နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြား နေရာရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလီမိတက်တို့နှင့် တွံ့တေးမြို့နယ်ရှိ ရွှေမုယင်းငါးကန် တို့၏လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင် အထည် ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ နှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေး ဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြလျက်ရှိသည့် ပြည်သူများစားသောက်မှု အဆင်ပြေစေရန်ဖြစ်ကြောင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် ရွှေမုရင်းငါးကန်တို့တွင် ငါးနှင့်ဘဲများကို လည်းကောင်း၊ ၂၆ မိုင်ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် အသားစားနွားနှင့် နို့စားနွား များ၊ ဝက်၊ ကြက်နှင့် ဆိတ်များကိုလည်းကောင်း မွေးမြူ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းသားငါး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည် အသွေးပြည့်မီသည့် အသား၊ ငါးများအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်း သက်သာစွာစားသောက်နိုင်ပြီး ပြည်သူများ အသားနှင့်ငါးစားသုံးမှုမြင့်မားလာကာ ကျန်းမာကြံ့ခိုင်မှု ရှိလာမည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိမှသာ ပညာရည်မြင့်မား ရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်မည် ဖြစ်သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အသား၊ ငါးများအား သက်သာသော ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနိုင်ရေး ဆောင်ရွက် ခြင်းဖြင့် အသား၊ ငါး ဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသား၊ ငါး ထွက်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်း များဖြစ်သဖြင့် စနစ်တကျဖြင့် စံပြဖြစ်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်း အတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး သားဖောက်ခြင်း လုပ်ငန်းများ အား သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ငါး သယံဇာတ ပေါများ စေရေးအတွက် မြစ်ချောင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့် ဆန်များအရည်အသွေး ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းမွန်၍ အရည်အသွေးပြည့်ဝသည့် စပါးမျိုး များစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြုစိုက်ပျိုးရန်လို ကြောင်း၊ ပြည်တွင်း ဆန်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပနိုင်ငံများ သို့လည်း တင်ပို့နိုင်ရောင်းချနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ စနစ်တကျပြုပြင် ထားသည့်မြေဖြစ်ရန်၊ စိုက်နည်းစနစ်မှန်ကန်ရန်နှင့် ရေဖူလုံစွာရရှိရန်လိုကြောင်း၊ သို့မှသာ အရည်အသွေး ပြည့်မီသည့် စိုက်ပျိုးရေး ထုတ်ကုန်များရရှိမည်ဖြစ်ကြောင်း၊ တပ်မိသားစုဝင်များ သာမက ပြည်သူများအသား၊ ငါးနှင့် စိုက်ပျိုးရေးထုတ်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူ စားသုံးနိုင်ရေး စဉ်ဆက်မပြတ်ဖြည့်ဆည်း ဆောင်ရွက်သွား ရန်လိုကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ဘဲမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် ဘဲဥများအားကြည့်ရှုပြီး မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြ သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သီလဝါဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဇုန္ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္ ဧၿပီ ၃၀

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ရန္ကုန္ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးလွစိုး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တန္းၿမိဳ႕နယ္၊ ရန္ကုန္ျမစ္ႏွင့္ ေမွာ္ဝန္းေခ်ာင္းၾကား ေနရာရွိ သီလဝါဘက္စုံ စိုက္ပ်ိဳးေမြးျမဴေရးဇုန္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ အား ေမြးျမဴေရးဇုန္ရွင္းလင္းေဆာင္၌ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီ လီမိတက္ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦး၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းႏွင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတို႔က သီလဝါဘက္စုံစိုက္ပ်ိဳး ေမြးျမဴေရးဇုန္၊ ၂၆ မိုင္ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဇုန္၊ ေငြပင္လယ္ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းကုမၸဏီလီမိတက္တို႔ႏွင့္ တြံ႕ေတးၿမိဳ႕နယ္ရွိ ေ႐ႊမုယင္းငါးကန္ တို႔၏လုပ္ငန္း ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဇုန္မ်ား အေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ခဲ့မႈႏွင့္ ေဆာင္႐ြက္ၿပီးစီးၿပီး လုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ား ႏွင့္ ပတ္သက္၍ အသီးသီးရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ရန္ကုန္တိုင္းေဒသႀကီးအတြင္း ယခုကဲ့သို႔ စိုက္ပ်ိဳးေမြးျမဴေရး ဇုန္မ်ားေဖာ္ေဆာင္၍ ေဆာင္႐ြက္လ်က္ရွိျခင္းသည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနထိုင္ၾကလ်က္ရွိသည့္ ျပည္သူမ်ားစားေသာက္မႈ အဆင္ေျပေစရန္ျဖစ္ေၾကာင္း၊ သီလဝါဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဇုန္ႏွင့္ ေ႐ႊမုရင္းငါးကန္တို႔တြင္ ငါးႏွင့္ဘဲမ်ားကို လည္းေကာင္း၊ ၂၆ မိုင္ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဇုန္တြင္ အသားစားႏြားႏွင့္ ႏို႔စားႏြား မ်ား၊ ဝက္၊ ၾကက္ႏွင့္ ဆိတ္မ်ားကိုလည္းေကာင္း ေမြးျမဴ၍ ရန္ကုန္တိုင္းေဒသႀကီး အတြင္းသားငါး လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း သက္ဆိုင္ရာေဒသအလိုက္ ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္၍ အရည္ အေသြးျပည့္မီသည့္ အသား၊ ငါးမ်ားအား တိုးျမႇင့္ထုတ္လုပ္ႏိုင္ျခင္းျဖင့္ ေဈးႏႈန္း သက္သာစြာစားေသာက္ႏိုင္ၿပီး ျပည္သူမ်ား အသားႏွင့္ငါးစားသုံးမႈျမင့္မားလာကာ က်န္းမာႀကံ့ခိုင္မႈ ရွိလာမည္ ျဖစ္ေၾကာင္း၊ က်န္းမာႀကံ့ခိုင္မႈရွိမွသာ ပညာရည္ျမင့္မား ေရးလုပ္ငန္းမ်ား၊ စီးပြားေရး လုပ္ငန္းမ်ားကို ေဖာ္ေဆာင္ႏိုင္မည္ ျဖစ္သျဖင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ အသား၊ ငါးမ်ားအား သက္သာေသာ ေဈးႏႈန္းမ်ားျဖင့္ ေဈးကြက္အတြင္း ေရာင္းခ်ေပးႏိုင္ေရး ေဆာင္႐ြက္ ျခင္းျဖင့္ အသား၊ ငါး ေဈးႏႈန္းမ်ားႀကီးျမင့္မႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ အသား၊ ငါး ထြက္ကုန္မ်ားအား ျပည္ပသို႔ တင္ပို႔ႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ေမြးျမဴေရး လုပ္ငန္းမ်ားသည္ ေရရွည္ေဆာင္႐ြက္ရသည့္ လုပ္ငန္း မ်ားျဖစ္သျဖင့္ စနစ္တက်ျဖင့္ စံျပျဖစ္ေအာင္ စီမံေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္း အတြက္ လိုအပ္သည့္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားရရွိေရး သားေဖာက္ျခင္း လုပ္ငန္းမ်ား အား သုေတသနျပဳေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထို႔အျပင္ ငါး သယံဇာတ ေပါမ်ား ေစေရးအတြက္ ျမစ္ေခ်ာင္းမ်ားအတြင္း ငါးမ်ိဳးမ်ား စိုက္ထည့္ျခင္းကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း။

စိုက္ပ်ိဳးေရးႏွင့္ပတ္သက္၍ အဓိကစားကုန္ျဖစ္သည့္ ဆန္မ်ားအရည္အေသြး ျပည့္မီေရးအတြက္ အထြက္ႏႈန္းေကာင္းမြန္၍ အရည္အေသြးျပည့္ဝသည့္ စပါးမ်ိဳး မ်ားစိုက္ပ်ိဳးႏိုင္ေရး မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားရရွိေအာင္ သုေတသနျပဳစိုက္ပ်ိဳးရန္လို ေၾကာင္း၊ ျပည္တြင္း ဆန္လိုအပ္ခ်က္ကိုျဖည့္ဆည္းႏိုင္႐ုံသာမက ျပည္ပႏိုင္ငံမ်ား သို႔လည္း တင္ပို႔ႏိုင္ေရာင္းခ်ႏိုင္ေရးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္း မ်ား ေဆာင္႐ြက္ရာတြင္ မ်ိဳးေကာင္းရန္၊ စနစ္တက်ျပဳျပင္ ထားသည့္ေျမျဖစ္ရန္၊ စိုက္နည္းစနစ္မွန္ကန္ရန္ႏွင့္ ေရဖူလုံစြာရရွိရန္လိုေၾကာင္း၊ သို႔မွသာ အရည္အေသြး ျပည့္မီသည့္ စိုက္ပ်ိဳးေရး ထုတ္ကုန္မ်ားရရွိမည္ျဖစ္ေၾကာင္း၊ တပ္မိသားစုဝင္မ်ား သာမက ျပည္သူမ်ားအသား၊ ငါးႏွင့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားအား သက္သာေသာ ေဈးႏႈန္းမ်ားျဖင့္ ဝယ္ယူ စားသုံးႏိုင္ေရး စဥ္ဆက္မျပတ္ျဖည့္ဆည္း ေဆာင္႐ြက္သြား ရန္လိုေၾကာင္းမွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဇုန္၊ ဘဲေမြးျမဴေရးလုပ္ငန္းမွ ထြက္ရွိသည့္ ဘဲဥမ်ားအားၾကည့္ရႈၿပီး ေမြးျမဴေရးဇုန္အတြင္းရွိ ငါးသားေဖာက္လုပ္ငန္း ေဆာင္႐ြက္ေနမႈ၊ ငါးေမြးျမဴထားရွိမႈႏွင့္ ဘဲေမြးျမဴထားရွိမႈအေျခအေနမ်ားအား လွည့္လည္ ၾကည့္ရႈစစ္ေဆးရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္း တင္ျပခဲ့ၾက သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။