တပ်မတော်သားတိုင်း တစ်ဦးချင်းစွမ်းရည်တိုးတက်စေရန်အတွက် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင်လေ့ကျင့်နေရမည်ဖြစ်ပြီး စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်ဖြစ်

နေပြည်တော် မေ ၁၇

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်မတော် သားတိုင်း၏ စွမ်းရည်တိုးတက်မြင့်မားစေရေးအတွက် အတန်းပညာ၊ အတတ်ပညာ များနှင့် ရာထူးအဆင့်နှင့်လျော်ညီသည့် လေ့ကျင့်မှုများကို သင်တန်းကျောင်း အသီးသီးတွင်လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်းနှင့် မိမိတို့တစ်ဦးချင်း၏ တာဝန်များကို ထမ်းဆောင်ရာတွင် စစ်သားကောင်းပီသစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ပိုင်းတွင် သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် နယ်မြေခံတပ်မတော် တန်းမြင့်သင်တန်းကျောင်းမှ သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်တွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ စစ်သည်တစ်ဦးချင်းစီ၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်ဝစွာထမ်းဆောင်နိုင်စေရေး ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်သင်ကြားပေး နေရခြင်းဖြစ်ကြောင်း၊ တပ်မတော်တန်းမြင့်သင်တန်း ကျောင်းများသည် စစ်သည်များ၏ တစ်ဦးချင်းစွမ်းရည်နှင့် အဖွဲ့လိုက်စွမ်းရည် များကို မြှင့်တင်ပေးနေသည့် ကျောင်းများပင်ဖြစ်ကြောင်း၊ သင်တန်းများတက်ရောက်နေစဉ် အတွင်း သင်ကြားပေးသည့် ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ယူထားရှိ မှသာလျင် မြေပြင်လက်တွေ့အခြေအနေ၌ မှန်မှန်ကန်ကန်ဖြင့် ပြန်လည်အသုံးချ နိုင်မည်ဖြစ်ကြောင်း၊ စစ်မြေပြင် တာဝန်ထမ်းဆောင်ရာတွင် ကြံ့ခိုင်မှု မပြည့်ဝပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်၍ တစ်ဦးချင်း လေ့ကျင့်မှု များနှင့် အဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကာ တပ်မတော်သားတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင် သန်စွမ်းမှုများ ရှိနေရန်လိုကြောင်း။

အရည်အချင်းပြည့်ဝသည့် စစ်သည်များနှင့် အရည်အချင်းပြည့်ဝသည့် တပ်များဖြစ်စေရေးအတွက် မှာကြားရာတွင် တပ်မတော်သားတိုင်းသည် နိုင်ငံ တော်နှင့် ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သည့်စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူများဖြစ်ကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် ပညာရပ်များသည် သဘောသဘာဝကို သင်ကြားပြသ ပေးလိုက်ခြင်းသာ ဖြစ်သဖြင့် မြေပြင်လက်တွေ့ကြုံတွေ့လာရသည့် အခက်အခဲများကို မိမိတို့၏ ထိုးထွင်းကြံဆမှုနှင့် လိုက်ရောညီထွေဖြစ်အောင် လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း၊ ကြုံတွေ့လာရသည့် အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ်မြှော်မြင်မှုဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့အသုံးချနိုင်ရေးအတွက် အသိပညာနှင့် ပြည်စုံရန်လိုအပ်သည့်အတွက် မိမိတို့၏ အားလပ်ချိန်များတွင် အကျိုး ရှိစေမည့် စာအုပ်စာပေများကို ဖတ်မှတ်ကြရန်လိုကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သည့်အတွက် အသေးအဖွဲကအစ စည်းကမ်းလိုက်နာရမည် ဖြစ်ကာ မိမိတို့တစ်ဦးချင်းနှင့် တပ်များစွမ်းရည်မြင့်မားရေးအတွက် ထုတ်ပြန်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည် ဖြစ်သည့်အတွက် စစ်သည်တစ်ဦးချင်းအနေဖြင့် တပ်မတော်သားတစ်ဦးတွင်ရှိသင့် ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုရှိရန်နှင့် ပင်ပန်းဆင်းရဲမှုများကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း။

လက်ရှိ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်အနေဖြင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခြေအနေများအရ ယာယီသမ္မတ၏ တာဝန်ပေးအပ်မှုနှင့်အညီ နိုင်ငံတော်၏ တာဝန်များလွှဲပြောင်းတာဝန်ယူထမ်းဆောင်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် မဲမသမာမှု များကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်က တာဝန်ရှိသူများထံသို့ ဥပဒေ နှင့်အညီ တင်ပြတောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့် အပြင် နိုင်ငံတော် ၏အာဏာကို အတင်းအဓမ္မရယူရန်အထိ ကြိုးပမ်းလာသည့်အတွက် ယခုအခြေအနေ ထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို လိုအပ်ချက်အရခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက် နေသည်ကို နားလည် သဘောပေါက်ကြရန်လိုကြောင်း၊ နိုင်ငံအတွင်းရှိ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ထားသည့် မြို့နယ် ၇ မြို့နယ်မှအပ အခြားမြို့နယ်များကို အရပ်ဘက်အုပ်ချုပ်ရေး စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အစိုးရအုပ်ချုပ်ရေးယန္တရားပုံမှန်အတိုင်း လည်ပတ်သွားလာလျက်ရှိသဖြင့် မိမိတို့ကျရာ တာဝန်များအလိုက် ကျေပွန်စွာ ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ ပြည်သူ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် စစ်သားကောင်း ပီသစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကာ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

(Zawgyi Version)

တပ္မေတာ္သားတိုင္း တစ္ဦးခ်င္းစြမ္းရည္တိုးတက္ေစရန္အတြက္ က်န္းမာ၊ ႀကံ့ခိုင္၊ ကြၽမ္းက်င္မႈရွိေအာင္ေလ့က်င့္ေနရမည္ျဖစ္ၿပီး စစ္စည္းကမ္းႏွင့္ အမိန႔္နာခံမႈ ေကာင္းမြန္ရမည္ျဖစ္

ေနျပည္ေတာ္ ေမ ၁၇

တပ္မေတာ္၏ အဓိကတာဝန္မွာ ႏိုင္ငံေတာ္ကာကြယ္ရန္ျဖစ္ၿပီး တပ္မေတာ္ သားတိုင္း၏ စြမ္းရည္တိုးတက္ျမင့္မားေစေရးအတြက္ အတန္းပညာ၊ အတတ္ပညာ မ်ားႏွင့္ ရာထူးအဆင့္ႏွင့္ေလ်ာ္ညီသည့္ ေလ့က်င့္မႈမ်ားကို သင္တန္းေက်ာင္း အသီးသီးတြင္ေလ့က်င့္သင္ၾကား ေပးလ်က္ရွိေၾကာင္းႏွင့္ မိမိတို႔တစ္ဦးခ်င္း၏ တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ စစ္သားေကာင္းပီသစြာျဖင့္ တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ၾကရန္လိုအပ္ေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲ ပိုင္းတြင္ သပိတ္က်င္းတပ္နယ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ နယ္ေျမခံတပ္မေတာ္ တန္းျမင့္သင္တန္းေက်ာင္းမွ သင္တန္းသားမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကား စဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုဦးႏွင့္ သပိတ္က်င္းတပ္နယ္မွ အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္တြင္ ေလ့က်င့္ေရးပိုင္းဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ စစ္သည္တစ္ဦးခ်င္းစီ၏ စြမ္းရည္ျမႇင့္တင္ေပးရန္၊ မိမိတို႔၏ တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အရည္အခ်င္းျပည့္ဝစြာထမ္းေဆာင္ႏိုင္ေစေရး ယခုကဲ့သို႔ သင္တန္းမ်ားဖြင့္လွစ္သင္ၾကားေပး ေနရျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္တန္းျမင့္သင္တန္း ေက်ာင္းမ်ားသည္ စစ္သည္မ်ား၏ တစ္ဦးခ်င္းစြမ္းရည္ႏွင့္ အဖြဲ႕လိုက္စြမ္းရည္ မ်ားကို ျမႇင့္တင္ေပးေနသည့္ ေက်ာင္းမ်ားပင္ျဖစ္ေၾကာင္း၊ သင္တန္းမ်ားတက္ေရာက္ေနစဥ္ အတြင္း သင္ၾကားေပးသည့္ ပညာရပ္မ်ားကို စနစ္တက်ေလ့က်င့္သင္ယူထားရွိ မွသာလ်င္ ေျမျပင္လက္ေတြ႕အေျခအေန၌ မွန္မွန္ကန္ကန္ျဖင့္ ျပန္လည္အသုံးခ် ႏိုင္မည္ျဖစ္ေၾကာင္း၊ စစ္ေျမျပင္ တာဝန္ထမ္းေဆာင္ရာတြင္ ႀကံ့ခိုင္မႈ မျပည့္ဝပါက တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ႏိုင္မည္မဟုတ္၍ တစ္ဦးခ်င္း ေလ့က်င့္မႈ မ်ားႏွင့္ အဖြဲ႕လိုက္ေလ့က်င့္မႈမ်ားကို မွန္မွန္ကန္ကန္ ေလ့က်င့္ကာ တပ္မေတာ္သားတစ္ဦးတြင္ ရွိသင့္ရွိထိုက္သည့္ က်န္းမာႀကံ့ခိုင္ သန္စြမ္းမႈမ်ား ရွိေနရန္လိုေၾကာင္း။

အရည္အခ်င္းျပည့္ဝသည့္ စစ္သည္မ်ားႏွင့္ အရည္အခ်င္းျပည့္ဝသည့္ တပ္မ်ားျဖစ္ေစေရးအတြက္ မွာၾကားရာတြင္ တပ္မေတာ္သားတိုင္းသည္ ႏိုင္ငံ ေတာ္ႏွင့္ ျပည္သူကို ကာကြယ္မည္ဟူသည့္ မြန္ျမတ္သည့္စိတ္ဆႏၵျဖင့္ တပ္မေတာ္သို႔ မည္သူတစ္ဦးတစ္ေယာက္၏ တိုက္တြန္းခ်က္မွမပါရွိဘဲ Volunteer ဝင္ေရာက္ အမႈထမ္းၾကသူမ်ားျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္းမ်ားမွ သင္ၾကားေပးလိုက္သည့္ ပညာရပ္မ်ားသည္ သေဘာသဘာဝကို သင္ၾကားျပသ ေပးလိုက္ျခင္းသာ ျဖစ္သျဖင့္ ေျမျပင္လက္ေတြ႕ႀကဳံေတြ႕လာရသည့္ အခက္အခဲမ်ားကို မိမိတို႔၏ ထိုးထြင္းႀကံဆမႈႏွင့္ လိုက္ေရာညီေထြျဖစ္ေအာင္ လုပ္ေဆာင္ ၾကရမည္ ျဖစ္ေၾကာင္း၊ ႀကဳံေတြ႕လာရသည့္ အခက္အခဲမ်ားကို ဆန္းစစ္ၿပီး ေတြးေခၚေျမႇာ္ျမင္မႈျဖင့္ ေက်ာ္ျဖတ္ႏိုင္ေရးအတြက္ ဉာဏ္ပညာကို အသုံးခ်ႏိုင္ရန္လိုအပ္ေၾကာင္း၊ ထိုသို႔အသုံးခ်ႏိုင္ေရးအတြက္ အသိပညာႏွင့္ ျပည္စုံရန္လိုအပ္သည့္အတြက္ မိမိတို႔၏ အားလပ္ခ်ိန္မ်ားတြင္ အက်ိဳး ရွိေစမည့္ စာအုပ္စာေပမ်ားကို ဖတ္မွတ္ၾကရန္လိုေၾကာင္း၊ စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ိုးျဖစ္သည့္အတြက္ အေသးအဖြဲကအစ စည္းကမ္းလိုက္နာရမည္ ျဖစ္ကာ မိမိတို႔တစ္ဦးခ်င္းႏွင့္ တပ္မ်ားစြမ္းရည္ျမင့္မားေရးအတြက္ ထုတ္ျပန္ထား သည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကို လိုက္နာ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ မွန္မွန္ကန္ကန္လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏိုင္မည္ ျဖစ္သည့္အတြက္ စစ္သည္တစ္ဦးခ်င္းအေနျဖင့္ တပ္မေတာ္သားတစ္ဦးတြင္ရွိသင့္ ရွိထိုက္သည့္ က်န္းမာႀကံ့ခိုင္မႈရွိရန္ႏွင့္ ပင္ပန္းဆင္းရဲမႈမ်ားကို ခံႏိုင္ရည္ရွိေအာင္ ေလ့က်င့္ၾကရမည္ျဖစ္ေၾကာင္း။

လက္ရွိ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ ျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေရး အေျခအေနမ်ားအရ ယာယီသမၼတ၏ တာဝန္ေပးအပ္မႈႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္မ်ားလႊဲေျပာင္းတာဝန္ယူထမ္းေဆာင္ခဲ့ရေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ ႀကီးမားသည့္ မဲမသမာမႈ မ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးရန္ တပ္မေတာ္က တာဝန္ရွိသူမ်ားထံသို႔ ဥပေဒ ႏွင့္အညီ တင္ျပေတာင္းဆိုခဲ့ေသာ္လည္း ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိသည့္ အျပင္ ႏိုင္ငံေတာ္ ၏အာဏာကို အတင္းအဓမၼရယူရန္အထိ ႀကိဳးပမ္းလာသည့္အတြက္ ယခုအေျခအေန ထိ ေရာက္ရွိခဲ့ရျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို လိုအပ္ခ်က္အရေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းသာ ျဖစ္ၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ ေနသည္ကို နားလည္ သေဘာေပါက္ၾကရန္လိုေၾကာင္း၊ ႏိုင္ငံအတြင္းရွိ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ ထားသည့္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္မွအပ အျခားၿမိဳ႕နယ္မ်ားကို အရပ္ဘက္အုပ္ခ်ဳပ္ေရး စနစ္ျဖင့္ ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိၿပီး အစိုးရအုပ္ခ်ဳပ္ေရးယႏၲရားပုံမွန္အတိုင္း လည္ပတ္သြားလာလ်က္ရွိသျဖင့္ မိမိတို႔က်ရာ တာဝန္မ်ားအလိုက္ ေက်ပြန္စြာ ထိန္းသိမ္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အစိတ္အပိုင္း၊ ျပည္သူ၏ အစိတ္အပိုင္းျဖစ္သည့္အတြက္ စစ္သားေကာင္း ပီသစြာျဖင့္ ေနထိုင္လုပ္ကိုင္ေဆာင္႐ြက္ၾကရမည္ျဖစ္ကာ တိုင္းျပည္အက်ိဳး၊ ျပည္သူ႔အက်ိဳး အတြက္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ ႀကိဳးပမ္းေဆာင္႐ြက္ၾကရ မည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ရာ တာဝန္ ရွိသူတစ္ဦးက လက္ခံရယူသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ကာ လိုအပ္သည္မ်ားကို ေမးျမန္းျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။