နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ အဖွဲ့အစည်းများကို တာဝန်ပေးခြင်းများရှိကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများအား ဖြေရှင်းပေးရန်နှင့် ယင်းသို့ ဖြေရှင်းဆောင်ရွက်ပြီးမှသာ ကျန်ရှိသည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် တပ်မတော်အနေဖြင့် တောင်းဆိုခဲ့ကြောင်း၊ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ယင်းအဆင့်မှာ မဖြစ်နိုင်ခဲ့ဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ် အခြေအနေကြေညာသည့်အဆင့်အထိ ရောက်ခဲ့ရကြောင်း၊ မိမိတို့လိုလားချက်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆောင်ရွက်ခဲ့သည့် မဲစာရင်းနှင့်ပတ်သက်၍ အခြေအနေ အမှန်အတိုင်း ဖြစ်စေရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းမှာ ဥပဒေ အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ယခုကဲ့သို့ အရေးပေါ် အခြေအနေ ကြေညာသော်လည်း လုပ်ငန်းများရပ်ဆိုင်းထား၍မရကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးပါကြောင်း၊ ဝန်ကြီးများတာဝန်ပေးအပ် ရာတွင် လုပ်ငန်းအတွေ့အကြုံရှိသူ၊ အရည်အချင်းရှိသူ ပုဂ္ဂိုလ်များကိုသာ ရွေးချယ် တာဝန်ပေးခြင်း ဖြစ်ကြောင်း။

အလားတူပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအား တာဝန်ပေးအပ်ရာတွင် လည်း အတွေ့အကြုံရှိသူ၊ အရည်အချင်းရှိသူ၊ မိမိတို့သွားနေသည့်လမ်းကြောင်း ပေါ်တွင် မှန်မှန်ကန်ကန်ရပ်တည်ဆောင်ရွက်မည့်သူများကို စဉ်းစားကာ တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေရာအားလုံးမှာ အရေးကြီးသည့် နေရာများဖြစ်ပါ ကြောင်း၊ ထို့ကြောင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံး စည်းကမ်းနှင့်အညီ ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စည်းကမ်းနှင့် လုပ်သည်ဆို၍ အရှိန်ရပ်နေ၍ မရပါကြောင်း လုပ်စရာရှိသည်များ ရှေ့ဆက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကြေညာသည့် အရေးပေါ်ကာလသည်တစ်နှစ်သာဖြစ်ပါကြောင်း၊ တစ်နှစ် ဖြစ်သည့် အတွက် တစ်နှစ်အတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှာ ကာလတို၊ ကာလ ရှည်လုပ်ဆောင်ရမည့် အရာများရှိပါကြောင်း၊ အဓိကအားဖြင့် ကာလတိုအတွင်း လတ်တလောဖြေရှင်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို စည်းကမ်းနှင့်အညီ ထက်ထက်မြက်မြက် ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ အတွေ့အကြုံများအား အသုံးချဆောင်ရွက်ပေးစေလိုကြောင်း။

မိမိအနေဖြင့် တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်များသည် အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်အားထားပါကြောင်း၊ အားလုံးမိမိတို့နှင့်အတူ လက်တွဲလုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း၊ တပ်မတော် စတင်တာဝန်ယူကတည်းက ကြေညာပြီးဖြစ်ကြောင်း၊ မိမိတို့သည် ခေတ္တထိန်းပေး သည့်သဘော ဖြစ်ကြောင်း၊ ခေတ္တ ထိန်းပေးရာတွင် နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေး နှင့်ပတ်သက်သည့်မူဝါဒ၊ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒလုံးဝပြောင်းလဲ မည်မဟုတ်ကြောင်း၊ လက်ရှိသွားနေသည့် နိုင်ငံရေး လမ်းစဉ်အပေါ်တွင် လုံးဝပြောင်း လဲခြင်း မရှိကြောင်း၊ ယင်းအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ကို ပြောကြား လိုကြောင်း၊ ယင်းအတွက် တိုင်းပြည်၊ ပြည်သူလူထုအနေဖြင့် ပူပန်ကြောင့် ကြစွာဖြင့် ရှိနေချိန်တွင် မိမိတို့၏လုပ်ဆောင်ချက်ဖြင့် ပြည်သူများအား စိတ်အေးလက်အေး နှင့် အလုပ်လုပ်ကိုင်နိုင်ရန် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည် ကြောင်း။

မိမိတို့အနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒအနေဖြင့် ပြောင်းလဲစရာ အကြောင်းမရှိကြောင်း၊ ဆောက်လုပ်ဆဲ လမ်း၊ တံတားလုပ်ငန်းများ၊ တည်ဆောက် ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ဝန်ကြီး ဌာနများနှင့် လုပ်ဆောင်နေသည့်ကဏ္ဍများရှိကြောင်း၊ ယင်းလုပ်ငန်းများကို စည်းကမ်း နှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲတွင် တိုင်ကြားမှု များရှိသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငန်း များကို ပြန်လည်စိစစ်ပြီးမှ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်ကြားမှုများ၊ ပြဿနာများမရှိဘဲ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ဆောင် နေသည့် လုပ်ငန်းများကို ဆက်လက်ခွင့်ပြုသွားရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မရပ်ထားဘဲ ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းရှင်များကို ပြောကြား ထားပြီးဖြစ်ပါကြောင်း။

သို့မှသာ လုပ်သားများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကြမည်ဖြစ်ကြောင်း၊ ဝင်ငွေရရှိမှ လူမှုစီးပွားများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း COVID-19 နှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို အလေးထား လိုက်နာရမည်ဖြစ်ကြောင်း၊ မလေးစား၊ မလိုက်နာသည့် လုပ်ငန်းများကို ရပ်ဆိုင်း ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများနှင့် လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်လျှင် မိမိတို့အနေဖြင့် ခွင့်မပြုနိုင်စရာ အကြောင်းမရှိကြောင်း။
တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ပေးကြရန်နှင့် စာရင်းဇယား များ မှန်မှန်ကန်ကန်ဖြစ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားပြီး ဖြစ်ပါကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများအားလုံးကို စာရင်းဇယား အတိုင်း၊ စာရင်းစစ်၏ Process အတိုင်း မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ညှိ၍ ဆောင်ရွက်ခြင်းများ ဖြစ်မလာစေရန် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုး၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထောင်စုရှေ့ နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေတို့က ဌာနအ လိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် COVID-19 ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးတုန့်ဆိုင်းလျက်ရှိ ကြောင်း၊ ထို့ကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပို့ဆောင်ဆက်သွယ်ရေးစသည့်ကဏ္ဍများ အားလုံးကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ပတွင်ကောလာ ဟသတင်းများထွက်ပေါ်နေသည့် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ တန်ငွေစက္ကူများ ဖျက်သိမ်းမည်ဆိုသော သတင်းမှားများပျံ့နှံ့ခဲ့မှုကြောင့် အဆိုပါသတင်းများမှန်ကန်မှု မရှိကြောင်းကို နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများသည် ဌာနများ၊ အဖွဲ့အစည်းများ၏ အဆုံးအဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် လုပ်ငန်းများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဥပဒေ၊ စည်းကမ်းများ နှင့်အညီ ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္း ေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုး၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးခင္ေမာင္ရီ၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေ႐ႊေလး၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ ေဒၚသီတာဦး၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ေဒါက္တာ ကံေဇာ္၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ ဥကၠ႒ ဦးသန္းေဆြ၊ ေနျပည္ေတာ္ ေကာင္စီ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ႏိုင္ႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ဦးသန္းညိန္းတို႔ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အမွာစကားေျပာၾကားရာတြင္ ျပည္ေထာင္စုအဆင့္ဝန္ႀကီးမ်ား၊ အဖြဲ႕အစည္းမ်ားကို တာဝန္ေပးျခင္းမ်ားရွိေၾကာင္း၊ ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွားယြင္းမႈမ်ားအား ေျဖရွင္းေပးရန္ႏွင့္ ယင္းသို႔ ေျဖရွင္းေဆာင္႐ြက္ၿပီးမွသာ က်န္ရွိသည့္လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ရန္ တပ္မေတာ္အေနျဖင့္ ေတာင္းဆိုခဲ့ေၾကာင္း၊ သို႔ေသာ္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယင္းအဆင့္မွာ မျဖစ္ႏိုင္ခဲ့ဘဲ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁ ရက္တြင္ အေရးေပၚ အေျခအေနေၾကညာသည့္အဆင့္အထိ ေရာက္ခဲ့ရေၾကာင္း၊ မိမိတို႔လိုလားခ်က္မွာ ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ေဆာင္႐ြက္ခဲ့သည့္ မဲစာရင္းႏွင့္ပတ္သက္၍ အေျခအေန အမွန္အတိုင္း ျဖစ္ေစရန္အတြက္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ယင္းမွာ ဥပေဒ အတိုင္း လုပ္ေဆာင္ရမည္ျဖစ္ပါေၾကာင္း၊ ဒုတိယအေနျဖင့္ ယခုကဲ့သို႔ အေရးေပၚ အေျခအေန ေၾကညာေသာ္လည္း လုပ္ငန္းမ်ားရပ္ဆိုင္းထား၍မရေၾကာင္း၊ ထို႔ေၾကာင့္သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားတြင္ လုပ္ငန္းမ်ားအရွိန္အဟုန္မပ်က္ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ ျပည္ေထာင္စုဝန္ႀကီးမ်ား ခန႔္အပ္တာဝန္ေပးပါေၾကာင္း၊ ဝန္ႀကီးမ်ားတာဝန္ေပးအပ္ ရာတြင္ လုပ္ငန္းအေတြ႕အႀကဳံရွိသူ၊ အရည္အခ်င္းရွိသူ ပုဂၢိဳလ္မ်ားကိုသာ ေ႐ြးခ်ယ္ တာဝန္ေပးျခင္း ျဖစ္ေၾကာင္း။

အလားတူျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားအား တာဝန္ေပးအပ္ရာတြင္ လည္း အေတြ႕အႀကဳံရွိသူ၊ အရည္အခ်င္းရွိသူ၊ မိမိတို႔သြားေနသည့္လမ္းေၾကာင္း ေပၚတြင္ မွန္မွန္ကန္ကန္ရပ္တည္ေဆာင္႐ြက္မည့္သူမ်ားကို စဥ္းစားကာ တာဝန္ ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေနရာအားလုံးမွာ အေရးႀကီးသည့္ ေနရာမ်ားျဖစ္ပါ ေၾကာင္း၊ ထို႔ေၾကာင့္ လုပ္သင့္လုပ္ထိုက္သည္မ်ားအားလုံး စည္းကမ္းႏွင့္အညီ ျဖစ္ေစရန္ လိုအပ္ပါေၾကာင္း၊ ထို႔ျပင္ စည္းကမ္းႏွင့္ လုပ္သည္ဆို၍ အရွိန္ရပ္ေန၍ မရပါေၾကာင္း လုပ္စရာရွိသည္မ်ား ေရွ႕ဆက္ေဆာင္႐ြက္သြား ရမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ေၾကညာသည့္ အေရးေပၚကာလသည္တစ္ႏွစ္သာျဖစ္ပါေၾကာင္း၊ တစ္ႏွစ္ ျဖစ္သည့္ အတြက္ တစ္ႏွစ္အတြင္း ေဆာင္႐ြက္ႏိုင္သည့္ လုပ္ငန္းမွာ ကာလတို၊ ကာလ ရွည္လုပ္ေဆာင္ရမည့္ အရာမ်ားရွိပါေၾကာင္း၊ အဓိကအားျဖင့္ ကာလတိုအတြင္း လတ္တေလာေျဖရွင္းေဆာင္႐ြက္ ေပးရမည့္ကိစၥရပ္မ်ားကို စည္းကမ္းႏွင့္အညီ ထက္ထက္ျမက္ျမက္ ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ မိမိတို႔ အေတြ႕အႀကဳံမ်ားအား အသုံးခ်ေဆာင္႐ြက္ေပးေစလိုေၾကာင္း။

မိမိအေနျဖင့္ တာဝန္ေပးအပ္သည့္ ပုဂၢိဳလ္မ်ားသည္ အေတြ႕အႀကဳံရွိသည့္ ပုဂၢိဳလ္မ်ားကို ေ႐ြးခ်ယ္တာဝန္ေပးျခင္း ျဖစ္ပါေၾကာင္း၊ မိမိတို႔၏ သက္ဆိုင္ရာ ဌာနအလိုက္ ေဆာင္႐ြက္ေပးရမည့္ ကိစၥရပ္မ်ားကို မွန္မွန္ကန္ကန္၊ ျမန္ျမန္ဆန္ဆန္ အေကာင္းဆုံးျဖစ္ရန္ ေဆာင္႐ြက္ေပးႏိုင္မည္ဟု ယုံၾကည္အားထားပါေၾကာင္း၊ အားလုံးမိမိတို႔ႏွင့္အတူ လက္တြဲလုပ္ေဆာင္ေပးရန္ ေမတၱာရပ္ခံေၾကာင္း၊ တပ္မေတာ္ စတင္တာဝန္ယူကတည္းက ေၾကညာၿပီးျဖစ္ေၾကာင္း၊ မိမိတို႔သည္ ေခတၱထိန္းေပး သည့္သေဘာ ျဖစ္ေၾကာင္း၊ ေခတၱ ထိန္းေပးရာတြင္ ႏိုင္ငံျခားေရး မူဝါဒ၊ အုပ္ခ်ဳပ္ေရး ႏွင့္ပတ္သက္သည့္မူဝါဒ၊ စီးပြားေရးႏွင့္ ပတ္သက္သည့္ မူဝါဒလုံးဝေျပာင္းလဲ မည္မဟုတ္ေၾကာင္း၊ လက္ရွိသြားေနသည့္ ႏိုင္ငံေရး လမ္းစဥ္အေပၚတြင္ လုံးဝေျပာင္း လဲျခင္း မရွိေၾကာင္း၊ ယင္းအတိုင္း ဆက္လက္ေဆာင္႐ြက္ သြားမည္ကို ေျပာၾကား လိုေၾကာင္း၊ ယင္းအတြက္ တိုင္းျပည္၊ ျပည္သူလူထုအေနျဖင့္ ပူပန္ေၾကာင့္ ၾကစြာျဖင့္ ရွိေနခ်ိန္တြင္ မိမိတို႔၏လုပ္ေဆာင္ခ်က္ျဖင့္ ျပည္သူမ်ားအား စိတ္ေအးလက္ေအး ႏွင့္ အလုပ္လုပ္ကိုင္ႏိုင္ရန္ ေဖာ္ေဆာင္ေပးႏိုင္မည္ဟု ယုံၾကည္ ေၾကာင္း။

မိမိတို႔အေနျဖင့္လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ မူဝါဒအေနျဖင့္ ေျပာင္းလဲစရာ အေၾကာင္းမရွိေၾကာင္း၊ ေဆာက္လုပ္ဆဲ လမ္း၊ တံတားလုပ္ငန္းမ်ား၊ တည္ေဆာက္ ေရးလုပ္ငန္းမ်ား၊ ပုဂၢလိကက႑မ်ားႏွင့္ လုပ္ေဆာင္ေနသည့္ ကိစၥရပ္မ်ား၊ ဝန္ႀကီး ဌာနမ်ားႏွင့္ လုပ္ေဆာင္ေနသည့္က႑မ်ားရွိေၾကာင္း၊ ယင္းလုပ္ငန္းမ်ားကို စည္းကမ္း ႏွင့္အညီ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ပုဂၢလိကႏွင့္ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားထဲတြင္ တိုင္ၾကားမႈ မ်ားရွိသည့္ လုပ္ငန္းမ်ားရွိေၾကာင္း၊ ယင္းလုပ္ငန္း မ်ားကို ျပန္လည္စိစစ္ၿပီးမွ ဆက္လက္လုပ္ေဆာင္သြားရမည္ျဖစ္ပါေၾကာင္း၊ တိုင္ၾကားမႈမ်ား၊ ျပႆနာမ်ားမရွိဘဲ တိုင္းျပည္အတြက္ အက်ိဳးရွိေအာင္ လုပ္ေဆာင္ ေနသည့္ လုပ္ငန္းမ်ားကို ဆက္လက္ခြင့္ျပဳသြားရမည္ျဖစ္ပါေၾကာင္း၊ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားကို မရပ္ထားဘဲ ဆက္လက္လုပ္ေဆာင္ရန္ လုပ္ငန္းရွင္မ်ားကို ေျပာၾကား ထားၿပီးျဖစ္ပါေၾကာင္း။

သို႔မွသာ လုပ္သားမ်ား အလုပ္အကိုင္ႏွင့္ ဝင္ေငြရရွိၾကမည္ျဖစ္ေၾကာင္း၊ ဝင္ေငြရရွိမွ လူမႈစီးပြားမ်ား ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း COVID-19 ႏွင့္ပတ္သက္ၿပီး သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားကို အေလးထား လိုက္နာရမည္ျဖစ္ေၾကာင္း၊ မေလးစား၊ မလိုက္နာသည့္ လုပ္ငန္းမ်ားကို ရပ္ဆိုင္း ရမည္ျဖစ္ေၾကာင္း၊ လုပ္ငန္းမ်ား ေဆာင္႐ြက္သည့္အခါ ကိုဗစ္ကာကြယ္ေရး နည္းလမ္းမ်ားႏွင့္ လုပ္ငန္းခြင္အတြင္း သတ္မွတ္ထားသည့္ စည္းကမ္းမ်ားကို လိုက္နာၾကရန္ လိုအပ္ေၾကာင္း၊ သတ္မွတ္စည္းမ်ဥ္း စည္းကမ္းမ်ားကို စနစ္တက် လိုက္နာေဆာင္႐ြက္လွ်င္ မိမိတို႔အေနျဖင့္ ခြင့္မျပဳႏိုင္စရာ အေၾကာင္းမရွိေၾကာင္း။
တိုင္းျပည္အတြက္ မွန္မွန္ကန္ကန္ လုပ္ေဆာင္ေပးၾကရန္ႏွင့္ စာရင္းဇယား မ်ား မွန္မွန္ကန္ကန္ျဖစ္ရန္ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး ေျပာၾကားၿပီး ျဖစ္ပါေၾကာင္း၊ လုပ္သင့္လုပ္ထိုက္သည့္ လုပ္ငန္းမ်ားအားလုံးကို စာရင္းဇယား အတိုင္း၊ စာရင္းစစ္၏ Process အတိုင္း မွန္မွန္ကန္ကန္ စစ္ေဆးေဆာင္႐ြက္ သြားရမည္ျဖစ္ပါေၾကာင္း၊ ညႇိ၍ ေဆာင္႐ြက္ျခင္းမ်ား ျဖစ္မလာေစရန္ ၾကပ္မတ္ ေဆာင္႐ြက္သြားရန္လိုေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးသိန္းစိုး၊ ေဆာက္လုပ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေ႐ႊေလး၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ၊ ျပည္ေထာင္စုေရွ႕ ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦး၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ေဒါက္တာကံေဇာ္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာေမာင္ေမာင္ႏိုင္၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ ဦးသန္းညိန္း၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ ဥကၠ႒ ဦးသန္းေဆြတို႔က ဌာနအ လိုက္ ဆက္လက္ေဆာင္႐ြက္သြားမည့္ လုပ္ငန္းစဥ္မ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပ ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကား ရာတြင္ COVID-19 ကပ္ေရာဂါေၾကာင့္ မိမိတို႔ႏိုင္ငံ၏ စီးပြားေရးတုန႔္ဆိုင္းလ်က္ရွိ ေၾကာင္း၊ ထို႔ေၾကာင့္ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ ေဆာက္လုပ္ေရး၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ ပို႔ေဆာင္ဆက္သြယ္ေရးစသည့္က႑မ်ား အားလုံးကိုအရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ရန္ လိုအပ္ပါေၾကာင္း၊ ျပင္ပတြင္ေကာလာ ဟသတင္းမ်ားထြက္ေပၚေနသည့္ ၅၀၀၀ က်ပ္တန္ႏွင့္ ၁၀၀၀၀ တန္ေငြစကၠဴမ်ား ဖ်က္သိမ္းမည္ဆိုေသာ သတင္းမွားမ်ားပ်ံ႕ႏွံ႔ခဲ့မႈေၾကာင့္ အဆိုပါသတင္းမ်ားမွန္ကန္မႈ မရွိေၾကာင္းကို ႏိုင္ငံေတာ္ဗဟိုဘဏ္မွထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း၊ အာဆီယံႏိုင္ငံမ်ား ႏွင့္ ဆက္သြယ္ေဆာင္႐ြက္လ်က္ရွိသည့္ ကိစၥရပ္မ်ားကိုလည္း အရွိန္အဟုန္မျပတ္ ဆက္လက္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ယခုေတြ႕ဆုံပြဲသို႔ တက္ေရာက္လာၾက သူမ်ားသည္ ဌာနမ်ား၊ အဖြဲ႕အစည္းမ်ား၏ အဆုံးအျဖတ္ေပးႏိုင္သည့္ပုဂၢိဳလ္မ်ား ျဖစ္သည့္အတြက္ လုပ္ငန္းမ်ားကို အရွိန္အဟုန္ျပင္းျပင္းျဖင့္ ဥပေဒ၊ စည္းကမ္းမ်ား ႏွင့္အညီ ရဲရဲတင္းတင္း ျမန္ျမန္ဆန္ဆန္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။