တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်၊ ဇန်နဝါရီ – ၂၂

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay A.LISTOPADOV ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander V.FOMIN ၊ ရုရှားတပ်မတော်မှအရာရှိကြီးများနှင့် ရုရှားနိုင်ငံစစ်သံမှူးတို့တက်ရောက်ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ အပြန်အလှန်နှုတ်ခွန်းဆက် စကားများပြောကြားခဲ့ကြသည်။

ထို့နောက် ရုရှား-မြန်မာ နှစ်နိုင်ငံအကျိုးတူဆွေးနွေးပွဲပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ဆွေးနွေးမှုများကို ပြုလုပ်နိုင်ခဲ့သည့်အတွက် များစွာကြိုဆိုဝမ်းမြောက်မိ ပါကြောင်း၊ ယခုခရီးစဉ်သည် အဆွေတော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ၏ ၂၀၂၁ ခုနှစ် နှစ်သစ်အတွင်း ပထမဦးဆုံးသော ပြည်ပခရီးစဉ်ဖြစ်သည်ဟုလည်း သိရှိရပါကြောင်း၊ အဆွေတော်ကာကွယ်ရေးဝန်ကြီးအနေဖြင့် မိမိတို့နိုင်ငံသို့ ယခု အကြိမ်သည် တတိယအကြိမ်လာရောက်ခြင်းဖြစ်ပြီး မိမိအနေဖြင့်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၆ ကြိမ်အထိသွားရောက် လေ့လာလည်ပတ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခြင်းသည် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ခင်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုခိုင်မြဲစေရေးအတွက် များစွာ အထောက်အကူပြုစေနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခက်ခဲသောကာလများကို ဖြတ်သန်းခဲ့ရပြီး ထိုသို့ခက်ခဲသောကာလများကို ဖြတ်သန်းနေရချိန်များတွင် ရုရှားနိုင်ငံ၏ မိတ်ဆွေကောင်းပီသစွာဖြင့် ကူညီဆောင်ရွက်ပေးမှုများကို လေးနက်စွာ အသိအမှတ်ပြုပါကြောင်းဖြင့် ဦးစွာပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ကိုယ်စားလှယ်အဖွဲ့များစွာဖြင့် ချစ်ကြည်ရေးခရီးလာရောက်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုများသည် စစ်ဘက်ဆိုင်ရာနှင့် စစ်ဘက်နည်းပညာဆိုင်ရာများတွင်များစွာအထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက် နေမှုများကြားမှ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံသို့ နှစ်သစ်ကာလတွင် ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်နှစ်ရပ်အကြား ချစ်ခင်ရင်းနှီးမှုများကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့ပြီး ပိုမိုတိုးမြှင့်နိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ အဆွေတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက်ပေးခဲ့သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း လုံခြုံရေးဆိုင်ရာဖိုရမ်အပါအဝင် International Army Games-2020 ၊ မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်း “KAVKAZ-2020” တို့တွင်လည်း မြန်မာတပ်မတော်မှကိုယ်စားလှယ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် COVID-19 ရောဂါဖြစ်ပေါ်မှုများကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အခက်အခဲ ဖြစ်ပေါ်နေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသား များကို မြန်မာ့တပ်မတော်မှ ကူညီခေါ်ဆောင်ပေးခဲ့သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် စတင်ခဲ့ပြီး သံတမန်ဆက်ဆံမှုသက်တမ်း ၇၃ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နည်းပညာလိုအပ်ချက်များအရ ပူးပေါင်းဆောင်ရွက်မှုပုံစံအသစ်များဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် စစ်ဘက်နည်းပညာကဏ္ဍတွင် ပိုမိုတိုးတက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံ၌ ရေရှည်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ် အပြန်အလှန်သွားရောက်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာသည်နှင့်အမျှ နှစ်နိုင်ငံအကြား ဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ပိုမိုတိုးတက်ခိုင်မာလာ မည်ဖြစ်ပါကြောင်း၊ ရုရှားတပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဆိုဗီယက်ပြည်သူလူထု၏ မဟာမျိုးချစ်စစ်ပွဲကြီး(၁၉၄၁-၁၉၄၅)အောင်နိုင်မှု Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားအပါအဝင် ကြီးကျယ်ခမ်းနားသည့် အခမ်းအနားများနှင့် လေ့ကျင့်ခန်းများကို အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်းဖြင့် ပြောကြားသည်။

ဧည့်သည်တော်ဝန်ကြီးက မိမိတို့နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို များစွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM PLUS တွင်လည်း အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြားစစ်ဘက်ဆိုင်ရာ၊ စစ်ဘက်နည်းပညာဆိုင်ရာနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို များစွာအားရကျေနပ်ပါကြောင်းနှင့် ယခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများကို ပြိုင်ပွဲမတိုင်မီ ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များနှင့် လက်ရုံးတပ်ဖွဲ့များ၏ စွမ်းရည်တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားစေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးနှင့်ချစ် ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံကမ္ဘာလှည့်ခရီးသွားကဏ္ဍတိုးမြှင့်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဓားကို ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Federal Service for Military Technical Cooperation(FSMTC) မှ ချီးမြှင့်သည့်ဂုဏ်ထူးဆောင် ထူးချွန်ဆုတံဆိပ်ကို တပ်ဆင်ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ပန်းခွေချ အလေးပြုခဲ့ပြီး သူရဲကောင်းဗိမာန်အတွင်း လေ့လာကြည့်ရှုခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergey K.SHOIGU အား ဂုဏ္ျပဳႀကိဳဆို၊ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergey K.SHOIGU အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆို သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ ေရးဝန္ႀကီးတို႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို ၾကည့္ရႈစစ္ေဆးသည္။ ယင္းေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနားတက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါ ဂုဏ္ျပဳႀကိဳဆိုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီး မ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ျမင့္ႏြယ္တို႔ တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွား ဖက္ဒေရးရွင္း ႏိုင္ငံသံအမတ္ႀကီး H.E. Dr. Nikolay A.LISTOPADOV ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီး Colonel General Alexander V.FOMIN ၊ ႐ုရွား တပ္မေတာ္မွအရာရွိႀကီးမ်ားႏွင့္ ႐ုရွားႏိုင္ငံစစ္သံမႉးတို႔တက္ေရာက္ၾကသည္။

ထို႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံကာကြယ္ေရးဝန္ႀကီးသည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ေတြ႕ဆုံ၍ အျပန္အလွန္ႏႈတ္ခြန္းဆက္ စကားမ်ားေျပာၾကားခဲ့ၾကသည္။

ထို႔ေနာက္ ႐ုရွား-ျမန္မာ ႏွစ္ႏိုင္ငံအက်ိဳးတူေဆြးေႏြးပြဲျပဳလုပ္ခဲ့ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ COVID-19 ကမာၻ႔ကပ္ေရာဂါ ျဖစ္ပြားေနစဥ္ကာလ အတြင္း ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးလာေရာက္၍ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား ေဆြးေႏြးမႈမ်ားကို ျပဳလုပ္ႏိုင္ခဲ့သည့္အတြက္ မ်ားစြာႀကိဳဆိုဝမ္းေျမာက္မိ ပါေၾကာင္း၊ ယခုခရီးစဥ္သည္ အေဆြေတာ္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး ၏ ၂၀၂၁ ခုႏွစ္ ႏွစ္သစ္အတြင္း ပထမဦးဆုံးေသာ ျပည္ပခရီးစဥ္ျဖစ္သည္ဟုလည္း သိရွိရပါေၾကာင္း၊ အေဆြေတာ္ကာကြယ္ေရးဝန္ႀကီးအေနျဖင့္ မိမိတို႔ႏိုင္ငံသို႔ ယခု အႀကိမ္သည္ တတိယအႀကိမ္လာေရာက္ျခင္းျဖစ္ၿပီး မိမိအေနျဖင့္လည္း ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံသို႔ ၆ ႀကိမ္အထိသြားေရာက္ ေလ့လာလည္ပတ္ခဲ့ပါေၾကာင္း၊ ထိုကဲ့သို႔ အျပန္အလွန္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား သြားေရာက္ျခင္းသည္ ႏွစ္ႏိုင္ငံႏွင့္တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ခင္ရင္းႏွီးမႈႏွင့္ အျပန္အလွန္ယုံၾကည္မႈမ်ား ပိုမိုခိုင္ၿမဲေစေရးအတြက္ မ်ားစြာ အေထာက္အကူျပဳေစႏိုင္မည္ ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ ခက္ခဲေသာ ကာလမ်ားကို ျဖတ္သန္းခဲ့ရၿပီး ထိုသို႔ခက္ခဲေသာကာလမ်ားကို ျဖတ္သန္းေနရခ်ိန္ မ်ားတြင္ ႐ုရွားႏိုင္ငံ၏ မိတ္ေဆြေကာင္းပီသစြာျဖင့္ ကူညီေဆာင္႐ြက္ေပးမႈမ်ားကို ေလးနက္စြာ အသိအမွတ္ျပဳပါေၾကာင္းျဖင့္ ဦးစြာေျပာၾကားသည္။

ယင္းေနာက္ ဧည့္သည္ေတာ္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးက ယခုကဲ့သို႔ ကိုယ္စားလွယ္အဖြဲ႕မ်ားစြာျဖင့္ ခ်စ္ၾကည္ေရးခရီးလာေရာက္ရသည့္အတြက္ မ်ားစြာဝမ္းေျမာက္မိပါေၾကာင္းႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားသည္ စစ္ဘက္ဆိုင္ရာႏွင့္ စစ္ ဘက္နည္းပညာဆိုင္ရာမ်ားတြင္ မ်ားစြာအေထာက္အကူျဖစ္ေစႏိုင္မည္ဟု ယုံၾကည္ပါ ေၾကာင္း၊ မိမိအေနျဖင့္ လက္ရွိျဖစ္ပြားေနသည့္ COVID-19 ကမာၻ႔ကပ္ေရာဂါကူးစက္ ေနမႈမ်ားၾကားမွ ႏွစ္ႏိုင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အရွိန္အဟုန္ျမႇင့္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔ေဆာင္႐ြက္ႏိုင္ ရန္အတြက္လည္း ျမန္မာႏိုင္ငံသို႔ ႏွစ္သစ္ကာလတြင္ ပထမဦးဆုံး ျပည္ပခရီးစဥ္အျဖစ္ လာေရာက္ျခင္းျဖစ္ပါေၾကာင္း၊ မိမိတို႔တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ခင္ရင္းႏွီးမႈမ်ားကို ေအာင္ျမင္ေအာင္ တည္ေဆာက္ႏိုင္ခဲ့ၿပီး ပိုမိုတိုးျမႇင့္ႏိုင္ေရး ဆက္လက္ေဆြးေႏြးသြား မည္ျဖစ္ပါေၾကာင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၏ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ အေဆြေတာ္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္တက္ေရာက္ေပးခဲ့သည့္အတြက္လည္း မ်ားစြာေက်းဇူး တင္ရွိပါေၾကာင္း၊ ထို႔ျပင္ ၂၀၂၀ ျပည့္ႏွစ္အတြင္း လုံၿခဳံေရးဆိုင္ရာဖိုရမ္အပါအဝင္ International Army Games-2020 ၊ မဟာဗ်ဴဟာေျမာက္ စစ္ဦးစီးေလ့က်င့္ခန္း “KAVKAZ-2020” တို႔တြင္လည္း ျမန္မာတပ္မေတာ္မွကိုယ္စားလွယ္အဖြဲ႕မ်ား ပူးေပါင္းေဆာင္႐ြက္ ႏိုင္ခဲ့ပါေၾကာင္း၊ ထို႔ျပင္ COVID-19 ေရာဂါျဖစ္ေပၚမႈမ်ားေၾကာင့္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသို႔ ျပန္လည္ထြက္ခြာရန္အခက္အခဲ ျဖစ္ေပၚေနသည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသား မ်ားကို ျမန္မာ့တပ္မေတာ္မွ ကူညီေခၚေဆာင္ေပးခဲ့သည့္အတြက္လည္း မ်ားစြာေက်းဇူး တင္ရွိပါေၾကာင္းျဖင့္ ျပန္လည္ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔ႏွစ္ႏိုင္ငံ၏ သံတမန္ ဆက္ဆံေရးကို ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္တြင္ စတင္ခဲ့ၿပီး သံတမန္ဆက္ဆံ မႈသက္တမ္း ၇၃ ႏွစ္ျပည့္ေျမာက္ေတာ့မည္ျဖစ္ပါေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား မဟာဗ်ဴဟာေျမာက္ ကာကြယ္ေရးဆိုင္ရာ ဆက္ဆံေရးႏွင့္ စစ္ဘက္နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈက႑မ်ားတြင္ စဥ္ဆက္မျပတ္တိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ ပါေၾကာင္း၊ နည္းပညာလိုအပ္ခ်က္မ်ားအရ ပူးေပါင္းေဆာင္႐ြက္မႈပုံစံအသစ္မ်ားျဖင့္ ေဆာင္႐ြက္ႏိုင္ခဲ့သည့္အတြက္ စစ္ဘက္နည္းပညာက႑တြင္ ပိုမိုတိုးတက္ခဲ့ေၾကာင္း၊ ဆက္လက္၍လည္း တပ္မေတာ္ႏွစ္ရပ္အၾကား က႑ေပါင္းစုံ၌ ေရရွည္ပိုမိုတိုးတက္ ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ား ခ်စ္ၾကည္ေရးခရီးစဥ္ အျပန္အလွန္သြားေရာက္ျခင္းျဖင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပိုမိုတိုးတက္ခိုင္မာလာေစမည္ျဖစ္ပါေၾကာင္း၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပိုမိုတိုးတက္ခိုင္မာလာသည္ႏွင့္အမွ် ႏွစ္ႏိုင္ငံ အၾကား ဆက္ဆံမႈမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္လည္း ပိုမိုတိုးတက္ခိုင္မာလာ မည္ျဖစ္ပါေၾကာင္း၊ ႐ုရွားတပ္မေတာ္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ဆိုဗီယက္ျပည္သူ လူထု၏ မဟာမ်ိဳးခ်စ္စစ္ပြဲႀကီး(၁၉၄၁-၁၉၄၅)ေအာင္ႏိုင္မႈ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္စစ္ေရးျပ အခမ္းအနားအပါအဝင္ ႀကီးက်ယ္ခမ္းနားသည့္ အခမ္းအနားမ်ားႏွင့္ ေလ့က်င့္ခန္းမ်ားကို အခက္အခဲမ်ားၾကားမွ ေအာင္ျမင္စြာက်င္းပျပဳလုပ္ႏိုင္ခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ဧည့္သည္ေတာ္ဝန္ႀကီးက မိမိတို႔ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္ဆိုင္ ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို မ်ားစြာေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခုႏွစ္တြင္လည္း စစ္ဘက္ ဆိုင္ရာေဆြးေႏြးပြဲမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ အာဆီယံအေပါင္း ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝး ADMM PLUS တြင္လည္း အၾကမ္းဖက္မႈ တားဆီး ကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးသြားမည္ျဖစ္ပါေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္ အၾကားစစ္ဘက္ဆိုင္ရာ၊ စစ္ဘက္နည္းပညာဆိုင္ရာႏွင့္ အျခားက႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို မ်ားစြာအားရေက်နပ္ပါေၾကာင္းႏွင့္ ယခုႏွစ္အတြင္း ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံတြင္ျပဳလုပ္သည့္ စစ္ဘက္ဆိုင္ရာေလ့က်င့္ခန္းမ်ားတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္သူမ်ားကို ၿပိဳင္ပြဲမတိုင္မီ ႀကိဳတင္ေလ့က်င့္မႈမ်ား ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးတို႔သည္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္နည္းပညာပူး ေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား၊ ေလ့က်င့္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)တပ္ဖြဲ႕မ်ားႏွင့္ လက္႐ုံးတပ္ဖြဲ႕မ်ား၏ စြမ္းရည္တိုးတက္ေရး ဆိုင္ရာကိစၥရပ္မ်ား၊ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားေစလႊတ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ အၾကမ္းဖက္မႈတားဆီးကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္း ေရးဆိုင္ရာကိစၥရပ္မ်ား၊ ျမန္မာႏိုင္ငံ၏လက္ရွိျဖစ္ေပၚေနသည့္ အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္လည္ပတ္ေရးႏွင့္ခ်စ္ ၾကည္ရင္းႏွီးမႈတိုးျမႇင့္ေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ား၊ လူသားခ်င္းစာနာ ေထာက္ထား မႈဆိုင္ရာက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားႏွင့္ ႏွစ္ႏိုင္ငံကမာၻ လွည့္ခရီးသြားက႑တိုးျမႇင့္ႏိုင္မည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္း ဖလွယ္ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံေဆြးေႏြးပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုရွားဖက္ဒေရး ရွင္း ႏိုင္ငံကာကြယ္ေရးဝန္ႀကီးအား ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏွင့္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံတို႔၏ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ တည္တံ့ခိုင္ၿမဲေရးကို ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ ဂုဏ္ထူးေဆာင္ဓားကို ဂုဏ္ျပဳေပးအပ္ ခ်ီးျမႇင့္သည္။ ထို႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံကာကြယ္ေရးဝန္ႀကီးက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား ႏွစ္ႏိုင္ငံ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္ မ်ားတြင္ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့သည့္အတြက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စစ္ဘက္ နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးဖက္ဒရယ္အဖြဲ႕ Federal Service for Military Technical Cooperation(FSMTC) မွ ခ်ီးျမႇင့္သည့္ဂုဏ္ထူးေဆာင္ ထူးခြၽန္ဆုတံဆိပ္ကို တပ္ဆင္ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ ခဲ့ၾကသည္။

ယေန႔နံနက္ပိုင္းတြင္လည္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ားသည္ သူရဲေကာင္းဗိမာန္(ေနျပည္ေတာ္)သို႔ သြားေရာက္၍ ပန္းေခြခ် အေလးျပဳခဲ့ၿပီး သူရဲေကာင္းဗိမာန္အတြင္း ေလ့လာၾကည့္ရႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။