(၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021) ဖွင့်ပွဲ အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

နေပြည်တော် ဇွန် – ၂၃

(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖွင့်ပွဲအခမ်းအနားကို ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ RADISSON Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက် သည်။


အဆိုပါအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu၊ စစ်ဘက်၊ အရပ်ဘက်မှ အကြီးအကဲများ၊ နိုင်ငံပေါင်း ၆၇ နိုင်ငံမှ အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယ ကာကွယ်ရေးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညီလာခံသို့ တက်ရောက်လာကြသူများက Rosoboronexport ကုမ္ပဏီ နှင့် အခြားကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းများအား လေ့လာကြည့်ရှုကြသည်။

ညီလာခံအား စတင်ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin ပြောကြားသည့် (၉)ကြိမ် မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အမှာစကား video ကို ဖွင့်လှစ်ပြသသည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ကဦးဆောင်ဆွေးနွေးပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းကွပ်ကဲရေးမှူး Army General Valery GERASIMOV၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Colonel General WEI FENGHE၊ ကာတာနိုင်ငံမှ Deputy Prime Minister and Minister of Denfece ဖြစ်သူ Dr.Khalid Bin Mohammad AL-ATTIYAH၊ ဘီလာရုစ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး Viktor KHRENIN၊ President of the international Committee of the Red Cross ဖြစ်သူ Peter MAURER၊ အာဖဂန် နစ္စတန်နိုင်ငံမှ သမ္မတဟောင်း Khamid KARZAI တို့က သက်ဆိုင်ရာ ခေါင်းစဉ် များအလိုက်၊ ကဏ္ဍ အလိုက် ဆွေးနွေးကြပြီး ညီလာခံ မတက် ရောက်နိုင်သူများက Online မှ တစ်ဆင့် ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် ညီလာခံအား အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ရာ ဒုတိယပိုင်း မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က“ကမ္ဘာ့နိုင်ငံရေး အခြေအနေတွင် အာရှ-ပစိဖိတ် ဒေသ အရေး အား ဆွေးနွေးခြင်း(The Asia-Pacific Region in the Context of Global Politics)” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

ဆက်လက်ပြီး မော်ဒိုက်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယကာကွယ်ရေး ဝန်ကြီး Mr. Hassan ZAMEEL၊ ဗီယက်နမ်နိုင်ငံအမျိုးသားကာကွယ်ရေး ဝန်ကြီး Senior Lieutenant General PHAN VAN GIANG၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ H.E. Sheikh AASINA၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ ကာ ကွယ်ရေးဝန်ကြီး Mr. Halbi YUSSOF တို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တို့အား သီးခြားဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

Zawgyi Version

(၉) ႀကိမ္ေျမာက္ ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာညီလာခံ(MCIS-2021) ဖြင့္ပြဲ အခမ္းအနားက်င္းပ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္

ေနျပည္ေတာ္ ဇြန္ – ၂၃

(၉)ႀကိမ္ေျမာက္ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖြင့္ပြဲအခမ္းအနားကို ယေန႔ေဒသ စံ ေတာ္ခ်ိန္ နံနက္ပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ RADISSON Hotel ၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ပါဝင္တက္ေရာက္သည္။

အဆိုပါအခမ္းအနားသို႔ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergey Kuzhugetovich Shoigu၊ စစ္ဘက္၊ အရပ္ဘက္မွ အႀကီးအကဲမ်ား၊ ႏိုင္ငံေပါင္း ၆၇ ႏိုင္ငံမွ အႀကီးအကဲမ်ား၊ ကာကြယ္ေရးဝန္ႀကီးမ်ား၊ ဒုတိယ ကာကြယ္ေရးဝန္ႀကီးမ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ညီလာခံသို႔ တက္ေရာက္လာၾကသူမ်ားက Rosoboronexport ကုမၸဏီ ႏွင့္ အျခားကုမၸဏီမ်ားမွ ခင္းက်င္းျပသထားသည့္ ကာကြယ္ေရးဆိုင္ရာ စစ္လက္နက္ ပစၥည္းမ်ားအား ေလ့လာၾကည့္ရႈၾကသည္။

ညီလာခံအား စတင္က်င္းပျပဳလုပ္ရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ Vladimir Putin ေျပာၾကားသည့္ (၉)ႀကိမ္ ေျမာက္ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အမွာစကား video ကို ဖြင့္လွစ္ျပသသည္။ ယင္းေနာက္ ကာကြယ္ေရးဝန္ႀကီးက အဖြင့္အမွာစကား ေျပာၾကား သည္။

ထို႔ေနာက္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Colonel General Alexander V.Fomin ကဦးေဆာင္ေဆြးေႏြးၿပီး ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ ညႇိႏႈိင္းကြပ္ကဲေရးမႉး Army General Valery GERASIMOV၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံမွ Colonel General WEI FENGHE၊ ကာတာႏိုင္ငံမွ Deputy Prime Minister and Minister of Denfece ျဖစ္သူ Dr.Khalid Bin Mohammad AL-ATTIYAH၊ ဘီလာ႐ုစ္ႏိုင္ငံမွ ကာကြယ္ေရးဝန္ႀကီး Viktor KHRENIN၊ President of the international Committee of the Red Cross ျဖစ္သူ Peter MAURER၊ အာဖဂန္ နစၥတန္ႏိုင္ငံမွ သမၼတေဟာင္း Khamid KARZAI တို႔က သက္ဆိုင္ရာ ေခါင္းစဥ္ မ်ားအလိုက္၊ က႑ အလိုက္ ေဆြးေႏြးၾကၿပီး ညီလာခံ မတက္ ေရာက္ႏိုင္သူမ်ားက Online မွ တစ္ဆင့္ ပါဝင္ေဆြးေႏြးၾကသည္။

ထို႔ေနာက္ ညီလာခံအား အစီအစဥ္အတိုင္း ဆက္လက္ျပဳလုပ္ရာ ဒုတိယပိုင္း မ်က္ႏွာစုံညီအစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က“ကမာၻ႔ႏိုင္ငံေရး အေျခအေနတြင္ အာရွ-ပစိဖိတ္ ေဒသ အေရး အား ေဆြးေႏြးျခင္း(The Asia-Pacific Region in the Context of Global Politics)” ေခါင္းစဥ္ျဖင့္ ေဆြးေႏြးသည္။

ဆက္လက္ၿပီး ေမာ္ဒိုက္ႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယကာကြယ္ေရး ဝန္ႀကီး Mr. Hassan ZAMEEL၊ ဗီယက္နမ္ႏိုင္ငံအမ်ိဳးသားကာကြယ္ေရး ဝန္ႀကီး Senior Lieutenant General PHAN VAN GIANG၊ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးျဖစ္သူ H.E. Sheikh AASINA၊ ဘ႐ူႏိုင္းဒါ႐ူဆလမ္ႏိုင္ငံမွ ကာ ကြယ္ေရးဝန္ႀကီး Mr. Halbi YUSSOF တို႔က သက္ဆိုင္ရာေခါင္းစဥ္မ်ားအလိုက္ ေဆြးေႏြးခဲ့ၾကေၾကာင္းႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ေဆြးေႏြးမႈႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး ဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တို႔အား သီးျခားဆက္လက္ေဖာ္ျပသြားမည္ ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။