နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက် ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူခဲ့သည့် ပထမရက်သတ္တပတ်အတွင်း ပုံမှန်အခြေအနေရှိခဲ့သော် လည်း ယင်းနောက်ပိုင်းတွင်ဆန္ဒပြမှုများရှိသဖြင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ မြို့နယ် ၂၀၀ ကျော်တွင် ဆန္ဒပြမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အကြမ်းဖက်လုပ်ရပ်များစတင်လာသည် ကိုတွေ့ရပြီး လုံခြုံရေးဝန်ထမ်းများအား ဓား၊ ဂျင်ကလိ၊ လေးဂွ၊ကုန်းသီး၊ တူမီး၊ လုပ်သေနတ် တို့နှင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်များကိုလည်း ဆောင်ရွက် လာကြောင်း၊ ဆူပူ ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့သော်လည်း တချို့ကိုစစ်ဆေးပြီး ပြန်လွှတ်ရန်စီစဉ်နေကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံးဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုအား ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅ ဦး သေဆုံး ခဲ့ပြီးအမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့သေဆုံးမှုတွင် မန္တလေး မှ အမျိုးသမီးတစ်ဦးနှင့် နေပြည်တော်မှအမျိုးသမီးတစ်ဦးတို့မှာ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် လက်နက်ကြောင့်မဟုတ်ဘဲ ပြင်ပမှပစ်ခတ်သည့် လက်နက်တစ်ခုကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း။

CDM လှုပ်ရှားမှုမှာ ရုတ်တရက်ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ယခင်ကတည်းက ကြိုတင်စီစဉ်ထားသည်ဟု ယူဆကြောင်း၊ CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မှု များ ဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် ငွေကြေးစီးဝင်မှုအရင်းအမြစ်များကို စိစစ်ဖော်ထုတ် နေကြောင်း၊ ယမန်နေ့ကလည်းသတင်းထုတ်ပြန်ထားကြောင်း၊ နိုင်ငံတကာတွင် ဒီမိုကရေစီ စနစ်အရ ဆန္ဒပြမှုများရှိသော်လည်း အစိုးရနှင့်အုပ်ချုပ်မှုအဖွဲ့အစည်းများကိုသာ ဆန္ဒပြခြင်း ဖြစ်ပြီး စီးပွားရေးထိခိုက်အောင် လုပ်ဆောင်ခြင်းမရှိပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ တွင် စက်ရုံ၊ အလုပ်ရုံများ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ ငွေကြေးလည်ပတ်မှုများ၊ ကုန်ထုတ်လုပ်မှုများထိခိုက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း။

ယင်းထက်ဆိုးရွားသည်မှာ ဆရာဝန်များအနေဖြင့် ဆေးရုံများပိတ်ထားခြင်းဖြစ် ကြောင်း၊ ကျန်းမာရေးဝန်ထမ်းမှာ ရန်သူ၊ မိတ်ဆွေ မခွဲဘဲကုသပေးရမည်ဖြစ်ပြီး ယင်းကို မျက်ကွယ်ပြု၍ဆောင် ရွက်နေကြကြောင်း၊ ယင်းသို့ဆောင်ရွက်မှုမှာ ဆရာဝန်များအနေဖြင့် ယင်းတို့၏ကတိသစ္စာ အဓိဌာန်ကိုဖောက်ဖျက်ခြင်းဖြစ်သဖြင့် ပြည်သူအပေါ် ယင်းသို့ မဆောင်ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆေးရုံများမြန်မြန်ဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေကြောင်းခရီးများမှာ ပုံမှန်ပြေးဆွဲ နေပြီး မကြာမီရက်ပိုင်းအတွင်း ရန်ကုန်- မန္တလေး မီးရထားပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် အနည်းငယ်သာ ပြန်လည်ဖွင့်လှစ် သည်ကိုတွေ့ရှိရကြောင်း၊ ပုဂ္ဂလိကဘဏ်အားလုံး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘဏ်များအတွက် လုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးသွားဖြစ်ကြောင်း၊ အများပြည်သူအကျိုးအတွက် ဘဏ်များဖွင့်လှစ်ရန်လိုအပ် ကြောင်း။

ဒီမိုကရေစီစနစ်အရ နိုင်ငံတကာတွင် ဆန္ဒပြမှုများရှိပါကြောင်း၊ ဆန္ဒပြမှု မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာပါက ဖြိုခွင်းနှိမ်နှင်းမှုများရှိပါကြောင်း၊ မိမိတို့အနေဖြင့် သိမ်သိမ်မွေ့မွေ့ကိုင်တွယ် ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ သို့သော်လည်း မီဒီယာများက ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ပြမှုမရှိသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေမှုအပြည့်အစုံကိုလည်း ဖော်ပြခြင်း မရှိဘဲ ၎င်းတို့လိုအပ်သည့် အပိုင်းများသာရွေးချယ်ရိုက်ကူး၍ ထပ်ခါထပ်ခါထုတ်လွှင့်ပြီး ပြည်သူများနှင့်နိုင်ငံတကာမှ အမြင်မှားစေရန်ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း။

ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေးအကြံပေးဖြစ်သူ SEAN TURNELL မှာ မြန်မာနိုင်ငံမှ တိမ်းရှောင်ရန် ဆောင်ရွက်နေမှုကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏ လျှို့ဝှက်အဆင့်ရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာအချက်အလက်များကို စစ်ဆေး တွေ့ရှိရကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရအဖွဲ့မှ ပြည်ထောင်စု ဝန်ကြီးအချို့သည် ငွေကြေးသုံးစွဲမှုများတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲ သုံးစွဲထားသည်ကို တွေ့ရသည့်အတွက် လာရောက်ရှင်းလင်းရန်ခေါ်ယူချိန်တွင် ထွက်ပြေး တိမ်းရှောင် နေကြကြောင်း၊ ယင်းမှာ ၎င်းတို့၏ လုပ်ရပ်မမှန်ကန်၍ ဖြစ်ကြောင်း၊ အလားတူ ယခင် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုနှင့်အထက်အဆင့်ရှိသူ များ၏ ဆောင်ရွက်မှုများကို စိစစ်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများရှိသည့်အတွက် အရေးယူ နိုင်ရန် လုပ်ဆောင်နေကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေတွင် မြို့နယ် ၁၈ မြို့နယ်၌ စိစစ်ဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်မရှိဘဲ မဲပေးသည့် လူဦးရေ ၃၅၀၇၇၀ ရှိသည်ကိုတွေ့ရသည်ဟုထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် စည်းကမ်းပြည့် ဝပြီးအနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဆိုသည့် အချက်ပါ ဝင်ကြောင်း၊ သို့ဖြစ်၍ အသက်ပြည့်ပြီးမဲပေးခွင့်ရှိ သူတိုင်းဥပဒေနှင့်အညီမဲပေးနိုင်ရေးအတွက် မှတ်ပုံတင်(သို့မဟုတ်) သက်သေခံကတ်ပြား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထူးစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သက်သေခံကတ်ပြားများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း NCA တွင် လက်မှတ်ရေးမထိုးရသေးသည့်တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထို့ပြင်ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များအနေဖြင့် ယင်းအချက်ကို ဦးစားပေးလုပ်ငန်းစဉ် ထဲတွင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်ကစ၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းစေရေးအတွက် ဝင်ရောက် ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် မိမိတို့ ထက်လူဦးရေများပြားသည့် နိုင်ငံများအကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည့်နိုင်ငံသားတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပုဒ်မ ၃၈၆ အရ စစ်ပညာ သင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန် တို့က လူမှုကွန်ရက်စာမျက်နှာများမှ အခွန်အကောက်ရရှိရေးနှင့် နည်းပညာအရချယ်လှယ်နေသည့် အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် ဥပဒေများအား ပယ်ဖျက်ရေးနှင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် အခြားအဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်နေသူများအား စိစစ်ဖော်ထုတ်အရေးယူသွားရေး၊ ဆူပူဆန္ဒပြမှုများတွင် အသုံးချခံနေရသူများအား နိုင်ငံရေးပညာပေး လုပ်ငန်းများဆောင်ရွက်သွားရေး၊ မဲမသမာမှု ကိစ္စနှင့် အခြားဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအား အမြန်ဆုံး ပြည်သူသို့ချပြရေး၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေသည့်ပိုစတာနှင့် ဆိုင်းဘုတ်များ အား ရိုက်နှိပ်လျက်ရှိသည့် ပုံနှိပ်လုပ်ငန်းများအား ဖော်ထုတ်အရေးယူသွားရေး၊ သန်းခေါင် စာရင်းနှင့် မှတ်ပုံတင်များဆောင်ရွက်ပေးရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီသာဆောင်ရွက်ရေး၊ ရပ်ဆိုင်းထားသည့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်ဥပဒေများ ကိုပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက်လျက် ရှိကြောင်း၊ CRPH တွင်ပါဝင်နေသူများအား စိစစ်အရေးယူဆောင်ရွက် လျက်ရှိပြီး အချို့ပုဂ္ဂိုလ်များက ၎င်းတို့အနေဖြင့် CRPHတွင် ပါဝင်မှုမရှိသည်ကို ဆက်သွယ် ပြောဆို လာမှုများရှိကြောင်း၊ အလားတူ အချို့ဆရာဝန်များကလည်း ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်ဆောင်ရွက်မှုများမရှိသည်ကို ဆက်သွယ်ပြောကြားလာကြောင်း၊ ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဆောင်ရွက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များနိုင်ငံရေး တွင် အသုံးချခံမဖြစ်စေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆူပူဆန္ဒပြမှုများတွင်မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူငယ်များပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူအနည်းငယ်သာရှိကြောင်း၊ CDMတွင် ပါဝင်လှုပ်ရှားမှု မရှိသည့်ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာတွင်အရှက်ခွဲခြင်းများ ပြုလုပ်နေသူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုသည့် ပြည်သူများ အတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိအောင် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း။

တိုင်းပြည်စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် ဘဏ်လုပ်ငန်းများ ပုံမှန် လည်ပတ်စေရန်အတွက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကိုလည်း ဖိတ်ခေါ်ရန်လိုအပ်ပြီး ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်စေရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားရေး နှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား COVID-19 စည်းကမ်းချက်များနှင့်အညီ တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း COVID-19 စည်းကမ်း ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။

မဲမသမာမှုနှင့် ငွေကြေးအလွဲသုံးစား ဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူသို့အသိပေးထုတ်ပြန်ပြောကြား သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြုလုပ်ရာတွင်ရိုးသားမှုရှိရန်လိုကြောင်း၊ မိမိထောက်ခံမှု ရအောင်ဆောင်ရွက်ပြီး အခြားသူကို ပုတ်ခတ်ပြောဆို၍ နစ်နာအောင် ဆောင်ရွက်ခြင်းသည် မရိုးသားသည့် နိုင်ငံရေးဖြစ်သဖြင့် တိုင်းပြည်အတွက်များစွာနစ်နာရကြောင်း၊ မရိုးသားသည့် နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်ကာလအတွင်း တိုင်းပြည်ကောင်းအောင် ရိုးရိုးသားသားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၈

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၅/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယ ဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္ႏွင့္ ေစာဒန္နီယယ္၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ တို႔တက္ ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ စတင္တာဝန္ယူခဲ့သည့္ ပထမရက္သတၱပတ္အတြင္း ပုံမွန္အေျခအေနရွိခဲ့ေသာ္ လည္း ယင္းေနာက္ပိုင္းတြင္ဆႏၵျပမႈမ်ားရွိသျဖင့္ မိမိတို႔အေနျဖင့္ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ ေျဖရွင္း ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၿပီးခဲ့သည့္ရက္သတၱပတ္အထိ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္တြင္ ဆႏၵျပမႈမ်ားရွိခဲ့ၿပီး ေဖေဖာ္ဝါရီ ၂၈ ရက္မွစတင္၍ အၾကမ္းဖက္လုပ္ရပ္မ်ားစတင္လာသည္ ကိုေတြ႕ရၿပီး လုံၿခဳံေရးဝန္ထမ္းမ်ားအား ဓား၊ ဂ်င္ကလိ၊ ေလးဂြ၊ကုန္းသီး၊ တူမီး၊ လုပ္ေသနတ္ တို႔ႏွင့္ ပစ္ခတ္တိုက္ခိုက္သည့္အျပင္ မီးရႈိ႕ဖ်က္ဆီးျခင္းလုပ္ရပ္မ်ားကိုလည္း ေဆာင္႐ြက္ လာေၾကာင္း၊ ဆူပူ ဆႏၵျပသူ အခ်ိဳ႕ကို ဖမ္းဆီးခဲ့ေသာ္လည္း တခ်ိဳ႕ကိုစစ္ေဆးၿပီး ျပန္လႊတ္ရန္စီစဥ္ေနေၾကာင္း၊ တရားဥပေဒစိုးမိုးေရးႏွင့္ လုံၿခဳံေရး ေဆာင္႐ြက္ရာတြင္ အသက္သာဆုံးႏွင့္ အညင္သာဆုံးေဆာင္႐ြက္ခဲ့ေၾကာင္း၊ အၾကမ္းဖက္ လုပ္ရပ္မ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအသက္ဆုံးရႈံးခဲ့ရၿပီး ၁၀၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ဆူပူအၾကမ္းဖက္မႈအား ဥပေဒႏွင့္အညီေျဖရွင္းေဆာင္႐ြက္ခဲ့ရာ အမ်ိဳးသား ၂၉ ဦး၊ အမ်ိဳးသမီး ၅ ဦး ေသဆုံး ခဲ့ၿပီးအမ်ိဳးသား ၈၅ ဦး၊ အမ်ိဳးသမီး ၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ထိုသို႔ေသဆုံးမႈတြင္ မႏၲေလး မွ အမ်ိဳးသမီးတစ္ဦးႏွင့္ ေနျပည္ေတာ္မွအမ်ိဳးသမီးတစ္ဦးတို႔မွာ ရဲတပ္ဖြဲ႕ဝင္မ်ား အသုံးျပဳသည့္ လက္နက္ေၾကာင့္မဟုတ္ဘဲ ျပင္ပမွပစ္ခတ္သည့္ လက္နက္တစ္ခုေၾကာင့္ ျဖစ္သည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း။

CDM လႈပ္ရွားမႈမွာ ႐ုတ္တရက္ေပၚေပါက္လာျခင္း မဟုတ္ဘဲ ယခင္ကတည္းက ႀကိဳတင္စီစဥ္ထားသည္ဟု ယူဆေၾကာင္း၊ CDM လႈပ္ရွားမႈအတြက္ ေငြေၾကးေထာက္ပံ့မႈ မ်ား ေဆာင္႐ြက္ေနသည္ကိုေတြ႕ရသျဖင့္ ေငြေၾကးစီးဝင္မႈအရင္းအျမစ္မ်ားကို စိစစ္ေဖာ္ထုတ္ ေနေၾကာင္း၊ ယမန္ေန႔ကလည္းသတင္းထုတ္ျပန္ထားေၾကာင္း၊ ႏိုင္ငံတကာတြင္ ဒီမိုကေရစီ စနစ္အရ ဆႏၵျပမႈမ်ားရွိေသာ္လည္း အစိုးရႏွင့္အုပ္ခ်ဳပ္မႈအဖြဲ႕အစည္းမ်ားကိုသာ ဆႏၵျပျခင္း ျဖစ္ၿပီး စီးပြားေရးထိခိုက္ေအာင္ လုပ္ေဆာင္ျခင္းမရွိပါေၾကာင္း၊ သို႔ေသာ္လည္း မိမိတို႔ႏိုင္ငံ တြင္ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ ခရီးသြားလာေရးလုပ္ငန္းမ်ား၊ ေငြေၾကးလည္ပတ္မႈမ်ား၊ ကုန္ထုတ္လုပ္မႈမ်ားထိခိုက္ေအာင္ ေဆာင္႐ြက္ေနသည္ကိုေတြ႕ရေၾကာင္း။

ယင္းထက္ဆိုး႐ြားသည္မွာ ဆရာဝန္မ်ားအေနျဖင့္ ေဆး႐ုံမ်ားပိတ္ထားျခင္းျဖစ္ ေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမွာ ရန္သူ၊ မိတ္ေဆြ မခြဲဘဲကုသေပးရမည္ျဖစ္ၿပီး ယင္းကို မ်က္ကြယ္ျပဳ၍ေဆာင္ ႐ြက္ေနၾကေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္မႈမွာ ဆရာဝန္မ်ားအေနျဖင့္ ယင္းတို႔၏ကတိသစၥာ အဓိဌာန္ကိုေဖာက္ဖ်က္ျခင္းျဖစ္သျဖင့္ ျပည္သူအေပၚ ယင္းသို႔ မေဆာင္႐ြက္သင့္ေၾကာင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာနအေနျဖင့္ ေဆး႐ုံမ်ားျမန္ျမန္ဖြင့္လွစ္ ႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ေရေၾကာင္းခရီးမ်ားမွာ ပုံမွန္ေျပးဆြဲ ေနၿပီး မၾကာမီရက္ပိုင္းအတြင္း ရန္ကုန္- မႏၲေလး မီးရထားေျပးဆြဲ သြားမည္ျဖစ္ေၾကာင္း၊ ပုဂၢလိကဘဏ္မ်ားအေနျဖင့္ အနည္းငယ္သာ ျပန္လည္ဖြင့္လွစ္ သည္ကိုေတြ႕ရွိရေၾကာင္း၊ ပုဂၢလိကဘဏ္အားလုံး အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ဘဏ္မ်ားအတြက္ လုံၿခဳံေရးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္ေပးသြားျဖစ္ေၾကာင္း၊ အမ်ားျပည္သူအက်ိဳးအတြက္ ဘဏ္မ်ားဖြင့္လွစ္ရန္လိုအပ္ ေၾကာင္း။

ဒီမိုကေရစီစနစ္အရ ႏိုင္ငံတကာတြင္ ဆႏၵျပမႈမ်ားရွိပါေၾကာင္း၊ ဆႏၵျပမႈ မဟုတ္ဘဲ အၾကမ္းဖက္လုပ္ရပ္မ်ား ေဆာင္႐ြက္လာပါက ၿဖိဳခြင္းႏွိမ္ႏွင္းမႈမ်ားရွိပါေၾကာင္း၊ မိမိတို႔အေနျဖင့္ သိမ္သိမ္ေမြ႕ေမြ႕ကိုင္တြယ္ ေျဖရွင္းေဆာင္႐ြက္ေနပါေၾကာင္း၊ သို႔ေသာ္လည္း မီဒီယာမ်ားက ဆူပူဆႏၵျပသူမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားအား ေဖာ္ျပမႈမရွိသည့္အျပင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား၏ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္ေနမႈအျပည့္အစုံကိုလည္း ေဖာ္ျပျခင္း မရွိဘဲ ၎တို႔လိုအပ္သည့္ အပိုင္းမ်ားသာေ႐ြးခ်ယ္႐ိုက္ကူး၍ ထပ္ခါထပ္ခါထုတ္လႊင့္ၿပီး ျပည္သူမ်ားႏွင့္ႏိုင္ငံတကာမွ အျမင္မွားေစရန္ေဆာင္႐ြက္ေနသည္ကို ေတြ႕ရေၾကာင္း။

ၿပီးခဲ့သည့္အစိုးရ၏ ျပည္ပစီးပြားေရးအႀကံေပးျဖစ္သူ SEAN TURNELL မွာ ျမန္မာႏိုင္ငံမွ တိမ္းေရွာင္ရန္ ေဆာင္႐ြက္ေနမႈကို အခ်ိန္မီတားဆီးႏိုင္ခဲ့ၿပီး ၎ထံ၌ တိုင္းျပည္၏ လွ်ိဳ႕ဝွက္အဆင့္ရွိ စီးပြားေရးလုပ္ငန္းဆိုင္ရာအခ်က္အလက္မ်ားကို စစ္ေဆး ေတြ႕ရွိရေၾကာင္း၊ ၎ႏွင့္ဆက္စပ္၍ ျပည္ေထာင္စုအစိုးရအဆင့္ တာဝန္ရွိသူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခင္အစိုးရအဖြဲ႕မွ ျပည္ေထာင္စု ဝန္ႀကီးအခ်ိဳ႕သည္ ေငြေၾကးသုံးစြဲမႈမ်ားတြင္ ဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ မညီၫြတ္ဘဲ သုံးစြဲထားသည္ကို ေတြ႕ရသည့္အတြက္ လာေရာက္ရွင္းလင္းရန္ေခၚယူခ်ိန္တြင္ ထြက္ေျပး တိမ္းေရွာင္ ေနၾကေၾကာင္း၊ ယင္းမွာ ၎တို႔၏ လုပ္ရပ္မမွန္ကန္၍ ျဖစ္ေၾကာင္း၊ အလားတူ ယခင္ တိုင္းေဒသႀကီး ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ ျပည္ေထာင္စုႏွင့္အထက္အဆင့္ရွိသူ မ်ား၏ ေဆာင္႐ြက္မႈမ်ားကို စိစစ္ေဆာင္႐ြက္ရာတြင္ အဂတိလိုက္စားမႈမ်ားရွိသည့္အတြက္ အေရးယူ ႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ လက္ရွိအေျခအေနတြင္ ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္၌ စိစစ္ေဆာင္႐ြက္ခဲ့ရာ မွတ္ပုံတင္မရွိဘဲ မဲေပးသည့္ လူဦးေရ ၃၅၀၇၇၀ ရွိသည္ကိုေတြ႕ရသည္ဟုထုတ္ျပန္ေၾကညာခဲ့ေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္တြင္ စည္းကမ္းျပည့္ ဝၿပီးအႏွစ္သာရရွိသည့္ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပေပးမည္ဆိုသည့္ အခ်က္ပါ ဝင္ေၾကာင္း၊ သို႔ျဖစ္၍ အသက္ျပည့္ၿပီးမဲေပးခြင့္ရွိ သူတိုင္းဥပေဒႏွင့္အညီမဲေပးႏိုင္ေရးအတြက္ မွတ္ပုံတင္(သို႔မဟုတ္) သက္ေသခံကတ္ျပား ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားတြင္အသက္ျပည့္သူတိုင္း မဲေပးႏိုင္ေရး အထူးစီမံခ်က္ျဖင့္ မွတ္ပုံတင္ႏွင့္ သက္ေသခံကတ္ျပားမ်ား လုပ္ေဆာင္ေပးရန္ လိုအပ္ေၾကာင္း။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ စပ္လ်ဥ္း၍လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူသည့္ ကာလအတြင္း NCA တြင္ လက္မွတ္ေရးမထိုးရေသးသည့္တိုင္းရင္းသား လက္နက္ကိုင္မ်ားအားလုံး ပါဝင္လက္မွတ္ေရးထိုးႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း၊ ထို႔ျပင္ထာဝရၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးစားေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားအေနျဖင့္ ယင္းအခ်က္ကို ဦးစားေပးလုပ္ငန္းစဥ္ ထဲတြင္ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ ၁၉၄၈ ခုႏွစ္ကစ၍ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡခ်ဳပ္ ၿငိမ္းေစေရးအတြက္ ဝင္ေရာက္ ေျဖရွင္းေပးခဲ့ရေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ မိမိတို႔ ထက္လူဦးေရမ်ားျပားသည့္ ႏိုင္ငံမ်ားအၾကားတြင္ တည္ရွိသည့္အတြက္ ႏိုင္ငံေတာ္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအတြက္ အင္အားရွိရန္ႏွင့္ အသင့္ျဖစ္ေအာင္ေဆာင္႐ြက္ေနရမည္ ျဖစ္ေၾကာင္း၊ တိုင္းျပည္တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားလွ်င္ ၂၀၁၀ ျပည့္ႏွစ္က ျပ႒ာန္းထားသည့္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အေကာင္အထည္ေဖာ္ေရး စဥ္းစားရမည္ျဖစ္၍ ေကာင္စီဝင္မ်ား ေလ့လာၾကေစလိုေၾကာင္း၊ သတ္မွတ္ထားသည့္ႏိုင္ငံသားတိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ပါ ပုဒ္မ ၃၈၆ အရ စစ္ပညာ သင္ၾကားရန္ႏွင့္ စစ္မႈထမ္းရန္ တာဝန္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယ ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ Jeng Phang ေနာ္ေတာင္၊ ဦးခင္ေမာင္ေဆြႏွင့္ ေဒၚေအးႏုစိန္ တို႔က လူမႈကြန္ရက္စာမ်က္ႏွာမ်ားမွ အခြန္အေကာက္ရရွိေရးႏွင့္ နည္းပညာအရခ်ယ္လွယ္ေနသည့္ အဖြဲ႕အစည္းမ်ားအား ေဖာ္ထုတ္အေရးယူေရး၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆန႔္က်င္ေနသည့္ ဥပေဒမ်ားအား ပယ္ဖ်က္ေရးႏွင့္ တရားမဝင္ဖြဲ႕စည္းထားသည့္ CRPH ႏွင့္ အျခားအဖြဲ႕အစည္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားအား စိစစ္ေဖာ္ထုတ္အေရးယူသြားေရး၊ ဆူပူဆႏၵျပမႈမ်ားတြင္ အသုံးခ်ခံေနရသူမ်ားအား ႏိုင္ငံေရးပညာေပး လုပ္ငန္းမ်ားေဆာင္႐ြက္သြားေရး၊ မဲမသမာမႈ ကိစၥႏွင့္ အျခားဥပေဒႏွင့္ညီၫြတ္မႈမရွိဘဲ ေဆာင္႐ြက္ခဲ့သည့္ ကိစၥရပ္မ်ားအား အျမန္ဆုံး ျပည္သူသို႔ခ်ျပေရး၊ ႏိုင္ငံေတာ္တည္ၿငိမ္ေရးကို ထိခိုက္ေစသည့္ပိုစတာႏွင့္ ဆိုင္းဘုတ္မ်ား အား ႐ိုက္ႏွိပ္လ်က္ရွိသည့္ ပုံႏွိပ္လုပ္ငန္းမ်ားအား ေဖာ္ထုတ္အေရးယူသြားေရး၊ သန္းေခါင္ စာရင္းႏွင့္ မွတ္ပုံတင္မ်ားေဆာင္႐ြက္ေပးရာတြင္ သက္ဆိုင္ရာဝန္ႀကီးဌာနအေနျဖင့္ ဥပေဒႏွင့္အညီသာေဆာင္႐ြက္ေရး၊ ရပ္ဆိုင္းထားသည့္ ဘုန္းေတာ္ႀကီး သင္ပညာေရး ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေရး၊ အပစ္အခတ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ က်န္းမာေရးဆိုင္ရာကိစၥရပ္မ်ား ေဆာင္႐ြက္ေပးေရးႏွင့္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနတို႔ကို ရွင္းလင္းတင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ ဆန႔္က်င္ေနသည့္ဥပေဒမ်ား ကိုပယ္ဖ်က္ႏိုင္ေရး စိစစ္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ CRPH တြင္ပါဝင္ေနသူမ်ားအား စိစစ္အေရးယူေဆာင္႐ြက္ လ်က္ရွိၿပီး အခ်ိဳ႕ပုဂၢိဳလ္မ်ားက ၎တို႔အေနျဖင့္ CRPHတြင္ ပါဝင္မႈမရွိသည္ကို ဆက္သြယ္ ေျပာဆို လာမႈမ်ားရွိေၾကာင္း၊ အလားတူ အခ်ိဳ႕ဆရာဝန္မ်ားကလည္း ၎တို႔အေနျဖင့္ CDM တြင္ ပါဝင္ေဆာင္႐ြက္မႈမ်ားမရွိသည္ကို ဆက္သြယ္ေျပာၾကားလာေၾကာင္း၊ ဝန္ႀကီးဌာနမ်ားမွ ႏိုင္ငံ့ဝန္ထမ္းဥပေဒႏွင့္ညီၫြတ္မႈမရွိသည့္ ကိစၥရပ္မ်ားေဆာင္႐ြက္မႈေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနသူမ်ားကို ဖမ္းဆီးရမိေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လူငယ္မ်ားႏိုင္ငံေရး တြင္ အသုံးခ်ခံမျဖစ္ေစေရးအတြက္ ပညာေပးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုဆူပူဆႏၵျပမႈမ်ားတြင္မူးယစ္ေဆးဝါး သုံးစြဲထားသည့္ လူငယ္မ်ားပါဝင္ေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ CDM လႈပ္ရွားမႈတြင္ ပါဝင္သူအနည္းငယ္သာရွိေၾကာင္း၊ CDMတြင္ ပါဝင္လႈပ္ရွားမႈ မရွိသည့္ဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္ျခင္း၊ လူမႈကြန္ရက္စာမ်က္ႏွာတြင္အရွက္ခြဲျခင္းမ်ား ျပဳလုပ္ေနသူမ်ားကို ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းစြာေနထိုင္လိုသည့္ ျပည္သူမ်ား အတြက္ တရားဥပေဒစိုးမိုးေရးႏွင့္ လုံၿခဳံမႈရွိေအာင္ တာဝန္ရွိသူအားလုံးက ဝိုင္းဝန္း ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

တိုင္းျပည္စီးပြားေရးအတြက္ အဓိကေမာင္းႏွင္အားျဖစ္သည့္ ဘဏ္လုပ္ငန္းမ်ား ပုံမွန္ လည္ပတ္ေစရန္အတြက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ နည္းပညာမ်ားကိုလည္း ဖိတ္ေခၚရန္လိုအပ္ၿပီး ျပည္တြင္းအေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားကို အားေပးသြားရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္တြင္းကုန္ထုတ္ လုပ္မႈမ်ား တိုးတက္ေစရန္အတြက္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို အေျခခံသည့္ကုန္ထုတ္ လုပ္မႈလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ကေလးငယ္မ်ား ပညာသင္ၾကားေရး ႏွင့္ပတ္သက္၍ အေျခခံပညာေက်ာင္းမ်ားအား COVID-19 စည္းကမ္းခ်က္မ်ားႏွင့္အညီ တစ္ၿပိဳင္တည္း ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳရန္ တင္ျပထားသည့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားကိုလည္း COVID-19 စည္းကမ္း ခ်က္မ်ားႏွင့္အညီ ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း။

မဲမသမာမႈႏွင့္ ေငြေၾကးအလြဲသုံးစား ေဆာင္႐ြက္မႈကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေတြ႕ရွိခ်က္မ်ားအား သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ျပည္သူသို႔အသိေပးထုတ္ျပန္ေျပာၾကား သြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးျပဳလုပ္ရာတြင္႐ိုးသားမႈရွိရန္လိုေၾကာင္း၊ မိမိေထာက္ခံမႈ ရေအာင္ေဆာင္႐ြက္ၿပီး အျခားသူကို ပုတ္ခတ္ေျပာဆို၍ နစ္နာေအာင္ ေဆာင္႐ြက္ျခင္းသည္ မ႐ိုးသားသည့္ ႏိုင္ငံေရးျဖစ္သျဖင့္ တိုင္းျပည္အတြက္မ်ားစြာနစ္နာရေၾကာင္း၊ မ႐ိုးသားသည့္ ႏိုင္ငံေရးေဆာင္႐ြက္ခ်က္မ်ားေၾကာင့္ ယခုအေျခအေနသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူခ်ိန္ကာလအတြင္း တိုင္းျပည္ေကာင္းေအာင္ ႐ိုး႐ိုးသားသားျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။