နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြား

နေပြည်တော်၊ မတ် – ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEVနှင့် ရုရှားနိုင်ငံမှ သတင်းဌာနများ အား နေပြည်တော်ရှိ ဆင်ဖြူတော် ဧည့်ရိပ်သာ၌ သီးခြားစီ လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းချက်များကို ဖြေကြားခဲ့သည်။


ထိုသို့တွေ့ဆုံမေးမြန်းရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ COVID-19 ရောဂါ ကာကွယ်တားဆီးကုသရေးနှင့် ပတ် သက်၍ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းမှု များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ သတင္းဌာနမ်ား၏ ေတြ႕ဆုံေမးျမန္းမႈမ်ားကို လက္ခံေျဖၾကား

ေနျပည္ေတာ္၊ မတ္ – ၂၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံျပည္သူ႔ေကာင္စီဥကၠ႒ႏွင့္ သမၼတ၏ သတင္း ျပန္ၾကားေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္ျဖစ္သူ Mr.Pavel GUSEVႏွင့္ ႐ုရွားႏိုင္ငံမွ သတင္းဌာနမ်ား အား ေနျပည္ေတာ္ရွိ ဆင္ျဖဴေတာ္ ဧည့္ရိပ္သာ၌ သီးျခားစီ လက္ခံေတြ႕ဆုံ၍ သိရွိလိုသည့္ ေမးျမန္းခ်က္မ်ားကို ေျဖၾကားခဲ့သည္။

ထိုသို႔ေတြ႕ဆုံေမးျမန္းရာတြင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေန မ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ားျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ား၊ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းေဆာင္႐ြက္ေနမႈႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ႐ုရွား-ျမန္မာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ COVID-19 ေရာဂါ ကာကြယ္တားဆီးကုသေရးႏွင့္ ပတ္ သက္၍ ဆက္လက္လုပ္ေဆာင္သြားမည့္ အေျခအေနမ်ားႏွင့္ အျခားသိရွိလိုသည့္ ေမးျမန္းမႈ မ်ားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ျပည့္ျပည့္စုံစုံ ရွင္းလင္းေျဖၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။