တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသား ချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar အားVirtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံများက လေးစားရသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ Sri Sri Ravi Shankar အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်လျက်ရှိသည့်အတွက် ငြိမ်းချမ်းရေးဆိုင်ရာများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်သည့် အတွေ့အကြုံများကိုအကြံပြုပြောကြားပေး စေလိုကြောင်းနှင့် မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် နေမှုနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာဆွေးနွေး ပြောကြားသည်။

ထို့နောက် Sri Sri Ravi Shankar က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရသဖြင့် ဝမ်းသာမိပါကြောင်းနှင့် ကြီးမားသည့်တာဝန်ထမ်းဆောင်နေရသည်ကို နားလည်ပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တိုင်းပြည်ကောင်းအောင် ခိုင်ခိုင်မာမာဖြင့် လုပ်ဆောင်နေခြင်းကို မိမိအနေဖြင့် သိရှိနားလည်ပါကြောင်း၊ နိုင်ငံတော်၏တာဝန်များကို အောင်မြင်အောင် စွမ်းဆောင် နိုင်ပါစေရန်လည်း ဆုတောင်းပေးပါကြောင်းဖြင့် ပြန်လည်ပြောကြားပြီး ခေါင်းဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ရာတွင် အရည်အသွေးများစွာလိုအပ်သည့် အခြေအနေများ၊ ပဋိပက္ခများကိုဖြေရှင်းဆောင်ရွက်ရာတွင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်ဆံ၍ နားလည်မှုရှိစွာဖြင့် နေထိုင်ပြောဆိုလုပ်ကိုင်ကြရန် လိုအပ်သည့် အခြေအနေများ၊ မိမိတို့၏ ဘဝကိုဖြတ်သန်းရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်စွာဖြင့်ဖြတ်သန်းရန်လိုပြီး အမြင်မတူ သည့်လူများကြားတွင် ကောင်းမွန်သည့် အကြောင်းအရာများ၊ ဖြစ်စဉ်များနှင့် ကောင်းမွန်သည့် အနာဂတ်တို့ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများ၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရာတွင် မိမိတို့ကျင့်သုံးသည့် နည်းလမ်းများကို ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ခိုင်ခိုင်မာမာဖြင့် ကျင့်သုံးဆောင်ရွက် ပါက အောင်မြင်မည်ဖြစ်သည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လွန်စွာချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်ပြီး မြန်မာ နိုင်ငံကို နိုင်ငံတကာက အလွန်ငြိမ်းချမ်းပြီး အေးချမ်းသာယာမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ကို သိရှိလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ အဖိုးတန်သည့် စကားများကြားသိရသဖြင့် ဝမ်းသာမိပါကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အတိတ်တွင်ဖြစ်ခဲ့သည်များကို အပြစ်တင်နေ၍ရမည်မဟုတ်ဘဲ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင်ရှိနေကြသူများက အနာဂတ်ကို ကောင်းအောင်ဖန်တီးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ များစွာတူညီမှုရှိပြီး ယခုထက်ပိုမိုကောင်းမွန်အကျိုးရှိသည့် ဆက်ဆံမှုများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ Sri Sri Ravi Shankar ၏ အကြံ ပေးပြောကြားချက်များသည်လည်း မိမိတို့ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် များစွာ အကျိုး ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် မိမိအနေဖြင့် ပြင်းပြသည့် စိတ်ဆန္ဒဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ Sri Sri Ravi Shankar အနေဖြင့် မိမိတို့ နိုင်ငံသို့ အလည်အပတ်လာရောက်ရန်ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ Sri Sri Ravi Shankar ကို ၁၉၅၆ ခုနှစ် မေလ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း၌မွေးဖွားခဲ့ကြောင်း၊ ၁၉၈၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအကျိုးအမြတ်မယူ သော ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Living of Art Foundation ကို တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ လူသားတန်ဖိုးများအသင်း (International Association for Human Values-IAHV) ကို ပူးတွဲတည်ထောင်ခဲ့ကြောင်း၊ Sri Sri Ravi Shankar သည် အိန္ဒိယနိုင်ငံ၏ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်စာရင်းဝင်တစ်ဦးဖြစ်သည်သာမက ၎င်းတည်ထောင်ထားသည့် The Living of Art Foundation ကြောင့်လည်း ကမ္ဘာ့နိုင်ငံများသို့ ဩဇာလွှမ်းမိုးမှုရှိသူ တစ်ဦးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများစွာ ကို ကမ္ဘာအနှံ့ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး နှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းပေါင်းများစွာကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဂုဏ်ထူး ဆောင်ဘွဲ့များချီးမြှင့်ပေးအပ်အသိအမှတ်ပြုခံခဲ့ရကြောင်း၊ ထို့အပြင် နိုင်ငံတွင်းရှိ လက်နက်ကိုင်သောင်းကျန်းမှုများနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ မငြိမ်းချမ်းမှု များကိုလည်း ငြိမ်းချမ်းရေးလမ်းစဉ်သို့ ရောက်ရှိအောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သူတစ်ဦး လည်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သမိုင်းဝင်ကမ္ဘာ့ယဉ်ကျေးမှုပွဲတော်ကို ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် အနုပညာရှင်များ၊ နိုင်ငံပေါင်း ၁၅၅ နိုင်ငံ မှ လူပေါင်း ၃ ဒသမ ၇၅ သန်းကျော်တက်ရောက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဒုတိယ အမြင့်ဆုံးဖြစ်သည့် Padma Vibhushan ဆုကို သမ္မတက ၂၀၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ချီးမြှင့်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၂၁ ဆုချီးမြှင့်ခံခဲ့ရကြောင်း၊ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ၊ အထင်ကရပုဂ္ဂိုလ်များနှင့်လည်း ဆွေးနွေးမှုများမကြာခဏပြုလုပ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အိႏၵိယႏိုင္ငံမွ လူသား ခ်င္းစာနာေထာက္ထားမႈေခါင္းေဆာင္ႏွင့္ ၿငိမ္းခ်မ္းေရးသံတမန္ႀကီးတစ္ဦးျဖစ္သည့္ Sri Sri Ravi Shankar အားVirtual Meeting ျဖင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ အိႏၵိယႏိုင္ငံမွ လူသားခ်င္းစာနာေထာက္ထားမႈေခါင္းေဆာင္ႏွင့္ ၿငိမ္းခ်မ္းေရးသံတမန္ႀကီးတစ္ဦးျဖစ္သည့္ Sri Sri Ravi Shankar အား Virtual Meeting ျဖင့္ ေတြ႕ဆုံေဆြးေႏြးသည္။

ထို႔သို႔ ေတြ႕ဆုံေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က

ယခုကဲ့သို႔ ကမာၻ႔ႏိုင္ငံမ်ားက ေလးစားရသည့္ပုဂၢိဳလ္ႀကီးတစ္ဦးႏွင့္ ေတြ႕ဆုံေဆြးေႏြးခြင့္ရသည့္အတြက္ ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ Sri Sri Ravi Shankar အေနျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ကမာၻ႔ႏိုင္ငံမ်ား၏ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္လ်က္ရွိသည့္အတြက္ ၿငိမ္းခ်မ္းေရးဆိုင္ရာမ်ား၊ စိတ္ဓာတ္ပိုင္းဆိုင္ရာမ်ားႏွင့္ ပတ္သက္သည့္ အေတြ႕အႀကဳံမ်ားကိုအႀကံျပဳေျပာၾကားေပး ေစလိုေၾကာင္းႏွင့္ ျမန္မာ့တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ထမ္းေဆာင္ ေနမႈႏွင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ဦးစြာေဆြးေႏြး ေျပာၾကားသည္။

ထို႔ေနာက္ Sri Sri Ravi Shankar က ျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံရသျဖင့္ ဝမ္းသာမိပါေၾကာင္းႏွင့္ ႀကီးမားသည့္တာဝန္ထမ္းေဆာင္ေနရသည္ကို နားလည္ပါေၾကာင္း၊ ဗိုလ္ခ်ဳပ္မႉးႀကီး အေနျဖင့္ တိုင္းျပည္ေကာင္းေအာင္ ခိုင္ခိုင္မာမာျဖင့္ လုပ္ေဆာင္ေနျခင္းကို မိမိအေနျဖင့္ သိရွိနားလည္ပါေၾကာင္း၊ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ေအာင္ျမင္ေအာင္ စြမ္းေဆာင္ ႏိုင္ပါေစရန္လည္း ဆုေတာင္းေပးပါေၾကာင္းျဖင့္ ျပန္လည္ေျပာၾကားၿပီး ေခါင္းေဆာင္ တစ္ဦးအျဖစ္ ေဆာင္႐ြက္ရာတြင္ အရည္အေသြးမ်ားစြာလိုအပ္သည့္ အေျခအေနမ်ား၊ ပဋိပကၡမ်ားကိုေျဖရွင္းေဆာင္႐ြက္ရာတြင္ အခ်င္းခ်င္း တစ္ဦးႏွင့္တစ္ဦး နီးကပ္စြာ ဆက္ဆံ၍ နားလည္မႈရွိစြာျဖင့္ ေနထိုင္ေျပာဆိုလုပ္ကိုင္ၾကရန္ လိုအပ္သည့္ အေျခအေနမ်ား၊ မိမိတို႔၏ ဘ၀ကိုျဖတ္သန္းရာတြင္ တစ္ဦးႏွင့္တစ္ဦး နားလည္စြာျဖင့္ျဖတ္သန္းရန္လိုၿပီး အျမင္မတူ သည့္လူမ်ားၾကားတြင္ ေကာင္းမြန္သည့္ အေၾကာင္းအရာမ်ား၊ ျဖစ္စဥ္မ်ားႏွင့္ ေကာင္းမြန္သည့္ အနာဂတ္တို႔ကို မ်ိဳးဆက္သစ္မ်ားသို႔ လက္ဆင့္ကမ္းေပးႏိုင္ေရး ေဆာင္႐ြက္ၾကရန္ လိုအပ္သည့္ အေျခအေနမ်ား၊ မိမိတို႔အေနျဖင့္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ရာတြင္ မိမိတို႔က်င့္သုံးသည့္ နည္းလမ္းမ်ားကို ကိုယ္ခ်င္းစာတရား လက္ကိုင္ထား၍ ခိုင္ခိုင္မာမာျဖင့္ က်င့္သုံးေဆာင္႐ြက္ ပါက ေအာင္ျမင္မည္ျဖစ္သည့္ အေျခအေနမ်ား၊ အိႏၵိယႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ လြန္စြာခ်စ္ခင္ရင္းႏွီးသည့္ ဆက္ဆံေရးရွိသည့္ ႏိုင္ငံမ်ားျဖစ္ၿပီး ျမန္မာ ႏိုင္ငံကို ႏိုင္ငံတကာက အလြန္ၿငိမ္းခ်မ္းၿပီး ေအးခ်မ္းသာယာမႈရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိသည္ကို သိရွိလာႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုအပ္သည့္ အေျခအေနမ်ားကို ေဆြးေႏြးေျပာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ အဖိုးတန္သည့္ စကားမ်ားၾကားသိရသျဖင့္ ဝမ္းသာမိပါေၾကာင္းႏွင့္ မိမိတို႔ႏိုင္ငံအေနျဖင့္ ျပည္တြင္းပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ အတိတ္တြင္ျဖစ္ခဲ့သည္မ်ားကို အျပစ္တင္ေန၍ရမည္မဟုတ္ဘဲ ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူ၍ ပစၥဳပၸန္တြင္ရွိေနၾကသူမ်ားက အနာဂတ္ကို ေကာင္းေအာင္ဖန္တီးၾကရမည္ ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏွစ္ႏိုင္ငံအေနျဖင့္ သမိုင္းေၾကာင္းအရ၊ ယဥ္ေက်းမႈထုံးတမ္း စဥ္လာမ်ားအရ မ်ားစြာတူညီမႈရွိၿပီး ယခုထက္ပိုမိုေကာင္းမြန္အက်ိဳးရွိသည့္ ဆက္ဆံမႈမ်ားကို ေဖာ္ေဆာင္ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း၊ Sri Sri Ravi Shankar ၏ အႀကံ ေပးေျပာၾကားခ်က္မ်ားသည္လည္း မိမိတို႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားအတြက္ မ်ားစြာ အက်ိဳး ျပဳမည္ဟု ယုံၾကည္ပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ မိမိအေနျဖင့္ ျပင္းျပသည့္ စိတ္ဆႏၵျဖင့္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ Sri Sri Ravi Shankar အေနျဖင့္ မိမိတို႔ ႏိုင္ငံသို႔ အလည္အပတ္လာေရာက္ရန္ဖိတ္ေခၚအပ္ပါေၾကာင္းျဖင့္ ျပန္လည္ ေဆြးေႏြး ေျပာၾကားခဲ့သည္။

အဆိုပါ Sri Sri Ravi Shankar ကို ၁၉၅၆ ခုႏွစ္ ေမလ ၁၃ ရက္တြင္ အိႏၵိယႏိုင္ငံ ေတာင္ပိုင္း၌ေမြးဖြားခဲ့ေၾကာင္း၊ ၁၉၈၁ ခုႏွစ္တြင္ အျပည္ျပည္ဆိုင္ရာအက်ိဳးအျမတ္မယူ ေသာ ပညာေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအဖြဲ႕အစည္းတစ္ခုျဖစ္သည့္ The Living of Art Foundation ကို တည္ေထာင္ခဲ့ၿပီး ၁၉၉၇ ခုႏွစ္တြင္ အျပည္ျပည္ ဆိုင္ရာ လူသားတန္ဖိုးမ်ားအသင္း (International Association for Human Values-IAHV) ကို ပူးတြဲတည္ေထာင္ခဲ့ေၾကာင္း၊ Sri Sri Ravi Shankar သည္ အိႏၵိယႏိုင္ငံ၏ ဩဇာအႀကီးမားဆုံး ပုဂၢိဳလ္စာရင္းဝင္တစ္ဦးျဖစ္သည္သာမက ၎တည္ေထာင္ထားသည့္ The Living of Art Foundation ေၾကာင့္လည္း ကမာၻ႔ႏိုင္ငံမ်ားသို႔ ဩဇာလႊမ္းမိုးမႈရွိသူ တစ္ဦးျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္းမ်ားစြာ ကို ကမာၻအႏွံ႔ေဆာင္႐ြက္ခဲ့ၿပီး အိႏၵိယႏိုင္ငံ၏ ပညာေရး၊ သဘာ၀ပတ္ဝန္းက်င္အေရး ႏွင့္ လူမႈဘ၀ျမႇင့္တင္ေရးလုပ္ငန္းေပါင္းမ်ားစြာကိုလည္း ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္လည္း အိႏၵိယႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံအသီးသီးမွ ဂုဏ္ထူး ေဆာင္ဘြဲ႕မ်ားခ်ီးျမႇင့္ေပးအပ္အသိအမွတ္ျပဳခံခဲ့ရေၾကာင္း၊ ထို႔အျပင္ ႏိုင္ငံတြင္းရွိ လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားႏွင့္ အေရွ႕အလယ္ပိုင္းေဒသမ်ားရွိ မၿငိမ္းခ်မ္းမႈ မ်ားကိုလည္း ၿငိမ္းခ်မ္းေရးလမ္းစဥ္သို႔ ေရာက္ရွိေအာင္ ၾကားဝင္ေစ့စပ္ေပးႏိုင္ခဲ့သူတစ္ဦး လည္းျဖစ္ေၾကာင္း၊ ၂၀၁၆ ခုႏွစ္တြင္ သမိုင္းဝင္ကမာၻ႔ယဥ္ေက်းမႈပြဲေတာ္ကို က်င္းပခဲ့ၿပီး အိႏၵိယႏိုင္ငံ၊ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီႏွင့္ အႏုပညာရွင္မ်ား၊ ႏိုင္ငံေပါင္း ၁၅၅ ႏိုင္ငံ မွ လူေပါင္း ၃ ဒသမ ၇၅ သန္းေက်ာ္တက္ေရာက္ခဲ့ေၾကာင္း၊ အိႏၵိယႏိုင္ငံ၏ ဒုတိယ အျမင့္ဆုံးျဖစ္သည့္ Padma Vibhushan ဆုကို သမၼတက ၂၀၁၆ ခုႏွစ္၊ မတ္လ ၂၈ ရက္တြင္ ခ်ီးျမႇင့္ခဲ့ၿပီး တစ္ကမာၻလုံးအတိုင္းအတာျဖင့္ ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ ၂၁ ဆုခ်ီးျမႇင့္ခံခဲ့ရေၾကာင္း၊ ကမာၻ႔ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ား၊ အထင္ကရပုဂၢိဳလ္မ်ားႏွင့္လည္း ေဆြးေႏြးမႈမ်ားမၾကာခဏျပဳလုပ္၍ ကမာၻ႔ၿငိမ္းခ်မ္းေရးဆိုင္ရာမ်ားႏွင့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။