တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် – ၂၈

၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာ မင်္ဂလာ အခမ်းအနားကို မတ် ၂၇ တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်း ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ကျင်းပခဲ့ပြီး ကျန်းမာရေးအခက်အခဲကြောင့် ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ပူဇော်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာတော်ကြီးများကို သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိိသူများက သွားရောက်ဆက်ကပ်ပူဇော်လျက်ရှိ သည်။

ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ခံရသည့် ဆရာတော်ကြီးတစ်ပါးဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသီရိ အား ၂၀၂၁ ခုနှစ်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နဂါးနှစ်ကောင်ကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ကြည်ညို၍ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော် သည်။

အခမ်းအနားသို့ ဘွဲ့ခံဆရာတော်ကြီးဖြစ်သည့် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးနှင့် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တ ကောဝိဒ တို့အမှူးပြုသည့် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး တို့နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တာချီလိတ်ခရိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ထံ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များ ဆက်ကပ်ပူဇော်သည်။ ဆက်လက်ပြီး ဆရာတော်ကြီးအား သင်္ကန်းပရိက္ခရာများ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ က သမ္မောဒနီယဩဝါဒကထာနှင့် အနုမောဒနာတရား မြွက်ကြားချီးမြှင့် တော်မူရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အမှူး ပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးကို မြန်မာ သက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်း တုံမြို့နယ်၊ ယန်းကိန်ကျေးရွာ၌ ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်းတို့မှ မွေးဖွား ခဲ့ပြီး ငယ်အမည်မှာ စိုင်းရှဲန်လာဖြစ်ကြောင်း၊ ၁၂၉၉ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံ၌ “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေ အဖြစ်သို့ ခံယူခဲ့ကြောင်း၊ ရဟန်းအဖြစ်သို့ ရောက်ရှိချိန်တွင် အရှင် ဓမ္မသီရိ အဖြစ်အမည်တွင် ခဲ့ပါကြောင်း၊ နဂါးနှစ်ကောင်ကျောင်းတိုက်၌ စာသင်သား၊ ရဟန်း၊ သာမဏေ တို့အား အစိုး ရ ပထမပြန်နှင့် ဓမ္မာစရိယဆိုင်ရာ နေ့ဝါ ညဝါ ပရိယတ္တိစာပေများကို သင်ကြားပို့ချတော်မူ သည့်အပြင် ဓမ္မပဒ(ဂုံရှမ်းဘာသာ)၊ ပိဋကတ်သုံးပုံ(ဂုံရှမ်းဘာသာ)ကျမ်းတို့ကို ရေးသား ပြစုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် သက်တော် ၉၁ နှစ်၊ ဝါတော် ၇၁ ဝါ ရှိပြီဖြစ်ပြီး ဆရာတော်သည် ပုန်းတွန်ကျောင်း၊ နဂါးနှစ်ကောင်ကျောင်း စသည့် ကျောင်းများအပါအဝင် ကျောင်းတိုက်ပေါင်း ၁၂ တိုက်ကို တည်ထောင်တော်မူခဲ့ပြီး ဗုဒ္ဓသာသနာထွန်းကားရေး ဆိုင်ရာများကို အားသွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော်ကြီးသည် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း၊ သက်တော်ရှည် သံဃမထေရ် ဖြစ် တော်မူခြင်း၊ ကျမ်းဂန်တတ်သိ ဗဟုသုတနှင့် ပြည့်စုံခြင်း၊ လူအပေါင်းတို့၏ အကျိုးစီးပွားကို ဆောင်နိုင်ခြင်း၊ ကျမ်းဂန်များရေးသားပြုစုခြင်း စသည်တို့နှင့် ပြည့်စုံတော်မူသောကြောင့် ယခုကဲ့သို့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းရခြင်းဖြစ်သည်။

(Zawgyi Version)

တာခ်ီလိတ္ၿမိဳ႕၊ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ပဓာနနာယက ေဒါက္တာ ဘဒၵႏၲဓမၼသီရိ အား “အဘိဓဇမဟာရ႒ဂု႐ု” ဘြဲ႕တံဆိပ္ေတာ္ဆက္ကပ္ပူေဇာ္ပြဲ မဟာမဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ မတ္ – ၂၈

၂၀၂၁ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ပြဲ မဟာ မဂၤလာ အခမ္းအနားကို မတ္ ၂၇ တြင္ ေနျပည္ေတာ္ ဥပၸါတသႏၲိေစတီေတာ္ ပရိဝုဏ္ အတြင္း ရွိ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌က်င္းပခဲ့ၿပီး က်န္းမာေရးအခက္အခဲေၾကာင့္ ဘြဲ႕တံဆိပ္ ေတာ္မ်ား ဆက္ကပ္ပူေဇာ္ပြဲသို႔ တက္ေရာက္ႏိုင္ျခင္းမရွိသည့္ ဆရာေတာ္ႀကီးမ်ားကို သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ တာဝန္ရွိိသူမ်ားက သြားေရာက္ဆက္ကပ္ပူေဇာ္လ်က္ရွိ သည္။

ဘြဲ႕တံဆိပ္ဆက္ကပ္ပူေဇာ္ခံရသည့္ ဆရာေတာ္ႀကီးတစ္ပါးျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ပဓာနနာယက ႏိုင္ငံေတာ္ဩဝါဒါ စရိယ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတ ေဒါက္တာ ဘဒၵႏၲ ဓမၼသီရိ အား ၂၀၂၁ ခုႏွစ္၊ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ပူေဇာ္ပြဲ မဟာမဂၤလာ အခမ္း အနားကို ယေန႔နံနက္ပိုင္းတြင္ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္၌က်င္းပရာ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္ တက္ေရာက္ၾကည္ညိဳ၍ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ပူေဇာ္ သည္။

အခမ္းအနားသို႔ ဘြဲ႕ခံဆရာေတာ္ႀကီးျဖစ္သည့္ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ဆရာေတာ္ႀကီးႏွင့္ က်ိဳင္းတုံၿမိဳ႕၊ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္ ဦးစီးပဓာန နာယက (ဝစီပိတ္) ဆရာေတာ္ ဘဒၵႏၲ ေကာဝိဒ တို႔အမႉးျပဳသည့္ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ ေတာ္မူၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီး တို႔ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဦးစိုင္းလုံးဆိုင္၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ဇနီး၊ သာသနာ ေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကို၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသ တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းထြန္း၊ တာခ်ီလိတ္ခ႐ိုင္၊ ခ႐ိုင္စီမံ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒ ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံမွ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးႏွင့္ ဧည့္ပရိသတ္တို႔က ငါးပါးသီလ ခံယူ ေဆာက္တည္ၾကသည္။ ထို႔ေနာက္ သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကိုက သာသနာေရးဆိုင္ရာမ်ားကို ေလွ်ာက္ထားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ဆရာေတာ္ႀကီး ေဒါက္တာ ဘဒၵႏၲဓမၼသီရိ ထံ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ႏွင့္ အေဆာင္အေယာင္ မ်ား ဆက္ကပ္ပူေဇာ္သည္။ ဆက္လက္ၿပီး ဆရာေတာ္ႀကီးအား သကၤန္းပရိကၡရာမ်ား၊ နဝကမၼအလႉေငြမ်ားႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းသည္။

ယင္းေနာက္ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ပဓာန နာယက ႏိုင္ငံေတာ္ဩဝါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတ ေဒါက္တာ ဘဒၵႏၲဓမၼသီရိ က သေမၼာဒနီယဩဝါဒကထာႏွင့္ အႏုေမာဒနာတရား ႁမြက္ၾကားခ်ီးျမႇင့္ ေတာ္မူရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီး၊ ဧည့္ပရိသတ္တို႔က နာယူၾကၿပီး လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းေလာင္း အမွ်ေပးေဝ ၾကကာ ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ႐ုပ္သိမ္းလိုက္သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီးႏွင့္ အဖြဲ႕ဝင္မ်ားသည္ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ အမႉး ျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။

အဆိုပါ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ႀကီးကို ျမန္မာ သကၠရာဇ္ ၁၂၉၀ ျပည့္ႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္ ၉ ရက္ေန႔တြင္ ရွမ္းျပည္နယ္၊ က်ိဳင္း တုံၿမိဳ႕နယ္၊ ယန္းကိန္ေက်း႐ြာ၌ ခမည္းေတာ္ ဦးေဟာင္၊ မယ္ေတာ္ ေဒၚနန္းပင္းတို႔မွ ေမြးဖြား ခဲ့ၿပီး ငယ္အမည္မွာ စိုင္းရွဲန္လာျဖစ္ေၾကာင္း၊ ၁၂၉၉ ခုႏွစ္၊ တေပါင္းလဆန္း ၁၅ ရက္တြင္ က်ိဳင္းတုံၿမိဳ႕၊ က်ိဳင္းယင္းေက်ာင္းတိုက္ဆရာေတာ္ထံ၌ “ရွင္ရွဲန္လာ” အမည္ျဖင့္ သာမေဏ အျဖစ္သို႔ ခံယူခဲ့ေၾကာင္း၊ ရဟန္းအျဖစ္သို႔ ေရာက္ရွိခ်ိန္တြင္ အရွင္ ဓမၼသီရိ အျဖစ္အမည္တြင္ ခဲ့ပါေၾကာင္း၊ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္၌ စာသင္သား၊ ရဟန္း၊ သာမေဏ တို႔အား အစိုး ရ ပထမျပန္ႏွင့္ ဓမၼာစရိယဆိုင္ရာ ေန႔ဝါ ညဝါ ပရိယတၱိစာေပမ်ားကို သင္ၾကားပို႔ခ်ေတာ္မူ သည့္အျပင္ ဓမၼပဒ(ဂုံရွမ္းဘာသာ)၊ ပိဋကတ္သုံးပုံ(ဂုံရွမ္းဘာသာ)က်မ္းတို႔ကို ေရးသား ျပစုခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ သက္ေတာ္ ၉၁ ႏွစ္၊ ဝါေတာ္ ၇၁ ဝါ ရွိၿပီျဖစ္ၿပီး ဆရာေတာ္သည္ ပုန္းတြန္ေက်ာင္း၊ နဂါးႏွစ္ေကာင္ေက်ာင္း စသည့္ ေက်ာင္းမ်ားအပါအဝင္ ေက်ာင္းတိုက္ေပါင္း ၁၂ တိုက္ကို တည္ေထာင္ေတာ္မူခဲ့ၿပီး ဗုဒၶသာသနာထြန္းကားေရး ဆိုင္ရာမ်ားကို အားသြန္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဆရာေတာ္ႀကီးသည္ အဂၢမဟာ ပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ကို အလႉခံရရွိေတာ္မူျခင္း၊ သက္ေတာ္ရွည္ သံဃမေထရ္ ျဖစ္ ေတာ္မူျခင္း၊ က်မ္းဂန္တတ္သိ ဗဟုသုတႏွင့္ ျပည့္စုံျခင္း၊ လူအေပါင္းတို႔၏ အက်ိဳးစီးပြားကို ေဆာင္ႏိုင္ျခင္း၊ က်မ္းဂန္မ်ားေရးသားျပဳစုျခင္း စသည္တို႔ႏွင့္ ျပည့္စုံေတာ္မူေသာေၾကာင့္ ယခုကဲ့သို႔ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ကို ဆက္ကပ္လႉဒါန္းရျခင္းျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။