နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအားတွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမူရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအတူ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင် နှင့် စောဒန်နီယယ်တို့ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အပေါ် ရွေးကောက်ပွဲ မတိုင်မီကာလ၊ မဲပေးရွေးချယ်သည့်ကာလနှင့် ရွေးကောက်ပွဲပြီးသည့် ကာလများတွင် ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်ကို မည်သို့မျှမိမိတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်၍ မရနိုင်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် အရေးပေါ် အခြေအနေကြေညာ၍ ဆောင်ရွက်ခဲ့ရသည့် အနေအထားဖြစ်ကြောင်း၊ အကယ်၍သာ ဆောင်ရွက်ဖွယ်ရာရှိသည့် ကိစ္စရပ်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက်မည်ဆိုပါက ယခုအခြေအနေမျိုးသို့ ရောက်ရှိမည် မဟုတ်ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု အတိအလင်း ပြောခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့သည့်အတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးနှင့် လုံခြုံရေးသည် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုဟု ပြောသည့်အခါ နိုင်ငံရေးရင့်ကျက်မှုရှိရန်လည်း လိုအပ်ကြောင်း၊ ရင့်ကျက်မှုရှိမှ တည်ငြိမ် အေးချမ်းမည်ဖြစ်ကြောင်း၊ ရင့်ကျက်မှုမရှိပါက မည်သို့မျှ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးတည်ငြိမ် ရင့်ကျက်မှုရှိရန် ထိန်းကျောင်းရမည်၊ လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးဆိုရာတွင် လူတိုင်းအမြင်ချင်းတစ်ထပ်တည်း မည်သို့မျှမကျနိုင်ကြောင်း၊ ကွဲလွဲမှုရှိကြမည်ဖြစ်ကြောင်း၊ ကွဲလွဲမှုရှိသည့်အခါတွင် ယင်းအပေါ်၌ မိမိတို့လုပ်ချင်တိုင်း လုပ်လို့ရသည်ဆိုသည့်အမြင်မျိုး(အစား) နိုင်ငံရေးကို တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးစနစ်နှင့် စည်းကမ်းတကျရှိသည့် နိုင်ငံရေးစနစ် ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက်ပြီး လုပ်မည်ဆိုပါက ယင်းအပြောကျယ်လှသည့် နိုင်ငံရေးသည် အင်မတန် သာယာသည့် နိုင်ငံရေးဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ “တိမ်တောင်သဖွယ် မင်းရေးကျယ်” ဟု ပြောကြပါကြောင်း၊ အင်မတန်ကျယ်ပြောလှသည့် နိုင်ငံရေးလောကကြီးထဲတွင် မိမိတို့သည် နိုင်ငံရေးယဉ်ကျေးမှုနှင့် သွားကြရန်လိုကြောင်း။

ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အများ၏ ဆန္ဒနှင့် ဆောင်ရွက်သည်ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီးရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လိုကြောင်း၊ အများဆန္ဒသည် ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေးသည် ဒီမိုကရေစီဟု ပြောနိုင်ရန်ခဲယဉ်းကြောင်း၊ မိမိတို့ ဖြတ်သန်းလာခဲ့သည့် တစ်လျှောက်တွင် ပါလီမန်စနစ်သွားခဲ့ကြကြောင်း၊ ထို့နောက် တော်လှန်ရေးကောင်စီတက်လာပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အတိုင်း သွားခဲ့ကြပါကြောင်း၊ ထို့နောက် တပ်မတော်အစိုးရအုပ်ချုပ်မှုကို သွားခဲ့ပါကြောင်း၊ တပ်မတော်အစိုးရမှ ပြည်သူလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့ကြောင်း၊ အခြေခံဥပဒေ ရေးဆွဲပြီး ၂၀၁၁ ခုနှစ်တွင် တက်လာသည့် ရွေးကောက်ခံပါတီကို မိမိတို့ကတာဝန်လွှဲ၍ ယခုပါတီစုံဒီမိုကရေစီ လမ်းကြောင်းကိုသွားပါကြောင်း၊ ပါလီမန်စနစ်၊ တော်လှန်ရေး ကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ်၊ တပ်မတော်အစိုးရစနစ် ကျင့်သုံးခဲ့သည့် နိုင်ငံရေးဆောင်ရွက်ချက်များသည် ရိုးသားမှု မည်မျှရှိသည်၊ အားပြိုင်မှု မည်မျှရှိသည်၊ အာဃာတများ မည်မျှရှိသည် စသည်တို့ကို သမိုင်းပြန်လှန်ကြည့်ပါက တွေ့နိုင်ကြောင်း။

ယခုဖွဲ့စည်းသည့် ကောင်စီတွင် မိမိထက် အသက်များစွာကြီး၍ အတွေ့အကြုံ ရှိသည့် ပုဂ္ဂိုလ်များ ပါဝင်ပါကြောင်း၊ မိမိအနေဖြင့် ယခုကိစ္စအပေါ် များစွာစဉ်းစား ခဲ့ကြောင်း၊ ရိုးသားသည့်၊ စစ်မှန်သည့် နိုင်ငံရေးယဉ်ကျေးမှုများ ရှိရန်လိုအပ်ကြောင်း၊ ပါလီမန်စနစ်ကို ကြည့်ကြည့်၊ တော်လှန်ရေးကောင်စီခေတ်ကို ကြည့်ကြည့်၊ လမ်းစဉ် ပါတီအစိုးရခေတ်ကို ကြည့်ကြည့် မိမိတို့တွေ့နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းပြည်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မိမိတို့မှန်မှန်ကန်ကန် သွားနိုင်မှသာ နိုင်ငံရေးသည် တည်ငြိမ်မှုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု ရမှသာလျှင်၊ လုံခြုံရေးနှင့် တည်ငြိမ်မှုဆိုသည်မှာလည်း နောက်ဆက်တွဲပါလာ မည်ဖြစ်ကြောင်း၊ တစ်ဖက်က လုံခြုံရေးနှင့်တည်ငြိမ်ရေးရှိမှသာ နိုင်ငံရေးနှင့်တည်ငြိမ်မှု တို့သည် ဟန်ချက်ညီညီဖြင့် သွားမည်ဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲဆိုသည်မှာ အသက်ဖြစ်ကြောင်း၊ အများဆန္ဒ ဟု ပြောသည့်အတွက် ရွေးကောက်ပွဲကို ဆန္ဒပြုခြင်းနှင့်သွားကြကြောင်း၊ ဆန္ဒပြုခြင်းဖြင့် သွားသည့်အတွက် ယင်းဆန္ဒပြုခြင်းသည် မှန်မှန်ကန်ကန်ဖြစ်ရန်လိုအပ်ကြောင်း၊ လွတ်လပ်စွာ၊ မှန်ကန်စွာဆန္ဒပြုခြင်းဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို လွတ်လွတ် လပ်လပ် မှန်မှန်ကန်ကန်ပေး၍ရကြောင်း၊ သမာသမတ်မကျလျှင် ပြည်သူ့ဆန္ဒအမှန်တိုင်း ဖြစ်ရန် ခဲယဉ်းပါကြောင်း။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ၂၀၁ဝ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးများ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကြီးများကြားတွင် ကြားဖြတ်ရွေးကောက်ပွဲများလည်း ရှိခဲ့ကြောင်း၊ အဆိုပါရွေးကောက်ပွဲများ၌လည်း ပြဿနာအနည်းငယ်နှင့် တိုင်ကြားတရား စွဲမှုများရှိခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြဿနာ ကြီးကြီးမားမား မရှိဘဲ သမာသမတ်ရှိသည့် ဆုံးဖြတ်ချက်ဟူ၍ လက်ခံသွားကြကြောင်း။

ပြီးခဲ့သည့် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲမဲပေးနေသည့်ကာလနှင့် ရွေးကောက်ပွဲပြီးသည့်ကာလများတွင် ပြဿနာများရှိလာပြီး ကြီးမားသည့်ပြဿနာများ ဖြစ်လာသည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲမတိုင်မီဆောင်ရွက်သည့် ပါတီမဲဆွယ်စည်းရုံးရေးမှစတင်ကာ ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာများ တွေ့လာကြောင်း၊ မိမိဆီသို့လည်း နိုင်ငံရေးပါတီများက စာရေးကြသည်များလည်းရှိကြောင်း၊ မိမိအနေဖြင့် ဖိတ်ကြားပြီး ၎င်းတို့၏ ဆန္ဒများနှင့် အခြေအနေများကို မေးမြန်းကြောင်း၊ တစ်ဖက်တွင် လည်း ပါတီများနှင့် လူထု၏ စာများကိုဖတ်ကြည့်သည့်အခါ ရွေးကောက်ပွဲအကြိုကာလ ဆောင်ရွက်ချက်များအပေါ် သံသယကြီးကြီးမားမား ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုအချိန်မှစ၍ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့်နေရာတိုင်းတွင် ပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကဦးတည်၍ ပြောခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် မဲပေးခဲ့ကြသည့်သူများနှင့် ပါတီများက အဆိုပါရွေးကောက်ပွဲများတွင် သံသယမရှိသည့်အတွက် တက်တက်ကြွကြွ ဖြင့် မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရ ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရလုပ်ဆောင်ချက်များအပေါ် ပြည်သူများ အနေဖြင့် အားမလိုအားမရ ဖြစ်လာကြသည်ကိုတွေ့ရကြောင်း၊ ပြည်သူများက ၎င်းတို့၏ ဆန္ဒအလျောက် အလွှာအသီးသီး၏ခံစားချက်များကို မူတည်၍ အစိုးရ လုပ်ဆောင် ချက်များအပေါ်မှာ အားမလိုအားမရဖြစ်လာသည့်အတွက် ရွေးကောက်ပွဲ လုပ်ရန် ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ်စိတ်ပျက်ပြီး မဲမပေးချင်သောစိတ်များ ဖြစ်လာကြသည်ကို တွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာကြောင်း။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲလုပ်သည့်အခါ ရန်ကုန်တစ်မြို့နယ်လုံး မဲပေးသူ ၁၄ ရာခိုင်နှုန်းလောက်သာ ရှိသည်ကို သိရကြောင်း၊ လူ ၁ဝဝ တွင် ၁၄ ယောက်သာ မဲပေးပြီး အဆိုပါ ၁၄ ယောက်ထဲမှ မဲများသူကို တာဝန်ပေးသည်ဆိုသည်မှာ တာဝန်ပေးအပ်ခြင်းခံရသောသူ သည် သက်ဆိုင်ရာ မဲဆန္ဒရှင်အားလုံး၏ ကိုယ်စားပြုမှုအပေါ်အား ပျော့ကြောင်း၊ ရာနှုန်းပြည့်လက်ခံ နိုင်ရန်ခဲယဉ်းကြောင်း၊ ယင်းမှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အတွေ့အကြုံတစ်ခုဖြစ်ကြောင်း။

၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရောက်သည့်နေရာတိုင်းတွင် နှစ်သက်ရာကို မဲပေးရန်တိုက်တွန်းပါကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရသည် မဲပေးရန်ဖြစ်ကြောင်း၊ ဖြစ်သင့်သည်ကိုသာ ပြောပြကြောင်း၊ ဆုံးဖြတ်သည်မှာ ပြည်သူများ ပင်ဖြစ်ကြောင်း။ တပ်မတော်ကို တပ်တွင်းမဲရုံများတွင် မဲပေးခြင်းမှ အပြင်တွင်မဲပေးရမည်၊ ပြည်သူနှင့် အတူ မဲပေးရမည်ဟု ပြောလာသည့်အခါ မိမိအနေဖြင့် ချက်ချင်းပင် သဘောတူခဲ့ ကြောင်း၊ ပြည်သူနှင့်အတူ မဲပေးသည်မှာ ပို၍ကောင်းကြောင်း၊ လွတ်လွတ်လပ်လပ် မဲပေးရန်ဆောင်ရွက် ခဲ့ကြောင်း၊ မဲပေးသည့်ကာလ၊ မဲပေးသည့်အချိန်တွင် မဲရုံများနှင့် ပတ်သက်၍ ကြိုတင်မဲပြဿနာများရှိကြောင်း၊ ကြိုတင်မဲများနှင့်စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြင်ဆင်ချက်များပေး၍ မဲပေးခိုင်းသည်ကို တွေ့ရကြောင်း၊ ဉပဒေကို ကျော်လွန်၍ မဖြစ်ကြောင်း၊ ရွေးကောက်ပွဲဉပဒေကို ကျော်လွန်သည့် အမိန့်များကို ထုတ်ပြန်မှု မပြုသင့်ကြောင်း၊ သို့သော် အဆိုပါအချက်များကို မျက်ကွယ်ပြု၍ ကိုဗစ်ဖြစ်သည်ကို အကြောင်းပြ ထုတ်ပြန်ထားသည့် အမိန့်များကို တွေ့ရကြောင်း။

ဆိုလိုသည်မှာ မဲစာရင်းထုတ်ပြန်သည့်အခါနှင့် ကြိုတင်မဲပေးသည့်အခါ မှားယွင်း မှုများ စတင်တွေ့လာကြောင်း၊ ထို့ကြောင့် မိမိတို့က စနစ်တကျ စိစစ်ဆောင်ရွက်ပေးရန် ပြောကြောင်း၊ တပ်မတော်အတွင်း၌ ကြိုတင်မဲပေးရာတွင် ကြိုတင်မဲပေးသည့်အချိန် ရက် ၉ဝ မတိုင်မီ ရှိနေသူဖြစ်ရမည်ဟု ပြောပါကြောင်း။

မိမိတို့စည်းကမ်းနှင့်အညီ မဲပေးရန် ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ယင်းမှာ ကြိုတင်မဲ ပေးသည့်ကာလဖြစ်ကြောင်း၊ မဲရုံ၌ မဲပေးသည့်အချိန်တွင် လည်း တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် မဲပေးသည့်နေရာများတွင် မည်သည့် မြို့နယ် မည်သည့်မဲရုံ၌ မည်သို့မဲပေးသည်စသည်ဖြင့် လူဦးရေစာရင်း အကုန်ရှိကြောင်း၊ ဆက်သွယ်ရေးစနစ်အလွန်ကောင်းသည့် ခေတ်ကာလတွင် မိမိတို့အနေဖြင့် မသိစရာ အကြောင်းမရှိပါကြောင်း။ မဲစာရင်းထဲတွင် မှတ်ပုံတင်မပါသူ စာရင်းများတွေ့ရကြောင်း၊ ကိုယ်စားလှယ်လောင်းများက ပြော၍သိရကြောင်း၊ ယင်းမှာ မဲပေးသည့်နေ့က ဖြစ်စဉ် ဖြစ်ကြောင်း၊ မိမိကိုလည်း တိုင်ကြကြောင်း၊ တချို့ပါတီများက စာနဲ့ရေးပြီး ပြောကြ ကြောင်း၊ မဲဆန္ဒရှင်တစ်ဦးက ယင်း၏ တွေ့ရှိချက်ကို မိမိထံ စာရေးပြီး တင်ပြကြောင်း၊ မိမိအနေဖြင့် ကျွမ်းကျင်သူများ ခေါ်၍ဆွေးနွေးကြောင်း၊ နောက်ဆုံး ကွန်ပျူတာနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါတွင် ရလဒ်များထွက်လာကြောင်း။ စထွက်သည့်အချိန်ကစ၍ UEC ကို ရှင်းပြရန် မိမိ တောင်းဆိုကြောင်း၊ UEC က ရေငုံနှုတ်ပိတ်နေပြီး ထုတ်ပြန်ချက် များ ထုတ်ကြောင်း၊ ယင်း ပြဿနာမှာ မည်သို့မျှ လက်ခံ၍မရကြောင်း၊ မိမိအနေဖြင့် လွှတ်တော်သို့စာရေး၍ အသိပေးကြောင်း။

ယင်းနောက် လွှတ်တော်အထူးအစည်းအဝေးခေါ်ရန်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးပါတီတချို့နှင့်ပေါင်းပြီး စာရေးတင်ပြကြောင်း၊ လွှတ်တော်ကငြင်းပယ်ခဲ့ကြောင်း။ အမှန်အားဖြင့် လွှတ်တော်က ငြင်းပိုင်ခွင့်မရှိကြောင်း။ အထူးအစည်းအဝေးကို ဥပဒေအရ ခေါ်ပေးပါဟု ပြောပါက ဥပဒေနှင့်ကိုက်ညီလျှင် ခေါ်ပေးရမည့်တာဝန်ရှိပြီး ငြင်းပယ်ခွင့်မရှိကြောင်း။ နိုင်ငံတော်သမ္မတထံ ထပ်ပြီးတင်ပြ ကြောင်း။ တရားဝင် ကာလုံခေါ်ပေးရန်တင်ပြသော်လည်း အသိအမှတ် မပြုကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ်ပေးနိုင်သည့်သူကို စာရေးပါကြောင်း၊ အစိုးရ အဖွဲ့ကိုယ်စားလှယ် မိမိထံ လာတွေ့ပြီး ဆွေးနွေးခဲ့ရာ အကျိုးအကြောင်းများဖြင့် ရှင်းပြခဲ့ကြောင်း။ ကိုယ်စားလှယ်များကလည်း လက်ခံကြောင်း။ သို့သော် အဖြေမရခဲ့ကြောင်း၊ ထို့ကြောင့် တရားဝင်ဖြစ်အောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးခေါ် ပေးစေလိုကြောင်း နိုင်ငံတော် သမ္မတထံသို့ စာထပ်ရေးခဲ့ကြောင်း၊ ယင်းတို့ အကြောင်းပြန်ချက်မှာ သမ္မတနှင့် လွှတ်တော်တွင် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း။ UEC နှင့်သာ သက်ဆိုင်ကြောင်း။ UEC နှင့်သာ ရှင်းရန် လိုကြောင်းစသည့်ဖြင့် တုံ့ပြန်ခဲ့ကြောင်း။

ဒီမိုကရေစီနည်းလမ်းအရ ဆောင်ရွက်ထားသည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် မိမိအနေဖြင့် ယင်းကို မပျက်ဆီးစေလိုကြောင်း။ အကြိမ်ကြိမ်အခါခါ သတင်းအချက်အလက်ပေးကြောင်း။ သို့သော် မည်သို့မျှ မရသည့် အတွက် ယခုအနေအထားကိုရောက်ခဲ့ကြောင်း။ ရွေးကောက်ပွဲကြောင့် ဖြစ်လာသည့် ပြဿနာအခြေခံကိုရှင်းပြခြင်းဖြစ်ကြောင်း။

ပုဒ်မ ၄၀ (ဂ) နှင့် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အာဏာကို အဓ္ဓမ ရယူလိုခြင်း နှင့်အကျူံးဝင်နေသည်ကို တွေ့မြင်ရကြောင်း။ ကျမ်းသစ္စာကျိမ်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌများ၊ တာဝန်ရှိသည့်အဖွဲ့အစည်းများကို ဖွဲ့စည်းရန်လုပ်ဆောင်ခြင်းသည် အာဏာ ကို မတရားသဖြင့်ရယူရန် ပြုလုပ်ခြင်းဖြစ်ကြောင်း။ ယင်းတို့မှာ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအပြီးကာလများတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများဖြစ်ကြောင်း။

မိမိတို့တာဝန်ယူပြီးနောက် ရွေးကောက်ပွဲမဲစာရင်းနဲ့ပတ်သက်ပြီး ပြန်ပြီးစိစစ် မည်ဖြစ်ကြောင်း၊ ပြန်လည်စိစစ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဉပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းစစ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က အရေးကြီးကြောင်း၊ အရေးပေါ်အခြေအနေကြေညာလိုက်သည့် အချိန်မှ စပြီး ဉပဒေအရ ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က အသစ် တက်လာမည်ဖြစ်ကြောင်း၊ ထူးခြားသည်မှာ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲစာရင်းတွင် တတိယအကြိမ် မဲစာရင်း ထုတ်ပြန်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ပဏာမစစ်သည့်အချိန်တွင် တတိယမဲစာရင်းကို ရှာမရပါကြောင်း၊ ရှိကောင်းရှိနိုင်မည်ဖြစ်သော်လည်း အကုန်ရှိချင်မှ ရှိနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုသည် တတိယအကြိမ်မဲစာရင်းမရရှိကြဟု ပြောကြောင်း၊ မိမိအနေဖြင့် ယခုတာဝန်ရှိသူများနှင့် ပဏာမစစ်သည့်အချိန်တွင် တတိယအကြိမ် မဲစာရင်းယခုအထိ မရသေးကြောင်း၊ သို့သော်တွေ့ရှိပါက တတိယ အကြိမ် မဲစာရင်းကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း၊ တပ်မတော်က စစ်သည့်အခါ ပထမအကြိမ်မဲစာရင်းကို စစ်ကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းရသည့်အချိန်တွင် ပထမအကြိမ်ရသည့် မဲစာရင်းနှင့် ဒုတိယအကြိမ်မဲစာရင်း သိပ်မကွာပါကြောင်း၊ အနည်းအကျဉ်းသာ ကွာကြောင်း၊ ထို့ကြောင့် မိမိတို့က မဲစာရင်းရလဒ်နှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် နံပါတ်တစ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လုပ်ဆောင်ပြီးပါက ကြေညာမည်ဖြစ်ကြောင်း၊ မကြာခင်ကြေညာမည်ဖြစ်ကြောင်း၊ အကြမ်းဖျင်း မဟုတ်ဘဲ အကုန်လက်မှတ်ထိုးပြီး ကော်မတီတွင်လည်းတင်ပြ၍ ကော်မတီ အကုန်လုံးကို အသိပေးပြီး ကြေညာမည်ဖြစ်ကြောင်း၊

ဒုတိယအချက်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် တားဆီး၍ရသည့် ရောဂါမဟုတ်ပါကြောင်း၊ ကောင်စီဝင်များ မစုံလင်ချိန် တွင် သက်ဆိုင်ရာဝန်ကြီးများ ခန့်အပ်ပြီး ခေါ်တွေ့ပါကြောင်း၊ ကိုဗစ်-၁၉ အတွက် အားသွန်ခွန်စိုက်လုပ်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်က ကမ္ဘာတွင် ဒုက္ခအပေးဆုံးပြဿနာ ဖြစ်နေကြောင်း၊ ကမ္ဘာ့ လူဉီးရေသန်း ၁၀၀ ကျော်ခန့် ကိုဗစ်ရောဂါဖြစ်နေကြောင်း၊ သေဆုံးမှုလည်း အထိုက် အလျောက်ရှိကြောင်း၊ သို့သော်လည်း တားဆီး၍မရသည့် ကိစ္စမဟုတ်ပါကြောင်း၊ အားသွန်ခွန်စိုက် လုပ်ရန်အတွက် စည်းမျဉ်းစည်းကမ်းနှင့် တားဆီးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် လက်တွဲပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး လှူထားသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ်များ ရှိကြောင်း၊ စနစ်ဇယားဖြင့် စနစ်တကျရှိနေ သည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့သော်လည်း မည်သို့သုံးစွဲထားသည်ကို ပြန်လည် ကြည့်ရမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် နိုင်ငံတော်ဘတ်ဂျက်မှ ကိုဗစ်ကယ်ဆယ်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ရန်ပုံငွေပေးသည်များရှိပါကြောင်း၊ ဘီလီယံနှင့်ချီ၍ ပေးသည်များရှိကြောင်း၊ ပြည်သူလူထုက ပူးပေါင်းဆောင် ရွက်ရန်အတွက်လည်း ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ အကျိုးရှိရှိဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမည်ဟု ပြောလိုကြောင်း၊ ကာကွယ်ကုသရေး အပိုင်းတွင်လည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ကျေးလက်နေ ပြည်သူများနှင့် ရဟန်သံဃာများ မကျန်စေရေးအတွက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ထိတွေ့မှုများသည့် အလွှာနှင့်မဖြစ်မနေ ထမ်းဆောင်နေရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုလည်း ကာကွယ်ဆေး ထိုးရမည်ဖြစ်ကြောင်း၊ အဓိက အခြေခံလူတန်း စားများ၊ တောင်သူလယ်သမားများ၊ ကျေးလက်များတွင်ရှိသည့် လူများ၊ အများစု ၇၀ ရာခိုင်နှုန်းကို အမြန်ဆုံး ထိရောက်အောင် ဆောင်ရွက်ပေးမှရမည်ဟု တွေးမိပါကြောင်း။

တတိယသည် ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ထိခိုက်ခဲ့သည့် စီးပွားရေးများ နလန်ထူရန် မိမိတို့ကောင်စီက ကူညီပေးမည်ဖြစ်ကြောင်း၊ ငွေကြေးလိုအပ်ပါကလည်း ငွေချေးရန်အတွက် နည်းလမ်းရှာ လုပ်ပေးမည်ဖြစ်ကြောင်း၊ ဘဏ္ဍာအခွန်ဝန်ကြီးနှင့် ဗဟိုဘဏ်ကိုလည်း ယခင်အတွေ့အကြုံရှိသည့်သူကိုသာ ပြန်လည်တာဝန်ပေးပါ ကြောင်း၊ ထို့ကြောင့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် လုပ်ရန် လိုပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ ဆောင်ရွက်ဆဲ စီမံကိန်း များ၊ ခွင့်ပြုပြီး စီမံကိန်းများနှင့်ပတ်သက်ပြီးမိမိအနေဖြင့် အာမခံ ချက်ပေးပါကြောင်း၊ အစိုးရက မူအားဖြင့်သဘောတူပြီး ခွင့်ပြုချက်မရသေးသည်များ ရှိပါကြောင်း၊ ဉပမာ အားဖြင့် ဘဏ္ဍာအခွန်ဝန်ကြီး ဌာန ရင်းနှီးမြှုပ်နှံမှု၊ သစ်တောရေးရာဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနစသည့် ဌာနဆိုင်ရာအသီးသီး၏ အကြောင်းပြချက်များကို တစ်ဖွဲ့ချင်းခေါ်ယူဆွေးနွေးပြီး အမြန်ဆုံး ခွင့်ပြုချက်ချ ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီများကို ပြန်ဖွဲ့ထားပြီး ကောင်စီဝင်များသည်လည်း အချို့နေရာများတွင် ကော်မတီဝင်များအဖြစ် ပါဝင်မည်ဖြစ်ကြောင်း၊ ဝိုင်းဝန်းစဉ်းစားပေးကြရန်ဖြစ်ကြောင်း၊ ယခင်အစိုးရက သဘောတူညီပြီးဖြစ်သည့် ခွင့်ပြုချက်စောင့်ဆိုင်းနေသည့် လုပ်ငန်းများ ကို အမြန်ဖွင့်ပေးစေရန် လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် အောင် ဆက်ပြီးလုပ်နိုင်စေရေးအတွက် လုပ်ပေးမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များများ ရရှိရေး ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့အပေါ်သံသယ ဖြစ်မှုများရှိပြီး တချို့နေရာတွင် ပိတ်ပင်တားဆီးမှုများရှိကြောင်း၊

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပို၍မြှင့်တင်ဆောင်ရွက်သွားရန် ကြိုးစား ပေးမည်ဖြစ်ကြောင်း၊ နောက်ထပ်အရေးကြီးသည်မှာ ထာဝရငြိမ်းချမ်းရေး ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ လိုအပ်ချက်တစ်ခုမှာ နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံရေးတည်ငြိမ်မှုဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ယင်းနှင့်ပတ် သက်၍ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း၊ NCA လမ်းကြောင်းအတိုင်း သွားမည် ဖြစ် ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံသည့် ပြည််ထောင်စုကိုသွားမည်ဖြစ်ကြောင်း၊ NCA နှင့်ပတ်သက်ပြီးရအောင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ NCA နှင့် ပတ်သက်၍ အရေးပေါ်ကာလ တစ်နှစ် အတွင်း ဖြစ်နိုင်သမျှ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုလည်း လက်မှတ်ရေးထိုးနိုင်ရန် ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ၎င်းတို့က ဉီးဆောင်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း လက်ခံတွေ့ဆုံ၍ ပြောဆို မည်ဖြစ်ကြောင်း၊ မိမိတို့သွား နေသည့် ဒီမိုကရေစီဆိုသည်မှာ အားလုံးတူညီသည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း ရန်၊ စိတ်တူသဘောတူသွားရန် လိုအပ်ကြောင်း၊ ယင်းကိုလည်းကောင်စီဝင်များက ဆက်လက်ကူညီဆောင်ရွက်ပေးရန် ပြောလိုကြောင်း။

မဲစာရင်းများ စစ်သည့်အခါတွင် ၁၈နှစ် မပြည့်သေးသူ များစွာတွေ့ရကြောင်း၊ မှတ်ပုံတင်မပါသည့်သူများ စာရင်းအတွင်း တွေ့ရကြောင်း၊ သန်းနှင့်ချီတွေ့ရကြောင်း၊ ထို့ကြောင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးကို ခေါ်တွေ့မေးမြန်းရာ ရန်ကုန်တွင်ရှိသည့် သူတော်တော်များများသည် နာဂစ်၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသည့်သူများဖြစ် ကြောင်း၊ ၎င်းတို့တွင် မှတ်ပုံတင် မရှိဟု ပြောကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမှန်သမျှ မှတ်ပုံတင်ရရှိစေရန် အင်တိုက်အားတိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်နယ်များတွင် မှတ်ပုံတင်မရှိသည့် တိုင်းရင်း သားများရှိပါကြောင်း၊ ယင်းတို့ကိုလည်း အထူးစီမံချက်ထားပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် ပြောကြားထားကြောင်း၊ မိမိဖြည့်စွက် ပြောလိုသည်မှာ နိုင်ငံသား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းအားလုံး နိုင်ငံသားအားလုံးကို ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နောက်ထပ်ရပ်ထား၍ မရသည့်ကိစ္စတစ်ခုမှာ ဘင်္ဂလားဒေ့ရ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ကိစ္စဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကို မထိခိုက်ပါက သဘောတူညီချက်များကို ဆက်လက် ဆွေးနွေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး၍ လက်ခံသင့်သည့် ကိစ္စရပ်များ ကို လက်ခံမည်ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဉပဒေအရ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

အရေးပေါ်ကာလ အတွင်း လုပ်ငန်းရပ်များကို မြန်မြန်ထက်ထက်ဖြင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ယင်းတို့ ပြီးသည်နှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် ဆောင်ရွက်ဆဲဖြစ်သည့် ကိုဗစ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ ပို့ဆောင်ဆက်သွယ်ရေးဖြစ်ပြီး ရပ်ထား၍ မရပါကြောင်း၊ ထို့ကြောင့် တပ်မတော်က ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်သည့် ဌာနများကိုလည်း ကျွမ်းကျင် သည့်သူများနှင့် ဖွဲ့စည်းတာဝန်ပေးကြောင်း၊ အရေးအကြီးဆုံး နေရာအားလုံးတွင်လည်း ကျွမ်းကျင်သည့်သူများက တာဝန်ယူ လုပ်ဆောင်နေကြောင်း၊ ယင်းကို ကြည့်ခြင်းအား ဖြင့် မိမိတို့သည် စုပေါင်းဉီးဆောင်မှုဖြင့် ဒီမိုကရေစီကို စနစ်တကျသွားရန်အတွက် ဉီးတည်နေကြောင်း အကြမ်းဖျင်းအားဖြင့် မှန်း၍ရပါ ကြောင်း။ နိုင်ငံတကာဆက်ဆံရေး နှင့် ပတ်သက်၍လည်း မူဝါဒများပြောင်းလဲခြင်းမရှိကြောင်း၊ အခြေခံဉပဒေတွင် ပြဌာန်းပြီးဖြစ်ကြောင်း၊ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက် ရှိကြောင်း၊ ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေး မူအပေါ်တွင် အခြေခံပြီးသွားမည်ဖြစ် ကြောင်း၊ အာဆီယံနိုင်ငံ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ အာဆီယံတွင် ပေးထားသည့် ကတိကဝတ်များအားလုံးကို လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ကုလသမဂ္ဂ၏ ပြဌာန်းချက်များကိုလည်း လိုက်နာသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် မိမိတို့နိုင်ငံနှင့်ကိုက်ညီ၍ လက်ခံထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ကုလသမဂ္ဂနှင့်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများအားလုံး လိုက်နာဆောင်ရွက် သွားမည်ဟု ကောင်စီဝင်များကို အသိပေးလိုကြောင်း၊ အဓိကအားဖြင့် မိမိတို့သည် တိုတောင်းလှသည့် ကာလအတွင်း အခြေအနေကို ပုံမှန်လမ်းကြောင်းအပေါ် ဖြောင့် အောင် သွားနိုင်ရန် လိုအပ်ကြောင်း၊ ယင်းကိုကောင်စီဝင်များ ကလည်း ပူးပေါင်းဆောင် ရွက်ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့်လိုအပ်သည့်နေရာတွင် ဉီးဆောင်ပေးရန် တင်ပြလို ကြောင်း ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ JengPhang နော်တောင်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးခင်မောင်ဆွေတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်တွင် ပါရှိသည့် နိုင်ငံရေးပါတီပြဌာန်းချက်များ အတိုင်း ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးရေးအတွက် အခြေခံကျသည့် ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီများ အမြန်ဖွဲ့စည်းပြီး သမာသမတ်ကျသူများအား တာဝန်ပေးအပ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သော ဥပဒေများ အား ပြန်လည်ပြဋ္ဌာန်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ ငြိမ်းချမ်းရေးပိုမိုအောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ပြည်နယ်အုပ်ချုပ်ရေးကောင်စီများ တွင် အဖွဲ့ဝင်များတိုးမြင့်ခန့်ထားပေးရေး၊ ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိသော်လည်း မကျင်းပ ပေးခဲ့သည့်အတွက် အခွင့်အရေးများဆုံးရှုံးခဲ့မှု၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာများ ဖွဲ့စည်းပေးရေး၊ လွှတ်တော်ဥပဒေများ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဥပဒေ၊ ရွှေးကောက်ပွဲဆိုင်ရာဥပဒေတို့တွင် ဖြည့်စွက် ချက်များထည့်သွင်းရေး နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပြု ရေးကိစ္စကိုစဉ်းစားပေးမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေရန် လိုကြောင်း၊ ယခုတင်ပြသည့်ဆွေးနွေးတင်ပြချက်များကို အကောင်းဆုံးဖြစ်အောင် စဉ်စား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ပါသည်။

(Zawgyi Version)

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၈

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္မ်ားအားေတြ႕ဆုံၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊လူမူေရး၊ အုပ္ခ်ဳပ္ေရး၊ ၿငိမ္းခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးတို႔ႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒အတူ ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီအဖြဲ႕ ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံဆိုင္ ႏွင့္ ေစာဒန္နီယယ္တို႔ တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္၏ အေျခအေနအရပ္ရပ္အေပၚ ေ႐ြးေကာက္ပြဲ မတိုင္မီကာလ၊ မဲေပးေ႐ြးခ်ယ္သည့္ကာလႏွင့္ ေ႐ြးေကာက္ပြဲၿပီးသည့္ ကာလမ်ားတြင္ ျဖစ္ေပၚလာသည့္ အေျခအေနအရပ္ရပ္ကို မည္သို႔မွ်မိမိတို႔အေနျဖင့္ ေျဖရွင္းေဆာင္႐ြက္၍ မရႏိုင္ျဖစ္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ အေရးေပၚ အေျခအေနေၾကညာ၍ ေဆာင္႐ြက္ခဲ့ရသည့္ အေနအထားျဖစ္ေၾကာင္း၊ အကယ္၍သာ ေဆာင္႐ြက္ဖြယ္ရာရွိသည့္ ကိစၥရပ္မ်ားကို စည္းကမ္းႏွင့္အညီ ေဆာင္႐ြက္မည္ဆိုပါက ယခုအေျခအေနမ်ိဳးသို႔ ေရာက္ရွိမည္ မဟုတ္ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ဥပေဒအတိုင္း ေဆာင္႐ြက္မည္ဟု အတိအလင္း ေျပာခဲ့ၿပီးျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ပါတီစုံဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ေပးခဲ့သည့္အတိုင္း ပါတီစုံဒီမိုကေရစီစနစ္ကို အျပည့္အဝေဖာ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ကို သြားမည္ဆိုပါက ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးသည္ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ လိုအပ္ေၾကာင္း၊ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈဟု ေျပာသည့္အခါ ႏိုင္ငံေရးရင့္က်က္မႈရွိရန္လည္း လိုအပ္ေၾကာင္း၊ ရင့္က်က္မႈရွိမွ တည္ၿငိမ္ ေအးခ်မ္းမည္ျဖစ္ေၾကာင္း၊ ရင့္က်က္မႈမရွိပါက မည္သို႔မွ် တည္ၿငိမ္ေအးခ်မ္းမႈ မရွိႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေရးတည္ၿငိမ္ ရင့္က်က္မႈရွိရန္ ထိန္းေက်ာင္းရမည္၊ ေလ့က်င့္ေပးရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးယဥ္ေက်းမႈမ်ား စနစ္တက်ျဖစ္ရန္လိုေၾကာင္း၊ ႏိုင္ငံေရးဆိုရာတြင္ လူတိုင္းအျမင္ခ်င္းတစ္ထပ္တည္း မည္သို႔မွ်မက်ႏိုင္ေၾကာင္း၊ ကြဲလြဲမႈရွိၾကမည္ျဖစ္ေၾကာင္း၊ ကြဲလြဲမႈရွိသည့္အခါတြင္ ယင္းအေပၚ၌ မိမိတို႔လုပ္ခ်င္တိုင္း လုပ္လို႔ရသည္ဆိုသည့္အျမင္မ်ိဳး(အစား) ႏိုင္ငံေရးကို တည္ၿငိမ္ေအးခ်မ္းသည့္ ႏိုင္ငံေရးစနစ္ႏွင့္ စည္းကမ္းတက်ရွိသည့္ ႏိုင္ငံေရးစနစ္ ဆိုသည့္ ႏိုင္ငံေရးယဥ္ေက်းမႈကို တည္ေဆာက္ၿပီး လုပ္မည္ဆိုပါက ယင္းအေျပာက်ယ္လွသည့္ ႏိုင္ငံေရးသည္ အင္မတန္ သာယာသည့္ ႏိုင္ငံေရးျဖစ္လိမ့္မည္ ျဖစ္ေၾကာင္း၊ “တိမ္ေတာင္သဖြယ္ မင္းေရးက်ယ္” ဟု ေျပာၾကပါေၾကာင္း၊ အင္မတန္က်ယ္ေျပာလွသည့္ ႏိုင္ငံေရးေလာကႀကီးထဲတြင္ မိမိတို႔သည္ ႏိုင္ငံေရးယဥ္ေက်းမႈႏွင့္ သြားၾကရန္လိုေၾကာင္း။

ဒီမိုကေရစီဆိုသည္မွာ အမ်ား၏ဆႏၵႏွင့္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ အမ်ား၏ ဆႏၵႏွင့္ ေဆာင္႐ြက္သည္ဆိုေသာ္လည္း အမ်ား၏ဆႏၵသည္ စစ္မွန္ၿပီး႐ိုးသားသည့္ ႏိုင္ငံေရးျဖစ္ရန္လိုေၾကာင္း၊ အမ်ားဆႏၵသည္ ႐ိုးသားမႈမရွိပါက ယင္းႏိုင္ငံေရးသည္ ဒီမိုကေရစီဟု ေျပာႏိုင္ရန္ခဲယဥ္းေၾကာင္း၊ မိမိတို႔ ျဖတ္သန္းလာခဲ့သည့္ တစ္ေလွ်ာက္တြင္ ပါလီမန္စနစ္သြားခဲ့ၾကေၾကာင္း၊ ထို႔ေနာက္ ေတာ္လွန္ေရးေကာင္စီတက္လာၿပီး ျမန္မာ့နည္း ျမန္မာ့ဟန္ျဖင့္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္အတိုင္း သြားခဲ့ၾကပါေၾကာင္း၊ ထို႔ေနာက္ တပ္မေတာ္အစိုးရအုပ္ခ်ဳပ္မႈကို သြားခဲ့ပါေၾကာင္း၊ တပ္မေတာ္အစိုးရမွ ျပည္သူလိုလားသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ခဲ့ေၾကာင္း၊ အေျခခံဥပေဒ ေရးဆြဲၿပီး ၂၀၁၁ ခုႏွစ္တြင္ တက္လာသည့္ ေ႐ြးေကာက္ခံပါတီကို မိမိတို႔ကတာဝန္လႊဲ၍ ယခုပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းကိုသြားပါေၾကာင္း၊ ပါလီမန္စနစ္၊ ေတာ္လွန္ေရး ေကာင္စီ၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီစနစ္၊ တပ္မေတာ္အစိုးရစနစ္ က်င့္သုံးခဲ့သည့္ ႏိုင္ငံေရးေဆာင္႐ြက္ခ်က္မ်ားသည္ ႐ိုးသားမႈ မည္မွ်ရွိသည္၊ အားၿပိဳင္မႈ မည္မွ်ရွိသည္၊ အာဃာတမ်ား မည္မွ်ရွိသည္ စသည္တို႔ကို သမိုင္းျပန္လွန္ၾကည့္ပါက ေတြ႕ႏိုင္ေၾကာင္း။

ယခုဖြဲ႕စည္းသည့္ ေကာင္စီတြင္ မိမိထက္ အသက္မ်ားစြာႀကီး၍ အေတြ႕အႀကဳံ ရွိသည့္ ပုဂၢိဳလ္မ်ား ပါဝင္ပါေၾကာင္း၊ မိမိအေနျဖင့္ ယခုကိစၥအေပၚ မ်ားစြာစဥ္းစား ခဲ့ေၾကာင္း၊ ႐ိုးသားသည့္၊ စစ္မွန္သည့္ ႏိုင္ငံေရးယဥ္ေက်းမႈမ်ား ရွိရန္လိုအပ္ေၾကာင္း၊ ပါလီမန္စနစ္ကို ၾကည့္ၾကည့္၊ ေတာ္လွန္ေရးေကာင္စီေခတ္ကို ၾကည့္ၾကည့္၊ လမ္းစဥ္ ပါတီအစိုးရေခတ္ကို ၾကည့္ၾကည့္ မိမိတို႔ေတြ႕ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔တိုင္းျပည္၏ ပကတိအေျခအေနႏွင့္ ကိုက္ညီသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို မိမိတို႔မွန္မွန္ကန္ကန္ သြားႏိုင္မွသာ ႏိုင္ငံေရးသည္ တည္ၿငိမ္မႈရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးတည္ၿငိမ္မႈ ရမွသာလွ်င္၊ လုံၿခဳံေရးႏွင့္ တည္ၿငိမ္မႈဆိုသည္မွာလည္း ေနာက္ဆက္တြဲပါလာ မည္ျဖစ္ေၾကာင္း၊ တစ္ဖက္က လုံၿခဳံေရးႏွင့္တည္ၿငိမ္ေရးရွိမွသာ ႏိုင္ငံေရးႏွင့္တည္ၿငိမ္မႈ တို႔သည္ ဟန္ခ်က္ညီညီျဖင့္ သြားမည္ျဖစ္ေၾကာင္း။

ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲဆိုသည္မွာ အသက္ျဖစ္ေၾကာင္း၊ အမ်ားဆႏၵ ဟု ေျပာသည့္အတြက္ ေ႐ြးေကာက္ပြဲကို ဆႏၵျပဳျခင္းႏွင့္သြားၾကေၾကာင္း၊ ဆႏၵျပဳျခင္းျဖင့္ သြားသည့္အတြက္ ယင္းဆႏၵျပဳျခင္းသည္ မွန္မွန္ကန္ကန္ျဖစ္ရန္လိုအပ္ေၾကာင္း၊ လြတ္လပ္စြာ၊ မွန္ကန္စြာဆႏၵျပဳျခင္းျဖင့္ ဒီမိုကေရစီ၏ အႏွစ္သာရကို လြတ္လြတ္ လပ္လပ္ မွန္မွန္ကန္ကန္ေပး၍ရေၾကာင္း၊ သမာသမတ္မက်လွ်င္ ျပည္သူ႔ဆႏၵအမွန္တိုင္း ျဖစ္ရန္ ခဲယဥ္းပါေၾကာင္း။ ျမန္မာႏိုင္ငံသည္ ၂၀၁၁ ခုႏွစ္မွစတင္၍ ပါတီစုံဒီမိုကေရစီ စနစ္ကို က်င့္သုံးခဲ့ေၾကာင္း၊ ၂၀၁ဝ ျပည့္ႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲႀကီးမ်ား ျပဳလုပ္ခဲ့ၿပီး ေ႐ြးေကာက္ပြဲႀကီးမ်ားၾကားတြင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ားလည္း ရွိခဲ့ေၾကာင္း၊ အဆိုပါေ႐ြးေကာက္ပြဲမ်ား၌လည္း ျပႆနာအနည္းငယ္ႏွင့္ တိုင္ၾကားတရား စြဲမႈမ်ားရွိခဲ့ေသာ္လည္း ေျဖရွင္း ေဆာင္႐ြက္ႏိုင္ခဲ့သည့္အတြက္ ျပႆနာ ႀကီးႀကီးမားမား မရွိဘဲ သမာသမတ္ရွိသည့္ ဆုံးျဖတ္ခ်က္ဟူ၍ လက္ခံသြားၾကေၾကာင္း။

ၿပီးခဲ့သည့္ တတိယအႀကိမ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ေ႐ြးေကာက္ပြဲအႀကိဳ ကာလ၊ ေ႐ြးေကာက္ပြဲမဲေပးေနသည့္ကာလႏွင့္ ေ႐ြးေကာက္ပြဲၿပီးသည့္ကာလမ်ားတြင္ ျပႆနာမ်ားရွိလာၿပီး ႀကီးမားသည့္ျပႆနာမ်ား ျဖစ္လာသည္ကို ေတြ႕ရေၾကာင္း၊ ေ႐ြးေကာက္ပြဲမတိုင္မီေဆာင္႐ြက္သည့္ ပါတီမဲဆြယ္စည္း႐ုံးေရးမွစတင္ကာ ပါတီမ်ား၏ ေျပာဆိုလုပ္ပိုင္ခြင့္ႏွင့္ပတ္သက္၍ တရားမွ်တမႈ သံသယျဖစ္စရာမ်ား ေတြ႕လာေၾကာင္း၊ မိမိဆီသို႔လည္း ႏိုင္ငံေရးပါတီမ်ားက စာေရးၾကသည္မ်ားလည္းရွိေၾကာင္း၊ မိမိအေနျဖင့္ ဖိတ္ၾကားၿပီး ၎တို႔၏ ဆႏၵမ်ားႏွင့္ အေျခအေနမ်ားကို ေမးျမန္းေၾကာင္း၊ တစ္ဖက္တြင္ လည္း ပါတီမ်ားႏွင့္ လူထု၏ စာမ်ားကိုဖတ္ၾကည့္သည့္အခါ ေ႐ြးေကာက္ပြဲအႀကိဳကာလ ေဆာင္႐ြက္ခ်က္မ်ားအေပၚ သံသယႀကီးႀကီးမားမား ျဖစ္ေနသည္ကို ေတြ႕ရွိရေၾကာင္း၊ ထိုအခ်ိန္မွစ၍ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေရး ေဆာင္႐ြက္ေပးရန္ ႀကဳံသည့္ေနရာတိုင္းတြင္ ေျပာၾကားခဲ့ေၾကာင္း၊ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရး လုပ္ေဆာင္ေပးရန္ အဓိကဦးတည္၍ ေျပာခဲ့ေၾကာင္း၊ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတို႔တြင္ မဲေပးခဲ့ၾကသည့္သူမ်ားႏွင့္ ပါတီမ်ားက အဆိုပါေ႐ြးေကာက္ပြဲမ်ားတြင္ သံသယမရွိသည့္အတြက္ တက္တက္ႂကြႂကြ ျဖင့္ မဲေပးခဲ့ၾကသည္ကို ေတြ႕ရေၾကာင္း။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ၇ဝ ရာခိုင္ႏႈန္းနီးပါး မဲေပးခဲ့ၾကသည္ကို ေတြ႕ရ ေၾကာင္း၊ ၂၀၁၆ ခုႏွစ္တြင္ တက္လာသည့္ အစိုးရလုပ္ေဆာင္ခ်က္မ်ားအေပၚ ျပည္သူမ်ား အေနျဖင့္ အားမလိုအားမရ ျဖစ္လာၾကသည္ကိုေတြ႕ရေၾကာင္း၊ ျပည္သူမ်ားက ၎တို႔၏ ဆႏၵအေလ်ာက္ အလႊာအသီးသီး၏ခံစားခ်က္မ်ားကို မူတည္၍ အစိုးရ လုပ္ေဆာင္ ခ်က္မ်ားအေပၚမွာ အားမလိုအားမရျဖစ္လာသည့္အတြက္ ေ႐ြးေကာက္ပြဲ လုပ္ရန္ ရွိလာသည့္အခါ ေ႐ြးေကာက္ပြဲအေပၚစိတ္ပ်က္ၿပီး မဲမေပးခ်င္ေသာစိတ္မ်ား ျဖစ္လာၾကသည္ကို ေတြ႕ရၿပီး No Vote လႈပ္ရွားမႈမ်ား ျဖစ္လာေၾကာင္း။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေ႐ြးေကာက္ပြဲလုပ္သည့္အခါ ရန္ကုန္တစ္ၿမိဳ႕နယ္လုံး မဲေပးသူ ၁၄ ရာခိုင္ႏႈန္းေလာက္သာ ရွိသည္ကို သိရေၾကာင္း၊ လူ ၁ဝဝ တြင္ ၁၄ ေယာက္သာ မဲေပးၿပီး အဆိုပါ ၁၄ ေယာက္ထဲမွ မဲမ်ားသူကို တာဝန္ေပးသည္ဆိုသည္မွာ တာဝန္ေပးအပ္ျခင္းခံရေသာသူ သည္ သက္ဆိုင္ရာ မဲဆႏၵရွင္အားလုံး၏ ကိုယ္စားျပဳမႈအေပၚအား ေပ်ာ့ေၾကာင္း၊ ရာႏႈန္းျပည့္လက္ခံ ႏိုင္ရန္ခဲယဥ္းေၾကာင္း၊ ယင္းမွာ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေ႐ြးေကာက္ပြဲ အေတြ႕အႀကဳံတစ္ခုျဖစ္ေၾကာင္း။

၂၀၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ၌ ေရာက္သည့္ေနရာတိုင္းတြင္ ႏွစ္သက္ရာကို မဲေပးရန္တိုက္တြန္းပါေၾကာင္း၊ ဒီမိုကေရစီ၏အႏွစ္သာရသည္ မဲေပးရန္ျဖစ္ေၾကာင္း၊ ျဖစ္သင့္သည္ကိုသာ ေျပာျပေၾကာင္း၊ ဆုံးျဖတ္သည္မွာ ျပည္သူမ်ား ပင္ျဖစ္ေၾကာင္း။ တပ္မေတာ္ကို တပ္တြင္းမဲ႐ုံမ်ားတြင္ မဲေပးျခင္းမွ အျပင္တြင္မဲေပးရမည္၊ ျပည္သူႏွင့္ အတူ မဲေပးရမည္ဟု ေျပာလာသည့္အခါ မိမိအေနျဖင့္ ခ်က္ခ်င္းပင္ သေဘာတူခဲ့ ေၾကာင္း၊ ျပည္သူႏွင့္အတူ မဲေပးသည္မွာ ပို၍ေကာင္းေၾကာင္း၊ လြတ္လြတ္လပ္လပ္ မဲေပးရန္ေဆာင္႐ြက္ ခဲ့ေၾကာင္း၊ မဲေပးသည့္ကာလ၊ မဲေပးသည့္အခ်ိန္တြင္ မဲ႐ုံမ်ားႏွင့္ ပတ္သက္၍ ႀကိဳတင္မဲျပႆနာမ်ားရွိေၾကာင္း၊ ႀကိဳတင္မဲမ်ားႏွင့္စပ္လ်ဥ္း၍ အမိန္႔၊ ၫႊန္ၾကားခ်က္မ်ားႏွင့္ ျပင္ဆင္ခ်က္မ်ားေပး၍ မဲေပးခိုင္းသည္ကို ေတြ႕ရေၾကာင္း၊ ဉပေဒကို ေက်ာ္လြန္၍ မျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲဉပေဒကို ေက်ာ္လြန္သည့္ အမိန႔္မ်ားကို ထုတ္ျပန္မႈ မျပဳသင့္ေၾကာင္း၊ သို႔ေသာ္ အဆိုပါအခ်က္မ်ားကို မ်က္ကြယ္ျပဳ၍ ကိုဗစ္ျဖစ္သည္ကို အေၾကာင္းျပ ထုတ္ျပန္ထားသည့္ အမိန႔္မ်ားကို ေတြ႕ရေၾကာင္း။
ဆိုလိုသည္မွာ မဲစာရင္းထုတ္ျပန္သည့္အခါႏွင့္ ႀကိဳတင္မဲေပးသည့္အခါ မွားယြင္း မႈမ်ား စတင္ေတြ႕လာေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔က စနစ္တက် စိစစ္ေဆာင္႐ြက္ေပးရန္ ေျပာေၾကာင္း၊ တပ္မေတာ္အတြင္း၌ ႀကိဳတင္မဲေပးရာတြင္ ႀကိဳတင္မဲေပးသည့္အခ်ိန္ ရက္ ၉ဝ မတိုင္မီ ရွိေနသူျဖစ္ရမည္ဟု ေျပာပါေၾကာင္း။

မိမိတို႔စည္းကမ္းႏွင့္အညီ မဲေပးရန္ ေဆာင္႐ြက္ေပး ခဲ့ေၾကာင္း၊ ယင္းမွာ ႀကိဳတင္မဲ ေပးသည့္ကာလျဖစ္ေၾကာင္း၊ မဲ႐ုံ၌ မဲေပးသည့္အခ်ိန္တြင္ လည္း တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလုံးတြင္ရွိသည့္ မဲေပးသည့္ေနရာမ်ားတြင္ မည္သည့္ ၿမိဳ႕နယ္ မည္သည့္မဲ႐ုံ၌ မည္သို႔မဲေပးသည္စသည္ျဖင့္ လူဦးေရစာရင္း အကုန္ရွိေၾကာင္း၊ ဆက္သြယ္ေရးစနစ္အလြန္ေကာင္းသည့္ ေခတ္ကာလတြင္ မိမိတို႔အေနျဖင့္ မသိစရာ အေၾကာင္းမရွိပါေၾကာင္း။ မဲစာရင္းထဲတြင္ မွတ္ပုံတင္မပါသူ စာရင္းမ်ားေတြ႕ရေၾကာင္း၊ ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာ၍သိရေၾကာင္း၊ ယင္းမွာ မဲေပးသည့္ေန႔က ျဖစ္စဥ္ ျဖစ္ေၾကာင္း၊ မိမိကိုလည္း တိုင္ၾကေၾကာင္း၊ တခ်ိဳ႕ပါတီမ်ားက စာနဲ႔ေရးၿပီး ေျပာၾက ေၾကာင္း၊ မဲဆႏၵရွင္တစ္ဦးက ယင္း၏ ေတြ႕ရွိခ်က္ကို မိမိထံ စာေရးၿပီး တင္ျပေၾကာင္း၊ မိမိအေနျဖင့္ ကြၽမ္းက်င္သူမ်ား ေခၚ၍ေဆြးေႏြးေၾကာင္း၊ ေနာက္ဆုံး ကြန္ပ်ဴတာႏွင့္ တိုက္ဆိုင္စစ္ေဆးသည့္အခါတြင္ ရလဒ္မ်ားထြက္လာေၾကာင္း။ စထြက္သည့္အခ်ိန္ကစ၍ UEC ကို ရွင္းျပရန္ မိမိ ေတာင္းဆိုေၾကာင္း၊ UEC က ေရငုံႏႈတ္ပိတ္ေနၿပီး ထုတ္ျပန္ခ်က္ မ်ား ထုတ္ေၾကာင္း၊ ယင္း ျပႆနာမွာ မည္သို႔မွ် လက္ခံ၍မရေၾကာင္း၊ မိမိအေနျဖင့္ လႊတ္ေတာ္သို႔စာေရး၍ အသိေပးေၾကာင္း။

ယင္းေနာက္ လႊတ္ေတာ္အထူးအစည္းအေဝးေခၚရန္အတြက္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ႏိုင္ငံေရးပါတီတခ်ိဳ႕ႏွင့္ေပါင္းၿပီး စာေရးတင္ျပေၾကာင္း၊ လႊတ္ေတာ္ကျငင္းပယ္ခဲ့ေၾကာင္း။ အမွန္အားျဖင့္ လႊတ္ေတာ္က ျငင္းပိုင္ခြင့္မရွိေၾကာင္း။ အထူးအစည္းအေဝးကို ဥပေဒအရ ေခၚေပးပါဟု ေျပာပါက ဥပေဒႏွင့္ကိုက္ညီလွ်င္ ေခၚေပးရမည့္တာဝန္ရွိၿပီး ျငင္းပယ္ခြင့္မရွိေၾကာင္း။ ႏိုင္ငံေတာ္သမၼတထံ ထပ္ၿပီးတင္ျပ ေၾကာင္း။ တရားဝင္ ကာလုံေခၚေပးရန္တင္ျပေသာ္လည္း အသိအမွတ္ မျပဳေၾကာင္း၊ ထို႔ေၾကာင့္ အဆုံးအျဖတ္ေပးႏိုင္သည့္သူကို စာေရးပါေၾကာင္း၊ အစိုးရ အဖြဲ႕ကိုယ္စားလွယ္ မိမိထံ လာေတြ႕ၿပီး ေဆြးေႏြးခဲ့ရာ အက်ိဳးအေၾကာင္းမ်ားျဖင့္ ရွင္းျပခဲ့ေၾကာင္း။ ကိုယ္စားလွယ္မ်ားကလည္း လက္ခံေၾကာင္း။ သို႔ေသာ္ အေျဖမရခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တရားဝင္ျဖစ္ေအာင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနျဖင့္ အမ်ိဳးသားလုံၿခဳံေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ အစည္းအေဝးေခၚ ေပးေစလိုေၾကာင္း ႏိုင္ငံေတာ္ သမၼတထံသို႔ စာထပ္ေရးခဲ့ေၾကာင္း၊ ယင္းတို႔ အေၾကာင္းျပန္ခ်က္မွာ သမၼတႏွင့္ လႊတ္ေတာ္တြင္ ဆုံးျဖတ္ပိုင္ခြင့္မရွိေၾကာင္း။ UEC ႏွင့္သာ သက္ဆိုင္ေၾကာင္း။ UEC ႏွင့္သာ ရွင္းရန္ လိုေၾကာင္းစသည့္ျဖင့္ တုံ႔ျပန္ခဲ့ေၾကာင္း။

ဒီမိုကေရစီနည္းလမ္းအရ ေဆာင္႐ြက္ထားသည့္ ေ႐ြးေကာက္ပြဲျဖစ္သည့္အတြက္ မိမိအေနျဖင့္ ယင္းကို မပ်က္ဆီးေစလိုေၾကာင္း။ အႀကိမ္ႀကိမ္အခါခါ သတင္းအခ်က္အလက္ေပးေၾကာင္း။ သို႔ေသာ္ မည္သို႔မွ် မရသည့္ အတြက္ ယခုအေနအထားကိုေရာက္ခဲ့ေၾကာင္း။ ေ႐ြးေကာက္ပြဲေၾကာင့္ ျဖစ္လာသည့္ ျပႆနာအေျခခံကိုရွင္းျပျခင္းျဖစ္ေၾကာင္း။

ပုဒ္မ ၄၀ (ဂ) ႏွင့္ ပုဒ္မ ၄၁၇ အရ ႏိုင္ငံေတာ္၏ အာဏာကို အဓၶမ ရယူလိုျခင္း ႏွင့္အက်ဴံးဝင္ေနသည္ကို ေတြ႕ျမင္ရေၾကာင္း။ က်မ္းသစၥာက်ိမ္ဆိုၿပီး လႊတ္ေတာ္ ဥကၠ႒မ်ား၊ တာဝန္ရွိသည့္အဖြဲ႕အစည္းမ်ားကို ဖြဲ႕စည္းရန္လုပ္ေဆာင္ျခင္းသည္ အာဏာ ကို မတရားသျဖင့္ရယူရန္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း။ ယင္းတို႔မွာ ေ႐ြးေကာက္ပြဲမတိုင္မီကာလ၊ ေ႐ြးေကာက္ပြဲကာလ၊ ေ႐ြးေကာက္ပြဲအၿပီးကာလမ်ားတြင္ ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားျဖစ္ေၾကာင္း။

မိမိတို႔တာဝန္ယူၿပီးေနာက္ ေ႐ြးေကာက္ပြဲမဲစာရင္းနဲ႔ပတ္သက္ၿပီး ျပန္ၿပီးစိစစ္ မည္ျဖစ္ေၾကာင္း၊ ျပန္လည္စိစစ္ၿပီး လုပ္သင့္လုပ္ထိုက္သည္မ်ားကို ဉပေဒႏွင့္ အညီ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မဲစာရင္းစစ္ရန္အတြက္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က အေရးႀကီးေၾကာင္း၊ အေရးေပၚအေျခအေနေၾကညာလိုက္သည့္ အခ်ိန္မွ စၿပီး ဉပေဒအရ ပ်က္ျပယ္သြားၿပီျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္က အသစ္ တက္လာမည္ျဖစ္ေၾကာင္း၊ ထူးျခားသည္မွာ ယခင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္သည့္ မဲစာရင္းတြင္ တတိယအႀကိမ္ မဲစာရင္း ထုတ္ျပန္သည္ဟု ေျပာဆိုခဲ့ေၾကာင္း၊ ပဏာမစစ္သည့္အခ်ိန္တြင္ တတိယမဲစာရင္းကို ရွာမရပါေၾကာင္း၊ ရွိေကာင္းရွိႏိုင္မည္ျဖစ္ေသာ္လည္း အကုန္ရွိခ်င္မွ ရွိႏိုင္မည္ျဖစ္ေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမ်ားစုသည္ တတိယအႀကိမ္မဲစာရင္းမရရွိၾကဟု ေျပာေၾကာင္း၊ မိမိအေနျဖင့္ ယခုတာဝန္ရွိသူမ်ားႏွင့္ ပဏာမစစ္သည့္အခ်ိန္တြင္ တတိယအႀကိမ္ မဲစာရင္းယခုအထိ မရေသးေၾကာင္း၊ သို႔ေသာ္ေတြ႕ရွိပါက တတိယ အႀကိမ္ မဲစာရင္းကို ျပန္လည္စစ္ေဆးမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္က စစ္သည့္အခါ ပထမအႀကိမ္မဲစာရင္းကို စစ္ေၾကာင္း၊ ဒုတိယအႀကိမ္မဲစာရင္းရသည့္အခ်ိန္တြင္ ပထမအႀကိမ္ရသည့္ မဲစာရင္းႏွင့္ ဒုတိယအႀကိမ္မဲစာရင္း သိပ္မကြာပါေၾကာင္း၊ အနည္းအက်ဥ္းသာ ကြာေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔က မဲစာရင္းရလဒ္ႏွင့္ ပတ္သက္ၿပီး အတည္ျပဳႏိုင္ရန္အတြက္ နံပါတ္တစ္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း၊ လုပ္ေဆာင္ၿပီးပါက ေၾကညာမည္ျဖစ္ေၾကာင္း၊ မၾကာခင္ေၾကညာမည္ျဖစ္ေၾကာင္း၊ အၾကမ္းဖ်င္း မဟုတ္ဘဲ အကုန္လက္မွတ္ထိုးၿပီး ေကာ္မတီတြင္လည္းတင္ျပ၍ ေကာ္မတီ အကုန္လုံးကို အသိေပးၿပီး ေၾကညာမည္ျဖစ္ေၾကာင္း၊
ဒုတိယအခ်က္အေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါသည္ တားဆီး၍ရသည့္ ေရာဂါမဟုတ္ပါေၾကာင္း၊ ေကာင္စီဝင္မ်ား မစုံလင္ခ်ိန္ တြင္ သက္ဆိုင္ရာဝန္ႀကီးမ်ား ခန႔္အပ္ၿပီး ေခၚေတြ႕ပါေၾကာင္း၊ ကိုဗစ္-၁၉ အတြက္ အားသြန္ခြန္စိုက္လုပ္ရန္ လိုအပ္ပါေၾကာင္း၊ ကိုဗစ္က ကမာၻတြင္ ဒုကၡအေပးဆုံးျပႆနာ ျဖစ္ေနေၾကာင္း၊ ကမာၻ႔ လူဉီးေရသန္း ၁၀၀ ေက်ာ္ခန႔္ ကိုဗစ္ေရာဂါျဖစ္ေနေၾကာင္း၊ ေသဆုံးမႈလည္း အထိုက္ အေလ်ာက္ရွိေၾကာင္း၊ သို႔ေသာ္လည္း တားဆီး၍မရသည့္ ကိစၥမဟုတ္ပါေၾကာင္း၊ အားသြန္ခြန္စိုက္ လုပ္ရန္အတြက္ စည္းမ်ဥ္းစည္းကမ္းႏွင့္ တားဆီးရန္ လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူလူထုႏွင့္ လက္တြဲၿပီး ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း၊ ကိုဗစ္-၁၉ ႏွင့္ပတ္သက္ၿပီး လႉထားသည့္ ျပည္တြင္း၊ ျပည္ပ ပုဂၢိဳလ္မ်ား ရွိေၾကာင္း၊ စနစ္ဇယားျဖင့္ စနစ္တက်ရွိေန သည္ကို စိစစ္ေတြ႕ရွိရေၾကာင္း၊ သို႔ေသာ္လည္း မည္သို႔သုံးစြဲထားသည္ကို ျပန္လည္ ၾကည့္ရမည္ျဖစ္ေၾကာင္း၊ တခ်ိဳ႕ေနရာမ်ားတြင္ ႏိုင္ငံေတာ္ဘတ္ဂ်က္မွ ကိုဗစ္ကယ္ဆယ္ေရးအတြက္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားကို ရန္ပုံေငြေပးသည္မ်ားရွိပါေၾကာင္း၊ ဘီလီယံႏွင့္ခ်ီ၍ ေပးသည္မ်ားရွိေၾကာင္း၊ ျပည္သူလူထုက ပူးေပါင္းေဆာင္ ႐ြက္ရန္အတြက္လည္း ဖိတ္ေခၚမည္ျဖစ္ေၾကာင္း၊ အက်ိဳးရွိရွိျဖင့္ ထိထိေရာက္ေရာက္ ပြင့္လင္းျမင္သာစြာ လုပ္ေဆာင္သြားမည္ဟု ေျပာလိုေၾကာင္း၊ ကာကြယ္ကုသေရး အပိုင္းတြင္လည္း အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ ထို႔ေနာက္ ေက်းလက္ေန ျပည္သူမ်ားႏွင့္ ရဟန္သံဃာမ်ား မက်န္ေစေရးအတြက္ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း၊ ထိေတြ႕မႈမ်ားသည့္ အလႊာႏွင့္မျဖစ္မေန ထမ္းေဆာင္ေနရသည့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားကိုလည္း ကာကြယ္ေဆး ထိုးရမည္ျဖစ္ေၾကာင္း၊ အဓိက အေျခခံလူတန္း စားမ်ား၊ ေတာင္သူလယ္သမားမ်ား၊ ေက်းလက္မ်ားတြင္ရွိသည့္ လူမ်ား၊ အမ်ားစု ၇၀ ရာခိုင္ႏႈန္းကို အျမန္ဆုံး ထိေရာက္ေအာင္ ေဆာင္႐ြက္ေပးမွရမည္ဟု ေတြးမိပါေၾကာင္း။

တတိယသည္ ကိုဗစ္ေရာဂါႏွင့္ပတ္သက္ၿပီး ထိခိုက္ခဲ့သည့္ စီးပြားေရးမ်ား နလန္ထူရန္ မိမိတို႔ေကာင္စီက ကူညီေပးမည္ျဖစ္ေၾကာင္း၊ ေငြေၾကးလိုအပ္ပါကလည္း ေငြေခ်းရန္အတြက္ နည္းလမ္းရွာ လုပ္ေပးမည္ျဖစ္ေၾကာင္း၊ ဘ႑ာအခြန္ဝန္ႀကီးႏွင့္ ဗဟိုဘဏ္ကိုလည္း ယခင္အေတြ႕အႀကဳံရွိသည့္သူကိုသာ ျပန္လည္တာဝန္ေပးပါ ေၾကာင္း၊ ထို႔ေၾကာင့္ စီးပြားေရးကို ျပန္လည္တည့္မတ္ေအာင္ လုပ္ရန္ လိုပါေၾကာင္း၊ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈကိုလည္း ဖိတ္ေခၚပါေၾကာင္း၊ ေဆာင္႐ြက္ဆဲ စီမံကိန္း မ်ား၊ ခြင့္ျပဳၿပီး စီမံကိန္းမ်ားႏွင့္ပတ္သက္ၿပီးမိမိအေနျဖင့္ အာမခံ ခ်က္ေပးပါေၾကာင္း၊ အစိုးရက မူအားျဖင့္သေဘာတူၿပီး ခြင့္ျပဳခ်က္မရေသးသည္မ်ား ရွိပါေၾကာင္း၊ ဉပမာ အားျဖင့္ ဘ႑ာအခြန္ဝန္ႀကီး ဌာန ရင္းႏွီးျမႇဳပ္ႏွံမႈ၊ သစ္ေတာေရးရာဝန္ႀကီးဌာန၊ သတၱဳတြင္းဝန္ႀကီးဌာနစသည့္ ဌာနဆိုင္ရာအသီးသီး၏ အေၾကာင္းျပခ်က္မ်ားကို တစ္ဖြဲ႕ခ်င္းေခၚယူေဆြးေႏြးၿပီး အျမန္ဆုံး ခြင့္ျပဳခ်က္ခ် ေပးမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေကာ္မတီမ်ားကို ျပန္ဖြဲ႕ထားၿပီး ေကာင္စီဝင္မ်ားသည္လည္း အခ်ိဳ႕ေနရာမ်ားတြင္ ေကာ္မတီဝင္မ်ားအျဖစ္ ပါဝင္မည္ျဖစ္ေၾကာင္း၊ ဝိုင္းဝန္းစဥ္းစားေပးၾကရန္ျဖစ္ေၾကာင္း၊ ယခင္အစိုးရက သေဘာတူညီၿပီးျဖစ္သည့္ ခြင့္ျပဳခ်က္ေစာင့္ဆိုင္းေနသည့္ လုပ္ငန္းမ်ား ကို အျမန္ဖြင့္ေပးေစရန္ လုပ္ေဆာင္ေပး မည္ျဖစ္ေၾကာင္း၊ အထူးသျဖင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းႏွင့္ပတ္သက္သည့္ လုပ္ငန္းမ်ားကို အရွိန္အဟုန္မပ်က္ ေအာင္ ဆက္ၿပီးလုပ္ႏိုင္ေစေရးအတြက္ လုပ္ေပးမည္ျဖစ္ေၾကာင္း၊ ျပည္ပပို႔ကုန္မ်ားမ်ား ရရွိေရး ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ မိမိတို႔အေပၚသံသယ ျဖစ္မႈမ်ားရွိၿပီး တခ်ိဳ႕ေနရာတြင္ ပိတ္ပင္တားဆီးမႈမ်ားရွိေၾကာင္း၊
ထို႔ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ေရးလုပ္ငန္းမ်ား ပို၍ျမႇင့္တင္ေဆာင္႐ြက္သြားရန္ ႀကိဳးစား ေပးမည္ျဖစ္ေၾကာင္း၊ ေနာက္ထပ္အေရးႀကီးသည္မွာ ထာဝရၿငိမ္းခ်မ္းေရး ျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ခု၏ လိုအပ္ခ်က္တစ္ခုမွာ ႏိုင္ငံေရးတည္ၿငိမ္မႈႏွင့္ လုံၿခဳံေရးတည္ၿငိမ္မႈျဖစ္ ေၾကာင္း၊ မိမိတို႔အေနျဖင့္ NCA လက္မွတ္ေရးထိုးထားၿပီးျဖစ္ေၾကာင္း၊ ယင္းႏွင့္ပတ္ သက္၍ ေျပာင္းလဲမႈရွိမည္ မဟုတ္ေၾကာင္း၊ NCA လမ္းေၾကာင္းအတိုင္း သြားမည္ ျဖစ္ ေၾကာင္း၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ အေျခခံသည့္ ျပည္္ေထာင္စုကိုသြားမည္ျဖစ္ေၾကာင္း၊ NCA ႏွင့္ပတ္သက္ၿပီးရေအာင္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း၊ NCA ႏွင့္ ပတ္သက္၍ အေရးေပၚကာလ တစ္ႏွစ္ အတြင္း ျဖစ္ႏိုင္သမွ် ခိုင္ခိုင္မာမာျဖစ္ေအာင္ ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း၊ လက္မွတ္မထိုးရေသးသည့္ အဖြဲ႕မ်ားကိုလည္း လက္မွတ္ေရးထိုးႏိုင္ရန္ ေကာ္မတီကို ဖြဲ႕စည္းၿပီးျဖစ္ေၾကာင္း၊ ၎တို႔က ဉီးေဆာင္ၿပီး ေဆြးေႏြးမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္တိုင္လည္း လက္ခံေတြ႕ဆုံ၍ ေျပာဆို မည္ျဖစ္ေၾကာင္း၊ မိမိတို႔သြား ေနသည့္ ဒီမိုကေရစီဆိုသည္မွာ အားလုံးတူညီသည့္ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း ရန္၊ စိတ္တူသေဘာတူသြားရန္ လိုအပ္ေၾကာင္း၊ ယင္းကိုလည္းေကာင္စီဝင္မ်ားက ဆက္လက္ကူညီေဆာင္႐ြက္ေပးရန္ ေျပာလိုေၾကာင္း။

မဲစာရင္းမ်ား စစ္သည့္အခါတြင္ ၁၈ႏွစ္ မျပည့္ေသးသူ မ်ားစြာေတြ႕ရေၾကာင္း၊ မွတ္ပုံတင္မပါသည့္သူမ်ား စာရင္းအတြင္း ေတြ႕ရေၾကာင္း၊ သန္းႏွင့္ခ်ီေတြ႕ရေၾကာင္း၊ ထို႔ေၾကာင့္ လူဝန္မႈႀကီးၾကပ္ေရး ဝန္ႀကီးကို ေခၚေတြ႕ေမးျမန္းရာ ရန္ကုန္တြင္ရွိသည့္ သူေတာ္ေတာ္မ်ားမ်ားသည္ နာဂစ္၌ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္လာသည့္သူမ်ားျဖစ္ ေၾကာင္း၊ ၎တို႔တြင္ မွတ္ပုံတင္ မရွိဟု ေျပာေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းရင္းသားမွန္သမွ် မွတ္ပုံတင္ရရွိေစရန္ အင္တိုက္အားတိုက္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ျပည္နယ္မ်ားတြင္ မွတ္ပုံတင္မရွိသည့္ တိုင္းရင္း သားမ်ားရွိပါေၾကာင္း၊ ယင္းတို႔ကိုလည္း အထူးစီမံခ်က္ထားၿပီး ဝန္ႀကီးဌာနက ေဆာင္႐ြက္ေပးရန္ ေျပာၾကားထားေၾကာင္း၊ မိမိျဖည့္စြက္ ေျပာလိုသည္မွာ ႏိုင္ငံသား မွတ္ပုံတင္ႏွင့္ သန္းေခါင္စာရင္းအားလုံး ႏိုင္ငံသားအားလုံးကို ခိုင္ခိုင္မာမာျဖစ္ေအာင္ ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း၊ ေနာက္ထပ္ရပ္ထား၍ မရသည့္ကိစၥတစ္ခုမွာ ဘဂၤလားေဒ့ရ္ႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ေနရပ္စြန႔္ခြာသူမ်ား ကိစၥျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားကို မထိခိုက္ပါက သေဘာတူညီခ်က္မ်ားကို ဆက္လက္ ေဆြးေႏြး၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေဆြးေႏြး၍ လက္ခံသင့္သည့္ ကိစၥရပ္မ်ား ကို လက္ခံမည္ျဖစ္ပါေၾကာင္း၊ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဉပေဒအရ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း။

အေရးေပၚကာလ အတြင္း လုပ္ငန္းရပ္မ်ားကို ျမန္ျမန္ထက္ထက္ျဖင့္ လုပ္ေဆာင္သြားရမည္ ျဖစ္ေၾကာင္း၊ ယင္းတို႔ ၿပီးသည္ႏွင့္ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပေပးမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ ေဆာင္႐ြက္ဆဲျဖစ္သည့္ ကိုဗစ္ေရာဂါ တိုက္ဖ်က္ေရး ႏွင့္ ပတ္သက္၍ ဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ အေရးႀကီးသည္မွာ ပို႔ေဆာင္ဆက္သြယ္ေရးျဖစ္ၿပီး ရပ္ထား၍ မရပါေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္က ကူညီ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ က်န္သည့္ ဌာနမ်ားကိုလည္း ကြၽမ္းက်င္ သည့္သူမ်ားႏွင့္ ဖြဲ႕စည္းတာဝန္ေပးေၾကာင္း၊ အေရးအႀကီးဆုံး ေနရာအားလုံးတြင္လည္း ကြၽမ္းက်င္သည့္သူမ်ားက တာဝန္ယူ လုပ္ေဆာင္ေနေၾကာင္း၊ ယင္းကို ၾကည့္ျခင္းအား ျဖင့္ မိမိတို႔သည္ စုေပါင္းဉီးေဆာင္မႈျဖင့္ ဒီမိုကေရစီကို စနစ္တက်သြားရန္အတြက္ ဉီးတည္ေနေၾကာင္း အၾကမ္းဖ်င္းအားျဖင့္ မွန္း၍ရပါ ေၾကာင္း။ ႏိုင္ငံတကာဆက္ဆံေရး ႏွင့္ ပတ္သက္၍လည္း မူဝါဒမ်ားေျပာင္းလဲျခင္းမရွိေၾကာင္း၊ အေျခခံဉပေဒတြင္ ျပဌာန္းၿပီးျဖစ္ေၾကာင္း၊ လြတ္လပ္၍ တက္ႂကြသည့္ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးလ်က္ ရွိေၾကာင္း၊ ၿငိမ္းခ်မ္း စြာအတူယွဥ္တြဲေနထိုင္ေရး မူအေပၚတြင္ အေျခခံၿပီးသြားမည္ျဖစ္ ေၾကာင္း၊ အာဆီယံႏိုင္ငံ အဖြဲ႕ဝင္ျဖစ္သည္ႏွင့္အညီ အာဆီယံတြင္ ေပးထားသည့္ ကတိကဝတ္မ်ားအားလုံးကို လိုက္နာေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ထို႔အတူ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္သည္ႏွင့္အညီ မိမိတို႔ႏိုင္ငံ၏ ပကတိအေျခအေနႏွင့္ ကိုက္ညီသည့္ ကုလသမဂၢ၏ ျပဌာန္းခ်က္မ်ားကိုလည္း လိုက္နာသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔သည္ မိမိတို႔ႏိုင္ငံႏွင့္ကိုက္ညီ၍ လက္ခံထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား၊ ကုလသမဂၢႏွင့္ဆိုင္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအားလုံး လိုက္နာေဆာင္႐ြက္ သြားမည္ဟု ေကာင္စီဝင္မ်ားကို အသိေပးလိုေၾကာင္း၊ အဓိကအားျဖင့္ မိမိတို႔သည္ တိုေတာင္းလွသည့္ ကာလအတြင္း အေျခအေနကို ပုံမွန္လမ္းေၾကာင္းအေပၚ ေျဖာင့္ ေအာင္ သြားႏိုင္ရန္ လိုအပ္ေၾကာင္း၊ ယင္းကိုေကာင္စီဝင္မ်ား ကလည္း ပူးေပါင္းေဆာင္ ႐ြက္ေပးရန္၊ အႀကံဉာဏ္ေပးရန္ႏွင့္လိုအပ္သည့္ေနရာတြင္ ဉီးေဆာင္ေပးရန္ တင္ျပလို ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ JengPhang ေနာ္ေတာင္၊ မန္းၿငိမ္းေမာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာ၊ ဦးခင္ေမာင္ေဆြတို႔က ဖြဲ႕စည္းပုံ အေျခခံဥပေဒျပဌာန္းခ်က္တြင္ ပါရွိသည့္ ႏိုင္ငံေရးပါတီျပဌာန္းခ်က္မ်ား အတိုင္း ေဆာင္႐ြက္ေရး၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးေရးအတြက္ အေျခခံက်သည့္ ရပ္ကြက္၊ ေက်း႐ြာစီမံအုပ္ခ်ဳပ္ေရးေကာင္စီမ်ား အျမန္ဖြဲ႕စည္းၿပီး သမာသမတ္က်သူမ်ားအား တာဝန္ေပးအပ္ေရး၊ ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ လိုအပ္ေသာ ဥပေဒမ်ား အား ျပန္လည္ျပ႒ာန္းေပးေရး၊ ႏိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးေရး၊ ၿငိမ္းခ်မ္းေရးပိုမိုေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးေကာင္စီမ်ား တြင္ အဖြဲ႕ဝင္မ်ားတိုးျမင့္ခန႔္ထားေပးေရး၊ ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲ၌ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္ အေျခအေနရွိေသာ္လည္း မက်င္းပ ေပးခဲ့သည့္အတြက္ အခြင့္အေရးမ်ားဆုံးရႈံးခဲ့မႈ၊ တိုက္ပြဲေရွာင္စခန္းမ်ားရွိ ျပည္သူမ်ား၏ စားဝတ္ေနေရးႏွင့္ အခက္အခဲမ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးေရး၊ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္တရားဥပေဒစိုးမိုးေရး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ တိုင္းရင္းသားေရးရာဝန္ႀကီးဌာမ်ား ဖြဲ႕စည္းေပးေရး၊ လႊတ္ေတာ္ဥပေဒမ်ား၊ ႏိုင္ငံေရးပါတီ ဖြဲ႕စည္းခြင့္ဥပေဒ၊ ေ႐ႊးေကာက္ပြဲဆိုင္ရာဥပေဒတို႔တြင္ ျဖည့္စြက္ ခ်က္မ်ားထည့္သြင္းေရး ႏွင့္စပ္လ်ဥ္း၍ အႀကံျပဳေဆြးေႏြးတင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေရးအက်ဥ္းသား လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ ေရးကိစၥကိုစဥ္းစားေပးမည္ျဖစ္ေၾကာင္း၊ တရားဥပေဒစိုးမိုးေရးကို မထိခိုက္ေစရန္ လိုေၾကာင္း၊ ယခုတင္ျပသည့္ေဆြးေႏြးတင္ျပခ်က္မ်ားကို အေကာင္းဆုံးျဖစ္ေအာင္ စဥ္စား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ျဖည့္စြက္ရွင္းလင္းမွာၾကားခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။