၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် – ၂၇

၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာ မင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ အမှူး ပြုသော ဘွဲ့ခံဆရာတော် ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးနှင့် ဧည့်ပရိသတ် တို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာ ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

ယင်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ညောင်ကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒကထံ လည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဘိ ဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မဟာဝိဇ္ဇာသိပ္ပံ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တသူရိယ ထံလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အောင်မြေသာယာ ဝန်မင်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

ဆက်လက်၍ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဇွဲကိုက်ဘုန်းတော်ကြီး သင်ပညာရေး အလယ်တန်းကျောင်းဆရာတော် ဘဒ္ဒန္တသုမန ထံလည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ နေ‌ပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် မြို့ရှေ့(ရွာဦး) စန္ဒာရုံပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒသိရီ ထံလည်းကောင်း၊ ကောင်စီဝင် မန်းငြိမ်းမောင်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကညင်ချောင်းကျေးရွာ ကျောင်းတောင် တောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါ်အေးနုစိန်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ် မော်လမြိုင်မြို့ ပန်းဘဲတန်း ရပ်ကွက် ရွှေပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ ထံလည်းကောင်း ဘွဲ့တံဆိပ် တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် ကောင်စီဝင် ဦးမောင်းဟာက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသာမိ ထံလည်းကောင်း၊ ကောင်စီဝင် ဦးစိုင်းလုံးဆိုင်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မိုးကောင်း ကျောင်းတိုက် ဇယဝတီကျောင်းဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာဗညားအောင်မိုးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး သင်င်္ဃန်းကျွန်းမြို့နယ် ဖက်ပင်အိုင် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌ ထံလည်းကောင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ ရတနာ့ဗိမာန် ချမ်းသာကြီးတိုက် ဆရာတော် ဘဒ္ဒန္တ ဇောတိကာ ဘိဝံသ ထံလည်းကောင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မင်းကျောင်းစာသင်တိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဝေဠုရိယ ထံလည်းကောင်း ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ထို့နောက် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အရှေ့ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုန္ဒရ ထံလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သဒ္ဓိယ ထံလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဇေယျသိဒ္ဓိ(မဟာသွံဿာရ) ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ ကုမာရ ထံလည်းကောင်း ဘွဲ့တံ ဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ် စစ်တွေမြို့ မဏိရတနာ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ သောမ ထံလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိဿုတ ထံလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အလယ်တောရ စံပြ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂန္ဓ မာလာဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပါဠိကာရီ စာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အင်္ဂိသ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့ကျင်းပသည့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၃) ပါးနှင့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၇) ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ဆက်ကပ်ခဲ့ပါသည်။

 

(Zawgyi Version)

 

၂၀၂၁ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ပြဲ မဟာမဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ မတ္ – ၂၇

၂၀၂၁ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ပြဲ မဟာ မဂၤလာ အခမ္းအနားကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ ဥပၸါတသႏၲိေစတီေတာ္ ပရိဝုဏ္ အတြင္းရွိ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတို႔ တက္ေရာက္ၾကည္ညိဳ၍ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ၾကသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ မႏၲေလးၿမိဳ႕ ဗန္းေမာ္ ေက်ာင္းတိုက္ ပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ေဒါက္တာ ဘဒၵႏၲကုမာရာဘိဝံသ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးႏွင့္ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္ၿမိဳ႕ မင္းေက်ာင္းပထမျပန္ စာသင္တိုက္ ပဓာန နာယက အဂၢမဟာ ပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲစႏၵိမာ ဘိဝံသ အမႉး ျပဳေသာ ဘြဲ႕ခံဆရာေတာ္ ႀကီးမ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔ႏွင့္အတူ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး ဥကၠ႒ ဦးသန္းေက်ာ္၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ)၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ၎တို႔၏ ဇနီးမ်ား၊ တာဝန္ရွိ သူမ်ား တက္ေရာက္ ၾကသည္။

အခမ္းအနားကို နေမာ တႆ သုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီးထံမွ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီးႏွင့္ ဧည့္ပရိသတ္ တို႔က ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။

ယင္းေနာက္ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ခံယူေတာ္မူမည့္ ပဲခူးတိုင္း ေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ၿမိဳ႕မစာသင္တိုက္ ပဓာနနာယက ဆရာေတာ္ ဘဒၵႏၲဂႏၶမာ မဟာေထရ္ျမတ္က သေမၼာဒနီယဩဝါဒကထာကို ႁမြက္ၾကားခ်ီးျမႇင့္ေတာ္မူၿပီး သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုက သာသနာေရးဆိုင္ရာမ်ားကို ေလွ်ာက္ထားသည္။

ထို႔ေနာက္ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီးမ်ားအား သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံ ဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕ ၿမိဳ႕မစာသင္တိုက္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲဂႏၶမာ ထံ ဘြဲ႕တံဆိပ္ေတာ္ႏွင့္ အေဆာင္အေယာင္မ်ား ဆက္ကပ္ပူေဇာ္သည္။

ယင္းေနာက္ ေကာင္စီဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မႏၲေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေညာင္ကန္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲဣႏၵကထံ လည္းေကာင္း၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက အဘိ ဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ မဟာဝိဇၨာသိပၸံ စာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲသူရိယ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက အဘိဓဇ မဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မေကြးတိုင္းေဒသႀကီး ေရစႀကိဳၿမိဳ႕ ေအာင္ေျမသာယာ ဝန္မင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲဝိမလာဘိဝံသ ထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ အေဆာင္အေယာင္မ်ား ဆက္ကပ္ပူေဇာ္သည္။

ဆက္လက္၍ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က အဘိဓဇ အဂၢမဟာ သဒၶမၼ ေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ပဲခူးတိုင္းေဒသႀကီး ကဝၿမိဳ႕နယ္ ဇြဲကိုက္ဘုန္းေတာ္ႀကီး သင္ပညာေရး အလယ္တန္းေက်ာင္းဆရာေတာ္ ဘဒၵႏၲသုမန ထံလည္းေကာင္း၊ ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းက အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ေန‌ျပည္ေတာ္ ေကာင္စီနယ္ေျမ တပ္ကုန္းၿမိဳ႕နယ္ ၿမိဳ႕ေရွ႕(႐ြာဦး) စႏၵာ႐ုံပရိယတၱိစာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲစႏၵသိရီ ထံလည္းေကာင္း၊ ေကာင္စီဝင္ မန္းၿငိမ္းေမာင္က အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္ ကညင္ေခ်ာင္းေက်း႐ြာ ေက်ာင္းေတာင္ ေတာရ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲစႏၵာဝရ ထံလည္းေကာင္း၊ ေကာင္စီဝင္ ေဒၚေအးႏုစိန္က အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ ပန္းဘဲတန္း ရပ္ကြက္ ေ႐ႊပရိယတၱိ စာသင္တိုက္ဆရာေတာ္ ဘဒၵႏၲပညာဝံသ ထံလည္းေကာင္း ဘြဲ႕တံဆိပ္ ေတာ္ႏွင့္ အေဆာင္ အေယာင္မ်ား ဆက္ကပ္ပူေဇာ္ၾကသည္။

ယင္းေနာက္ ေကာင္စီဝင္ ဦးေမာင္းဟာက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ ေအာင္မဂၤလာေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲပညာသာမိ ထံလည္းေကာင္း၊ ေကာင္စီဝင္ ဦးစိုင္းလုံးဆိုင္က အဘိဓဇ မဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မႏၲေလးတိုင္းေဒသႀကီး ခ်မ္းေအးသာစံၿမိဳ႕နယ္ မိုးေကာင္း ေက်ာင္းတိုက္ ဇယဝတီေက်ာင္းဆရာေတာ္ ဘဒၵႏၲသုဇနာဘိဝံသ ထံလည္းေကာင္း၊ ေကာင္စီဝင္ ေဒါက္တာဗညားေအာင္မိုးက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး သင္ဃၤန္းကြၽန္းၿမိဳ႕နယ္ ဖက္ပင္အိုင္ စာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲဝါေသ႒ ထံလည္းေကာင္း၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မႏၲေလးၿမိဳ႕ ရတနာ့ဗိမာန္ ခ်မ္းသာႀကီးတိုက္ ဆရာေတာ္ ဘဒၵႏၲ ေဇာတိကာ ဘိဝံသ ထံလည္းေကာင္း၊ ေကာင္စီတြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးက အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ မႏၲေလးတိုင္းေဒသႀကီး ျမစ္သားၿမိဳ႕ မင္းေက်ာင္းစာသင္တိုက္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ေဝဠဳရိယ ထံလည္းေကာင္း ဘြဲ႕တံဆိပ္ ေတာ္ႏွင့္ အေဆာင္အေယာင္မ်ား ဆက္ကပ္ပူေဇာ္ၾကသည္။

ထို႔ေနာက္ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးက အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲတံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တန္းၿမိဳ႕နယ္ အေရွ႕ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲ သုႏၵရ ထံလည္းေကာင္း၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဆိုင္ရာ ခုံ႐ုံးဥကၠ႒ ဦးသန္းေက်ာ္က အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲတံဆိပ္ေတာ္ရ ရန္ကုန္တိုင္း ေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္ ေ႐ႊသုဝဏ္ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲ သဒၶိယ ထံလည္းေကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲတံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ ေဇယ်သိဒၶိ(မဟာသြံႆာရ) ေက်ာင္း တိုက္ ဆရာေတာ္ ဘဒၵႏၲ ကုမာရ ထံလည္းေကာင္း ဘြဲ႕တံ ဆိပ္ေတာ္ႏွင့္ အေဆာင္အေယာင္မ်ား ဆက္ကပ္ပူေဇာ္ၾကသည္။

ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က အဘိဓဇမဟာ ရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ မဏိရတနာ စာသင္တိုက္ဆရာေတာ္ ဘဒၵႏၲ ေသာမ ထံလည္းေကာင္း၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္က အဘိဓဇ မဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ ေတာ္ရ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ နိေျဂာဓာ႐ုံေညာင္ပင္သာ စာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲ ဝိႆုတ ထံလည္းေကာင္း၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က အဘိဓဇ မဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္တိုင္း ေဒသႀကီး ဗဟန္းၿမိဳ႕နယ္ အလယ္ေတာရ စံျပ စာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲဂႏၶ မာလာဘိဝံသ ထံလည္းေကာင္း၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္ က အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ ပါဠိကာရီ စာသင္တိုက္ ဆရာေတာ္ ေဒါက္တာဘဒၵႏၲ အဂႋသ ထံလည္းေကာင္း ဘြဲ႕တံဆိပ္ေတာ္ႏွင့္ အေဆာင္ အေယာင္မ်ား ဆက္ကပ္ပူေဇာ္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္ မင္းေက်ာင္း ဆရာေတာ္ႀကီးထံမွ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီး၊ ဧည့္ပရိသတ္တို႔က အႏုေမာဒနာတရား နာယူၾကၿပီး လႉဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းေလာင္း အမွ်ေပးေဝၾကကာ ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ႐ုပ္သိမ္းလိုက္သည္။

ယေန႔က်င္းပသည့္ ၂၀၂၁ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ ပူေဇာ္ပြဲ အခမ္းအနားတြင္ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၁၃) ပါးႏွင့္ အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၇) ပါးတို႔အား သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ားကို ဆက္ကပ္ခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။