းကြီးမှ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ထွန်းကားပြန့်ပွားအောင် စွမ်းစွမ်းတမံဆောင်ရွက်ခြင်း၊ သာသနာတော်မြတ်ကြီး နေရောင်၊ လရောင်ပမာ ထွန်းကားလာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ဘုရားရှင်ကိုယ်တော် မြတ်ကြီး၏ မင်္ဂလာတရားတော်မြတ်ကို မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်သကဲ့သို့ အများ ပြည်သူများ ကျင့်ကြံအားထုတ်နိုင်စေရန် ကူညီကြိုးစားဆောင်ရွက်ပေးခြင်း၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟောကြားတော်မူသော တရားဓမ္မများကို ပြန့်ပွားလာအောင် ဆောင်ရွက်ပေးခြင်း၊ ဗုဒ္ဓဘာသာအား ချီးမြှင့်ထောက်ပံ့ခြင်း၊ တိုင်းသူပြည်သားများ၏ အကျိုးကို ရင်ဝယ်သားသကဲ့သို့ ရှေးရှုဆောင်ရွက်ပေးခြင်းနှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ဖျက်ဆီးနှောင့်ယှက်မခံရအောင် တားဆီးကာကွယ်ပေးခြင်းစသည့် အခြေခံ အချက်များအပေါ် လုပ်ဆောင်နိုင်မှုများ၊ တာဝန်များကို ဆောင်ရွက်နိုင်မှုများအတွက် ဘွဲ့တံဆိပ်ချီးမြှင့်လက်ခံရရှိခြင်းဖြစ်ပါကြောင်း၊ အဆိုပါဘွဲ့တံဆိပ်တာဝန်များအပေါ် အလေးအနက်ခံယူလျက် ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) ၏ “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ဆိုသည့် ကောင်းမြတ်သောရည်ရွယ်ချက်များအတိုင်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) သည် ၁၉၀၆ ခုနှစ် ကတည်းက စတင်သန္ဓေတည်ပေါက်ဖွားလာခဲ့သည့်အသင်းကြီးဖြစ်ပြီး ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၄ နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အသင်းကြီးကို စတင်တည်ထောင်ရာတွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ စသော ကြွေးကြော်သံများကိုသာ ပြဋ္ဌာန်းထားသော်လည်း နိုင်ငံ့အရေး ကိစ္စများကိုလည်း ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းကြီးသည် သီပေါမင်းလက်ထက်တွင် အင်္ဂလိပ်တို့မတရားရယူသွားသည့် မြန်မာ တစ်မျိုးသားလုံး၏ အခွင့်အရေးနှင့် အမျိုးသားရေးစွမ်းအားတို့ကို ပြန်လည်ရယူရန် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ အင်္ဂလိပ်လက်အောက်တွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ၊ ယဉ်ကျေးမှုစသည့် အရေးဟူသမျှ အဘက်ဘက်မှနိမ့်ကျလာ သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး(YMBA)က ဦးဆောင်ပြီး တိုင်းပြည်၊ လူမျိုးနှင့် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အသင်းကြီးသည် ခေတ်၊ စနစ် ပြောင်းလဲမှုအဖုံဖုံအကြားတွင် ကြံ့ကြံ့ခံ ဖြတ်ကျော်လာသည့် တစ်ခုတည်းသော သက်တမ်းအရှည်ဆုံးအသင်းကြီးလည်းဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ နှစ်ပေါင်းတစ်ရာကျော်သည်အထိ တည်ရှိခဲ့သော ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်းကြီး(YMBA) ကို အမျိုးကိုချစ်စိတ်၊ နိုင်ငံကိုချစ်စိတ်၊ သာသနာကို ချစ်စိတ်တို့နှင့် နောက် နှစ်ပေါင်း၊ ရာပေါင်းများစွာတိုင်အောင် တည်ရှိစေရေး ရှေ့သို့ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး၏ ရည်ရွယ်ချက်များဖြစ်ကြသည့် အမျိုးသည် “အမျိုးသားများ၏ တိုးတက်ကြီးပွားရေး၊ အမျိုးသားရေးနှင့်သက်ဆိုင်သော အရေးအခင်းများ”၊ ဘာသာသည် “လူမျိုးတို့၏ပြောဆိုရေးသားသည့် ဘာသာစကား နှင့်စာပေ၊ တိုးတက်ကြီးပွားရေး”၊ ပညာသည် “မိမိတို့အမျိုးသားများ အတတ်ပညာ တတ်မြောက်စေရေး”၊ သာသနာသည် “မိမိတို့ယုံကြည်ကိုးကွယ်သည့် သာသနာတော်ကြီး စည်ပင်တိုးတက်ပြန့်ပွားရေး”ဆိုသည့် ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက်ရန် ဟူသည့် သဘောပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး(YMBA)သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ပင် အသင်းကြီး၏ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး လိုလားချက်မှန်သမျှကို နယ်ချဲ့အစိုးရထံ မဆိုင်းမတွတောင်းဆိုခဲ့ပါကြောင်း၊ အမျိုးမျိုး အဖုံဖုံကြိုးစားခဲ့ပါကြောင်း၊ တစ်ဖက်တစ်လမ်းမှလည်း ပါဝင်ကူညီခဲ့ရခြင်းမျိုးလည်း ရှိပါကြောင်း၊ နိုင်ငံတော်နှင့် အမျိုးသားရေးအတွက် ပဓာနထားကာ ဆောင်ရွက်ခဲ့ခြင်း သာဖြစ်ပါကြောင်း၊ သမိုင်းအစဉ်အလာ ကြီးမားသည့် အသင်းကြီးအနေဖြင့် တိုင်းပြည် အတွက် ကျရာကဏ္ဍ၊ စွမ်းရာကဏ္ဍမှ ဦးဆောင်လျှောက်လှမ်းလျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နှင့်အတူ နောင်မျိုးဆက်သစ်များကိုလည်း လျှောက်လှမ်းကြစေလို ကြောင်း ဆန္ဒပြုလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် ခေတ်ဟောင်းတွင် နယ်ချဲ့တို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအပေါ် ညှင်းပန်းမှု ဒဏ်မျိုးစုံကို ဆင်းရဲခြင်းများစွာနှင့် သူမတူအောင်ခံစားခဲ့ရဖူးပြီဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလ၌လည်း နိုင်ငံတိုင်း သည် ၎င်းတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ တိုးတက်ကြီးပွားစေရန် နည်းမျိုးစုံနှင့် ဆောင်ရွက်နေပါကြောင်း၊ မိမိတို့နိုင်ငံအနေနှင့်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး သွေးစည်းညီညွတ်စွာနှင့် ၎င်းအရေးကိစ္စများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်အောင်လည်း ဝိုင်အမ်ဘီဘေအသင်းကြီးက ဦးဆောင် ဆောင်ရွက်ပေးရန်၊ စံနမူနာပြပေးရန်၊ စည်းရုံးဆောင်ရွက်ရန်လိုပါကြောင်း၊ အားနည်း မသွားစေရေး တိုင်းရင်းသားညီနောင်အချင်းချင်း သွေးကွဲရန်၊ သွေးခွဲရန် နှိုးဆော်နေကြ သည်ကို ဂရုပြုမိဖို့ လိုအပ်ပါကြောင်း။

သမိုင်းအစဉ်အလာကြီးမားသည့် မြန်မာ့လွတ်လပ်ရေးဦးဆောင်ဖြစ်သည့် ဗုဒ္ဓ ဘာသာကလျာဏယု၀အသင်းကြီး (YMBA) မှ ချီးမြှင့်အပ်နှင်းသည့် “သတိုးသီရိအဂ္ဂ မဟာမင်္ဂလဓမ္မဇောတိကဓဇ”ဘွဲ့ကို လက်ခံရယူနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံများသား၏ ကောင်းရာကောင်းကျိုးအတွက် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ”လုပ်ငန်းများကို ခွန်အားရှိသမျှ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် YMBA အသင်းဒုတိယဥက္ကဋ္ဌ ဦးရဲထွန်းက နှစ်(၁၀၀)ပြည့် အမျိုး သားအောင်ပွဲနေ့အကြောင်းကိုလည်းကောင်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းက YMBA အသင်းကြီး၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင် သွားမည့် မူဝါဒကြေညာစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား လျှောက်ထား ကြသည်။

ယင်းနောက် ဆရာတော်ဘုရားကြီးများနှင့် YMBA အသင်းကြီး၏ ရာသက်ပန် နာယကကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိုးသီရိ အဂ္ဂမဟာမင်္ဂလ ဇောတိက ဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး ဇာတိမာန်သီချင်း ဖွင့်လှစ်၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

(Zawgyi Version)

ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) ႏွစ္(၁၀၀)ျပည့္ အမ်ိဳးသားေအာင္ပြဲ ေန႔ႏွင့္ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ေပးအပ္ခ်ီးျမႇင့္ျခင္း မဂၤလာအခမ္းအနား က်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၉

ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) ႏွစ္(၁၀၀)ျပည့္ အမ်ိဳးသား ေအာင္ပြဲေန႔ႏွင့္ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ေပးအပ္ခ်ီးျမႇင့္ျခင္း မဂၤလာအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ Video Conferencing ျဖင့္က်င္းပျပဳလုပ္ရာ

ႏိုင္ငံေတာ္ သံဃမဟာ နာယက အဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတိုက္ပဓာန နာယက အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာ ဘဒၵႏၲ ကုမာရာ ဘိဝံသ၊ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတ မဟာဓမၼ ကထိက ဗဟုဇန ဟိတဓရ ေ႐ႊက်င္နိကာယဥပဥကၠ႒ တြဲဖက္ေ႐ႊက်င္သာသနာပိုင္ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရ၊ အဂၢမဟာပ႑ိတႏိုင္ငံေတာ္ ဩဝါဒါစရိယ ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕ ဩဝါဒါစရိယဘဒၵႏၲတိေလာကာဘိဝံသ (႐ြာမဆရာေတာ္ဘုရားႀကီး)တို႔ တက္ေရာက္ခ်ီးျမႇင့္ ေတာ္မူၾကၿပီး YMBA အသင္းႀကီး၏ ရာသက္ပန္နာယကႀကီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ YMBA အသင္းဥကၠ႒ ဦးရဲထြန္း၊ တြဲဖက္ဥကၠ႒ ဦးစိန္သန္း၊ ဒုတိယဥကၠ႒ ေဒါက္တာ ေအာင္မင္းေက်ာ္သူ၊ YMBA အသင္းသားမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾက သည္။

ဦးစြာ YMBA အသင္းဒုတိယဥကၠ႒ ေဒါက္တာ ေအာင္မင္းေက်ာ္သူက ေအာင္ေမာင္း ၂၇ ခ်က္တီးၿပီး ဆရာေတာ္ႀကီးမ်ားဦးေဆာင္၍ “နေမာတႆ” သုံးႀကိမ္ ႐ြတ္ဆိုဘုရားကန္ေတာ့၍ အခမ္းအနားကို စတင္ဖြင့္လွစ္ၿပီး ဒို႔ဗမာသီခ်င္းကို ဖြင့္လွစ္ဂုဏ္ျပဳၾကသည္။

ထို႔ေနာက္ YMBA အသင္းႀကီး၏ ရာသက္ပန္နာယကႀကီးႏွင့္တက္ေရာက္လာ ၾကသူမ်ားက ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး၊ သီတဂူဆရာေတာ္ဘုရားႀကီးႏွင့္ ႐ြာမဆရာ ေတာ္ဘုရားႀကီးတို႔ထံမွ ဩဝါဒမ်ားကို အသီးသီးနာယူၾကရာတြင္ ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီးက “YMBA အသင္းႀကီးမွ သာသနာေတာ္ထြန္းလင္းေတာက္ပေရး အစဥ္ ေမွ်ာ္ေတြးၿပီး အသင္းႀကီး၏ ဩဝါဒါစရိယႏွင့္ အဓိပတိ ဆရာေတာ္ဘုရားႀကီးအျဖစ္ ေဆာင္႐ြက္ေပးရန္ေလွ်ာက္ထားလာမႈအေပၚ ၾကည္ႏူးဝမ္းေျမာက္မိပါေၾကာင္းႏွင့္ အသင္းသူ၊ အသင္းသားအေပါင္းတို႔သည္ ဗုဒၶျမတ္စြာ သာသနာေတာ္ျမတ္ႀကီး ေနေရာင္ လေရာင္ပမာ ထြန္းလင္းေတာက္ပလာေအာင္ အားသြန္ခြန္စိုက္ႀကိဳးစား ေဆာင္႐ြက္ သြားၾကေစလိုေၾကာင္း၊ YMBA အသင္းႀကီးအေနျဖင့္လည္း သာသနာ့အက်ိဳးကို ဆထက္ထမ္းပိုးသယ္ပိုးႏိုင္ၾကပါေစေၾကာင္း၊ အသင္းႀကီးႏွစ္ ရာေထာင္ခ်ီ တည္တံ့ ပါေစေၾကာင္းႏွင့္ ဗုဒၶသာသနာေတာ္ ဆက္လက္အဓြန႔္ရွည္တည္တံ့ေအာင္ ဆက္လက္ ႀကိဳးစားေဆာင္႐ြက္ၾကေစလိုေၾကာင္း” ျဖင့္လည္းေကာင္း၊ သီတဂူဆရာေတာ္ ဘုရားႀကီးက “ကမာၻ၌ ႏွစ္ရာေက်ာ္ရွည္ေသာအသင္းအဖြဲ႕ရွားပါးၿပီး YMBA အသင္းႀကီးသည္ ယေန႔ဆိုလ်င္ ႏွစ္ေပါင္း ၁၁၄ ႏွစ္တိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာဟူ၍ စိတ္ထဲတြင္စြဲၿမဲရွိၾကေသာ္လည္း YMBA အသင္းႀကီးတြင္ ပညာကိုပါ ထည့္သြင္း၍ တိုးတက္ျမင့္မားေအာင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုႏွစ္သည္ ရန္ကုန္ တကၠသိုလ္ရာျပည့္ႏွစ္၊ အမ်ိဳးသားေအာင္ပြဲရာျပည့္ႏွစ္၊ YMBA အသင္းႀကီး ႏွစ္ရာေက်ာ္သည့္ ရာေက်ာ္ႏွင့္ ရာျပည့္ပြဲႀကီးမ်ား ေပါင္းစုံသည့္ က်က္သေရအေပါင္း ႏွင့္ျပည့္စုံသည့္ ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း၊ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး ေထရဝါဒပုဂၢိဳလ္မ်ား ျဖစ္ၾကပါေစေၾကာင္း၊ သူေတာ္ေကာင္းစိတ္ဓာတ္ႏွင့္ ျပည့္၀ၾကပါေစေၾကာင္း၊ ေကာင္းမႈ၊ မေကာင္းမႈခြဲျခား သိျမင္ႏိုင္ၾကပါေစေၾကာင္းႏွင့္ ျမန္မာျပည္တည္ရွိသေ႐ြ႕၊ ဗုဒၶသာသနာေတာ္တည္ရွိေနသေ႐ြ႕ YMBA အသင္းႀကီး တည္ရွိပါေစေၾကာင္း” ဟူ၍ လည္းေကာင္း၊ ႐ြာမဆရာေတာ္ဘုရားႀကီးက “YMBA အသင္းႀကီး၏ ၁၉၀၆ ခုႏွစ္၊ လြတ္လပ္ေရးေခတ္ႀကိဳကာလမွစ၍ ႏွစ္ေပါင္းယေန႔အထိ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ျမန္မာ့ အမ်ိဳး၊ ဘာသာ၊ သာသနာသည္ ယေန႔အထိ ထြန္းကား ေနျခင္းျဖစ္ေၾကာင္း၊ ဆက္လက္၍လည္း တိုင္းျပည္ႏွင့္ လူမ်ိဳး၊ ဘာသာ၊ သာသနာကို ခ်စ္ျမတ္ႏိုးသူတိုင္းအေနျဖင့္ YMBA အသင္းႀကီးႏွင့္ လက္တြဲကာ ဆထက္ထမ္းပိုး တိုး၍ ေဆာင္႐ြက္ျခင္းျဖင့္ အနာဂတ္ျမန္မာႏိုင္ငံေတာ္ႀကီးကို အေကာင္းဆုံးျဖစ္ေအာင္ ဝိုင္းဝန္းေဆာင္႐ြက္ႏိုင္ၾကပါေစေၾကာင္း” ျဖင့္ လည္းေကာင္း ဩဝါဒစကားမ်ား အသီးသီး ႁမြက္ၾကားခ်ီးျမႇင့္ေတာ္မူၾကသည္။

ယင္းေနာက္ YMBA အသင္းႀကီး၏ ရာသက္ပန္နာယကႀကီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရ စည္သူ မင္းေအာင္လႈိင္ကိုယ္စား အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦးက ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံ အဘိဓဇအဂၢမဟာ မဂၤလဓမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ကိုလည္းေကာင္း၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္က သီတဂူဆရာေတာ္ဘုရားႀကီးထံ အဘိဓဇအဂၢမဟာ မဂၤလဓမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ကိုလည္းေကာင္း၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြက ႐ြာမဆရာေတာ္ဘုရားႀကီးထံ အဘိဓဇအဂၢမဟာ မဂၤလ ဓမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ကိုလည္းေကာင္း အသီးသီးဆက္ကပ္ပူေဇာ္ၾကရာ ဆရာေတာ္ႀကီး မ်ားက လက္ခံရယူခဲ့ၾကသည္။ ထို႔ေနာက္ ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီး အမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ားကိုယ္စား YMBA အသင္း ဥကၠ႒ ဦးရဲထြန္းက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား သတိုးသီရိ အဂၢမဟာမဂၤလေဇာတိကဓဇ ဘြဲ႕ေတာ္ကိုခ်ီးျမႇင့္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္စား ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သက္ပုံ က လက္ခံရယူသည္။

၎ေနာက္ YMBA အသင္းႀကီး၏ ရာသက္ပန္နာယကႀကီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ သတိုးသီရိအဂၢမဟာမဂၤလေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ကိုယ္စား ေရတပ္ေလ့က်င့္ေရးဌာနခ်ဳပ္ ဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္ ေဌးႏိုင္က YMBA အသင္းဥကၠ႒ ဦးရဲထြန္း၊ တြဲဖက္ဥကၠ႒ ဦးစိန္သန္းႏွင့္ ဂုဏ္ထူးေဆာင္ဒုတိယဥကၠ႒ ဦးဝင္းျမင့္တို႔ကို အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႕တံဆိပ္မ်ားကို အသီးသီးေပးအပ္ ခ်ီးျမႇင့္ၾကသည္။

ဘြဲ႕တံဆိပ္ေတာ္မ်ား ခ်ီးျမႇင့္အၿပီးတြင္ YMBA အသင္းႀကီး၏ ရာသက္ပန္ နာယကႀကီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သတိုးသီရိ အဂၢမဟာမဂၤလ ေဇာတိက ဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က အဘိဓဇ မဟာမဂၤလဓမၼ ေဇာတိက ဘြဲ႕တံဆိပ္ေတာ္မ်ားရရွိသည့္ ဆရာေတာ္ဘုရားႀကီးမ်ားအား ဝမ္းေျမာက္ေၾကာင္း ေလွ်ာက္ထားရာတြင္ ယေန႔က်င္းပေသာ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး၏ ႏွစ္တစ္ရာျပည့္အမ်ိဳးသားေအာင္ပြဲေန႔အခမ္းအနားႏွင့္ ဆရာေတာ္ႀကီးမ်ားအား ဘြဲ႕တံဆိပ္ဆက္ကပ္ျခင္းအခမ္းအနားသို႔ ဆရာေတာ္ဘုရားမ်ား “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ” ႀကီးပြားတိုးျမင့္ေရးရည္႐ြယ္ခ်က္တို႔ျဖင့္ စုံစုံညီညီႂကြေရာက္ခ်ီးျမႇင့္ ေပးပါေသာေၾကာင့္ ဝမ္းသာပီတိျဖစ္ရပါေၾကာင္း၊ ဆရာေတာ္ႀကီးမ်ားသည္ သာသနာေတာ္ျမတ္ႀကီး သန႔္ရွင္း တည္တံ့ျပန႔္ပြားေစေရးအတြက္ တစ္စိုက္မတ္မတ္ အာ႐ုံစိုက္ေတာ္မူလ်က္ သက္ေတာ္႐ြယ္ေတာ္ အေလ်ာက္ က်န္းမာေရးအေနအထား၊ ကိုယ္စိတ္ ပင္ပန္းႏြမ္းနယ္မႈမ်ားၾကားမွ သာသနာ့တာဝန္မ်ားကို ထမ္းေဆာင္ေနၾကသကဲ့သို႔ အမ်ိဳး၊ ဘာသာ၊ ပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ဆႏၵအမွန္ျဖင့္ ဦးေဆာင္၍ ေဆာင္႐ြက္ေနသည္ကို ေတြ႕ျမင္ရသည့္အတြက္ ဘုရားတပည့္ေတာ္တို႔ အတိုင္းမသိစိတ္ၾကည္ႏူး ခ်မ္းေျမ့ရပါေၾကာင္း၊ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီးသည္ ၁၉၀၆ ခုႏွစ္မွ စတင္ သေႏၶတည္ ေပါက္ဖြားလာခဲ့သည့္ အသင္းႀကီးျဖစ္ၿပီး ယေန႔ဆိုလွ်င္ ႏွစ္ေပါင္း ၁၁၄ ႏွစ္ တိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း၊ ေခတ္မ်ား၊ စနစ္မ်ားႏွင့္ ေျပာင္းလဲျခင္းအဖုံဖုံတို႔အၾကား ဗုဒၶ ဘာသာကလ်ာဏယု၀အသင္းႀကီးသည္ ယခုအခ်ိန္အထိ ေရရွည္တည္တံ့ခိုင္ၿမဲစြာ ရပ္တည္လ်က္ရွိသည့္ တစ္ခုတည္းေသာ အမ်ိဳးသားေရးအသင္းႀကီးပင္ျဖစ္ပါေၾကာင္း၊ အသင္းအဖြဲ႕အစည္းမ်ားအေနျဖင့္ တစ္ဦးေကာင္း တစ္ေယာက္ေကာင္းေဆာင္႐ြက္ျခင္း ထက္ စုေပါင္းညီညာေဆာင္႐ြက္ျခင္းေၾကာင့္ ယေန႔အခ်ိန္ကာလအထိ တည္ရွိေနသည္ကို အတိုင္းမသိဝမ္းေျမာက္ဂုဏ္ယူ မွတ္တမ္းတင္ရမည္ျဖစ္ပါေၾကာင္း၊ အသင္းႀကီး စတင္ ဖြဲ႕စည္းစဥ္ကတည္းက “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာႀကီးပြားတိုးျမင့္ေရး” ဟု ရည္႐ြယ္ခ်က္ထား သတ္မွတ္ခဲ့ပါေၾကာင္း၊ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီးသည္ စတင္ဖြဲ႕စည္းခဲ့ခ်ိန္မွစ၍ ယေန႔ထက္တိုင္ ၎ရည္႐ြယ္ခ်က္မ်ားကို ေကာင္းျမတ္ေသာ သမိုင္းအစဥ္အလာမ်ားအတိုင္း ႀကိဳးစားအေကာင္အထည္ေဖာ္လ်က္ရွိပါေၾကာင္း။

အမ်ိဳး၊ ဘာသာ၊ သာသနာႏွင့္ ပညာ၌ အေျခခံအက်ဆုံးအခ်က္သည္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား ႀကီးပြားတိုးတက္ေရးျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္၏ အျခားက႑မ်ား တိုးတက္ ေစရန္ အေျခခံအက်ဆုံးသည္လည္း ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးပင္ျဖစ္ပါေၾကာင္း၊ ဘာသာ၊ သာသနာႏွင့္ပတ္သက္၍လည္း အသင္းႀကီး၏ခံယူခ်က္အတိုင္း ကိုယ့္လူမ်ိဳး၊ ကိုယ့္စာေပ၊ ကိုယ္သာသနာကို မည္သူ႔ကိုမွ် ထိခိုက္နစ္နာမႈမရွိဘဲ သမိုင္းစဥ္ဆက္ အားေပးလ်က္ ရွိပါေၾကာင္း၊ တပည့္ေတာ္တို႔ႏိုင္ငံတြင္ ျမန္မာစာသည္ ႐ုံးသုံးစာျဖစ္ပါေၾကာင္း၊ ယေန႔ေခတ္ကာလတြင္ ျမန္မာစာႏွင့္ပတ္သက္၍ အေရးအေျပာတို႔တြင္ လိုအပ္ခ်က္၊ အားနည္းခ်က္မ်ားကို ေတြ႕ရွိရပါေၾကာင္း၊ ျမန္မာတို႔၏စိတ္ဓာတ္သည္ ျမန္မာစာေပတြင္ ထင္ဟပ္လ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ဗုဒၶသာသနာထြန္းကား လာခ်ိန္မွစ၍ ပိဋကတ္စာေပမ်ားသည္ ျမန္မာလူမ်ိဳးထဲတြင္ က်ယ္ျပန႔္စြာေနရာယူခဲ့ပါ ေၾကာင္း၊ စာေပသည္ ဗုဒၶေဒသနာေတာ္မ်ားကို ေရးသားေဖာ္ျပရာ မ႑ိဳင္ႀကီးျဖစ္သည့္ အေလွ်ာက္ စာေပကို ဘာသာတရားႏွင့္ တစ္တန္းတည္းထားကာ ေလးစားၾကသကဲ့သို႔ “စာတစ္လုံး ဘုရားတစ္ဆူ” ဟူ၍ပင္ ဆို႐ိုးစကားရွိခဲ့ပါေၾကာင္း၊ ျမန္မာ့ယဥ္ေက်းမႈအေမြ အႏွစ္မ်ားျဖစ္သည့္ စာေပ၊ ဓေလ့၊ ႐ိုးရာအစဥ္အလာႏွင့္ ေနထိုင္မႈစနစ္ စသည္တို႔သည္ ဗုဒၶယဥ္ေက်းမႈ၊ က်မ္းဂန္မ်ားမွ ဆင္းသက္လာသျဖင့္ လူငယ္လူ႐ြယ္မ်ား ဘာသာ၊ သာသနာႏွင့္ ထိေတြ႕မႈနည္းပါးျခင္း မျဖစ္ေစရန္ ဆရာေတာ္ဘုရားမ်ားက ဆရာ၊ ဒါယိကာ လက္တြဲညီညီေဆာင္႐ြက္ေပးႏိုင္ေရး တိုက္တြန္းေပးႏိုင္ပါရန္ ေလွ်ာက္ထား အပ္ပါေၾကာင္း၊ မည္သည့္ေခတ္ကာလ၌ျဖစ္ေစ မရွိမျဖစ္လိုအပ္သည့္အရာသည္ ပညာ ပင္ျဖစ္ၿပီး အတတ္ပညာႏွင့္ အသိပညာႏွစ္ခုစလုံးရွိမွသာ အမွား၊ အမွန္ကို ေဝဖန္ခြဲျခားႏိုင္ၿပီး အမ်ိဳး၊ ဘာသာ၊ သာသနာသည္ ဖြံ႕ၿဖိဳးတိုးတက္စည္ပင္ႀကီးပြားသည့္ လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိမည္ျဖစ္ပါေၾကာင္း၊ ပညာေရးသည္ ႏိုင္ငံႏွင့္လူမ်ိဳး ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အေရးႀကီးၿပီး ပညာတိုးတက္မွသာ အမ်ိဳးဘာသာသာနာ ႀကီးပြား မည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္က ႏိုင္ငံေတာ္ရွိ တိုင္းရင္းသားအားလုံး၏ ဘာသာ၊ စကား၊ စာေပယဥ္ေက်းမႈ၊ အႏုပညာ၊ ႐ိုးရာဓေလ့ႏွင့္ သမိုင္းအေမြအႏွစ္မ်ား၏ အႏွစ္သာရမ်ားကို တန္ဖိုးျမႇင့္တင္ၿပီး ဘက္စုံအေတြးအေခၚ အက်င့္စာရိတၱေကာင္းမြန္ သည့္ လူ႔စြမ္းအားအရင္းအျမစ္မ်ားကို ျပဳစုပ်ိဳးေထာင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး ေက်ာင္းပညာေရးစနစ္တြင္ ေက်ာင္းေနအ႐ြယ္ကေလးတိုင္း အခမဲ့မသင္ မေနရပညာ ေရးစနစ္ကို ၂၀၁၄ ခုႏွစ္ကတည္းက ျပ႒ာန္းကာေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။

ဘုရားတပည့္ေတာ္တို႔ႏိုင္ငံသည္ ဗုဒၶဘာသာအမ်ားစုေနထိုင္ၾကၿပီး သံဃာေတာ္ မ်ားသည္လည္း ဘုရင္မ်ားအုပ္စိုးခဲ့သည့္အခ်ိန္မွစၿပီး ယေန႔တိုင္ေအာင္ ျပည္သူျပည္သားမ်ား ဘာသာတရားကို ႐ိုေသကိုင္းရႈိင္းေစရန္၊ ယဥ္ေက်းလိမၼာေစရန္၊ စာေပဗဟုသုတ ျပည့္စုံ ႂကြယ္၀ေစရန္၊ အသိပညာအလိမၼာတိုးေစရန္၊ အတတ္ပညာအေျခခံမ်ားရရွိ ေစရန္ နည္းလမ္းေပါင္းစုံသြန္သင္ျပသလ်က္ရွိပါေၾကာင္း၊ သာသနာ့တာဝန္တစ္ဖက္၊ ဒါယိကာ၊ ဒါယိကာမမ်ား၏အက်ိဳး၊ မ်ိဳးဆက္သစ္ကေလးမ်ား၏ အက်ိဳးကိုရည္ေမွ်ာ္လ်က္ ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္းမ်ားဖြင့္လွစ္ကာ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ဒုတိယကမာၻ စစ္ကာလအတြင္း ေက်ာင္းမ်ားစစ္ေၾကာင့္ပိတ္ထားရေသာ္လည္း ဘုန္းေတာ္ႀကီး သင္ပညာေရး ေက်ာင္းမ်ားက ျမန္မာတစ္မ်ိဳးသားလုံးအတြက္ ေလာကီ ေလာကုတၱရာ ႏွစ္ျဖာေသာ အက်ိဳးစီးပြား တိုးတက္ေစရန္ ရည္သန္၍ ဆက္လက္သင္ၾကားေပးခဲ့ပါေၾကာင္း။

အဂၤလိပ္တို႔ ေအာက္ျမန္မာႏိုင္ငံကို သိမ္းပိုက္ၿပီး ၁၅ ႏွစ္မွ် ပညာေရးကို တာဝန္ မယူဘဲ လ်စ္လ်ဴရႈထားခဲ့ရာ ၁၈၆၆ ခုႏွစ္တြင္ ကိုလိုနီပညာေရးကို စတင္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ၎တို႔၏ ပညာေရးစနစ္သည္ ဗ်ဴ႐ိုကေရစီ အုပ္ခ်ဳပ္ေရးယႏၲရားကိုသာ အက်ိဳးျပဳခဲ့သျဖင့္ ျမန္မာတစ္မ်ိဳးသားလုံးက မလိုလားခဲ့ဘဲ ၁၂၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္ တြင္ ပထမေက်ာင္းသားသပိတ္ စတင္ေပၚေပါက္လာခဲ့ၿပီး တစ္ႏိုင္ငံလုံး အမ်ိဳးသားေရးစိတ္ဓာတ္ ပိုမိုႏိုးၾကားလာခဲ့ပါ ေၾကာင္း၊ သပိတ္ေမွာက္ေကာင္စီကႀကီးမႉး၍ ဗဟန္းရွိ ဇရပ္မ်ားတြင္ မူလတန္းမွ အထက္တန္းအထိ ေက်ာင္းသားမ်ားကို စာေပသင္ၾကားရာမွ အမ်ိဳးသားေက်ာင္းမ်ား ေပၚေပါက္လာကာ အမ်ိဳးသားစိတ္ဓာတ္ ပိုမိုႏိုးၾကားလာခဲ့ပါေၾကာင္း၊ ၁၉၂၀ ျပည့္ႏွစ္ တကၠသိုလ္အက္ဥပေဒကို သပိတ္ေမွာက္ၿပီး တစ္ႏွစ္ခန႔္အၾကာတြင္ ေပၚေပါက္လာသည့္ အမ်ိဳးသားေက်ာင္းမ်ား၏ အမ်ိဳးသားပညာေရး၏ ရည္႐ြယ္ခ်က္သည္ ျမန္မာဘာသာကို သင္ၾကားေရးမ႑ိဳင္အျဖစ္အသုံးျပဳၿပီး ျမန္မာစာႏွင့္တကြ ျမန္မာ့ယဥ္ေက်းမႈအစုစုကို ျပဳစုပ်ိဳးေထာင္ေပးရန္ စသည္တို႔ကို ရည္႐ြယ္ခဲ့ပါေၾကာင္း၊ ထို႔ေၾကာင့္ အမ်ိဳးသားေက်ာင္း မ်ား၏အစသည္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားဟု ဆိုႏိုင္ပါေၾကာင္း၊ ယေန႔ အခ်ိန္တြင္ ႏိုင္ငံေတာ္က ပညာေရးက႑ႏွင့္ပတ္သက္၍ အားသြန္ခြန္စိုက္ ႀကိဳးပမ္း ေဆာင္႐ြက္ေနေသာ္လည္း အခ်ိဳ႕ေသာနယ္မ်ားႏွင့္ ဖြံ႕ၿဖိဳးမႈေနာက္က်သည့္ေနရာ ေဒသ မ်ားတြင္ အားနည္းလ်က္ရွိေနပါေၾကာင္း၊ စာတတ္သင့္သည့္အ႐ြယ္မ်ား စာမတတ္ ေျမာက္မႈမ်ားျပားစြာရွိေနပါေၾကာင္း၊ ထို႔ေၾကာင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးအား မူလတန္းအဆင့္အထိ လိုအပ္သည့္ေနရာမ်ားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ သင္ေပးႏိုင္ပါက ႏိုင္ငံေတာ္၏ ပညာေရးမူဝါဒကို ေထာက္ပံ့အားေပးရာေရာက္ၿပီး နယ္စြန္နယ္ဖ်ား ဖြံ႕ၿဖိဳး မႈေနာက္က်ရာေနရာေဒသရွိ ျမန္မာႏိုင္ငံသား လူငယ္၊ လူ႐ြယ္မ်ား၏ ပညာေရးကို အားေပးရာလည္း ေရာက္မည္ျဖစ္ပါေၾကာင္း၊ ဘုန္းေတာ္ႀကီးသင္ပညာေရးစနစ္ကိုလည္း ဆရာေတာ္ႀကီးမ်ားအေနျဖင့္ အားေပးခ်ီးျမႇင့္ေပးႏိုင္ပါရန္ ေလွ်ာက္ထားအပ္ပါေၾကာင္း။

ဘုရားတပည့္ေတာ္တို႔၏ ႏိုင္ငံသည္ ဗုဒၶဘာသာအား အမ်ားစုကိုးကြယ္ဆည္းကပ္ ေနၾကသူမ်ားျဖစ္ၿပီး ျမန္မာ့ယဥ္ေက်းမႈ အရပ္ရပ္တြင္ရွိေသာ အဆုံးအမမ်ား၊ ယဥ္ေက်းမႈ မ်ား၊ လိုက္နာရမည့္ က်င့္ဝတ္မ်ား၊ နီတိမ်ားသည္ ဗုဒၶဘာသာအဆုံးအမမ်ားအေပၚတြင္ မ်ားစြာအေျခခံလ်က္ရွိပါေၾကာင္း၊ ဤကဲ့သို႔ ျမန္မာ့ယဥ္ေက်းမႈ၏ ေရေသာက္ျမစ္ ျဖစ္ ေသာ ဗုဒၶသာသနာေတာ္ စည္ပင္ျပန႔္ပြားေရး၊ သာသနာေတာ္သန႔္ရွင္းေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည့္ ဆရာေတာ္ဘုရားႀကီးမ်ား၏ သီလ၊ သမာဓိ၊ ပညာ ဂုဏ္ ေက်းဇူးတို႔ကို ပူေဇာ္ေသာအားျဖင့္ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) က ဆရာေတာ္ႀကီးမ်ားအား “အဘိဓဇအဂၢမဟာမဂၤလဓမၼေဇာတိကဓဇ”ဘြဲ႕ ဆက္ကပ္ ျခင္းအား တပည့္ေတာ္အေနျဖင့္မ်ားစြာဝမ္းေျမာက္ဂုဏ္ယူရပါေၾကာင္း။

ဆရာေတာ္ႀကီးမ်ားအေနျဖင့္လည္း သမိုင္းအစဥ္အလာႀကီးမားခဲ့ၿပီး ယေန႔အထိ ျမန္မာတို႔၏ “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ” ျမင့္တက္ ႀကီးပြားေရးကို တစ္စိုက္ မတ္မတ္ေဆာင္႐ြက္လ်က္ရွိသည့္ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) ၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ဆက္လက္၍ ဩဝါဒခ်ီးျမႇင့္ ၾကပ္မတ္ေပးႏိုင္ပါရန္ႏွင့္ တပည့္ေတာ္တို႔ နာယကမ်ားမွလည္း အသင္းႀကီး၏ ရည္႐ြယ္ခ်က္မ်ား ေအာင္ျမင္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ဆရာေတာ္ဘုရားႀကီးမ်ား ကိုယ္က်န္းမာ၊ စိတ္ခ်မ္းသာစြာျဖင့္ သာသနာ့အက်ိဳး ဆက္လက္ေဆာင္႐ြက္ႏိုင္ပါေစေၾကာင္း ဆုေတာင္း ေမတၱာပို႔သပါေၾကာင္း ေလွ်ာက္ထားအပ္ပါေၾကာင္းျဖင့္ ေလွ်ာက္ထားတင္ျပသည္။

ဆက္လက္ၿပီး သတိုးသီရိ အဂၢမဟာမဂၤလ ေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က “သတိုးသီရိ အဂၢမဟာမဂၤလေဇာတိကဓဇ ဘြဲ႕ေတာ္” ေပးအပ္ခ်ီးျမႇင့္ခံရျခင္းႏွင့္ ပတ္သက္၍ ေက်းဇူးတင္စကားေျပာၾကားရာတြင္ ျမန္မာျပည္လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းတြင္ လြတ္လပ္ေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးကို ဦးေဆာင္ခဲ့သည့္ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) ၏ ႏွစ္(၁၀၀) ျပည့္ အမ်ိဳးသားေအာင္ပြဲေန႔အခမ္းအနားႏွင့္ ရဟန္းပုဂၢိဳလ္မ်ား၊ လူပုဂၢိဳလ္မ်ားကို ဘြဲ႕တံဆိပ္ဆက္ကပ္ခ်ီးျမႇင့္ျခင္းအခမ္းအနားတြင္ ေက်းဇူးတင္စကား ေျပာၾကား ခြင့္ရသည့္အတြက္ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း။

ယေန႔အခမ္းအနားတြင္ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) မွ ခ်ီးျမႇင့္ေပးအပ္သည့္ “သတိုးသီရိ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕ေတာ္”ကို လက္ခံရယူျခင္းအေပၚ အေလးအနက္ထား ဂုဏ္ယူအပ္ပါေၾကာင္း၊ အဆိုပါဘြဲ႕တံဆိပ္ အား အသင္းႀကီးမွ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာကို ထြန္းကားျပန႔္ပြားေအာင္ စြမ္းစြမ္းတမံေဆာင္႐ြက္ျခင္း၊ သာသနာေတာ္ျမတ္ႀကီး ေနေရာင္၊ လေရာင္ပမာ ထြန္းကားလာေစရန္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ျခင္း၊ ဘုရားရွင္ကိုယ္ေတာ္ ျမတ္ႀကီး၏ မဂၤလာတရားေတာ္ျမတ္ကို မိမိကိုယ္တိုင္ က်င့္ႀကံအားထုတ္သကဲ့သို႔ အမ်ား ျပည္သူမ်ား က်င့္ႀကံအားထုတ္ႏိုင္ေစရန္ ကူညီႀကိဳးစားေဆာင္႐ြက္ေပးျခင္း၊ ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးေဟာၾကားေတာ္မူေသာ တရားဓမၼမ်ားကို ျပန႔္ပြားလာေအာင္ ေဆာင္႐ြက္ေပးျခင္း၊ ဗုဒၶဘာသာအား ခ်ီးျမႇင့္ေထာက္ပံ့ျခင္း၊ တိုင္းသူျပည္သားမ်ား၏ အက်ိဳးကို ရင္ဝယ္သားသကဲ့သို႔ ေရွးရႈေဆာင္႐ြက္ေပးျခင္းႏွင့္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာကို ဖ်က္ဆီးေႏွာင့္ယွက္မခံရေအာင္ တားဆီးကာကြယ္ေပးျခင္းစသည့္ အေျခခံ အခ်က္မ်ားအေပၚ လုပ္ေဆာင္ႏိုင္မႈမ်ား၊ တာဝန္မ်ားကို ေဆာင္႐ြက္ႏိုင္မႈမ်ားအတြက္ ဘြဲ႕တံဆိပ္ခ်ီးျမႇင့္လက္ခံရရွိျခင္းျဖစ္ပါေၾကာင္း၊ အဆိုပါဘြဲ႕တံဆိပ္တာဝန္မ်ားအေပၚ အေလးအနက္ခံယူလ်က္ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) ၏ “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ” ဆိုသည့္ ေကာင္းျမတ္ေသာရည္႐ြယ္ခ်က္မ်ားအတိုင္း ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသေ႐ြ႕ ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း။

ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) သည္ ၁၉၀၆ ခုႏွစ္ ကတည္းက စတင္သေႏၶတည္ေပါက္ဖြားလာခဲ့သည့္အသင္းႀကီးျဖစ္ၿပီး ယေန႔ဆိုလွ်င္ ႏွစ္ေပါင္း ၁၁၄ ႏွစ္တိုင္ ရွိခဲ့ၿပီျဖစ္ပါေၾကာင္း၊ အသင္းႀကီးကို စတင္တည္ေထာင္ရာတြင္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ စေသာ ေႂကြးေၾကာ္သံမ်ားကိုသာ ျပ႒ာန္းထားေသာ္လည္း ႏိုင္ငံ့အေရး ကိစၥမ်ားကိုလည္း က်ရာအခန္းက႑မွ တစ္တပ္တစ္အားပါဝင္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ အသင္းႀကီးသည္ သီေပါမင္းလက္ထက္တြင္ အဂၤလိပ္တို႔မတရားရယူသြားသည့္ ျမန္မာ တစ္မ်ိဳးသားလုံး၏ အခြင့္အေရးႏွင့္ အမ်ိဳးသားေရးစြမ္းအားတို႔ကို ျပန္လည္ရယူရန္ ဦးေဆာင္ၿပီး ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ထို႔အတူ အဂၤလိပ္လက္ေအာက္တြင္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ၊ ယဥ္ေက်းမႈစသည့္ အေရးဟူသမွ် အဘက္ဘက္မွနိမ့္က်လာ သည့္အတြက္ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး(YMBA)က ဦးေဆာင္ၿပီး တိုင္းျပည္၊ လူမ်ိဳးႏွင့္ သာသနာေတာ္အက်ိဳးကို သယ္ပိုးေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ထို႔ေၾကာင့္ အသင္းႀကီးသည္ ေခတ္၊ စနစ္ ေျပာင္းလဲမႈအဖုံဖုံအၾကားတြင္ ႀကံ့ႀကံ့ခံ ျဖတ္ေက်ာ္လာသည့္ တစ္ခုတည္းေသာ သက္တမ္းအရွည္ဆုံးအသင္းႀကီးလည္းျဖစ္ပါ ေၾကာင္း၊ ယခုကဲ့သို႔ ႏွစ္ေပါင္းတစ္ရာေက်ာ္သည္အထိ တည္ရွိခဲ့ေသာ ဗုဒၶဘာသာ ကလ်ာဏယု၀အသင္းႀကီး(YMBA) ကို အမ်ိဳးကိုခ်စ္စိတ္၊ ႏိုင္ငံကိုခ်စ္စိတ္၊ သာသနာကို ခ်စ္စိတ္တို႔ႏွင့္ ေနာက္ ႏွစ္ေပါင္း၊ ရာေပါင္းမ်ားစြာတိုင္ေအာင္ တည္ရွိေစေရး ေရွ႕သို႔ ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ပါေၾကာင္း။

ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး၏ ရည္႐ြယ္ခ်က္မ်ားျဖစ္ၾကသည့္ အမ်ိဳးသည္ “အမ်ိဳးသားမ်ား၏ တိုးတက္ႀကီးပြားေရး၊ အမ်ိဳးသားေရးႏွင့္သက္ဆိုင္ေသာ အေရးအခင္းမ်ား”၊ ဘာသာသည္ “လူမ်ိဳးတို႔၏ေျပာဆိုေရးသားသည့္ ဘာသာစကား ႏွင့္စာေပ၊ တိုးတက္ႀကီးပြားေရး”၊ ပညာသည္ “မိမိတို႔အမ်ိဳးသားမ်ား အတတ္ပညာ တတ္ေျမာက္ေစေရး”၊ သာသနာသည္ “မိမိတို႔ယုံၾကည္ကိုးကြယ္သည့္ သာသနာေတာ္ႀကီး စည္ပင္တိုးတက္ျပန႔္ပြားေရး”ဆိုသည့္ ကိစၥရပ္မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္ရန္ ဟူသည့္ သေဘာပင္ျဖစ္ပါေၾကာင္း၊ ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး(YMBA)သည္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလ၌ပင္ အသင္းႀကီး၏ရည္႐ြယ္ခ်က္ႏွင့္ပတ္သက္ၿပီး လိုလားခ်က္မွန္သမွ်ကို နယ္ခ်ဲ႕အစိုးရထံ မဆိုင္းမတြေတာင္းဆိုခဲ့ပါေၾကာင္း၊ အမ်ိဳးမ်ိဳး အဖုံဖုံႀကိဳးစားခဲ့ပါေၾကာင္း၊ တစ္ဖက္တစ္လမ္းမွလည္း ပါဝင္ကူညီခဲ့ရျခင္းမ်ိဳးလည္း ရွိပါေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ အမ်ိဳးသားေရးအတြက္ ပဓာနထားကာ ေဆာင္႐ြက္ခဲ့ျခင္း သာျဖစ္ပါေၾကာင္း၊ သမိုင္းအစဥ္အလာ ႀကီးမားသည့္ အသင္းႀကီးအေနျဖင့္ တိုင္းျပည္ အတြက္ က်ရာက႑၊ စြမ္းရာက႑မွ ဦးေဆာင္ေလွ်ာက္လွမ္းလ်က္ရွိပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏွင့္အတူ ေနာင္မ်ိဳးဆက္သစ္မ်ားကိုလည္း ေလွ်ာက္လွမ္းၾကေစလို ေၾကာင္း ဆႏၵျပဳလိုပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ေခတ္ေဟာင္းတြင္ နယ္ခ်ဲ႕တို႔၏ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာအေပၚ ညႇင္းပန္းမႈ ဒဏ္မ်ိဳးစုံကို ဆင္းရဲျခင္းမ်ားစြာႏွင့္ သူမတူေအာင္ခံစားခဲ့ရဖူးၿပီျဖစ္ပါေၾကာင္း၊ မ်က္ေမွာက္ေခတ္ကာလ၌လည္း ႏိုင္ငံတိုင္း သည္ ၎တို႔၏ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ တိုးတက္ႀကီးပြားေစရန္ နည္းမ်ိဳးစုံႏွင့္ ေဆာင္႐ြက္ေနပါေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနႏွင့္လည္း ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး ေသြးစည္းညီၫြတ္စြာႏွင့္ ၎အေရးကိစၥမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သို႔ ေဆာင္႐ြက္ႏိုင္ေအာင္လည္း ဝိုင္အမ္ဘီေဘအသင္းႀကီးက ဦးေဆာင္ ေဆာင္႐ြက္ေပးရန္၊ စံနမူနာျပေပးရန္၊ စည္း႐ုံးေဆာင္႐ြက္ရန္လိုပါေၾကာင္း၊ အားနည္း မသြားေစေရး တိုင္းရင္းသားညီေနာင္အခ်င္းခ်င္း ေသြးကြဲရန္၊ ေသြးခြဲရန္ ႏႈိးေဆာ္ေနၾက သည္ကို ဂ႐ုျပဳမိဖို႔ လိုအပ္ပါေၾကာင္း။

သမိုင္းအစဥ္အလာႀကီးမားသည့္ ျမန္မာ့လြတ္လပ္ေရးဦးေဆာင္ျဖစ္သည့္ ဗုဒၶ ဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) မွ ခ်ီးျမႇင့္အပ္ႏွင္းသည့္ “သတိုးသီရိအဂၢ မဟာမဂၤလဓမၼေဇာတိကဓဇ”ဘြဲ႕ကို လက္ခံရယူႏိုင္ျခင္းအတြက္ ဂုဏ္ယူဝမ္းေျမာက္ ပါေၾကာင္းႏွင့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံမ်ားသား၏ ေကာင္းရာေကာင္းက်ိဳးအတြက္ “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ”လုပ္ငန္းမ်ားကို ခြန္အားရွိသမွ် ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ YMBA အသင္းဒုတိယဥကၠ႒ ဦးရဲထြန္းက ႏွစ္(၁၀၀)ျပည့္ အမ်ိဳး သားေအာင္ပြဲေန႔အေၾကာင္းကိုလည္းေကာင္း၊ တြဲဖက္ဥကၠ႒ ဦးစိန္သန္းက YMBA အသင္းႀကီး၏ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာႏွင့္ပတ္သက္၍ ဆက္လက္လုပ္ေဆာင္ သြားမည့္ မူဝါဒေၾကညာစာတမ္းကိုလည္းေကာင္း အသီးသီးဖတ္ၾကား ေလွ်ာက္ထား ၾကသည္။

ယင္းေနာက္ ဆရာေတာ္ဘုရားႀကီးမ်ားႏွင့္ YMBA အသင္းႀကီး၏ ရာသက္ပန္ နာယကႀကီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သတိုးသီရိ အဂၢမဟာမဂၤလ ေဇာတိက ဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ႏွင့္တက္ေရာက္လာၾကသူမ်ားက “ဗုဒၶသာသနံ စိရံ တိဌတု” သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့ၾကၿပီး ဇာတိမာန္သီခ်င္း ဖြင့္လွစ္၍ အခမ္းအနားကို႐ုပ္သိမ္းလိုက္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။