ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့်မိန့်ခွန်း

 

ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများခင်ဗျာ

တပ်မတော်ဟာ  ခေတ်အဆက်ဆက်  ပြည်သူနဲ့ပတ်သက်လာလျှင်  “ ပြည်သူသာအမိ၊  ပြည်သူသာအဖ ”  ဆိုတဲ့ ဆောင်ပုဒ်ကို  ဦးထိပ်ထား ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။  နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက်ရှိတဲ့ အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ကပင် ပြည်သူတို့ လိုလားတောင်းဆိုတဲ့   “ ပါတီစုံဒီမိုကရေစီစနစ် ” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းစတဲ့ နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ် အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း ဦးစွာပြောကြားလိုပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်မှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ခိုင်မာစေရေး အတွက် အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့  တစ်တိုင်းပြည်လုံးသို့ပြောကြားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ “၂၀၂၀ ပြည့်နှစ်ဟာ နိုင်ငံအတွက် အရေးကြီးတဲ့နှစ် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မယ့် နှစ်ဖြစ်လို့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အရေးကြီးကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်စေရေး၊ နိုင်ငံရေးဆောင်ရွက်ရာမှာ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ရိုးသားစွာဆောင်ရွက်ကြ စေရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း ၃ နှစ်ပြည့် အခမ်းအနားမှာ “ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိဘူး၊ ရိုးသား တဲ့ နိုင်ငံရေး၊ တရားမျှတတဲ့နိုင်ငံရေးကိုသာ လိုချင်ပါတယ်” လို့ ပြောခဲ့ပါ တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး မှာလည်း ဒီမိုကရေစီစနစ်တည်ဆောက်ရာမှာ ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိ” ဆိုတဲ့ စကားရပ်ဟာ ဒီမိုကရေစီအုတ်မြစ် တည်တံ့ခိုင်မြဲ စေဖို့ အခြေခံလိုက်နာရမယ့်အချက်ဖြစ်သလို နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဆောင်ရွက်ရာမှာလည်း အမျိုးသားအကျိုးစီးပွား၏အထက်မှာမည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှမရှိ” ဆိုတာ ခံယူရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါတွေပြောဆိုရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူ တို့ လိုလားတောင့်တပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာပြီး စနစ်တကျ ရေရှည်တည်တံ့စေဖို့ အတွက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများအပါအဝင် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့မှာ ၄ ကြိမ်ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲများမှာ သာမန် အငြင်းပွားမှုတွေရှိခဲ့ပေမယ့်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှအပ       ကျန်ရွေးကောက်ပွဲများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ တရားမျှတစွာ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နှစ်ဦးနှစ်ဖက်ကျေနပ်မှုများရှိခဲ့ပြီး ဒီမိုကရေစီခရီးကို ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တော့ မဲဆွယ်ကာလကတည်းက နိုင်ငံရေးပါတီတွေရဲ့မူဝါဒများကို မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားကထုတ်လွှင့်ရာမှာ UEC က Censor ဖြတ်တောက် မှုတွေ၊ COVID-19 အကြောင်းပြပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို ကြေညာချက် အမျိုးမျိုးထုတ်ပြီး ဆောင်ရွက်ခဲ့တာတွေ၊ တရားမျှတတဲ့ မဲဆွယ်စည်းရုံးခွင့် မရရှိခဲ့တာတွေဟာ ရွေးကောက်ပွဲမတိုင်မီကတည်းက အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ကတော့ ကြိုတင် မဲများနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၉၀ ထက်မနည်း မိမိနေရာ ဌာနရဲ့ ပြင်ပမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေ၊ တပ်ပြင်ပ တာဝန်ထမ်းဆောင်နေရသူများကို စာရင်းတိတိကျကျပေး ဆောင်ရွက်ခဲ့ပါတယ်။ UEC က တပ်မတော်သားများနဲ့ မိသားစုဝင်များ မဲပေးတဲ့ အခါမှာ မဲရုံတွေကို တပ်ပြင်တွေမှာပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါကိုကျွန်တော် ချက်ချင်းလိုက်နာခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်အပါအဝင် တပ်ပြင်ပမှာပဲ လွတ်လပ်စွာ ပြည်သူနဲ့ တစ်သားတည်း  မဲပေးခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးကာလမှာလည်း အငြင်းပွားမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီဖြစ်ပါတယ်။ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၁၇ မှုရှိပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဖြေရှင်းပေးဖို့ UEC ကို ရွေးကောက်ပွဲ မတိုင်မီကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တပ်မတော်ကို အကူအညီတောင်းခံခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့ပါတယ်။ မြို့နယ်တစ်ခုချင်းအတွင်း ထပ်နေတဲ့မဲစာရင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းရှိ မြို့နယ်များအကြား ထပ်နေတဲ့ မဲစာရင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ထပ်နေတဲ့ မဲစာရင်းတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြားမဲစာရင်းတွေ စုစုပေါင်း ၁၀,၄၈၂,၁၁၆ (၁၀ သန်း ၄ သိန်းကျော်) တွေ့ရှိခဲ့ပါတယ်။ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၁၁,၉၄၃ ဦး၊ နိုင်ငံသားစိစစ်ရေးကဒ် မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄,၆၄၈,၂၇၀ ဦး(၄ သန်း ၆ သိန်းကျော်)နဲ့ အသက် ၁၀၀ နှစ်နှင့်အထက်မဲစာရင်း ၁၈,၃၅၆ ဦး ပါဝင်ပါတယ်။ UEC အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်ရာမှာလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ်ပြန်ရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေဟာ ၃၇,၅၇၂,၅၂၁ ဦး (၃၇ သန်း ၅ သိန်းကျော်) ဖြစ်ပါတယ်။ အောက်တိုဘာ လ ၂ ရက်နေ့ ထုတ်ပြန်ရာမှာတော့ ၃၈,၅၂၉,၁၉၈(၃၈ သန်း ၅ သိန်းကျော်) ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းကာလ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကတစ်ဆင့် သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများကို ပေးပို့တဲ့စာရင်းများအရ  ၃၉,၂၇၇,၂၁၄ (၃၉ သန်း ၂ သိန်းကျော်) ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၃၈,၂၇၁,၄၄၇ (၃၈ သန်း ၂ သိန်းကျော်)ဖြစ်ပါတယ်။ ဒီလိုအမျိုးမျိုးဖြစ်နေတာဟာ စဉ်းစားစရာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ရရှိတဲ့ မွေးနှုန်း၊ သေနှုန်း၊ ပြောင်းရွှေ့နှုန်းများကို အခြေခံပြီး လူဦးရေ နည်းပညာနဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိရမယ့် အသက် ၁၈ နှစ် နှင့်အထက် ခန့်မှန်း လူဦးရေ စာရင်းမှာ ၃၆,၉၆၃,၆၅၉ ဦး (၃၆ သန်း ၉ သိန်းကျော်)ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်ကာလနောက်ပိုင်း UEC ကထုတ်ပြန် သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၉ သန်း ၂ သိန်းကျော်ဟာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ရှိရမယ့် လူဦးရေစာရင်းထက် ၅ သန်း ၄ သိန်းကျော်နဲ့ လူဦးရေနည်းပညာဖြင့် ခန့်မှန်းတွက်ချက်ထားတဲ့စာရင်း ထက် ၂ သန်း ၃ သိန်းကျော် ပိုနေတာကို တွေ့ရှိရပါတယ်။ ဒါတွေဟာ လက်တွေ့ဖြစ်ပျက်နေတဲ့ ပကတိအချက်အလက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စည်းကမ်း ပြည့်ဝစစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် စိတ်ခံစားမှုဆိုတာထက် လက်တွေ့ အချက်အလက်တွေကို ဦးတည်ကြဖို့ ပြောကြားလိုပါတယ်။

၂၀၁၅ နဲ့နောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲများအပေါ် တွေ့ရှိချက်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ပျှမ်းမျှမဲပေးမှုရာခိုင်နှုန်းဟာ ၆၉.၆၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးမှုရာခိုင်နှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့် အထိ လျော့ကျသွားပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲမှာတော့ ပျှမ်းမျှမဲပေးမှုရာခိုင်နှုန်းဟာ ၁၄ ရာခိုင်နှုန်း ကျော်ကျော်သာရှိခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၇၁.၀၆ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ချက်များအရ သိရပါတယ်။ ယခင်ရွေးကောက်ပွဲနဲ့ မတူတာက COVID-19 ပြန့်ပွားနေတဲ့ကာလမှာဖြစ်ပါတယ်။ ဒါကိုပဲ သုံးသပ်ကြည့်ပါ။

ပြည်သူလူထုအနေနဲ့ တာဝန်ရှိသူများရဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု အမှားများအပေါ် မည်သို့သဘောထားကြောင်း တွေ့ရပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း မဲမပေးရေး (No Vote) လှုပ်ရှားမှု များ ပေါ်ပေါက်လာကြောင်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရောက်တဲ့နေရာတိုင်းမှာ ပါတီစုံဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲဟာ အသက်ဖြစ်လို့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးကြဖို့ အမြဲတိုက်တွန်း နှိုးဆော်ပြောကြားခဲ့ပါတယ်။

အဲဒီလိုတွေ့ရှိချက်တွေ၊ မဲမသမာမှုစာရင်းတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို စိစစ်မေးမြန်းလျက်ရှိပါတယ်။ မှားယွင်းနေတဲ့ မဲစာရင်းတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ စာရင်းတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ပြည်သူတို့လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီစနစ် ခိုင်မာဖို့ အတွက် အခက်အခဲများစွာရှိပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်များနှင့်အညီ UEC ၊ လွှတ်တော်နဲ့ သမ္မတတို့ထံ မဲစာရင်းများ ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ အဆင့်ဆင့် တာဝန်ပျက်ကွက်ခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ နောက်ဆုံးအချိန်ထိ ဥပဒေနဲ့အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးလမ်းစဉ်ကို ကိုင်စွဲ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလည်း တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွေကနေတစ်ဆင့် ပြည်သူလူထုကို ကမ္ဘာသိ တင်ပြခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန် ခံမှုတွေ ပျက်ကွက်ခဲ့တာရှိပါတယ်။ ဒါ့ကြောင့်လည်း စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ အရေးပေါ်အခြေအနေ ကြေညာ ပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ်ကာလမှာ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက် လုပ်ဆောင်မည့်အချက် (Road Map) ၅ ချက်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချက် ၅ ချက်နဲ့ လုပ်ဆောင်နေမှုတွေကိုလည်း ကျွန်တော် တိုင်းရင်းသားမိဘပြည်သူများကို တင်ပြပါမယ်။

(တစ်)     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ UEC အသစ်ကို ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ မဲစာရင်းတွေ စစ်ဆေးလျက်ရှိပါတယ်။ အမြန်ဆုံးထုတ်ပြန်ပေးသွားပါ မယ်။ ဒီနေရာမှာ ထူးခြားနေတာက  ယခင် UEC က တတိယ အကြိမ်မဲစာရင်း ထုတ်ပြန်ခဲ့တယ်ပြောပါတယ်။ လက်တွေ့ စစ်ဆေးကြည့်ရာမှာ တတိယအကြိမ် မဲစာရင်းဆိုတာ ယခုထိမတွေ့ပါဘူး။ တွေ့ရရင်လည်း အတည်ပြုလုပ်ဆောင်ပါမယ်။ ဒုတိယအကြိမ် မဲစာရင်း ကိုပဲ ပြန်လည် လုပ်ဆောင်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

(နှစ်)      လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်လျက် ရှိပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဒီအခက်အခဲကို ပြည်သူလူထုနဲ့ အတူ လက်တွဲကျော်လွှားပါမယ်။ ပြည်သူများ လှူဒါန်း ထားတဲ့ COVID-19 အလှူငွေတွေကို ကျွန်တော်တို့ ယခင်အတိုင်း စနစ်တကျ ထိန်းသိမ်းထားပါတယ်။ ထပ်မံ လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်အပ်ပါ တယ်။ အကျိုးရှိရှိ၊ ထိထိ ရောက်ရောက်၊ ပွင့်လင်း မြင်သာစွာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကာကွယ် ကုသခြင်း အပိုင်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားပါမယ်။ ထပ်မံရရှိရေး ဆောင်ရွက် ပါမယ်။ ကျေးလက်နေပြည်သူများ၊ ရဟန်းသံဃာများ ပါမကျန် မြန်မာနိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနိုင်ရေး အလေးထား ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။

(သုံး)      COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားရေးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ကျွန်တော်နဲ့ ကျွန်တော့်ကောင်စီဝင် တွေဟာ ၄၈ နာရီအတွင်းမှာ မြန်မာနိုင်ငံ ကုန်သည် များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ တွေ့ဆုံခြင်း၊ ဘဏ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ပြီး နိုင်ငံ့စီးပွားရေး အမြန် ဦးမော့လာစေရေး ဆွေးနွေးညှိနှိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုမှန်သမျှကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဖိတ်ခေါ်ပါတယ်။ မြန်မာ့ မိတ်ဖက် နိုင်ငံများ၊ စိတ်ဝင်စားမှုရှိတဲ့နိုင်ငံများရဲ့ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ကြိုဆိုကြောင်း အသိပေးလိုပါတယ်။ ယခင်သဘောတူညီချက်တွေကို ကျွန်တော်တို့ ဥပဒေ နဲ့အညီ လိုက်နာဆောင်ရွက်သွားပါမယ်။ ယခင်အစိုးရက မူအားဖြင့် သဘောတူပြီးဖြစ်တဲ့၊ ခွင့်ပြုချက် စောင့်ဆိုင်း နေဆဲ လုပ်ငန်းများကို အမြန်ခွင့်ပြုချက်ရရှိစေရေး ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားရတဲ့ နိုင်ငံဖြစ်လို့ ၎င်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပို့ကုန်များ အမြန်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(လေး)    တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိရေးဟာ ကျွန်တော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒဖြစ်ပါတယ်။ မဖြစ်မနေ ဆက်လက်ဆောင်ရွက် ပါမယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့တာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို တိုးချဲ့ဖွဲ့စည်း ခဲ့ပါတယ်။ ကျွန်တော်တို့ တာဝန်ယူရတဲ့ ကာလ အတွင်းမှာ ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားပါမယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ EAO များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

(ငါး)       အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဖွဲ့စည်းပုံကိုကြည့်ပါ။ ကျွန်တော်အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၈ ဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင်တဲ့ အရပ်သား ၈ ဦး၊ ပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်း ထားပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကောင်စီများကိုလည်း ဒေသ ခံများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းများနဲ့ ဖွဲ့စည်းထားပါတယ်။ တပ်မတော်က ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တာဝန်ယူစဉ်ကာလ ဖွဲ့စည်းပုံများနဲ့ များစွာ ကွာခြားပါတယ်။ ကျွန်တော်တို့ မလွှဲမရှောင် သာသော အကြောင်းများကြောင့်သာ အရေးပေါ်ကာလ မှာ တာဝန်ယူထားရခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအရသာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်အရ ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ်နဲ့ အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရမယ်လို့ ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးထားတဲ့ ကာလအတွင်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒများ လုံးဝပြောင်းလဲသွားမှာ မဟုတ် ပါဘူး။ လက်ရှိသွားနေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အတိုင်း မပြောင်းလဲဘဲ ဆက်လက် တည်ရှိပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသွားမှာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ်။ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွား မှာဖြစ်လို့ မည်သည့်ထိခိုက်မှုမှရှိမှာ မဟုတ်ကြောင်း ပြောကြားလိုပါ တယ်။ လုပ်ငန်းရှင်များအနေနဲ့ အခွင့်အရေးရရှိရေးအတွက် မတော် မတရား မလုပ်ကြဖို့ဘဲ တိုက်တွန်းလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ဟာ တိုင်းရင်းသား ပြည်သူလူထု လူတန်းစားအလွှာ ၈ လွှာက ကိုယ်စားလှယ်ပေါင်း ၇၀၀ ကျော်နဲ့ နှစ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီးမှ ပေါ်ထွန်းလာခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့ အခြေခံ ဥပဒေ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့ မမှိတ်မသုန်ကာကွယ်သွားပါမယ်။ ဆက်လက် အကောင်အထည်ဖော် အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထု စိတ်ချမ်းမြေ့ စွာ မိမိတို့ ယုံကြည်ရာ ဘာသာရေးကိစ္စများကို ဆောင်ရွက် နိုင်ရေး ဘုရား၊ စေတီများ၊ ဘာသာရေးအဆောက်အဦများကိုလည်း ဒီနေ့ကစပြီး နိုင်ငံတစ်ဝှမ်းလုံး ဖွင့်လှစ် ပေးလိုက်ပါပြီ။ COVID-19 စည်းမျဉ်းစည်းကမ်းများနဲ့အညီ နိုင်ငံသားပီသစွာ ဆောင်ရွက်သွား ကြပါလို့ ကြည်နူးဝမ်းမြောက်စွာ သတင်းစကားပါးလိုက်ရပါတယ်။ နိုင်ငံ သူ၊ နိုင်ငံသားများရဲ့ ပညာရေး နောက်မကျစေဖို့အတွက်လည်း စာသင် ကျောင်းများကို COVID-19 စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဖွင့်လှစ်နိုင် ရေး အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားပါမယ်။ နိုင်ငံ့အနာဂတ်ကို ဆက်လက်ထမ်းဆောင်ရမယ့် ကျောင်းသူ၊ ကျောင်းသားများအားလုံး ကျောင်းတက်ဖို့ စတင်ပြင်ဆင်နိုင်ကြပါပြီ။ တရားဥပဒေစိုးမိုးရေးကို မထိခိုက်ဘူးဆိုရင် ဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာစေဖို့ ဆက်လက်ဆောင်ရွက်ပါမယ်။ ပိတ်ထားရတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို COVID-19 စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ပြန်ဖွင့်ပေးသွားပါမယ်။ COVID-19 ကပ်ရောဂါကြောင့် ပြည်ပမှာ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စတင်ဆောင်ရွက် နေပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူများ ကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်များနဲ့ အညီ ကျွန်တော်တို့ နိုင်ငံရဲ့ ရပ်တည်ချက်နဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP Camp) များကိုလည်း အဖြစ်နိုင်ဆုံး နေရပ်ပြန်စေရေး ဆွေးနွေးဆောင်ရွက်သွားပါမယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပြည်သူနဲ့လက်တွဲ အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ယခုလည်း စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားလာရေး ဆောင်ရွက်လျက်ရှိနေပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စုပေါင်းဖွဲ့စည်းမှု၊ ဆွေးနွေး ညှိနှိုင်းအဖြေရှာမှု နည်းလမ်းတွေကိုသာအသုံးပြုပြီး မြန်မာနိုင်ငံ၊ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ခံစားမှု ထက် ပကတိအချက်အလက်များ၊ အမှန်တရားများကိုရှေးရှုပြီး လက်တွဲ ညီ ဆောင်ရွက်သွားပါစို့လို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။

 

(zawgyi Version)

 

ျပည္ေထာင္စုဖြား တိုင္းရင္းသား ျပည္သူမ်ားခင္ဗ်ာ

တပ္မေတာ္ဟာ  ေခတ္အဆက္ဆက္  ျပည္သူနဲ႔ပတ္သက္လာလွ်င္  “ ျပည္သူသာအမိ၊  ျပည္သူသာအဖ ”  ဆိုတဲ့ ေဆာင္ပုဒ္ကို  ဦးထိပ္ထား ေဆာင္႐ြက္ခဲ့တဲ့ အဖြဲ႕အစည္းလည္းျဖစ္ပါတယ္။  ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသား ႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑ကိုလည္း မေဖာက္မျပန္ ခိုင္ခိုင္မာမာ ရပ္တည္ေနတဲ့ အဖြဲ႕အစည္းလည္းျဖစ္ပါတယ္။ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါျပ႒ာန္းခ်က္မ်ားကို ေလးစားလိုက္နာလ်က္ရွိတဲ့ အဖြဲ႕ အစည္းတစ္ခုလည္းျဖစ္ပါတယ္။ တပ္မေတာ္အေနျဖင့္ ေခတ္အဆက္ဆက္ ကပင္ ျပည္သူတို႔ လိုလားေတာင္းဆိုတဲ့   “ ပါတီစုံဒီမိုကေရစီစနစ္ ” ကို ေဆြးေႏြးညႇိႏႈိင္းျခင္းနည္းလမ္းမ်ား၊ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားအရ ေဆာင္႐ြက္ျခင္းနည္းလမ္းစတဲ့ ႏိုင္ငံေရးယဥ္ေက်းမႈမ်ားျဖင့္ တည္ၿငိမ္ ေအးခ်မ္းစြာ အသြင္ကူးေျပာင္းေပးခဲ့ေၾကာင္း ဦးစြာေျပာၾကားလိုပါတယ္။

ပါတီစုံဒီမိုကေရစီစနစ္မွာ တရားမွ်တၿပီး လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲမ်ားဟာ ဒီမိုကေရစီစနစ္ ေရရွည္တည္တံ့ခိုင္မာေစေရး အတြက္ အဓိကလိုအပ္ခ်က္ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔  တစ္တိုင္းျပည္လုံးသို႔ေျပာၾကားခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္သစ္ကူးမိန႔္ခြန္းမွာ “၂၀၂၀ ျပည့္ႏွစ္ဟာ ႏိုင္ငံအတြက္ အေရးႀကီးတဲ့ႏွစ္ ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲျပဳလုပ္မယ့္ ႏွစ္ျဖစ္လို႔ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစဖို႔ အေရးႀကီးေၾကာင္း” ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲမ်ားျဖစ္ေစေရး၊ ႏိုင္ငံေရးေဆာင္႐ြက္ရာမွာ အမ်ိဳးသားအက်ိဳးစီးပြားကို အေလးထားၿပီး ႐ိုးသားစြာေဆာင္႐ြက္ၾက ေစေရးအတြက္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ခ်ဳပ္ဆိုျခင္း ၃ ႏွစ္ျပည့္ အခမ္းအနားမွာ “ တိုင္းရင္းသားအေရး၊ အမ်ိဳးသားအက်ိဳးစီးပြားအေရးထက္ ပိုအေရးႀကီးတာမရွိဘူး၊ ႐ိုးသား တဲ့ ႏိုင္ငံေရး၊ တရားမွ်တတဲ့ႏိုင္ငံေရးကိုသာ လိုခ်င္ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။ ၂၀၂၀ ျပည့္ႏွစ္၊ ဩဂုတ္လ ၂၀ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ (၂၁)ရာစုပင္လုံ စတုတၳအစည္းအေဝး မွာလည္း ဒီမိုကေရစီစနစ္တည္ေဆာက္ရာမွာ “ဥပေဒရဲ႕အထက္မွာ မည္သူမွ်မရွိ” ဆိုတဲ့ စကားရပ္ဟာ ဒီမိုကေရစီအုတ္ျမစ္ တည္တံ့ခိုင္ၿမဲ ေစဖို႔ အေျခခံလိုက္နာရမယ့္အခ်က္ျဖစ္သလို ႏိုင္ငံတည္ေဆာက္ေရး (State Building)၊ တိုင္းျပည္တည္ေဆာက္ေရး (Nation Building) ေဆာင္႐ြက္ရာမွာလည္း အမ်ိဳးသားအက်ိဳးစီးပြား၏အထက္မွာမည္သည့္ ပုဂၢိဳလ္၊ မည္သည့္အဖြဲ႕အစည္းမွ်မရွိ” ဆိုတာ ခံယူရမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေတြေျပာဆိုရျခင္းဟာ တပ္မေတာ္အေနနဲ႔ ျပည္သူ တို႔ လိုလားေတာင့္တၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတဲ့ ပါတီစုံဒီမိုကေရစီစနစ္ ပိုမိုခိုင္မာၿပီး စနစ္တက် ေရရွည္တည္တံ့ေစဖို႔ အတြက္ပဲ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ပါတီစုံဒီမိုကေရစီစနစ္ လမ္းေၾကာင္းကို ေလွ်ာက္လွမ္းၿပီးေနာက္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ားအပါအဝင္ ေ႐ြးေကာက္ပြဲမ်ားကို ၂၀၁၀ ျပည့္ႏွစ္၊ ၂၀၁၂ ခုႏွစ္၊ ၂၀၁၅ ခုႏွစ္၊ ၂၀၂၀ ျပည့္ႏွစ္တို႔မွာ ၄ ႀကိမ္က်င္းပခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲမ်ားမွာ သာမန္ အျငင္းပြားမႈေတြရွိခဲ့ေပမယ့္လည္း ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွအပ       က်န္ေ႐ြးေကာက္ပြဲမ်ားမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) အေနနဲ႔ ပြင့္လင္းျမင္သာစြာနဲ႔ တရားမွ်တစြာ ေျဖရွင္းေပးႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ႏွစ္ဦးႏွစ္ဖက္ေက်နပ္မႈမ်ားရွိခဲ့ၿပီး ဒီမိုကေရစီခရီးကို ေရွ႕ဆက္ေလွ်ာက္လွမ္းႏိုင္ခဲ့ၾကပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ ေတာ့ မဲဆြယ္ကာလကတည္းက ႏိုင္ငံေရးပါတီေတြရဲ႕မူဝါဒမ်ားကို ျမန္မာ့အသံ နဲ႔ ႐ုပ္ျမင္သံၾကားကထုတ္လႊင့္ရာမွာ UEC က Censor ျဖတ္ေတာက္ မႈေတြ၊ COVID-19 အေၾကာင္းျပၿပီး ႀကိဳတင္ဆႏၵမဲေပးျခင္းမ်ားကို ေၾကညာခ်က္ အမ်ိဳးမ်ိဳးထုတ္ၿပီး ေဆာင္႐ြက္ခဲ့တာေတြ၊ တရားမွ်တတဲ့ မဲဆြယ္စည္း႐ုံးခြင့္ မရရွိခဲ့တာေတြဟာ ေ႐ြးေကာက္ပြဲမတိုင္မီကတည္းက အျငင္းပြားစရာေတြ ျဖစ္ခဲ့ပါတယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ ႀကိဳတင္ မဲမ်ားနဲ႔ ပတ္သက္ၿပီး ရက္ေပါင္း ၉၀ ထက္မနည္း မိမိေနရာ ဌာနရဲ႕ ျပင္ပမွာ စစ္ဆင္ေရးတာဝန္ ထမ္းေဆာင္ေနရတဲ့ တပ္မေတာ္သားေတြ၊ တပ္ျပင္ပ တာဝန္ထမ္းေဆာင္ေနရသူမ်ားကို စာရင္းတိတိက်က်ေပး ေဆာင္႐ြက္ခဲ့ပါတယ္။ UEC က တပ္မေတာ္သားမ်ားနဲ႔ မိသားစုဝင္မ်ား မဲေပးတဲ့ အခါမွာ မဲ႐ုံေတြကို တပ္ျပင္ေတြမွာပဲ ေဆာင္႐ြက္ရမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါကိုကြၽန္ေတာ္ ခ်က္ခ်င္းလိုက္နာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ကြၽန္ေတာ္အပါအဝင္ တပ္ျပင္ပမွာပဲ လြတ္လပ္စြာ ျပည္သူနဲ႔ တစ္သားတည္း  မဲေပးခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲအၿပီးကာလမွာလည္း အျငင္းပြားမႈေတြ ဆက္တိုက္ ျဖစ္ခဲ့ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ႏိုင္ငံေရးပါတီေပါင္း ၈၄ ပါတီျဖစ္ပါတယ္။ ကန႔္ကြက္လႊာ တင္သြင္းထားတဲ့ အမႈေပါင္း ၂၁၇ မႈရွိပါတယ္။ ႏိုင္ငံေရးပါတီမ်ားအေနနဲ႔ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး တရားမွ်တမႈရွိေစဖို႔ ေျဖရွင္းေပးဖို႔ UEC ကို ေ႐ြးေကာက္ပြဲ မတိုင္မီကတည္းက ေတာင္းဆိုမႈမ်ား အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ေသာ္လည္း ေဆာင္႐ြက္ေပးျခင္းမရွိခဲ့ပါဘူး။ ႏိုင္ငံေရးပါတီမ်ားအေနနဲ႔ ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑မွာ ပါဝင္ေနတဲ့ တပ္မေတာ္ကို အကူအညီေတာင္းခံခဲ့ပါတယ္။ တပ္မေတာ္အေနနဲ႔ မဲစာရင္းေတြကို စစ္ေဆးခဲ့ပါတယ္။ ၿမိဳ႕နယ္တစ္ခုခ်င္းအတြင္း ထပ္ေနတဲ့မဲစာရင္းေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္မ်ားအတြင္းရွိ ၿမိဳ႕နယ္မ်ားအၾကား ထပ္ေနတဲ့ မဲစာရင္းေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္မ်ားအၾကား ထပ္ေနတဲ့ မဲစာရင္းေတြ၊ မဲမသမာမႈျဖစ္ႏိုင္တဲ့ အျခားမဲစာရင္းေတြ စုစုေပါင္း ၁၀,၄၈၂,၁၁၆ (၁၀ သန္း ၄ သိန္းေက်ာ္) ေတြ႕ရွိခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္ မျပည့္ဘဲ မဲစာရင္းတြင္ပါဝင္ေနသူ ၁၁,၉၄၃ ဦး၊ ႏိုင္ငံသားစိစစ္ေရးကဒ္ မရွိဘဲ မဲစာရင္းတြင္ပါဝင္ေနသူ ၄,၆၄၈,၂၇၀ ဦး(၄ သန္း ၆ သိန္းေက်ာ္)နဲ႔ အသက္ ၁၀၀ ႏွစ္ႏွင့္အထက္မဲစာရင္း ၁၈,၃၅၆ ဦး ပါဝင္ပါတယ္။ UEC အေနနဲ႔ မဲေပးပိုင္ခြင့္ရွိသူ မဲဆႏၵရွင္စာရင္းေတြ ထုတ္ျပန္ရာမွာလည္း အမ်ိဳးမ်ိဳးကြဲျပားေနတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၂၅ ရက္ေန႔ထုတ္ျပန္ရာမွာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူဦးေရဟာ ၃၇,၅၇၂,၅၂၁ ဦး (၃၇ သန္း ၅ သိန္းေက်ာ္) ျဖစ္ပါတယ္။ ေအာက္တိုဘာ လ ၂ ရက္ေန႔ ထုတ္ျပန္ရာမွာေတာ့ ၃၈,၅၂၉,၁၉၈(၃၈ သန္း ၅ သိန္းေက်ာ္) ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပၿပီးေနာက္ပိုင္းကာလ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားကတစ္ဆင့္ သက္ဆိုင္ရာ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ားကို ေပးပို႔တဲ့စာရင္းမ်ားအရ  ၃၉,၂၇၇,၂၁၄ (၃၉ သန္း ၂ သိန္းေက်ာ္) ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁ ရက္ေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ၃၈,၂၇၁,၄၄၇ (၃၈ သန္း ၂ သိန္းေက်ာ္)ျဖစ္ပါတယ္။ ဒီလိုအမ်ိဳးမ်ိဳးျဖစ္ေနတာဟာ စဥ္းစားစရာ ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းက ရရွိတဲ့ ေမြးႏႈန္း၊ ေသႏႈန္း၊ ေျပာင္းေ႐ႊ႕ႏႈန္းမ်ားကို အေျခခံၿပီး လူဦးေရ နည္းပညာနဲ႔ ခန႔္မွန္းတြက္ခ်က္ထားတဲ့ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ရွိရမယ့္ အသက္ ၁၈ ႏွစ္ ႏွင့္အထက္ ခန႔္မွန္း လူဦးေရ စာရင္းမွာ ၃၆,၉၆၃,၆၅၉ ဦး (၃၆ သန္း ၉ သိန္းေက်ာ္)ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲ က်င္းပၿပီးစီးသည့္ကာလေနာက္ပိုင္း UEC ကထုတ္ျပန္ သည့္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူဦးေရ ၃၉ သန္း ၂ သိန္းေက်ာ္ဟာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာနရဲ႕ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလမွာ ရွိရမယ့္ လူဦးေရစာရင္းထက္ ၅ သန္း ၄ သိန္းေက်ာ္နဲ႔ လူဦးေရနည္းပညာျဖင့္ ခန႔္မွန္းတြက္ခ်က္ထားတဲ့စာရင္း ထက္ ၂ သန္း ၃ သိန္းေက်ာ္ ပိုေနတာကို ေတြ႕ရွိရပါတယ္။ ဒါေတြဟာ လက္ေတြ႕ျဖစ္ပ်က္ေနတဲ့ ပကတိအခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ စည္းကမ္း ျပည့္ဝစစ္မွန္တဲ့ ဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးကို အမွန္တကယ္ လိုလားတယ္ဆိုရင္ စိတ္ခံစားမႈဆိုတာထက္ လက္ေတြ႕ အခ်က္အလက္ေတြကို ဦးတည္ၾကဖို႔ ေျပာၾကားလိုပါတယ္။

၂၀၁၅ နဲ႔ေနာက္ပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲမ်ားအေပၚ ေတြ႕ရွိခ်က္အေနနဲ႔ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ တစ္ႏိုင္ငံလုံး ပွ်မ္းမွ်မဲေပးမႈရာခိုင္ႏႈန္းဟာ ၆၉.၆၃ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာေတာ့ မဲေပးမႈရာခိုင္ႏႈန္းဟာ ၅၀ ရာခိုင္ႏႈန္းခန္႔ အထိ ေလ်ာ့က်သြားပါတယ္။ ၂၀၁၈ ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီေ႐ြးေကာက္ပြဲမွာေတာ့ ပွ်မ္းမွ်မဲေပးမႈရာခိုင္ႏႈန္းဟာ ၁၄ ရာခိုင္ႏႈန္း ေက်ာ္ေက်ာ္သာရွိခဲ့ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ၇၁.၀၆ ရာခိုင္ႏႈန္း မဲေပးခဲ့ၾကတယ္လို႔ သတင္းထုတ္ျပန္ ခ်က္မ်ားအရ သိရပါတယ္။ ယခင္ေ႐ြးေကာက္ပြဲနဲ႔ မတူတာက COVID-19 ျပန႔္ပြားေနတဲ့ကာလမွာျဖစ္ပါတယ္။ ဒါကိုပဲ သုံးသပ္ၾကည့္ပါ။

ျပည္သူလူထုအေနနဲ႔ တာဝန္ရွိသူမ်ားရဲ႕ အုပ္ခ်ဳပ္မႈနဲ႔ စီမံခန႔္ခြဲမႈ အမွားမ်ားအေပၚ မည္သို႔သေဘာထားေၾကာင္း ေတြ႕ရပါတယ္။ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲမွာလည္း မဲမေပးေရး (No Vote) လႈပ္ရွားမႈ မ်ား ေပၚေပါက္လာေၾကာင္း ေတြ႕ရပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ေရာက္တဲ့ေနရာတိုင္းမွာ ပါတီစုံဒီမိုကေရစီစနစ္မွာ လြတ္လပ္ၿပီးတရား မွ်တတဲ့ ေ႐ြးေကာက္ပြဲဟာ အသက္ျဖစ္လို႔ မဲေပးပိုင္ခြင့္ရွိသူအားလုံး မဲေပးၾကဖို႔ အၿမဲတိုက္တြန္း ႏႈိးေဆာ္ေျပာၾကားခဲ့ပါတယ္။

အဲဒီလိုေတြ႕ရွိခ်က္ေတြ၊ မဲမသမာမႈစာရင္းေတြအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားကို စိစစ္ေမးျမန္းလ်က္ရွိပါတယ္။ မွားယြင္းေနတဲ့ မဲစာရင္းေတြ၊ မဲမသမာမႈျဖစ္ႏိုင္တဲ့ စာရင္းေတြကေန ထြက္ေပၚလာတဲ့ ရလဒ္ေတြဟာ ျပည္သူတို႔လိုလားေတာင့္တခဲ့တဲ့ ဒီမိုကေရစီစနစ္ ခိုင္မာဖို႔ အတြက္ အခက္အခဲမ်ားစြာရွိပါတယ္။ တပ္မေတာ္အေနနဲ႔ ဖြဲ႕စည္းပုံ  အေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ျပ႒ာန္းခ်က္မ်ားႏွင့္အညီ UEC ၊ လႊတ္ေတာ္နဲ႔ သမၼတတို႔ထံ မဲစာရင္းမ်ား ေျဖရွင္းေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။ အဆင့္ဆင့္ တာဝန္ပ်က္ကြက္ခဲ့ၾကပါတယ္။ တပ္မေတာ္အေနနဲ႔ ေနာက္ဆုံးအခ်ိန္ထိ ဥပေဒနဲ႔အညီ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရးလမ္းစဥ္ကို ကိုင္စြဲ ေဆာင္႐ြက္ ခဲ့ပါတယ္။ ျဖစ္ပ်က္ေနတဲ့အေျခအေနေတြကိုလည္း တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲေတြကေနတစ္ဆင့္ ျပည္သူလူထုကို ကမာၻသိ တင္ျပခဲ့ပါတယ္။ တာဝန္ရွိသူမ်ားအေနနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး တာဝန္ယူမႈ၊ တာဝန္ ခံမႈေတြ ပ်က္ကြက္ခဲ့တာရွိပါတယ္။ ဒါ့ေၾကာင့္လည္း စစ္မွန္ၿပီးစည္းကမ္း ျပည့္ဝတဲ့ ဒီမိုကေရစီစနစ္ကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေရး ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ(၂၀၀၈ ခုႏွစ္)နဲ႔အညီ အေရးေပၚအေျခအေန ေၾကညာ ၿပီး ႏိုင္ငံ့တာဝန္မ်ား ထမ္းေဆာင္ေနရျခင္းျဖစ္ပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဖြဲ႕စည္းၿပီး ႏိုင္ငံေတာ္ တာဝန္ကို ထမ္းေဆာင္ေနစဥ္ကာလမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ေရွ႕ဆက္ လုပ္ေဆာင္မည့္အခ်က္ (Road Map) ၅ ခ်က္ကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ကတည္းက ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီအခ်က္ ၅ ခ်က္နဲ႔ လုပ္ေဆာင္ေနမႈေတြကိုလည္း ကြၽန္ေတာ္ တိုင္းရင္းသားမိဘျပည္သူမ်ားကို တင္ျပပါမယ္။

(တစ္)     ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ ဖြဲ႕စည္းၿပီး မဲစာရင္းမ်ား စစ္ေဆးျခင္းအပါအဝင္ လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ထိုက္သည္မ်ားကို ဥပေဒ ႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ရန္ျဖစ္ပါတယ္။ UEC အသစ္ကို ကြၽန္ေတာ္တို႔ ဖြဲ႕စည္းၿပီးပါၿပီ။ မဲစာရင္းေတြ စစ္ေဆးလ်က္ရွိပါတယ္။ အျမန္ဆုံးထုတ္ျပန္ေပးသြားပါ မယ္။ ဒီေနရာမွာ ထူးျခားေနတာက  ယခင္ UEC က တတိယ အႀကိမ္မဲစာရင္း ထုတ္ျပန္ခဲ့တယ္ေျပာပါတယ္။ လက္ေတြ႕ စစ္ေဆးၾကည့္ရာမွာ တတိယအႀကိမ္ မဲစာရင္းဆိုတာ ယခုထိမေတြ႕ပါဘူး။ ေတြ႕ရရင္လည္း အတည္ျပဳလုပ္ေဆာင္ပါမယ္။ ဒုတိယအႀကိမ္ မဲစာရင္း ကိုပဲ ျပန္လည္ လုပ္ေဆာင္ထားတာျဖစ္ေၾကာင္း ေတြ႕ရပါတယ္။

(ႏွစ္)      လတ္တေလာ ျဖစ္ပြားေနဆဲျဖစ္သည့္ COVID-19 ကပ္ ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္မပ်က္ ထိထိေရာက္ေရာက္ ဆက္လက္ ေဆာင္႐ြက္သြားရန္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လက္ေတြ႕လုပ္ေဆာင္လ်က္ ရွိပါတယ္။ ဒုတိယအႀကိမ္ ကာကြယ္ေဆးထိုးႏွံမႈကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ဒီအခက္အခဲကို ျပည္သူလူထုနဲ႔ အတူ လက္တြဲေက်ာ္လႊားပါမယ္။ ျပည္သူမ်ား လႉဒါန္း ထားတဲ့ COVID-19 အလႉေငြေတြကို ကြၽန္ေတာ္တို႔ ယခင္အတိုင္း စနစ္တက် ထိန္းသိမ္းထားပါတယ္။ ထပ္မံ လႉဒါန္းလိုသူေတြကိုလည္း ဖိတ္ေခၚအပ္ပါ တယ္။ အက်ိဳးရွိရွိ၊ ထိထိ ေရာက္ေရာက္၊ ပြင့္လင္း ျမင္သာစြာ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ ကာကြယ္ ကုသျခင္း အပိုင္းေတြကိုလည္း အရွိန္အဟုန္နဲ႔ ေဆာင္႐ြက္သြားပါမယ္။ ထပ္မံရရွိေရး ေဆာင္႐ြက္ ပါမယ္။ ေက်းလက္ေနျပည္သူမ်ား၊ ရဟန္းသံဃာမ်ား ပါမက်န္ ျမန္မာႏိုင္ငံအႏွံ႔ ကာကြယ္ေဆးထိုးႏိုင္ေရး အေလးထား ေဆာင္႐ြက္သြားပါမယ္။ ျပည္သူလူထု တစ္ရပ္လုံး ပူးေပါင္းကူညီေဆာင္႐ြက္ၾကဖို႔ ေမတၱာ ရပ္ခံလိုပါတယ္။

(သုံး)      COVID-19 ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့သည့္ စီးပြားေရး လုပ္ငန္းမ်ားကို ျဖစ္ႏိုင္သမွ် နည္းလမ္းမ်ားျဖင့္ အျမန္ဆုံး ကုစားသြားေရးျဖစ္ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔  ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒အျဖစ္ တာဝန္ယူၿပီးေနာက္ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ေကာင္စီဝင္ ေတြဟာ ၄၈ နာရီအတြင္းမွာ ျမန္မာႏိုင္ငံ ကုန္သည္ မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္နဲ႔ ေတြ႕ဆုံျခင္း၊ ဘဏ္ဥကၠ႒မ်ားႏွင့္ ေတြ႕ဆုံျခင္းတို႔ ျပဳလုပ္ၿပီး ႏိုင္ငံ့စီးပြားေရး အျမန္ ဦးေမာ့လာေစေရး ေဆြးေႏြးညႇိႏႈိင္း လက္ေတြ႕ ေဆာင္႐ြက္ခဲ့ပါတယ္။ ျပည္တြင္းျပည္ပ ရင္းႏွီးျမဳပ္ႏွံမႈမွန္သမွ်ကို ကြၽန္ေတာ္တို႔ ႀကိဳဆိုပါတယ္။ ဖိတ္ေခၚပါတယ္။ ျမန္မာ့ မိတ္ဖက္ ႏိုင္ငံမ်ား၊ စိတ္ဝင္စားမႈရွိတဲ့ႏိုင္ငံမ်ားရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈတို႔ကို ႀကိဳဆိုေၾကာင္း အသိေပးလိုပါတယ္။ ယခင္သေဘာတူညီခ်က္ေတြကို ကြၽန္ေတာ္တို႔ ဥပေဒ နဲ႔အညီ လိုက္နာေဆာင္႐ြက္သြားပါမယ္။ ယခင္အစိုးရက မူအားျဖင့္ သေဘာတူၿပီးျဖစ္တဲ့၊ ခြင့္ျပဳခ်က္ ေစာင့္ဆိုင္း ေနဆဲ လုပ္ငန္းမ်ားကို အျမန္ခြင့္ျပဳခ်က္ရရွိေစေရး ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားပါမယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံဟာ စိုက္ပ်ိဳးေမြးျမဴေရးကို အဓိကအားထားရတဲ့ ႏိုင္ငံျဖစ္လို႔ ၎က႑ဖြံ႕ၿဖိဳးတိုးတက္ေစေရး ပို႔ကုန္မ်ား အျမန္တင္ပို႔ႏိုင္ေရး အေလးထားေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

(ေလး)    တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA)ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္ျခင္းျဖစ္ပါတယ္။ တစ္ႏိုင္ငံလုံး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ထာဝရ ၿငိမ္းခ်မ္းေရးရရွိေရးဟာ ကြၽန္ေတာ္တို႔ရဲ႕ အျပင္းျပဆုံး ဆႏၵျဖစ္ပါတယ္။ မျဖစ္မေန ဆက္လက္ေဆာင္႐ြက္ ပါမယ္။ ဒါ့ေၾကာင့္လည္း ကြၽန္ေတာ္တို႔တာဝန္ယူခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာပဲ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေကာ္မတီကို တိုးခ်ဲ႕ဖြဲ႕စည္း ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တာဝန္ယူရတဲ့ ကာလ အတြင္းမွာ ျဖစ္ႏိုင္သမွ်နည္းလမ္းအားလုံးနဲ႔ ထာဝရ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္သြားပါမယ္။ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးနဲ႔ EAO မ်ားကလည္း ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ျခင္းျဖင့္ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ ဖိတ္ေခၚလိုက္ရပါတယ္။

(ငါး)       အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ႏွင့္အညီ လြတ္လပ္ၿပီး တရားမွ်တေသာ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား ျပန္လည္ က်င္းပ၍ အႏိုင္ရသည့္ပါတီအား ဒီမိုကေရစီစံခ်ိန္စံႏႈန္း မ်ားႏွင့္အညီ ႏိုင္ငံေတာ္တာဝန္အား လႊဲအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားရန္ ျဖစ္ပါတယ္။ ဒီေန႔ ႏိုင္ငံေတာ္ကို ဦးေဆာင္ေနတဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ ဖြဲ႕စည္းပုံကိုၾကည့္ပါ။ ကြၽန္ေတာ္အပါအဝင္ စစ္ဘက္ဆိုင္ရာ အရာရွိႀကီး ၈ ဦး၊ တိုင္းရင္းသား ေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီေခါင္းေဆာင္မ်ား ပါဝင္တဲ့ အရပ္သား ၈ ဦး၊ ေပါင္း ၁၆ ဦးနဲ႔ ဖြဲ႕စည္းထား ပါတယ္။ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားကိုလည္း သက္ဆိုင္ရာနယ္ပယ္ ကြၽမ္းက်င္သူမ်ားနဲ႔ ဖြဲ႕စည္း ထားပါတယ္။ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္နဲ႔ၿမိဳ႕နယ္ စီမံခန႔္ခြဲေရးနဲ႔ အုပ္ခ်ဳပ္ေရးေကာင္စီမ်ားကိုလည္း ေဒသ ခံမ်ား၊ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးဝန္ထမ္းမ်ားနဲ႔ ဖြဲ႕စည္းထားပါတယ္။ တပ္မေတာ္က ၁၉၆၂ ခုႏွစ္နဲ႔ ၁၉၈၈ ခုႏွစ္ တာဝန္ယူစဥ္ကာလ ဖြဲ႕စည္းပုံမ်ားနဲ႔ မ်ားစြာ ကြာျခားပါတယ္။ ကြၽန္ေတာ္တို႔ မလႊဲမေရွာင္ သာေသာ အေၾကာင္းမ်ားေၾကာင့္သာ အေရးေပၚကာလ မွာ တာဝန္ယူထားရျခင္းျဖစ္ပါတယ္။ အေျခခံဥပေဒရဲ႕ အေရးေပၚကာလ ျပ႒ာန္းခ်က္မ်ားအရသာ ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။ စစ္မွန္ၿပီး စည္းကမ္းျပည့္ဝတဲ့ ဒီမိုကေရစီစနစ္ကို ေစာင့္ေရွာက္ေဖာ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီစနစ္အရ ေကာင္းမြန္ သန႔္ရွင္းေသာ အစိုးရတစ္ရပ္နဲ႔ အုပ္ခ်ဳပ္မႈပုံစံ ေပၚထြန္းလာေစရမယ္လို႔ ေျပာၾကားလိုပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံေတာ္ကို ေခတၱထိန္းသိမ္းေပးထားတဲ့ ကာလအတြင္းမွာ ႏိုင္ငံျခားေရးမူဝါဒ၊ အုပ္ခ်ဳပ္ေရးနဲ႔ပတ္သက္တဲ့ မူဝါဒ၊ စီးပြားေရးနဲ႔ပတ္သက္တဲ့မူဝါဒမ်ား လုံးဝေျပာင္းလဲသြားမွာ မဟုတ္ ပါဘူး။ လက္ရွိသြားေနတဲ့ ႏိုင္ငံေရးလမ္းစဥ္အတိုင္း ဆက္လက္ေဆာင္႐ြက္ သြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးမူဝါဒနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) အတိုင္း မေျပာင္းလဲဘဲ ဆက္လက္ တည္ရွိပါမယ္။ ကမာၻ႔ႏိုင္ငံတိုင္းနဲ႔ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ ေပါင္းဖက္ဆက္ဆံေရးကို ေရွးရႈသြားမွာ ျဖစ္ပါတယ္။ ထပ္ေျပာပါမယ္။ ႏိုင္ငံအားလုံးနဲ႔ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေဆာင္႐ြက္သြားမွာ ျဖစ္ပါ တယ္။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကိုလည္း ဖိတ္ေခၚပါတယ္။ ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ပတ္သက္ၿပီး တည္ဆဲဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္သြား မွာျဖစ္လို႔ မည္သည့္ထိခိုက္မႈမွရွိမွာ မဟုတ္ေၾကာင္း ေျပာၾကားလိုပါ တယ္။ လုပ္ငန္းရွင္မ်ားအေနနဲ႔ အခြင့္အေရးရရွိေရးအတြက္ မေတာ္ မတရား မလုပ္ၾကဖို႔ဘဲ တိုက္တြန္းလိုပါတယ္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀၀၈ ခုႏွစ္)ဟာ တိုင္းရင္းသား ျပည္သူလူထု လူတန္းစားအလႊာ ၈ လႊာက ကိုယ္စားလွယ္ေပါင္း ၇၀၀ ေက်ာ္နဲ႔ ႏွစ္ေပါင္းမ်ားစြာ ေဆြးေႏြးညႇိႏႈိင္းၿပီးမွ ေပၚထြန္းလာခဲ့တဲ့ စည္းကမ္းျပည့္ဝတဲ့ ပါတီစုံ ဒီမိုကေရစီစနစ္ကိုေဖာ္ေဆာင္ေနတဲ့ အေျခခံ ဥပေဒ ျဖစ္ပါတယ္။ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ပါတီစုံဒီမိုကေရစီ စနစ္ကို ကြၽန္ေတာ္တို႔ မမွိတ္မသုန္ကာကြယ္သြားပါမယ္။ ဆက္လက္ အေကာင္အထည္ေဖာ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားပါမယ္။ ျပည္သူလူထု စိတ္ခ်မ္းေျမ့ စြာ မိမိတို႔ ယုံၾကည္ရာ ဘာသာေရးကိစၥမ်ားကို ေဆာင္႐ြက္ ႏိုင္ေရး ဘုရား၊ ေစတီမ်ား၊ ဘာသာေရးအေဆာက္အဦမ်ားကိုလည္း ဒီေန႔ကစၿပီး ႏိုင္ငံတစ္ဝွမ္းလုံး ဖြင့္လွစ္ ေပးလိုက္ပါၿပီ။ COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ႏိုင္ငံသားပီသစြာ ေဆာင္႐ြက္သြား ၾကပါလို႔ ၾကည္ႏူးဝမ္းေျမာက္စြာ သတင္းစကားပါးလိုက္ရပါတယ္။ ႏိုင္ငံ သူ၊ ႏိုင္ငံသားမ်ားရဲ႕ ပညာေရး ေနာက္မက်ေစဖို႔အတြက္လည္း စာသင္ ေက်ာင္းမ်ားကို COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ဖြင့္လွစ္ႏိုင္ ေရး အျမန္ဆုံး ဆက္လက္ေဆာင္႐ြက္သြားပါမယ္။ ႏိုင္ငံ့အနာဂတ္ကို ဆက္လက္ထမ္းေဆာင္ရမယ့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအားလုံး ေက်ာင္းတက္ဖို႔ စတင္ျပင္ဆင္ႏိုင္ၾကပါၿပီ။ တရားဥပေဒစိုးမိုးေရးကို မထိခိုက္ဘူးဆိုရင္ ဆက္သြယ္ေရး လမ္းေၾကာင္းမ်ားကိုလည္း ကြၽန္ေတာ္တို႔ အေကာင္းဆုံးျဖစ္ေအာင္ စီမံေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။ ႏိုင္ငံတြင္း အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုမိုပြင့္လန္းလာေစဖို႔ ဆက္လက္ေဆာင္႐ြက္ပါမယ္။ ပိတ္ထားရတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကို COVID-19 စည္းမ်ဥ္းစည္းကမ္း ေတြနဲ႔အညီ ျပန္ဖြင့္ေပးသြားပါမယ္။ COVID-19 ကပ္ေရာဂါေၾကာင့္ ျပည္ပမွာ ဒုကၡေရာက္ေနတဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြ ျပန္လာႏိုင္ဖို႔ ကြၽန္ေတာ္တို႔ စတင္ေဆာင္႐ြက္ ေနပါၿပီ။ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုေရာက္ေနတဲ့ ေနရပ္စြန႔္ခြာသြားသူမ်ား ကိုလည္း ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ားနဲ႔ အညီ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ရပ္တည္ခ်က္နဲ႔အညီ ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ား (IDP Camp) မ်ားကိုလည္း အျဖစ္ႏိုင္ဆုံး ေနရပ္ျပန္ေစေရး ေဆြးေႏြးေဆာင္႐ြက္သြားပါမယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာၾကားလိုတာကေတာ့ တပ္မေတာ္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ၁၀ ႏွစ္တာ ပါတီစုံဒီမိုကေရစီစနစ္ လမ္းေၾကာင္းမွာ အမ်ိဳးသားႏိုင္ငံေရးကို ဦးထိပ္ထားၿပီး ျပည္သူနဲ႔လက္တြဲ အေကာင္းဆုံး ေဆာင္႐ြက္ခဲ့ပါတယ္။ ယခုလည္း စစ္မွန္ၿပီးစည္းကမ္းျပည့္ဝတဲ့ ပါတီစုံ ဒီမိုကေရစီစနစ္ ထြန္းကားလာေရး ေဆာင္႐ြက္လ်က္ရွိေနပါတယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ စုေပါင္းဖြဲ႕စည္းမႈ၊ ေဆြးေႏြး ညႇိႏႈိင္းအေျဖရွာမႈ နည္းလမ္းေတြကိုသာအသုံးျပဳၿပီး ျမန္မာႏိုင္ငံ၊ ႏိုင္ငံေရး ယဥ္ေက်းမႈနဲ႔ သမိုင္းေပးတာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ လ်က္ရွိပါတယ္။ တိုင္းရင္းသားျပည္သူတစ္ရပ္လုံးအေနနဲ႔ စိတ္ခံစားမႈ ထက္ ပကတိအခ်က္အလက္မ်ား၊ အမွန္တရားမ်ားကိုေရွးရႈၿပီး လက္တြဲ ညီ ေဆာင္႐ြက္သြားပါစို႔လို႔ ေမတၱာရပ္ခံတိုက္တြန္းလိုပါတယ္။ အားလုံး ကို ေက်းဇူးတင္ပါတယ္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။