COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင်- ၉

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် COVID-19 ရောဂါ သည် ကမ္ဘာ့နိုင်ငံအချို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် အစော ပိုင်းကာလများတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံတွင် မတ်လ ၂၃ ရက်တွင် စတင်ဖြစ် ပွားခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှု ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်း နည်းပါးခဲ့သော်လည်း ယခုနှစ်မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် တတိယ လှိုင်းဖြစ်ပေါ်လာပြီး ကူးစက်မှုနှုန်းမြင့်တက်လာခဲ့ ကြောင်း၊ မိမိတို့အနေဖြင့် ထိုအခြေ အနေကိုစိုးရိမ်နေရုံဖြင့်မရဘဲ COVID-19 ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက်ဆောင်ရွက်နေရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေး အတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းအပိုင်းနှစ်ခုရှိကြောင်း၊ မိမိတို့ နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ၂၉၆ မြို့နယ်တွင် ရောဂါပိုးကူးစက်မှုရှိကြောင်း၊ COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များအား အများပြည်သူများ တိတိ ကျကျလိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ရန်လိုအပ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အတတ်နိုင်ဆုံးအကာကွယ်များဖြင့် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ အလားတူ ကိုယ်ခံစွမ်းအားများကောင်းမွန်အောင် နေထိုင်စားသောက်ရန်လည်း လိုအပ်ကြောင်း၊ ယခုအခါ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများကို လည်း ခေတ္တပိတ်ထားကြောင်း၊ နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှုအား မျက်ခြည်မပြတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် COVID-19 ရောဂါ ကာကွယ်ရေးသည် နိုင်ငံအတွက်အရေးကြီးသည့် အနေအထားတစ်ခုဖြစ်ကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့ အနေနဲ့လည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ကုသခြင်း အပိုင်းမှာလည်း တစ်ဖက်ကလည်း ကျွန်တော်တို့ ဆေးတွေ ဝယ်ခဲ့တာရှိတယ်။ အရင် အစိုးရ လက်ထက်တုန်းက ဆေးဝယ်ခဲ့တာရှိတယ်။ အိနိ္ဒယနိုင်ငံကနေ ကျွန်တော်တို့ ဆေးဝယ်တာ အလုံးသန်း ၃၀ ကျွန်တော်တို့ ဝယ်ခဲ့ပါတယ်။ ဝယ်ခဲ့တဲ့ အခါမှာလည်း ပထမအသုတ် ၂ သန်းရောက်ပြီးတော့ နောက်ပိုင်းကျတော့ အကြောင်း အမျိုးမျိုး နဲ့ပေါ့လေ။

အထူးသဖြင့် အိနိ္ဒယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သူတို့ရဲ့ရောဂါပြန့်ပွား မှုအခြေအနေအရ သူတို့ကန့်သတ်မှုတွေ ပြုလုပ်တဲ့အခါမှာ သူတို့မှာလည်း ပေးဖို့အတွက် အခက်အခဲတွေရှိပါတယ်။ ဒီသန်း ၃၀ မှာလည်း ကြိုတင်ငွေလည်း ပေးပြီးသားဗျ။ ၇၅ သန်း ကျွန်တော်တို့ပေးထားတယ်။ အဲ့ဒီတော့ ၂ သန်းရောက်ပြီးတော့ နောက်ထပ် ထပ်မလုပ်နိုင်ဘူး။ ဒီကြားထဲမှာ တရုတ်နိုင်ငံကနေပြီးတော့ ကူညီပေးတဲ့ဆေးတွေရှိပါ တယ်။ နောက် တခြားအလှူရှင်တွေကနေပြီးတော့လှူပေးတဲ့ ဒါကတော့ Small amount လှူပေးတာတွေလည်း ရှိပါတယ်။ နောက် ကျွန်တော်တို့လည်း လိုအပ်ချက် အရပေါ့လေ ရုရှားနိုင်ငံကို သွားတဲ့အချိန်မှာလည်း ရုရှားနိုင်ငံမှာ ကျွန်တော်ကိုယ်တိုင် ပဲ ကာကွယ်ရေး ဝန်ကြီးရော၊ သူတို့ရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နဲ့လည်း တွေ့ဆုံပြီးတော့ ဒါလိုချင်တယ်ဆိုတော့ သူတို့ချက်ခြင်းပဲ အရေးတယူဆောင်ရွက်ပေးတယ်။ ၂ သန်း လိုချင်တယ်ပြောတော့ ရမယ်တဲ့ ။

သူတို့မှာလည်း အခက်အခဲက ဘာလည်းဆိုတော့ သူတို့ရဲ့ Capacity က ထုတ်နိုင်တဲ့ Capacity ကအများကြီးမရှိဘူး။ တစ်ကမ္ဘာလုံးသူတို့က ဖြန့်နေရတာကိုး။ ဖြန့်နေရတော့ သူတို့ကလည်း မပေးနိုင်ဘူး ဖြစ်နေတာ။ ခွဲခွဲပြီး ပို့နေရတာ ။ မရတော့မဟုတ်ဘူး။ ဒီလထဲမှာပဲ သူတို့ စပို့မယ်ဆိုပြီးတော့ ပြောပါတယ်။ ဘယ်လောက်ပေးနိုင်မယ်ဆိုတာကတော့ ပို့တဲ့အချိန်မှပဲစပြီး amount ကို သူတို့က ပြောနိုင်မယ်ပြောပါတယ်။ သောင်းဂဏန်းအထက်တော့ ရှိပါလိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒီလိုပဲ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့ကို ဆေးဝါး အကူအညီတွေ၊ ကာကွယ်ဆေး‌တွေ အကူအညီပေးခဲ့တာရှိသလိုပဲ အခုလည်း နောက်ထပ်ပြီး ၅ သန်း ကျွန်တော်တို့ အပေါ်မှာရောင်းချပေးတာတွေရှိတယ်။ နောက် ကျွန်တော်တို့က ပုဂ္ဂလိက ဆေးရုံတွေ၊ ကုမ္ပဏီတွေကိုလည်း COVID-19 ဆေး ဝယ်ယူရေးနဲ့ပတ်သက်ပြီး ခွင့်ပြု ပေးခဲ့တာတွေရှိပါတယ်။

အဲ့တော့ ဒါကတော့ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ပါ ဒါလည်း လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ အဲ့တော့ ကျွန်တော်တို့က ပြည်တွင်းမှာပဲ ။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅ သန်းရှိပါတယ်။ သူတို့ပြောတာတော့ ၁၈ နှစ်နဲ့အထက်ကို ထိုးဖို့ပြောတာပေါ့လေ။ သို့သော်လည်းပဲ ၁၈ နှစ်အောက်ကလည်း လူပဲဖြစ်တယ်။ သူတို့လည်း သူတို့ကို၊ သူတို့အတွက် Effect ဖြစ်မယ်။ Save ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့က သူတို့ထိုးနိုင်ဖို့အတွက် စီစဉ်ပေးရမှာဖြစ်တယ်။ အဲ့ဒါတော့ ဘယ်အရွယ်ထိ ထိုးနိုင်မယ်ဆိုတာတော့ ဆုံးဖြတ်လို့ မရသေးပါဘူး။ ဒါ သက်ဆိုင်ရာ ဆေးထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ကြေညာချက်တွေအပေါ် မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝယ်မယ့်ဆေးက လက်ရှိ ဝယ်ထားတဲ့ဆေးက သိပ်များတာ မဟုတ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာလည်း မြန်မာနိုင်ငံဆေးဝါးစက်ရုံကနေပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိလို့ရှိရင် ထုတ်ဖို့ဆိုပြီး ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာရှိပါတယ်။

ဒါလည်း ရုရှား နိုင်ငံမှာ ဆွေးနွေးရာမှာ မူအားဖြင့် သူတို့သဘောတူပြီး ဖြစ်ပါတယ်။ သူတို့ သဘောတူတယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်။ သူတို့ဒီမှာ လာကြည့်ပါရစေ။ လာကြည့်ပြီးတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်ဆိုပြီးတော့ပြောပါတယ်။ ဒီလထဲမှာ သူတို့ လာဖို့ရှိပါတယ်။ ကျွန်တော်ကတော့ စောနိုင်သမျှ စောအောင် လာနိုင်ဖို့အတွက် ဖိတ်ထားတာ ရှိပါတယ်။ သူတို့တင်မဟုတ်ပါဘူး ကျန်တဲ့ အခြားပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်တွေကလည်း အကုန်လိုက်လာကြမှာပါ။ သို့သော်လည်း မြန်မာနိုင်ငံမှာက လက်ရှိအခြေအနေမှာက ဖြစ်ပွားမှု နည်းနည်းလေး များနေတဲ့ အတွက် သူတို့ လာနိုင်တဲ့ အခြေအနေကိုလည်း ချင့်ချိန်ဖို့တော့ ရှိပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါတော့ ကျွန်တော်တို့က ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ ပြောခြင်းဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဝယ်ထားတဲ့ဆေးတွေလည်း ဆောလျင်စွာ မြန်မြန်ပြီးစီးအောင် ထိုးဖို့လည်း လိုပါတယ်။ လက်ထဲမှာ ဘာမှ လက်ကျန်မထားပဲနဲ့ သူ course အတိုင်း ပြည့်အောင် ထိုးဖို့လည်း လိုပါမယ်။”

ဆက်လက်ပြီး ရောဂါကုသခြင်း အပိုင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် “ နောက်တစ်ခါ ကျွန်တော်တို့ ကုသရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆေးရုံတွေလည်း အတတ်နိုင်ဆုံး။ ပြီးခဲ့တဲ့လကတည်းက ကျွန်တော်တို့က ဆေးရုံတွေ အကုန်လုံး ပြင်နေ တာတွေ ရှိတယ်။ စိတ်ထဲမှာ သံသယဖြစ်တာနဲ့ အကုန်လုံး ဆေးရုံတွေ ပြင်ခိုင်းထား တာ ရှိတယ်။ အရင်ကလည်းလုပ်ပြီးသားပါ ကျွန်တော်တို့ မဖျက်ပါဘူး။ ဒါလည်း ပြန်ပြီးတော့ တပ်လှန့်နှိုးဆော်ပြီးတော့ လုပ်ခဲ့တာတွေရှိတယ်။ ဒါတွေဆောင်ရွက်မှု အခြေအနေ တွေကိုလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်များက တင်ပြပေးဖို့ ကျွန်တော်ပြောလိုပါတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ နိုင်ငံရေးအခြေအနေအရ တချို့နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ ပါတယ်။

အဲ့တော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က Distribution ပြန်လုပ်မှာပေါ့။ များတဲ့ နေရာကနေပြီးတော့ နည်းတဲ့နေရာကို၊ မရှိတဲ့ နေရာကို သွားဖို့ ဟာ တစ်ခုရှိမယ်။ နောက်တစ်ခုက အဲ့လိုမှ မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့က ဆရာ ဝန် တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားဖို့လည်း စီမံပေးထားတာ၊ မှာထားတာ ရှိပါတယ်။ ဒါလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။ တပ်မတော် ကနေပြီးတော့။ ပြီးတော့ ခုနက Distribution ဆိုတဲ့နေရာမှာလည်း တပ်မတော်ဘက်က သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့လည်း အကုန်လုံးမျှပြီးတော့ ပေးသွားမှာပါ။ အကုန်လုံးစု ပြုံပြီးတော့ တပ်မတော်ဆေးရုံမှာပဲ cover လုပ်နေလို့လည်း မရပါဘူး။ ဒါဟာ တိုင်းပြည် ရဲ့ အမျိုးသားရေးဖြစ်တယ်။ နိုင်ငံ့အရေးဖြစ်လာပြီဆိုတော့ အကုန် လုံးဖြန့်ကြက်ပြီးတော့ သွားခိုင်းမှာပါ။ အဲ့ဒီတော့ လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အမြန်ဆုံး တွက်ချက်ပြီးတော့ ဆောင်ရွက်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်။”

ထို့နောက် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုနှင့် စက်ရုံအလုပ်ရုံ များအား ရပ်ထား၍မရကြောင်း၊ အခြားနိုင်ငံများတွင်လည်း COVID-19 ရောဂါကြိုတင် ကာကွယ် မှုများဆောင်ရွက်၍ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း စက်ရုံအလုပ်ရုံများအား COVID-19 စည်းကမ်း ချက်များနှင့်အညီ Face Mask များတပ်ဆင်ခြင်း၊ သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ စားသောက်ခန်းများ သတ်မှတ်ခြင်းများ လိုက်နာ၍ စက်ရုံအလုပ်ရုံများ လည်ပတ်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း လိုအပ်သည့်ရောဂါကာကွယ်မှုများဖြင့် ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ အဆင်ပြေ စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်း ၇၉၀၀ ခန့်တွင် ရောဂါပိုးတွေ့ရှိသူ ၁၈၅ သန်းကူးစက်မှုခံရသဖြင့် ရာခိုင်နှုန်းအရနည်းပါးကြောင်း၊ မိမိတို့ နိုင်ငံသည် ရောဂါကူးစက်မှုနှုန်းရာခိုင်နှုန်း များပြားသည့်နိုင်ငံတွင် မပါရှိသေးသော်လည်း ပေါ့ဆမနေဘဲ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် COVID-19 ကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထား သည့်စည်းကမ်း ချက်များအား သတိတရားရှိရှိဖြင့် တိတိကျကျ လိုက်နာမည်ဆိုပါက ကူးစက်မှုနှုန်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း။

COVID-19 ရောဂါကာကွယ်ရေးအတွက် လိုက်နာရန်အချက်များအား ပြည်သူများ သိရှိစေရေး ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများနှင့် ပုဂ္ဂလိ က ရုပ်မြင်သံကြားဌာနများ၊ ရေဒီယိုသတင်းဌာများက ပညာပေးမှုများအမြဲမပြတ်သတိ ပေးဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဖက်က သတိပေးမှုများဆောင်ရွက်လျက်ရှိသကဲ့ သို့ တစ်ဖက်မှလည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်းအပိုင်းများကိုဆောင်ရွက်နေရန်လိုအပ်သကဲ့သို့ နိုင်ငံ၏စီးပွား ရေးမကျဆင်းအောင်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေး အတွက် အားလုံးတက်ညီလက်ညီ စည်းကမ်းရှိရှိဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အစည်းအဝေးသို့ တက်ရောက် လာ ကြသူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ ရောဂါကူးစက်ခံရသူများအတွက်လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက် စွာရရှိရေး ဆောင်ရွက်နေမှုအခြေအနေများ၊ Stay at Home ပြုလုပ်ထားသည့် မြို့နယ်များအပြင် အခြားမြို့နယ်များတွင်လည်း COVID-19 စည်းကမ်းများနှင့်အညီ စနစ်တကျသွားလာရေးအတွက် Campaign များ ပြုလုပ်ရန်ဆောင်ရွက်နေမှုများ၊ လုံခြုံရေးအဖွဲ့များမှ စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးနှင့် ရောဂါကူးစက်မှုခံရသည့် လူနာများအား ဆေးရုံများတွင်လက်ခံကုသ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်အတွက် ပြင်ပဝန်ထမ်းများအား နေ့စား အနေဖြင့် ခန့်အပ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကူးစက်မှုများ လျော့ကျစေရေး အတွက် ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်မှုအခြေ အနေများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် သွားလာမှုကိုလျှော့ချခြင်းနှင့် လူတိုင်း Face Mask များတပ်ဆင်ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ ကျန်းမာ ရေးအသိပညာပေးမှုလုပ်ငန်းများအား အများပြည်သူများသိရှိရေး ဆောင်ရွက်လျက်ရှိ သည့်အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ လူအများစုဝေး နိုင်သည့် ဘာသာရေးဆိုင်ရာနေရာများ၊ အကျဉ်းဦးစီး ဌာနများကိုလည်း နှိုးဆော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ဆေးများထိုးနှံရာတွင် လည်း သက်ကြီး ရွယ်အိုများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ဘဏ်များနှင့် အခြားပုဂ္ဂလိက ဝန်ထမ်းများအား ဦးစားပေးထိုးနှံ ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ COVID-19 ကူးစက်မှုကြောင့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရေး ဘဏ်များအား COVID-19 စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ ရောဂါကူးစက်ခံရသူများအား တပ်မတော် တပ်ရင်း/တပ်ဖွဲ့များတွင် လက်ခံထားရှိကုသနိုင်ရေး ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ ဆေးရုံများတွင်အောက်ဆီဂျင်လုံလောက်စွာရရှိရေးအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်ဖြန့်ဝေပေးနေမှု အခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ဆွေးနွေးမှုများသာ မက လုပ်ငန်းများကိုလည်း စဉ်စက်မပြတ် ဆက်လက်ဆောင်ရွက်နေရန်လိုကြောင်း၊ ကာကွယ်ရေးသည်အဓိကအရေးကြီးဆုံးဖြစ်သဖြင့် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း။

ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အပိုင်းတွင် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက် နိုင်ရေးနှင့် ပတ်သက်၍ပြောကြားရာတွင် “အဓိက ကတော့ ကာကွယ်ရေးပိုင်းက အရေးကြီးဆုံးပဲ။ ကာကွယ်ရေးမှာ မနိုင်လို့ရှိရင် ကုသရေးမှာ လည်းတော်တော် heavy ဖြစ်မယ်။ အဲ့တော့ ကာကွယ်ရေးကတော့ အရေးကြီးဆုံးပဲ။ ကာကွယ်ရေးကို ဦးစားပေးပြီးတော့ လုပ်တာတော့ ပိုပြီးတော့ကောင်းမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါကြောင့် အများပြည်သူကနေပြီးတော့မှ လိုက်နာရမယ့် စည်းကမ်းတွေပေါ့လေ။ တလေးတစားကို လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကလည်း Co-operation၊ Co-ordination ပေါ့။ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လည်း လို တယ်။ ဟိုလူတွေ၊ ဒီလူတွေ ခွဲလို့ မရပါဘူး။ အရေးကြီးတာကတော့ လူသား တစ်ယောက်ရဲ့ကျန်းမာရေးအပေါ် မူတည်ပြီးတော့ လုပ်ကြရတာဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ဖြစ်လာလို့ရှိရင်တော့ အကုန်လုံး လုပ်ပေးရမယ့်သဘောရှိတယ်။ လုပ်ရမယ့်သဘော လည်းရှိတယ်။ လုပ်ပေးရမယ့်သဘောလည်း ရှိတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ငြင်းပယ်လို့ မရပါဘူး။ နောက်တစ်ခါ ထုတ်လို့ရတဲ့ လူ့စွမ်းအား အရင်း အမြစ်တွေကို ။ စောစောက ဆွေးနွေးရင်းနဲ့ ကျွန်တော်ချက်ခြင်းတန်းပြောတယ်။ ကျွန်တော်တို့ဆီမှာ ဆေးတပ်ကြပ် တွေရှိတယ်။ Medical Corporal တွေ Medical Sergeant တွေရှိတယ်။ MA တွေရှိတယ်။ သူတို့လည်း သုံးလို့ရတယ်။ အနည်းဆုံးတော့ Third Grade တက်ပြီးသားတွေပဲ။ အနည်းဆုံးတော့ ဆေးထိုးပေးလို့ရတယ်ဗျာ။ ကျွန်တော်က သတိရတာနဲ့ ချက်ခြင်း တန်းပြောတာ။ မေ့သွားမှာစိုးလို့ ချက်ခြင်းလုပ်ပါလို့ ဒါကိုပြောလိုက်တာ။ အဲ့တော့ အပြင်မှာလည်း ဒီလိုမျိုး သင်တန်းတက်ပြီးသားတွေ ရှိလိမ့်မယ်။ ဒါတွေလည်း ကြေညာလိုက်ပါ။ အတတ်နိုင်ဆုံး Volunteer အဖွဲ့မှာ လာကူညီကြဖို့ပေါ့။ ကျန်းမာရေး တစ်ခုနဲ့ပတ်သက်ပြီး သင်တန်းတက်ပြီးသားသူတွေက နီးစပ်ရာမြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ကျန်းမာရေးဆေးရုံတွေမှာ လာရောက် ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်က ကြေညာပေးလိုက်တာ ကောင်းမယ်။ အဲ့ဒါဆိုရင်တော့ ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီး ရနိုင်တယ်။ မြန်မာတွေက Volunteer စိတ်ရှိပါတယ်။ သူများတိုင်းပြည်နဲ့မတူတာက ကျွန်တော်တို့မှာ လူမှုရေးစိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေအများကြီးရှိတယ်။ အဲ့တော့ ရအောင်လုပ်မယ်လို့ ဆိုလို့ရှိရင် ဘယ်လိုမှ မဖြစ်စရာအကြောင်းမရှိဘူး။ အဲ့ဒါကြောင့် အဓိကကတော့ ကာကွယ်ရေးပိုင်း မှာ လုပ်ဖို့ရယ်။ ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့လုပ်မယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ပြော လိုပါတယ်။ အဲ့ဒါကိုအဓိကထားပြောလိုပါတယ်။”

ထို့နောက် ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာနေ့နှင့် အာဇာနည်နေ့များ သည် လူအများနှင့်သက်ဆိုင်သည့် နေ့များဖြစ်ခြင်းကြောင့် လူစုလူဝေးများဖြစ်ပေါ်လာနိုင် သဖြင့် COVID-19 ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား တိကျစွာဖြင့် အလေးထား လိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးသာမက ကုသဆေးများလုံလုံလောက်လောက်ရှိစေရေး ကြိုတင်ဖြည့်ဆည်းဆောင်ရွက် ထားရန်လို ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဘဏ္ဍာငွေ များသုံးစွဲရာတွင် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်ထားခြင်းမရှိကြောင်း၊ ထိထိ ရောက်ရောက်၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်အသုံးချနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများက ဆောင်ရွက်သွားရန်ဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားနေသူများအတွက် အောက်ဆီဂျင်လိုအပ်မှုနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်လျက်ရှိပြီး Oxygen Plant များ အမြန်ဆုံးစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် Liquid Oxygen များ ဖြည့် တင်းနိုင်ရေး၊ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံး Oxygen Plant များကိုလည်း အသုံးပြုနိုင်ရေး လုပ်ဆောင်ထားပြီး ဥပမာအားဖြင့် မြန်မာ စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ စက်မှုလုပ်ငန်းသုံး Oxygen Plant များမှလည်း အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ပြင်ဆင်ခိုင်းထားကြောင်း၊ မိမိတို့နိုင်ငံ၌ တပ်ရင်း၊ တပ်ဖွဲ့များသည် မြို့နှင့်ဒေသအများစု၌ရှိသောကြောင့် ထိထိရောက်ရောက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လူနာတင်ယာဉ်များကို အမှန် တကယ်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားသကဲ့သို့ အရေးပေါ်လူနာများရွှေ့ထုတ်ရေး၊ အချိန်မီသယ်ဆောင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့်နေရာများ၌ တပ်မတော်မှလေယာဉ်ရဟတ်ယာဉ်များအသုံးပြု၍ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိပြောခဲ့သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကာကွယ်ဆေးများ မကြာ မီရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏သတင်း အခြေအနေမှန်အား ဦးစီးအဖွဲ့မှအချိန်နှင့်တစ်ပြေးညီ သိရှိနေမှသာကြိုတင်ပြင်ဆင်၍ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

Zawgyi Version

 

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးက်င္းပ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇူလိုင္- ၉

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး ကို ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ အစည္း အေဝးခန္းမ၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ အမွာစကား ေျပာၾကားသည္။
အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္၊ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲ ေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အမွာစကားေျပာၾကားရာတြင္ COVID-19 ေရာဂါ သည္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလေႏွာင္းပိုင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္ အေစာ ပိုင္းကာလမ်ားတြင္ စတင္ျဖစ္ေပၚခဲ့ၿပီး မိမိတို႔ႏိုင္ငံတြင္ မတ္လ ၂၃ ရက္တြင္ စတင္ျဖစ္ ပြားခဲ့ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈ ပထမလႈိင္းကာလႏွင့္ ဒုတိယလႈိင္းကာလမ်ားတြင္ ျဖစ္ပြားမႈႏႈန္း နည္းပါးခဲ့ေသာ္လည္း ယခုႏွစ္ေမလေႏွာင္းပိုင္းႏွင့္ ဇြန္လဆန္းပိုင္းတြင္ တတိယ လႈိင္းျဖစ္ေပၚလာၿပီး ကူးစက္မႈႏႈန္းျမင့္တက္လာခဲ့ ေၾကာင္း၊ မိမိတို႔အေနျဖင့္ ထိုအေျခ အေနကိုစိုးရိမ္ေန႐ုံျဖင့္မရဘဲ COVID-19 ေရာဂါကာကြယ္ေရးအတြက္ ေဆာင္႐ြက္ရန္ ရွိသည္မ်ားကို ဆက္လက္ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္ေရး အတြက္ ႀကိဳတင္ကာကြယ္ျခင္းႏွင့္ ကုသျခင္းအပိုင္းႏွစ္ခုရွိေၾကာင္း၊ မိမိတို႔ ႏိုင္ငံရွိ ၿမိဳ႕နယ္ေပါင္း ၃၃၀ တြင္ ၂၉၆ ၿမိဳ႕နယ္တြင္ ေရာဂါပိုးကူးစက္မႈရွိေၾကာင္း၊ COVID-19 ႏွင့္ပတ္သက္၍ ထုတ္ျပန္ထားသည့္ အမိန႔္မ်ားအား အမ်ားျပည္သူမ်ား တိတိ က်က်လိုက္နာရန္ႏွင့္ လူစုလူေဝးမ်ားမျပဳလုပ္ရန္လိုအပ္ၿပီး မျဖစ္မေနေဆာင္႐ြက္ရမည့္ ကိစၥရပ္မ်ားရွိပါကလည္း အတတ္ႏိုင္ဆုံးအကာကြယ္မ်ားျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ ေၾကာင္း၊ အလားတူ ကိုယ္ခံစြမ္းအားမ်ားေကာင္းမြန္ေအာင္ ေနထိုင္စားေသာက္ရန္လည္း လိုအပ္ေၾကာင္း၊ ယခုအခါ လူစုလူေဝးမျဖစ္ေပၚေစေရးအတြက္ စာသင္ေက်ာင္းမ်ားကို လည္း ေခတၱပိတ္ထားေၾကာင္း၊ ႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္ပြားမႈအား မ်က္ျခည္မျပတ္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုအခ်ိန္တြင္ COVID-19 ေရာဂါ ကာကြယ္ေရးသည္ ႏိုင္ငံအတြက္အေရးႀကီးသည့္ အေနအထားတစ္ခုျဖစ္ေၾကာင္း။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က COVID-19 ေရာဂါ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ေရးႏွင့္ ကာကြယ္ေဆး ထိုးႏွံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ “ကြၽန္ေတာ္တို႔ အေနနဲ႔လည္း ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ကာကြယ္ကုသျခင္း အပိုင္းမွာလည္း တစ္ဖက္ကလည္း ကြၽန္ေတာ္တို႔ ေဆးေတြ ဝယ္ခဲ့တာရွိတယ္။ အရင္ အစိုးရ လက္ထက္တုန္းက ေဆးဝယ္ခဲ့တာရွိတယ္။ အိႏိၵယႏိုင္ငံကေန ကြၽန္ေတာ္တို႔ ေဆးဝယ္တာ အလုံးသန္း ၃၀ ကြၽန္ေတာ္တို႔ ဝယ္ခဲ့ပါတယ္။ ဝယ္ခဲ့တဲ့ အခါမွာလည္း ပထမအသုတ္ ၂ သန္းေရာက္ၿပီးေတာ့ ေနာက္ပိုင္းက်ေတာ့ အေၾကာင္း အမ်ိဳးမ်ိဳး နဲ႔ေပါ့ေလ။

အထူးသျဖင့္ အိႏိၵယႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ သူတို႔ရဲ႕ေရာဂါျပန႔္ပြား မႈအေျခအေနအရ သူတို႔ကန႔္သတ္မႈေတြ ျပဳလုပ္တဲ့အခါမွာ သူတို႔မွာလည္း ေပးဖို႔အတြက္ အခက္အခဲေတြရွိပါတယ္။ ဒီသန္း ၃၀ မွာလည္း ႀကိဳတင္ေငြလည္း ေပးၿပီးသားဗ်။ ၇၅ သန္း ကြၽန္ေတာ္တို႔ေပးထားတယ္။ အဲ့ဒီေတာ့ ၂ သန္းေရာက္ၿပီးေတာ့ ေနာက္ထပ္ ထပ္မလုပ္ႏိုင္ဘူး။ ဒီၾကားထဲမွာ တ႐ုတ္ႏိုင္ငံကေနၿပီးေတာ့ ကူညီေပးတဲ့ေဆးေတြရွိပါ တယ္။ ေနာက္ တျခားအလႉရွင္ေတြကေနၿပီးေတာ့လႉေပးတဲ့ ဒါကေတာ့ Small amount လႉေပးတာေတြလည္း ရွိပါတယ္။ ေနာက္ ကြၽန္ေတာ္တို႔လည္း လိုအပ္ခ်က္ အရေပါ့ေလ ႐ုရွားႏိုင္ငံကို သြားတဲ့အခ်ိန္မွာလည္း ႐ုရွားႏိုင္ငံမွာ ကြၽန္ေတာ္ကိုယ္တိုင္ ပဲ ကာကြယ္ေရး ဝန္ႀကီးေရာ၊ သူတို႔ရဲ႕ လုံၿခဳံေရးေကာင္စီအတြင္းေရးမႉးခ်ဳပ္နဲ႔လည္း ေတြ႕ဆုံၿပီးေတာ့ ဒါလိုခ်င္တယ္ဆိုေတာ့ သူတို႔ခ်က္ျခင္းပဲ အေရးတယူေဆာင္႐ြက္ေပးတယ္။ ၂ သန္း လိုခ်င္တယ္ေျပာေတာ့ ရမယ္တဲ့ ။

သူတို႔မွာလည္း အခက္အခဲက ဘာလည္းဆိုေတာ့ သူတို႔ရဲ႕ Capacity က ထုတ္ႏိုင္တဲ့ Capacity ကအမ်ားႀကီးမရွိဘူး။ တစ္ကမာၻလုံးသူတို႔က ျဖန႔္ေနရတာကိုး။ ျဖန႔္ေနရေတာ့ သူတို႔ကလည္း မေပးႏိုင္ဘူး ျဖစ္ေနတာ။ ခြဲခြဲၿပီး ပို႔ေနရတာ ။ မရေတာ့မဟုတ္ဘူး။ ဒီလထဲမွာပဲ သူတို႔ စပို႔မယ္ဆိုၿပီးေတာ့ ေျပာပါတယ္။ ဘယ္ေလာက္ေပးႏိုင္မယ္ဆိုတာကေတာ့ ပို႔တဲ့အခ်ိန္မွပဲစၿပီး amount ကို သူတို႔က ေျပာႏိုင္မယ္ေျပာပါတယ္။ ေသာင္းဂဏန္းအထက္ေတာ့ ရွိပါလိမ့္မယ္လို႔ သူတို႔က ေျပာပါတယ္။ ဒီလိုပဲ တ႐ုတ္ႏိုင္ငံကလည္း ကြၽန္ေတာ္တို႔ကို ေဆးဝါး အကူအညီေတြ၊ ကာကြယ္ေဆး‌ေတြ အကူအညီေပးခဲ့တာရွိသလိုပဲ အခုလည္း ေနာက္ထပ္ၿပီး ၅ သန္း ကြၽန္ေတာ္တို႔ အေပၚမွာေရာင္းခ်ေပးတာေတြရွိတယ္။ ေနာက္ ကြၽန္ေတာ္တို႔က ပုဂၢလိက ေဆး႐ုံေတြ၊ ကုမၸဏီေတြကိုလည္း COVID-19 ေဆး ဝယ္ယူေရးနဲ႔ပတ္သက္ၿပီး ခြင့္ျပဳ ေပးခဲ့တာေတြရွိပါတယ္။

အဲ့ေတာ့ ဒါကေတာ့ ကာကြယ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ပါ ဒါလည္း လုံေလာက္ၿပီလားဆိုေတာ့ မလုံေလာက္ေသးပါဘူး။ အဲ့ေတာ့ ကြၽန္ေတာ္တို႔က ျပည္တြင္းမွာပဲ ။ ျမန္မာႏိုင္ငံရဲ႕ လူဦးေရ ၅၅ သန္းရွိပါတယ္။ သူတို႔ေျပာတာေတာ့ ၁၈ ႏွစ္နဲ႔အထက္ကို ထိုးဖို႔ေျပာတာေပါ့ေလ။ သို႔ေသာ္လည္းပဲ ၁၈ ႏွစ္ေအာက္ကလည္း လူပဲျဖစ္တယ္။ သူတို႔လည္း သူတို႔ကို၊ သူတို႔အတြက္ Effect ျဖစ္မယ္။ Save ျဖစ္မယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔က သူတို႔ထိုးႏိုင္ဖို႔အတြက္ စီစဥ္ေပးရမွာျဖစ္တယ္။ အဲ့ဒါေတာ့ ဘယ္အ႐ြယ္ထိ ထိုးႏိုင္မယ္ဆိုတာေတာ့ ဆုံးျဖတ္လို႔ မရေသးပါဘူး။ ဒါ သက္ဆိုင္ရာ ေဆးထုတ္လုပ္တဲ့ ႏိုင္ငံေတြရဲ႕ေၾကညာခ်က္ေတြအေပၚ မူတည္ၿပီး ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ဝယ္မယ့္ေဆးက လက္ရွိ ဝယ္ထားတဲ့ေဆးက သိပ္မ်ားတာ မဟုတ္တဲ့အတြက္ေၾကာင့္ ျပည္တြင္းမွာလည္း ျမန္မာႏိုင္ငံေဆးဝါးစက္႐ုံကေနၿပီးေတာ့ ေဆာင္႐ြက္ႏိုင္တဲ့ အေနအထားမွာ ရွိလို႔ရွိရင္ ထုတ္ဖို႔ဆိုၿပီး ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေပးေနတာရွိပါတယ္။

ဒါလည္း ႐ုရွား ႏိုင္ငံမွာ ေဆြးေႏြးရာမွာ မူအားျဖင့္ သူတို႔သေဘာတူၿပီး ျဖစ္ပါတယ္။ သူတို႔ သေဘာတူတယ္။ ပူးေပါင္းေဆာင္႐ြက္ခ်င္တယ္။ သူတို႔ဒီမွာ လာၾကည့္ပါရေစ။ လာၾကည့္ၿပီးေတာ့ သူတို႔ ဘယ္လိုလုပ္မယ္ဆိုတာ ဆုံးျဖတ္မယ္ဆိုၿပီးေတာ့ေျပာပါတယ္။ ဒီလထဲမွာ သူတို႔ လာဖို႔ရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ ေစာႏိုင္သမွ် ေစာေအာင္ လာႏိုင္ဖို႔အတြက္ ဖိတ္ထားတာ ရွိပါတယ္။ သူတို႔တင္မဟုတ္ပါဘူး က်န္တဲ့ အျခားပူးေပါင္း ေဆာင္႐ြက္ေရး နယ္ပယ္ေတြကလည္း အကုန္လိုက္လာၾကမွာပါ။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံမွာက လက္ရွိအေျခအေနမွာက ျဖစ္ပြားမႈ နည္းနည္းေလး မ်ားေနတဲ့ အတြက္ သူတို႔ လာႏိုင္တဲ့ အေျခအေနကိုလည္း ခ်င့္ခ်ိန္ဖို႔ေတာ့ ရွိပါတယ္လို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ ဒါေတာ့ ကြၽန္ေတာ္တို႔က ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီးေတာ့ ေျပာျခင္းျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ဝယ္ထားတဲ့ေဆးေတြလည္း ေဆာလ်င္စြာ ျမန္ျမန္ၿပီးစီးေအာင္ ထိုးဖို႔လည္း လိုပါတယ္။ လက္ထဲမွာ ဘာမွ လက္က်န္မထားပဲနဲ႔ သူ course အတိုင္း ျပည့္ေအာင္ ထိုးဖို႔လည္း လိုပါမယ္။”

ဆက္လက္ၿပီး ေရာဂါကုသျခင္း အပိုင္းႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ “ ေနာက္တစ္ခါ ကြၽန္ေတာ္တို႔ ကုသေရးအပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ ေဆး႐ုံေတြလည္း အတတ္ႏိုင္ဆုံး။ ၿပီးခဲ့တဲ့လကတည္းက ကြၽန္ေတာ္တို႔က ေဆး႐ုံေတြ အကုန္လုံး ျပင္ေန တာေတြ ရွိတယ္။ စိတ္ထဲမွာ သံသယျဖစ္တာနဲ႔ အကုန္လုံး ေဆး႐ုံေတြ ျပင္ခိုင္းထား တာ ရွိတယ္။ အရင္ကလည္းလုပ္ၿပီးသားပါ ကြၽန္ေတာ္တို႔ မဖ်က္ပါဘူး။ ဒါလည္း ျပန္ၿပီးေတာ့ တပ္လွန႔္ႏႈိးေဆာ္ၿပီးေတာ့ လုပ္ခဲ့တာေတြရွိတယ္။ ဒါေတြေဆာင္႐ြက္မႈ အေျခအေန ေတြကိုလည္း တာဝန္ရွိတဲ့ပုဂၢိဳလ္မ်ားက တင္ျပေပးဖို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။ ေနာက္တစ္ခုက ဘာလဲဆိုရင္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိ ႏိုင္ငံေရးအေျခအေနအရ တခ်ိဳ႕ေနရာေတြမွာ အခက္အခဲရွိတာကို ကြၽန္ေတာ္တို႔ ေတြ႕ ပါတယ္။

အဲ့ေတာ့ ဘာပဲေျပာေျပာ ျဖန႔္လို႔ရတဲ့သူေတြကို ကြၽန္ေတာ္တို႔က Distribution ျပန္လုပ္မွာေပါ့။ မ်ားတဲ့ ေနရာကေနၿပီးေတာ့ နည္းတဲ့ေနရာကို၊ မရွိတဲ့ ေနရာကို သြားဖို႔ ဟာ တစ္ခုရွိမယ္။ ေနာက္တစ္ခုက အဲ့လိုမွ မရဘူးဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က ဆရာ ဝန္ ေတြကို ကန္ထ႐ိုက္စနစ္နဲ႔ ခန႔္ထားဖို႔လည္း စီမံေပးထားတာ၊ မွာထားတာ ရွိပါတယ္။ ဒါလည္း ဆက္လက္အေကာင္အထည္ေဖာ္ဖို႔ လိုပါလိမ့္မယ္။ တပ္မေတာ္ ကေနၿပီးေတာ့။ ၿပီးေတာ့ ခုနက Distribution ဆိုတဲ့ေနရာမွာလည္း တပ္မေတာ္ဘက္က သူေတြလည္း ပါပါတယ္။ ကြၽန္ေတာ္တို႔လည္း အကုန္လုံးမွ်ၿပီးေတာ့ ေပးသြားမွာပါ။ အကုန္လုံးစု ၿပဳံၿပီးေတာ့ တပ္မေတာ္ေဆး႐ုံမွာပဲ cover လုပ္ေနလို႔လည္း မရပါဘူး။ ဒါဟာ တိုင္းျပည္ ရဲ႕ အမ်ိဳးသားေရးျဖစ္တယ္။ ႏိုင္ငံ့အေရးျဖစ္လာၿပီဆိုေတာ့ အကုန္ လုံးျဖန႔္ၾကက္ၿပီးေတာ့ သြားခိုင္းမွာပါ။ အဲ့ဒီေတာ့ လိုအပ္တဲ့ က်န္းမာေရးဝန္ထမ္းေတြလည္း အျမန္ဆုံး တြက္ခ်က္ၿပီးေတာ့ ေဆာင္႐ြက္ေပးဖို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။”

ထို႔ေနာက္ COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ကုန္ထုတ္လုပ္မႈႏွင့္ စက္႐ုံအလုပ္႐ုံ မ်ားအား ရပ္ထား၍မရေၾကာင္း၊ အျခားႏိုင္ငံမ်ားတြင္လည္း COVID-19 ေရာဂါႀကိဳတင္ ကာကြယ္ မႈမ်ားေဆာင္႐ြက္၍ စက္႐ုံ၊ အလုပ္႐ုံမ်ား လည္ပတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံအေနျဖင့္လည္း စက္႐ုံအလုပ္႐ုံမ်ားအား COVID-19 စည္းကမ္း ခ်က္မ်ားႏွင့္အညီ Face Mask မ်ားတပ္ဆင္ျခင္း၊ သတ္မွတ္ အကြာအေဝးအတိုင္း ေနထိုင္ျခင္း၊ စနစ္တက်လက္ေဆးျခင္း၊ စားေသာက္ခန္းမ်ား သတ္မွတ္ျခင္းမ်ား လိုက္နာ၍ စက္႐ုံအလုပ္႐ုံမ်ား လည္ပတ္ရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းတြင္လည္း လိုအပ္သည့္ေရာဂါကာကြယ္မႈမ်ားျဖင့္ ေဆာင္႐ြက္မည္ဆိုပါက လုပ္ငန္းမ်ား အဆင္ေျပ စြာေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ကမာၻေပၚရွိ လူဦးေရသန္းေပါင္း ၇၉၀၀ ခန႔္တြင္ ေရာဂါပိုးေတြ႕ရွိသူ ၁၈၅ သန္းကူးစက္မႈခံရသျဖင့္ ရာခိုင္ႏႈန္းအရနည္းပါးေၾကာင္း၊ မိမိတို႔ ႏိုင္ငံသည္ ေရာဂါကူးစက္မႈႏႈန္းရာခိုင္ႏႈန္း မ်ားျပားသည့္ႏိုင္ငံတြင္ မပါရွိေသးေသာ္လည္း ေပါ့ဆမေနဘဲ လိုအပ္သည့္ ႀကိဳတင္ကာကြယ္မႈမ်ားကို ေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း၊ အဓိကအားျဖင့္ COVID-19 ကာကြယ္ေရးႏွင့္ပတ္သက္၍ ထုတ္ျပန္ထား သည့္စည္းကမ္း ခ်က္မ်ားအား သတိတရားရွိရွိျဖင့္ တိတိက်က် လိုက္နာမည္ဆိုပါက ကူးစက္မႈႏႈန္းအား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း။

COVID-19 ေရာဂါကာကြယ္ေရးအတြက္ လိုက္နာရန္အခ်က္မ်ားအား ျပည္သူမ်ား သိရွိေစေရး ျပန္ၾကားေရးဝန္ႀကီးဌာန ႐ုပ္ျမင္သံၾကား၊ ေရဒီယို၊ သတင္းစာမ်ားႏွင့္ ပုဂၢလိ က ႐ုပ္ျမင္သံၾကားဌာနမ်ား၊ ေရဒီယိုသတင္းဌာမ်ားက ပညာေပးမႈမ်ားအၿမဲမျပတ္သတိ ေပးေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ တစ္ဖက္က သတိေပးမႈမ်ားေဆာင္႐ြက္လ်က္ရွိသကဲ့ သို႔ တစ္ဖက္မွလည္း ၾကပ္မတ္ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္ျခင္းႏွင့္ ကုသျခင္းအပိုင္းမ်ားကိုေဆာင္႐ြက္ေနရန္လိုအပ္သကဲ့သို႔ ႏိုင္ငံ၏စီးပြား ေရးမက်ဆင္းေအာင္လည္း ေဆာင္႐ြက္ရန္လိုေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေရး အတြက္ အားလုံးတက္ညီလက္ညီ စည္းကမ္းရွိရွိျဖင့္ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက ေအာင္ျမင္မည္ဟု ယုံၾကည္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အစည္းအေဝးသို႔ တက္ေရာက္ လာ ၾကသူမ်ားက COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေရာဂါကူးစက္ခံရသူမ်ားအတြက္လိုအပ္သည့္ ေအာက္ဆီဂ်င္မ်ား လုံေလာက္ စြာရရွိေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ Stay at Home ျပဳလုပ္ထားသည့္ ၿမိဳ႕နယ္မ်ားအျပင္ အျခားၿမိဳ႕နယ္မ်ားတြင္လည္း COVID-19 စည္းကမ္းမ်ားႏွင့္အညီ စနစ္တက်သြားလာေရးအတြက္ Campaign မ်ား ျပဳလုပ္ရန္ေဆာင္႐ြက္ေနမႈမ်ား၊ လုံၿခဳံေရးအဖြဲ႕မ်ားမွ စနစ္တက်ၾကပ္မတ္ေဆာင္႐ြက္ေရးႏွင့္ ေရာဂါကူးစက္မႈခံရသည့္ လူနာမ်ားအား ေဆး႐ုံမ်ားတြင္လက္ခံကုသ ေဆာင္႐ြက္လ်က္ရွိမႈအေျခအေနမ်ား၊ ကုသေရးလုပ္ငန္းမ်ားတြင္ ကူညီေဆာင္႐ြက္ရန္အတြက္ ျပင္ပဝန္ထမ္းမ်ားအား ေန႔စား အေနျဖင့္ ခန႔္အပ္ေဆာင္႐ြက္လ်က္ရွိမႈအေျခအေနမ်ား၊ ကူးစက္မႈမ်ား ေလ်ာ့က်ေစေရး အတြက္ ကာကြယ္ေရးလုပ္ငန္းမ်ားကို အထူးဂ႐ုျပဳေဆာင္႐ြက္ရန္လိုအပ္မႈအေျခ အေနမ်ား၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအလိုက္ သြားလာမႈကိုေလွ်ာ့ခ်ျခင္းႏွင့္ လူတိုင္း Face Mask မ်ားတပ္ဆင္ေရး ၾကပ္မတ္ေဆာင္႐ြက္ရန္လိုအပ္မႈအေျခအေနမ်ား၊ က်န္းမာ ေရးအသိပညာေပးမႈလုပ္ငန္းမ်ားအား အမ်ားျပည္သူမ်ားသိရွိေရး ေဆာင္႐ြက္လ်က္ရွိ သည့္အေျခအေနႏွင့္ တိုးခ်ဲ႕ေဆာင္႐ြက္ရန္လိုအပ္သည့္ အေျခအေနမ်ား၊ လူအမ်ားစုေဝး ႏိုင္သည့္ ဘာသာေရးဆိုင္ရာေနရာမ်ား၊ အက်ဥ္းဦးစီး ဌာနမ်ားကိုလည္း ႏႈိးေဆာ္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ကာကြယ္ေဆးမ်ားထိုးႏွံရာတြင္ လည္း သက္ႀကီး ႐ြယ္အိုမ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ ဘဏ္မ်ားႏွင့္ အျခားပုဂၢလိက ဝန္ထမ္းမ်ားအား ဦးစားေပးထိုးႏွံ ေဆာင္႐ြက္ေပးသြားမည့္အေျခအေနမ်ား၊ COVID-19 ကူးစက္မႈေၾကာင့္ ဘဏ္လုပ္ငန္းမ်ား မထိခိုက္ေစေရး ဘဏ္မ်ားအား COVID-19 စည္းကမ္းခ်က္မ်ား ႏွင့္အညီ ဖြင့္လွစ္ ေဆာင္႐ြက္ရန္လိုအပ္မႈအေျခအေနမ်ား၊ ေရာဂါကူးစက္ခံရသူမ်ားအား တပ္မေတာ္ တပ္ရင္း/တပ္ဖြဲ႕မ်ားတြင္ လက္ခံထားရွိကုသႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္ လ်က္ရွိမႈ အေျခအေနမ်ား၊ ေဆး႐ုံမ်ားတြင္ေအာက္ဆီဂ်င္လုံေလာက္စြာရရွိေရးအတြက္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္ျဖန႔္ေဝေပးေနမႈ အေျခအေနမ်ားအား အသီးသီး ေဆြးေႏြးတင္ျပၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ေပါင္းစပ္ ညႇိႏႈိင္းျဖည့္ဆည္း ေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ မိမိတို႔အေနျဖင့္ ေဆြးေႏြးမႈမ်ားသာ မက လုပ္ငန္းမ်ားကိုလည္း စဥ္စက္မျပတ္ ဆက္လက္ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ ကာကြယ္ေရးသည္အဓိကအေရးႀကီးဆုံးျဖစ္သျဖင့္ ဦးစားေပးေဆာင္႐ြက္ရန္လိုေၾကာင္း။

ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး အပိုင္းတြင္ အားလုံးဝိုင္းဝန္း ပါဝင္ေဆာင္႐ြက္ ႏိုင္ေရးႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ “အဓိက ကေတာ့ ကာကြယ္ေရးပိုင္းက အေရးႀကီးဆုံးပဲ။ ကာကြယ္ေရးမွာ မႏိုင္လို႔ရွိရင္ ကုသေရးမွာ လည္းေတာ္ေတာ္ heavy ျဖစ္မယ္။ အဲ့ေတာ့ ကာကြယ္ေရးကေတာ့ အေရးႀကီးဆုံးပဲ။ ကာကြယ္ေရးကို ဦးစားေပးၿပီးေတာ့ လုပ္တာေတာ့ ပိုၿပီးေတာ့ေကာင္းမယ္လို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ အမ်ားျပည္သူကေနၿပီးေတာ့မွ လိုက္နာရမယ့္ စည္းကမ္းေတြေပါ့ေလ။ တေလးတစားကို လုပ္ဖို႔လိုပါတယ္။ ေနာက္တစ္ခုကလည္း Co-operation၊ Co-ordination ေပါ့။ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ဖို႔လည္း လို တယ္။ ဟိုလူေတြ၊ ဒီလူေတြ ခြဲလို႔ မရပါဘူး။ အေရးႀကီးတာကေတာ့ လူသား တစ္ေယာက္ရဲ႕က်န္းမာေရးအေပၚ မူတည္ၿပီးေတာ့ လုပ္ၾကရတာျဖစ္တယ္။ ဘယ္သူပဲ ျဖစ္ျဖစ္ပါ။ ျဖစ္လာလို႔ရွိရင္ေတာ့ အကုန္လုံး လုပ္ေပးရမယ့္သေဘာရွိတယ္။ လုပ္ရမယ့္သေဘာ လည္းရွိတယ္။ လုပ္ေပးရမယ့္သေဘာလည္း ရွိတယ္။ တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြကလည္း ျငင္းပယ္လို႔ မရပါဘူး။ ေနာက္တစ္ခါ ထုတ္လို႔ရတဲ့ လူ႔စြမ္းအား အရင္း အျမစ္ေတြကို ။ ေစာေစာက ေဆြးေႏြးရင္းနဲ႔ ကြၽန္ေတာ္ခ်က္ျခင္းတန္းေျပာတယ္။ ကြၽန္ေတာ္တို႔ဆီမွာ ေဆးတပ္ၾကပ္ ေတြရွိတယ္။ Medical Corporal ေတြ Medical Sergeant ေတြရွိတယ္။ MA ေတြရွိတယ္။ သူတို႔လည္း သုံးလို႔ရတယ္။ အနည္းဆုံးေတာ့ Third Grade တက္ၿပီးသားေတြပဲ။ အနည္းဆုံးေတာ့ ေဆးထိုးေပးလို႔ရတယ္ဗ်ာ။ ကြၽန္ေတာ္က သတိရတာနဲ႔ ခ်က္ျခင္း တန္းေျပာတာ။ ေမ့သြားမွာစိုးလို႔ ခ်က္ျခင္းလုပ္ပါလို႔ ဒါကိုေျပာလိုက္တာ။ အဲ့ေတာ့ အျပင္မွာလည္း ဒီလိုမ်ိဳး သင္တန္းတက္ၿပီးသားေတြ ရွိလိမ့္မယ္။ ဒါေတြလည္း ေၾကညာလိုက္ပါ။ အတတ္ႏိုင္ဆုံး Volunteer အဖြဲ႕မွာ လာကူညီၾကဖို႔ေပါ့။ က်န္းမာေရး တစ္ခုနဲ႔ပတ္သက္ၿပီး သင္တန္းတက္ၿပီးသားသူေတြက နီးစပ္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြနဲ႔ က်န္းမာေရးေဆး႐ုံေတြမွာ လာေရာက္ ဆက္သြယ္ၿပီးေတာ့ ေဆာင္႐ြက္ေပးဖို႔ ႏိုင္ငံေတာ္က ေၾကညာေပးလိုက္တာ ေကာင္းမယ္။ အဲ့ဒါဆိုရင္ေတာ့ ပိုၿပီးေတာ့ ထိေရာက္လိမ့္မယ္။ အမ်ားႀကီး ရႏိုင္တယ္။ ျမန္မာေတြက Volunteer စိတ္ရွိပါတယ္။ သူမ်ားတိုင္းျပည္နဲ႔မတူတာက ကြၽန္ေတာ္တို႔မွာ လူမႈေရးစိတ္ရွိတယ္။ ကူၾက၊ ကယ္ၾကမယ့္သူေတြအမ်ားႀကီးရွိတယ္။ အဲ့ေတာ့ ရေအာင္လုပ္မယ္လို႔ ဆိုလို႔ရွိရင္ ဘယ္လိုမွ မျဖစ္စရာအေၾကာင္းမရွိဘူး။ အဲ့ဒါေၾကာင့္ အဓိကကေတာ့ ကာကြယ္ေရးပိုင္း မွာ လုပ္ဖို႔ရယ္။ ျပည္သူလူထုရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈ၊ တိုင္းသူျပည္သားေတြရဲ႕ တာဝန္သိသိ ပူးေပါင္း ေဆာင္႐ြက္မႈေတြနဲ႔လုပ္မယ္ဆိုရင္ေတာ့ ေက်ာ္လႊားႏိုင္မယ္လို႔ ကြၽန္ေတာ္ေျပာ လိုပါတယ္။ အဲ့ဒါကိုအဓိကထားေျပာလိုပါတယ္။”

ထို႔ေနာက္ ဝါဆိုလျပည့္ေန႔၊ အီဒုလ္အႆြာဟာေန႔ႏွင့္ အာဇာနည္ေန႔မ်ား သည္ လူအမ်ားႏွင့္သက္ဆိုင္သည့္ ေန႔မ်ားျဖစ္ျခင္းေၾကာင့္ လူစုလူေဝးမ်ားျဖစ္ေပၚလာႏိုင္ သျဖင့္ COVID-19 ဆိုင္ရာစည္းမ်ဥ္းစည္းကမ္းမ်ားအား တိက်စြာျဖင့္ အေလးထား လိုက္နာရန္ႏွင့္ လူစုလူေဝးမ်ားမျပဳလုပ္ၾကရန္ လိုအပ္ေၾကာင္း၊ ကာကြယ္ေဆးသာမက ကုသေဆးမ်ားလုံလုံေလာက္ေလာက္ရွိေစေရး ႀကိဳတင္ျဖည့္ဆည္းေဆာင္႐ြက္ ထားရန္လို ေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ ပတ္သက္၍ ဘ႑ာေငြ မ်ားသုံးစြဲရာတြင္ မည္သည့္ကန႔္သတ္ခ်က္မွ် ကန႔္သတ္ထားျခင္းမရွိေၾကာင္း၊ ထိထိ ေရာက္ေရာက္၊ မွန္မွန္ကန္ကန္၊ ျမန္ျမန္ဆန္ဆန္အသုံးခ်ႏိုင္ေရး သက္ဆိုင္ရာဝန္ႀကီး ဌာနမ်ားက ေဆာင္႐ြက္သြားရန္ျဖစ္ ေၾကာင္း၊ ေရာဂါျဖစ္ပြားေနသူမ်ားအတြက္ ေအာက္ဆီဂ်င္လိုအပ္မႈႏွင့္ပတ္သက္၍ အျမန္ဆုံးေဆာင္႐ြက္လ်က္ရွိၿပီး Oxygen Plant မ်ား အျမန္ဆုံးစြမ္းအားျပည့္ လည္ပတ္ထုတ္လုပ္ႏိုင္ေရးႏွင့္ Liquid Oxygen မ်ား ျဖည့္ တင္းႏိုင္ေရး၊ ထုတ္လုပ္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း၊ စက္မႈလုပ္ငန္းသုံး Oxygen Plant မ်ားကိုလည္း အသုံးျပဳႏိုင္ေရး လုပ္ေဆာင္ထားၿပီး ဥပမာအားျဖင့္ ျမန္မာ စီးပြားေရးေကာ္ပိုေရးရွင္း(MEC)၏ စက္မႈလုပ္ငန္းသုံး Oxygen Plant မ်ားမွလည္း ေအာက္ဆီဂ်င္လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးႏိုင္ေရး ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း၊ ကန႔္သတ္ေစာင့္ၾကည့္ရမည့္သူမ်ားကို ေနရာေဒသအလိုက္ ထားရွိႏိုင္ေရးအတြက္ တစ္ႏိုင္ငံလုံးရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ားကို ျပင္ဆင္ခိုင္းထားေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ တပ္ရင္း၊ တပ္ဖြဲ႕မ်ားသည္ ၿမိဳ႕ႏွင့္ေဒသအမ်ားစု၌ရွိေသာေၾကာင့္ ထိထိေရာက္ေရာက္ က်ယ္က်ယ္ ျပန႔္ျပန႔္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ရွိၿပီးျဖစ္သည့္ လူနာတင္ယာဥ္မ်ားကို အမွန္ တကယ္အသုံးျပဳႏိုင္ေရး စီစဥ္ေဆာင္႐ြက္ထားသကဲ့သို႔ အေရးေပၚလူနာမ်ားေ႐ႊ႕ထုတ္ေရး၊ အခ်ိန္မီသယ္ေဆာင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လိုအပ္သည့္ေနရာမ်ား၌ တပ္မေတာ္မွေလယာဥ္ရဟတ္ယာဥ္မ်ားအသုံးျပဳ၍ ပို႔ေဆာင္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ မိမိေျပာခဲ့သလို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ကာကြယ္ေဆးမ်ား မၾကာ မီရက္ပိုင္းအတြင္း ေရာက္ရွိလာမည္ျဖစ္သျဖင့္ ကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္းမ်ား ထိထိေရာက္ေရာက္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံး၏သတင္း အေျခအေနမွန္အား ဦးစီးအဖြဲ႕မွအခ်ိန္ႏွင့္တစ္ေျပးညီ သိရွိေနမွသာႀကိဳတင္ျပင္ဆင္၍ ကာကြယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။