နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၇/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်အစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်တာဝန်များကို ချပြဆွေးနွေးခဲ့ကြပြီး ကောင်စီဝင်များက ဒေသအလိုက်အခြေအနေများနှင့် တိုင်းပြည်၏ လိုအပ်ချက်အခြေအနေများကိုတင်ပြကာ အပြန်အလှန်ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် မှုများရှိခဲ့သဖြင့် လုပ်ငန်းများအထိုက်အလျောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်ဒေသ၊ မည်သည့်ပါတီ၊ မည်သည့်တိုင်းရင်းသားအဖြစ် ပါဝင် ဆောင်ရွက် နေကြသည်ဖြစ်စေ ကောင်စီအဖွဲ့ဝင်များအားလုံးအနေဖြင့် တိုင်းပြည်အကျိုး ဆောင်ရွက်လိုသည့်စိတ်ဖြင့် အားလုံးစုပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ယခင်အစည်း အဝေးများတွင်ကောင်စီဝင်များ ဆွေးနွေးခဲ့သည့် ဥပဒေများပြန်လည်စိစစ်ရေးနှင့် ပတ်သက်၍ အချို့ပြဌာန်းခဲ့သည့် ဥပဒေများသည် ဥပဒေသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ် ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအရဆောင်ရွက်သင့်သည် ဥပဒေများကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်၍ အဆိုပါဥပဒေများကို ထိန်းကျောင်းဆောင်ရွက်မှုနှင့် ကျင့်သုံးမှုများကို စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့ကောင်စီ စတင်တာဝန်ယူချိန်မှစ၍ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမအချို့ CDM ပြုလုပ်ခြင်းများရှိကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား မွန်းမံသင်တန်းများ ဖွင့်လှစ်ချိန်တွင် ပျက်ကွက်သည့်ဆရာ၊ ဆရာမအချို့ရှိကြောင်း၊ ပျက်ကွက်မှုဖြစ်ပွားသည့် ဆရာ၊ ဆရာမများသည် CDM ပြုလုပ်ရန်အတွက် ခြိမ်းခြောက်ခံရမှုများရှိခြင်းကြောင့်ဟု သိရှိရကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ဆေးရုံများမှ ဆရာဝန်များ လည်း အလားတူခြိမ်းခြောက်ခံရမှုများရှိသည်ဟု သိရှိရကြောင်း၊ မိမိတို့အားခြိမ်းခြောက် နေသူများကို သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရန်လိုကြောင်း၊ အချို့ဆရာ၊ ဆရာမများနှင့် ဆရာဝန်များအနေဖြင့် တာဝန်များပြန်လည်ထမ်းဆောင်လိုသော်လည်း အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပျက်ကွက်မှုများရှိနေကြောင်း။

ဝန်ထမ်းများအများစုမှာ နှစ်ကာလရှည်ကြာစွာကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြ သူများဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်ကြစေလိုကြောင်း၊ သဘောထားမတိုက်ဆိုင်မှုများ ရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်း သည် မည်သည့်အစိုးရတာဝန်ယူသည်ဖြစ်စေ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းတာဝန်များအား ပျက်ကွက်နေမှုမှာ ပြစ်မှုကျူးလွန်သည့် အဆင့်မဟုတ်ပါက ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုသာဖြစ်သဖြင့် ပထမအကြိမ်အနေဖြင့်ခံဝန် ကတိလက်မှတ် ရေးထိုးခိုင်းမည်ဖြစ်ပြီး ထပ်မံစည်းကမ်းဖောက်ဖျက်လာမှသာ ဝန်ထမ်းစည်းမျဉ်းနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာဝန်များ CDM ပြုလုပ်မှုကြောင့် ဆေးရုံအချို့ပိတ် ထားရသဖြင့် တပ်မတော်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက တောင်းဆိုမှု များရှိကြောင်း၊ တာဝန်ပြန်လည်ထမ်းဆောင်လိုသည့်ဝန်ထမ်းများ တာဝန်ပြန်လည် ထမ်းဆောင် မှုကို ခွင့်ပြုထားပြီး ဆက်လက်တာဝန် ထမ်းဆောင်မှုမရှိသည့် လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ပြီးခဲ့သည့် တစ်လတာကာလအတွင်း ဒီမိုကရေစီစနစ်အရဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာကြောင်း၊ ပထမအဆင့်အနေဖြင့် ဆန္ဒပြမှုကိုထိန်းသိမ်း သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခဲဖြင့်ပေါက်ခြင်းသာပြုလုပ်ရာမှ ဒုတိယအဆင့်အနေဖြင့် ဂျင်ကလိများ၊ ကုန်းသီးများ၊ လက်လုပ်သေနတ်များဖြင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်လာသည့် အပြင် ဓားဖြင့်ခုတ်ခြင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအချင်းချင်း သတ်ဖြတ်ခြင်း များအထိ ဆောင်ရွက်လာကြောင်း၊ ထို့အပြင်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုတွင် အရေးကြီးသော ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သည့် စက်ရုံအလုပ်ရုံများကို မီးရှိုဖျက်ဆီးခြင်းများနှင့် လုယက်ခြင်းများအထိ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေး(Martial Law)အမိန့် ထုတ်ပြန် ထိန်းသိမ်းရသည်အထိ ဆောင်ရွက်ခဲ့ရကြောင်း၊ ဆူပူမှုများအား နှိမ်နင်းရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီသာ အဆင့်အလိုက်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း။

နိုင်ငံသားမှတ်ပုံတင် ရပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသား မှတ်ပုံတင်ရရှိရေး မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသား မှတ်ပုံတင်ရရှိရေးအတွက် ကောင်စီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မဲစာရင်းများစိစစ်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် မှတ်ပုံတင်မရှိဘဲ မဲပေးသူများများစွာရှိသည်ကို စစ်ဆေးတွေ့ရှိ ရကြောင်း၊ အဆိုပါမှတ်ပုံတင်မရှိဘဲ မဲပေးခဲ့သူများထဲတွင် မိမိတို့တိုင်းရင်းသားလူမျိုးများ မဟုတ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် နိုင်ငံတစ်ဝန်းတွင် ထိုကဲ့သို့သော မှတ်ပုံတင်မရှိသည့် မိမိတို့ တိုင်းရင်းသားမဟုတ်သူများ မည်မျှရှိနေမည်ကို မသိရှိနိုင်ကြောင်း၊ မဲစာရင်းများ စိစစ်ချိန်တွင် ဆန္ဒမဲလက်မှတ်များ ပိုရိုက်ထားမှုများ၊ သိန်းနှင့်ချီ၍ ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးခြင်းနှင့် အချို့ဆန္ဒမဲလက်မှတ်များ ပိုနေသည်ကိုတွေ့ရှိရကြောင်း။

ပုဂ္ဂလိကဘဏ်များပြန်လည်ဖွင့်လှစ်ရေးအတွက် ဗဟိုဘဏ်မှ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဖွင့်လှစ်ခွင့်ပေးထားကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ဘဏ်ပိတ်ထားမှုသည် ဥပဒေ အားဖောက်ဖျက်ခြင်းဖြစ်သဖြင့် စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ရရှိစေရေးအတွက် ပိတ်ထားသည့် စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်နှင့် ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်း SME များအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု အတွက် ပို့ဆောင်ရေးလုပ်ငန်းများပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် စောဒန်နီယယ်တို့က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန် တစိုက် မတ်မတ် ဆက်လက်ဆောင်ရွက်သွားရေး၊ လှိုင်သာယာမြို့နယ်တွင် ကျူးလွန်ခဲ့သည့် လူသတ် တရားခံများကို ထိရောက်စွာပြစ်ဒဏ်ချမှတ်နိုင်ရန် အလျင်အမြန်ဆောင်ရွက်ရေး၊ CDM လှုပ်ရှားမှုများနှင့် ပတ်သက်၍ နောက်ကွယ်မှကြိုးကိုင်လှုံ့ဆော် နေသူများအား ဖော်ထုတ်ရေး၊ ဝန်ထမ်းများအတွက် လုံခြုံသည့်အကာအကွယ်ပေးရေး၊ သတင်းအမှားများဖြန့်ချိနေခြင်း အပေါ် တုံ့ပြန်ဆောင်ရွက်သွားရေး၊ အုပ်ချုပ်ရေးယန္တရားနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပုံမှန် လည်ပတ်နိုင်ရေး၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းများ ထည့်သွင်းပြသ ရောင်းချနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များတွင် Government to Government၊ Bank to Bank စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် အသင်းအဖွဲ့များအား ပြန်လည်စိစစ်ဆောင်ရွက်ရေး၊ ဒေသအလိုက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ဖြေလျှော့ပေးရေး၊ ပုဂ္ဂလိကဘဏ်များ ပုံမှန်ပြန်လည်ဖွင့်လှစ် လည်ပတ်သွားနိုင်ရေး၊ ဘုရားသုံးဆူနယ်စပ်ဂိတ် တရားဝင်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဘုရားသုံးဆူဒေသ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ ရေး-ထားဝယ် မဟာဓာတ်အားလိုင်း သွယ်တန်းရေး ကိစ္စဆက်လက်ဆောင်ရွက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပိုမိုနီးကပ်စွာတွေ့ဆုံ ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ဆက်လက်ဆွေးနွေးရေး၊ လွတ်လပ်၍ တရားမျှသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်ခြားကုန်သွယ်ရေးလုပ်ငန်းများ စနစ်တကျ ဖော်ဆောင်ရေးနှင့် အကောက်အခွန်မူဝါဒများ ဖြေလျှော့ပေးရေး၊ မြန်မာနိုင်ငံအတွင်း တရားမဝင်နိုင်ငံခြားသားများဝင်ရောက်မှု ထိန်းချုပ်နိုင်ရေး၊ လူနေရပ်ကွက်များအတွင်း စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ထားရှိမှုများ ပြန်လည်စိစစ်ပေးရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ရှင်းလင်းဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ အား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များကို ပြန်လည်စိစစ်နိုင်ရေး ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုရားသုံးဆူ ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ရေရှည်မျှော်မှန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊

မြိတ်ဒေသတွင် ရေအားလျှပ်စစ် စီမံကိန်း ၄ ခုစီမံဆောင်ရွက်လျက်ရှိပြီး ဒေသအတွင်း လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့ငါးလေလံဈေးနှင့် ထားဝယ်စက်မှုဇုန် လုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုကို လျှော့ချပြီး တိုင်းပြည်၏ အရန်အဖြစ် ထိန်းသိမ်းထားရှိရန် လိုအပ်ကြောင်း၊ အလားတူ စွမ်းအင်အရင်းအမြစ်များကို ထိန်းသိမ်းရန်လိုအပ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေစွမ်းအင်နှင့် နေစွမ်းအင် တို့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲသွားရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ သစ်တင်ပို့မှုများ အား ကုန်ကြမ်းတင်ပို့ခြင်းထက် မိမိတို့နိုင်ငံတွင် ကုန်ချောထုတ်လုပ်၍ တင်ပို့ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးရန်လိုအပ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းရန်လိုအပ်ကြောင်း။

ကောင်စီဝင်များအနေဖြင့် အတွေ့အကြုံများစွာရှိသူများ ဖြစ်ကြသည့်အတွက် ယင်း အတွေ့အကြုံများအပေါ်အခြေခံ၍ နိုင်ငံတော်အတွက် အကောင်ဆုံးဖြစ်စေရန်နှင့် မှတ်ကျောက် တင်ခံရစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေး လုပ်ဆောင် သွားမည် ဆိုပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး (၇/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၂၂

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၇/၂၀၂၁)ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္ႏွင့္ ေဒါက္တာ ဗညားေအာင္မိုး၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္တို႔ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားရာတြင္ ယခင္အစည္းအေဝးမ်ားတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ရည္မွန္းခ်က္တာဝန္မ်ားကို ခ်ျပေဆြးေႏြးခဲ့ၾကၿပီး ေကာင္စီဝင္မ်ားက ေဒသအလိုက္အေျခအေနမ်ားႏွင့္ တိုင္းျပည္၏ လိုအပ္ခ်က္အေျခအေနမ်ားကိုတင္ျပကာ အျပန္အလွန္ညႇိႏႈိင္းေဆြးေႏြး အေကာင္အထည္ေဖာ္ မႈမ်ားရွိခဲ့သျဖင့္ လုပ္ငန္းမ်ားအထိုက္အေလ်ာက္ ေအာင္ျမင္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ မည္သည့္ေဒသ၊ မည္သည့္ပါတီ၊ မည္သည့္တိုင္းရင္းသားအျဖစ္ ပါဝင္ ေဆာင္႐ြက္ ေနၾကသည္ျဖစ္ေစ ေကာင္စီအဖြဲ႕ဝင္မ်ားအားလုံးအေနျဖင့္ တိုင္းျပည္အက်ိဳး ေဆာင္႐ြက္လိုသည့္စိတ္ျဖင့္ အားလုံးစုေပါင္းေဆာင္႐ြက္ ၾကရမည္ျဖစ္ေၾကာင္း၊ ယခင္အစည္း အေဝးမ်ားတြင္ေကာင္စီဝင္မ်ား ေဆြးေႏြးခဲ့သည့္ ဥပေဒမ်ားျပန္လည္စိစစ္ေရးႏွင့္ ပတ္သက္၍ အခ်ိဳ႕ျပဌာန္းခဲ့သည့္ ဥပေဒမ်ားသည္ ဥပေဒသတ္မွတ္ခ်က္မ်ားႏွင့္ ညီၫြတ္မႈရွိ/မရွိ စိစစ္ ေဆာင္႐ြက္ေနေၾကာင္း၊ လုံၿခဳံေရးအရေဆာင္႐ြက္သင့္သည္ ဥပေဒမ်ားကိုလည္း ျပ႒ာန္းထားၿပီး ျဖစ္၍ အဆိုပါဥပေဒမ်ားကို ထိန္းေက်ာင္းေဆာင္႐ြက္မႈႏွင့္ က်င့္သုံးမႈမ်ားကို စဥ္းစား ေဆာင္႐ြက္ရန္လိုေၾကာင္း။

မိမိတို႔ေကာင္စီ စတင္တာဝန္ယူခ်ိန္မွစ၍ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ေရးအတြက္ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ခ်ိန္တြင္ အေျခခံပညာေက်ာင္းမ်ားမွ ဆရာ၊ ဆရာမအခ်ိဳ႕ CDM ျပဳလုပ္ျခင္းမ်ားရွိေၾကာင္း၊ ေက်ာင္းမ်ားျပန္လည္ ဖြင့္လွစ္ႏိုင္ေရးအတြက္ အထက္တန္းႏွင့္ အလယ္တန္းေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ားအား မြန္းမံသင္တန္းမ်ား ဖြင့္လွစ္ခ်ိန္တြင္ ပ်က္ကြက္သည့္ဆရာ၊ ဆရာမအခ်ိဳ႕ရွိေၾကာင္း၊ ပ်က္ကြက္မႈျဖစ္ပြားသည့္ ဆရာ၊ ဆရာမမ်ားသည္ CDM ျပဳလုပ္ရန္အတြက္ ၿခိမ္းေျခာက္ခံရမႈမ်ားရွိျခင္းေၾကာင့္ဟု သိရွိရေၾကာင္း၊ အဆင့္ျမင့္ပညာတကၠသိုလ္၊ ေကာလိပ္မ်ားမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေဆး႐ုံမ်ားမွ ဆရာဝန္မ်ား လည္း အလားတူၿခိမ္းေျခာက္ခံရမႈမ်ားရွိသည္ဟု သိရွိရေၾကာင္း၊ မိမိတို႔အားၿခိမ္းေျခာက္ ေနသူမ်ားကို သက္ဆိုင္ရာသို႔ သတင္းပို႔တိုင္ၾကားရန္လိုေၾကာင္း၊ အခ်ိဳ႕ဆရာ၊ ဆရာမမ်ားႏွင့္ ဆရာဝန္မ်ားအေနျဖင့္ တာဝန္မ်ားျပန္လည္ထမ္းေဆာင္လိုေသာ္လည္း အေရးယူခံရမည္ကို စိုးရိမ္သည့္အတြက္ေၾကာင့္ ပ်က္ကြက္မႈမ်ားရွိေနေၾကာင္း။

ဝန္ထမ္းမ်ားအမ်ားစုမွာ ႏွစ္ကာလရွည္ၾကာစြာကတည္းက တာဝန္ထမ္းေဆာင္ခဲ့ၾက သူမ်ားျဖစ္ေၾကာင္း၊ ဝန္ထမ္းမ်ားအေနျဖင့္ မိမိတို႔သက္ဆိုင္ရာ လုပ္ငန္းတာဝန္မ်ားကို ျပန္လည္ ထမ္းေဆာင္ၾကေစလိုေၾကာင္း၊ သေဘာထားမတိုက္ဆိုင္မႈမ်ား ရွိႏိုင္ေသာ္လည္း ႏိုင္ငံ့ဝန္ထမ္း သည္ မည္သည့္အစိုးရတာဝန္ယူသည္ျဖစ္ေစ ႏိုင္ငံ့တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ရန္ လိုေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ႏိုင္ငံ့ဝန္ထမ္းစည္းကမ္းမ်ားကို လိုက္နာရမည္ျဖစ္ၿပီး မိမိတို႔လုပ္ငန္းတာဝန္မ်ားအား ပ်က္ကြက္ေနမႈမွာ ျပစ္မႈက်ဴးလြန္သည့္ အဆင့္မဟုတ္ပါက ဝန္ထမ္းစည္းကမ္းေဖာက္ဖ်က္မႈသာျဖစ္သျဖင့္ ပထမအႀကိမ္အေနျဖင့္ခံဝန္ ကတိလက္မွတ္ ေရးထိုးခိုင္းမည္ျဖစ္ၿပီး ထပ္မံစည္းကမ္းေဖာက္ဖ်က္လာမွသာ ဝန္ထမ္းစည္းမ်ဥ္းႏွင့္အညီအေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဆရာဝန္မ်ား CDM ျပဳလုပ္မႈေၾကာင့္ ေဆး႐ုံအခ်ိဳ႕ပိတ္ ထားရသျဖင့္ တပ္မေတာ္မွ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးရန္ ေဒသခံျပည္သူမ်ားက ေတာင္းဆိုမႈ မ်ားရွိေၾကာင္း၊ တာဝန္ျပန္လည္ထမ္းေဆာင္လိုသည့္ဝန္ထမ္းမ်ား တာဝန္ျပန္လည္ ထမ္းေဆာင္ မႈကို ခြင့္ျပဳထားၿပီး ဆက္လက္တာဝန္ ထမ္းေဆာင္မႈမရွိသည့္ လစ္လပ္ေနရာမ်ားတြင္ အစားထိုးခန႔္အပ္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

ၿပီးခဲ့သည့္ တစ္လတာကာလအတြင္း ဒီမိုကေရစီစနစ္အရဆႏၵျပမႈမ်ားမွတစ္ဆင့္ ဆူပူမႈ အၾကမ္းဖက္မႈအဆင့္သို႔ ေရာက္ရွိလာေၾကာင္း၊ ပထမအဆင့္အေနျဖင့္ ဆႏၵျပမႈကိုထိန္းသိမ္း သည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ခဲျဖင့္ေပါက္ျခင္းသာျပဳလုပ္ရာမွ ဒုတိယအဆင့္အေနျဖင့္ ဂ်င္ကလိမ်ား၊ ကုန္းသီးမ်ား၊ လက္လုပ္ေသနတ္မ်ားျဖင့္ပစ္ခတ္ျခင္းမ်ား ေဆာင္႐ြက္လာသည့္ အျပင္ ဓားျဖင့္ခုတ္ျခင္းမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူမ်ားအခ်င္းခ်င္း သတ္ျဖတ္ျခင္း မ်ားအထိ ေဆာင္႐ြက္လာေၾကာင္း၊ ထို႔အျပင္ႏိုင္ငံ၏ ကုန္ထုတ္စြမ္းအားစုတြင္ အေရးႀကီးေသာ ျပည္တြင္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္သည့္ စက္႐ုံအလုပ္႐ုံမ်ားကို မီးရႈိဖ်က္ဆီးျခင္းမ်ားႏွင့္ လုယက္ျခင္းမ်ားအထိ ေဆာင္႐ြက္လာသျဖင့္ စစ္အုပ္ခ်ဳပ္ေရး(Martial Law)အမိန႔္ ထုတ္ျပန္ ထိန္းသိမ္းရသည္အထိ ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ဆူပူမႈမ်ားအား ႏွိမ္နင္းရာတြင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဥပေဒႏွင့္အညီသာ အဆင့္အလိုက္ထိန္းသိမ္း ေဆာင္႐ြက္ေနေၾကာင္း။

ႏိုင္ငံသားမွတ္ပုံတင္ ရပိုင္ခြင့္ရွိသည့္ ႏိုင္ငံသားတိုင္းႏွင့္ တိုင္းရင္းသားတိုင္း ႏိုင္ငံသား မွတ္ပုံတင္ရရွိေရး မျဖစ္မေနေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံသားတိုင္း ႏိုင္ငံသား မွတ္ပုံတင္ရရွိေရးအတြက္ ေကာင္စီဝင္မ်ားမွ သက္ဆိုင္ရာက႑အလိုက္ ဝိုင္းဝန္းကူညီပူးေပါင္း ေဆာင္႐ြက္ သြားၾကရန္လိုေၾကာင္း၊ မဲစာရင္းမ်ားစိစစ္ခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ မွတ္ပုံတင္မရွိဘဲ မဲေပးသူမ်ားမ်ားစြာရွိသည္ကို စစ္ေဆးေတြ႕ရွိ ရေၾကာင္း၊ အဆိုပါမွတ္ပုံတင္မရွိဘဲ မဲေပးခဲ့သူမ်ားထဲတြင္ မိမိတို႔တိုင္းရင္းသားလူမ်ိဳးမ်ား မဟုတ္သည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ ႏိုင္ငံတစ္ဝန္းတြင္ ထိုကဲ့သို႔ေသာ မွတ္ပုံတင္မရွိသည့္ မိမိတို႔ တိုင္းရင္းသားမဟုတ္သူမ်ား မည္မွ်ရွိေနမည္ကို မသိရွိႏိုင္ေၾကာင္း၊ မဲစာရင္းမ်ား စိစစ္ခ်ိန္တြင္ ဆႏၵမဲလက္မွတ္မ်ား ပို႐ိုက္ထားမႈမ်ား၊ သိန္းႏွင့္ခ်ီ၍ ဆႏၵမဲလက္မွတ္မ်ား ေပ်ာက္ဆုံးျခင္းႏွင့္ အခ်ိဳ႕ဆႏၵမဲလက္မွတ္မ်ား ပိုေနသည္ကိုေတြ႕ရွိရေၾကာင္း။

ပုဂၢလိကဘဏ္မ်ားျပန္လည္ဖြင့္လွစ္ေရးအတြက္ ဗဟိုဘဏ္မွ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ အညီ ဖြင့္လွစ္ခြင့္ေပးထားေၾကာင္း၊ ပုဂၢလိကဘဏ္မ်ားအေနျဖင့္ ႏိုင္ငံေတာ္ဗဟိုဘဏ္မွ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာမႈမရွိဘဲ ဘဏ္ပိတ္ထားမႈသည္ ဥပေဒ အားေဖာက္ဖ်က္ျခင္းျဖစ္သျဖင့္ စည္းကမ္းႏွင့္အညီ အေရးယူေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ျပန္လည္ရရွိေစေရးအတြက္ ပိတ္ထားသည့္ စက္႐ုံအလုပ္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္ရန္ႏွင့္ ျပည္တြင္းကုန္ ထုတ္လုပ္မႈလုပ္ငန္း SME မ်ားအား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ကုန္စည္စီးဆင္းမႈ အတြက္ ပို႔ေဆာင္ေရးလုပ္ငန္းမ်ားပုံမွန္အတိုင္း ျပန္လည္လည္ပတ္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ က႑အလိုက္ အေလးထားေဆာင္႐ြက္သြားၾကရန္ လိုေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးစိုင္းလုံးဆိုင္၊ ေဒါက္တာ ဗညားေအာင္မိုးႏွင့္ ေစာဒန္နီယယ္တို႔က ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံစာရင္းမွ အျမန္ဆုံးလြတ္ေျမာက္ႏိုင္ရန္ တစိုက္ မတ္မတ္ ဆက္လက္ေဆာင္႐ြက္သြားေရး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ က်ဴးလြန္ခဲ့သည့္ လူသတ္ တရားခံမ်ားကို ထိေရာက္စြာျပစ္ဒဏ္ခ်မွတ္ႏိုင္ရန္ အလ်င္အျမန္ေဆာင္႐ြက္ေရး၊ CDM လႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္၍ ေနာက္ကြယ္မွႀကိဳးကိုင္လႈံ႕ေဆာ္ ေနသူမ်ားအား ေဖာ္ထုတ္ေရး၊ ဝန္ထမ္းမ်ားအတြက္ လုံၿခဳံသည့္အကာအကြယ္ေပးေရး၊ သတင္းအမွားမ်ားျဖန႔္ခ်ိေနျခင္း အေပၚ တုံ႔ျပန္ေဆာင္႐ြက္သြားေရး၊ အုပ္ခ်ဳပ္ေရးယႏၲရားႏွင့္ ပညာေရး၊ က်န္းမာေရးက႑မ်ား ပုံမွန္ လည္ပတ္ႏိုင္ေရး၊ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ေက်ာက္စိမ္းမ်ား ထည့္သြင္းျပသ ေရာင္းခ်ႏိုင္ေရး၊ နယ္စပ္ကုန္သြယ္ေရးကိစၥရပ္မ်ားတြင္ Government to Government၊ Bank to Bank စနစ္ျဖင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ေရး၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ မကိုက္ညီသည့္ အသင္းအဖြဲ႕မ်ားအား ျပန္လည္စိစစ္ေဆာင္႐ြက္ေရး၊ ေဒသအလိုက္ ၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕မ်ား ျပန္လည္ျပင္ဆင္ဖြဲ႕စည္းေရး၊ ရခိုင္ျပည္နယ္အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူမ်ား ေနရပ္ျပန္ႏိုင္ေရး၊ ခရီးသြားလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ကန႔္သတ္ခ်က္မ်ား ေျဖေလွ်ာ့ေပးေရး၊ ပုဂၢလိကဘဏ္မ်ား ပုံမွန္ျပန္လည္ဖြင့္လွစ္ လည္ပတ္သြားႏိုင္ေရး၊ ဘုရားသုံးဆူနယ္စပ္ဂိတ္ တရားဝင္ျပန္လည္ဖြင့္လွစ္ႏိုင္ေရး၊ ဘုရားသုံးဆူေဒသ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးႏွင့္ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေစေရး၊ ေရး-ထားဝယ္ မဟာဓာတ္အားလိုင္း သြယ္တန္းေရး ကိစၥဆက္လက္ေဆာင္႐ြက္ေရး၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ပိုမိုနီးကပ္စြာေတြ႕ဆုံ ၿပီး ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ား ဆက္လက္ေဆြးေႏြးေရး၊ လြတ္လပ္၍ တရားမွ်သည့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ နယ္ျခားကုန္သြယ္ေရးလုပ္ငန္းမ်ား စနစ္တက် ေဖာ္ေဆာင္ေရးႏွင့္ အေကာက္အခြန္မူဝါဒမ်ား ေျဖေလွ်ာ့ေပးေရး၊ ျမန္မာႏိုင္ငံအတြင္း တရားမဝင္ႏိုင္ငံျခားသားမ်ားဝင္ေရာက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး၊ လူေနရပ္ကြက္မ်ားအတြင္း စက္႐ုံ၊ အလုပ္႐ုံမ်ား တည္ေဆာက္ထားရွိမႈမ်ား ျပန္လည္စိစစ္ေပးေရးတို႔ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပ ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္အတြင္း မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ၿပီးစီးမႈႏွင့္ ဆက္လက္ရွင္းလင္းေဆာင္႐ြက္မည့္ အေျခအေနတို႔ကို ရွင္းလင္းတင္ျပသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ျမန္မာႏိုင္ငံ အား ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံစာရင္းမွ အျမန္ဆုံးလြတ္ေျမာက္ႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ ခရီးသြားလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ကန႔္သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ ၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕မ်ားကို ျပန္လည္စိစစ္ႏိုင္ေရး ၫႊန္ၾကားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဘုရားသုံးဆူ ေဒသ လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေစေရးအတြက္ ေရရွည္ေမွ်ာ္မွန္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးကိစၥႏွင့္ပတ္သက္၍ ဦးစီးေကာ္မတီ၊ လုပ္ငန္းေကာ္မတီမ်ား အဆင့္ဆင့္ဖြဲ႕စည္းၿပီး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊

ၿမိတ္ေဒသတြင္ ေရအားလွ်ပ္စစ္ စီမံကိန္း ၄ ခုစီမံေဆာင္႐ြက္လ်က္ရွိၿပီး ေဒသအတြင္း လွ်ပ္စစ္ဓာတ္အားရရွိေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ၿမိတ္ၿမိဳ႕ငါးေလလံေဈးႏွင့္ ထားဝယ္စက္မႈဇုန္ လုပ္ငန္းမ်ားကိုလည္း ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ သဘာဝသယံဇာတမ်ား ထုတ္ယူသုံးစြဲမႈကို ေလွ်ာ့ခ်ၿပီး တိုင္းျပည္၏ အရန္အျဖစ္ ထိန္းသိမ္းထားရွိရန္ လိုအပ္ေၾကာင္း၊ အလားတူ စြမ္းအင္အရင္းအျမစ္မ်ားကို ထိန္းသိမ္းရန္လိုအပ္ၿပီး ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ားျဖစ္သည့္ ေရစြမ္းအင္ႏွင့္ ေနစြမ္းအင္ တို႔မွ လွ်ပ္စစ္ဓာတ္အား ထုတ္ယူသုံးစြဲသြားရန္လိုေၾကာင္း၊ ျပည္ပႏိုင္ငံမ်ားသို႔ သစ္တင္ပို႔မႈမ်ား အား ကုန္ၾကမ္းတင္ပို႔ျခင္းထက္ မိမိတို႔ႏိုင္ငံတြင္ ကုန္ေခ်ာထုတ္လုပ္၍ တင္ပို႔ျခင္းလုပ္ငန္းမ်ား ကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ သစ္ေတာမ်ား ျပန္လည္စိုက္ပ်ိဳးရန္လိုအပ္ၿပီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ကို ျပန္လည္ထိန္းသိမ္းရန္လိုအပ္ေၾကာင္း။

ေကာင္စီဝင္မ်ားအေနျဖင့္ အေတြ႕အႀကဳံမ်ားစြာရွိသူမ်ား ျဖစ္ၾကသည့္အတြက္ ယင္း အေတြ႕အႀကဳံမ်ားအေပၚအေျခခံ၍ ႏိုင္ငံေတာ္အတြက္ အေကာင္ဆုံးျဖစ္ေစရန္ႏွင့္ မွတ္ေက်ာက္ တင္ခံရေစရန္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ စုေပါင္းတိုင္ပင္ေဆြးေႏြး လုပ္ေဆာင္ သြားမည္ ဆိုပါက အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္ျဖစ္ၿပီး လုပ္ငန္းမ်ား ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ဟု အျပည့္အဝယုံၾကည္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။