နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၅/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံ ခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁)မှတ်တမ်းကို အတည်ပြု သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ရာတွင် အစိုးရတစ်ရပ်သည် နိုင်ငံတော်၏ဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရသော အဓိကကျသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိပြီး သဘောထားကွဲလွဲမှုများရှိခြင်းကြောင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်နေ ကြောင်း၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ စုစည်းသည့်အင်အား ရရှိအောင်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံး ညီညွတ်ရေးအတွက် ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာကော်မတီများအလိုက် ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ စီးပွားရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေး ကောင်းမွန်မှ သာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။

စီးပွားရေးကောင်းမွန်ရေးနှင့်ပတ်သက်၍ ဈေးကွက်ရရှိမည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရန်လိုအပ်သဖြင့် စနစ်ကျသည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ဈေနှုန်း မှန်ကန်စွာရရှိရန်အတွက် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ရန်လိုကြောင်း၊ ထို့အပြင် ထုတ်ကုန်ပစ္စည်းများအား အဆင့်ဆင့်ရောင်းချခြင်းများကို တက်နိုင်သမျှ လျှော့ချရန် လိုကြောင်း၊ ကုန်ထုတ်လုပ်သူများနှင့် တောင်သူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချ နိုင်မှသာ ကုန်ဈေးနှုန်းကိုထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေး တိုးတက်လာမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့သက်ဆိုင်သည့် ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ၏ပကတိအခြေအနေများနှင့် ချိန်ထိုးစဉ်းစား၍ နိုင်ငံ့ဘဏ္ဍာငွေများ အလေအလွင့် မဖြစ်ပေါ်စေရေးဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။

စားနပ်ရိက္ခာပေါများရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက် ပေးရသည်များနှင့် အားပေးဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ မြစ်ချောင်းများအတွင်း ငါးသယံ ဇာတပေါများစေရေးနှင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမျှရှိနေသော ကျေးလက်နေပြည်သူများ လူနေမှုဘဝမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း များပြုလုပ်ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ဒေသခံတောင်သူများအား အားပေးကူညီဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အာပေးကူညီမှုများရှိမှသာ လုပ်ငန်းများအောင်မြင်ဖြစ်ထွန်း လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စားရေရိက္ခာပေါများရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်သကဲ့သို့ မိမိတို့လက်အောက်ကိုလည်း လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသား အရင်းအမြစ်များရှိရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဝင်ငွေနှင့်မျှတသည့် အာဟာရပြည့်ဝသော အစားသောက်များ စားသုံးနိုင်ရန် အတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများကို အားပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်ခန့်သာရှိသဖြင့် အခြားနိုင်ငံများထက် လျော့နည်းလျက် ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုအခါ အိန္ဒိယနိုင်ငံအပါအဝင် အခြား နိုင်ငံအချို့တွင်လည်း COVID-19 ရောဂါကူးစက်မှုများ မြင့်မားလျက်ရှိသဖြင့် မိမိတို့ အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် မိမိတို့အနေဖြင့် ဖြည့်ဆည်းပေး နိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း။

အားကစားကဏ္ဍနှင့်ပတ်သက်၍ အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှု ရှိမည် ဖြစ်ကြောင်း၊ အလွယ်ကူဆုံးအားကစားနည်းနှစ်ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစ၍ အားကစားပြိုင်ပွဲ များတွင် အားကစားအောင်မြင်မှုများ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း များစွာကျဆင်းခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ် ကြောင်း၊ အားကစားနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အားပေး ဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားသည် နိုင်ငံတော်အတွက် အားပေး ဆောင်ရွက်ကြရမည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ရာတွင် ကစားကွင်းများကောင်းမွန်ရေးသည်လည်း အဓိကကျ သဖြင့် လိုအပ်သည့် အားကစားကွင်းများ၊ အားကစားရုံများ ကောင်းမွန်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းသည် ပညာရေးကဏ္ဍအား အပြည့်အဝအားပေးဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့ နိုင်ငံ၏ ပညာရေးမြင့်မားရေးအတွက် အားပေးဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများအတွက် ၎င်းတို့ပညာအရည်အချင်းနှင့် ကိုက်ညီသည့် ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ် သဖြင့် နည်းလမ်းရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်အဆင့်များကို မေလဆန်း တွင်ဖွင့်လှစ်နိုင်ရန်နှင့် အခြေခံပညာကျောင်းများအား ဇွန်လဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာအတွက် ဆရာ၊ ဆရာမများကို သင်ကြားမှု သင်ယူမှု အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးကဏ္ဍတွင် စိုက်ပျိုးမွေးမြူရေးပညာရှင်များ ပိုမို မွေးထုတ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိသည့်အပြင် ဥပဒေပိုင်းဆိုင်ရာနား လည်တတ်ကျွမ်းသူများ များပြားလာစေရေးအတွက်လည်း တက္ကသိုလ်များတွင် ဥပဒေဘာသာ ရပ်များ ထည့်သွင်းသင်ကြားနိုင်ရေး စီမံဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်ပညာရပ်များ သင်ကြားချိန်တွင် စီးပွားရေးနှင့်ပတ်သက်သည့် ပညာရပ်များကိုလည်း အထူးပြုသင်ကြား နိုင်ရေး အားပေးဆောင်ရွက်သွားစေလိုကြောင်း၊ သို့မှသာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် ပတ်သက်၍ ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အချို့ဝန်ထမ်း များသည် ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်မှုမရှိပါက Social Punishment ပြုလုပ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ မိမိတို့တာဝန်ပျက်ကွက်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်း များကြောင့် တာဝန်ထမ်းဆောင်မှုများကို ဆက်လက်ပျက်ကွက်လျက်ရှိကြကြောင်း၊ ကိုယ်တိုင်ဦးဆောင်လှုံ့ဆော်မှုများတွင် မပါဝင်သည့် ဝန်ထမ်းများအား ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိုက်သင့်သည့် အရေးယူမှုကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် ခြိမ်းခြောက်နေသူများအား သတင်းပို့တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အား ထုတ်ပြန်ထားပြီး ခြိမ်းခြောက်သူများကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ CDM ပြုလုပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ပါက နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များရရှိမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်မည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရေး(ပန်းခင်းစီမံချက်)ကို အလေးထားကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးမှာ အရေးကြီးကြောင်း၊ ရသင့်ရထိုက်သည့် နိုင်ငံသား၊ တိုင်းရင်းသားများ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သတ်မှတ်ထားသည့် စီမံချက်ကာလ အတွင်း အပြီးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ ဆန္ဒမဲပေးခဲ့သည့်ဦးရေ ၄ ဒသမ ၆ သန်းရှိသည်ကို စိစစ်တွေ့ရှိကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဦးစားပေး ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရမည့် ဦးရေ ၃ ဒသမ ၈ သန်းကျော်ရှိပြီး စီမံချက်ကာလ ၁၈ လ ကြာမြင့်မည်ဖြစ် ကြောင်း၊ ယခုဆောင်ရွက်မည့် ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်မည့်သူများအား သွေးအုပ်စု ခွဲခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနတို့က ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။

စီးပွားရေးလုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများရှိကြောင်း၊ ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက် သည့်လုပ်ငန်းများရှိပြီး ပြည်ပနိုင်ငံများမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိကြောင်း၊ ယင်းကိစ္စ များ နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် အစိုးရနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ခွဲခြားနားလည်စေရန် ရှင်းလင်း ပြောကြားစေလိုကြောင်း။

ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု နှောင့်နှေးမှုမရှိစေရန်အတွက် မကြာမီ ကာလအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန်လိုကြောင်း၊ အနာဂတ်တွင် ပညာတတ်များရှိရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး (၅/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၂၂

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး (၅/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး အစည္းအေဝး ခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ဒုတိယဗိုလ္ခ်ဳပ္ မႉးႀကီးစိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးကိုကို၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာ ပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာသက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာ သက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္းေအာင္ျမင့္ႏွင့္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔ တက္ေရာက္ၾကသည္။

ဦးစြာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ စီမံ ခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးအမွတ္စဥ္ (၄/၂၀၂၁)မွတ္တမ္းကို အတည္ျပဳ သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အဖြင့္အမွာစကားေျပာၾကား ရာတြင္ အစိုးရတစ္ရပ္သည္ ႏိုင္ငံေတာ္၏ဖြံၿဖိဳးတိုးတက္ေရးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးရေသာ အဓိကက်သည့္အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိၿပီး သေဘာထားကြဲလြဲမႈမ်ားရွိျခင္းေၾကာင့္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိေအာင္ ေဆာင္႐ြက္ေန ေၾကာင္း၊ တိုင္းရင္းသားမ်ားႏွင့္ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား၏ စုစည္းသည့္အင္အား ရရွိေအာင္လည္း ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ စည္းလုံး ညီၫြတ္ေရးအတြက္ ဖြဲ႕စည္းေပးထားသည့္ သက္ဆိုင္ရာေကာ္မတီမ်ားအလိုက္ ထည့္သြင္း စဥ္းစားေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ စီးပြားေရး၊ က်န္းမာႀကံ့ခိုင္ေရးႏွင့္ ပညာေရး ေကာင္းမြန္မွ သာ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္ေၾကာင္း။

စီးပြားေရးေကာင္းမြန္ေရးႏွင့္ပတ္သက္၍ ေဈးကြက္ရရွိမည့္ ထုတ္ကုန္ပစၥည္းမ်ား ထုတ္လုပ္တင္ပို႔ေရာင္းခ်ႏိုင္ရန္လိုအပ္သျဖင့္ စနစ္က်သည့္ ကုန္ထုတ္လုပ္မႈမ်ား ေဆာင္႐ြက္ ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔ထုတ္လုပ္သည့္ ထုတ္ကုန္ပစၥည္းမ်ား ေဈႏႈန္း မွန္ကန္စြာရရွိရန္အတြက္ ထုတ္ကုန္ပစၥည္းမ်ားသည္ အရည္အေသြးေကာင္းမြန္ရန္လိုေၾကာင္း၊ ထို႔အျပင္ ထုတ္ကုန္ပစၥည္းမ်ားအား အဆင့္ဆင့္ေရာင္းခ်ျခင္းမ်ားကို တက္ႏိုင္သမွ် ေလွ်ာ့ခ်ရန္ လိုေၾကာင္း၊ ကုန္ထုတ္လုပ္သူမ်ားႏွင့္ ေတာင္သူမ်ားအေနျဖင့္ ေဈးႏႈန္းမွန္ကန္စြာျဖင့္ ေရာင္းခ် ႏိုင္မွသာ ကုန္ေဈးႏႈန္းကိုထိန္းသိမ္းေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး စီးပြားေရး တိုးတက္လာမည္ ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနမ်ားအေနျဖင့္ မိမိတို႔သက္ဆိုင္သည့္ က႑အလိုက္ လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ႏိုင္ငံ၏ပကတိအေျခအေနမ်ားႏွင့္ ခ်ိန္ထိုးစဥ္းစား၍ ႏိုင္ငံ့ဘ႑ာေငြမ်ား အေလအလြင့္ မျဖစ္ေပၚေစေရးေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္မွသာ ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း။

စားနပ္ရိကၡာေပါမ်ားေရးႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အစိုးရမွ ျဖည့္ဆည္းေဆာင္႐ြက္ ေပးရသည္မ်ားႏွင့္ အားေပးေဆာင္႐ြက္ေပးေနမႈမ်ားရွိေၾကာင္း၊ ျမစ္ေခ်ာင္းမ်ားအတြင္း ငါးသယံ ဇာတေပါမ်ားေစေရးႏွင့္ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းမွ်ရွိေနေသာ ေက်းလက္ေနျပည္သူမ်ား လူေနမႈဘဝျမႇင့္တင္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ျခင္း မ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း တိုင္းေဒသႀကီး ႏွင့္ျပည္နယ္အလိုက္ ေဒသခံေတာင္သူမ်ားအား အားေပးကူညီေဆာင္႐ြက္ႏိုင္ေရး ကြင္းဆင္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ အာေပးကူညီမႈမ်ားရွိမွသာ လုပ္ငန္းမ်ားေအာင္ျမင္ျဖစ္ထြန္း လာမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ၏စားေရရိကၡာေပါမ်ားေရးအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား အေနျဖင့္ မိမိတို႔ကိုယ္တိုင္ ကြင္းဆင္းေဆာင္႐ြက္သကဲ့သို႔ မိမိတို႔လက္ေအာက္ကိုလည္း လုပ္ငန္းမ်ားေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရး တြန္းအားေပးေဆာင္႐ြက္သြားရန္ လိုေၾကာင္း။

တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ရာတြင္ က်န္းမာႀကံ့ခိုင္သည့္ လူသား အရင္းအျမစ္မ်ားရွိရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ က်န္းမာေရးကိုထိခိုက္ေစႏိုင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္းႏွင့္ မူးယစ္ေဆးဝါးသုံးစြဲမႈမ်ားကို ထိန္းသိမ္းၾကပ္မတ္ေဆာင္႐ြက္ၾကရန္ လိုေၾကာင္း၊ မိမိတို႔ဝင္ေငြႏွင့္မွ်တသည့္ အာဟာရျပည့္ဝေသာ အစားေသာက္မ်ား စားသုံးႏိုင္ရန္ အတြက္ စီမံေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း၊ က်န္းမာေရးကို အေထာက္အကူျဖစ္ေစမည့္ ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္ျခင္းမ်ားကို အားေပးရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၆ ႏွစ္ခန႔္သာရွိသျဖင့္ အျခားႏိုင္ငံမ်ားထက္ ေလ်ာ့နည္းလ်က္ ရွိေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူမ်ားက်န္းမာႀကံ့ခိုင္ေစေရးအတြက္ က်န္းမာေရးျမႇင့္တင္မႈ လုပ္ငန္းမ်ားကို ဦးစားေပးေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ယခုအခါ အိႏၵိယႏိုင္ငံအပါအဝင္ အျခား ႏိုင္ငံအခ်ိဳ႕တြင္လည္း COVID-19 ေရာဂါကူးစက္မႈမ်ား ျမင့္မားလ်က္ရွိသျဖင့္ မိမိတို႔ အေနျဖင့္လည္း COVID-19 ေရာဂါကာကြယ္ေရးအတြက္ အေလးထား ေဆာင္႐ြက္ၾကရန္ လိုေၾကာင္း၊ ျပည္သူမ်ား က်န္းမာႀကံ့ခိုင္ေစေရးအတြက္ မိမိတို႔အေနျဖင့္ ျဖည့္ဆည္းေပး ႏိုင္သည္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ထို႔အျပင္ က်န္းမာေရးႏွင့္ ပတ္သက္၍ ပညာေပးျခင္းလုပ္ငန္းမ်ားကိုလည္း စဥ္ဆက္မျပတ္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

အားကစားက႑ႏွင့္ပတ္သက္၍ အားကစားမ်ားျပဳလုပ္မွသာ က်န္းမာႀကံ့ခိုင္မႈ ရွိမည္ ျဖစ္ေၾကာင္း၊ အလြယ္ကူဆုံးအားကစားနည္းႏွစ္ခုမွာ လမ္းေလွ်ာက္ျခင္းႏွင့္ ေျပးျခင္းပင္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲမွစ၍ အားကစားၿပိဳင္ပြဲ မ်ားတြင္ အားကစားေအာင္ျမင္မႈမ်ား ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း မ်ားစြာက်ဆင္းခဲ့ေၾကာင္း၊ အားကစားၿပိဳင္ပြဲမ်ားျပဳလုပ္ျခင္းသည္ စိတ္ဓာတ္ျမႇင့္တင္ေရး ေဆာင္႐ြက္ေပးျခင္းပင္ျဖစ္ ေၾကာင္း၊ အားကစားႏွင့္ပတ္သက္၍ မိမိတို႔သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားအလိုက္ အားေပး ေဆာင္႐ြက္ျခင္းျဖင့္ အားကစားက႑ တိုးတက္ေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ အားကစားသည္ ႏိုင္ငံေတာ္အတြက္ အားေပး ေဆာင္႐ြက္ၾကရမည့္ က႑တစ္ရပ္ျဖစ္ေၾကာင္း၊ အားကစားၿပိဳင္ပြဲမ်ားျပဳလုပ္ရာတြင္ ကစားကြင္းမ်ားေကာင္းမြန္ေရးသည္လည္း အဓိကက် သျဖင့္ လိုအပ္သည့္ အားကစားကြင္းမ်ား၊ အားကစား႐ုံမ်ား ေကာင္းမြန္ေရး ျဖည့္ဆည္း ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း။

ပညာေရးႏွင့္ပတ္သက္၍ ဖြံ႕ၿဖိဳးတိုးတက္သည့္ႏိုင္ငံတိုင္းသည္ ပညာေရးက႑အား အျပည့္အဝအားေပးေဆာင္႐ြက္လ်က္ရွိသည္ကို ေလ့လာေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္မိမိတို႔ ႏိုင္ငံ၏ ပညာေရးျမင့္မားေရးအတြက္ အားေပးေဆာင္႐ြက္ရာတြင္ ဆရာ၊ ဆရာမမ်ားအတြက္ ၎တို႔ပညာအရည္အခ်င္းႏွင့္ ကိုက္ညီသည့္ ခံစားခြင့္မ်ားရရွိေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ သျဖင့္ နည္းလမ္းရွာေဖြေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ တကၠသိုလ္အဆင့္မ်ားကို ေမလဆန္း တြင္ဖြင့္လွစ္ႏိုင္ရန္ႏွင့္ အေျခခံပညာေက်ာင္းမ်ားအား ဇြန္လဆန္းတြင္ ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အေျခခံပညာအတြက္ ဆရာ၊ ဆရာမမ်ားကို သင္ၾကားမႈ သင္ယူမႈ အေထာက္အကူျပဳသင္တန္းမ်ား ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ား အေနျဖင့္လည္း သက္ဆိုင္ရာက႑အလိုက္ ကူညီျဖည့္ဆည္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ပညာေရးက႑တြင္ စိုက္ပ်ိဳးေမြးျမဴေရးပညာရွင္မ်ား ပိုမို ေမြးထုတ္ႏိုင္ေရးအတြက္လည္း စီမံေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ဥပေဒပိုင္းဆိုင္ရာနား လည္တတ္ကြၽမ္းသူမ်ား မ်ားျပားလာေစေရးအတြက္လည္း တကၠသိုလ္မ်ားတြင္ ဥပေဒဘာသာ ရပ္မ်ား ထည့္သြင္းသင္ၾကားႏိုင္ေရး စီမံေဆာင္႐ြက္သြားေစလိုေၾကာင္း၊ တကၠသိုလ္ပညာရပ္မ်ား သင္ၾကားခ်ိန္တြင္ စီးပြားေရးႏွင့္ပတ္သက္သည့္ ပညာရပ္မ်ားကိုလည္း အထူးျပဳသင္ၾကား ႏိုင္ေရး အားေပးေဆာင္႐ြက္သြားေစလိုေၾကာင္း၊ သို႔မွသာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘက္ေပါင္းစုံမွအေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း။

က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား CDM ျပဳလုပ္မႈႏွင့္ ပတ္သက္၍ ဝန္ထမ္းမ်ား လုပ္ငန္းခြင္ျပန္လည္ဝင္ေရာက္ေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ အခ်ိဳ႕ဝန္ထမ္း မ်ားသည္ ၎တို႔အေနျဖင့္ CDM တြင္ ပါဝင္မႈမရွိပါက Social Punishment ျပဳလုပ္ခံရမည္ကို ေၾကာက္႐ြံ႕ျခင္း၊ မိမိတို႔တာဝန္ပ်က္ကြက္ခဲ့မႈမ်ားေၾကာင့္ အေရးယူခံရမည္ကို ေၾကာက္႐ြံ႕ျခင္း မ်ားေၾကာင့္ တာဝန္ထမ္းေဆာင္မႈမ်ားကို ဆက္လက္ပ်က္ကြက္လ်က္ရွိၾကေၾကာင္း၊ ကိုယ္တိုင္ဦးေဆာင္လႈံ႕ေဆာ္မႈမ်ားတြင္ မပါဝင္သည့္ ဝန္ထမ္းမ်ားအား ဝန္ထမ္း စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ ထိုက္သင့္သည့္ အေရးယူမႈကိုသာ ေဆာင္႐ြက္မည္ျဖစ္ၿပီး အလုပ္မွ ထုတ္ပယ္သည္အထိ အေရးယူေဆာင္႐ြက္မည္မဟုတ္ေၾကာင္း၊ ဝန္ထမ္းမ်ားအား CDM ျပဳလုပ္ရန္ ၿခိမ္းေျခာက္ေနသူမ်ားအား သတင္းပို႔တိုင္ၾကားရန္ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ား အား ထုတ္ျပန္ထားၿပီး ၿခိမ္းေျခာက္သူမ်ားကို ထိထိေရာက္ေရာက္အေရးယူ ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း၊ CDM ျပဳလုပ္လ်က္ရွိသည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား အေနျဖင့္ မိမိတို႔လုပ္ငန္းခြင္သို႔ အျမန္ဆုံးျပန္လည္ဝင္ေရာက္ တာဝန္ထမ္းေဆာင္ပါက ႏိုင္ငံအတြက္ ေကာင္းမြန္သည့္ အက်ိဳးရလဒ္မ်ားရရွိမည္ျဖစ္သျဖင့္ ဝမ္းေျမာက္ဝမ္းသာျဖင့္ ႀကိဳဆိုပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ားက သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပေဆြးေႏြး၍ အတည္ျပဳခ်က္ ရယူၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေဆာင္႐ြက္မည့္ ႏိုင္ငံသားစိစစ္ေရး ကတ္ျပား ျပဳလုပ္ေပးေရး(ပန္းခင္းစီမံခ်က္)ကို အေလးထားေၾကာင္း၊ ႏိုင္ငံသားတိုင္း ႏိုင္ငံသားစိစစ္ေရး ကတ္ျပားရရွိေရးမွာ အေရးႀကီးေၾကာင္း၊ ရသင့္ရထိုက္သည့္ ႏိုင္ငံသား၊ တိုင္းရင္းသားမ်ား အားလုံး ႏိုင္ငံသားစိစစ္ေရးကတ္ျပား ရရွိေရးအတြက္ သတ္မွတ္ထားသည့္ စီမံခ်က္ကာလ အတြင္း အၿပီးေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံသား စိစစ္ေရးကတ္မရွိဘဲ ဆႏၵမဲေပးခဲ့သည့္ဦးေရ ၄ ဒသမ ၆ သန္းရွိသည္ကို စိစစ္ေတြ႕ရွိေၾကာင္း၊ ေနာင္က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူႏိုင္ငံသားတိုင္း ဆႏၵမဲေပးႏိုင္ေရးအတြက္ ကိုင္ေဆာင္ခြင့္ရွိသည့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားရရွိေရး ဦးစားေပး ေဆာင္႐ြက္ေပးသြား ရမည္ျဖစ္ေၾကာင္း၊ ပန္းခင္းစီမံခ်က္တြင္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား ျပဳလုပ္ေပးရမည့္ ဦးေရ ၃ ဒသမ ၈ သန္းေက်ာ္ရွိၿပီး စီမံခ်က္ကာလ ၁၈ လ ၾကာျမင့္မည္ျဖစ္ ေၾကာင္း၊ ယခုေဆာင္႐ြက္မည့္ ပန္းခင္းစီမံခ်က္ႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံသားစိစစ္ေရးကတ္ျပား ျပဳလုပ္မည့္သူမ်ားအား ေသြးအုပ္စု ခြဲျခင္းလုပ္ငန္းကို ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနတို႔က ပူးေပါင္း ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံသားတိုင္း ႏိုင္ငံသားစိစစ္ေရးကတ္ျပား ရရွိေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဆင့္ဆင့္က ပူးေပါင္းေဆာင္႐ြက္သြားရန္လိုေၾကာင္း။

စီးပြားေရးလုပ္ငန္းမ်ားေဆာင္႐ြက္မႈႏွင့္ပတ္သက္၍ ျပည္ပႏိုင္ငံမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းမ်ားရွိေၾကာင္း၊ ေခ်းေငြ၊ ေထာက္ပံ့ေငြမ်ားျဖင့္ ေဆာင္႐ြက္ သည့္လုပ္ငန္းမ်ားရွိၿပီး ျပည္ပႏိုင္ငံမ်ားမွ ရာႏႈန္းျပည့္ ရင္းႏွီးျမႇဳပ္ႏွံသည့္လုပ္ငန္းမ်ား၊ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္သည့္ လုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားရွိေၾကာင္း၊ ယင္းကိစၥ မ်ား ႏွင့္စပ္လ်ဥ္း၍ ဝန္ႀကီးဌာနမ်ားအေနျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ေဆြးေႏြးရာတြင္ အစိုးရႏွင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို ခြဲျခားနားလည္ေစရန္ ရွင္းလင္း ေျပာၾကားေစလိုေၾကာင္း။

ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာသင္ၾကားမႈ ေႏွာင့္ေႏွးမႈမရွိေစရန္အတြက္ မၾကာမီ ကာလအတြင္း စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ဝိုင္းဝန္းကူညီေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ အနာဂတ္တြင္ ပညာတတ္မ်ားရွိရန္ လိုအပ္သည့္အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက အျပည့္အဝ ပူးေပါင္းကူညီေဆာင္႐ြက္ၾကရန္ ထပ္မံတိုက္တြန္းလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။