တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၁၉

ရခုိင္ျပည္နယ္အတြင္း အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တုိက္ခိုက္မႈမ်ားႏွင့္ ေနာက္ဆက္တြဲျဖစ္ေပၚခဲ့သည့္ အေရးကိစၥမ်ားတြင္ ျမန္မာႏုိင္ငံ၏ အေျခအေနမွန္ကုိသိရွိၿပီး ျမန္မာႏုိင္ငံဘက္မွ ရပ္တည္ေထာက္ခံေပးသည့္ အတြက္ေက်းဇူးတင္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး H.E. Mr. Wang Yi အား ယေန႔ ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ထည့္သြင္းေျပာၾကားသည္။

ယင္းေနာက္ဧည့္သည္ေတာ္၀န္ႀကီးက ရခုိင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းမႈ ထိန္းသိမ္းႏုိင္ေရး၊ ေဒသဖြံ႔ၿဖိဳးတုိးတက္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ႏုိင္ေရး၊ ဘဂၤလားေဒ့ရွ္ ႏုိင္ငံသုိ႔ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ားအားဥပေဒႏွင့္အညီ ျပန္လည္လက္ခံေရး ဆုိင္ရာကိစၥမ်ားကုိ အၾကံျပဳတုိက္တြန္းေျပာၾကားသည္။

ထုိ႔ေနာက္ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားလ်က္ရွိသည့္ အေျခအေနမွန္မ်ားအား ႏုိင္ငံတကာမွ သိရွိေအာင္ေဆာင္ရြက္သင့္သည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳတုိးတက္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ တ႐ုတ္ႏုိင္ငံမွ ကူညီ ေဆာင္ရြက္ေပးမည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ခိုင္မာသည့္ ဆက္ဆံေရးမွတစ္ဆင့္ ႏွစ္ႏုိင္ငံဆက္ဆံေရး ခုိင္မာတုိးတက္ေကာင္းမြန္မႈ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Hong Liang ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္ အတူစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နို၀င်ဘာ – ၁၉

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများတွင် မြန်မာနိုင်ငံ၏ အခြေအနေမှန်ကိုသိရှိပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးသည့် အတွက်ကျေးဇူးတင်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားသည်။

ယင်းနောက်ဧည့်သည်တော်ဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများအားဥပဒေနှင့်အညီ ပြန်လည်လက်ခံရေး ဆိုင်ရာကိစ္စများကို အကြံပြုတိုက်တွန်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် အခြေအနေမှန်များအား နိုင်ငံတကာမှ သိရှိအောင်ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ခိုင်မာသည့် ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်နိုင်ငံခြားရေး ၀န်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့် အတူစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။