နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ – ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ် လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့သို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် Makarov Pacific Higher Naval School သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး Rear-Admiral Vladimir Vasilievich BURAKOV  နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းအတွင်း သင်တန်းသားအဆောင်နှင့် ဌာနများ ဖြန့်ခွဲဆောင်ရွက် ထားရှိမှု၊ နှစ်စဉ်သင်တန်းသားများကို စိစစ်ရွေးချယ်တက်ရောက် စေလျက်ရှိမှုနှင့် သင်တန်းသားများအား သင်တန်းနှစ်အလိုက်နှင့် ဘာသာရပ်အလိုက် သင်ကြား လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် သင်တန်းသမိုင်း အကျဉ်းတို့ကို  ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ရေတပ်လေ့ကျင့်ရေးကျောင်းအတွင်း လှည့်လည်၍ စာသင်ခန်းများ အတွင်း သင်ကြားမှုသင်ယူမှုအထောက်အကူပြုပစ္စည်းများ၊ Multimedia Room များဖြင့် စနစ်တကျလေ့ကျင့်ပေးလျက်ရှိမှု အခြေအနေများ၊ အလုပ်ရုံများအတွင်း သင်တန်းသားများ စက်မှု၊ လက်မှု ပညာရပ်များဖြင့် လက်တွေ့လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများ၊ သင်တန်းသားများ၏ စားရေး၊ နေရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ အဆင်ပြေချောမွေ့စေ ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အခြေအနေများ၊ စာကြည့်တိုက်ကို IT စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သင်တန်းသားများကိုယ်တိုင် တီထွင်ထားရှိသည့် ဆိုလာစနစ်သုံး ရေယာဉ်အား စမ်းသပ်မောင်းနှင်လျက်ရှိသည့် အခြေ အနေများ၊ ကြံ့ခိုင်မှုဌာန၊ အိပ်ဆောင်များ စသည်တို့ကို အသေးစိတ် စိတ်ဝင်တစား လေ့လာ ကြည့်ရှုကြရာ ကျောင်းအုပ်ကြီး၊ ဌာနအလိုက် တာဝန်ခံနည်းပြအရာရှိကြီးများ၊ သင်တန်းသား များက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေတပ်လေ့ကျင့်ရေးကျောင်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ် ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အမှတ်တရပစ္စည်းများ ဂါရဝပြု ပြန်လည် ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရေတပ်လေ့ကျင့်ရေးကျောင်းမှ Media သင်တန်းသားများ၏ သိရှိလိုသည်များနှင့် အကြံပြုလိုသည်များ မေးမြန်းမှုများအပေါ် လက်ခံဖြေကြားခဲ့ပြီး ရေတပ်လေ့ကျင့်ရေး ကျောင်းမှ ပြန်လည်ထွက်ခွာသည်။

အဆိုပါ Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်း သည် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် ရေတပ်လေ့ကျင့်ရေး ကျောင်းများအနက် တစ်ခုဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ Pacific Fleet အတွက် အရာရှိ များကို ပြန်တမ်းဝင်အဖြစ် ခန့်အပ်ပေးလျက်ရှိပြီး ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ရုရှားနိုင်ငံ၏ တတိယမြောက် ရေတပ်လေ့ကျင့်ရေးကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ဖျားရေငုပ်င်္ဘောဌာနချုပ် Pacific Fleet Headquarters သို့ ရောက်ရှိလေ့လာကြရာ Deputy Commander of Pacific Navy Fleet ဖြစ်သူ Rear-Admiral Vladimir ASTAKHOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင် ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Deputy Commander of Pacific Navy Fleet တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

အဆိုပါ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်သည် ရုရှားနိုင်ငံရေပိုင်နက်များအတွင်း ၌ ရေတပ်စစ်ရေးလေ့ကျင့်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော် ၏ လုံခြုံရေးအတွက် နေ့/ညမပြတ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေတပ်ဌာနချုပ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port OF Vladivostok သို့  ရောက်ရှိ လေ့လာကြရာ Far Easterm Shipyard Company(FESC) ၏ အကြီးအကဲ Mr. Andrey Severilov နှင့် Board of Directors အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့‌နောက် အစည်းအဝေးခန်းမတွင် (FESC)၏ အကြီးအကဲက (FESC)၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်စည်စီးဆင်းမှု ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဆိပ်ကမ်းလုပ်ငန်းပိုင်းဆိုင်ရာနှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

  ရှင်းလင်းဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ကုန်စည်ပို့ဆောင်နိုင်မည့် အခြေအနေ များနှင့် အခြား သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် Far Easterm Shipyard Company(FESC) ၏ အကြီးအကဲ တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဆိပ်ကမ်းအတွင်းလှည့်လည် ကြည့်ရှု လေ့လာကြရာ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Managing Director ဖြစ်သူ Mr. Vladimir Korchanov နှင့် တာဝန်ရှိသူများက Container Terminal နှင့် Universal Terminal တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကိုယ်ပိုင် သင်္ဘောကြီးများ၊ ကွန်တိန်နာများ၊ ရထားလမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေးယာဉ်များ ဖြင့် (FESC)၏ လုပ်ငန်းဆောင်ရွက်မှုကို လည်ပတ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို  ၁၈၇၂ ခုနှစ်တွင် ရုရှားရေတပ် ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမကမ္ဘာစစ်ကာလ အတွင်း ယင်းဆိပ်ကမ်းမှတဆင့် စစ်ဘက်သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို အဓိက ထား ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလတွင် နိုင်ငံခြားမှ ကုန်တင်သင်္ဘော အချို့ စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၅၀ ပြည့်နှစ်အလွန် နှစ်များတွင် နိုင်ငံတကာမှ သင်္ဘောများ ဝင်ရောက်လာခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် Vladivostock အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းဟူ၍ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရုရှားဖက် ဒရေးရှင်းနိုင်ငံအရှေ့ပိုင်းတို့တွင် အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။